အခန်း ၃၅၆
Vol. 36 Ch. 356
အခန်း ၃၅၆ - သုတေသန ဌာနသို့ ပြန်လည် ကြည့်ရှုခြင်း
ကနေဒါ စီးပွားရေး သတင်းစာ...
“မကြာသေးမီက ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီသည် အမေရိကန် ဝမ်လွန်း ရေနံကုမ္ပဏီ၏ ဂျားလော့ ရေနံမြေကို ဝယ်ယူလိုက်ကြောင်း သတင်းရရှိပါတယ် ဒေါ်လာ ၁.၁ ဘီလီယံ အကုန်အကျ ခံခဲ့ရသည်ဟု ဆိုပါတယ် အရင်က ဖော်ပြခဲ့သည့်အတိုင်း ဒီဂျားလော့ ရေနံမြေမှာ တွင်းနက်ကြီး တစ်တွင်းသာ ဖြစ်ပါတယ် ၎င်း၏ ရေနံထွက်ရှိမည့် ဧရိယာ တစ်ဝက်ကျော်ကို မြေလွှာကျောက် အလွှာများက ဖုံးလွှမ်းထားပါတယ် ဝမ်လွန်း ရေနံကုမ္ပဏီကပင် အလောတကြီး ရောင်းထုတ်ချင်နေခဲ့သော ဒီရေနံမြေကို မစ္စတာဆွန်ဖုန်းက ဘာကြောင့်များ ဝယ်ယူလိုက်ရသနည်း ဆိုသည်ကို ကျွန်ုပ်တို့ နားမလည်နိုင်အောင် ဖြစ်နေရပါတယ် အရင်က သူ့ကို စီးပွားရေး လောက၏ ပါရမီရှင် တစ်ဦးအဖြစ် ချီးကျူးခဲ့ကြပြီး နှစ်နှစ်ကျော် ကာလအတွင်း အလျင်အမြန် ကြီးပွားလာခဲ့သူ ဖြစ်ပါတယ် သို့သော် ယခု ရင်းနှီးမြှုပ်နှံမှုမှာ အလွန် ကြီးမားသော စွန့်စားမှုကို ပြုလုပ်လိုက်ခြင်းပင် ဖြစ်ပါတယ် တွင်းနက်ကြီးမှန်း သိသိရက်နဲ့ ဘာကြောင့်များ သွားရောက် ရင်းနှီးမြှုပ်နှံရသနည်း ဆိုတာကို ကျွန်ုပ်တို့ တကယ်ပင် စဉ်းစား၍ မရနိုင်ပါ ကြားသိရသလောက် သူ၏ ကုမ္ပဏီက ယခုအခါ စတော့ရှယ်ယာ ဈေးကွက်သို့ ဝင်ရောက်ရန် လျှောက်ထားနေပြီ ဖြစ်ရာ အဲဒီအချိန် ကုမ္ပဏီ စာရင်းဝင်လာပါက စတော့ရှယ်ယာများအပေါ် ထိခိုက်မှု ရှိလာမည်လား ဆိုသည်ကို မသိနိုင်တော့ပါဘူး”
ပြင်ပလောကတွင် ဆွန်ဖုန်း၏ ယခု ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အုတ်အော်သောင်းနင်း ဝေဖန်ဆွေးနွေးနေကြချိန်တွင် ယန်ကျစ် ကလည်း ဆွန်ဖုန်းထံ ဖုန်းဆက်ကာ ဘာတွေ ဖြစ်နေသနည်းဟု လှမ်းမေးလေသည်။
"ညီလေး ဆွန် မင်း ဘာဖြစ်သွားတာလဲ ဘာလို့များ အဲဒီဂျားလော့ ရေနံမြေကို ရင်းနှီးမြှုပ်နှံရတာလဲ မင်း ရူးသွားပြီလား"
ဖုန်းထဲတွင် ယန်ကျစ်က ဆွန်ဖုန်းကို မေးလိုက်လေသည်။
"ဟားဟား အစ်ကိုကြီး စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒီတစ်ခေါက် ကျွန်တော်က ဒီရေနံမြေကို သေချာပေါက် ရယူနိုင်မယ်လို့ ယုံကြည်မှု အပြည့် ရှိလို့ပါ အစ်ကိုကြီး စိတ်ချပါ"
ယန်ကျစ်က မိမိကို ဒီလောက် စိတ်ပူပေးလိမ့်မည်ဟု ဆွန်ဖုန်း မထင်ထားခဲ့ပေ။
"မင်းမှာ ယုံကြည်မှု ရှိတယ် ဟုတ်လား ဒါဆို မင်းမှာ ပင်လယ်အောက် မြေလွှာကျောက် ရေနံမြေကို တူးဖော်နိုင်တဲ့ ယုံကြည်မှု ရှိနေတာလား"
ယန်ကျစ်က အံ့အားသင့်စွာဖြင့် မေးလိုက်လေသည်။
မြေလွှာကျောက် ရေနံမြေများက ဘယ်လောက်တောင် တူးဖော်ရ ခက်ခဲကြောင်း၊ အထူးသဖြင့် ကမ်းလွန် မြေလွှာကျောက် ရေနံမြေများ ဆိုပါက ပို၍ ဆိုးရွားကြောင်းကို သူ အသိဆုံး ဖြစ်သည်။ အကယ်၍ ဆွန်ဖုန်းက ဒီလို ယုံကြည်မှုမျိုး ရှိနေပါက ဆွန်ဖုန်းတွင် တူးဖော်နိုင်မည့် နည်းပညာ ရှိနေပြီဟု သက်သေပြနေခြင်းပင် ဖြစ်လေသည်။
"ဟုတ်တယ် ကျွန်တော့်ရဲ့ ဖုန်းရွေ့ သုတေသန ဌာနက မကြာသေးခင်ကပဲ မြေလွှာကျောက် ရေနံမြေ တူးဖော်ရေး အပိုင်းမှာ တိုးတက်မှု အသစ်တွေ ရရှိထားတယ် ဒါကြောင့် ကျွန်တော်က မြေလွှာကျောက် ရေနံမြေ လောကထဲကို ဝင်ရောက်ဖို့ ရည်ရွယ်လိုက်တာ ဒီဂျားလော့ ရေနံမြေမှာ တူးဖော်ဖို့ ကျန်နေသေးတဲ့ ရေနံစည်ပေါင်း သန်း ၄၀၀ လောက် ရှိသေးတာကို ကျွန်တော် တွေ့ခဲ့တယ် ဒေါ်လာ ၁.၁ ဘီလီယံတည်းနဲ့ ဝယ်လို့ရတာဆိုတော့ ကျွန်တော်က ဒါကို စမ်းသပ်မှု တစ်ခုအနေနဲ့ အသုံးပြုဖို့ ဝယ်လိုက်တာပါ"
ဆွန်ဖုန်းက ရှင်းပြလိုက်လေသည်။
"ဘာ မင်းရဲ့ ဖုန်းရွေ့ သုတေသန ဌာနက မြေလွှာကျောက် ရေနံမြေ တူးဖော်ရေး အပိုင်းမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိထားပြီ ဟုတ်လား"
ဆွန်ဖုန်း၏ စကားကို ကြားပြီးနောက် ယန်ကျစ် တစ်ယောက် လုံးဝကို တုန်လှုပ်သွားရလေသည်။
လောလောဆယ် ဝမ်လွန်း ရေနံကုမ္ပဏီနှင့် သူ၏ ကျင်းချန် ရေနံကုမ္ပဏီတို့မှာပင် ကောင်းမွန်သော တူးဖော်ရေး နည်းပညာများ မရှိသေးပေ။ ဆွန်ဖုန်းက တီထွင်နိုင်ခဲ့ပြီတဲ့လား။ ဤအချက်က သူ့ကို အံ့အားသင့်စေသလို စိတ်လှုပ်ရှားမှုများကိုပါ ဖြစ်ပေါ်လာစေသည်။
ဒီတစ်နှစ်အတွင်း ကျင်းချန် ရေနံကုမ္ပဏီနှင့် ဆွန်ဖုန်းတို့၏ ဆက်ဆံရေးမှာ အလွန် ရင်းနှီးခဲ့ပြီး ဆွန်ဖုန်း၏ စိန့်ဖုန်း ရေနံမြေမှ ရေနံများကို အမြဲ ဝယ်ယူနေခဲ့သည်။ ထို့အပြင် ယန်ကျစ်နှင့် ဆွန်ဖုန်းတို့မှာလည်း မိတ်ဆွေကောင်းများ ဖြစ်နေကြပြီ ဖြစ်သည်။
ထို့ကြောင့် ယန်ကျစ် အနေဖြင့် မျှော်လင့်ချက် အချို့ကို မြင်တွေ့လိုက်ရလေသည်။ အကယ်၍ ဆွန်ဖုန်း ပြောသည်က အမှန်သာ ဖြစ်ခဲ့မည် ဆိုပါက ကျင်းချန် ရေနံကုမ္ပဏီနှင့် ဆွန်ဖုန်းတို့ အကြား ပိုမို ကြီးမားသော ပူးပေါင်းဆောင်ရွက်မှုများ ရှိလာနိုင်ပေသည်။
"သေချာတာပေါ့ ကျွန်တော်က အစ်ကိုကြီးကို ဘာလို့ လိမ်ရမှာလဲ အဲဒီအချိန်ကျရင် အစ်ကိုကြီး စောင့်ကြည့်နေလိုက် ကျွန်တော်က ရှုံးမယ့် အလုပ်မျိုးကို ဘယ်တော့မှ မလုပ်ပါဘူး"
ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်လေသည်။
"တကယ်လို့ အဲဒါက အမှန်သာ ဆိုရင်တော့ နယူးဖောင်လန် အနောက်ဘက်က မြေလွှာကျောက် ရေနံမြေတွေကို သွားတူးဖော်ဖို့ ငါ အကြံပေးချင်တယ် အဲဒီဘက်မှာ ရေနံစည်ပေါင်း ၃၅ ဘီလီယံလောက် သိုလှောင်ထားတာနော် တကယ်လို့ မင်းဆီမှာ အဲဒီ တူးဖော်ရေး နည်းပညာနဲ့ စက်ပစ္စည်းတွေ သာ ရှိနေရင် အဲဒီရေနံမြေကို တူးဖော်ပြီးတာနဲ့ မင်းက သေချာပေါက် ရေနံသူဌေးကြီး ဖြစ်သွားမှာပဲ"
ယန်ကျစ်က အကြံပြုလိုက်လေသည်။
"ဟားဟား ဒါကို ကျွန်တော် သေချာပေါက် စဉ်းစားမိတာပေါ့ ဒါပေမဲ့ ဒီလောက် ကြီးမားတဲ့ ရေနံမြေကို တူးဖော်ဖို့က တောင့်တင်းတဲ့ ရန်ပုံငွေ လိုအပ်မှာ သေချာတယ် နည်းပညာ ရှိနေရုံ သက်သက်နဲ့ မရဘူးလေ ဒါကြောင့် ကျွန်တော် ဒီကနေ ကြိုပြီး ပြောထားချင်တာက တကယ်လို့ ကျွန်တော်သာ မြေလွှာကျောက် ရေနံမြေ တူးဖော်ရေး ပြဿနာကို ဖြေရှင်းနိုင်မယ် ဆိုရင် အစ်ကိုကြီးရဲ့ ကျင်းချန် ရေနံကုမ္ပဏီ အနေနဲ့ ကျွန်တော့် ကုမ္ပဏီနဲ့ ပူးပေါင်းပြီး နယူးဖောင်လန် အနောက်ဘက်က မြေလွှာကျောက် ရေနံမြေကို အတူတူ တူးဖော်ချင်သလား ဆိုတာကိုပါ"
ဆွန်ဖုန်းက ပြောလိုက်လေသည်။
"ညီလေး ဆွန် တကယ်လို့ အဲဒီလိုသာ အမှန်ဖြစ်ခဲ့ရင် ငါက ကျင်းချန် ရေနံကုမ္ပဏီ ကိုယ်စား မင်းကို အထူး ကျေးဇူးတင်ပါတယ် စိတ်ချပါ တကယ်လို့ မင်းရဲ့ နည်းပညာသာ ဘာပြဿနာမှ မရှိဘူးဆိုရင် မင်းနဲ့ ပူးပေါင်းဖို့ အထက်လူကြီးတွေကို ငါ သေချာပေါက် ဖျောင်းဖျပေးမှာပါ"
ယန်ကျစ်က ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်လေသည်။
တကယ်တမ်းတွင် ယခု ဆွန်ဖုန်း၏ ရည်ရွယ်ချက်မှာ ကျေးဇူးဆပ်ခြင်း ဖြစ်ကြောင်း သူ သိလေသည်။ အသားစားရမည် ဆိုလျှင် အတူတူ စားမည် ဟူသော သဘောပင်။ အကယ်၍ သူတို့သာ နယူးဖောင်လန် အနောက်ဘက်ရှိ မြေလွှာကျောက် ရေနံမြေကို တူးဖော်နိုင်ခဲ့မည် ဆိုပါက သူတို့၏ ကျင်းချန် ရေနံကုမ္ပဏီသည်လည်း ဖွံ့ဖြိုးတိုးတက်မှု အသစ်တစ်ခုကို ရရှိလာမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံတော် အတွက်လည်း ရေနံ သယံဇာတများကို ပိုမို တိုးချဲ့ပေးနိုင်မည် မဟုတ်ပါလား။
"အင်း အဲဒီအချိန်ကျရင် ကျွန်တော်တို့ အသေးစိတ် ပြန်ဆွေးနွေးကြတာပေါ့ ကျွန်တော့်ဘက်က ရလဒ်တွေ အရင် ထွက်လာပါစေဦး အော် ဟုတ်သားပဲ ကျွန်တော် လက်တင် မိသားစုကိုလည်း ပြောထားပြီးပြီ အဲဒီအချိန်ကျရင် ကျွန်တော်တို့ သုံးဖွဲ့ အတူတူ ရင်းနှီးမြှုပ်နှံကြမယ် ထင်တယ် လက်တင် မိသားစုကလည်း ခင်ဗျားတို့ကို ဝေစု မပေးဘဲ နေမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်"
ဆွန်ဖုန်းက ပြောလိုက်လေသည်။
"လက်တင် မိသားစု ရှူး မင်းက သူတို့နဲ့တောင် ပတ်သက်နေတာလား ဒီလုပ်ငန်းစုကြီးက ကမ္ဘာ့ထိပ်တန်း လုပ်ငန်းစုကြီးပဲ မင်း နည်းနည်း သတိထားဖို့ လိုမယ် အင်း ဒါတွေကို အဲဒီအချိန်ကျမှ ဆက်ပြောကြတာပေါ့"
ယန်ကျစ်က မျက်မှောင်ကြုတ်လိုက်လေသည်။
"အင်း စိတ်ချပါ ကျွန်တော်တို့က နယူးဖောင်လန် အနောက်ဘက်က အများအပြား ရှိနေတဲ့ မြေလွှာကျောက် ရေနံမြေတွေကို တူးဖော်ချင်တာလေ ကျွန်တော်နဲ့ ခင်ဗျားက အပြင်လူတွေ သက်သက်ပဲ အဲဒီရေနံတွေ အားလုံးကို ကျွန်တော်တို့ချည်းပဲ အကုန် သိမ်းကြုံး တူးဖော်မယ်ဆိုရင် ကနေဒါ အစိုးရက သေချာပေါက် ခွင့်ပြုမှာ မဟုတ်ဘူး ဒါကြောင့် ကျွန်တော်က လက်တင် မိသားစုကို ပူးပေါင်းဖို့ ဖိတ်ခေါ်လိုက်တာ အဲဒီအချိန်ကျရင် ဟီးဟီး ဘယ်သူကမှ ကန့်ကွက်ရဲမှာ မဟုတ်ဘူးလို့ ကျွန်တော် အာမခံတယ် အမေရိကန်တွေတောင် မကန့်ကွက်ရဲဘူး"
ဆွန်ဖုန်းက အေးစက်စက် ပြုံးကာ ပြောလိုက်လေသည်။
"အင်း မင်းပြောတာလည်း ဟုတ်တာပဲ ငါတို့က ရေနံမြေ နှစ်ခုလောက်ကိုပဲ တူးဖော်မယ် ဆိုရင် ဘာပြဿနာမှ မရှိလောက်ပေမယ့် ရေနံစည်ပေါင်း ၃၅ ဘီလီယံလုံးကို သိမ်းကြုံးချင်တယ် ဆိုရင်တော့ သေချာပေါက် မဖြစ်နိုင်ဘူး အသားစားရင် အတူတူ စားရမယ်လေ မင်းရဲ့ ဒီအကွက်ရွှေ့မှုက တကယ်ကို မဆိုးဘူးပဲ"
ယန်ကျစ်က ခေါင်းညိတ် ထောက်ခံလိုက်လေသည်။
"ကောင်းပြီ ဒါဆို ဒီလောက်ပဲ ကျွန်တော် ဖုန်းချလိုက်တော့မယ်"
ထိုသို့ဖြင့် ဆွန်ဖုန်းနှင့် ယန်ကျစ်တို့မှာ ပဏာမ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်ကို သဘောတူလိုက်ကြသည်။
သို့သော် မိမိ အနေဖြင့် ရလဒ်များ ထွက်ပေါ်လာအောင် အရင် လုပ်ဆောင်ပြမှသာ ဖီးလက်စ် သို့မဟုတ် ကျင်းချန် ရေနံကုမ္ပဏီက မိမိနှင့် လာရောက် ပူးပေါင်းကြမည် ဖြစ်ကြောင်း သူ သိလေသည်။
ယန်ကျစ်က သူ့အပေါ် အမြင်ကြည်လင်ပြီး သူ၏ မိတ်ဆွေကောင်း ဖြစ်နေသော်လည်း ယန်ကျစ်သည် ကျင်းချန် ရေနံကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် တစ်ဦးသာ ဖြစ်ပြီး ဒါရိုက်တာ အဖွဲ့ဝင် မဟုတ်ပေ။ ထို့ကြောင့် သူ၏ စကားက အပြည့်အဝ အဆုံးအဖြတ် ပေးနိုင်စွမ်း မရှိချေ။
ဖီးလက်စ် အနေဖြင့်မူ ဒီအဘိုးကြီးက သွေးမမြင်ဘဲ မပေါ်လာတတ်သည့် ငမန်း တစ်ကောင်လို ဖြစ်သည်။ မိမိဘက်မှ ရလဒ်များ မထွက်ပေါ်လာသေးခင်တွင် ဒီအဘိုးကြီးက မိမိကို နောက်ပြောင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
'အင်း ကြည့်ရတာ ဂျားလော့ ရေနံမြေကို အမြန်ဆုံး စတင် တူးဖော်ဖို့ လိုနေပြီ အဲဒီအချိန်ကျရင် ဟီးဟီး အဲဒါက ရေနံလောကမှာ ငါ ကြီးပွားလာဖို့ အုတ်မြစ် ဖြစ်လာတော့မှာပဲ'
ဆွန်ဖုန်း၏ မျက်နှာပေါ်တွင် ကြီးမားသော ယုံကြည်မှု အပြည့်ဖြင့် ထွက်ပေါ်လာလေသည်။
ဖုန်းချပြီးနောက် ဆွန်ဖုန်းက ဖုန်းရွေ့ သုတေသန ဌာနသို့ ထွက်လာခဲ့လေသည်။ သုတေသန ဌာနသို့ ရောက်ရှိသွားချိန်တွင် ထိုစက်ရုပ် သိပ္ပံပညာရှင် အတုများက အသံလက်ထောက်၏ ညွှန်ကြားချက်အတိုင်း စမ်းသပ်မှု အမျိုးမျိုး လုပ်ဆောင်နေကြသည်ကို သူ တွေ့လိုက်ရသည်။
ကမ်းလွန် ရေနံတူးဖော်ရေး စင်မြင့်များ သုတေသန ပြုလုပ်မှုမှာ နောက်ဆုံး အဆင့်များသို့ ရောက်ရှိနေပြီ ဖြစ်ရာ သိပ်မကြာခင် အချိန်အတွင်း ရလဒ်များ ထွက်ပေါ်လာတော့မည်ကို သူ သိလေသည်။
ရလဒ်များ ထွက်ပေါ်လာသည်နှင့် ဆွန်ဖုန်းက ဂျားလော့ ရေနံမြေ အပေါ်တွင် စတင် အသုံးပြုတော့မည် ဖြစ်သည်။ အသံလက်ထောက် စနစ်မှ သုတေသန ပြုလုပ်ထားသော အရာများ အတွက် ဆွန်ဖုန်း အနေဖြင့် စမ်းသပ် အသုံးပြုနေရန်ပင် မလိုတော့ဘဲ တိုက်ရိုက် အသုံးပြုလိုက်ရုံသာ ဖြစ်သည်။
သူက အချိန်လုနေရသည် မဟုတ်ပါလား။ သူ၏ ကုမ္ပဏီက ယခုအခါ စတော့ရှယ်ယာ ဈေးကွက်သို့ ဝင်ရောက်ရန် လျှောက်ထားနေပြီ ဖြစ်သည်။ ဒီလျှောက်ထားမှုမှာလည်း သိပ်ခက်ခဲမည် မဟုတ်ပေ။ ဆွန်ဖုန်း၏ ပိုင်ဆိုင်မှုများက ဒီအတိုင်း ရှိနေသည် မဟုတ်ပါလား။ လုပ်ငန်းစဉ် အဆင့်ဆင့် ပြီးသွားပါက အဆင်ပြေသွားမည် ဖြစ်လေသည်။
ဓာတ်ခွဲခန်း အတွင်း စစ်ဆေး ကြည့်ရှုပြီးနောက် လူစီ ဆိုသည့် နိုင်ငံခြားသူမလေး ရောက်နေသည်ကို ဆွန်ဖုန်း တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ ဒီရက်ပိုင်းအတွင်း သူမက ဓာတ်ခွဲခန်း အတွက် ပစ္စည်း အချို့ ကူညီ ဝယ်ယူပေးနေပုံ ရလေသည်။
ရုံးခန်း အတွင်းတွင် လူစီက ဆွန်ဖုန်း ရောက်လာသည်ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားလေသည်။ သူမ ဆွန်ဖုန်းကို မတွေ့ရသည်မှာ အတော်လေး ကြာနေပြီ ဖြစ်သည်။
"ဘော့စ်"
လူစီက ရေကြည်လင်နေသော မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ဆွန်ဖုန်းကို ချွဲနွဲ့စွာ ခေါ်လိုက်လေရာ ဆွန်ဖုန်း၏ ရင်ထဲတွင် လှိုင်းတံပိုးများ ထသွားတော့သည်။
"လူစီ မင်းလည်း ရှိနေတာလား လာ ကိုယ့်ဆီလာခဲ့ ကိုယ် မင်းကို အချိန်ပို အလုပ်လုပ်ခိုင်းမလို့"
ဆွန်ဖုန်းက မချိုမချဉ် ပြုံးကာ ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ ဘော့စ်"
လူစီက တင်ပါးကို လှုပ်ခါကာ ဆွန်ဖုန်း၏ အရှေ့သို့ လျှောက်သွားပြီး ဆောင့်ကြောင့် ထိုင်ချလိုက်လေတော့သည်။