အခန်း ၃၅၃
Vol. 36 Ch. 353
အခန်း ၃၅၃ - အီဗာ
"ဒီလိုလုပ်ကြတာပေါ့ ကျွန်တော်တို့ သင့်တော်မယ့် ဈေးတစ်ခုကို တိုင်ပင်ပြီး ဆုံးဖြတ်လိုက်မယ် အဲဒီဆွန်ဖုန်း ကျေနပ်နိုင်မယ့် ဈေးမျိုးဆို ပိုကောင်းတာပေါ့ ပြီးရင် သူ့ကို သွားမေးကြည့်ကြမယ် ခင်ဗျားတို့ ဒေါသထွက်နေတာကို ကျွန်တော် သိပါတယ် ကျွန်တော်လည်း ဒေါသထွက်တာပဲ ဒါပေမဲ့ ဒီဂျားလော့ ရေနံမြေကို ဒီအတိုင်း ပစ်ထားလို့လည်း မဖြစ်ဘူးလေ တကယ်လို့ ကျွန်တော်တို့ နည်းပညာ ဌာနကနေ မြေလွှာကျောက် ရေနံမြေကို တူးဖော်နိုင်မယ့် စက်ပစ္စည်းအသစ်တွေ တီထွင်နိုင်တဲ့ အချိန်အထိ စောင့်နေရမယ် ဆိုရင်တော့ အချိန်တွေ အရမ်း နှောင်းသွားလိမ့်မယ် ဒါကြောင့် ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒီဂျားလော့ ရေနံမြေကို အမြန်ဆုံး ရောင်းထုတ်ပစ်နိုင်ဖို့ မျှော်လင့်တယ်"
ခုနက အသက်ကြီး ဒါရိုက်တာက မတ်တပ်ရပ်လာပြီး လူအားလုံး၏ မျက်နှာကို တစ်ချက် ဝေ့ကြည့်ကာ ဆုံးဖြတ်ချက်ချလိုက်လေသည်။
ဒီဒါရိုက်တာ ပိုင်ဆိုင်ထားသော ရှယ်ယာမှာ ဝမ်လွန်း ရေနံကုမ္ပဏီ တစ်ခုလုံးတွင် ထိပ်ဆုံး လေးယောက်စာရင်း၌ ပါဝင်လေသည်။ ထို့ကြောင့် သူ၏ စကားက အလွန် ဩဇာသက်ရောက်မှု ရှိသည်။
ယနေ့ လာရောက် တက်ရောက်ကြသော ဒါရိုက်တာများမှာ ရှယ်ယာရှင် အငယ်စားလေးများသာ ဖြစ်ပြီး ရှယ်ယာရှင် အကြီးစားများ မရောက်လာကြပေ။ ထို့ကြောင့် ဒီအသက်ကြီး ဒါရိုက်တာက စကားစလိုက်သည်နှင့် ကန့်ကွက်နေသူများ အားလုံး ပါးစပ်ပိတ်သွားကြတော့သည်။
"ဘယ်လိုလဲ ကျွန်တော့်ရဲ့ အကြံပြုချက်အပေါ် ခင်ဗျားတို့ ဘာများ ကန့်ကွက်စရာ ရှိသေးလဲ"
"ကန့်ကွက်စရာ မရှိပါဘူး"
လူအုပ်ကြီးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာမှ မငြင်းဆန်နိုင်သလို မငြင်းဆန်ရဲကြတော့ပေ။
အချို့က ပါးစပ်ကသာ ခံပြောနေကြသော်လည်း သူတို့ ရင်းနှီးမြှုပ်နှံထားသော ရေနံမြေမှ ကြီးမားသော အကျိုးအမြတ် မရရှိနိုင်သည့်အပြင် အရှုံးပေါ်မည့် အရိပ်အယောင်များ မြင်နေရချိန်တွင် သူတို့ကော မည်သို့ စိတ်အေးလက်အေး နေနိုင်မည်နည်း။
သူတို့ အော်ဟစ်နေကြခြင်းမှာလည်း ဆွန်ဖုန်းက ဈေးကို အလွန်အမင်း နှိမ်လိုက်သောကြောင့်သာ ယခုလို အခြေအနေ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ အားလုံးက ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီအပေါ် အမြင်မကြည် ဖြစ်နေကြလေသည်။
"ဒီလိုဆိုမှတော့ အခု ကျွန်တော်တို့ သင့်တော်တဲ့ ဈေးတစ်ခုကို ဆွေးနွေးကြတာပေါ့ တကယ်လို့ ဈေးကို အရမ်း မြင့်လိုက်ရင် တစ်ဖက်လူက သေချာပေါက် ဝယ်မှာ မဟုတ်ဘူး အရမ်း နိမ့်သွားရင်လည်း ကျွန်တော်တို့ပဲ ရှုံးမှာ ဒါကြောင့် ဒီတစ်ခေါက်တော့ နည်းနည်းလေး ဆုံးဖြတ်ရ ခက်နေတယ်"
ထို အသက်ကြီး ဒါရိုက်တာက ပြန်ထိုင်လိုက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်လေသည်။
"ဒေါ်လာ ၁.၃ ဘီလီယံ ဆိုရင်တော့ ကျွန်တော်တို့ ပေးနိုင်တဲ့ အနိမ့်ဆုံး ဈေးလို့ ထင်တယ် အဲဒီထက် ထပ်လျှော့ရမယ် ဆိုရင်တော့ တကယ်ပဲ မရောင်းဘဲ ဒီအတိုင်း သိမ်းထားလိုက်တော့မယ်"
"ဟုတ်တယ် ဒီဆွန်ဖုန်းက ၁ ဘီလီယံလို့ ပြောရဲတယ် အရမ်း နည်းလွန်းတယ် တကယ်လို့ ကျွန်တော်တို့က အဲဒီဈေးနဲ့ အရောင်းအဝယ် လုပ်လိုက်မယ် ဆိုရင် ဒီတစ်ခေါက် ရင်းနှီးမြှုပ်နှံထားတဲ့ ဂျားလော့ ရေနံမြေက သေချာပေါက် အရှုံးပေါ်ပြီပဲ"
"၁.၃ ဘီလီယံတောင် အရမ်း နည်းလွန်းတယ်လို့ ထင်တယ် ၁.၄ ဘီလီယံတော့ အနည်းဆုံး ရမှ ဖြစ်မယ်"
ဒီလူများ ဈေးနှုန်းအတွက် အပြင်းအထန် ငြင်းခုန်နေကြချိန်တွင် ဆွန်ဖုန်းမှာ ဗန်ကူးဗားမြို့သို့ ပြန်ရောက်နေပြီ ဖြစ်သည်။
ဒီတစ်ခေါက် ဗန်ကူးဗားသို့ ပြန်လာခြင်းမှာ ကိစ္စအချို့ ဖြေရှင်းရန် ရှိသောကြောင့် ဖြစ်သည်။ ဖီးလက်စ်က ဆွန်ဖုန်းကို ဖိတ်ခေါ်ထားပြီး သူနှင့် ဆွေးနွေးစရာ ကိစ္စအချို့ ရှိနေပုံရလေသည်။
ဖုန်းထဲတွင် ဆွန်ဖုန်းက ဖီးလက်စ်သည် မိမိနှင့် စီးပွားရေး ကိစ္စအချို့ ဆွေးနွေးချင်နေကြောင်း ရိပ်မိလိုက်သည်။
အစပိုင်းတွင် ဖီးလက်စ်ထံမှ ဖုန်းလက်ခံရရှိချိန်က ဆွန်ဖုန်းမှာ ဖီးလက်စ်က သူနှင့် အီဗာတို့၏ လျှို့ဝှက်ဇာတ်လမ်း ပေါ်သွားပြီဟုပင် ထင်မှတ်လိုက်မိသေးသည်။ နောက်မှ မဟုတ်မှန်း သိလိုက်ရသဖြင့် ဆွန်ဖုန်း တစ်ယောက် လန့်သွားခဲ့ရသေးသည်။ ကြည့်ရသည်မှာ အီဗာက ထိုကိစ္စကို ရင်ထဲတွင်သာ သိမ်းထားပြီး အပြင်သို့ မပြောရဲသေးပုံ ရလေသည်။
ဖီးလက်စ်သည် အနာဂတ် လက်တင် လုပ်ငန်းစုကြီး၏ ပထမ ဦးစားပေး အမွေဆက်ခံသူ ဖြစ်သလို အနာဂတ် မျိုးနွယ်စု ခေါင်းဆောင်လည်း ဖြစ်သည်။ သူက ယခုအချိန်တွင် ခေါင်းဆောင် မဖြစ်သေးသော်လည်း မိသားစု၏ စီးပွားရေး လုပ်ငန်း အားလုံးနီးပါးကို စတင် ထိတွေ့နေပြီ ဖြစ်ပြီး ကြီးမားသော ဩဇာအာဏာကိုလည်း ပိုင်ဆိုင်ထားလေသည်။
ဒီကောင်က မိမိနှင့် ဘာအလုပ်များ တွဲလုပ်ချင်နေသနည်းဟု ဆွန်ဖုန်း တွေးမရ ဖြစ်နေလေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် လက်တင် မိသားစုက အလွန် ကြီးကျယ်ခမ်းနားလှသဖြင့် မိမိကို အဖက်လုပ်လိမ့်မည် မဟုတ်ဟု ထင်ထားခဲ့သည်။ မိမိ လုပ်နေသော စီးပွားရေး လုပ်ငန်းများမှာ လက်တင် မိသားစု အမြင်တွင် ကလေးကလား ကစားနေသည်နှင့်သာ တူနေပေလိမ့်မည်။
ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူခြင်း လုပ်ငန်းမှလွဲလျှင် ကျန်သည့် လုပ်ငန်းများမှာ ဂုဏ်ယူဝင့်ကြွားလောက်စရာ အောင်မြင်မှုမျိုး မရှိသေးပေ။ သေချာသည်ပေါ့ သာမန်လူများ အမြင်တွင်တော့ ဆွန်ဖုန်းသည် နတ်ဘုရား တစ်ပါးပင် ဖြစ်သည်။ သို့သော် လက်တင် မိသားစု အမြင်တွင်တော့ ဆွန်ဖုန်းက သာမန်လူ တစ်ယောက်သာ ဖြစ်လေသည်။
ဗန်ကူးဗားမြို့ ညရှစ်နာရီ အချိန်။
ဆွန်ဖုန်းသည် မိမိ၏ အသည်းကျော် ပြိုင်ကားလေးကို မောင်းနှင်ကာ လက်တင် ရဲတိုက်သို့ ထွက်ခွာလာခဲ့လေသည်။
လက်တင် ရဲတိုက်သည် လက်တင် မိသားစု၏ ဗန်ကူးဗားမြို့ရှိ အိမ်တစ်လုံးသာ ဖြစ်သည်။ သို့သော် လက်တင် မိသားစု၏ ဌာနချုပ် အစစ်အမှန်မှာ ဗန်ကူးဗားမြို့တွင် မဟုတ်ပေ။ လက်ရှိတွင် လက်တင် ရဲတိုက်၌ မည်သူများ နေထိုင်ကြောင်းကို ဆွန်ဖုန်း မသိပေ။ သူ သိသည်မှာ ဖီးလက်စ် ဒီနေရာတွင် နေထိုင်ကြောင်းကိုသာ ဖြစ်သည်။ ယနေ့ည သူက ဆွန်ဖုန်းကို ညစာ စားရန် ဖိတ်ခေါ်ထားသလို အရေးကြီး ကိစ္စများလည်း ဆွေးနွေးရန် ရှိနေပုံ ရလေသည်။
ဖီးလက်စ် ပေးပို့ထားသော လိပ်စာ အချက်အလက်များအရ ဆွန်ဖုန်းသည် လမ်းပြစနစ်ကို ဖွင့်ကာ မိမိ၏ စံအိမ်မှ စတင် ထွက်ခွာလာခဲ့ရာ မိနစ် ၂၀ ခန့်အကြာတွင် ဖီးလက်စ်၏ အိမ်ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
ဒီဘက်တွင် ကြိုတင် အကြောင်းကြားထားပြီး ဖြစ်သဖြင့် ဆွန်ဖုန်း အိမ်ရှေ့သို့ ရောက်ရောက်ချင်း အစောင့်များက ချက်ချင်း တံခါးဖွင့်ပေးလိုက်ရာ ဆွန်ဖုန်းက လက်တင် ရဲတိုက် အတွင်းသို့ တိုက်ရိုက် မောင်းနှင် ဝင်ရောက်သွားလေသည်။
ဒီလက်တင် ရဲတိုက်ကြီးမှာ ခမ်းနားထည်ဝါသော တက္ကသိုလ် နယ်မြေ တစ်ခုနှင့်ပင် တူနေလေသည်။ ဆွန်ဖုန်း၏ ပထမဆုံး ခံစားချက်မှာ အလွန် ကြီးကျယ်ခမ်းနားလှသည် ဟူ၍ပင်။ ဒုတိယ အချက်မှာ ရှေးဟောင်း အငွေ့အသက်များ ရနေခြင်း ဖြစ်ပြီး တတိယ အချက်မှာတော့ ကျောင်းသားများ မရှိခြင်းပင် ဖြစ်လေသည်။
ကားပါကင် ထိုးပြီးနောက် ဆွန်ဖုန်းသည် မိန်းမလှလေး တစ်ဦး၏ လမ်းညွှန်မှုဖြင့် ရှေးဟောင်းပုံစံ ဒီဇိုင်းဆောက်လုပ်ထားသော အိမ်တစ်လုံး အတွင်းသို့ ရောက်ရှိသွားလေသည်။ ဒီအိမ်မှာ သုံးထပ်ခန့် ရှိပြီး သီးသန့် စံအိမ်ငယ်လေး တစ်လုံး ဖြစ်လေသည်။
အထဲသို့ ဝင်ဝင်ချင်း ဆွန်ဖုန်းသည် ဖီးလက်စ် တစ်ယောက် သူ့ကို စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရသည်။ သို့သော် ဆွန်ဖုန်းကို အနည်းငယ် အံ့အားသင့်သွားစေသည်မှာ ဖီးလက်စ်နှင့် မနီးမဝေးတွင် အခြားလူ တစ်ယောက်ပါ ထိုင်နေခြင်း ဖြစ်သည်။ အီဗာပင် ဖြစ်လေသည်။
'သောက်ကျိုးနည်း ဒါ ဘာအခြေအနေကြီးလဲ'
အီဗာကို မြင်လိုက်ရချိန်တွင် ဆွန်ဖုန်း တစ်ယောက် အတော်လေး အံ့အားသင့်သွားရလေသည်။
အီဗာသည်လည်း ဆွန်ဖုန်းကို မြင်လိုက်ချိန်တွင် ကြောင်အမ်းအမ်း ဖြစ်သွားပြီး သူမ၏ အလွန် လှပသော မျက်နှာလေးမှာ ချက်ချင်းပင် စိမ်းပုပ်သွားတော့သည်။
သူမ၏ အစ်ကို ပြောနေသော သူငယ်ချင်း ဆိုသည်မှာ ဒီရန်သူတော်ကြီး ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ။ သူမ ကိုယ်တိုင် သတ်ပစ်ချင်နေသော ရန်သူတော်ကြီး ဖြစ်လေသည်။
သို့သော် ယခုအချိန်တွင် ဖီးလက်စ်က သူ၏ ညီမအရင်း ဖြစ်သူ၏ မျက်နှာအမူအရာကို လုံးဝ သတိမထားမိပေ။ သူက အပြုံးမျက်နှာဖြင့် ဆွန်ဖုန်းကို နှုတ်ဆက်လိုက်လေသည်။
"လာ လာ လာ ညီလေး လာထိုင် ဒါကတော့ ငါ့ရဲ့ ညီမလေး အီဗာ လေ မင်းတို့လည်း သိပြီးသားပဲ မဟုတ်လား အားလုံးက ရင်းနှီးတဲ့ သူတွေချည်းပဲ ဆိုတော့ အရမ်းကြီး အားနာမနေနဲ့ မိသားစု ညစာစားပွဲလေး လိုပဲ သဘောထားလိုက်"
ဖီးလက်စ်က ရှေ့သို့ လျှောက်လာကာ ဆွန်ဖုန်းကို ဆွဲ၍ ထိုင်ခိုင်းရင်း ရယ်မောကာ ပြောလိုက်လေသည်။
"ဟားဟား ဟုတ်တာပေါ့ ကျွန်တော်တို့က သူစိမ်းတွေမှ မဟုတ်တာ ဟားဟား ဒါဆို ကျွန်တော်လည်း အားမနာတော့ဘူးနော်"
ဆွန်ဖုန်းကလည်း ရယ်မောကာ ဝင်ထိုင်လိုက်လေသည်။ အိမ်ရှင်က ဒီလောက် ဖော်ရွေနေမှတော့ မိမိ အနေဖြင့် ဘာကြောင့် အားနာနေရမည်နည်း။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သာမန်လူ တစ်ယောက် အနေဖြင့် ဆွန်ဖုန်းလို ဆက်ဆံရေးမျိုး ရရှိရန် အလွန် ခဲယဉ်းလှသည်။ ဖီးလက်စ်နှင့်အတူ ညစာစားရန် ဆိုသည်မှာ လူတိုင်း လုပ်နိုင်သော ကိစ္စ မဟုတ်ပေ။ ယနေ့ည စားပွဲမှာ မိသားစု ညစာစားပွဲ ဖြစ်နေခြင်းက ဆွန်ဖုန်းကို ပို၍ပင် ဂုဏ်ယူသွားစေသည်။
ဒီမိသားစု ညစာစားပွဲတွင် မိသားစုဝင် အနေဖြင့် အီဗာ တစ်ယောက်တည်းသာ ရှိနေသော်လည်း အနည်းငယ်တော့ နည်းပါးနေသည်ဟု ဆိုနိုင်လေသည်။ သို့သော် ဒီအခြေအနေကို ကနေဒါ အသိုင်းအဝိုင်းမှ သူဌေးသားများသာ မြင်တွေ့သွားပါက အားကျလွန်း၍ သေချင်စိတ်ပင် ပေါက်သွားနိုင်လေသည်။
လက်တင် မိသားစု၏ သမီးကြီးနှင့်အတူ ညစာ အတူစားရသည်တဲ့လား။ သိထားရမည်မှာ ဂရစ် ဆိုလျှင်ပင် အီဗာနှင့်အတူ ညစာ အတူမစားဖူးချေ။
အကယ်၍ ထိုကောင်များသာ အီဗာ တစ်ယောက် ဆွန်ဖုန်းနှင့် တစ်ညတာ အိပ်ခဲ့ဖူးကြောင်း သိသွားပါက သူတို့အားလုံး အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြမည်လား သို့မဟုတ် ဆွန်ဖုန်းကို ဝိုင်းရိုက်ကြမည်လား မသိနိုင်ပေ။
ဆွန်ဖုန်းနှင့် ဖီးလက်စ်တို့ အပြန်အလှန် နှုတ်ဆက်ကာ စကားပြောကောင်းနေချိန်တွင် ဘေးတွင် ရှိနေသော အီဗာမှာ သူမ အစ်ကို၏ စကားကို ကြားပြီး မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။
'ငါ့ကို ရှေ့က ဒီသောက်ခွေးကောင်က ဖျက်ဆီးသွားတာလေ အစ်ကိုက သူ့ကို ဒီလောက်တောင် လှိုက်လှိုက်လှဲလှဲ ဧည့်ခံနေသေးတယ်ပေါ့'
သူမ အစ်ကိုကို ပြောပြလိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေလေသည်။
ဆွန်ဖုန်းက အီဗာ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသဖြင့် သူမ၏ မျက်နှာအမူအရာ အားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။ အီဗာက သူ့ကို အံကြိတ်ကာ ကြည့်နေသည် မဟုတ်ပါလား။ ကြည့်ရသည်မှာ သူမက သူ့ကို အလွန် မုန်းတီးနေပုံ ရလေသည်။
"မစ် အီဗာ နေမကောင်းလို့လား"
ဆွန်ဖုန်းက အီဗာကို ကြည့်ကာ တမင်သက်သက် အဓိပ္ပာယ်ပါပါ မေးလိုက်လေသည်။
"ညီမလေး မျက်နှာလည်း သိပ်မကောင်းဘူး နေမကောင်းလို့လား"
ထိုအချိန်တွင် ဖီးလက်စ်က ဆွန်ဖုန်း၏ စကားကို ကြားပြီးနောက် သူ၏ ညီမအရင်းကို လှည့်ကြည့်လိုက်လေသည်။ သူမ၏ မျက်နှာက တကယ်ပဲ သိပ်မကောင်းသဖြင့် စိုးရိမ်တကြီး မေးလိုက်လေသည်။
"မ မဟုတ်ပါဘူး ဘာမှမဖြစ်ပါဘူး ဟင်းပွဲတွေ ချလိုက်တော့လေ ညီမ စားပြီးရင် အပြင်သွားစရာ ရှိသေးတယ်"
အီဗာက ဆွန်ဖုန်းကို မကြည့်ချင်သဖြင့် ခေါင်းကို အနည်းငယ် ငုံ့ကာ ပြောလိုက်လေသည်။
ယခုအချိန်တွင် သူမ အနေဖြင့် ဒီနေရာမှ ချက်ချင်း ထွက်သွားချင်နေမိသည်။ သို့သော် သူမ၏ အစ်ကိုက သူမကို ထွက်သွားခွင့် ပြုမည် မဟုတ်ကြောင်း သိနေသဖြင့် ဒီသောက်ခွေးကောင်နှင့် တစ်ဝိုင်းတည်း အတူထိုင်စားရန် မဖြစ်မနေ သည်းခံနေရခြင်း ဖြစ်လေသည်။ သူမ အနေဖြင့် မြန်မြန်စားပြီး မြန်မြန် ထွက်သွားချင်နေလေပြီ။
သူမ နေမကောင်းဖြစ်နေခြင်း မဟုတ်ဘဲ ဆွန်ဖုန်းကြောင့် ဒေါသထွက်နေခြင်းသာ ဖြစ်သည်။ မဟုတ်သေးဘူး ဆွန်ဖုန်း ဆိုသည့် လူကြောင့် ရွံရှာနေခြင်းသာ ဖြစ်လေသည်။
ဟင်းပွဲများမှာ သိပ်မကြာခင် ရောက်ရှိလာပြီး အလွန် သေသပ်လှပကာ စားရသည်မှာလည်း အလွန် အရသာရှိလှသည်။
ဖီးလက်စ်က စားရင်းသောက်ရင်းဖြင့် ဆွန်ဖုန်းနှင့် စကားပြောနေလေသည်။ ဟိုအကြောင်း ဒီအကြောင်း အစုံအလင် ပြောဆိုကြပြီးနောက် ဆွန်ဖုန်း တစ်ယောက် မိမိ၏ ဗဟုသုတများ လုံးဝ မလုံလောက်တော့ကြောင်း ခံစားလိုက်ရလေသည်။
ဒီဖီးလက်စ်၏ ဗဟုသုတက တကယ်ကို ကြွယ်ဝလွန်းလှသည်။ သမိုင်း၊ ပထဝီ၊ စာပေ၊ ဘဏ္ဍာရေး ဒါမှမဟုတ် စီးပွားရေး အကြောင်းပဲဖြစ်ဖြစ် လေတိုက်တာပဲဖြစ်ဖြစ် သူက အကုန်လုံးကို အလွယ်တကူ ပြောဆိုနိုင်စွမ်း ရှိလေသည်။ ဆွန်ဖုန်း အနေဖြင့် သူ့ကို အရှုံးပေးရုံသာ ရှိတော့သည်။
သို့သော် အီဗာကတော့ ခေါင်းငုံ့ကာ ထမင်းကိုသာ စားနေပြီး စကားတစ်ခွန်းမှ ဝင်မပြောပေ။ ဆွန်ဖုန်းလည်း ဖီးလက်စ်၏ စကားများကြောင့် ခေါင်းမူးလာလေပြီ။ အစပိုင်းတွင် တစ်ဖက်လူနှင့် လိုက်လျောညီထွေ ပြောဆိုနိုင်ခဲ့သော်လည်း ယခုအချိန်တွင်တော့ နားထောင်သူ သက်သက်သာ ဖြစ်သွားရလေပြီ။
ရုတ်တရက် ဆွန်ဖုန်း မျက်လုံးများ အရောင်လက်သွားပြီး ဘေးတွင် ရပ်နေသော စားပွဲထိုးကို ပြောလိုက်လေသည်။
"ဒီမှာ နွားနို့ပူပူ ရနိုင်မလား ကျွန်တော့်ကို နှစ်ခွက်လောက် ယူခဲ့ပေးပါ"
"ရပါတယ် မစ္စတာဆွန် ကျွန်တော် အခုပဲ သွားယူပေးပါ့မယ်"
စားပွဲထိုးက ဆွန်ဖုန်း၏ တောင်းဆိုချက်ကို ကြားပြီးနောက် ယဉ်ကျေးစွာဖြင့် သွားရောက် ပြင်ဆင်ပေးလေသည်။
အီဗာကတော့ ဆွန်ဖုန်း တစ်ယောက် ထမင်းစားနေရင်း နွားနို့ပူပူ သောက်ချင်ရခြင်းကို သိပ်နားမလည်နိုင်ပေ။ သို့သော် သူမလည်း ဂရုမစိုက်တော့ပေ။ ဘာပဲဖြစ်ဖြစ် သူမလည်း စားလို့ ပြီးတော့မည် ဖြစ်လေသည်။
ဖီးလက်စ်က ဆွန်ဖုန်းကို စီးပွားရေး အကြောင်းများ ဆက်လက် ပြောဆိုနေသော်လည်း မကြာမီမှာပင် အကြောင်းအရာ ပြောင်းသွားပြီး မိန်းကလေးများ အကြောင်းသို့ ရောက်ရှိသွားလေသည်။
ဖီးလက်စ်၏ မိန်းကလေးများ အကြောင်း အတွေ့အကြုံက ဆွန်ဖုန်းထက် အများကြီး ပိုမို ကြွယ်ဝသည်ဟု ဆိုရမည် ဖြစ်သည်။ ထို့ကြောင့် ဆွန်ဖုန်းလည်း ကောင်းမွန်သော အကြံဉာဏ် အများအပြားကို သင်ယူခွင့် ရရှိလိုက်လေသည်။
သိပ်မကြာခင်မှာပင် နွားနို့ပူပူ နှစ်ခွက် ရောက်ရှိလာလေသည်။
ဆွန်ဖုန်းက နွားနို့ တစ်ခွက်ကို ယူကာ အီဗာ၏ အရှေ့သို့ ကမ်းပေးလိုက်ပြီး ပြုံးစစဖြင့် ပြောလိုက်လေသည်။
"မစ် အီဗာ ညဘက်မှာ နွားနို့ များများသောက်တာက အသားအရေ အတွက် ကောင်းတယ်နော် လာ ကျွန်တော်တို့ ချီးယားစ် လုပ်ရအောင်"
ဆွန်ဖုန်းလည်း နွားနို့ခွက်ကို ကိုင်ကာ တစ်ငုံ သောက်လိုက်လေသည်။ ဒီအနောက်တိုင်း အစားအစာများက အရသာရှိသော်လည်း သူ၏ အာခေါင်နှင့် သိပ်မကိုက်ညီလှပေ။ ထို့ကြောင့် သူ ဆက်မစားတော့ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ဆွန်ဖုန်း ခုနက ပြောလိုက်သော လေသံတွင် အဓိပ္ပာယ် အများအပြား ပါဝင်နေလေသည်။ အထူးသဖြင့် အီဗာကို ပြောသည့်အခါ ညဘက် ဆိုသော စကားလုံးကို အသံဖိကာ ပြောလိုက်ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဆွန်ဖုန်း၏ မျက်လုံးများက အီဗာ၏ ရင်ဘတ်နှင့် သူမ၏ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီနီလေးတို့ကို လျင်မြန်စွာ တစ်ချက် ဝေ့ကြည့်လိုက်လေသည်။ ဒီအမူအရာနှင့် လေသံတို့မှာ မသိမသာ လုပ်ဆောင်လိုက်ခြင်း ဖြစ်သဖြင့် ဖီးလက်စ်က လုံးဝ သတိမထားမိသလို ဒီစကားတွင် အပြစ်အနာအဆာ ရှိသည်ဟုလည်း မထင်မှတ်မိပေ။
သို့သော် အီဗာကတော့ ကြားပြီးနောက် ကွဲပြားသွားလေသည်။ သူမ ရှေ့တွင် ချထားသော နွားနို့ခွက်ကို မျက်လုံးပြူးကာ ကြည့်နေမိသည်။ ပျစ်ချွဲချွဲနှင့် ဖြူဖွေးနေသော နွားနို့များကို ကြည့်ရင်း သူမ ရင်ထဲတွင် ပျို့အန်ချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။
အထူးသဖြင့် ဆွန်ဖုန်းက ထူးခြားသော လေသံဖြင့် ပြောလိုက်သည့် ထိုစကားလုံး နှစ်လုံးက သူမကို ထိုညက အဖြစ်အပျက်များကို ချက်ချင်း ပြန်လည် အမှတ်ရသွားစေသည်။ ထိုညက သူမ ရွံစရာကောင်းသော နွားနို့ တွေ ဘယ်လောက်တောင် စားခဲ့ရသလဲ ဆိုတာကိုပေါ့။
"အွတ်"
ဒီအကြောင်းကို တွေးမိသည်နှင့် အီဗာ တစ်ယောက် ချက်ချင်း ပျို့တက်လာတော့သည်။
"ညီမလေး ဘာဖြစ်လို့လဲ"
ဖီးလက်စ်က မိမိ၏ ညီမ ရုတ်တရက် ဒီလို ဖြစ်သွားသည်ကို မြင်သောအခါ စိုးရိမ်တကြီးဖြင့် ဆရာဝန် ခေါ်ရမလားဟု မေးလိုက်လေသည်။
"ဘာမှမဖြစ်ပါဘူး ညီမ ဒီနေ့ အစာအိမ် နည်းနည်း မကောင်းလို့ ညီမ အခန်းထဲ ပြန်နားတော့မယ် အစ်ကိုတို့ ဖြည်းဖြည်းစားကြနော်"
နောက်ဆုံးတွင် အီဗာက ထွက်ပြေးသလိုပင် အမြန် ထွက်ခွာသွားလေတော့သည်။ ဖီးလက်စ် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့ပြီး ဆွန်ဖုန်း ကတော့ ရင်ထဲတွင် အပျော်ကြီး ပျော်နေတော့သည်။
‘ ဟားဟားဟား’
နောက်ဆုံးတွင် ဒီညစာစားပွဲမှာ ပြီးဆုံးလုနီးပါး ဖြစ်လာချိန်တွင် ဖီးလက်စ်က အဓိက အကြောင်းအရာကို မပြောသေးသည်ကို မြင်သောအခါ ဆွန်ဖုန်းက အရင် စတင် မေးလိုက်လေသည်။
"ဖီးလက်စ် ဒီနေ့ည ကျွန်တော့်ကို မိန်းကလေးတွေ အကြောင်းချည်းပဲ ပြောဖို့ ခေါ်လာတာတော့ မဟုတ်ဘူးမလား"
"ဟားဟား ဟုတ်တယ် ဒီနေ့ည မင်းကို ညစာ ဖိတ်ကျွေးတာက တကယ်ပဲ စီးပွားရေး ကိစ္စလေး နည်းနည်း ဆွေးနွေးချင်လို့ပါ"
ဖီးလက်စ်က ပြောလိုက်လေသည်။
"အို ဘယ်လို ပရောဂျက်မျိုးများလဲ"
ဆွန်ဖုန်းက အနည်းငယ် သိချင်စိတ် ဖြစ်သွားလေသည်။
"ဒီလိုပါ ငါ့ညီမ အီဗာ လည်း အသက် မငယ်တော့ဘူး သူမက အခု တက္ကသိုလ် တက်နေတုန်း ဆိုပေမယ့် ဒီနှစ်တွေထဲ အဖေက အရမ်း အလိုလိုက်ထားတော့ နည်းနည်း ပညာမတတ်သလို ဖြစ်နေတယ် သူမက သမီးကြီး ဖြစ်တဲ့အတွက် နောင်တစ်ချိန်ကျရင် စံပြ တစ်ယောက် ဖြစ်လာရမှာလေ ဒါကြောင့် အခုကစပြီး သူမကို ပျိုးထောင်ပေးဖို့ အင်း လေ့ကျင့်ပေးသင့်တယ်လို့ ငါ ထင်တယ်"
'အဲဒါက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ'
ဆွန်ဖုန်းက စိတ်မရှည်စွာ မေးလိုက်ချင်မိသည်။ သူ့အထင် အီဗာက လူတွေကို ဒုက္ခပေးတတ်မယ် စားသောက်ပြီးရင် အော်ဟစ်တတ်မယ် အဲဒါကလွဲပြီး ဘာမှ တတ်မယ် မထင်ဘူး အော် ကားတော့ မောင်းတတ်သေးတယ်။
"ငါ ကုမ္ပဏီ တစ်ခု ထောင်ပြီး သူမကို စီမံခန့်ခွဲမှုတွေ သင်ခိုင်းမလို့"
ဖီးလက်စ်က အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။ အရေးမကြီးသော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ပင်။
ကောင်းပါပြီလေ ချမ်းသာသော သူများက ဒီလို ကိစ္စများကို ကစားစရာ တစ်ခုလို သဘောထားကြသည် မဟုတ်ပါလား။ ဖီးလက်စ်က အီဗာကို ကုမ္ပဏီ ထောင်ပေးခြင်းမှာလည်း ကစားစရာလေး တစ်ခု ပေးလိုက်သလိုမျိုးပင် ခံစားရလေသည်။
"မင်းရဲ့ ဖုန်းရွေ့ ပင်လယ်ရေကနေ ယူရေနီယမ် ထုတ်ယူတဲ့ ကုမ္ပဏီက မဆိုးဘူးလို့ ငါ ထင်တယ် ငါတို့က မင်းရဲ့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမလို့ ဒီလိုလုပ်ကြမယ် စက်ရုံ ဆောက်ဖို့ ကုန်ကျစရိတ် အားလုံးကို ငါတို့ဘက်က တာဝန်ယူမယ် စက်ရုံ လည်ပတ်ပြီး အမြတ်ရလာတဲ့ အခါကျရင် တစ်ဝက်စီ ခွဲယူကြမယ် ဘယ်လိုလဲ"
ဖီးလက်စ်က ပြောလိုက်လေသည်။
'သောက်ကျိုးနည်း သူဌေး မင်းက တကယ်ကို မိုက်တာပဲ'
ဖီးလက်စ်၏ စကားကို ကြားပြီးနောက် ဆွန်ဖုန်းမှာ သူ့ကို ဒူးထောက် ရှိခိုးချင်စိတ်ပင် ပေါက်သွားလေသည်။
သိထားရမည်မှာ ဆွန်ဖုန်းက ပင်လယ်ရေမှ ယူရေနီယမ် ထုတ်ယူသည့် စက်ရုံ တည်ဆောက်ရန် ဒေါ်လာ ၁ ဘီလီယံ အကုန်အကျ ခံခဲ့ရခြင်း ဖြစ်သည်။ ယခုတော့ ဖီးလက်စ်က စက်ရုံနှင့် ပတ်သက်သမျှ အားလုံးကို သူ တာဝန်ယူမည်ဟု တိုက်ရိုက် ပြောလာခြင်းပင်။ လုပ်ငန်း စတင်လည်ပတ်ပြီး ငွေရလာချိန်တွင်လည်း တစ်ဝက်စီ ခွဲယူမည်တဲ့လား။
ဆွန်ဖုန်း အနေဖြင့် မလေးစားဘဲ နေနိုင်မည်လား။ ဆိုလိုသည်မှာ တစ်ဖက်လူက အရင်းအနှီး ထုတ်မည်၊ ဆွန်ဖုန်းက နည်းပညာ ထုတ်မည်၊ ပြီးလျှင် အမြတ်တစ်ဝက် ရမည်ပေါ့။ ဆွန်ဖုန်း အနေဖြင့် X2 အမျိုးအစား စုပ်ယူရေး ပစ္စည်း ထုတ်လုပ်သည့် နည်းပညာနှင့် စက်ရုံ ဒီဇိုင်းပုံစံကို ပေးလိုက်ရုံဖြင့် အဆင်ပြေပြီ ဖြစ်လေသည်။
ယခုအချိန်တွင် ဆွန်ဖုန်းသည် ကောင်းကင်မှ ရွှေတုံးကြီး ပြုတ်ကျလာပြီး သူ၏ ခေါင်းကို ထိမှန်သွားသကဲ့သို့ ခံစားနေရလေသည်။
သူဌေးများက တကယ်ကို ထင်ရာစိုင်းတတ်ကြသည်ပဲ။ ဒေါ်လာ ဘီလီယံချီသော ငွေများကို ကစားစရာလို သဘောထားပြီး ညီမဖြစ်သူကို ကစားရန် ပေးလိုက်သည်တဲ့လား။ သောက်ကျိုးနည်း။
ယခုအချိန်တွင် ဆွန်ဖုန်းမှာ မနာလိုစိတ်များ ဖြစ်ပေါ်လာမိသည်။
'ငါ မွေးလာတုန်းက ဘာလို့များ စူပါ သူဌေးသား မဖြစ်ရတာလဲ ကံဆိုးလိုက်တာ'
"ပြဿနာ မရှိပါဘူး"
ဆွန်ဖုန်းက ချက်ချင်းပင် သဘောတူလိုက်လေသည်။
"ကောင်းပြီ ဒါပေမဲ့ မင်း အနေနဲ့ အီဗာကို နည်းနည်း ပိုပြီး လမ်းညွှန်ပေးရမယ်နော်"
ဖီးလက်စ်က ပြောလိုက်လေသည်။
"ပြဿနာ မရှိပါဘူး ကျွန်တော်က သေချာပေါက် အရည်အချင်း ပြည့်မီတဲ့ လမ်းညွှန်သူ တစ်ယောက် ဖြစ်မှာပါ"
ဆွန်ဖုန်းက စိတ်ထဲမှနေ၍ နောက်ထပ် စကားတစ်ခွန်း ထပ်ဖြည့်လိုက်သေးသည်။
'အတွင်းရော အပြင်ပါမကျန် ကျွန်တော်က သူမကို သေချာ လမ်းညွှန်ပေးမှာပါ ဂါးဂါးဂါး'
"နောက်ဆုံးအနေနဲ့ ငါက ဒေါ်လာ သန်း ၅၀၀ ထုတ်ပေးမယ် မင်းလက်ထဲမှာ ရှိတဲ့ X2 အမျိုးအစား စုပ်ယူရေး ပစ္စည်း သုတေသန ရလဒ် နည်းပညာကို ယူချင်တယ် ရနိုင်မလား မသိဘူး တကယ်လို့ ရတယ်ဆိုရင် ငါတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်း စတင်လို့ ရပြီ"
ဖီးလက်စ်က ပြောလိုက်လေသည်။
'သောက်ကျိုးနည်း'
ဆွန်ဖုန်း တစ်ယောက် ကြားပြီးနောက် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
' ငါက သူဌေးကို တွေ့ပြီ ထင်နေတာ ဒီကောင်က ငါ့ရဲ့ X2 အမျိုးအစား စုပ်ယူရေး ပစ္စည်း နည်းပညာကို မျက်စိကျနေတာကိုး ချီးပဲ’