အခန်း ၃၅၈
Vol. 36 Ch. 358
အခန်း ၃၅၈ - ရောင့်တက်နေသော အသားညိုမျောက်များ
အမေရိကန် သတင်းစာ...
တရုတ် တံငါသည်များ မှားယွင်း ပစ်သတ်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ကျွန်ုပ်တို့ အနေဖြင့် ကြားဝင် စေ့စပ်ပေးသူ တစ်ဦးအနေဖြင့် နှစ်ဖက်စလုံးကို စိတ်လိုက်မာပါ မလုပ်ဘဲ အသိတရားဖြင့် ထိန်းချုပ်ကြရန် တိုက်တွန်းအပ်ပါတယ် ပိုမို ဆိုးရွားသော ပဋိပက္ခများ မဖြစ်ပွားစေလိုပါဘူး ပြဿနာ အားလုံးကို ဖြေရှင်း၍ ရနိုင်ပါတယ် ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းက အကောင်းဆုံးပါပဲ
ယခုအခါ တရုတ်ဘက်မှ စစ်သင်္ဘော အချို့ကို စေလွှတ်ကာ အသားညိုမျောက်များ၏ ကမ်းလွန် ပင်လယ်ပြင်တွင် ကင်းလှည့်နေပြီ ဖြစ်သည်။ မှန်ပါသည်။ ၎င်းမှာ သူတို့ကို ဖိအားပေးနေခြင်းပင် ဖြစ်လေသည်။
ဒီလုပ်ရပ်က ကမ္ဘာ့ရဲကြီး အမေရိကန်ကို ချက်ချင်း ထွက်၍ စေ့စပ်ပေးရန် တွန်းအားပေးလိုက်သလို ဖြစ်သွားလေသည်။ ကြည့်ရသည်မှာ သူက ငြိမ်းချမ်းရေးကို မြတ်နိုးသူ တစ်ဦး အနေဖြင့် ဟန်ဆောင်နေခြင်းပင် ဖြစ်ပြီး တကယ်ကို ရွံစရာ ကောင်းလှပေသည်။
'သောက်ကျိုးနည်း လူတွေတောင် သေကုန်ပြီကို အေးအေးဆေးဆေး ထိုင်ဆွေးနွေးလို့ ရဦးမလား ဒါက အဝေးကနေ အလကား လေကန်နေတာ မဟုတ်ဘူးလား တကယ်လို့ မင်းတို့ လူတွေသာ သုံးလေးဆယ်လောက် သေသွားရင် မင်းတို့ အဲဒီလောက် အေးအေးဆေးဆေး နေနိုင်သေးလား ဆိုတာ ငါ ကြည့်ချင်သေးတယ်' ဟု ဆွန်ဖုန်းက ဒေါသတကြီး တွေးလိုက်မိလေသည်။
ကိစ္စ၏ အစမှာ ဤသို့ ဖြစ်သင့်လေသည်။ ထိုတံငါသည်များနှင့် ဘက်ကီတို့သည် ဒီပင်လယ်ပြင်တွင် တစ်ချိန်တည်း ရောက်ရှိနေခဲ့ကြခြင်း ဖြစ်သည်။
တကယ်တမ်းတွင် သူတို့ ရောက်ရှိနေသော ထိုနေရာမှာ နိုင်ငံတကာ ရေပိုင်နက်လား သို့မဟုတ် အသားညိုမျောက်များ၏ ရေပိုင်နက်လား ဆိုသည်ကို ဆွန်ဖုန်းလည်း မသိပေ။ ဘာပဲဖြစ်ဖြစ် ယခု တရုတ်နှင့် အသားညိုမျောက်များက အပြန်အလှန် ငြင်းခုန်နေကြပြီး မည်သူက အမှန် မည်သူက အမှား ဆိုသည်ကို မသိရသေးချေ။ ကိုယ့်အကြောင်းပြချက်နှင့် ကိုယ်သာ ဖြစ်နေကြလေသည်။
တရုတ်ဘက်မှ မည်သူမျှ အခင်းဖြစ်ပွားရာ နေရာတွင် မရှိခဲ့သဖြင့် ခိုင်လုံသော သက်သေ အထောက်အထားများ မရရှိခဲ့ပေ။ ဘက်ကီကိုလည်း ယခု ဆွန်ဖုန်းက ဆက်သွယ်၍ မရသဖြင့် မေးမြန်း၍ မရနိုင်သေးပေ။ ဘက်ကီကို ရှာတွေ့မှသာ အဖြစ်မှန်ကို သိရမည် ဖြစ်လေသည်။
ယခု စဉ်းစားစရာ အချက်တစ်ချက် ရှိလာသည်။ အကယ်၍ ဘက်ကီနှင့် ဒက်ဂျီတို့ အသက်ရှင်နေသေးသည် ဆိုပါက လူနှစ်စု တစ်ပြိုင်နက်တည်း ထိုပင်လယ်ပြင်တွင် ရှိနေခဲ့ရာ ဘက်ကီတို့ ဘာကြောင့် အသတ်မခံရဘဲ တံငါသည်များသာ အသတ်ခံလိုက်ရသနည်း ဆိုသည့် အချက်ပင် ဖြစ်လေသည်။
ယုတ္တိတန်တန် တွေးကြည့်လျှင် ဒီတံငါသည်များမှာ လက်နက်မဲ့များ ဖြစ်ကြရာ မည်သို့ ပြန်လည် ခုခံနိုင်မည်နည်း။ ပြန်လည် မခုခံဘဲလျက်နှင့် လူသတ်ရဲသည် ဆိုသည်မှာ အနည်းငယ် လွန်လွန်းနေလေပြီ။
ထို့အပြင် ပင်လယ်ပြင်တွင် သေချာ မမြင်ရ၍ မှားယွင်း ပစ်သတ်မိသည် ဟု အကြောင်းပြချက် ပေးခြင်းကို ဆွန်ဖုန်း အနေဖြင့် လုံးဝ လက်မခံနိုင်ပေ။ တရုတ်ဘက်ကလည်း လက်ရှိတွင် လက်ခံနိုင်မည် မဟုတ်ကြောင်း သေချာလှသည်။
ဒီအသားညိုမျောက်များက သေချာပေါက် တစ်ခုခု ယုတ်မာထားခြင်း ဖြစ်မည်ဟု ဆွန်ဖုန်းက ကောက်ချက်ချလိုက်လေသည်။
'ဒီသောက်ခွေးကောင်တွေက ဒီရက်ပိုင်း အမေရိကန်တွေ အထောက်အပံ့ ရှိနေတော့ ပိုပိုပြီး ရောင့်တက်လာကြပြီပဲ' ဟု သူ တွေးလိုက်မိလေသည်။
"တောင်တရုတ်ပင်လယ်ကို ထွက်မယ်"
ဆွန်ဖုန်းသည် ကနေဒါမှနေ၍ ရေငုပ်ဝတ်စုံကို မောင်းနှင်ကာ တောင်တရုတ်ပင်လယ် ဘက်သို့ ချက်ချင်း ထွက်ခွာလာခဲ့လေသည်။
သုံးလေးနာရီ ကြာပြီးနောက် ဆွန်ဖုန်းသည် တောင်တရုတ်ပင်လယ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ တောင်တရုတ်ပင်လယ်မှာ အလွန် ကျယ်ဝန်းသော်လည်း အခင်းဖြစ်ပွားရာ နေရာမှာ အသားညိုမျောက်များနှင့် တောင်တရုတ်ပင်လယ် နယ်စပ်တွင် ဖြစ်ကြောင်း သူ သိထားသည်။ ထို့ကြောင့် ဆွန်ဖုန်း အနေဖြင့် ထိုနေရာသို့ သွားရောက်ကာ ကင်းလှည့် စစ်ဆေးကြည့်ရန် ရည်ရွယ်ထားလေသည်။
"ရှာဖွေထောက်လှမ်းရေး စနစ်ကို ဖွင့်လိုက် ကာကွယ်ရေး အကာအကွယ်ကိုလည်း ဖွင့်လိုက်"
ဆွန်ဖုန်းက ရေငုပ်ဝတ်စုံကို ဒီလုပ်ဆောင်ချက် နှစ်ခုစလုံး ဖွင့်ခိုင်းလိုက်လေသည်။
ဒီလုပ်ဆောင်ချက် နှစ်ခုစလုံး ဖွင့်ထားပါက ခဏနေ ရှာဖွေရာတွင် အလွန် အဆင်ပြေမည်ဟု ဆွန်ဖုန်း ယုံကြည်လေသည်။
ဒီပင်လယ်ပြင်မှာ အလွန် ကျယ်ဝန်းလှသဖြင့် သာမန်လူ တစ်ယောက် အနေဖြင့် ရှာဖွေရန် ဆိုသည်မှာ မိုးပေါ် တက်ရသည်ထက်ပင် ခက်ခဲပေလိမ့်မည်။ သို့သော် ဆွန်ဖုန်း၏ ရေဒါက ၃၅၀ ကီလိုမီတာ ပတ်လည်ကို ဖုံးလွှမ်းနိုင်စွမ်း ရှိသဖြင့် အချိန်အနည်းငယ် ပေးလိုက်ပါက သေချာပေါက် တစ်ခုခု ရှာတွေ့မည်ဟု သူ ယုံကြည်လေသည်။
"ရှာဖွေထောက်လှမ်းရေး စနစ် ဖွင့်ပြီးပါပြီ"
နောက်တစ်စက္ကန့်တွင် ဆွန်ဖုန်း၏ အရှေ့ရှိ မှန်ပြင်ပေါ်တွင် ၃၅၀ ကီလိုမီတာ ပတ်လည် အတွင်းရှိ အခြေအနေ အားလုံး ပေါ်လာလေသည်။
"ကောင်းပြီ သွားစို့ ဒီပင်လယ်ပြင်ကို ကင်းလှည့် စစ်ဆေးကြမယ်"
ဆွန်ဖုန်းက အသံလက်ထောက် စနစ်ကို ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ ပိုင်ရှင်"
သိပ်မကြာခင်မှာပင် ဆွန်ဖုန်းသည် သင်္ဘော အချို့ကို တွေ့လိုက်ရသည်။ အော် မဟုတ်သေးဘူး စစ်သင်္ဘောတွေလို့ ပြောရမည်။
တရုတ် စစ်သင်္ဘော ငါးစီး ဖြစ်သည်။ ဖျက်သင်္ဘော နှစ်စီး၊ ထောက်ပံ့ရေး သင်္ဘော တစ်စီး၊ ကင်းလှည့် သင်္ဘော တစ်စီးနှင့် ရေငုပ် ဆယ်ယူရေး သင်္ဘော တစ်စီးတို့ ဖြစ်ကြသည်။ သူတို့က နိုင်ငံတကာ ရေပိုင်နက်နှင့် ဖိလစ်ပိုင် ရေပိုင်နက် နယ်စပ်တွင် ရှိနေကြသည်။ ကြည့်ရသည်မှာ တစ်ခုခုကို ဆယ်ယူနေပုံ ရလေသည်။
'နစ်သွားတဲ့ ငါးဖမ်းလှေတွေကို ဆယ်နေတာများလား'
ဆွန်ဖုန်းက တစ်ကီလိုမီတာ အကွာမှနေ၍ မှန်ပြင်မှတစ်ဆင့် ရှေ့တွင် ဖြစ်ပျက်နေသည်များကို ကြည့်ကာ တွေးလိုက်မိလေသည်။
"ပိုင်ရှင် သူတို့ ရှိနေတဲ့ နေရာရဲ့ ပင်လယ်ကြမ်းပြင် အောက်မှာ နစ်မြုပ်နေတဲ့ ငါးဖမ်းလှေ သုံးစီး ရှိနေတာကို ကျွန်တော် ထောက်လှမ်းမိတယ်"
ထိုအချိန်တွင် အသံလက်ထောက်က ဆွန်ဖုန်းကို ပြောလိုက်လေသည်။
"မြင်ကွင်းကို ငါ့ဆီ ပြောင်းပေးစမ်းပါ"
ဆွန်ဖုန်းက ရင်ထဲမှ ဒေါသမီးများကို ထိန်းချုပ်ကာ အသံလက်ထောက်ကို ပြောလိုက်လေသည်။
မိမိ၏ အမျိုးသားချင်း ဖိနှိပ်ခံရပြီး အသတ်ခံလိုက်ရသည် ဆိုသဖြင့် သူ၏ ရင်ထဲတွင် အလွန်အမင်း ဒေါသထွက်နေမိသည်။ တစ်ခုခု လုပ်သင့်ပြီဟု သူ တွေးလိုက်မိလေသည်။
သိပ်မကြာခင်မှာပင် ဆွန်ဖုန်းသည် မှန်ပြင်မှတစ်ဆင့် ထိုနစ်မြုပ်နေသော သင်္ဘောများပေါ်တွင် ပစ္စည်း အများအပြား မီးလောင်ကျွမ်းနေသည်ကို မြင်တွေ့လိုက်ရသည်။
ထို့အပြင် သင်္ဘောခန်း အတွင်းတွင် လူသေအလောင်း အချို့ ချိတ်ဆွဲနေသည်ကိုပါ မြင်လိုက်ရသည်။ ပင်လယ်ရေ စိမ်ထားသဖြင့် ဖောင်းပွပြီး ပုပ်ပွနေကြပြီ ဖြစ်ရာ အလွန် ရက်စက်ပြီး ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဤမြင်ကွင်းကို ကြည့်ပြီးနောက် ဆွန်ဖုန်းက တစ်ခုခု ဆုံးဖြတ်လိုက်လေသည်။ ဒီအသားညိုမျောက်များက ဒီလောက်တောင် ရောင့်တက်နေပြီး အကြိမ်ကြိမ် သတိပေးသည့်တိုင် မပြင်ဘဲ နေနေကြသဖြင့် တစ်ဖက်လူကို သေလောက်အောင် နာကျင်သွားစေရန် လုပ်ပြရမည်။
'ကျား မဟောက်တိုင်း ကြောင်နာလို့များ ထင်နေသလား' ဟု သူ ဒေါသတကြီး တွေးလိုက်မိလေသည်။
"ပိုင်ရှင် ကျွန်တော့်အမြင်ကို ပြောရရင် ဒီတစ်ခေါက် လူတွေ သေသွားပေမယ့်လည်း အဲဒီအသားညိုမျောက်တွေကို ဘာမှ လုပ်လို့ရမှာ မဟုတ်ဘူး သူတို့ အနောက်မှာ အမေရိကန်တွေ အထောက်အပံ့ ရှိနေတယ် အလွန်ဆုံး လျော်ကြေး ပေးခိုင်းရုံပဲ ရမှာ ပြီးတော့ အခု ဒီကိစ္စကလည်း အငြင်းပွားနေတုန်းပဲ ရှိသေးတယ် နောက်ဆုံး အသားညိုမျောက်တွေကို လျော်ကြေးပေးခိုင်းဖို့ ဆိုတာကလည်း မသေချာသေးဘူး ဒီလို ကိစ္စမျိုးက သာမန်လူတွေ အတွက်တော့ အရေးကြီးတဲ့ ကိစ္စကြီး တစ်ခု ဖြစ်ပေမယ့် ကြီးမားတဲ့ အင်အားစု တစ်ခု အတွက်တော့ ရေရှည် အကျိုးစီးပွားကို ငဲ့ကွက်ပြီး အရမ်း ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုးကို လုပ်မှာ မဟုတ်ဘူး"
အသံလက်ထောက်က ရှင်းပြလိုက်လေသည်။
"ဟုတ်တယ် ငါ သိတယ် နှစ်ဖက်စလုံးက လူနည်းနည်းလေး သေသွားရုံနဲ့ စစ်ဖြစ်ကြမှာ မဟုတ်ဘူး အဲဒီလို ဖြစ်ရင် ဘယ်သူ့အတွက်မှ မကောင်းဘူးလေ"
ဆွန်ဖုန်းက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ထားလိုက်တော့ သူတို့ ကိစ္စကို ငါ ဝင်မပါတော့ဘူး ငါ ဘက်ကီတို့ကို အရင် သွားရှာကြည့်ဦးမယ် တကယ်လို့ သေသွားရင်တောင် သူတို့ရဲ့ အလောင်းတွေကို ငါ ရှာတွေ့အောင် လုပ်ရမယ်"
ဆွန်ဖုန်းက သက်ပြင်းချကာ ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ ပိုင်ရှင်"
ဆွန်ဖုန်းက ဆက်လက် ကင်းလှည့် ရှာဖွေလေသည်။ ဘက်ကီတို့ကို ထိုအသားညိုမျောက်များက ရေပိုင်နက် အတွင်းသို့ ဖမ်းခေါ်သွားခြင်း ဖြစ်မည်ဟု ဆွန်ဖုန်း တွေးမိသည်။
ကုန်းပေါ်သို့ ဖမ်းခေါ်သွားခြင်း သို့မဟုတ် တိုက်ရိုက် သတ်ပစ်လိုက်ခြင်းများလည်း ဖြစ်နိုင်ခြေ ရှိလေသည်။ ဒီအခြေအနေများ အားလုံး ဖြစ်နိုင်ခြေ ရှိသည်။
ဆွန်ဖုန်း အနေဖြင့် အနားမလည်နိုင်ဆုံး အချက်မှာ ထိုအချိန်က ဘက်ကီတို့ ဘယ်လိုများ ကံဆိုးပြီး ဒီကိစ္စထဲ ပါသွားရသနည်း ဆိုသည့် အချက်ပင် ဖြစ်လေသည်။
တစ်နေရာရှိ စခန်းတစ်ခုတွင်...
အသားညိုမျောက် ငါးကောင် ခြောက်ကောင်ခန့် အစည်းအဝေး လုပ်နေကြလေသည်။ စစ်သားဟန်ပေါက်နေသော အမျိုးသား တစ်ဦးက စကားစပြောလိုက်လေသည်။
"ဒီတစ်ခေါက် ငါတို့ လုပ်ခဲ့တဲ့ အလုပ်က တကယ်ကို လှပတယ် အထက်လူကြီးတွေကလည်း ငါတို့ရဲ့ လှုပ်ရှားမှုကို အရမ်း ကျေနပ်နေကြတယ် အဲဒီ အရှေ့တိုင်းသားတွေ အခုလောက်ဆို ငါတို့ကြောင့် ဒေါသထွက်ပြီး ရူးမတတ် ဖြစ်နေလောက်ပြီ ဟားဟား"
"ဘော့စ် တကယ်လို့ အဲဒီ အရှေ့တိုင်းသားတွေသာ ဒေါသပေါက်ကွဲပြီး ငါတို့ကိုများ လာတိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ တစ်ဖက်လူက ငါတို့ထက် အများကြီး ပိုအားကြီးတယ်လေ"
မျက်လုံးတစ်ဖက်ကန်း တစ်ယောက်က စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။
"ဘာကြောက်စရာ ရှိလို့လဲ ငါတို့မှာ ပြင်ပ အကူအညီ ရှိတယ် သူတို့က လာတိုက်ခိုက်ရဲမှာ မဟုတ်ပါဘူး ဟွန့် သူတို့က ငါတို့ကို လျော်ကြေး ပေးခိုင်းရုံလောက်ပဲ လုပ်နိုင်မှာ ဘာလုပ်နိုင်ဦးမှာလဲ ငါတို့က အဲဒီလိုပဲ သူတို့ကို ဒုက္ခပေးပြီး ဒေါသထွက်အောင် လုပ်ရမယ် သူတို့က ဒေါသထွက်ရုံကလွဲပြီး ငါတို့ကို ဘာမှ အန္တရာယ် မပေးနိုင်ဘူးလေ"
ဘော့စ် ဆိုသူက ရောင့်တက်စွာ ပြောလိုက်လေသည်။
"ဘော့စ် ပြောတာ မှန်တယ် တောင်မြင့်တော့ ဧကရာဇ်နဲ့ ဝေးတာပေါ့ ဘာပဲဖြစ်ဖြစ် အရမ်းကြီးတဲ့ ကိစ္စမျိုး မဟုတ်သရွေ့ ငါတို့ ဘာမှ မဖြစ်နိုင်ပါဘူး"
အကယ်၍ ဆွန်ဖုန်းသာ ဒီနေရာတွင် ရှိနေပြီး သူတို့၏ စကားများကို ကြားလိုက်ရပါက ဒေါသထွက်လွန်း၍ နားထင်မှ မီးခိုးများပင် ထွက်လာပေလိမ့်မည်။ ဒီသောက်ခွေးကောင်တွေ အားလုံးကို အရှင်လတ်လတ် ဆွဲဖြဲပစ်မည်မှာ သေချာလှသည်။
'သောက်ကျိုးနည်း အရမ်းကို ရောင့်တက်လွန်းနေပါလား သူတို့ကို အထောက်အပံ့ ပေးမယ့် အဖေ တစ်ယောက် ရှိနေလို့ ဒီလိုမျိုး ထင်ရာစိုင်းလို့ ရတယ်လို့များ ထင်နေတာလား ငါ့လူတွေကိုများ အလွယ်တကူ လာထိရဲတယ်ပေါ့' ဟု ဆွန်ဖုန်းက စိတ်ထဲမှ ကြုံးဝါးနေပေလိမ့်မည်။
"ကောင်းပြီ ဒီတစ်ခေါက် အထက်က ငါတို့ကို ဆုကြေးငွေတွေ ချပေးထားတယ် ငါတို့ သွားပြီး ပျော်ကြရအောင်"
"ဝါး ကောင်းတယ် ငါ ဂျပန် ကောင်မလေး နှစ်ယောက်လောက် ခေါ်မယ်"
"ဘော့စ် ဟို ကနေဒါလူမျိုး အယောက် နှစ်ဆယ်ကို ဘယ်လို လုပ်ကြမလဲ သူတို့က ဒီကိစ္စ ဖြစ်ပျက်သွားတာကို မြင်ထားတယ်လေ အခု ငါတို့ သူတို့ကို သတ်ပစ်လိုက်ရတော့မလား"
"အင်း ငါတို့ ပျော်ပြီး ပြန်လာမှ သူတို့ကို ရှင်းကြတာပေါ့ သူတို့ရဲ့ အလောင်းတွေကို သေချာ ရှင်းလင်းပစ်ရမယ် သတင်း မပေါက်ကြားစေနဲ့"
"ကောင်းပါပြီ”