အခန်း ၃၄၅
Vol. 35 Ch. 345
အခန်း ၃၄၅ - ညဘက် သူမက မင်းနာမည်ကို ယောင်အော်နေတယ်
အပြင်လောကတွင် ဘယ်လောက်ပဲ ဆူညံပွက်လောရိုက်နေပါစေ ဆွန်ဖုန်းကတော့ လုံးဝကို အေးအေးဆေးဆေးပင် ဖြစ်နေလေသည်။
ဒီဒုတိယအကြိမ် ဂျပန်ခရီးစဉ်မှာ ဆွန်ဖုန်း တစ်ယောက် တကယ်ကို ပျော်ရွှင်ခဲ့ရသည်။ ပျော်ရွှင်ရုံသာမက ဒေါသတွေလည်း ပြေပျောက်သွားသလို ရေနံတန်ချိန် သန်း ၃၀ နဲ့ မြေရှားသတ္တု တန်ချိန် တစ်သန်းကိုလည်း ရရှိခဲ့လေရာ ဒီခရီးစဉ်က တကယ်ကို မဆိုးဘူးဟု သူ တွေးလိုက်မိသည်။
နောက်ဆိုလျှင်လည်း ဂျပန်ကို မကြာခဏ လာလည်ရန် ဆွန်ဖုန်း ဆုံးဖြတ်လိုက်လေသည်။
ချယ်ရီဥယျာဉ်ကနေ လည်ပတ်ပြီး ပြန်လာသောအခါ ဂျပန် သတင်းမီဒီယာတွေက သူ ဒီရက်ပိုင်း လုပ်ခဲ့သည့် ကိစ္စများကို နေရာအနှံ့ သတင်းလွှင့်နေကြသည်ကို ဆွန်ဖုန်း တွေ့လိုက်ရသည်။
ဒီရက်ပိုင်းတွေမှာ ဂျပန်နိုင်ငံက ထူးဆန်းတဲ့ ကိစ္စတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေတောင် ရိုးအီနေကြပြီ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့က ဂျပန်အစိုးရ အပေါ်ကိုတော့ တော်တော်လေး စိတ်ပျက်နေကြပြီ ဖြစ်လေသည်။
"ဒီအင်တာနက် သုံးစွဲသူတွေရဲ့ တွေးခေါ်နိုင်စွမ်းက မဆိုးဘူးပဲ ကိစ္စအားလုံးကို ဆက်စပ်ပြီး တွေးနိုင်ကြတယ် ဟားဟား"
ယမန်နှစ်က တောင်တရုတ်ပင်လယ် ကိစ္စနဲ့ ဒီနှစ် ဂျပန်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အပေါ် အင်တာနက်မှာ ဆွေးနွေးနေကြတာကို ဆွန်ဖုန်း ဖတ်ရှုနေလေသည်။
ဒီအင်တာနက် သုံးစွဲသူတွေက တကယ် မှန်းမိကြလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ပေ။ အားလုံးက လူတစ်ယောက်တည်းရဲ့ လက်ချက်ပင် ဖြစ်သည်။ အဲဒါက ဆွန်ဖုန်းပင် ဖြစ်လေသည်။
သေချာတာပေါ့ ထောက်ခံသူတွေ ရှိသလို ကန့်ကွက်သူတွေလည်း ရှိကြသည်။ ဒါပေမဲ့ ဒါတွေက အရေးမကြီးပါဘူး သူတို့ မှန်းမိရင်တောင် ဘာဖြစ်မှာမို့လို့လဲ တကယ့် တရားခံ အစစ်က ဘယ်သူလဲ ဆိုတာကို သူတို့ ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ပေ။
ဒီကာလအတွင်း ဆွန်ဖုန်း ဖန်တီးခဲ့တဲ့ ပြဿနာတွေကြောင့် ဂျပန် အထူးစစ်ဆင်ရေး အဖွဲ့လည်း အလုပ်တွေ ရှုပ်ပြီး ရူးမတတ် ဖြစ်နေကြလေပြီ။
အရေးအကြီးဆုံးက သူတို့ အဲဒီလောက် အလုပ်ရှုပ်နေတာတောင် သဲလွန်စ တစ်ခုလေးမှ မရခဲ့ခြင်းပင်။ တရားခံကို ဖမ်းမိဖို့ မဆိုထားနဲ့ တရားခံက ဘယ်သူလဲ ဆိုတာတောင် မသိကြဘူး ဘယ်လိုလုပ် သွားဖမ်းကြမှာလဲ။
ဂျပန် စစ်ရေးပြင်ဆင်မှု သယံဇာတ ဌာန။
ဒုတိယ ဝန်ကြီး ချန်းတောင်းဟယ်သည် အစည်းအဝေး ခန်းမထဲတွင် လက်အောက်ဝန်ထမ်းတွေ၏ အပြင်းအထန် ဆွေးနွေးနေတာကို နားထောင်ရင်း ခေါင်းကိုက်လာသည်ကို ခံစားလိုက်ရလေသည်။
မနေ့ကတင် သူတို့ စစ်ရေးပြင်ဆင်မှု သယံဇာတ ဌာနက လူတွေကို အံ့အားသင့်သွားစေမည့် သတင်းတစ်ခု ရရှိခဲ့သည်။ အဲဒါက ကျင်းဟွာ ဂိုဒေါင်က မြေရှားသတ္တု တန်ချိန် တစ်သန်း အခိုးခံလိုက်ရသည် ဆိုတဲ့ သတင်းပင် ဖြစ်သည်။ တစ်ရက်တည်းနဲ့ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်လေသည်။
ဒီသတင်းကို ရရချင်း ချန်းတောင်းဟယ်က ဒေါသထွက်တာထက် သတင်းလာပို့တဲ့ ဆက်သွယ်ရေးမှူးက သူ့ကို နောက်နေတာလားလို့တောင် ထင်လိုက်မိသေးသည်။
ဒီနေ့က ဧပြီလ တစ်ရက်နေ့ မှ မဟုတ်တာ။ မြေရှားသတ္တု တန်ချိန် တစ်သန်းကြီးကို စောင့်ကြပ်နေတဲ့ လူတွေ ရှိရက်နဲ့ တစ်ရက်တည်း ပျောက်သွားတယ်တဲ့လား။
သူ့အမြင်မှာတော့ ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပင်။ နောက်နေတာလား တခြားလူတွေ လာသယ်သွားတယ် ဆိုရင်တောင် ထရပ်ကားတွေ သင်္ဘောတွေ သုံးရဦးမှာမို့ သေချာပေါက် လူမိမှာပဲလေ။
ဒါက စိန်တစ်ပွင့် ခိုးသွားတာမှ မဟုတ်တာ တန်ချိန် တစ်သန်းကြီးတောင် ဘယ်လိုလုပ်ပြီး တစ်ရက်တည်းနဲ့ ပျောက်သွားနိုင်မှာလဲ။
အဲဒီအချိန်တုန်းက ချန်းတောင်းဟယ်က ဆက်သွယ်ရေးမှူးကို ရယ်မောပြီးတောင် ဆဲဆိုလိုက်သေးသည်။ ဒါပေမဲ့ တကယ့် အဖြစ်မှန်ကို သိလိုက်ရတဲ့ အချိန်မှာတော့ ရယ်မောဆဲဆိုနေတာတွေကနေ ဒေါသတကြီး မေးခွန်းထုတ်တာတွေ ဖြစ်သွားတော့သည်။
ဒီကိစ္စက အထက်လူကြီးတွေ ဆီကို ချက်ချင်း ရောက်ရှိသွားခဲ့သည်။ ဒါကြောင့် သူတို့ ဌာနက ကြီးမားတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရလေပြီ။ ဒီမြေရှားသတ္တု တန်ချိန် တစ်သန်းဆိုတာ ဂျပန်နိုင်ငံက ဆယ်နှစ်ကျော်ကြာအောင် စုဆောင်းထားရတာလေ။
ဒီဆယ်နှစ်ချီ ကာလအတွင်း သူတို့က နှစ်စဉ် မြေရှားသတ္တု အမြောက်အမြားကို တင်သွင်းခဲ့သည်။ အများစုက စက်မှုလုပ်ငန်း လိုအပ်ချက်တွေ အတွက် ဖြစ်ပြီး ကျန်တဲ့ အနည်းငယ်ကိုတော့ စစ်ရေး သယံဇာတ အဖြစ် သိုလှောင်ထားခဲ့တာ ဖြစ်သည်။
ဆယ်နှစ်ကျော်ကြာအောင် မနည်း စုဆောင်းထားရတဲ့ တန်ချိန် တစ်သန်းက အခုတော့ ညတွင်းချင်း ပျောက်သွားခဲ့ပြီ။ ဒီလိုဆိုတော့ အထက်လူကြီးတွေ ဒေါသမထွက်ဘဲ နေပါ့မလား သူ့ကို ရာထူးကနေ မဖြုတ်တာပဲ ကံကောင်းနေပြီ။
"မြေရှားသတ္တု ပျောက်ဆုံးသွားတဲ့ ကိစ္စကို အထူးစစ်ဆင်ရေး အဖွဲ့နဲ့ စုံစမ်းစစ်ဆေးရေး ဌာနကိုပဲ အပ်လိုက်ဖို့ အကြံပြုချင်ပါတယ် ကျွန်တော်တို့က သယံဇာတ စီမံခန့်ခွဲတဲ့ နေရာဆိုတော့ ဘာမှ သိပ်မကူညီနိုင်ပါဘူး ဘယ်လို ကူညီရမလဲ ဆိုတာလည်း နားမလည်ဘူးလေ ဒါပေမဲ့ ပျောက်သွားတဲ့ တန်ချိန် တစ်သန်း အတွက်တော့ အစားထိုးဖို့ နည်းလမ်း ရှာရလိမ့်မယ် မဟုတ်ရင် အထက်လူကြီးတွေ ကျေနပ်မှာ မဟုတ်ဘူး"
အရာရှိ တစ်ယောက်က လေးလေးနက်နက် ပြောလိုက်လေသည်။
"ဟုတ်တယ် ကျွန်တော်လည်း သဘောတူတယ် ဒီကိစ္စက ဘယ်လောက်ပဲ ထူးဆန်းနေပါစေ ဒါမှမဟုတ် ကျွန်တော်တို့ တာဝန်ပေါ့ယွင်းတာပဲ ဖြစ်ဖြစ်ပေါ့ အခု ကိစ္စက ဖြစ်သွားပြီ ဆိုတော့ ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်တော့ဘူး ကုစားဖို့ နည်းလမ်း ရှာရုံပဲ ရှိတော့တယ်"
နောက်ထပ် တစ်ယောက်က ထောက်ခံလိုက်လေသည်။
"ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လို ကုစားကြမလဲ မြေရှားသတ္တုတွေ အသစ် ပြန်ဝယ်မလို့လား ဝယ်ဖို့ ပိုက်ဆံကို ဘယ်သူ့ဆီက တောင်းရမလဲ ဆိုတာ မပြောနဲ့ဦး အထက်ကို ရန်ပုံငွေ တောင်းလိုက်ရင် ကျွန်တော်တို့ အသေအလဲ ဆဲခံရမှာ သေချာတယ် ပြီးတော့ ဝယ်ဖို့ ပိုက်ဆံ ရှိရင်တောင် အခုခေတ်မှာ မြေရှားသတ္တု ပိုင်ဆိုင်တဲ့ နိုင်ငံတွေက ဒီသတ္တုရဲ့ အရေးပါမှုကို သိနေကြပြီ သူတို့က မြေရှားသတ္တုတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားကြတာဆိုတော့ ကျွန်တော်တို့လည်း အများကြီး ဝယ်လို့ မရနိုင်ဘူး"
အရာရှိ တစ်ယောက်က ကန့်ကွက်လိုက်လေသည်။
"ကဲ တော်ကြတော့ ဆက်မငြင်းကြနဲ့တော့ တခြား ရန်ပုံငွေ တချို့ကို ယူသုံးပြီး မြေရှားသတ္တုတွေကို အမြန်ဆုံး သွားဝယ်ကြ"
နောက်ဆုံးတော့ ချန်းတောင်းဟယ်က ဆုံးဖြတ်ချက် ချလိုက်လေသည်။
"ဟုတ်ကဲ့ပါ"
ဆွန်ဖုန်းက ဂျပန်မှာ တစ်ပတ်လောက် မွှေနှောက်ပြီးနောက် ကိစ္စ အားလုံး ပြီးစီးသွားပြီ ဖြစ်လို့ အိမ်ပြန်ဖို့ ပြင်ဆင်လိုက်လေသည်။ နောက်တစ်ခါ စိတ်အခြေအနေ မကောင်းတဲ့ အချိန်ကျမှ ဂျပန်ကို ပြန်လာပြီး ဆက်မွှေနှောက်တော့မည်။
နယူးဖောင်လန်၊ စိန့်ဂျွန်မြို့၊ အိမ်တွင်...
"အို သားတို့ သမီးတို့ရဲ့ ဖေဖေ ပြန်ရောက်လာပြီ"
ဆွန်ဖုန်းက အိမ်တံခါးဝကို ရောက်ရောက်ချင်း ကလေး သုံးယောက်ကို လှမ်းအော်လိုက်လေသည်။
ဆွန်ရွှိုက်ကတော့ အခုဆိုရင် ရိုးရှင်းတဲ့ စကားလုံး တချို့ကို စတင် ပြောတတ်နေပြီ ဖြစ်သည်။ သမီးလေး နှစ်ယောက် ဖြစ်တဲ့ ဆွန်ရွှဲ့ဟန် နဲ့ ဆွန်ယင်း တို့ကတော့ တစ်လကျော် အရွယ်ပဲ ရှိသေးပြီး ချစ်စရာ ကောင်းလွန်းလို့ ဆွန်ဖုန်းက အလွန် အသည်းယားနေလေသည်။
အိမ်ပြန်ရောက်တာနဲ့ သားဖြစ်သူကို သကြားလုံး တချို့ ပေးလိုက်ပြီး သမီး နှစ်ယောက်ကို တစ်ဖက် တစ်ယောက် ပိုက်ကာ နေစာလှုံဖို့ အပြင်ထွက်လာခဲ့လေသည်။
ကလေး လပြည့်ပြီးနောက် ယန်ရွှယ် နဲ့ လျန်ယင်း တို့ နှစ်ယောက်စလုံး ပုံမှန်အတိုင်း ပြန်လည် လှုပ်ရှား သွားလာနိုင်နေပြီ ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်နိုင်နေပြီ ဖြစ်သည်။
ယန်ရွှယ်က အရင်လိုပဲ အိမ်ထောင်ရှင်မ ပီသစွာ ဆွန်ဖုန်း ပြန်ရောက်လာတာကို မြင်တာနဲ့ သူ ယူလာတဲ့ ခရီးဆောင်အိတ်တွေကို ချက်ချင်း သွားရှင်းလင်းပေးလေသည်။ လျန်ယင်းကတော့ သစ်သီး သွားလှီးနေလေသည်။
မြက်ခင်းပြင်ပေါ်မှာ ဟယ်မင်ယီက အငြိမ်မနေတဲ့ သားဖြစ်သူကို မြေကြီးပေါ်မှာ သူ့ဘာသာ ဆော့ခိုင်းထားလိုက်လေသည်။ အဲဒီနောက် ဆွန်ဖုန်း အနားကို လျှောက်လာပြီး ဝင်ထိုင်ကာ ဆွန်ဖုန်းရဲ့ နားရွက်ကို ဆွဲပြီး မေးလိုက်လေသည်။
"ဆွန်ဖုန်း ရှင် အမှန်တိုင်း ဝန်ခံစမ်း ရှင် ဟွမ်ကျားချန်ကို စားပစ်လိုက်ပြီ မဟုတ်လား"
သမီး နှစ်ယောက်နဲ့ ကစားနေတဲ့ ဆွန်ဖုန်းမှာ မိန်းမဖြစ်သူရဲ့ အမေးကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။
'ဟယ်မင်ယီ ဘယ်လိုလုပ် သိသွားတာလဲ' ဟု သူ တွေးလိုက်မိသည်။
"ဘာဖြစ်လို့လဲ မင်း ဘယ်တုန်းက သိသွားတာလဲ"
ဆွန်ဖုန်းကလည်း ငြင်းဆိုခြင်း မရှိဘဲ မေးလိုက်လေသည်။
"ရှင်တို့ နှစ်ယောက် တကယ်ပဲ အတူတူ နေလိုက်ကြပြီလား အို ဒါကြောင့်မို့ အရင်တစ်ခေါက် ကျွန်မ ဟွမ်ကျားချန်နဲ့ အတူတူ အိပ်တုန်းက သူက အိပ်မက်ထဲမှာ ရှင့်နာမည်ကို ခဏခဏ ယောင်အော်နေတာကိုး သူ့မျက်နှာလေးကလည်း မှည့်နေတဲ့ ပန်းသီးလို နီရဲနေတာပဲ"
ဟယ်မင်ယီက ဆွန်ဖုန်းကို မျက်စောင်းထိုးလိုက်လေသည်။
ဒါပေမဲ့ ဒီမိန်းမက အခုချိန်မှာ အများကြီး နားလည်တတ်နေပြီ ဖြစ်လို့ သဝန်လည်း မတိုသလို ဆွန်ဖုန်းကိုလည်း မဆဲဆိုတော့ပေ။ ဆွန်ဖုန်းရဲ့ အကျင့်စရိုက်ကို သူမ ကောင်းကောင်း သိထားသည်။
ဆဲဆိုနေလည်း အလကားပဲ ဖြစ်သည်။ ပြီးတော့ သူမသာ ဆဲရဲမယ် ဆိုရင် ညဘက်ကျရင် သူမပဲ ဒုက္ခရောက်မှာလေ။ ဆွန်ဖုန်းက သူမကို မိုးလင်းတဲ့အထိ အိပ်ရာပေါ်မှာ ဒုက္ခပေးနိုင်တဲ့သူ မဟုတ်လား။
"ဟားဟား မင်းက ဒီလိုမျိုး သိသွားတာကိုး ဒါဆို မင်း ဘယ်လို သဘောရလဲ ကိုယ်က မင်းရဲ့ သူငယ်ချင်းကို အကြည်ဆွဲလိုက်တာနော်"
ဆွန်ဖုန်းက ဟီးဟီးရယ်ကာ ပြောလိုက်လေသည်။
"အကြည်ဆွဲလည်း ဆွဲတာပေါ့ သူ သဘောတူရင် ရပြီလေ ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး နောက်ဆို အတူတူ အိပ်ကြတာပေါ့ ဘာပဲဖြစ်ဖြစ် မိန်းမ တစ်ယောက် ပိုလာလည်း ဘာမှ မဖြစ်ပါဘူး"
ဟယ်မင်ယီက ပြုံးကာ ပြောလိုက်လေသည်။
"အင်း မင်းရဲ့ အတွေးအခေါ်က မဆိုးဘူး ဒီည ကိုယ် မင်းကို သေချာ ဆုချရမယ်"
ဆွန်ဖုန်းက ဟယ်မင်ယီရဲ့ ပါးကို တစ်ချက် နမ်းလိုက်လေသည်။
"ကျွန်မ မလိုချင်ပါဘူး လာမလုပ်နဲ့နော် ဒီည ကျွန်မ အားဘူး ကျွန်မ 'King' အဆင့် တက်အောင် ဆော့ရဦးမယ် ရှင့်ကို ဂရုစိုက်ဖို့ အချိန်မရှိဘူး လျန်ယင်း ဒါမှမဟုတ် ယန်ရွှယ် ဆီသာ သွားလိုက်"
ဟယ်မင်ယီက ဆွန်ဖုန်းကို နှုတ်ခမ်းဆူပြကာ သဘောမတူသည့် အမူအရာဖြင့် ပြောလိုက်လေသည်။