← Chapters

အခန်း ၃၄၂

Vol. 35 Ch. 342

အခန်း ၃၄၂

Vol. 35 Ch. 342

အခန်း ၃၄၂ - ရေအောက်မှ ရေနံခိုးယူခြင်း

သိပ်မကြာခင်မှာပင် ဆွန်ဖုန်းသည် ကီလိုမီတာ ၂၀၀ အကွာရှိ ထိုကမ်းလွန် ရေနံတူးဖော်ရေး စင်မြင့်အနီးသို့ ရောက်ရှိသွားလေသည်။

ဒီရေနံတူးဖော်ရေး စင်မြင့်မှာ ဂျပန်နိုင်ငံ၏ သီးသန့်နည်းပညာဖြင့် တည်ဆောက်ထားပုံရသည်။ လက်ရှိတွင် စင်မြင့်ကြီးက လည်ပတ်နေပြီး ရေအောက်ရေနံမြေကို တူးဖော်နေလေသည်။

ဒီရေနံမြေကို မည်သို့ အမည်ပေးထားကြောင်း ဆွန်ဖုန်း မသိပေ။ သို့သော် ဂျပန်ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀ ကျော် ကွာဝေးပြီး ပင်လယ်ရေအနက်မှာ ပျမ်းမျှအားဖြင့် မီတာ ၃၀၀၀ ခန့် ရှိကြောင်းကိုတော့ သူ သိထားသည်။ ပထဝီဝင် အနေအထားအရ ဆိုလျှင်တော့ ဂျပန်နိုင်ငံ၏ ကမ်းလွန်ပင်လယ်ပြင်ဟု သတ်မှတ်၍ ရနိုင်သေးသည်။

'ဟား... ဂျပန်တွေဆီမှာ ဒီလို ရေနံမြေမျိုး ရှိနေလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး သူတို့အတွက်တော့ တကယ်ကို အချောင်ရသွားတာပဲ'

ဆွန်ဖုန်းက ရှေ့ဘက် မီတာ တစ်ထောင်ခန့်အကွာရှိ ဧရာမ ကမ်းလွန် ရေနံတူးဖော်ရေး စင်မြင့်ကြီးကို ကြည့်ကာ တီးတိုး ရေရွတ်လိုက်မိသည်။

မကြာသေးမီ နှစ်များအတွင်း ဂျပန်နိုင်ငံအနေဖြင့် အခြားနိုင်ငံများမှ ရေနံ တင်သွင်းခြင်းမှလွဲ၍ ကျန်ရှိသော လိုအပ်ချက်များအတွက် ပင်လယ်ရေအောက် ရေနံမြေများကိုသာ အားထား တူးဖော်နေရသည်။ သို့သော် ဂျပန်နိုင်ငံ အနီးတစ်ဝိုက်ရှိ ရေနံမြေများမှာ အလွန် ရှားပါးနည်းပါးလှသည်။

ထို့အပြင် ကမ်းလွန် ရေနံ တူးဖော်ရေးမှာ ကုန်ကျစရိတ် အလွန် မြင့်မားလှသည်။ ထို့ကြောင့် ဂျပန်တို့က နှစ်ပေါင်းများစွာ သယံဇာတ ရှာဖွေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် ကြိုးပမ်းနေခဲ့ကြခြင်း ဖြစ်သည်။

"အသံလက်ထောက် စနစ်... အခု ဒီရေနံမြေမှာ ရေနံ ဘယ်လောက် ကျန်သေးလဲ တစ်ချက်လောက် စစ်ကြည့်စမ်းပါ"

ဆွန်ဖုန်းက အသံလက်ထောက် စနစ်ကို အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ ပိုင်ရှင်... ခဏစောင့်ပါ"

"တီ တီ တီ... ရှာဖွေထောက်လှမ်းရေး စနစ် ဖွင့်နေပါတယ်... ရှာဖွေနေပါတယ်... ရှာဖွေ ပြီးစီးပါပြီ အစီရင်ခံပါတယ် ပိုင်ရှင်... ဒီရေအောက် ရေနံမြေမှာ ရေနံစည်ပေါင်း သန်းတစ်ရာလောက် ကျန်ပါသေးတယ်"

"စည်ပေါင်း သန်းတစ်ရာ ဟုတ်လား ကြည့်ရတာ တစ်ဖက်လူတွေက ဒီရေနံမြေကို တူးဖော်နေတာ အတော်လေး ကြာနေပြီ ထင်တယ်"

ဆွန်ဖုန်းက ကြားပြီးနောက် စဉ်းစားကာ ပြောလိုက်သည်။

"အင်း... အများကြီး ဂရုစိုက်မနေတော့ဘူး ငါတို့ အလုပ်စကြတာပေါ့ ဒီကနေ ခိုးပြီးသွားရင် ဂျပန် ကမ်းရိုးတန်း တစ်လျှောက်မှာ ရှားပါး တွင်းထွက် သယံဇာတတွေ ရှိမရှိ ဆက်ပြီး သွားရှာရဦးမယ်"

"ဟုတ်ကဲ့ပါ ပိုင်ရှင်"

ရှာဖွေ ထောက်လှမ်းမှုများအရ ဒီရေနံမြေ၏ ရေနံလွှာ ပျံ့နှံ့မှုမှာ ကီလိုမီတာ နှစ်ဆယ် ပတ်လည်ခန့် ရှိပြီး ပုံသဏ္ဌာန်မှာတော့ မမှန်ပေ။ မည်သို့ပင်ဖြစ်စေ နေရာက အလွန် ကျယ်ဝန်းလှသဖြင့် ဆွန်ဖုန်းက ကျပန်း နေရာတစ်ခုကို ရွေးချယ်ကာ တူးဖော်ရန် ဆုံးဖြတ်လိုက်လေသည်။

နောက်ဆုံးတွင် ဆွန်ဖုန်းက ထိုကမ်းလွန် ရေနံတူးဖော်ရေး စင်မြင့်နှင့် ဝေးကွာသော နေရာတစ်ခုကို ရွေးချယ်လိုက်ပြီးနောက် ကာကွယ်ရေး အကာအကွယ်ကို ချဲ့ကားလိုက်သည်။

ထိုအကာအကွယ်ဖြင့် မှုခင်းဖြစ်ပွားရာ နေရာကို... အော် မဟုတ်ဘူး တူးဖော်မည့် နေရာကို လုံခြုံအောင် ဖုံးကွယ်လိုက်လေသည်။ ထို့နောက် သိုလှောင်ခန်း အတွင်းမှ S စီးရီး ရေနံစုပ်စက် အလုံး ငါးဆယ်ကို ထုတ်ယူလိုက်သည်။

ရေအောက် ကြမ်းပြင်တွင် S စီးရီး ရေနံစုပ်စက် အလုံး ငါးဆယ်မှာ ရုတ်တရက် ထွက်ပေါ်လာတော့သည်။ ထို့နောက် ဆွန်ဖုန်းက အကူအညီ ပေးနိုင်ရန်အတွက် စမတ်စက်ရုပ် သုံးရာကိုပါ ထပ်မံ ထုတ်ယူလိုက်လေသည်။

ရေနံစုပ်စက် တစ်လုံးချင်းစီက အသင့်တော်ဆုံး နေရာများကို အသီးသီး ရွေးချယ် နေရာယူလိုက်ကြသည်။ အလုပ်များ အားလုံး အဆင်သင့် ဖြစ်သွားသောအခါ ရေအောက် ရေနံခိုးယူရေး စစ်ဆင်ရေးကို တရားဝင် စတင်လိုက်တော့သည်။

S စီးရီး ရေနံစုပ်စက်များက နေရာ ယူပြီးသွားသည်နှင့် အပြာရောင် သေမင်းတမန် အလင်းတန်းများကို ဖွင့်လှစ်လိုက်ပြီး ဉာဏ်ရည်တု စနစ်၏ ထိန်းချုပ်မှုအောက်တွင် ရေနံတွင်းများကို စတင် တူးဖော်ကြတော့သည်။

"ဖူး ဖူး ဖူး"

စက်များ၏ ဝမ်းဗိုက်ပိုင်းမှ အပြာရောင် သေမင်းတမန် အလင်းတန်းများ ပန်းထွက်လာကြသည်။ ဒီအလင်းတန်းများ မြေပြင်နှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ပျော့ညံ့သော ရွှံ့မြေလွှာများမှာ ချက်ချင်းပင် ထိုးဖောက်ခံလိုက်ရပြီး လုံးဝ ခုခံနိုင်စွမ်း မရှိချေ။

သိပ်မကြာခင်မှာပင် သေမင်းတမန် အလင်းတန်းများက ကျောက်လွှာများဆီသို့ ရောက်ရှိသွားသည်။ ဒီကျောက်လွှာများကလည်း ထိုနည်းတူစွာပင် သေမင်းတမန် အလင်းတန်း၏ ရိုက်ခတ်မှုကို အနည်းငယ်မျှပင် မခုခံနိုင်ဘဲ တစ်စက္ကန့်အတွင်း ဖျက်ဆီးခံလိုက်ရလေသည်။

"ဝုန်း ဝုန်း ဝုန်း"

ရေအောက် ကြမ်းပြင်မှ ခပ်တိုးတိုး တုန်ခါသံများ ထွက်ပေါ်လာပြီးနောက် ရေနံတွင်း ငါးဆယ်မှာ ချက်ချင်းပင် ပွင့်သွားတော့သည်။

သေမင်းတမန် အလင်းတန်းများ၏ အနောက်မှနေ၍ ဧရာမ ရေနံစုပ် ပိုက်လုံးကြီးများက S စီးရီး စက်များ၏ ဝမ်းဗိုက်ပိုင်းမှ ထွက်ပေါ်လာကာ မြေအောက်ရှိ ထိုရေနံတွင်းများ အတွင်းသို့ အလျင်အမြန် စိုက်ဝင်သွားကြလေသည်။

ရေနံစုပ် ပိုက်လုံးများက ရေနံလွှာများဆီသို့ ရောက်ရှိသွားသောအခါ ရေနံစုပ်ယူခြင်း လုပ်ငန်းစဉ်ကို တရားဝင် စတင်လိုက်တော့သည်။

ရိုးရှင်းပြီး လျင်မြန်လှသည်။

ဒီစကားလုံး လေးလုံးဖြင့်ပင် ဆွန်ဖုန်းက အလွန် လွယ်ကူစွာ လုပ်ဆောင်နိုင်ခဲ့သည်။ ရေနွေးသောက်ရသကဲ့သို့ လွယ်ကူလွန်းလှသည်။

"ဟားဟား... ရေနံ မခိုးရတာ တော်တော် ကြာပြီပဲ အရင်တစ်ခေါက်က အမေရိကန် ဖျက်သင်္ဘော တစ်စီးကို ဖျက်ဆီးပစ်ခဲ့တာ ပြန်တွေးကြည့်ရင်တောင် အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတယ် အဲဒီတုန်းက ခံစားချက်ကို တော်တော်လေး သတိရမိတယ်"

ဆွန်ဖုန်းက အမည်းရောင် ရေနံများ မိမိ၏ သိုလှောင်ခန်း အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာသည်ကို ကြည့်ရင်း အသံလက်ထောက် စနစ်နှင့် စကားစမြည် ပြောဆိုနေလေသည်။

"ဟုတ်တယ်... ကျွန်တော် ဒီကို ရောက်လာပြီးကတည်းက ကျွန်တော့်ရဲ့ ဘဝက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတယ်လို့ ခံစားရတယ် အရင်က X ကြယ်စုတန်းမှာ တုန်းကတော့ နေ့တိုင်း ပိုင်ရှင်တွေကို ကူညီပြီး တူးဖော်ရေး တူးဖော်ရေး နဲ့ တူးဖော်ရေးပဲ လုပ်နေရတာ X ကြယ်စုတန်းမှာ X ဂြိုဟ်သားတွေကို ဘယ်သူကများ သွားစော်ကားရဲမှာလဲ အဲဒီတုန်းကတော့ ပျင်းစရာ ကောင်းလွန်းလို့ ရူးတောင် ရူးချင်တယ် ဒီကို ရောက်လာတာနဲ့တော့ မတူဘူး စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စတွေ အများကြီးပဲ"

အသံလက်ထောက် စနစ်က စိတ်ခံစားချက် အပြည့်ဖြင့် ပြောလိုက်သည်။

"မင်းမှာလည်း ဘဝ ရှိသေးတယ်ပေါ့ သောက်ကျိုးနည်း... မင်းက ဉာဏ်ရည်တု စနစ်တစ်ခု မဟုတ်ဘူးလား"

ဆွန်ဖုန်းက လှောင်ပြောင်လိုက်သည်။ ကွန်ပျူတာ တစ်လုံးက သူ့ကို လာပြီး ဘဝအကြောင်း ပြောနေသေးသည်။ မင်းကို မိန်းမလှလေး တစ်ယောက် ပေးရင်တောင် မင်း ခံစားနိုင်မှာ မဟုတ်ဘူးလေ။

"ဒါက စိတ်ပိုင်းဆိုင်ရာ ခံစားမှုဗျ ခင်ဗျား နားမလည်ပါဘူး"

အသံလက်ထောက်က မကျေမနပ်ဖြင့် ပြန်ပြောသည်။

"ဒါဆို ငါ မင်းကို တစ်ခု မေးမယ် ငါ မိန်းမတွေနဲ့ အချစ်စစ်ပွဲ ဆင်နွှဲနေတဲ့ အချိန်မှာ မင်း ခိုးကြည့်သေးလား"

ဆွန်ဖုန်းက ဒီအရေးကြီးသော ပြဿနာကို ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။

"အာ... သောက်ကျိုးနည်း... ကျွန်တော်က အဲဒီလို လူမျိုးလား ခင်ဗျားရဲ့ မကောင်းတဲ့ အလုပ်တွေကို ကျွန်တော်က ဘာလို့ ခိုးကြည့်ရမှာလဲ ပြီးတော့ ကျွန်တော်က ခင်ဗျားရဲ့ စိတ်ကူးတွေးခေါ်မှုတွေရဲ့ လွှမ်းမိုးမှုကို ခံထားရတာ ခင်ဗျား အဲဒီလို ယုတ်မာတဲ့ အလုပ်တွေ လုပ်နေတဲ့ အချိန်ဆို ကျွန်တော်က လုံးဝကို ကြည့်လို့ မရတာဗျ"

အသံလက်ထောက်က ဝမ်းနည်းပက်လက် ပုံစံဖြင့် ဖြေလိုက်သည်။

ဆွန်ဖုန်းနှင့် အသံလက်ထောက်တို့ စကားများစွာ ပြောဆိုပြီးနောက် ဘာမှ လုပ်စရာ မရှိသည်ကို တွေ့လိုက်ရသဖြင့် အလွန် လေးနက်ပြီး အရေးကြီးသော ကိစ္စရပ် တစ်ခုကို စတင် ဆွေးနွေးကြတော့သည်။

ထိုအကြောင်းအရာမှာ ဂျပန်နိုင်ငံကို မည်သို့ ဖျက်ဆီးပစ်ရမည်နည်း ဆိုသည်ပင် ဖြစ်လေသည်။

"ပိုင်ရှင်... ခင်ဗျားက ဘာလို့ ဂျပန်တွေကို အဲဒီလောက်တောင် မုန်းနေရတာလဲ"

အသံလက်ထောက်က မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ သူတို့က ရုပ်ဆိုးလို့ပဲ ငါ သူတို့ကို မြင်တာနဲ့ တစ်ဝကြီး ထိုးကြိတ်ပစ်ချင်နေတာ အော် ဟုတ်သားပဲ... ငါ ငယ်ငယ်ကတည်းက အခုချိန်ထိ ကြီးမားတဲ့ ဆန္ဒတစ်ခု ရှိတယ်"

ဆွန်ဖုန်းက နဖူးကို လက်ဖြင့် ကိုင်ကာ ကလေးဘဝက... အော် မဟုတ်ဘူး အထက်တန်းကျောင်းသား ဘဝကတည်းက ရှိခဲ့သော ကြီးကျယ်ခမ်းနားသည့် အိပ်မက်ကို ပြန်လည် စဉ်းစားလိုက်မိသည်။

"အို... ဘာဆန္ဒများလဲ"

"တစ်နေ့ကျရင်လေ တကယ်လို့ ငါ့မှာသာ စွမ်းဆောင်နိုင်စွမ်း ရှိလာခဲ့ရင် ဂျပန် ယောကျာ်းတွေ အကုန်လုံးကို သင်းကွပ်ပြီး မိန်းမစိုးတွေ ဖြစ်အောင် လုပ်ပစ်မယ် မိန်းမတွေ အကုန်လုံးကိုတော့ ဖာသည်မတွေ လုပ်ခိုင်းမယ်"

ဆွန်ဖုန်းက အလွန် ဟန်ကိုယ့်ဘို့ဖြင့် ပြောလိုက်လေသည်။

"ပိုင်ရှင်... ကျွန်တော် တကယ်ကို နောင်တရတယ်ဗျာ ကျွန်တော့်မှာ ခြေထောက် နှစ်ချောင်း မပါလာတာကို နောင်တရတယ် အဲဒီလိုမှ မဟုတ်ရင် ဒီနေ့ ခင်ဗျားရှေ့မှာ ဒူးထောက်လိုက်ပြီ သောက်ကျိုးနည်း... ခင်ဗျားရဲ့ ဒီရည်မှန်းချက်က တကယ်ကို ကြီးကျယ် ခမ်းနားလွန်းတယ် လူမျိုးရေး နယ်နိမိတ်တွေကိုတောင် ကျော်လွန်သွားပြီ ခင်ဗျားရဲ့ ဒီရည်မှန်းချက်က ဂျပန်တွေကို ဒုက္ခတွင်းထဲကနေ ကယ်တင်ပေးနိုင်ပြီး သူတို့ အမြဲတမ်း လုပ်ချင်နေတဲ့ ကိစ္စတွေကို လုပ်နိုင်အောင် ကူညီပေးနိုင်လိမ့်မယ်"

အသံလက်ထောက်က အလွန် ကြည်ညိုလေးစားသော အမူအရာဖြင့် ပြောလိုက်လေသည်။

"ဟုတ်တယ် ငါ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်က တကယ်ကို ကြီးကျယ်လွန်းတယ်လို့ ငါ့ဘာသာငါတောင် ခံစားမိတယ်"

"ဒါနဲ့ ပိုင်ရှင်... နောက်သုံးရက်နေလို့ ကျွန်တော်တို့ ရေနံတွေ ခိုးပြီးသွားရင် အရှေ့နားက ရေနံတူးဖော်ရေး စင်မြင့်ကိုပါ တစ်ခါတည်း ဖျက်ဆီးပစ်လိုက်ရင် ဘယ်လိုလဲ"

သူတို့ နှစ်ယောက်က ဂျပန်ကို မည်သို့ မျိုးတုံးအောင် လုပ်ရမည်နည်း ဆိုသည့် အစီအစဉ်များကို အပြန်အလှန် ဆွေးနွေးပြီးနောက် မူလ အကြောင်းအရာသို့ ပြန်ရောက်သွားကြသည်။

"ကောင်းတာပေါ့ ငါလည်း အဲဒီလိုပဲ စဉ်းစားနေတာ လုပ်မှတော့ အကြီးကြီးသာ လုပ်ပစ်လိုက်မယ် ကစားမှတော့ အကြီးကြီးသာ ကစားပစ်လိုက်မယ် တောင်တရုတ်ပင်လယ်က ကိစ္စပြီးကတည်းက တော်တော်လေး ကြာနေပြီ ထင်တယ် ငါတို့ လောကကြီးထဲကို ပြန်လည် ဝင်ရောက်လာဖို့ အချိန်တန်ပြီလေ အဲဒီလိုမှ မဟုတ်ရင် ကမ္ဘာကြီးက ငါတို့ကို မေ့သွားကြလိမ့်မယ်"

ဆွန်ဖုန်းက ခေါင်းညိတ် ထောက်ခံလိုက်သည်။

ယခုအချိန်အထိ ကမ္ဘာ့ရဲကြီးလုပ်နေတဲ့ အမေရိကန်တွေက သူတို့၏ ဖျက်သင်္ဘောကြီး မည်သို့ နစ်မြုပ်သွားခဲ့သည်ကို ရှာဖွေနိုင်မည် မဟုတ်သေးပေ။ တောင်တရုတ် ပင်လယ်ရှိ ရေနံမြေများနှင့် သံရိုင်းတွင်းများက အမည်မသိ အင်အားစု တစ်ခု၏ တစ်ညတည်းဖြင့် ဖျက်ဆီးခြင်း ခံလိုက်ရသည်ကိုလည်း သူတို့ ရှာဖွေနိုင်မည် မဟုတ်ချေ။

"ဟီးဟီး... အဲဒီအချိန်ကျရင် ကျွန်တော်တို့က ရေနံတူးဖော်ရေး စင်မြင့်တွေကို ဖြတ်တောက်ပစ်လိုက်မယ် သူတို့ ဒီနေရာက ရေနံတွေကို ဘယ်လို ဆက်တူးဦးမလဲ ဆိုတာ ကြည့်ကြသေးတာပေါ့ သူတို့ကို ပင်လယ်ထဲမှာ ငိုယိုပြီး သတိလစ်သွားတဲ့အထိ လုပ်ပစ်မယ်"

အသံလက်ထောက်က ကောက်ကျစ်စွာ ရယ်မောလိုက်လေသည်။

All Chapters