← Chapters

အခန်း ၃၄၉

Vol. 35 Ch. 349

အခန်း ၃၄၉

Vol. 35 Ch. 349

အခန်း ၃၄၉ - အမေရိကန်တို့ ရင်းနှီးမြှုပ်နှံထားသော ရေနံမြေ

ချန်ပိုင်တောင်တန်းဆီ ကိုယ်တိုင်သွားပြီး သဘာဝ တောဂျင်ဆင်း လိုက်ရှာရမယ်ဆိုရင်တော့ တကယ်ကို အလုပ်ရှုပ်သွားလိမ့်မည်။ ဆွန်ဖုန်းဆီမှာ ထောက်လှမ်းရှာဖွေရေး စနစ် ရှိနေတာမို့ သူသာ ကိုယ်တိုင်သွားပြီး ၃၅၀ ကီလိုမီတာ ပတ်လည်အထိ ရှာဖွေရေး နယ်ပယ်ကို ဖြန့်ကြက်လိုက်မယ်ဆိုရင် သေချာပေါက် ရှာတွေ့နိုင်မှာ ဖြစ်သည်။ ဒီလောက်ကြီးမားတဲ့ ချန်ပိုင်တောင်တန်းကြီးထဲမှာ သက်တမ်း ၁၀၀ သဘာဝ တောဂျင်ဆင်း လေးငါးပင်လောက်တောင် မရှိဘူးဆိုတာကို ဆွန်ဖုန်း လုံးဝ မယုံကြည်ပေ။

"အဲ့ဒါဆိုလည်း ဒီလိုလုပ်ဗျာ... ခင်ဗျား ကျွန်တော့်အတွက် သဘာဝ တောဂျင်ဆင်းနဲ့ လင်ဇီးမှိုကို သေချာလေး စုံစမ်းပေးပါ... သတင်းရရင် ကျွန်တော့်ဆီ ဖုန်းဆက်လိုက်ပါ..."

ဆွန်ဖုန်းက ဟယ်လျန်ကို သေချာ မှာကြားပြီးနောက် ဆေးဖက်ဝင် အပင်များကို ယူဆောင်ကာ ပိုင်ချောင်ထန် ဆေးဆိုင်မှ ထွက်ခွာလာခဲ့လေသည်။

'ဒီတစ်ခေါက် ခရီးက သိပ်ပြီး စိတ်တိုင်းမကျပါဘူး... သက်တမ်း ၁၀၀ သဘာဝ တောဂျင်ဆင်းက ဒီလောက်တောင် ရှားပါးပြီး ပိုက်ဆံရှိတာတောင် ဝယ်လို့မရဘူးဆိုတာ တကယ်ကို မထင်မှတ်ထားခဲ့ဘူး...'

ဆွန်ဖုန်းက ကားပေါ်တွင် တီးတိုးရေရွတ်လိုက်သည်။ အမှန်တကယ်တော့ ပိုင်ချောင်ထန် ဆေးဆိုင်တွင် သက်တမ်း ၁၀၀ သဘာဝ တောဂျင်ဆင်း ၂ ပင် ၃ ပင်ခန့် ရှိနေခြင်းကပင် အလွန်ကို ကောင်းမွန်နေပြီဖြစ်သည်။ ဆွန်ဖုန်းက ရုတ်တရက်ကြီး ၁၀ ပင် အတိအကျ လာဝယ်သဖြင့် သူတို့လည်း ထိုမျှလောက် အများကြီး ပြင်ဆင်ထားနိုင်မည် မဟုတ်ပေ။ ဒါ့အပြင် လက်ရှိအချိန်တွင် သဘာဝ တောဂျင်ဆင်း ၁ ပင်လျှင် ယွမ်ငွေ သန်းဂဏန်းခန့် တန်ဖိုးရှိနေပြီဖြစ်သည်။ သူတို့အနေဖြင့် ယွမ်ငွေ ၁၀ သန်း ၂၀ သန်းခန့် လည်ပတ်ငွေကို အလကားထားပြီး တခြား အလုပ်တွေ မလုပ်ဘဲ နေမည်တဲ့လား။

ဆွန်ဖုန်းက ပစ္စည်းများ ဝယ်ယူပြီးနောက် ပေကျင်းမြို့ရှိ နာမည်ကြီး စားသောက်ဆိုင် တစ်ဆိုင်သို့ သွားရောက်ကာ နာမည်ကြီး ပေကျင်း ဘဲကင်ကို စားသောက်လိုက်သည်။ အင်း... အရသာကတော့ တကယ်ကို မဆိုးလှပေ။ နောက်တစ်ခါကျလျှင် ဆွန်ဖုန်းက သူ၏ ဇနီးလေးများကို ကိုယ်တိုင်ကိုယ်ကျ လုပ်ကျွေးပြီး မြည်းစမ်းခိုင်းရန် စဉ်းစားလိုက်သည်။

ဟိုတယ်သို့ ပြန်ရောက်သောအခါ ဆွန်ဖုန်းက မထင်မှတ်ဘဲ စူးမေထံမှ ဖုန်းခေါ်ဆိုမှု တစ်ခုကို လက်ခံရရှိလိုက်သည်။

"သူဌေး... ဒီရက်ပိုင်းအတွင်း ကျွန်မ လက်ရှိ ကမ်းလွန် ရေနံမြေ စီမံကိန်း တော်တော်များများကို ရှာဖွေ စုဆောင်းထားပါတယ်... ကနေဒါ ကမ်းလွန် အာဖရိက ကမ်းလွန်နဲ့ တောင်တရုတ်ပင်လယ် ကမ်းလွန်တွေ ပါဝင်ပါတယ်... အမေရိကန် ကမ်းလွန် ရေပိုင်နက်ထဲက စီမံကိန်းတွေလည်း ပါပါတယ်..."

ဖုန်းထဲမှတစ်ဆင့် စူးမေက ဆွန်ဖုန်းကို သတင်းပို့လိုက်သည်။

"အင်း... အဲ့ဒါဆိုလည်း ကိုယ်တို့ ရင်းနှီးမြှုပ်နှံဖို့ သင့်တော်မယ့် စီမံကိန်းတွေ အကြောင်းကို သေချာလေး ရှင်းပြပါဦး... မင်းရဲ့ အမြင်ကိုလည်း တစ်ခါတည်း ပြောပြပေါ့..."

ဆွန်ဖုန်းက ပြောလိုက်သည်။

"သူဌေး... ၁ ပတ်လောက် စုံစမ်းကြည့်ပြီးတဲ့နောက်မှာတော့ ကျွန်မအထင် ကနေဒါက စီမံကိန်းတစ်ခုက အတော်လေး သင့်တော်ပါတယ်... သူ့ရဲ့ ခန့်မှန်း ရေနံစိမ်း သိုလှောင်မှု ပမာဏက စည်ပေါင်း သန်း ၅၀၀ လောက် ရှိပါတယ်... ဒီရေနံမြေက နယူးဖောင်လန် အရှေ့ဘက် ပင်လယ်ပြင်မှာ တည်ရှိတာပါ... အာဖရိကဘက်မှာလည်း သင့်တော်တဲ့ စီမံကိန်း အနည်းငယ် ရှိပါတယ်... ဒါပေမဲ့ ကျွန်မတို့နဲ့ နည်းနည်းတော့ ဝေးလွန်းနေပါတယ်... အမေရိကန် ပင်လယ်ပြင်ဘက်မှာလည်း ရှိပေမယ့် အဲ့ဒီဘက်မှာတော့ ဖက်စပ် လုပ်ကိုင်မှ ရမှာပါ... ပြီးတော့ တစ်ဖက်က အစုရှယ်ယာ ၇၀ ရာခိုင်နှုန်း အထက်ကို ပိုင်ဆိုင်ထားပါလိမ့်မယ်... သူဌေးလို ထိန်းချုပ်လိုစိတ် ပြင်းပြတဲ့ လူတစ်ယောက်အနေနဲ့ အဲ့ဒီဘက်ကို ရွေးချယ်လိမ့်မယ်လို့ ကျွန်မ မထင်ပါဘူး..."

စူးမေက ဆွန်ဖုန်းအား အကျဉ်းချုပ် အစီရင်ခံလိုက်သည်။

ဆွန်ဖုန်းက ထိုစကားများကို ကြားလိုက်ရသောအခါ တိတ်ဆိတ်စွာ တွေးတောနေမိသည်။ အကယ်၍ အမေရိကန်ဘက်သို့ သွားရောက် ရင်းနှီးမြှုပ်နှံမည်ဆိုပါက သေချာပေါက် ကောင်းမွန်မည် မဟုတ်ပေ။

ထိုဘက်တွင် ပြိုင်ဆိုင်မှုများ အလွန် ပြင်းထန်လှသည်။ ထို့အပြင် အမေရိကန်တို့က မိမိတို့၏ ရေနံများကို ထိန်းချုပ်ထားပြီး အခြားသူများကို လာရောက် လုပ်ကိုင်ခွင့် ပေးမည်တဲ့လား။

အမှန်တကယ်တော့ ဆွန်ဖုန်းက အာဖရိကဘက်သို့ သွားရောက်ကာ ရေနံ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ချင်သော်လည်း ထိုနေရာက အနည်းငယ် ဝေးလွန်းနေပြီး ဆွန်ဖုန်းအတွက် အလှမ်းဝေးလွန်းလှသည်။

အကောင်းဆုံး နေရာများမှာ ပစိဖိတ်သမုဒ္ဒရာ သို့မဟုတ် ကနေဒါပင် ဖြစ်သည်။ ထိုနေရာ ၂ ခုစလုံးတွင် ရေနံ သယံဇာတများ ပေါကြွယ်ဝပြီး အကယ်၍ ကနေဒါတွင်ဆိုပါက ဆွန်ဖုန်း၌ အခြေခံ အုတ်မြစ် အနည်းငယ် ရှိနေပြီဖြစ်သည်။

"ခန့်မှန်း ရေနံစိမ်း သိုလှောင်မှု ပမာဏ စည်ပေါင်း သန်း ၅၀၀... အင်း... ဒီရေနံမြေက ဖြစ်နိုင်တယ်..."

ဆွန်ဖုန်းက ပြောလိုက်သည်။ ဤကမ်းလွန် ရေနံမြေ၏ စည်ပေါင်း သန်း ၅၀၀ သိုလှောင်မှု ပမာဏမှာ ရေနံမြေကြီး တစ်ခုဟု သတ်မှတ်နိုင်ပြီး ဆွန်ဖုန်းအတွက် ရင်းနှီးမြှုပ်နှံရန် အလွန် တန်ဖိုးရှိလှသည်။

"ဒီရေနံမြေက လေလံဆွဲရမယ့် စနစ်လား..."

ဆွန်ဖုန်းက ဆက်မေးလိုက်သည်။

"ဟုတ်ပါတယ်... ဒီရေနံမြေကို ရေနံကုမ္ပဏီ တော်တော်များများက မျက်စိကျနေကြပါတယ်... သူ့ရဲ့ ရေအနက်က မီတာ ၁၀၀၀ လောက်ပဲ ရှိပါတယ်... ပြီးတော့ နယူးဖောင်လန် အရှေ့ဘက် ကမ်းရိုးတန်းနဲ့ ကီလိုမီတာ ၁၀၀ လောက်ပဲ ကွာဝေးပါတယ်... တူးဖော်ရေး ကုန်ကျစရိတ်က တခြား ကမ်းလွန် ရေနံမြေတွေထက် အများကြီး ပိုသက်သာပါတယ်... ဒါကြောင့် ဒီရေနံမြေကို ရဖို့အတွက် သေချာပေါက် သွေးထွက်သံယို ယှဉ်ပြိုင်ကြရလိမ့်မယ်လို့ ကျွန်မ ခန့်မှန်းမိပါတယ်..."

စူးမေက ရှင်းပြလိုက်သည်။

"တခြားရော... သင့်တော်တာတွေ ရှိသေးလား..."

ဆွန်ဖုန်းက အခြားသူများနှင့် သွေးထွက်သံယို ယှဉ်ပြိုင်လုယူခြင်းမျိုးကို လုံးဝ မလုပ်ချင်ပေ။ ထိုသို့လုပ်ပါက ဈေးနှုန်းများ မြင့်တက်သွားမည်ဖြစ်ပြီး ဆွန်ဖုန်းအတွက် အကြီးအကျယ် အရှုံးပေါ်စေမည်ဖြစ်သည်။

သူက ရင်းနှီးမြှုပ်နှံမှု နည်းပါးပြီး သူကိုယ်တိုင် တိတ်တဆိတ် အကျိုးအမြတ် ရနိုင်မည့် ရေနံမြေများကိုသာ ရှာဖွေချင်ခြင်းဖြစ်သည်။

သို့မှသာ သူ၏ ရေနက်ပိုင်း ရှာဖွေတူးဖော်ရေး ဉာဏ်ရည်တု စက်ရုံမှ တူးဖော်ရရှိသော ရေနံများကို ရောင်းချကာ ငွေရှာနိုင်မည်ဖြစ်သည်။ အကယ်၍ ငွေအမြောက်အမြား အကုန်အကျခံကာ ဤရေနံမြေကို ဝယ်ယူလိုက်ရမည်ဆိုပါက ဆွန်ဖုန်းအတွက် လုံးဝ တွက်ခြေမကိုက်တော့ပေ။

"သူဌေး... နယူးဖောင်လန် အရှေ့ဘက် ကမ်းလွန် ရေနံမြေအပြင် တောင်တရုတ်ပင်လယ် ဘက်မှာလည်း ရှိပါသေးတယ်... အကုန်လုံးက ဖိလစ်ပိုင်ဘက်က ရေနံမြေတွေပါ... လက်ရှိ အများစုကတော့ အမေရိကန်က ရင်းနှီးမြှုပ်နှံထားတာပါ... အဲ့ဒီအထဲမှာ ခန့်မှန်း သိုလှောင်မှု ပမာဏ စည်ပေါင်း သန်း ၃၀၀ ရှိတဲ့ ရေနံမြေ တစ်ခု ပါဝင်ပါတယ်... အဲ့ဒီ ရေနံမြေက မာရီယာနာ ကျွန်းစုဘက်မှာ ရှိတာပါ... ဒါပေမဲ့ အသေးစိတ် အခြေအနေကိုတော့ ကျွန်မ သေချာ မစုံစမ်းရသေးပါဘူး..."

စူးမေက ပြောလိုက်သည်။ သူမ၏ အမြင်တွင်တော့ နယူးဖောင်လန် အရှေ့ဘက် ပင်လယ်ပြင်ရှိ ထိုရေနံမြေက ဆွန်ဖုန်း ရင်းနှီးမြှုပ်နှံရန် အသင့်တော်ဆုံးဟု ထင်မြင်မိသည်။

သိုလှောင်မှု ပမာဏ စည်ပေါင်း သန်း ၅၀၀ ရှိပြီး မိမိတို့၏ လုပ်ငန်းခွင်နှင့်လည်း နီးကပ်သဖြင့် အရာရာတိုင်းအတွက် ပိုမို အဆင်ပြေချောမွေ့နိုင်မည်ဖြစ်သည်။

"ဖိလစ်ပိုင်ဘက်က ဟာတွေကိုတော့ ကိုယ် လုံးဝ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူး..."

ဆွန်ဖုန်းက အေးစက်သော လေသံဖြင့် ပြတ်သားစွာ ပြောလိုက်သည်။ ဟွန့်... သူက ထို အရူးတွေကို ဘယ်တော့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ပေးမည် မဟုတ်ပေ။ ထိုအသားညို မျောက်ဝံများ၏ ရေအောက် သယံဇာတ အားလုံးကို အကုန်အစင် ခိုးယူပစ်ချင်နေသည်ကိုပင် သူ မနည်း ထိန်းထားရသည်။

"အော်... ဟုတ်ပြီ... ကိုယ် ဘာလို့ စဉ်းစားမမိပါလိမ့်..."

ထိုအချိန်တွင် ဆွန်ဖုန်းက သူ့ပေါင်သူ ရိုက်ကာ အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။ ယခုအခါ ဖိလစ်ပိုင်ရှိ ထိုအသားညို မျောက်ဝံများက အတော်လေး မောက်မာနေကြသည် မဟုတ်ပါလား။

မိမိတို့၏ နိုင်ငံတော်အပေါ် အမြဲတမ်း ရန်စ ကြိမ်းဝါးနေကြသည်။ အမေရိကန်၏ ကျောထောက်နောက်ခံ ရှိလာပြီးနောက် ထိုပင်လယ်ပြင်တွင် ဥပဒေမဲ့ သောင်းကျန်းနေကြပြီး အမြဲတမ်း ဟန်ရေးပြနေကြသည်။

သူ အားလပ်ချိန် ရပါက ထိုကောင်များကို သွားရောက် ပညာပေးရမည်။ ပန်းတွေ ဘာကြောင့် ဒီလောက်နီရဲနေရသလဲဆိုတာကို သူတို့ကို သိအောင် လုပ်ပေးရမည်။

"ဘာကို စဉ်းစားမမိတာလဲ..."

ဖုန်းတစ်ဖက်မှ စူးမေက ဆွန်ဖုန်း၏ အံ့ဩတကြီး ရေရွတ်သံကို ကြားလိုက်ရသောအခါ သိချင်စိတ်ဖြင့် မေးလိုက်သည်။ သူမ၏ သူဌေးက ရင်းနှီးမြှုပ်နှံမှု အသစ်တစ်ခုခုကိုများ တွေးမိသွားခြင်းလား။

"အာ... ဟားဟား... ဘာမှမဟုတ်ပါဘူး... မင်း ဆက်ပြောလေ... တခြားရော ရှိသေးလား..."

ဆွန်ဖုန်းက အနည်းငယ် ရှက်ရွံ့စွာဖြင့် ချောင်းဟန့်လိုက်ပြီး ဆက်မေးလိုက်သည်။

"အယ်... သူဌေး... လောလောဆယ် ကျွန်မ သိထားသလောက်တော့ ဒီလောက်ပါပဲ... တကယ်လို့ သူဌေးက သဘောမကျဘူးဆိုရင်တော့ ကျွန်မ ဆက်ပြီး ရှာပေးရမှာပေါ့... အော် ဒါနဲ့... တစ်ပတ်ရစ် ရေနံမြေ အနည်းငယ်လည်း ရှိပါသေးတယ်... အင်း... ဒီလို ရေနံမြေမျိုးတွေကိုတော့ သူဌေးက ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားမှာ မဟုတ်ပါဘူးလေ..."

စူးမေက ပြောလိုက်သည်။

"တစ်ပတ်ရစ် ရေနံမြေ ဟုတ်လား... ဘာအဓိပ္ပာယ်လဲ..."

ဆွန်ဖုန်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဤသတင်းမျိုးကို သူ တစ်ခါမှ မကြားဖူးခဲ့သော်လည်း အတော်လေး စိတ်ဝင်စားသွားသည်။

"တစ်ပတ်ရစ် ရေနံမြေ ဆိုတာက ရေနံကုမ္ပဏီတချို့က ရေနံမြေ တစ်ခုကို တူးဖော်တဲ့အခါမှာ သူတို့ အရင်က ခန့်မှန်းထားတာထက် တူးဖော်ရတာ ပိုခက်ခဲပြီး ကုန်ကျစရိတ်တွေ အရမ်းများလာတဲ့အတွက် ဆက်ပြီး မတူးဖော်ချင်တော့ဘဲ တခြားသူတွေကို တစ်ပတ်ရစ် ပြန်ရောင်းချင်တဲ့ ရေနံမြေမျိုးတွေကို ခေါ်တာပါ... ဒါမှမဟုတ် ရေနံမြေ တစ်ခုကို ၄ ပုံ ၁ ပုံ ဒါမှမဟုတ် ၃ ပုံ ၁ ပုံလောက် တူးဖော်ပြီးတဲ့အခါမှာ သူတို့ မျှော်မှန်းထားတဲ့ အမြတ်အစွန်း မရလာတဲ့အတွက် ပြန်လွှဲပြောင်းရောင်းချချင်တဲ့ ရေနံမြေမျိုးတွေကိုလည်း ခေါ်ပါတယ်... နောက်ဆုံး တစ်မျိုးကတော့ ရေနံမြေ တစ်ခုကို လုံးဝ မတူးဖော်နိုင်တော့တဲ့ အခြေအနေ ဒါမှမဟုတ် တူးဖော်ဖို့ အရမ်း ခက်ခဲသွားတဲ့ အခြေအနေမျိုး ရောက်သွားတဲ့အခါမှာ ရောင်းချတဲ့ ရေနံမြေမျိုးတွေပါ... အဲ့ဒီ ရေနံမြေတွေမှာ ရေနံတွေ ရှိနေသေးပေမယ့် ကုန်ကျစရိတ် အရမ်းများလွန်းတဲ့အတွက် တစ်ပတ်ရစ် ရေနံမြေအနေနဲ့ တူးဖော်ခွင့်ကို ပြန်ရောင်းချတာ ဖြစ်ပါတယ်..."

စူးမေက သေချာ ရှင်းပြလိုက်သည်။

"အော်... သဘောပေါက်ပြီ..."

ဆွန်ဖုန်းက နားထောင်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ရေနံမြေ တစ်ခုတွင် အတွင်းရှိ ရေနံအားလုံးကို အကုန်အစင် တူးဖော်နိုင်မည် မဟုတ်ကြောင်း သူ ကောင်းစွာ သိထားသည်။ သိုလှောင်မှု ပမာဏ စည်ပေါင်း သန်း ၁၀၀ ရှိသော ရေနံမြေ တစ်ခုမှ ရေနံစည်ပေါင်း သန်း ၆၀ သို့မဟုတ် သန်း ၇၀ ခန့် တူးဖော်နိုင်လျှင်ပင် အလွန် ကောင်းမွန်နေပြီဖြစ်သည်။

သေချာသည်ကတော့ အလွန် တူးဖော်ရလွယ်ကူသော စူပါရေနံတွင်း အချို့မှလွဲ၍ပေါ့။ ထိုကဲ့သို့သော ရေနံတွင်းများတွင် တူးဖော်နိုင်မှုနှုန်းမှာ ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ ရှိတတ်သည်။

ထိုကဲ့သို့သော ရေနံမြေများမှာ အရှေ့အလယ်ပိုင်း ဒေသများတွင်သာ အများဆုံး တွေ့ရလေ့ရှိသည်။ အခြားဒေသများတွင် အများစုမှာ တူးဖော်ရန် အလွန် ခက်ခဲကြသည်။

"အဲ့ဒါဆိုရင် အဲ့ဒီ တစ်ပတ်ရစ် ရေနံမြေတွေ အကြောင်း ပြောပြပါဦး..."

ဤတစ်ကြိမ်တွင်တော့ ဆွန်ဖုန်းက တကယ်ကို စိတ်ဝင်စားသွားပြီဖြစ်သည်။ ဤတစ်ပတ်ရစ် ရေနံမြေများက အခြားသူများအတွက် အသုံးမဝင်သော အရာများ ဖြစ်နိုင်သော်လည်း ဆွန်ဖုန်းအတွက်တော့ ဈေးပေါပြီး အလွန် အသုံးဝင်သော အရာများ ဖြစ်နေပေလိမ့်မည်။

တစ်ပတ်ရစ် ဆိုသည့်အတိုင်း တစ်ဖက်လူက ရောင်းချသည့်အခါတွင် သေချာပေါက် ဈေးကြီးပေးမည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူတို့ ကိုယ်တိုင်ပင် ဆက်လက် တူးဖော်နိုင်ခြင်း မရှိတော့ရာ အခြားသူများကို ရောင်းချသည့်အခါတွင်လည်း ဈေးကြီးကြီးနှင့် ရောင်းချနိုင်မည် မဟုတ်ပေ။

ဆွန်ဖုန်းက ဝယ်ယူပြီးသည်နှင့်တပြိုင်နက် ကျန်ရှိနေသော ရေနံအားလုံးကို ၁၀၀ ရာခိုင်နှုန်းပြည့် တူးဖော်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ထားသည်။

"သူဌေး... ဒီတစ်ပတ်ရစ် ရေနံမြေ အများစုကို တစ်စတုရန်းမိုင်လုံး အနေနဲ့ တခြားသူတွေကို ရောင်းချလေ့ မရှိပါဘူး... ဘယ်သူကမှလည်း အဲ့ဒီလောက် အများကြီးကို လိုက်ဝယ်မှာ မဟုတ်ဘူးလေ... ဒီတစ်ပတ်ရစ် ရေနံမြေတွေကို ဝယ်ယူသူ အများစုက ရေနံကုမ္ပဏီ အသေးစားလေးတွေ ဒါမှမဟုတ် အဖွဲ့ငယ်လေးတွေ တချို့ဆို လူပုဂ္ဂိုလ်တွေတောင် ဝယ်ယူလေ့ ရှိကြပါတယ်... သူတို့က ရေနံတွင်းတွေကို တစ်တွင်းချင်းစီ ဝယ်ယူကြတာပါ... အဓိကကတော့ ကံစမ်းတဲ့ သဘောမျိုးပါပဲ... ဈေးပေါပေါနဲ့ ရေနံတွင်း တစ်တွင်းရဲ့ လုပ်ပိုင်ခွင့်ကို ဝယ်ယူပြီး ကြီးမားတဲ့ အမြတ်အစွန်းတွေ ရလာနိုင်မလား ဆိုတာကို စမ်းသပ်ကြည့်ကြတာပေါ့... ပုံမှန်အားဖြင့်တော့ တစ်ပတ်ရစ် ရေနံမြေ တစ်ခုလုံးကို ရောင်းထွက်သွားတယ် ဆိုတာမျိုးက အရမ်းကို ရှားပါတယ်..."

စူးမေက ရှင်းပြလိုက်သည်။

"အင်း... အဲ့ဒါတွေက အရေးမကြီးပါဘူး... မင်းက ကိုယ့်ကို ဒီတစ်ပတ်ရစ် ရေနံမြေတွေ အကြောင်းပဲ သေချာ ပြောပြပါ... လက်ရှိမှာ ဘယ်နှခုလောက် ရှိလဲ... သိုလှောင်မှု ပမာဏ သန်း ၁၀၀ အောက် ဆိုရင်တော့ လုံးဝ မစဉ်းစားနဲ့တော့..."

ဆွန်ဖုန်းက ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ... တစ်ခုက ကနေဒါ ဘက်မှာပါ... ဒါလည်း နယူးဖောင်လန် ဘက်မှာပါပဲ... နယူးဖောင်လန် အနောက်မြောက်ဘက် ပင်လယ်ပြင်မှာ ဖြစ်ပြီး ကမ်းရိုးတန်းကနေ ကီလိုမီတာ ၁၅၀ လောက် ဝေးပါတယ်... ဒီရေနံမြေရဲ့ ခန့်မှန်း သိုလှောင်မှု ပမာဏက ရေနံစည်ပေါင်း သန်း ၅၅၀ ခန့် ရှိပါတယ်... အသေးစိတ် အခြေအနေကိုတော့ ကျွန်မ မသိရသေးပါဘူး... ဒါပေမဲ့ ဒီရေနံမြေကို ဂျာရို ရေနံမြေ လို့ နာမည်ပေးထားပြီး အမေရိကန် ရေနံကုမ္ပဏီ တစ်ခုက ရင်းနှီးမြှုပ်နှံထားတာပါ... အဲ့ဒီ ကုမ္ပဏီ နာမည်က အမေရိကန် ဝမ်လွန်း ရေနံကုမ္ပဏီ လို့ ခေါ်ပါတယ်... အရင်တစ်ခေါက် ကျွန်မတို့ စိန့်ဖုန်း ရေနံမြေ လေလံဆွဲတုန်းကလည်း အဲ့ဒီ ကုမ္ပဏီက ဝင်ပြိုင်ခဲ့သေးတယ်... ရေနံမြေကြီး တစ်ခုကိုတောင် လေလံအောင်သွားခဲ့သေးတယ်... ဒီကုမ္ပဏီက ကမ္ဘာ့ ထိပ်တန်း အဆင့်ရှိတဲ့ ရေနံကုမ္ပဏီ တစ်ခုပါပဲ..."

စူးမေက ပြောလိုက်သည်။

"အော်... အမေရိကန် ဝမ်လွန်း ရေနံကုမ္ပဏီ တဲ့လား... ဟားဟား... တကယ်ကို စိတ်ဝင်စားစရာပဲ... အရင်တစ်ခေါက်တုန်းက သူတို့ မန်နေဂျာ ဒေးဗစ် ဆိုတဲ့ ကောင်က ကိုယ့်ကိုတောင် လှောင်ပြောင်သွားသေးတယ်..."

ထိုအချိန်က ဝမ်လွန်း ရေနံကုမ္ပဏီမှ ဒေးဗစ်က သူ့အား လှောင်ပြောင်ခဲ့သည်ကို ဆွန်ဖုန်း ပြန်လည် သတိရသွားသည်။

"ဒီလောက် ကြီးမားတဲ့ ရေနံမြေကို ထိပ်တန်း အဆင့်ရှိတဲ့ ရေနံကုမ္ပဏီက ဘာလို့ ပြန်လွှဲပြောင်း ရောင်းချချင်ရတာလဲ... ဘာဖြစ်လို့လဲ..."

ဆွန်ဖုန်းက ရယ်မောကာ မေးလိုက်သည်။ ဝမ်လွန်း ရေနံကုမ္ပဏီမှာ အင်အားတောင့်တင်းသော ရေနံကုမ္ပဏီ တစ်ခုဖြစ်ကြောင်း ဆွန်ဖုန်း သိထားသည်။

ကုန်းတွင်း ရေနံမြေ တူးဖော်မှု နည်းပညာများကို အသာထားလိုက်ပါဦး... ကမ်းလွန် ရေနံမြေ တူးဖော်မှု နည်းပညာတွင်တော့ ကျင်းချန် ရေနံကုမ္ပဏီထက် သေချာပေါက် အများကြီး သာလွန်ပေလိမ့်မည်။

တရုတ်နိုင်ငံ၏ ကျင်းချန် ရေနံကုမ္ပဏီမှာလည်း ကမ္ဘာ့ ထိပ်တန်း အဆင့်ရှိ ရေနံကုမ္ပဏီ တစ်ခု ဖြစ်သော်လည်း ကမ်းလွန် ရေနံမြေ တူးဖော်ရေး နည်းပညာတွင်တော့ ဝမ်လွန်း ရေနံကုမ္ပဏီကို မယှဉ်နိုင်ပေ။

လက်ရှိ ကုန်းတွင်း ရေနံမြေ တူးဖော်ရေးတွင် အကြီးမားဆုံး အခက်အခဲ ၂ ခု ရှိသည်။ တစ်ခုမှာ ရေနံ ကျောက်သင်ပုန်းလွှာများဖြစ်ပြီး ဤသည်မှာ ဘူမိဗေဒ ကျောက်လွှာ ပြဿနာဖြစ်သည်။ အခြားတစ်ခုမှာ ပထဝီဝင် အနေအထားနှင့် ရာသီဥတု သက်ရောက်မှုများဖြစ်သည်။

ထို့ကြောင့် ကုန်းတွင်းတွင် ရေနံ တူးဖော်ရန် သိပ်မခက်ခဲလှပေ။ သို့သော်လည်း ပင်လယ်ထဲတွင် ရေနံ တူးဖော်ရန်မှာတော့ လုံးဝ ကွဲပြားသွားပြီဖြစ်သည်။ ပင်လယ်ထဲတွင် တူးဖော်ရသည်ဖြစ်ရာ ပင်လယ်ရေများ ရေအနက်များနှင့် ပင်လယ်ကြမ်းပြင် အောက်ရှိ ကျောက်လွှာ အနက်များက တူးဖော်ရေးကို အလွန် ကြီးမားစွာ သက်ရောက်မှု ရှိစေသည်။

အကယ်၍ လူသားများ၏ ကမ်းလွန် ရေနံတူးဖော်ရေး နည်းပညာများသာ ရင့်ကျက်လာမည်ဆိုပါက ယခုအခါ လူသားများအနေဖြင့် သယံဇာတ ရှားပါးမှုအတွက် ထိုမျှလောက် စိုးရိမ်ပူပန်နေစရာ လိုမည်မဟုတ်တော့ပေ။

"ကျွန်မ အရင်က မေးကြည့်ပြီးပါပြီ... ဝမ်လွန်း ရေနံကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားတဲ့ ဒီ ဂျာရို ရေနံမြေကို တူးဖော်တဲ့အခါမှာ လိုအပ်တဲ့ ကုန်ကျစရိတ်တွေက အရမ်း များပြားလွန်းပြီး တွက်ခြေမကိုက်လို့ သူတို့က တစ်ပတ်ရစ် ရေနံမြေ အဖြစ် ပြန်လည် ရောင်းချဖို့ ဆုံးဖြတ်လိုက်တာပါ... ဒီရေနံမြေကို သူတို့ တူးဖော်ခဲ့တာ ၃ နှစ်လောက် ရှိပါပြီ... ရေနံရဲ့ ၇ ပုံ ၂ ပုံလောက်ကို သူတို့ တူးဖော်ပြီးသွားပါပြီ... ကျန်နေတဲ့ ၇ ပုံ ၅ ပုံကတော့ မတူးဖော်ရသေးပါဘူး... အင်း... သာမန် ရေနံမြေတွေရဲ့ တူးဖော်နိုင်စွမ်းနဲ့ တွက်ကြည့်မယ်ဆိုရင်တော့ ကျန်နေတဲ့ ၇ ပုံ ၅ ပုံထဲကနေ နောက်ထပ် ၇ ပုံ ၁ ပုံလောက် ထပ်တူးဖော်နိုင်ရင်ကို တော်တော်လေး ကောင်းနေပါပြီ... ကျွန်မ ကြားတာတော့ ဒီရေနံမြေရဲ့ တစ်ဝက်ကျော်လောက်က ရေနံ ကျောက်သင်ပုန်းလွှာတွေ ဖြစ်နေတယ်တဲ့... ဆိုလိုတာက လက်ရှိ ဝမ်လွန်း ရေနံကုမ္ပဏီက တူးဖော်ရ လွယ်ကူတဲ့ နေရာတွေကို အကုန် တူးဖော်ပြီးသွားပြီပေါ့... ကျန်နေတဲ့ တူးဖော်ရ ခက်ခဲတဲ့ ရေနံ ကျောက်သင်ပုန်းလွှာ နေရာတွေကိုတော့ နည်းပညာ အခက်အခဲ ဒါမှမဟုတ် ကုန်ကျစရိတ် အရမ်းများလွန်းလို့ ဆက်မတူးဖော်တော့ဖို့ ဆုံးဖြတ်လိုက်တာပါ..."

စူးမေက ရှင်းပြလိုက်သည်။

"နောက်ထပ် တစ်ခုကတော့... ဒီရေနံမြေကို ဈေးကွက်မှာ တင်ရောင်းနေတာ နှစ်ဝက်လောက် ရှိနေပါပြီ... အခုအချိန်အထိ ဘယ်သူမှ လာမဝယ်ကြသေးပါဘူး..."

စူးမေက ထပ်မံ ဖြည့်စွက် ပြောကြားလိုက်သည်။

"ဒီလိုကိုး... ဒါဆိုရင် သူတို့က ဒီကြီးမားလှတဲ့ ရေနံမြေကြီးထဲမှာ ရေနံ ကျောက်သင်ပုန်းလွှာတွေ ရှိနေတယ် ဆိုတာကို မသိခဲ့ကြတာ ဖြစ်နိုင်တယ်... တူးဖော်ပြီး နှစ်အတော်ကြာမှ ဒီပြဿနာကို တွေ့သွားတာပေါ့... ဒါပေမဲ့ အဲ့ဒီအချိန်ကျတော့လည်း နောက်ကျသွားပြီလေ... ဟားဟား... ကြည့်ရတာ သူတို့ ရင်းနှီးမြှုပ်နှံလိုက်တဲ့ ဒီရေနံမြေက အရှုံးပေါ်သွားပြီ ထင်တယ်..."

ဆွန်ဖုန်းက ရယ်မောကာ ခန့်မှန်းလိုက်သည်။ ဤခန့်မှန်းချက်က အဖြစ်နိုင်ဆုံးပင်ဖြစ်သည်။ ဝမ်လွန်း ရေနံကုမ္ပဏီကဲ့သို့သော ကုမ္ပဏီမျိုးက ရေနံ ကျောက်သင်ပုန်းလွှာတွေ ရှိနေမှန်း သိသိကြီးနဲ့တော့ ဒီရေနံမြေမှာ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူးလေ။

ထို့အပြင် သိုလှောင်မှု ပမာဏ စည်ပေါင်း သန်း ၅၅၀ ရှိသော ကမ်းလွန် ရေနံမြေ တစ်ခု၏ ဧရိယာ အကျယ်အဝန်းမှာ သေချာပေါက် အလွန် ကြီးမားပေလိမ့်မည်။ ပင်လယ်ထဲတွင်ရှိသော ရေနံမြေ တစ်ခုလုံးကို သူတို့ အပြည့်အဝ စူးစမ်းလေ့လာနိုင်မည် မဟုတ်ပေ။

စူးစမ်းလေ့လာပြီးလျှင်တောင်မှ မြေအောက်တွင် ရေနံ ကျောက်သင်ပုန်းလွှာများ ရှိနေမည်ဟု သေချာပေါက် သိနိုင်မည် မဟုတ်ပေ။ ဤနေရာသည် နယူးဖောင်လန် အနောက်ဘက် ကမ်းရိုးတန်းမှ ကီလိုမီတာ ၁၀၀ ကျော် ကွာဝေးသည်။ ဤနေရာတွင် ကျောက်သင်ပုန်းလွှာများ ရှိလိမ့်မည်ဟု သူတို့ ထင်မှတ်ထားခဲ့မည် မဟုတ်ပေ။

အမှန်တကယ်တော့ ဆွန်ဖုန်း ကိုယ်တိုင်ပင်လျှင် နယူးဖောင်လန် အနောက်ဘက် ကမ်းရိုးတန်းရှိ ကျောက်သင်ပုန်းလွှာများက ထိုမျှလောက် အဝေးကြီးအထိ ဆန့်တန်းနေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။

ပင်လယ်ထဲသို့ ကီလိုမီတာ ၁၀၀ ကျော်အထိ ဆန့်တန်းနေခြင်းပင်ဖြစ်သည်။ ထိုအချိန်က ဝမ်လွန်း ရေနံကုမ္ပဏီမှ လူများလည်း ဤအခြေအနေကို သိလိုက်ရသောအခါ သွေးအန်မတတ် ဒေါသထွက်သွားလောက်မည်ဟု ဆွန်ဖုန်း ခန့်မှန်းမိသည်။

ရေနံမြေ တစ်ခုသည် ဧရိယာ အကျယ်အဝန်း ကြီးမားလွန်းသဖြင့် ၎င်း၏ ပထဝီဝင် ဘူမိဗေဒ အနေအထားနှင့် ကျောက်လွှာ ဖွဲ့စည်းပုံများ အားလုံးက တူညီနေမည် မဟုတ်ပေ။

ဆိုလိုသည်မှာ ဤ ဂျာရို ကမ်းလွန် ရေနံမြေ၏ ကြီးမားလှသော ဧရိယာအတွင်းတွင် အချို့နေရာများ၌ သာမန် ကျောက်လွှာများ ရှိနေပြီး အချို့နေရာများတွင်တော့ ရေနံ ကျောက်သင်ပုန်းလွှာများ ရှိနေခြင်းဖြစ်သည်။ ဝမ်လွန်း ရေနံကုမ္ပဏီက ရေနံ ကျောက်သင်ပုန်းလွှာ ရှိသော နေရာများသို့ တူးဖော်မိသောအခါမှသာ ဤဝမ်းနည်းဖွယ် အခြေအနေကို သတိပြုမိသွားခြင်းဖြစ်သည်။

‘ဟားဟား... '

တွေးကြည့်ရုံနှင့်ပင် အလွန် ရယ်ချင်စရာ ကောင်းလှသည်။ ထိုအချိန်က ကုမ္ပဏီ အကြီးအကဲများ၏ မျက်နှာများမှာ ချေးစားထားရသကဲ့သို့ ရှုံ့မဲ့နေမည်ကို ဆွန်ဖုန်း မြင်ယောင်နေမိသည်။

"ဟုတ်ပါတယ် သူဌေး... လောလောဆယ် ဒီသတင်းတွေက ကနဦး အခြေအနေတွေပဲ ရှိသေးတာပါ... အသေးစိတ် အခြေအနေတွေကိုတော့ ကျွန်မ မသိရသေးပါဘူး... သူဌေးက ဒီလောက်တောင် စိတ်ဝင်စားနေတာဆိုတော့ ဝယ်ဖို့များ စဉ်းစားနေတာလား..."

စူးမေက ဤရေနံမြေအပေါ် ဆွန်ဖုန်း၏ စိတ်ဝင်စားမှု အပြည့်ရှိနေသော လေသံကို ကြားလိုက်ရသဖြင့် မေးလိုက်သည်။

"ဟုတ်တယ်... ကိုယ်က ဒီရေနံမြေကို အရမ်း စိတ်ဝင်စားနေတယ်... ဒီလိုလုပ်... ကိုယ် နောက်ရက်အနည်းငယ်နေရင် ပြန်လာခဲ့မယ်... ပြီးရင် ကိုယ်တိုင် သွားပြီး ဒီရေနံမြေကို လေ့လာကြည့်မယ်... တကယ့် အခြေအနေမှန်က ဘယ်လိုလဲဆိုတာကို သွားကြည့်ရမယ်..."

ဆွန်ဖုန်း ဆုံးဖြတ်လိုက်သည်။ အကယ်၍ ဤရေနံမြေက စူးမေ ပြောသလိုမျိုး တကယ် ဖြစ်နေမည်ဆိုပါက သူ့အတွက် ဈေးပေါပေါနှင့် အခွင့်အရေး ယူရန် အလွန် သင့်တော်ပေလိမ့်မည်။

'ငါ့ဆီမှာ ရွှေလက်ချောင်း ရှိနေတာပဲ... ဘာ ရေနံ ကျောက်သင်ပုန်းလွှာတွေပဲဖြစ်ဖြစ် ဘာ ကမ်းလွန် ရေနံမြေတွေပဲဖြစ်ဖြစ် ဘာ တူးဖော်ရ ခက်ခဲတဲ့ ရေနံမြေတွေပဲဖြစ်ဖြစ်... ငါ့အတွက်တော့ အားလုံးက ဈေးပေါပေါနဲ့ အခွင့်အရေး ယူလို့ရတဲ့ နေရာတွေချည်းပဲ...'

ဆွန်ဖုန်းက ဂုဏ်ယူစွာ တွေးလိုက်သည်။ သေချာသည်ကတော့ အချိန်တန်လျှင် ဆွန်ဖုန်းက ဤရေနံမြေတွင် တကယ်ပဲ ရေနံ ၇ ပုံ ၅ ပုံ ကျန်ရှိနေသေးသလား ဆိုသည်ကို သေချာ စစ်ဆေးကြည့်မည်ဖြစ်သည်။ အကယ်၍ နည်းပါးနေမည်ဆိုပါက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်လား မလုပ်ဘူးလား ဆိုသည်ကို ဆွန်ဖုန်းက သေချာ ပြန်လည် စဉ်းစားရပေလိမ့်မည်။

"သူဌေး... ဒီလို ရေနံမြေမျိုးကိုတောင် ရင်းနှီးမြှုပ်နှံရဲတယ်ဆိုတော့... သူဌေး ဆေးများ မှားသောက်ထားတာလား..."

စူးမေက ဆွန်ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ အခြားသူများက လုံးဝ ရင်းနှီးမြှုပ်နှံချင်ခြင်း မရှိသော်လည်း ဆွန်ဖုန်းကတော့ ဤကဲ့သို့သော ရေနံမြေမျိုးကို သဘောကျနေသည်တဲ့လား။

All Chapters