အခန်း ၃၄၃
Vol. 35 Ch. 343
အခန်း ၃၄၃ - ရေနံစင်မြင့်ကြီး ဘယ်ရောက်သွားတာလဲ
တိုကျိုမြို့ဘက်တွင်မူ သက်ဆိုင်ရာ ဌာနအသီးသီးသည် ပြတိုက် အမှုကိစ္စနှင့် ဂျပန် တော်ဝင် လေလံရုံ ဖောက်ထွင်းခံရမှု ပြဿနာများအတွက် အလုပ်များနေကြဆဲ ဖြစ်သည်။
နောက်ထပ် အလုပ်ရှုပ်စရာ ကိစ္စတစ်ခုမှာ ဒီတစ်ပတ်ကျော် ကာလအတွင်း နေ့စဉ်ရက်ဆက် ပင်မ ဓာတ်အားပေး ကြိုးများ ဖျက်ဆီးခံနေရခြင်းပင် ဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်အထိ ဒီပြဿနာ နှစ်ခုစလုံးအတွက် မည်သည့် သဲလွန်စကိုမျှ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။
ကံကောင်းသည်မှာ အနည်းဆုံးတော့ ငြိမ်းချမ်းရေး မြတ်နိုးသူများ အဖွဲ့ က ထပ်မံ၍ ပြဿနာများ မဖန်တီးတော့ခြင်းပင်။ ဒီရက်ပိုင်းအတွင်း ညသန်းခေါင်အချိန်တွင် ပင်မ ဓာတ်အားပေး ကြိုးများကို သွားရောက် ဖျက်ဆီးသူများလည်း မရှိတော့ပေ။ ထို့ကြောင့် လူအများစုမှာ သက်ပြင်းချနိုင်သွားကြသည်။
အကယ်၍ ဒီအတိုင်းသာ ဆက်သွားနေမည် ဆိုပါက ပြည်သူများမှာ ပို၍ မကျေမနပ် ဖြစ်လာနိုင်ပြီး ဂျပန် အစိုးရအပေါ်တွင်လည်း ယုံကြည်မှုနှင့် မျှော်လင့်ချက်များ လုံးဝ ပျောက်ဆုံးသွားနိုင်ခြေ ရှိလေသည်။
သုံးရက် ကြာပြီးနောက်...
ဆွန်ဖုန်းသည် ဒီရေအောက် ရေနံမြေမှ ရေနံ တန်ချိန် သန်း ၃၀ ခန့် ခိုးယူပြီးသွားခဲ့ပြီ ဖြစ်သည်။
ဒီသုံးရက်တာ ကာလအတွင်း ဆွန်ဖုန်း တစ်ယောက် ပင်လယ်ကြမ်းပြင် အောက်တွင် ခိုးကြောင်ခိုးဝှက် အလုပ်များ လုပ်နေခဲ့သော်လည်း မည်သူကမျှ မသိရှိခဲ့ပေ။
ပထမ အကြောင်းရင်းမှာ ဆွန်ဖုန်း၏ နေရာက ရေပေါ်ရှိ ရေနံတူးဖော်ရေး စင်မြင့်ကြီးနှင့် ကီလိုမီတာ ဆယ်ချီခန့် ဝေးကွာနေသောကြောင့် ဖြစ်သည်။
ဒုတိယ အကြောင်းရင်းမှာ ကာကွယ်ရေး အကာအကွယ်စနစ်ဖြင့် ဖုံးကွယ်ထားသောကြောင့် အသံကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခြင်း မရှိခြင်းကြောင့်ပင်။
"ဟားဟား ရေနံ တန်ချိန် သန်း ၃၀ ထပ်ရပြီ သွားစို့ ရှေ့က ရေနံစင်မြင့်ကြီးကို သွားဖြတ်ပစ်ကြမယ်"
ဆွန်ဖုန်းက နောက်ဆုံး ရေနံများကို သိုလှောင်ခန်း အတွင်းသို့ သိမ်းဆည်းလိုက်ပြီးနောက် စက်ပစ္စည်းများကိုလည်း သိမ်းဆည်းလိုက်သည်။
ထို့နောက် ရေငုပ်ဝတ်စုံကို မောင်းနှင်ကာ ရှေ့ဘက်ရှိ ရေပေါ် ရေနံတူးဖော်ရေး စင်မြင့်ကြီးဆီသို့ ထွက်ခွာလာခဲ့လေသည်။
ဆွန်ဖုန်းက ဒီရေနံစင်မြင့်ကြီးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဒီရေနံစင်မြင့်ကြီးကို ဖျက်ဆီးပစ်လိုက်ပါက ဒီရေနံမြေတွင် ကျန်ရှိနေသော ရေနံများကို သူ လာချင်တဲ့အချိန်တိုင်း လာရောက် တူးဖော်နိုင်ပြီ မဟုတ်ပါလား။
မည်သို့ပင်ဆိုစေကာမူ သူ ဒီရေနံမြေကို တူးဖော်မည်ဆိုပါက တစ်ပတ်အတွင်း ပြီးပြတ်အောင် လုပ်ဆောင်နိုင်မည်ဟု ခန့်မှန်းရသည်။ တစ်ပတ်ပင် မလိုလောက်ပေ။
ထိုအချိန်တွင် ကီလိုမီတာ ဆယ်ချီခန့် အကွာရှိ ရေပေါ် ရေနံစင်မြင့်ကြီးပေါ်တွင် အလုပ်သမား ရာဂဏန်းခန့်မှာ ပုံမှန်အတိုင်း အလုပ်များ လုပ်ဆောင်နေကြသည်။
စမ်းသပ် တိုင်းတာခြင်း၊ တွင်းတူးခြင်း၊ ရေနံစုပ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း စသည်တို့ကို လုပ်ဆောင်နေကြသည်။ သေချာသည်ပေါ့ ဒီရေနံစင်မြင့်ကြီးကို နေ့စဉ် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများလည်း ပါဝင်လေသည်။
တစ်စုံတစ်ယောက်က သူတို့အနီးသို့ တိတ်တဆိတ် ချဉ်းကပ်လာနေသည်ကိုတော့ သူတို့ လုံးဝ မသိရှိကြချေ။
"မနက်ပိုင်း အလုပ်တွေတော့ အကုန်ပြီးသွားပြီ မင်းတို့ လေးယောက် ဟိုပေါ်က စက်ရုပ်လက်တံတွေ အားလုံးကို ချောဆီ မြန်မြန် သွားထည့်လိုက် မြန်မြန်လုပ် လုပ်ပြီးတာနဲ့ ထမင်းသွားစားတော့"
အဖွဲ့ခေါင်းဆောင်ဖြစ်သူ ယာမာဂူချီအိုက်ဒါက သူ၏ လက်အောက်ဝန်ထမ်း လေးယောက်ကို ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့ပါ"
ဝန်ထမ်း လေးယောက်မှာ အနည်းငယ်မျှ မကျေမနပ် မဖြစ်ကြပေ။
ဒီနေရာတွင် စစ်တပ်ပုံစံ စီမံအုပ်ချုပ်မှု စနစ်ကို ကျင့်သုံးသဖြင့် သူတို့က အထက်အမိန့်ကို နာခံရန်သာ ရှိသည်။ ထို့အပြင် ဒီစက်ရုပ် လက်တံများကို ချောဆီထည့်ခြင်းမှာ အခြေခံ ပြုပြင် ထိန်းသိမ်းမှု တစ်ခုသာ ဖြစ်သည်။
နေရာ ရာဂဏန်းခန့်ကို ချောဆီထည့်ရမည် ဖြစ်သော်လည်း သူတို့ လေးယောက် ပေါင်းလုပ်ပါက ဆယ့်ငါးမိနစ်ဖြင့် ပြီးစီးနိုင်သည်။ ယခု ထမင်းစားချိန် ရောက်ရန် မိနစ် ၂၀ လိုသေးသဖြင့် သူတို့ အချိန်မီ လုပ်ဆောင်နိုင်မည်မှာ သေချာသည်။
"ကောင်းပြီ သွားကြတော့"
ယာမာဂူချီအိုက်ဒါက ထိုလေးယောက်ကို လက်ဝှေ့ယမ်း ပြလိုက်သည်။
ထို့နောက် သူက သူ၏ အခန်းထဲသို့ ပြန်သွားပြီး မနေ့ညက သူ၏ ဇနီးသည် ပေးပို့ထားသော သူမကိုယ်တိုင် ရိုက်ကူးထားသည့် ဗီဒီယို အတိုလေးကို အားလပ်ချိန်တွင် ကြည့်ရန် ပြင်ဆင်လိုက်သည်။
အကယ်၍ အခန်းဖော်များ ပြန်လာပါက ကြည့်ရန် အဆင်မပြေတော့ပေ။ သူတို့၏ အလုပ်သဘောသဘာဝအရ တစ်နှစ်တာ ကာလအတွင်း အချိန်အများစုကို ဒီရေနံတူးဖော်ရေး စင်မြင့်ကြီးပေါ်တွင်သာ ကုန်ဆုံးရသည်။
မိသားစုနှင့် အတူ နေထိုင်ရချိန်မှာ အလွန် ရှားပါးလှသည်။ မိသားစုနှင့် ပြန်ဆုံရချိန်မှာ အလုပ်များသော နာမည်ကြီး သရုပ်ဆောင်များထက် အနည်းငယ်မျှသာ ပိုများလေသည်။
စင်မြင့်ကြီးပေါ်တွင် လူပျိုကြီးများနှင့် အိမ်ထောင်သည် ယောကျာ်းများသာ ရှိကြသည်။ ဒီအလုပ်ကို လုပ်မည်ဆိုပါက အထီးကျန်မှုကို ခံနိုင်ရည် ရှိရမည်။ သို့သော် လစာကတော့ တကယ်ကို မက်လောက်စရာ ကောင်းလှသည်။
"ရောက်ပြီ"
ထိုသူများ ဘာမှ မသိရှိသေးခင်မှာပင် ဆွန်ဖုန်းက ဒီရေပေါ် ရေနံတူးဖော်ရေး စင်မြင့်ကြီး၏ အောက်ခြေသို့ တိတ်တဆိတ် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"သေမင်းတမန် အလင်းတန်းကို သုံးပြီး ဒီစင်မြင့်ကြီးရဲ့ အောက်ခြေ သံတိုင်ကြီးတွေကို ဖြတ်တောက်ပစ်လိုက်မယ် ဒါမှ ဒီစင်မြင့်ကြီး ပင်လယ်ထဲ နစ်သွားမှာ"
ဆွန်ဖုန်းက ဒီစင်မြင့်ကြီး၏ အောက်ခြေကို ကြည့်ကာ အသံလက်ထောက် စနစ်နှင့် တိုင်ပင်လိုက်လေသည်။
"အင်း အဲဒီလိုပဲ လုပ်လိုက်"
ရေအောက်ကြမ်းပြင်တွင်...
ရေငုပ်ဝတ်စုံက လက်နက်စနစ်ကို ဖွင့်လှစ်လိုက်သည်။ ၎င်း၏ လက်မောင်း နှစ်ဖက်မှ သေးသွယ် ရှည်လျားသော အပြာရောင် သေမင်းတမန် အလင်းတန်း ဓားသွား နှစ်ခု ထွက်ပေါ်လာလေသည်။
"ရွှမ်း ရွှမ်း ရွှမ်း"
ရေငုပ်ဝတ်စုံက လျင်မြန်စွာ လှုပ်ရှားသွားပြီး တစ်စက္ကန့် အကြာတွင် ရေပေါ် ရေနံတူးဖော်ရေး စင်မြင့်ကြီး၏ အောက်ခြေ သံတိုင်များ အားလုံးကို ဆွန်ဖုန်းက ဖြတ်တောက်ပစ်လိုက်လေသည်။
ထိုဧရာမ သံမဏိ တိုင်ကြီးများမှာ အပြာရောင် သေမင်းတမန် အလင်းတန်း၏ ဖြတ်တောက်မှုကို အနည်းငယ်မျှပင် မခုခံနိုင်ခဲ့ပေ။
"ကျွိ ကျွိ... ဂျိန်း ဂျိန်း"
အောက်ခြေ တိုင်များ မရှိတော့သဖြင့် စင်မြင့်ကြီးကို ထောက်မထားနိုင်တော့သော သံမဏိ ဘောင်ကြီးများမှ နားကွဲမတတ် ဆူညံသော အသံများ ထွက်ပေါ်လာလေသည်။
"ဝုန်း"
ပင်လယ်ပြင်ပေါ်တွင်...
ရေနံစင်မြင့်ကြီးမှာ ရုတ်တရက် အပြင်းအထန် တုန်ခါသွားပြီးနောက် တစ်ခုလုံး စတင် ယိမ်းယိုင်လာကာ ပင်လယ်ရေထဲသို့ လဲကျ နစ်မြုပ်သွားတော့သည်။
"အား ဒါ ဘာဖြစ်တာလဲ စင်မြင့်ကြီး ဘာလို့ လဲကျသွားတာလဲ နစ်နေပြီ"
စင်မြင့် ကုန်းပတ်ပေါ်ရှိ အလုပ်သမားများမှာ အချက်ပေးသံကိုပင် မကြားလိုက်ရဘဲ စင်မြင့်ကြီး တစ်ခုလုံး လဲကျသွားတော့သည်။
တစ်ယောက်ချင်းစီမှာ လက်ရန်းများ၊ ကိုင်စရာများကို အတင်း ဆုပ်ကိုင်ထားလိုက်ကြသဖြင့် အပြင်သို့ လွင့်စင် မကျသွားခြင်း ဖြစ်သည်။
လူအများအပြားမှာမူ သတိမထားလိုက်မိဘဲ စင်မြင့်ပေါ်မှ လွင့်စင်ကာ ပင်လယ်ရေထဲသို့ ကျသွားကြလေသည်။
အသက်ဘေးမှ လွတ်မြောက်ရန် ကြိုးစားနေသူများပင်လျှင် စက္ကန့် ၂၀ မပြည့်ခင်မှာပင် စင်မြင့်ကြီးနှင့်အတူ ပင်လယ်ကြမ်းပြင် အောက်သို့ နစ်မြုပ်သွားကြရသည်။
သူတို့ ထွက်ပြေး လွတ်မြောက်ရန်ပင် အချိန် မရလိုက်ချေ။ ဒီအဖြစ်အပျက်က အလွန် လျင်မြန်လွန်းလှသည်။
"အွတ် အွတ် ငါ့ အဆုတ်ထဲ ရေတွေ ဝင်ကုန်ပြီ"
"အား အမေ့ အိမ်ပြန်ချင်တယ် ကယ်ကြပါဦး ကယ်ကြပါဦး"
ထိုလူများ အားလုံးမှာ အလွန်အမင်း ထိတ်လန့်နေကြပြီး နောက်ဆုံးတွင် မျှော်လင့်ချက် ကင်းမဲ့သွားကြကာ ပင်လယ်အောက်သို့ နစ်မြုပ်၍ အသက် ဆုံးရှုံးသွားကြရလေသည်။
ထိုလူများ သေဆုံးသွားခြင်းအပေါ် ဆွန်ဖုန်းက အနည်းငယ်မျှပင် ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ ဒီကဲ့သို့သော လူများ သေသွားခြင်းကလည်း ကောင်းပါသည်။ သူတို့၏ ဘိုးဘေးများအတွက် အကြွေးဆပ်ခြင်းဟုပင် မှတ်ယူလိုက်မည်။
ရေနံစင်မြင့်ကြီးမှာ ပင်လယ်ရေထဲသို့ နစ်မြုပ်သွားပြီးနောက် လှိုင်းတံပိုးများနှင့် ရေဝဲကြီးများကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ဆုံးတွင် ပင်လယ်ပြင်မှာ ပြန်လည် ငြိမ်သက်သွားပြီး ဒီရေနံစင်မြင့်ကြီး လုံးဝ မရှိခဲ့ဖူးသကဲ့သို့ ဖြစ်သွားလေသည်။
"သွားစို့ ကမ်းရိုးတန်းကို ဆက်ပြီး ရှာဖွေကြည့်မယ် ဘာများ တွေ့နိုင်မလဲဆိုတာ ကြည့်ရအောင်"
ရေနံစင်မြင့်ကြီး လုံးဝ နစ်မြုပ်သွားသည်ကို မြင်သောအခါ ဆွန်ဖုန်းက ဒီနေရာတွင် ဆက်လက် မနေတော့ဘဲ သူ၏ ကင်းလှည့်ခရီးကို ဆက်လက် ထွက်ခွာသွားလေသည်။
ဆွန်ဖုန်း ထွက်သွားပြီးနောက် နာရီဝက်ပင် မပြည့်ခင်တွင် ရေနံတင် သင်္ဘောတစ်စီး ဒီနေရာသို့ ရောက်ရှိလာသည်။
ထိုအချိန်တွင် သူတို့ရှေ့ရှိ ရေပြင်တွင် ရေနံစင်မြင့်ကြီး ပျောက်ဆုံးနေသည်ကို ရုတ်တရက် တွေ့ရှိသွားကြပြီး အားလုံးမှာ အံ့အားသင့်သွားကြလေသည်။
"ရေနံစင်မြင့်ကြီးကော ငါတို့ လမ်းပြစနစ်များ မှားနေတာလား"
ရေနံတင် သင်္ဘော၏ ကပ္ပတိန်က ရှေ့ဘက် ရေပြင်ကို ကြည့်လိုက် လမ်းပြစနစ်ကို ကြည့်လိုက်ဖြင့် သူတို့ ရောက်နေသည့် နေရာမှာ အမှားအယွင်း မရှိကြောင်း တွေ့လိုက်ရသည်။
လမ်းပြစနစ်တွင် ပြသနေသည်မှာ ဒီနေရာပင် ဖြစ်သည်။ သို့သော် ဒီအနီးတစ်ဝိုက်တွင် ရေပေါ် ရေနံတူးဖော်ရေး စင်မြင့်ကြီးကို လုံးဝ မတွေ့ရပေ။ တကယ်ကို ထူးဆန်းလွန်းလှသည်။
သူတို့က ရေနံစင်မြင့်ကြီးကို ဆက်သွယ်ရန် ကြိုးစားကြသော်လည်း အချိန်အတော်ကြာသည်အထိ တစ်ဖက်မှ အကြောင်းပြန်ခြင်း မရှိသဖြင့် ပို၍ပင် စိတ်ရှုပ်သွားကြသည်။
ပြဿနာ တစ်ခုခုများ ဖြစ်သွားတာလားဟု တွေးပူမိကြသည်။ ပြဿနာ ဖြစ်လျှင်တောင် အကူအညီ တောင်းခံသည့် အချက်ပြမှုတော့ ရှိရမည် မဟုတ်ပါလား။
"ကပ္ပတိန် ရှေ့နားမှာ ရေပေါ် ပေါလောပေါ်နေတဲ့ အရာတချို့ တွေ့တယ် ကြည့်ရတာ ကြည့်ရတာ စင်မြင့်ကြီး ပေါ်က အသုံးအဆောင် တချို့နဲ့ တူတယ်"
ကပ္ပတိန်နှင့် အရာရှိများ အဖြေရှာမရ ဖြစ်နေချိန်တွင် သင်္ဘောသား တစ်ဦးက ပြေးဝင်လာပြီး ထိတ်လန့်တကြား အစီရင်ခံလေသည်။
"ဘာ သွားစို့ ဘာဖြစ်တာလဲ သွားကြည့်ရအောင်"
သိပ်မကြာခင်မှာပင် ထိုသင်္ဘောက ရေပေါ် ပေါလောပေါ်နေသော အရာများထဲတွင် လူသုံးကုန် ပစ္စည်းများ၊ အလုပ်အသုံးအဆောင်များအပြင် လူသေအလောင်း အချို့ကိုပါ တွေ့ရှိသွားကြလေသည်။
ဒီတွေ့ရှိချက်က ထိုလူများကို အလွန်အမင်း တုန်လှုပ်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် ဒီအလောင်းများမှာ ရေနံစင်မြင့်ကြီး ပေါ်မှ လူများဖြစ်ကြောင်း သူတို့ မြင်လိုက်ရသောကြောင့်ပင်။
ဒီလူများက ဒီနေရာတွင် သေဆုံးနေသည် ဆိုလျှင် ထိုရေပေါ် ရေနံတူးဖော်ရေး စင်မြင့်ကြီးက ဘယ်ရောက်သွားသနည်း။