← Chapters

အခန်း ၃၄၆

Vol. 35 Ch. 346

အခန်း ၃၄၆

Vol. 35 Ch. 346

အခန်း ၃၄၆ - မိန်းမများနှင့် ဖြတ်သန်းရသော နေ့စဉ်ဘဝ

"သူတို့က ကလေးမီးဖွားထားတာ မကြာသေးတော့ ခန္ဓာကိုယ်က အပြည့်အဝ နာလန်မထူသေးဘူးလေ... ဒါကြောင့် ကိုယ့်မိန်းမကပဲ သူတို့ရဲ့ တာဝန်တွေကို ခွဲဝေယူပေးရမှာပေါ့..."

ဆွန်ဖုန်းက ဟယ်မင်ယီ၏ ကောက်ကြောင်းအလှကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း တံတွေးမျိုချကာ ပြောလိုက်သည်။

ဟယ်မင်ယီက ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည်ကို ထိုးနှံပြီးကတည်းက တကယ်ကို ပို၍ ဆွဲဆောင်မှုရှိလာခဲ့သည်။ သူမကိုသာ စင်မြင့်ထက်သို့ တင်ပေးလိုက်မည်ဆိုပါက နိုင်ငံတကာမှ နာမည်ကြီး အဆိုတော်မလေးများထက် သေချာပေါက် ပိုမိုလှပနေမည်မှာ အမှန်ပင်ဖြစ်သည်။

"အဲ့... အဲ့ဒါဆိုလည်း နည်းနည်းလောက် သည်းခံလိုက်ပါလား... ဒီည ကျွန်မ မအားဘူး..."

ဟယ်မင်ယီက လက်ဝှေ့ယမ်းပြကာ လုံးဝ ပူးပေါင်းမည့်ပုံ မပေါ်ဘဲ ငြင်းဆန်လိုက်သည်။

"ဟေး... ကိုယ့်မိန်းမလို ဇနီးမျိုး ရှိသေးလား... တကယ်ကို အရည်အချင်းမပြည့်ဝတဲ့ ဇနီးသည်လေး တစ်ယောက်ပဲ..."

ဆွန်ဖုန်းက ဟယ်မင်ယီကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။

"ကျွန်မက အရည်အချင်းမပြည့်ဝဘူး ဟုတ်လား... ဟေး ဆွန်ဖုန်း... ရှင် သိထားဖို့ကလေ ရှင်တို့ရဲ့ အမေကြီးဖြစ်တဲ့ ကျွန်မက အိမ်မှာ ကလေးထိန်းရတယ်... ချေးတွေ သေးတွေနဲ့ အလုပ်ရှုပ်နေရတာ... ပြီးတော့ အခုဆို ကျွန်မက အိမ်မှုကိစ္စတွေလည်း လုပ်တတ်နေပြီ... ထမင်းဟင်းတောင် ချက်တတ်နေပြီနော်... ဘယ်သူက ကျွန်မကို အရည်အချင်းမပြည့်ဝဘူးလို့ ပြောရဲလဲ... ဒါ့အပြင် တခြားသူတွေရဲ့ မိန်းမတွေက ကျွန်မလောက် လှလို့လား..."

ဆွန်ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ ဟယ်မင်ယီ ချက်ချင်း မကျေမနပ်ဖြစ်သွားပြီး သူမ၏ ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းသော ရင်သားအစုံကို ကော့ကာ မာနထောင်လွှားသော မျက်နှာထားဖြင့် ဆွန်ဖုန်းအား လေလုံးထွားစွာ ပြန်ပြောလိုက်သည်။

"တကယ်ကြီးလား... မိန်းမချက်တဲ့ ထမင်းက စားလို့ရလို့လား... အရင်တစ်ခေါက်က မိန်းမချက်တဲ့ ထမင်းကို စားမိလို့ ကိုယ် ညသန်းခေါင်ကြီး ဆေးဆိုင်ပြေးပြီး အစာကြေဆေး ဝယ်သောက်ရတယ်ဆိုတာ မေ့နေပြီလား..."

ဆွန်ဖုန်းက တွေးကြည့်ရုံနှင့်ပင် ကြက်သီးထဖွယ်ကောင်းသော အတိတ်က အဖြစ်အပျက်တစ်ခုကို ပြန်လည်သတိရသွားသည်။

"အယ်... ဒါပေမဲ့... ဒါပေမဲ့ အခု ကျွန်မချက်တဲ့ ဟင်းတွေက သေချာပေါက် စားလို့မကောင်းတာမျိုး မရှိတော့ပါဘူးနော်..."

ဟယ်မင်ယီက အနည်းငယ် ရှက်ရွံ့စွာဖြင့် သူမ၏ မို့မောက်နေသော ရင်သားအစုံကို လှုပ်ခါလိုက်ရာ ဆွန်ဖုန်း၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားတော့သည်။

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ... အဲ့ဒါဆို ဒီည မိန်းမရဲ့ လက်ရာကို ကိုယ် မြည်းစမ်းကြည့်တာပေါ့..."

"ကောင်းပါပြီ... အဲ့ဒါဆိုရင်လည်း ဆုချတဲ့အနေနဲ့ ဒီည ကျွန်မ ရှင့်ကို အဖော်ပြုပေးပါ့မယ်... ဒါပေမဲ့ ရှင် အရမ်းကြမ်းကြမ်းတမ်းတမ်းတော့ မလုပ်နဲ့နော်... ကျွန်မ ရှင့်ရဲ့ ဒေါသတွေကို မခံနိုင်ဘူး..."

နောက်ဆုံးတွင်တော့ ဟယ်မင်ယီက ဆွန်ဖုန်း၏ တောင်းဆိုမှုကို မတတ်သာဘဲ လက်ခံလိုက်ရသည်။

'ဆွန်ဖုန်းမှာ မိန်းမနည်းနေတာကလည်း သိပ်မကောင်းဘူး... နောက်ထပ် မိန်းမ ၄, ၅ ယောက်လောက် ရှိလာမယ်ဆိုရင် ညဘက် ငါတို့ရဲ့ တာဝန်တွေကို အတော်လေး မျှဝေယူပေးနိုင်မှာပဲ...'

ဟယ်မင်ယီက ခဏတာ တွေးတောလိုက်ပြီးနောက် ဆွန်ဖုန်းတွင် မိန်းမနည်းနေခြင်းကလည်း သိပ်မကောင်းကြောင်း ခံစားလိုက်ရသည်။

"ရှင်တို့နှစ်ယောက် ဘာတွေ တီးတိုးပြောနေကြတာလဲ..."

လျန်ယင်းက သစ်သီးပန်းကန်တစ်ခုကို ကိုင်ဆောင်လာပြီး စားပွဲပေါ်တွင် တင်လိုက်သည်။ ထို့နောက် သွားကြားထိုးတံဖြင့် ဖရဲသီးစိတ်ကြီး တစ်စိတ်ကို ထိုးကာ ဆွန်ဖုန်းအား လိမ္မာရေးခြားရှိစွာ ကျွေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး..."

ဟယ်မင်ယီ၏ ပါးပြင်လေးများက ရဲတွတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ယခုလေးတင် သူမနှင့် ဆွန်ဖုန်းတို့ ပြောဆိုခဲ့သော ညဘက်ကိစ္စများက သူမကို အလွန် ရှက်သွေးဖြာသွားစေခဲ့သောကြောင့်ဖြစ်သည်။

"ဒီည မင်ယီက ထမင်းဟင်း ချက်ပေးမယ်တဲ့..."

ဆွန်ဖုန်းက အရည်ရွှမ်းပြီး ချိုမြိန်လှသော ဖရဲသီးကို စားရင်း လျန်ယင်းကို ပြောလိုက်သည်။

"ဟားဟား... ကောင်းတာပေါ့... အဲ့ဒါဆို ခဏနေရင် ရှင်နဲ့ အစ်မရွှယ်က ကလေးတွေကို ကြည့်ထားလိုက်... ကျွန်မနဲ့ မင်ယီက ဈေးသွားဝယ်လိုက်မယ်..."

လျန်ယင်းက ပြောလိုက်သည်။

"ကောင်းပြီလေ..."

ညနေ ၄ နာရီခွဲခန့်တွင် ဟယ်မင်ယီနှင့် လျန်ယင်းတို့ ၂ ဦးက ပြိုင်ကားတစ်စီးဖြင့် ဈေးဝယ်ထွက်သွားကြသည်။

ဆွန်ဖုန်းကတော့ ယန်ရွှယ်နှင့်အတူ အိမ်တွင် ကျန်ရစ်ခဲ့ပြီး ကလေး ၃ ယောက်ကို ထိန်းရတော့သည်။ ကလေးထိန်းရခြင်းမှာ တကယ်ကို ပင်ပန်းခက်ခဲသော အလုပ်တစ်ခုဖြစ်ကြောင်း ဝန်ခံရမည်ဖြစ်သည်။

ဆွန်ရွှိုက်ကတော့ ၁ နှစ်ကျော်ပြီဖြစ်သဖြင့် အနည်းငယ် တော်သေးသည်။ သူ့ကို ဗိုက်ဝအောင် ကျွေးပြီး အရုပ်လေးတွေ ပေးထားလိုက်လျှင် တစ်ယောက်တည်း ဆော့ကစားနေတတ်သည်။

အခြားသမီးလေး ၂ ယောက်ကတော့ လုံးဝ မတူညီကြပေ။ အသက် ၁ လကျော်သာ ရှိသေးသဖြင့် သေးခံလဲပေးရခြင်း မဟုတ်လျှင် ဗိုက်ဆာ၍ ငိုခြင်း သို့မဟုတ် အကြောင်းမဲ့သက်သက် အသံကုန် အော်ငိုခြင်းတို့ကြောင့် ဆွန်ဖုန်းတစ်ယောက် ခေါင်းတွေပင် ကြီးလာရတော့သည်။

ကံကောင်းစွာဖြင့် အိမ်တွင်းမှုနိုင်နင်းသော ယန်ရွှယ် ရှိနေသဖြင့်သာ တော်တော့သည်။ မဟုတ်လျှင် ဆွန်ဖုန်းတစ်ယောက် သေချာပေါက် ငိုချမိပေလိမ့်မည်။

'မိခင်တစ်ယောက်ဖြစ်ရတာက တကယ်ကို ပင်ပန်းခက်ခဲတာပဲ...'

ဆွန်ဖုန်းက မိခင်တစ်ယောက်ဖြစ်ရသည်မှာ မည်မျှ ပင်ပန်းခက်ခဲကြောင်း ယခုမှပင် ကောင်းစွာ နားလည်သွားတော့သည်။ ခင်ပွန်းသည် ပေးသော နာကျင်မှုကို ခံစားရရုံသာမက နောင်တွင် ကလေးမီးဖွားသည့်အခါတွင်လည်း နာကျင်မှုကို ခံစားရမည်ဖြစ်သည်။ ထို့အပြင် လစဉ်လတိုင်းတွင်လည်း ကိုက်ခဲနာကျင်မှုများကို ခံစားရဦးမည်ဖြစ်သည်။ အဟမ်း အဟမ်း... စကားနည်းနည်း လေသွားပြီ။

မကြာမီမှာပင် သမီးလေး ၂ ယောက် ဗိုက်ဝသွားပြီးနောက် နောက်ဆုံးတော့ အနည်းငယ် ငြိမ်သက်သွားကာ အိပ်ပျော်သွားကြလေသည်။ ကလေးလေးများ အိပ်ပျော်သွားချိန်ကျမှသာ ဆွန်ဖုန်းတစ်ယောက် နှဖူးမှ ချွေးများကို သုတ်ကာ သက်ပြင်းချရင်း ကောင်းကောင်း အနားယူနိုင်တော့သည်။

"သောက်ကျိုးနည်း... နောက်ဆိုရင် ကိုယ့်သမီးတွေကို လာတောင်းမယ့် သောက်ခွေးကောင်က တင်တောင်းငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ မပေးနိုင်ရင် လုံးဝ ပေးမစားဘူးကွ..."

ဆွန်ဖုန်းက အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။

"ခစ်ခစ်ခစ်... ရှင် အခုမှပဲ မိဘတွေရဲ့ အပင်ပန်းကို သိတော့တယ်... ဟင်းဟင်း... ဒါပေမဲ့ အဲ့ဒီအချိန်ကျရင် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ရှိတဲ့ ယောကျာ်းဆိုတာ အသက် ၆၀, ၇၀ လောက် ရှိတဲ့ အဘိုးကြီးတွေ ဖြစ်နေလောက်ပြီ... ရှင်က သမီးလေးကို အဲ့ဒီလို လူမျိုးနဲ့ ပေးစားရက်လို့လား..."

ယန်ရွှယ်က သဘောကျစွာ ရယ်မောလိုက်ရာ သူမ၏ လှပသော ခန္ဓာကိုယ်လေးမှာ တုန်ခါသွားတော့သည်။

"အင်း... စဉ်းစားကြည့်တော့လည်း ဟုတ်တာပဲနော်... ထားလိုက်ပါတော့... နောက်မှပဲ စဉ်းစားကြတာပေါ့..."

ထိုအချိန်တွင် လျန်ယင်းနှင့် ဟယ်မင်ယီတို့ ပြန်ရောက်လာကြသည်။ အမျိုးသမီး ၂ ဦးက တရုတ်ယွမ်ငွေ ၁၀ သန်းချီ တန်ဖိုးရှိသော ပြိုင်ကားကြီးဖြင့် ဈေးသွားဝယ်ခြင်းမှာ တကယ့်ကို အံ့ဩစရာ ကောင်းလှသည်။

"ဒီည ဘာဟင်းတွေ ချက်မှာလဲ..."

ဆွန်ဖုန်းက ဟယ်မင်ယီ ဈေးခြင်းတောင်းကို ကိုင်ကာ လက်တံတောင်ဆစ်အထိ လက်မောင်းကို ပင့်တင်လိုက်ပြီး ဟင်းချက်ရန် ပြင်ဆင်နေသည်ကို မြင်လိုက်ရသောအခါ သူမအနားသို့ အပြေးအလွှား သွားပြီး မေးလိုက်သည်။

"ခရမ်းချဉ်သီးနဲ့ ကြက်ဥကြော်... ကြက်ဥကြော်... ကျောက်ကျောနဲ့ ကြက်ဥဟင်းချို... အော် ဟုတ်ပြီ... ပြီးတော့ ကျွန်မက မှိုနီကြက်စွပ်ပြုတ်လည်း ချက်တတ်သေးတယ်နော်... အဲ့ဒါ အမေ့ဆီက သင်ထားတာ..."

ဟယ်မင်ယီက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

"မိန်းမက ဒီလောက်ပဲ တတ်တာလား..."

ဆွန်ဖုန်းက နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။ သောက်ကျိုးနည်း... အကုန်လုံးက ကြက်ဥတွေနဲ့ချည်းပဲ... ပြီးတော့ ဒီဟင်းတွေက အရမ်း လွယ်လွန်းတယ် မဟုတ်လား။ ဒီဟင်းလေးလောက်ကိုပဲ သူမက လပေါင်းများစွာ သင်ယူခဲ့ရတာတဲ့လား။

"ဟုတ်တယ်လေ... အော်... ဟင်းရွက်ကြော် ၁ ပွဲလည်း ထည့်လိုက်ဦးမယ်... အဲ့ဒါဆို ဟင်း ၃ ခွက်နဲ့ ဟင်းချို ၁ ပွဲ ဖြစ်သွားပြီလေ... အော် မဟုတ်သေးဘူး... ဟင်း ၃ ခွက်နဲ့ ဟင်းချို ၂ ပွဲ ဖြစ်သွားပြီ..."

ဟယ်မင်ယီက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

"ကောင်းပါပြီ... မိန်းမကို ကိုယ် အရှုံးပေးပါတယ်... မိန်းမက ခရမ်းချဉ်သီးနဲ့ ကြက်ဥကြော် ၁ ပွဲပဲ ချက်လိုက်တော့... ကျန်တာတွေ ကိုယ်ပဲ ချက်လိုက်ပါ့မယ်... မဟုတ်ရင် ညဘက် ဘာသွားစားရမလဲ..."

ဆွန်ဖုန်းက စကားမပြောနိုင်အောင် ဖြစ်သွားရသည်။

'ကြည့်ရတာ သူဌေးသမီးလေးကို အားကိုးလို့ မရဘူးပဲ... ကိုယ့်ဘာသာကိုယ်ပဲ လုပ်ရတော့မယ်...'

"ကောင်းပြီလေ... ဟုတ်ပြီ ဟုတ်ပြီ... ဒါနဲ့ ရှင်က ဘာဟင်းတွေ ချက်မှာလဲ..."

"ငရုတ်ပွသားစဉ်းကော... ဘဲသားနှပ်... ငါးပေါင်း... ပြီးတော့ ဟင်းရွက်ကြော် ၁ ပွဲနဲ့ မှိုနီကြက်စွပ်ပြုတ် ၁ ပွဲ ထည့်လိုက်မယ်..."

ဆွန်ဖုန်းက ခဏတာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

နောက်ဆုံးတွင် ပါဝင်သော မှိုနီဆိုသည်မှာ အနီရောင် မှိုတစ်မျိုးဖြစ်ပြီး တောင်ပိုင်းဒေသများတွင်သာ ပေါက်ရောက်လေ့ရှိသည်။ လျန်ကွမ် ဒေသတွင်သာ တွေ့ရလေ့ရှိပြီး ဆွန်ဖုန်းတို့ ဇာတိမြေ၏ ဒေသထွက်ကုန်လည်း ဖြစ်သည်။

ဤမှိုနီ ၁ ကီလိုလျှင် တရုတ်ယွမ်ငွေ ၄၀၀, ၅၀၀ ခန့် ဈေးပေါက်ပြီး တန်ဖိုးကြီးသော ဟင်းလျာတစ်မျိုး ဖြစ်သည်။ အထူးသဖြင့် ကြက်မကြီးနှင့်အတူ စွပ်ပြုတ်လုပ်သောက်ရန် အကောင်းဆုံးဖြစ်သည်။ အရသာက အလွန် ချိုမြိန်ပြီး သွေးသားကို အားဖြည့်ပေးကာ အဆိပ်အတောက်များကိုလည်း ဖယ်ရှားပေးနိုင်သည်။ ဤမှိုနီများကို ဆွန်ဖုန်း၏ မိခင်က ဇာတိမြေမှ ယူဆောင်လာပေးခဲ့ခြင်းဖြစ်သည်။

"ကောင်းပြီ... အဲ့ဒါဆို ကျွန်မတို့ လင်မယား ၂ ယောက် ပူးပေါင်းပြီး ကြီးကျယ်ခမ်းနားတဲ့ ညစာလေး ဖန်တီးကြတာပေါ့... လာလာလာ..."

ဟယ်မင်ယီက သီချင်းလေး ညည်းကာ စတင် လှုပ်ရှားတော့သည်။

"ဟားဟား..."

ဆွန်ဖုန်းကလည်း ဤကဲ့သို့ နွေးထွေးသော ခံစားချက်လေးကို အလွန် သဘောကျလှသည်။ ဤသည်ကသာ မိသားစု၏ အရသာစစ်စစ် မဟုတ်ပါလား။

သူဌေးအချို့က ဟင်းချက်ရန် အိမ်အကူ ငှားကြပြီး အိမ်သန့်ရှင်းရေး လုပ်ရန် နာရီပိုင်း အလုပ်သမားများ ငှားရမ်းတတ်ကြသည်။ ထိုသို့လုပ်ခြင်းက အလွန် အဆင်ပြေသလို ကိုယ်တိုင်လည်း ပင်ပန်းခံစရာ မလိုပေ။ သို့သော်လည်း ဆွန်ဖုန်း၏ အမြင်တွင်တော့ ထိုသို့လုပ်ခြင်းက မိသားစုအတွင်း မေတ္တာတရားနှင့် အပြန်အလှန် ဆက်သွယ်မှုများ လျော့နည်းသွားစေသည်ဟု ခံစားရသည်။ ဤကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းကသာ ပို၍ ခံစားချက်ရှိပေသည်။

၁ နာရီခန့် အကြာတွင် တစ်မိသားစုလုံး ထမင်းစားပွဲ၌ စုံညီစွာ ထိုင်နေကြပြီဖြစ်သည်။

"အင်း... အရမ်း မွှေးတာပဲ... ယောကျာ်းရေ... ရှင့်ရဲ့ လက်ရာက တကယ် အစွမ်းထက်တာပဲ..."

နောက်ဆုံးတွင်တော့ ဟယ်မင်ယီက သူမ ကိုယ်တိုင်ချက်ထားသော ခရမ်းချဉ်သီးနှင့် ကြက်ဥကြော်ကို စားပွဲပေါ်သို့ ယူလာပြီးနောက် နှာခေါင်းလေးရှုံ့ကာ ဆွန်ဖုန်း ချက်ထားသော ဟင်းများကို အနံ့ခံကြည့်လိုက်သည်။ သူမ ကိုယ်တိုင်ချက်ထားသော ဟင်းကိုတော့ လုံးဝ စိတ်မဝင်စားတော့ပေ။

"ကိုကို့ လက်ရာက သေချာပေါက် ကောင်းတာပေါ့... ဒီကြက်စွပ်ပြုတ်က အမေ ချက်တာထက်တောင် နည်းနည်းမှ မညံ့ဘူး..."

လျန်ယင်းက ပြောလိုက်သည်။

"ဟီးဟီး... ကိုယ်တို့ ယောကျာ်းက ဘက်စုံတော်တဲ့ ယောကျာ်းကောင်း တစ်ယောက်လို့ သတ်မှတ်လို့ မရဘူးလား... မိန်းမတို့ပဲ ကြည့်လေ... ရုပ်ချောတယ်... ပိုက်ဆံရှာနိုင်တယ်... ဟင်းချက်လည်း ကောင်းတယ်... မိန်းမတို့ကို စားဝတ်နေရေး မပူပင်ရအောင် ထားနိုင်တယ်... ညဘက်တွေမှာလည်း မိန်းမတို့ကို ၁၀၀ ရာခိုင်နှုန်းပြည့် စိတ်ကျေနပ်မှု ပေးနိုင်တယ်... အော် ဟုတ်ပြီ... ကိုယ်က အရှိန်အဝါလည်း ရှိသေးတယ်... ပညာအရည်အချင်းလည်း မြင့်တယ်... အင်း... ဒီလောက်ဆိုရင် ပြည့်စုံလောက်ပြီ..."

ဆွန်ဖုန်းက ခေါင်းလေးစောင်းကာ သူ၏ အားသာချက်များကို စဉ်းစားတွေးတောနေမိသည်။

ဆွန်ဖုန်းက သူ၏ မိန်းမများက သူ့ကို ချီးကျူးစကား ပြောလာမည်အထင်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။ သို့သော်လည်း သူ၏ မိန်းမများက သူ့ကို လေထဲက တိမ်တိုက်တစ်ခုလို လုံးဝ အရေးမစိုက်ဘဲ ထမင်းစတင် စားသောက်နေကြသည်ကို မြင်လိုက်ရသောအခါ အလွန် စိတ်ပျက်သွားရတော့သည်။

"အင်း... ဒီဟင်းက အရမ်း စားလို့ကောင်းတာပဲ..."

"ဝါး... ဒီစွပ်ပြုတ်က တကယ် သောက်လို့ကောင်းတာပဲ... မှိုနီရဲ့ အရသာက အရမ်းကို ချိုမြိန်တာပဲ..."

"ဟေး ဟေး ဟေး... မိန်းမတို့တွေ... ကိုယ့်ကို ဒေါသထွက်အောင် လုပ်နေတာလား... ကိုယ့်ကို နည်းနည်းလေးတောင် မချီးကျူးတဲ့အပြင် ကိုယ့်ကိုတောင် မစောင့်ဘဲ စားနေကြတယ်..."

ဆွန်ဖုန်းက စကားမပြောနိုင်အောင် ဖြစ်သွားရသည်။

ညစာစားပြီးနောက်

ယန်ရွှယ်က ထုံးစံအတိုင်း ပန်းကန်များ ဆေးကြောနေပြီး ကျန်အမျိုးသမီး ၂ ဦးက ကလေးများကို ရေချိုးပေးနေကြသည်။ အချို့ကလည်း ကိုယ်တိုင် ရေချိုးနေကြပြီး ဆွန်ဖုန်းလည်း ရေချိုးရန် ထွက်သွားခဲ့သည်။ ရေချိုးပြီးနောက် တစ်မိသားစုလုံး အပြင်ထွက်ကာ လမ်းလျှောက် ဈေးဝယ်ထွက်ရန် အစီအစဉ် ရှိနေသည်။

နောက်ဆုံးတွင်တော့ မိသားစု ၇ ယောက်လုံး အိမ်ကြီးထဲမှ ထွက်လာခဲ့ကြပြီး ကားဖြင့် မြို့လယ်ခေါင်သို့ ထွက်လာခဲ့ကြသည်။

ဤတစ်ကြိမ် အပြင်ထွက်ရာတွင် အချိန်သိပ်မယူခဲ့ရပေ။ အဓိကအားဖြင့် မိန်းကလေးများက မိတ်ကပ်လိမ်းစရာ မလိုတော့သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က မိတ်ကပ်မလိမ်းဘဲနှင့်ပင် အလွန် လှပနေကြပြီဖြစ်သည်။ အပြစ်အနာအဆာကင်းသော မျက်နှာလေးများတွင် မိတ်ကပ်လိမ်းလိုက်ပါက ပို၍ပင် ရုပ်ဆိုးသွားနိုင်ပေသည်။

တစ်မိသားစုလုံး... အမျိုးသမီး ၃ ဦးက ကလေး ၁ ယောက်စီ ပွေ့ချီထားကြသည်။ ဤမျှလောက် လှပချောမောသော မိခင်လေးများနှင့်အတူ ဆွန်ဖုန်း တစ်ယောက်တည်းသာ ယောကျာ်းလေးအဖြစ် ပါဝင်နေသည်။ ဤမိသားစုကြီး လမ်းလျှောက်ထွက်လာသောအခါ လမ်းမပေါ်ရှိ လူတိုင်း၏ အာရုံစိုက်မှုကို ၂၀၀ ရာခိုင်နှုန်းအပြည့် ရရှိသွားတော့သည်။

ဤတစ်ကြိမ် မိသားစု အပြည့်အစုံ ထွက်လာရာတွင် အမျိုးသမီးများက သူတို့ အကြိုက်ဆုံးဖြစ်သော အိတ်ဆိုင်များ အဝတ်အထည်ဆိုင်များ မိတ်ကပ်ဆိုင်များနှင့် ဖိနပ်ဆိုင်များကို မဝင်ကြတော့ပေ။ ထိုအစား သူတို့အားလုံးက ကလေးအသုံးအဆောင် ပစ္စည်းဆိုင်များနှင့် စူပါမားကတ်များသို့သာ ဝင်ရောက်ကြတော့သည်။

ဤသည်က အမျိုးသမီးတစ်ယောက်၏ ပြောင်းလဲမှုပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသည်က မိသားစုတစ်ခု၏ ပြောင်းလဲမှုပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

အိမ်တွင် ရက်အနည်းငယ်ကြာ နေထိုင်ပြီးနောက် ဆွန်ဖုန်းက နယူးဖောင်လန် အနောက်ဘက်ကမ်းရိုးတန်းသို့ သွားရန် ဆုံးဖြတ်လိုက်သည်။

စိန့်ဖုန်း ရေနံမြေသို့ မသွားဖြစ်သည်မှာ အတော်လေး ကြာနေပြီဖြစ်သည်။ လက်ရှိ အခြေအနေ မည်သို့ ရှိနေပြီကို သွားရောက် ကြည့်ရှုရမည်ဖြစ်သည်။ ဤကာလအတွင်း ဆွန်ဖုန်းက အခြားရေနံမြေများတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားထားသည်။

ဤတစ်ကြိမ် စိန့်ဖုန်း ရေနံမြေသို့ ပြန်သွားရခြင်းမှာ စူးမေနှင့် တိုင်ပင်ဆွေးနွေးရန်နှင့် လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံရန် သင့်တော်သော ရေနံမြေများ ရှိမရှိကို စုံစမ်းရန်ဖြစ်သည်။ ဆွန်ဖုန်း ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားသော ရေနံမြေမှာ ကုန်းတွင်းပိုင်းတွင် မဟုတ်ဘဲ ကမ်းလွန်ရေနံမြေများ ဖြစ်သည်။

နယူးစ်မြို့လေး၊ ဖုန်းရွေ့ သတ္တုတွင်း ကုမ္ပဏီ၊ စိန့်ဖုန်း ရေနံမြေ ဌာနခွဲ။

ဆွန်ဖုန်း ဤနေရာသို့ ရောက်ရှိလာသောအခါ ထူးချွန်သော ပညာတတ် စူးမေ တစ်ယောက် ယခင်လိုပင် အလုပ်ရှုပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ အချိန်အတန်ကြာ မတွေ့ရသည့်ကြားထဲ ဤကောင်မလေးက ပို၍ပို၍ အထက်လူကြီး တစ်ယောက်၏ အရှိန်အဝါမျိုး ရရှိလာခဲ့သည်။ ယခုအခါတွင် သူမက တကယ့်ကို အာဏာရှင် အမျိုးသမီး သူဌေးမကြီး တစ်ယောက်လို ဖြစ်နေပြီဟု ဆွန်ဖုန်း ခံစားလိုက်ရသည်။

"အို... ကျွန်မတို့ရဲ့ သူဌေး နောက်ဆုံးတော့ အရောက်လာနိုင်ခဲ့ပြီပေါ့..."

ရုံးခန်းအတွင်းတွင် ဝယ်ယူရေး စာရင်းများကို စစ်ဆေးနေသော စူးမေက ဆွန်ဖုန်း ရုတ်တရက် ရောက်လာသည်ကို မြင်လိုက်ရသောအခါ အနည်းငယ် ဝမ်းသာအားရ ဖြစ်သွားသည်။

"ရှင်က သမီးလေး ၂ ယောက်ရဲ့ ဖခင် ထပ်ဖြစ်သွားပြီလို့ ကြားတယ်... ဂုဏ်ပြုပါတယ်နော်..."

စူးမေက ပါးစပ်မှ ပြောရင်း ကုလားထိုင်ပေါ်မှ ထကာ ဆွန်ဖုန်းအတွက် ကိုယ်တိုင်ကိုယ်ကျ ရေနွေးကြမ်း တစ်ခွက် ဖျော်ပေးလိုက်သည်။

"ဟီးဟီး... စူးမေကရော ကိုယ်နဲ့ ဘယ်တော့လောက် ကလေးယူမှာလဲ..."

ဆွန်ဖုန်းက သူဌေးကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီးနောက် ရေပူခံနေသော စူးမေ၏ နောက်ပိုင်းအလှကို ငေးကြည့်ရင်း နောက်ပြောင်ကာ မေးလိုက်သည်။

"ကျွန်မက ရှင်နဲ့ ဘယ်တော့မှ ကလေးမယူဘူးနော်..."

စူးမေက ရေနွေးပူပူ တစ်ခွက်ကို ဆွန်ဖုန်း၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် နှုတ်ခမ်းလေး စူကာ ငြင်းဆန်လိုက်သည်။

"ကောင်းပြီ ကောင်းပြီ ကောင်းပြီ... နောက်ကျရင် သေချာပေါက် မင်း ကိုယ်နဲ့ ကလေးယူလာမှာပါ..."

ဆွန်ဖုန်းက ရေနွေးကြမ်း တစ်ငုံသောက်လိုက်ပြီး စူးမေကို ဆက်မစတော့ဘဲ အလုပ်ကိစ္စကို အတည်အကျ မေးလိုက်သည်။

"လက်ရှိ စိန့်ဖုန်း ရေနံမြေမှာ ရေနံတွင်း စုစုပေါင်း ဘယ်နှစ်တွင်း ရှိသွားပြီလဲ... ၁ လကို ရေနံ ဘယ်နှစ်တန်လောက် ထွက်လဲ..."

"အခု လက်ရှိမှာ ရေနံတွင်း စုစုပေါင်း တွင်း ၄၀ ရှိပါတယ်... ရေနံတွင်း ၁ တွင်းကနေ နေ့စဉ် ပျမ်းမျှ ရေနံတန်ချိန် ၃၀၀ လောက် ထွက်ပါတယ်... ၁ လကို ရေနံတန်ချိန် ၃၆၀,၀၀၀ ထွက်ရှိပါတယ်... အခုဆိုရင် ကျွန်မတို့က ထွက်သမျှ ရေနံတွေကို လစဉ်လတိုင်း ရောင်းချနေပါတယ်..."

စူးမေက ရှင်းပြလိုက်သည်။

"အင်း... မဆိုးဘူးပဲ..."

ဆွန်ဖုန်းက ခေါင်းညိတ်လိုက်သည်။

"ဒီလိုလုပ်ကြတာပေါ့... ကိုယ်က ရေနံမြေသစ် တစ်ခုမှာ ထပ်ပြီး ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားထားတယ်... အင်း... ကမ်းလွန်ရေနံမြေမှာ ရင်းနှီးမြှုပ်နှံမှာပါ... အားတဲ့အချိန်ကျရင် ကိုယ့်အတွက် သတင်းလေးတွေ စုံစမ်းပေးပါဦး... ရင်းနှီးမြှုပ်နှံဖို့ သင့်တော်တဲ့ ရေနံမြေ စီမံကိန်းတွေ ရှိမရှိကိုလေ... ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ရပါတယ်..."

ဆွန်ဖုန်းက ပြောလိုက်သည်။

"ရေနံမြေသစ်မှာ ရင်းနှီးမြှုပ်နှံမလို့လား..."

စူးမေက အံ့အားသင့်စွာ မေးလိုက်သည်။

"ဟုတ်တယ်... အခု ကိုယ်တို့ လုပ်နေတဲ့ ရေနံမြေ သေးသေးလေးတွေက ကလေးကစားသလို ဖြစ်နေတယ်... တကယ်တော့ အဆင့်အတန်း မမီသေးဘူးလေ... အခု ကိုယ့်ဆီမှာ ရန်ပုံငွေ အလုံအလောက် ရှိနေပြီဆိုတော့ ပိုကြီးမားတဲ့ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အချိန်တန်ပြီလို့ ထင်တယ်..."

ဆွန်ဖုန်းက ရှင်းပြလိုက်သည်။

"ကောင်းပါပြီ... အဲ့ဒါဆိုရင်လည်း ဒီကိစ္စနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကျွန်မ သေချာ စောင့်ကြည့်ပေးပါ့မယ်..."

"အခု ကိုယ့်ဆီမှာ ရင်းနှီးမြှုပ်နှံဖို့ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရှိတယ်... ပိုကြီးမားတဲ့ ရေနံမြေတွေမှာ ရင်းနှီးမြှုပ်နှံလို့ ရနေပြီ..."

"ဟုတ်ကဲ့ သိပါပြီ..."

"ကောင်းပြီ... စူးမေ အလုပ်ဆက်လုပ်တော့လေ... ကိုယ်တိုင် ရေနံမြေဘက်ကို သွားကြည့်လိုက်ဦးမယ်..."

ဆွန်ဖုန်းက စူးမေကို ပြောလိုက်သည်။

"အော်... ဟုတ်ပြီ... ညကျရင် ဒီမှာပဲ ကိုယ့်ကို စောင့်နေနော်... ကိုယ် ညစာဝယ်ကျွေးမလို့..."

"ကောင်းပါပြီ... အဲ့ဒါဆိုလည်း သွားတော့လေ... ကျွန်မ စောင့်နေပါ့မယ်..."

နယူးစ်မြို့လေးသည် စိန့်ဖုန်း ရေနံမြေနှင့် အလှမ်းဝေးလှသော်လည်း ဆွန်ဖုန်းက စူးမေ၏ ကားကို မောင်းနှင်သွားသဖြင့် အချိန်သိပ်မကြာလိုက်ပေ။ ရေနံမြေသို့ ရောက်ရှိသွားသောအခါ ရေနံမြေကြီးမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။ ယခင်ကထက် ပိုမို ကြီးမားကျယ်ပြန့်လာခဲ့သည်။ ပထမဆုံးအနေဖြင့် စက်ကိရိယာများ ပိုမိုများပြားလာခဲ့ပြီး ရေနံတွင်းများလည်း ပိုမိုများပြားလာခဲ့ကာ အလုပ်သမားများလည်း ပိုမိုများပြားလာခဲ့သည်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားများမှာ တက်ကြွစွာဖြင့် စနစ်တကျ အလုပ်လုပ်နေကြသည်။ ထိုအလုပ်သမားများက ဆွန်ဖုန်း ရောက်လာသည်ကို မြင်တွေ့လိုက်ရသောအခါ အားလုံးက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်ကြလေသည်။

'ဒီကောင်တွေ အစပိုင်းတုန်းကလို အကြောင်းမဲ့သက်သက် ဟော့ပေါ့စားပွဲကြီး လုပ်ပေးမှာကို မျှော်လင့်နေကြတာ ဖြစ်ရမယ်...'

ဆွန်ဖုန်းက သူတို့၏ မျက်နှာများကို ကြည့်ကာ စိတ်ထဲမှ ခန့်မှန်းလိုက်မိသည်။ ဟော့ပေါ့ ဆိုသည်မှာ တရုတ်နိုင်ငံ၏ ထူးခြားသော အစားအစာ တစ်မျိုးဖြစ်သည်။ ထိုအချိန်က ဤနေရာရှိ ရာသီဥတုက အလွန် အေးခဲလှသဖြင့် တစ်နေကုန် အလုပ်လုပ်ပြီးနောက် ညဘက်တွင် ဟော့ပေါ့စားရခြင်းမှာ အလွန် ဇိမ်ကျသော ကိစ္စတစ်ခု ဖြစ်ခဲ့သည် မဟုတ်ပါလား။

"သူဌေး... ရောက်လာပြီလား..."

အလုပ်သမားဟောင်း တစ်ဦးက ဆွန်ဖုန်းအနားသို့ ချဉ်းကပ်လာပြီး နှုတ်ဆက်လိုက်သည်။

"ဟားဟား... မကြာသေးခင်က အလုပ်တွေ အဆင်ပြေရဲ့လား... မကျေနပ်တာတွေရော ရှိလား..."

ဆွန်ဖုန်းက ခြေလှမ်းကို ရပ်လိုက်ပြီး ဤအလုပ်သမားဟောင်းနှင့် ရယ်မောကာ စကားစမြည် ပြောလိုက်သည်။

"သူဌေး... အလုပ်ကတော့ အရမ်း အဆင်ပြေပါတယ်... ပင်ပန်းတာတော့ နည်းနည်း ပင်ပန်းတာပေါ့... ဒါပေမဲ့ လစာကလည်း ကောင်းပါတယ်... ဟော့ပေါ့ မစားရတာ ကြာပြီဆိုတော့ လွမ်းနေတာတစ်ခုပါပဲ..."

ထိုအလုပ်သမားဟောင်းက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

"ဟုတ်တယ် သူဌေး... ဘယ်တော့လောက် ကျွန်တော်တို့ကို ဟော့ပေါ့ ထပ်ကျွေးမှာလဲ..."

ဘေးနားရှိ အလုပ်သမားအချို့ကလည်း ကြားလိုက်ရသဖြင့် မျှော်လင့်တကြီးဖြင့် မေးလိုက်ကြသည်။

"ဒီနေ့တော့ အချိန်မရတော့ဘူး... မနက်ဖြန်ညကျမှပဲ ငါ မင်းတို့ကို ဟော့ပေါ့ဝယ်ကျွေးမယ်ကွာ..."

ဆွန်ဖုန်းက ဤစားကြူးများကို ကြည့်ကာ ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။

"ဝါး... သူဌေး... ခင်ဗျားက တကယ်ကို သဘောကောင်းလွန်းပါတယ်ဗျာ..."

အလုပ်သမား တစ်အုပ်ကြီးက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

"သူဌေး..."

ထိုအချိန်တွင် ဆေးပြင်းလိပ်ကြီး ကိုက်ထားသော ချားလ်စ်က ဆွန်ဖုန်း ဤနေရာသို့ ရောက်လာသည်ကို မြင်လိုက်ရသောအခါ အလွန်အမင်း ဝမ်းသာသွားတော့သည်။

ယခုအခါတွင် သူက တန်ဖိုးပေါသော ဆေးပြင်းလိပ်များကို သောက်စရာ မလိုတော့ပေ။ အားလုံးက ဆွန်ဖုန်း သူ့ကို အထင်ကြီးပြီး ရေနံမြေ ဖွံ့ဖြိုးတိုးတက်ရေး အထွေထွေ မန်နေဂျာအဖြစ် ခန့်အပ်ခဲ့သောကြောင့်ဖြစ်သည်။

"ဟားဟား... ချားလ်စ်... မင်းလို ဆေးလိပ်သမားကြီးက ဘယ်လိုလဲ... မကြာသေးခင်က အဆင်ပြေရဲ့လား..."

ဆွန်ဖုန်းက ချားလ်စ်၏ ကျောကို ပုတ်ကာ မေးလိုက်သည်။ ဤအဘိုးကြီးက ဆွန်ဖုန်း၏ အကြိုက်နှင့် အတော်လေး ကိုက်ညီလှသည်။

"သူဌေး... ဟီးဟီး... နောက်ဆုံးတော့ ခင်ဗျား ပြန်ရောက်လာပြီပေါ့... ရေနံမြေ လုပ်ငန်းတွေ လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီဆိုတော့ ခင်ဗျား လုပ်ငန်းခွင်ကို ပြန်လာတော့မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်နေတာ..."

ချားလ်စ်က ဟီးဟီးဟားဟား ရယ်မောကာ ပြောလိုက်သည်။

"မင်းတို့ကို လာကြည့်တာပါကွာ... သူဌေးတစ်ယောက်အနေနဲ့ ကိုယ့်အလုပ်သမားတွေကို လာကြည့်ရမှာပေါ့... မင်းတို့ကို အားပေးစကား ပြောရမယ်လေ... မဟုတ်ရင် မင်းတို့က ငါ့အတွက် ဘယ်လိုလုပ် အသက်သွေးကြွေး ရင်းပြီး အလုပ်လုပ်ပေးကြမှာလဲ..."

ဆွန်ဖုန်းက နောက်ပြောင်ကာ ပြောလိုက်သည်။

ဘေးနားရှိ လူများအားလုံးက ရုတ်တရက် ဝိုင်းဝန်းရယ်မောလိုက်ကြပြီး ပျော်ရွှင်စရာ အငွေ့အသက်များ လွှမ်းခြုံသွားတော့သည်။

"သူဌေး... မနက်ဖြန်ညကျရင် ဟော့ပေါ့စားပွဲကြီး လုပ်မှာလား..."

ချားလ်စ်က မေးလိုက်သည်။

"ဟုတ်တယ်... မင်း ဒီညကတည်းက အားလုံးကို ကြိုပြောထားလိုက်... မနက်ဖြန် ၅ နာရီ အလုပ်စောစောဆင်းပြီး စားသောက်ဆောင် အပြင်ဘက်မှာ လာစုကြဖို့..."

ဆွန်ဖုန်းက လက်ဝှေ့ယမ်းကာ ပြုံးလျက် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ သူဌေး..."

ဆွန်ဖုန်းက ရေနံမြေ တစ်ဝိုက်တွင် နောက်ထပ် ၁ ပတ်ခန့် လှည့်ပတ်ကြည့်ရှုပြီး စက်ကိရိယာများကို စစ်ဆေးပြီးနောက်မှသာ စိတ်ကျေနပ်စွာဖြင့် ပြန်လာခဲ့သည်။

စူးမေက သူ့ကို ညစာ အတူစားရန် စောင့်မျှော်နေသည် မဟုတ်ပါလား။

'ဒီအခွင့်အရေးကို အသုံးချပြီး ကိုယ်က ဒီကောင်မလေးကို တစ်ပါတည်း သိမ်းပိုက်နိုင်မလား မသိဘူး...'

ဆွန်ဖုန်းက တွေးတောကာ ဟီးဟီးဟားဟား ရယ်မောလိုက်သည်။ လက်ရှိ စူးမေက အလွန် ရင့်ကျက်လှပနေပြီဖြစ်သည်။ ခူးဆွတ်ရန် အလွန် သင့်တော်နေပြီဖြစ်သည်။ သို့သော်လည်း ဤကောင်မလေးက ဆွန်ဖုန်းကို သိပ်ပြီး စိတ်ဝင်စားပုံမပေါ်ပေ။ ဤသည်က ဆွဲဆောင်မှုရှိသော ဆွန်ဖုန်းအတွက် သူ၏ ဆွဲဆောင်မှုများ လျော့ကျသွားပြီလား သို့မဟုတ် ဤစူးမေက မိန်းမချင်း စိတ်ဝင်စားသူလားဟုပင် သံသယဝင်လာမိစေသည်။

All Chapters