← Chapters

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း ၃၅၂

Vol. 36 Ch. 352

အခန်း ၃၅၂ - ဒေါ်လာ ၁ ဘီလီယံဆိုရင် ဝယ်မယ်

ထိုလူများက ဆွန်ဖုန်းကို အရူးတစ်ယောက်ဟု ထင်နေကြချိန်တွင် ဆွန်ဖုန်းကတော့ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရလေသည်။

မနက်ဖြန် မြေပြင်အခြေအနေကို သွားရောက် လေ့လာပြီးနောက် ရေနံစည်ပေါင်း သန်း ၅၅၀ ရှိသည့် ရေနံမြေသာ အမှန်တကယ် ဖြစ်ပါက သူ သေချာပေါက် ဝယ်ယူမည် ဖြစ်သည်။ ဝမ်လွန်း ရေနံကုမ္ပဏီက နှစ်အနည်းငယ်ခန့် တူးဖော်ထားပြီး ဖြစ်သော်လည်း ကျန်ရှိနေသော ရေနံများမှာ အများစု ဖြစ်နေသေးကြောင်း သူ ယုံကြည်သည်။

"ဘော့စ် ခုနက အဲဒီဒေးဗစ်က ဒေါ်လာ ၁.၅ ဘီလီယံတောင် တောင်းနေတာ ဟွန့် ဒီလို တစ်ပတ်ရစ် ရေနံမြေကိုတောင် ဒီလောက် ဈေးကြီးကြီး ရောင်းရဲသေးတယ် အသုံးမကျတဲ့ ရေနံမြေကြီးကိုများ ဘော့စ် ကျွန်မတို့ မဝယ်ဘဲ နေလိုက်ရင်ရော ဒီရေနံမြေက မြေလွှာကျောက် ရေနံမြေလေ တစ်ဝက်လောက်က မြေလွှာကျောက်တွေ ချည်းပဲ အခြေအနေမှန်က သူတို့ပြောတာထက် ပိုဆိုးနိုင်တယ် မတန်ဘူးလေ အထူးသဖြင့် ကမ်းလွန် မြေလွှာကျောက် ရေနံမြေ တူးဖော်ဖို့က ကျွန်မတို့ဆီမှာ နည်းပညာမှ မရှိတာ"

ဝမ်လွန်း ရေနံကုမ္ပဏီမှ ထွက်လာပြီးနောက် စူးမေးက ဆွန်ဖုန်းကို ပြောလိုက်လေသည်။

ဒေါ်လာ ၁.၅ ဘီလီယံ ဆိုသည်မှာ အနည်းငယ် ထပ်ဆောင်းလိုက်လျှင် ရေနံမြေ အသစ်တစ်ခုကိုပင် ရင်းနှီးမြှုပ်နှံ၍ ရနိုင်လေပြီ။ ဘာကြောင့်များ ဒီလို ရေနံမြေမျိုးကို ရင်းနှီးမြှုပ်နှံရမည်နည်း။

"ဒေါ်လာ ၁.၅ ဘီလီယံက တကယ်ပဲ များလွန်းပါတယ် ဒါပေမဲ့ အဲဒီအချိန်ကျရင် ငါ ဈေးဆစ်လို့ ရတာပဲ ငါ့ကလွဲပြီး ဒီရေနံမြေကို တခြား ဘယ်သူကမှ ဝယ်ချင်မှာ မဟုတ်ဘူးလို့ ယုံတယ်"

ဆွန်ဖုန်းက အသာအယာ ပြုံးကာ ပြောလိုက်လေသည်။

"ဟဲ့ ရှင် ကျွန်မပြောတာ နားထောင်ရဲ့လား ကျွန်မက ဈေးဆစ်ခိုင်းတာ မဟုတ်ဘူး ဒီရေနံမြေကို မဝယ်နဲ့လို့ ပြောနေတာ"

စူးမေးက ဆွန်ဖုန်းကို မျက်စောင်းထိုးကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။

ကြည့်ရသည်မှာ သူမက ဘော့စ်ဖြစ်သူကို ဖျောင်းဖျ၍ ရတော့မည် မထင်ပေ။ ဘာပဲဖြစ်ဖြစ် သူက ကိစ္စတစ်ခုကို ဆုံးဖြတ်လိုက်ပြီ ဆိုလျှင် အဆုံးထိ လုပ်မည့်သူ ဖြစ်လေသည်။

"ကဲပါ မင်းတို့တွေ ဖျောင်းဖျမနေကြနဲ့တော့ သွားစို့ ငါတို့ ပြန်ကြမယ် အားမွေးထားကြ ဒီနေ့ ပင်လယ်ထဲ ထွက်ကြမယ်"

ဆွန်ဖုန်းက စူးမေး၏ လက်ကလေးကို ဆွဲကာ ရှေ့သို့ လျှောက်သွားလေသည်။ အနောက်မှ ချားလ်စ်တို့ တစ်အုပ်စုက ဒီအခြေအနေကို မြင်သောအခါ အားလုံးက နောက်ဆုတ်သွားကြပြီး ဘော့စ်နှင့် အထွေထွေ မန်နေဂျာတို့၏ နှစ်ကိုယ်တည်း ကမ္ဘာလေးကို အနှောင့်အယှက် မပေးရဲကြတော့ဘဲ အခြားလမ်းမှ ပြန်သွားကြလေသည်။

"ရှင် ဘာလုပ်တာလဲ လက်ကို မဆွဲထားနဲ့လေ ခုနက ချားလ်စ်တို့ အထင်လွဲသွားကြပြီ"

စူးမေး၏ မျက်နှာလေး နီရဲသွားပြီး ဆွန်ဖုန်း၏ လက်ထဲမှ ရုန်းထွက်လိုက်လေသည်။

"ဒါက လှပတဲ့ အထင်လွဲမှုလေး တစ်ခုပါ ဟားဟား"

ဆွန်ဖုန်းက ပြောလိုက်လေသည်။

"......"

ဒုတိယနေ့တွင် ဆွန်ဖုန်းတို့ အဖွဲ့သည် ဝမ်လွန်း ရေနံကုမ္ပဏီသို့ ရောက်ရှိလာပြီးနောက် ဒေးဗစ်၏ စီစဉ်လမ်းညွှန်မှုဖြင့် ဂျားလော့ ရေနံမြေသို့ သွားရောက်ရန် ဆိပ်ကမ်းသို့ အလျင်အမြန် ထွက်ခွာလာခဲ့ကြသည်။

ဒန်ဒီမြို့မှ ဂျားလော့ ရေနံမြေသို့ ရဟတ်ယာဉ်ဖြင့် သွားပါက တစ်နာရီကျော်ခန့်သာ ကြာမြင့်မည် ဖြစ်သည်။ ကြည့်ရသည်မှာ ဝမ်လွန်း ကုမ္ပဏီက ဆွန်ဖုန်း အပေါ်တွင် အတော်လေး ငွေကုန်ကြေးကျ ခံထားပုံရသည်။ မြေပြင်အခြေအနေကို လေ့လာရန် ရဟတ်ယာဉ် တစ်စီးကိုပင် ငှားရမ်းထားလေသည်။

သိပ်မကြာခင်မှာပင် လူအုပ်စုသည် ဂျားလော့ ရေနံမြေရှိ ကမ်းလွန် ရေနံတူးဖော်ရေး စင်မြင့် တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။

"မစ္စတာဆွန်ဖုန်း ဒီကမ်းလွန် ရေနံစင်မြင့်ကတော့ ကျွန်တော်တို့ ဂျားလော့ ရေနံမြေရဲ့ ပထမဆုံး တူးဖော်ရေး စင်မြင့် ဖြစ်ပါတယ် A1 လို့ အမည်ရပါတယ်..."

ဒေးဗစ်က ဆွန်ဖုန်းကို မိတ်ဆက် ရှင်းပြနေလေသည်။

သို့သော် ဆွန်ဖုန်းက လုံးဝ နားမထောင်ပေ။ အသံလက်ထောက် စနစ်ကို ရှာဖွေထောက်လှမ်းရေး စနစ် ဖွင့်ခိုင်းလိုက်ရာ ၃၅၀ ကီလိုမီတာ ပတ်လည်ကို ဖုံးလွှမ်းနိုင်သော ထောက်လှမ်းရေး စနစ်မှာ ချက်ချင်း ပွင့်သွားလေသည်။

'ဒီရေနံမြေကို စပြီး ထောက်လှမ်းကြည့်စမ်း'

ဆွန်ဖုန်းက စိတ်ထဲမှနေ၍ အသံလက်ထောက် စနစ်နှင့် ဆက်သွယ်ကာ ဒီဂျားလော့ ရေနံမြေကို ထောက်လှမ်းရန် ညွှန်ကြားလိုက်လေသည်။

'ဟုတ်ကဲ့ပါ ပိုင်ရှင် စတင် ထောက်လှမ်းနေပါပြီ'

အသံလက်ထောက်က ဆွန်ဖုန်း၏ အမိန့်ကို ရရှိသည်နှင့် ဒီရေနံမြေကို အသေးစိတ် စတင် ထောက်လှမ်းတော့သည်။

စက္ကန့် အနည်းငယ် အကြာတွင် အသံလက်ထောက်က အသေးစိတ် အချက်အလက်များကို ရရှိသွားလေသည်။

'အစီရင်ခံပါတယ် ပိုင်ရှင် လောလောဆယ် ဒီရေနံမြေမှာ ရေနံစည်ပေါင်း သန်း ၄၀၀ လောက် ကျန်ပါသေးတယ် ဒီရေနံမြေရဲ့ ဧရိယာ ၆၀ ရာခိုင်နှုန်း အထက်က မြေလွှာကျောက်တွေ ဖြစ်ပါတယ် ပျမ်းမျှ ပင်လယ်ရေ အနက်က မီတာ ၁၀၀၀ လောက် ရှိပါတယ်'

မကြာမီမှာပင် အသံလက်ထောက်က ဆွန်ဖုန်း သိချင်သော အဖြေကို ပေးလိုက်လေသည်။

'ရေနံစည်ပေါင်း သန်း ၄၀၀ တောင် ကျန်သေးတာပဲ ဟားဟား ဒီရေနံမြေက ဝယ်ဖို့ တန်တယ်'

ဆွန်ဖုန်းက အသံလက်ထောက်၏ အစီရင်ခံစာကို ကြားပြီးနောက် ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားသွားလေသည်။

ရေနံစည်ပေါင်း သန်း ၄၀၀ ဆိုသည်မှာ သူ့အတွက် လုံးဝ အမြတ်ကြီးစားပင် ဖြစ်သည်။ သူ၏ စိန့်ဖုန်း ရေနံမြေ ဆိုလျှင် ရေနံစည်ပေါင်း သန်း ၁၀၀ သာ ရှိသည်။ ထိုအချိန်က နှစ် ၃၀ တူးဖော်ခွင့် အတွက် ဒေါ်လာ ၁.၁ ဘီလီယံတောင် ပေးခဲ့ရသည်။ ဒီမှာက ဒေါ်လာ ၁.၅ ဘီလီယံတည်းလေ။ အကယ်၍ သူသာ ဈေးဆစ်လိုက်မည် ဆိုပါက ဈေးက ပို၍ ကျသွားဦးမည်မှာ သေချာသည်။ ဒါက လုံးဝကို အမြတ်ကြီးစားပင်။

ထိုအချိန်တွင် ဒေးဗစ်က ဆွန်ဖုန်း တစ်ယောက် သူ၏ စကားကို လုံးဝ နားမထောင်နေသည်ကို မသိရှိပေ။ သို့သော် ဆွန်ဖုန်း၏ မျက်နှာပေါ်မှ အပြုံးများကို မြင်သောအခါ ဆွန်ဖုန်းက ဒီရေနံမြေကို အလွန် သဘောကျနေသည်ဟု သူ ထင်သွားလေသည်။ ထို့ကြောင့် ပို၍ စိတ်အားထက်သန်စွာဖြင့် ဆက်တိုက် ပြောဆိုနေတော့သည်။

"မစ္စတာဆွန် တကယ်လို့ ခင်ဗျားသာ ဒီရေနံမြေ တစ်ခုလုံးကို ဝယ်မယ် ဆိုရင် မစ္စတာဆွန် အပေါ် ကျွန်တော်တို့ ကုမ္ပဏီရဲ့ စေတနာကို ပြသတဲ့ အနေနဲ့ ကျွန်တော်တို့ ကုမ္ပဏီက ဈေးကို ထပ်ပြီး လျှော့ပေးဖို့ ဆန္ဒရှိပါတယ်"

နောက်ဆုံးတွင် ဒေးဗစ်က ရင်ဘတ်ကို ပုတ်ကာ သူ၏ စေတနာကို ပြသလိုက်လေသည်။ ဆွန်ဖုန်းကို ယုံကြည်လာအောင် သူ၏ နှလုံးသားကိုပင် ထုတ်ပြချင်နေလေပြီ။

ယခုအချိန်တွင် သူက ဆွန်ဖုန်းကို ဒီရေနံမြေ ဝယ်ယူစေချင်လွန်း၍ အရူးအမူး ဖြစ်နေလေပြီ။ ပထမ အကြောင်းရင်းမှာ ကုမ္ပဏီ အထက်ပိုင်း၏ ညွှန်ကြားချက်ကြောင့် ဖြစ်ပြီး ဒုတိယ အကြောင်းရင်းမှာတော့ ဆွန်ဖုန်းက ဒီရေနံမြေကို ဝယ်ယူပြီးနောက် အရှုံးပေါ်သွားသည်ကို သူ အလွန် မြင်တွေ့ချင်သောကြောင့် ဖြစ်လေသည်။

"အင်း ဒီရေနံမြေကို ကျွန်တော် တော်တော်လေး သဘောကျတယ် မဆိုးဘူး အတော်လေး ကျယ်တယ်"

ဆွန်ဖုန်းက ပြုံးကာ ပြောလိုက်လေသည်။

ဆွန်ဖုန်း၏ စကားကို ကြားသောအခါ စူးမေးက မျက်မှောင်ကြုတ်သွားလေသည်။ ကြည့်ရသည်မှာ မိမိ၏ ဘော့စ်က ဒီရေနံမြေကို တကယ် ဝယ်ယူချင်နေပြီ ဖြစ်သည်။

"ဘော့စ် ကျွန်တော်တို့ သေချာတောင် မလေ့လာရသေးဘူးလေ"

ထိုအချိန်တွင် ဘေး၌ ရပ်နေသော ချားလ်စ်နှင့် ဆွန်ဖုန်း၏ ဝန်ထမ်း အချို့မှာ စိုးရိမ်လာကြလေသည်။

သူတို့ ဒီနေရာသို့ ရောက်သည်မှာ တစ်နာရီပင် မပြည့်သေးပေ။ အသေးစိတ် အချက်အလက်များကို လုံးဝ မလေ့လာရသေးဘဲ မိမိတို့၏ ဘော့စ်က ဘာကြောင့် ဒီလောက် မြန်မြန် သဘောကျသွားရသနည်း။ မကြည့်ရသေးသလိုမျိုးပင် ဖြစ်နေသည်။

ချားလ်စ်၏ စကားကို ကြားသောအခါ ဒေးဗစ်၏ ရင်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားလေသည်။ ဒီလူက ဘာမှ နားမလည်ဘဲ လျှောက်ပြောနေပြန်ပြီ။

"ချားလ်စ် ရပါတယ် မင်းတို့တွေ နည်းပညာရှင်တွေနဲ့ ဒီရေနံမြေရဲ့ အသေးစိတ် အခြေအနေကို သွားကြည့်ကြလေ ငါက ဒီမှာ မန်နေဂျာ ဒေးဗစ်နဲ့ စကားပြောလိုက်ဦးမယ်"

ဆွန်ဖုန်းက ချားလ်စ်ကို တိုက်ရိုက် လွှတ်လိုက်လေသည်။ ဒီရေနံမြေကို ဝယ်ယူရန် သူ ဆုံးဖြတ်ပြီးပြီ ဖြစ်လေသည်။

ဒီလိုဆိုလျှင် သူက ရန်ပုံငွေ အများကြီး သက်သာသွားမည် ဖြစ်သည်။ ရေနံမြေ အသစ် တစ်ခုကို ရင်းနှီးမြှုပ်နှံမည် ဆိုပါက အနည်းဆုံး ဒေါ်လာ ၂ ဘီလီယံကျော်ခန့် ကုန်ကျမည်ဟု ခန့်မှန်းရပြီး ထိုထက်လည်း ပိုနိုင်သေးသည်။ အကယ်၍ ဒီနေရာကို ဝယ်ယူလိုက်မည် ဆိုပါက ဒေါ်လာ ၁ ဘီလီယံကျော်လောက်ဖြင့် ဆွန်ဖုန်း အနေဖြင့် ရေနံတူးဖော်ရေးကို အပြည့်အဝ စတင်နိုင်ပြီ ဖြစ်သည်။ ဒါက ငွေ အများကြီး သက်သာသွားခြင်းပင် မဟုတ်ပါလား။

ချားလ်စ်နှင့် နည်းပညာရှင် အချို့က မကျေမချမ်းဖြင့် ထွက်သွားသည်ကို မြင်သောအခါ ဒေးဗစ်က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

"မစ္စတာဆွန် ဘယ်လို သဘောရလဲ ကျွန်တော်တို့ ကုမ္ပဏီက ငွေကြေး လည်ပတ်မှု အခက်အခဲ ရှိလို့သာ ဒီရေနံမြေကို ရောင်းရတာပါ မူလကတော့ နောက်နှစ်တွေကျမှ ဒီရေနံမြေရဲ့ ကျန်တဲ့ အပိုင်းတွေကို ဆက်တူးဖို့ ရည်ရွယ်ထားတာပါ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ ကုမ္ပဏီက မြေလွှာကျောက် ရေနံမြေကို တူးဖော်နိုင်တဲ့ အတော်လေး အဆင့်မြင့်တဲ့ နည်းပညာ တစ်ခုကို ပိုင်ဆိုင်ထားပါတယ် ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီရေနံမြေကို စွန့်လွှတ်လိုက်ရတာပါ"

ဒေးဗစ်က ဆက်လက် လေလုံးမိုးလုံး ထွားနေလေသည်။

မည်သို့ပင်ဆိုစေ ဆွန်ဖုန်းကတော့ လုံးဝ မယုံကြည်ပေ။ ဒေးဗစ် အနေဖြင့်လည်း ဆွန်ဖုန်းက ဒီရေနံမြေကို ဝယ်ယူပြီးနောက် ငါးနှစ်၊ ဆယ်နှစ် ကြာမှ တူးဖော်မည်လား ဆိုသည်ကို မသိပေ။ ဘာပဲဖြစ်ဖြစ် တူးဖော်ခွင့်က အနှစ် ၃၀ တောင် ရရှိထားသည် မဟုတ်ပါလား။ နောက်ဆယ်နှစ်ကျော် ကြာမှ တူးဖော်လည်း ရလေသည်။

သို့သော် ယခုအချိန်တွင်တော့ ဆွန်ဖုန်း၏ ကုမ္ပဏီတွင် ဒီလို ကမ်းလွန် မြေလွှာကျောက် ရေနံမြေမျိုးကို တူးဖော်နိုင်မည့် နည်းပညာ ရှိလိမ့်မည်ဟု သူ မထင်ပေ။ ဝမ်လွန်း ရေနံကုမ္ပဏီလို နာမည်ကြီး ကုမ္ပဏီမှာတောင် အဲဒီလို ရင့်ကျက်တဲ့ နည်းပညာ မရှိသေးဘူးလေ။ ဆွန်ဖုန်းလို ကုမ္ပဏီ အသစ်လေးမှာ ဆိုရင် ပိုဆိုးတာပေါ့။ သူရဲ့ စိန့်ဖုန်း မြေလွှာကျောက် ရေနံမြေ အောင်မြင်သွားတာက သူ ကံကောင်းလို့လေ အဲဒီရေနံမြေမှာ မြေလွှာကျောက် အပိုင်းက နည်းနည်းလေးပဲ ပါတာကိုး။ သေချာတာပေါ့ ဒါက အပြင်လူတွေရဲ့ ကောက်ချက်ချမှု သက်သက်သာ ဖြစ်လေသည်။

"အင်း ၁ ဘီလီယံဆိုရင် ကျွန်တော် ဝယ်လိုက်မယ် တကယ်လို့ ၁.၅ ဘီလီယံ ဆိုရင်တော့ ဒီကို အလည်လာတယ် လို့ပဲ သဘောထားလိုက်တော့မယ်"

ဆွန်ဖုန်းက စကားစသည်နှင့် ဒေးဗစ်၏ တောင်းဆိုချက်ကို သဘောတူလိုက်သော်လည်း ဈေးကိုတော့ အကြီးအကျယ် ဆစ်ချလိုက်လေသည်။ တစ်ခါတည်း သုံးပုံတစ်ပုံ တိတိ လျှော့ချလိုက်ခြင်း ဖြစ်သည်။

"အဟွတ် အဟွတ်..."

ဒေးဗစ် တစ်ယောက် ဆွန်ဖုန်း၏ စကားကြောင့် သီးသွားပြီး စကားပင် ဆက်မပြောနိုင်တော့ပေ။ သောက်ကျိုးနည်း ကိုယ့်ကုမ္ပဏီက ၁.၅ ဘီလီယံ ဈေးခေါ်ထားတာကို သူက တစ်ခါတည်း သုံးပုံတစ်ပုံ လျှော့ချလိုက်တယ်တဲ့လား။ တစ်ပတ်ရစ် ရေနံမြေ ဆိုပေမယ့်လည်း ၁ ဘီလီယံလောက်တော့ မကပါဘူး။ တကယ်လို့ ဒီလိုဈေးမျိုး ဆိုရင်တော့ သူတို့ ဝမ်လွန်း ရေနံကုမ္ပဏီ အနေနဲ့ မရောင်းဘဲ နေလိုက်တာက ပိုကောင်းလိမ့်မယ်။

"မစ္စတာဆွန်ဖုန်း ၁ ဘီလီယံ ဆိုတာက အရမ်း နည်းလွန်းပါတယ် ကျွန်တော်တို့က ၁.၅ ဘီလီယံ နဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားတာပါ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ စေတနာကို ပြသတဲ့ အနေနဲ့ ဒေါ်လာ ၁.၄၅ ဘီလီယံ နဲ့ ရောင်းပေးဖို့ ဆန္ဒရှိပါတယ်"

ဒေးဗစ် စကားတစ်ဝက် ရောက်ချိန်တွင် ဆွန်ဖုန်းက ဖြတ်ပြောလိုက်လေသည်။

"မန်နေဂျာ ဒေးဗစ် မမေ့ပါနဲ့ ခင်ဗျားတို့ရဲ့ ဒီရေနံမြေက ရောင်းဖို့ ကြေညာထားတာ နှစ်ဝက်လောက် ရှိနေပြီ ဘယ်သူကမှ လာမမေးကြဘူး ပြီးတော့ တူးလို့ လွယ်တဲ့ နေရာတွေ အားလုံးကို ခင်ဗျားတို့ သုံးနှစ်လောက် တူးဖော်ပြီးသွားပြီ ကျန်တာတွေက မြေလွှာကျောက် ရေနံလွှာတွေချည်းပဲ မြေလွှာကျောက် ရေနံမြေက တူးဖော်ဖို့ ဘယ်လောက် ခက်ခဲလဲ ဆိုတာ ခင်ဗျားလည်း သိမှာပါ ဒါကြောင့် ခင်ဗျားတို့ တောင်းတဲ့ ၁.၅ ဘီလီယံ ဆိုတာက နည်းနည်း မများလွန်းဘူးလား ၁.၄၅ ဘီလီယံ ဆိုရင်တောင် ဒီဈေးကို ကျွန်တော် သိပ်မကျေနပ်ဘူး"

ဆွန်ဖုန်းက အပြုံးလေးဖြင့် ဒေးဗစ်ကို ကြည့်ကာ ခပ်ပေါ့ပေါ့ ပြောလိုက်လေသည်။

"ဒါကတော့..."

ယခုအချိန်တွင် ဒေးဗစ် တစ်ယောက် အပြောရခက်သွားလေပြီ။ ယခု သူက ရမ်းသန်းပြီး စကားမပြောရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် မည်သို့ ပြောပြော အဆင်မပြေနိုင်မှန်း သူ သိနေသောကြောင့် ဖြစ်သည်။

ဈေးကို အရမ်း မြင့်ပြောလိုက်လျှင် တစ်ဖက်လူက ချက်ချင်း လှည့်ထွက်သွားနိုင်ပြီး သူ ငိုစရာ နေရာတောင် ရှိမည် မဟုတ်ပေ။ ဈေးကို အရမ်း နိမ့်ပြောလိုက်လျှင်လည်း အထက်လူကြီးများကို ဘယ်လို မျက်နှာပြရမည်နည်း။ ကုမ္ပဏီက သတ်မှတ်ပေးထားသည့် အနိမ့်ဆုံး ဈေးနှုန်းမှာ ဒေါ်လာ ၁.၄ ဘီလီယံ ဖြစ်သည်။ ယခု သူက တစ်ခါတည်း ၁.၄၅ ဘီလီယံ အထိ လျှော့ပေးလိုက်သော်လည်း တစ်ဖက်လူက ပို၍ ရက်စက်မည်ဟု သူ မထင်ထားခဲ့ပေ။ ဒီရေနံမြေကို ဒေါ်လာ ၁ ဘီလီယံတည်းဖြင့် ဝယ်ယူချင်နေခြင်း ဖြစ်လေသည်။

"၁ ဘီလီယံပဲ တစ်ပြားမှ ပိုမပေးနိုင်ဘူး ကဲ ဒီလောက်ပဲ ထားလိုက်တော့ ကျန်တဲ့ အပိုင်းတွေကိုလည်း ကျွန်တော် ကြည့်စရာ မလိုတော့ဘူး ခင်ဗျားရဲ့ ဒါရိုက်တာ အဖွဲ့နဲ့ သွားတိုင်ပင်ကြည့်လိုက် ဒီဈေး မဟုတ်ရင်တော့ ကျွန်တော့်ကို ထပ်မဆက်သွယ်နဲ့တော့ နှုတ်ဆက်ပါတယ်"

ဆွန်ဖုန်းကလည်း ပြတ်သားစွာပင် ဒေးဗစ်နှင့် ဈေးဆစ်ရန် အခွင့်အရေး မပေးတော့ပေ။

ဘာပဲဖြစ်ဖြစ် ကမ္ဘာပေါ်တွင် တစ်ပတ်ရစ် ရေနံမြေများ ရှိကြောင်းကို ဆွန်ဖုန်း သိထားပြီး ဖြစ်သည်။ တူးဖော်မှု မပြီးပြတ်သေးသော ရေနံမြေ အချို့လည်း ရှိသည်။ ဝမ်လွန်း ကုမ္ပဏီ၏ ရေနံမြေကိုမှ ဝယ်ရမည်ဟု အကြောင်းမရှိပေ။ ဆွန်ဖုန်းနှင့် ပူးပေါင်းချင်သော ကုမ္ပဏီများ အများအပြား ရှိလာမည်ဟု သူ ယုံကြည်သည်။

ဒီတစ်ကြိမ်တွင် သူက ဈေးကို အတော်လေး ရက်ရက်စက်စက် နှိမ်လိုက်သော်လည်း တစ်ဖက်လူက နှမြောတသစွာဖြင့် ရောင်းချချင်သည် ဖြစ်စေ၊ မရောင်းချင်သည် ဖြစ်စေ သူ ဂရုမစိုက်ပေ။ အကယ်၍ ဝမ်လွန်း ရေနံကုမ္ပဏီက သဘောမတူပါက ဆွန်ဖုန်း အနေဖြင့် ဒီဘက်က ဈေးကွက် အခြေအနေကို လာရောက် လေ့လာသည်ဟုပင် သဘောထားလိုက်မည်။ လိုအပ်ပါက စူးမေးကို အခြား တစ်ပတ်ရစ် ရေနံမြေများကို ရှာဖွေခိုင်းလိုက်မည်သာ ဖြစ်လေသည်။

"မစ္စတာဆွန် မစ္စတာဆွန်..."

ဒေးဗစ်က ဆွန်ဖုန်းနှင့် စူးမေးတို့ လှည့်ထွက်သွားသည်ကို မြင်သောအခါ အလျင်အမြန် လှမ်းခေါ်လိုက်လေသည်။ ဒေါ်လာ ၁ ဘီလီယံတဲ့လား။ အကယ်၍ သူက ဒီသတင်းကို အထက်သို့ တင်ပြလိုက်မည် ဆိုပါက ဒါရိုက်တာ အဖွဲ့၏ အသေအလဲ ဆဲဆိုခြင်းကို ခံရမည်မှာ သေချာလှသည်။

"တော်ပြီ ခင်ဗျား ဆက်ပြောစရာ မလိုတော့ဘူး"

ဆွန်ဖုန်းက ဒေးဗစ်နှင့် ထပ်မံ ဆွေးနွေးရန် အခွင့်အရေး မပေးတော့ဘဲ စူးမေးနှင့် ချားလ်စ်တို့ကို ခေါ်ဆောင်ကာ အသင့်စောင့်နေသော ရဟတ်ယာဉ်ပေါ်သို့ တက်၍ ထွက်ခွာသွားလေတော့သည်။

ဆွန်ဖုန်း ထွက်သွားသည်ကို မြင်သောအခါ ဒေးဗစ်က ကောင်းကင်ကို လက်ညှိုးထိုးကာ ကျိန်ဆဲလိုက်လေသည်။

"သောက်ကျိုးနည်း သောက်ကျိုးနည်း သောက်ကျိုးနည်း"

လေယာဉ်ပေါ်တွင် စူးမေးက မျက်လုံးပြူးကာ ဆွန်ဖုန်းကို ပြောလိုက်လေသည်။

"ခုနက ရှင် တစ်ဖက်လူကို ၁ ဘီလီယံ လို့ ပြောလိုက်တာလား အဲဒီဒေးဗစ်က ရှင့်ကြောင့် ဒေါသထွက်ပြီး ပေါက်ကွဲသွားလောက်ပြီနော် ဟားဟား ၁ ဘီလီယံတဲ့ သူတို့က မရောင်းဘဲ နေရင်နေမယ် ၁ ဘီလီယံနဲ့တော့ ဘယ်တော့မှ ရောင်းမှာ မဟုတ်ဘူး"

"ဟီးဟီး ငါက သူတို့ကို ဒေါသထွက် ပေါက်ကွဲအောင် လုပ်ချင်လို့ပဲ ဒါပေမဲ့ သူတို့ အလျှော့ပေးလာလိမ့်မယ်လို့ ငါ ထင်တယ်"

ဆွန်ဖုန်းက ပြောလိုက်လေသည်။

"ကောင်းပါပြီ"

စူးမေးက နဖူးကို လက်ဖြင့် ကိုင်လိုက်လေသည်။

......

သိပ်မကြာခင်မှာပင် ဒေးဗစ်သည် အမေရိကန် ဝမ်လွန်း ရေနံကုမ္ပဏီ ဌာနချုပ်သို့ ပြန်ရောက်လာပြီး ဒီအခြေအနေကို ဒါရိုက်တာ အဖွဲ့ထံ အစီရင်ခံတင်ပြလိုက်လေသည်။

အစည်းအဝေး ခန်းမတွင် အဓိက ဒါရိုက်တာ အနည်းငယ်မှလွဲ၍ ကျန်ဒါရိုက်တာ အားလုံး ရောက်ရှိနေကြပြီး ကုမ္ပဏီမှ အရေးကြီး ပုဂ္ဂိုလ် အချို့လည်း ရောက်ရှိနေကြသည်။ ဆွန်ဖုန်းက ဈေးကို ဒေါ်လာ ၁ ဘီလီယံ အထိ တောင်းဆိုလိုက်ကြောင်း သူတို့ ကြားသိရသောအခါ အားလုံးက ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ် ဖြစ်သွားကြလေသည်။

"သောက်ကျိုးနည်း ဒီဆွန်ဖုန်းက ငါတို့ကို ဒီလောက်တောင် အနိုင်ကျင့်ရဲတယ် ငါတို့ ဝမ်လွန်း ရေနံကုမ္ပဏီက သူ့ရဲ့ ၁ ဘီလီယံကို အရမ်း မက်မောနေတယ်လို့များ ထင်နေသလား ဟွန့် ၁ ဘီလီယံနဲ့ဆိုရင် ငါ လုံးဝ မရောင်းဘူး တူးဖော်ရေး နည်းပညာသစ် ပေါ်လာတဲ့ အချိန်ထိ စောင့်ပြီးမှ တူးလည်း နောက်မကျဘူး ဆယ်နှစ်၊ အနှစ်နှစ်ဆယ် စောင့်ရရင်တောင် ငါ မရောင်းဘူး ဒီဒေါသကို ငါ မျိုမသိပ်နိုင်ဘူး"

လူဝကြီး ဒါရိုက်တာ တစ်ဦးက သူ၏ ဩရှရှ အသံကြီးဖြင့် အော်ဟစ်လိုက်လေသည်။

"ဟွန့် ၁ ဘီလီယံတဲ့လား ငါတို့က သူ့ကို ၁.၄၅ ဘီလီယံ ပေးတာတောင် ကျေးဇူးတင်နေရမှာ သူကများ အရှက်မရှိဘဲ ဈေးကို သုံးပုံတစ်ပုံတောင် လျှော့ချရဲသေးတယ် တကယ်ကို ဒေါသထွက်စရာပဲ"

"ဟုတ်တယ် ဆက်မဆွေးနွေးနဲ့ မရောင်းဘူး မရောင်းဘူး"

ဒါရိုက်တာ အချို့ကလည်း ဝိုင်းအော်ကြလေသည်။ ဤသည်မှာ သူတို့၏ ငွေကြေး ကြွယ်ဝမှုကို ပြသနေခြင်းပင်။ မည်သည့် ဒါရိုက်တာက ဒေါ်လာ ဘီလီယံချီ မချမ်းသာဘဲ နေမည်နည်း။ ဒီလို ခြိမ်းခြောက်ခံရရုံနှင့် သူတို့က အလျှော့ပေးမည်လား။

"ဒါပေမဲ့ မင်းတို့ မမေ့ကြနဲ့ဦး အခုအချိန်အထိ ဒီဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီ တစ်ခုပဲ ငါတို့ရဲ့ ရေနံမြေကို ဝယ်ဖို့ ဆန္ဒရှိနေတာ ခုနက ဒေးဗစ် ပြောတာကတော့ တစ်ဖက်လူက ကြည့်ပြီးသွားပြီတဲ့ အကုန်လုံး အဆင်ပြေတယ်တဲ့ ဈေးသာ တည့်မယ်ဆိုရင် တစ်ဖက်လူက ဝယ်ဖို့ အဆင်သင့်ပဲ မင်းတို့တွေက ဒေါသထွက်ရုံ သက်သက်နဲ့ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လည်ပတ်မှုတွေကို မထိခိုက်စေနဲ့"

လုပ်သက်ရင့် ဒါရိုက်တာ တစ်ဦးက မတ်တပ်ရပ်ကာ ပြောလိုက်လေသည်။ သူ ပြောသမျှက ကုမ္ပဏီ၏ ရေရှည် အကျိုးစီးပွားအတွက်သာ ဖြစ်လေသည်။

"ဒေးဗစ် တစ်ဖက်လူက ဘယ်လို ပြောလဲ ညှိနှိုင်းလို့ ရနိုင်သေးလား"

ထို အသက်ကြီး ဒါရိုက်တာက တစ်ခန်းလုံး တိတ်ဆိတ်သွားအောင် လုပ်ပြီးနောက် အောက်ဆုံးခုံတွင် ထိုင်နေသော ဒေးဗစ်ကို မေးလိုက်လေသည်။

"အစီရင်ခံပါတယ် ဒါရိုက်တာ တစ်ဖက်လူက ပြောတာကတော့..."

ဒေးဗစ် စကားတစ်ဝက်တွင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားပြီး ဆက်မပြောရဲတော့ပေ။

"ပြောလေ"

"အဲဒီဆွန်ဖုန်းက ပြောတယ် တကယ်လို့ ကျွန်တော်တို့ ရောင်းမယ့် ဈေးက ၁ ဘီလီယံထက် တစ်ပြားလေး ပိုနေရင်တောင် သူ လုံးဝ ဝယ်မှာ မဟုတ်ဘူးတဲ့"

ဒေးဗစ်က မျက်နှာပူပူဖြင့် ပြောလိုက်လေသည်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် သူ ဟိုကို သွားခဲ့ပေမယ့် ဘာရလဒ်မှ မရခဲ့ဘဲ ဆွန်ဖုန်း၏ ကန်ထုတ်ခြင်းကိုသာ ခံခဲ့ရပြီး ဆွေးနွေးရန် အခွင့်အရေးပင် မရခဲ့ပေ။ ဤအချက်က အထက်လူကြီးများ ပေးအပ်သော တာဝန်ကို မကျေပွန်ဟု သူ ခံစားနေရလေသည်။

"မစ္စတာချွိုင် ခင်ဗျားလည်း ကြားတယ် မဟုတ်လား အဲဒီဆွန်ဖုန်းက ဒီလောက်တောင် မောက်မာနေတာက လွန်လွန်းတယ် မထင်ဘူးလား ကျွန်တော်တို့ကပဲ သူ့ကို ဝယ်ဖို့ တောင်းပန်နေရသလိုလို ကျွန်တော်တို့ကပဲ ဒီပိုက်ဆံလေး ရမှ ထမင်းစားရမယ့် ပုံစံမျိုး လုပ်နေတာ ကျွန်တော် လုံးဝ ကန့်ကွက်တယ် ကျွန်တော်တို့ မရောင်းတော့ဘူး"

ဒါရိုက်တာ တစ်ဦးက နေရာမှ ချက်ချင်း ထရပ်ကာ ပြောလိုက်လေသည်။

"ကျွန်တော်တို့ ဒီရေနံမြေကို စဝယ်တုန်းက ဒေါ်လာ ၃ ဘီလီယံတောင် ပေးခဲ့ရတာ ကျွန်တော်တို့ ၁.၅ ဘီလီယံနဲ့ ရောင်းတာတောင် သူ့အတွက် အချောင်ရနေပြီကို သူက ဒီလောက်တောင် အရှက်မရှိ ဖြစ်ရဲသေးတယ် ဟွန့် ၁ ဘီလီယံ ဆိုတာက ကျွန်တော်တို့ မူလ ဝယ်ခဲ့တဲ့ ဈေးရဲ့ သုံးပုံတစ်ပုံပဲ ရှိတော့တယ် ကျွန်တော်တို့ အခုထိ ရေနံစည်ပေါင်း သန်းတစ်ရာကျော်ပဲ တူးရသေးတယ် မရောင်းဘူး ကျွန်တော်တို့ မရောင်းတော့ဘူး တကယ်လို့ ၁ ဘီလီယံနဲ့ ဆိုရင်တော့ အရှုံးပေါ်လွန်းတယ်"

အခြား အမှုဆောင် အရာရှိချုပ် တစ်ဦးကလည်း ခေါင်းခါကာ ကန့်ကွက်လိုက်လေသည်။

All Chapters