အခန်း ၃၅၉
Vol. 36 Ch. 359
အခန်း ၃၅၉ - ဝင်တိုက်လိုက်
နောက်တစ်နာရီအတွင်း ဆွန်ဖုန်းသည် ဤပင်လယ်ပြင် တစ်ဝိုက်ကို အလျင်အမြန် ရှာဖွေခဲ့သော်လည်း ဘက်ကီတို့ကို လုံးဝ မတွေ့ရှိခဲ့ပေ။ ထိုအသားညိုမျောက်များ၏ စစ်သင်္ဘောများကိုလည်း မတွေ့ရချေ။
ဤအခြေအနေက ဆွန်ဖုန်းကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေသည်။ ရန်သူ မပေါ်လာမည်ကို မကြောက်သော်လည်း ရန်သူ ပုန်းအောင်းနေမည်ကို ကြောက်ရလေသည်။ ယခု ပင်လယ်ပြင်ပေါ်တွင် အသားညိုမျောက်များကို မတွေ့ရသဖြင့် အနည်းငယ် ခက်ခဲသွားလေပြီ။
'ထားလိုက်တော့ ဟိုဘက်က ငါးဖမ်းလှေတွေ ဆယ်နေတဲ့ နေရာကို အရင် ပြန်သွားကြည့်ရအောင် အဲဒီအသားညိုမျောက်တွေ ထွက်မလာဘဲ နေမလား ကြည့်ကြသေးတာပေါ့'
ဆွန်ဖုန်းက ဆုံးဖြတ်ချက်ချကာ တရုတ် စစ်သင်္ဘောများ နစ်မြုပ်နေသော သင်္ဘောများကို ဆယ်ယူနေသည့် ပင်လယ်ပြင်သို့ ပြန်သွားပြီး ထိုနေရာတွင် စောင့်ဆိုင်းနေရန် ရည်ရွယ်လိုက်လေသည်။
တရုတ်ဘက်မှ စစ်သင်္ဘော အချို့က ပင်လယ်ပြင်တွင် လုံခြုံရေး ယူပေးထားပြီး ဆယ်ယူရေး သင်္ဘောကမူ နစ်မြုပ်နေသော သင်္ဘောများကို ဆယ်ယူနေဆဲ ဖြစ်သည်။ ဤစုတ်ပြတ်နေသော သင်္ဘောများကို မည်သည့်အတွက်ကြောင့် ဆယ်ယူနေရသနည်း ဆိုသည်ကိုမူ ဆွန်ဖုန်းလည်း နားမလည်နိုင်ပေ။ သက်သေ အထောက်အထား ယူရန်လော။ အကယ်၍ အလောင်းများကို အရင် ဆယ်ယူမည် ဆိုပါက သင်္ဘောများကိုပါ ဆယ်ယူနေရန် မလိုအပ်ပေ။
"ပိုင်ရှင် လောင်ဂျီကျု XX လတ္တီကျု XX ဘက်ကနေ စစ်သင်္ဘော သုံးစီး ဒီဘက်ကို လာနေပါတယ်"
ဆွန်ဖုန်း တစ်ယောက် အသင့် စောင့်ဆိုင်းနေချိန်တွင် အသံလက်ထောက်က အစီရင်ခံလိုက်လေသည်။
"ဘယ်သူ့ စစ်သင်္ဘောတွေလဲ ဒီကနေ ဘယ်လောက် ဝေးသေးလဲ"
ဆွန်ဖုန်းက ကြားပြီးနောက် မျက်မှောင်ကြုတ်သွားလေသည်။ ၎င်းစစ်သင်္ဘောများက သူ့ကို လာရှာခြင်း မဟုတ်ကြောင်း သူ သိလေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် မိမိ ပင်လယ်ထဲတွင် ရှိနေကြောင်းကို မည်သူကမျှ မသိရှိနိုင်သောကြောင့် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုသာ ရှိတော့သည်။ တရုတ် စစ်သင်္ဘောများထံသို့ ဦးတည်လာခြင်းပင် ဖြစ်လေသည်။
"ဒီစစ်သင်္ဘော သုံးစီးထဲမှာ ကင်းလှည့် သင်္ဘော နှစ်စီးနဲ့ ဖျက်သင်္ဘော တစ်စီး ပါပါတယ် အရွယ်အစားကတော့ သိပ်မကြီးပါဘူး ကြည့်ရတာ အသားညိုမျောက်တွေရဲ့ စစ်သင်္ဘောတွေ ဖြစ်လောက်တယ် ဒီကနေ ရေမိုင် ငါးဆယ်ပဲ ဝေးပါတော့တယ်"
အသံလက်ထောက်က ရှင်းပြလိုက်လေသည်။
"အသားညိုမျောက်တွေ သူတို့က ဘာလာလုပ်တာလဲ ဒီကိုလာပြီး အင်အား လာပြမလို့လား"
ဆွန်ဖုန်းက မိမိဘာသာ ရေရွတ်လိုက်လေသည်။ သို့သော် ဆွန်ဖုန်း လည်း စိုးရိမ်မနေပေ။ ယခု တရုတ်ဘက်တွင် ဖျက်သင်္ဘော နှစ်စီးနှင့် ကင်းလှည့် သင်္ဘော တစ်စီး ရှိနေသည် မဟုတ်ပါလော။ အသားညိုမျောက်များ၏ သင်္ဘောငယ် သုံးစီးကို အေးဆေး ကြိတ်ပစ်နိုင်လေသည်။ မည်သည့် ပြဿနာမျှ ဖြစ်လာမည် မဟုတ်ပေ။ အသားညိုမျောက်များ အနေဖြင့် အမေရိကန် အဖေကြီး၏ အထောက်အပံ့သာ မရှိပါက တောင်တရုတ်ပင်လယ်ကို ထွက်ရဲမည်ပင် မဟုတ်ချေ။
ဆွန်ဖုန်းက စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်လေသည်။
"ငါတို့ ဒီအတိုင်း ကြည့်နေကြတာပေါ့ သူတို့ ဘာလုပ်ချင်တာလဲ ဆိုတာကို"
......
အသားညိုမျောက်များ၏ ဖျက်သင်္ဘောပေါ်ရှိ ကပ္ပတိန် အခန်း အတွင်းတွင်...
ကပ္ပတိန် ဆိုင်မွန်သည် မိမိ၏ လူယုံ အချို့ကို ခေါ်ယူကာ အစည်းအဝေး အတိုချုံးတစ်ခုကို ပြုလုပ်နေလေသည်။ မကြာမီ တရုတ်ဘက်မှ စစ်သင်္ဘောများနှင့် ထိတွေ့ရတော့မည် ဖြစ်ရာ ထိုအချိန်ကျရောက်လာပါက သူ၏ လက်အောက်ငယ်သားများကို မှာကြားနေရန် အချိန်မရှိတော့ပေ။
"ခဏနေ ငါတို့ အဲဒီတရုတ်တွေနဲ့ စကားပြောတဲ့ အခါကျရင် တင်းမာတဲ့ အမူအရာ ပြရမယ်နော် လုံးဝ အလျှော့မပေးနဲ့ ငါတို့ အနောက်မှာ အမေရိကန် အဖေကြီး ရှိတယ် ဒီတရုတ်တွေက ငါတို့ကို ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး သူတို့က ကင်းလှည့် သင်္ဘောကြီး ယူလာလည်း ဘာဖြစ်လဲ ကြားလား"
ဆိုင်မွန်က သူ့ရှေ့ရှိ အမာခံ ငါးယောက် ခြောက်ယောက်ကို ကြည့်ကာ အားပေးစကား ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ ကပ္ပတိန်"
လူအများက ပြိုင်တူ ဖြေကြားလိုက်ကြလေသည်။
"ကပ္ပတိန် ခဏနေ ငါတို့က သူတို့ကို ဆယ်ယူခွင့် မပေးဖို့ လှမ်းပြောတဲ့ အခါ သူတို့က ဆက်ပြီး ဆယ်ယူနေရင် ဘယ်လိုလုပ်မလဲ"
အရာရှိ တစ်ဦးက မတ်တပ်ရပ်ကာ မေးလိုက်လေသည်။
"ဒါဆိုရင်တော့ ငါတို့က သူတို့ကို တားရမှာပေါ့ ဘာပဲဖြစ်ဖြစ် သူတို့က အမြောက်နဲ့ ပစ်ရဲမှာ မဟုတ်ပါဘူး သူတို့က အဲဒီ တံငါသည်တွေကို ငါတို့ မှားယွင်း ပစ်သတ်မိတာပါ ဆိုတာကို ဝန်ခံရင်တော့ တစ်မျိုးပေါ့ အဲဒီလို ဝန်ခံရင်တော့ သူတို့ သဘောပဲ ဆယ်ချင်သလို ဆယ်ခွင့်ပြုလိုက်မယ် တကယ်လို့ ဝန်မခံဘူး ဆိုရင်တော့ ငါတို့က သက်သေ အထောက်အထားတွေကို ကာကွယ်ဖို့ အတွက် သူတို့ကို ဆယ်ခွင့်ပြုမှာ မဟုတ်ဘူး"
ဆိုင်မွန်က မျက်နှာထား တင်းတင်းဖြင့် အေးစက်စွာ ရယ်မောလိုက်လေသည်။
"ဟုတ်ကဲ့ ကပ္ပတိန် ကျွန်တော်လည်း ငါတို့ဘက်က အလျှော့ပေးလို့ မဖြစ်ဘူးလို့ ထင်တယ်"
လက်အောက်ငယ်သား အချို့က မြှောက်ပင့်ကာ ပြောလိုက်ကြလေသည်။
"ကောင်းပြီ မင်းတို့ အားလုံး ကိုယ့်နေရာကိုယ် မြန်မြန် ပြန်သွားကြတော့ သတ်မှတ်နေရာကို ရောက်တော့မယ်"
ဆိုင်မွန်က သူ၏ လက်အောက်ငယ်သားများကို လက်ဝှေ့ယမ်းပြလိုက်လေသည်။ တကယ်တမ်းတွင် ဆိုင်မွန် သိထားသည်မှာ သူ၏ ဤတစ်ကြိမ် တာဝန်က တစ်ဖက်လူကို သွားရောက် စိတ်အနှောင့်အယှက် ပေးရန်သာ ဖြစ်သည်။ ၎င်းတို့၏ စစ်သင်္ဘောငယ် သုံးစီးဖြင့် တစ်ဖက်လူကို သွားပြီး စိန်ခေါ်ရဲမည်လော။ တစ်ဖက်လူ၏ ကင်းလှည့် သင်္ဘော တစ်စီးတည်းနှင့်ပင် ၎င်းတို့ကို အေးအေးဆေးဆေး ဖျက်ဆီးပစ်နိုင်လေသည်။ ယခု အသားညိုမျောက်များ လုပ်ဆောင်နေသည်မှာ တစ်ဖက်လူက ၎င်းတို့ကို မည်သို့မျှ မလုပ်ရဲဟု လောင်းကြေးထပ်နေခြင်းပင် ဖြစ်လေသည်။ ထို့အပြင် အမေရိကန် အဖေကြီး၏ အထောက်အပံ့ ရှိနေသဖြင့် ဤမျှ ရောင့်တက်နေခြင်း ဖြစ်လေသည်။
"ဟုတ်ကဲ့ပါ"
တရုတ် ကင်းလှည့် သင်္ဘောပေါ်တွင်...
ကပ္ပတိန် ဗိုလ်မှူးကြီး ဖန်ဟူ သည် သူ့ကို အနည်းငယ် အံ့အားသင့်သွားစေသော သတင်းတစ်ခုကို ရရှိလိုက်လေသည်။ ရေမိုင် ၃၀ အကွာတွင် အသားညိုမျောက်များ၏ စစ်သင်္ဘော သုံးစီး ချဉ်းကပ်လာနေသည် ဆိုသော သတင်းပင် ဖြစ်သည်။ ဤအချိန်တွင် တစ်ဖက်လူ ချဉ်းကပ်လာခြင်းမှာ တစ်ခုခု ယုတ်မာရန် ကြံစည်နေခြင်း ဖြစ်မည်မှာ သေချာလှသည်။ လောလောဆယ် အထက်လူကြီးများက အသားညိုမျောက်များနှင့် အပြန်အလှန် ငြင်းခုန်နေကြဆဲ ဖြစ်ရာ အချိန်တို အတွင်း ရလဒ် ထွက်လာရန် မဖြစ်နိုင်ပေ။ ဤအချက်က ဖန်ဟူကို အနည်းငယ် စိတ်ပျက်စေလေသည်။
"ကပ္ပတိန်ကြီး ကျွန်တော်တို့ တစ်ဖက်လူကို သတိပေးပြီး ရှေ့ဆက် မလာဖို့ တားလိုက်ရမလား"
ဒုတိယ ဗိုလ်မှူးကြီး လျူယုံ က ဘေးတွင် ရပ်လျက် မေးလိုက်လေသည်။
"အင်း တစ်ဖက်လူကို မေးကြည့်လိုက် သူတို့ ဘာလုပ်ချင်တာလဲ လို့ ပြီးတော့ သင်္ဘောတွေ အားလုံးကို တိုက်ပွဲဝင် အသင့် အနေအထား ပြင်ထားဖို့ ပြောလိုက် တကယ်လို့ တစ်ခုခု ဖြစ်လာရင် ချက်ချင်း တိုက်ခိုက်ဖို့ပဲ"
ဖန်ဟူက အေးစက်သော လေသံဖြင့် ပြောလိုက်လေသည်။ ထိုအသားညိုမျောက်များအပေါ် ၎င်းက မည်သည့်အခါကမျှ အမြင်မကြည်လင်ခဲ့ပေ။ အထူးသဖြင့် ဤတစ်ကြိမ်တွင် ၎င်းတို့က မိမိတို့ဘက်မှ တံငါသည် သုံးဆယ်ကျော်ကို သတ်ဖြတ်ခဲ့သည် မဟုတ်ပါလော။ အကယ်၍ အထက်လူကြီးများထံမှ အမိန့်သာ မရှိပါက သူက ကင်းလှည့် သင်္ဘောကို မောင်းနှင်ကာ တစ်ဖက်လူဆီသို့ တိုက်ရိုက် သွားရောက်ပြီး တစ်စီးချင်းစီ ဖျက်ဆီးပစ်ခဲ့ပြီးပြီ ဖြစ်လေသည်။
"ဟုတ်ကဲ့ ကျွန်တော် အခုပဲ သွားမေးလိုက်မယ်"
လျူယုံက လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။
သိပ်မကြာခင်မှာပင် လျူယုံက အသားညိုမျောက်များ ဘက်သို့ မေးမြန်းချက် ပေးပို့လိုက်ပြီး ချက်ချင်း ရှေ့ဆက် မတိုးရန်နှင့် အကြောင်းပြချက်ကို ရှင်းလင်းစွာ ပြောပြရန် သို့မဟုတ်ပါက တိုက်ခိုက်ခြင်း ခံရမည် ဖြစ်ကြောင်း သတိပေးလိုက်လေသည်။
"သောက်ကျိုးနည်း ငါတို့ကို ရှေ့ဆက် မတိုးဖို့တောင် သတိပေးရဲတယ် သူတို့ကို ပြောလိုက် မရပ်နဲ့ ဆက်သွားလို့ ပြီးတော့ သူတို့ကို ပြောလိုက် ငါတို့က သူတို့ကို သင်္ဘောတွေ မဆယ်ဖို့ လာတားတာ ဒီနေရာက နိုင်ငံတကာ ရေပိုင်နက်နဲ့ ငါတို့ရဲ့ ရေပိုင်နက် နယ်စပ်ပဲ ပြဿနာ မရှင်းရသေးခင်မှာ ငါတို့ အနေနဲ့ သက်သေ အထောက်အထားတွေကို ကာကွယ်ခွင့် ရှိတယ်"
ဆိုင်မွန်က ညွှန်ကြားလိုက်လေသည်။
"ဟုတ်ကဲ့ပါ"
မိနစ် အနည်းငယ် အကြာတွင် ဖန်ဟူနှင့် လျူယုံ တို့သည် အသားညိုမျောက်များ ဘက်မှ အကြောင်းပြန်စာကို ရရှိလိုက်လေသည်။
'ကျွန်တော်တို့က ခင်ဗျားတို့ကို သင်္ဘောတွေ မဆယ်ဖို့ လာတားတာပါ ပြဿနာ မရှင်းရသေးခင်မှာ ကျွန်တော်တို့ အနေနဲ့ သက်သေ အထောက်အထားတွေကို ကာကွယ်ခွင့် ရှိပါတယ် ဒါကြောင့် ခင်ဗျားတို့ အနေနဲ့ ဆယ်ယူရေး လုပ်ငန်းတွေကို ချက်ချင်း ရပ်တန့်ပြီး အမြန်ဆုံး ထွက်ခွာသွားပါ ခင်ဗျားတို့ အနေနဲ့ အဲဒီ တံငါသည်တွေကို ကျွန်တော်တို့ မှားယွင်း ပစ်သတ်မိတာပါ ဆိုတာကို ဝန်ခံရင်တော့ တစ်မျိုးပေါ့ ဒီတံငါသည်တွေက ကျွန်တော်တို့ရဲ့ ရေပိုင်နက်ထဲကို တရားမဝင် ဝင်ရောက်လာတာပါ ခင်ဗျားတို့ ခေါင်းမာ မနေပါနဲ့တော့'
ယင်းအကြောင်းပြန်စာကို ဖတ်ပြီးနောက် ဖန်ဟူ တစ်ယောက် ဒေါသပေါက်ကွဲသွားတော့သည်။
"သောက်ကျိုးနည်း ဒီအသားညိုမျောက်တွေက ဖင်ချခံချင်နေတာလား ဒီနေရာက သူတို့အိမ်လည်း မဟုတ်ဘဲနဲ့ ငါတို့ သင်္ဘော ဆယ်တာကို လာတားရဲတယ် ပြီးတော့ ငါတို့ကို မှားယွင်း ပစ်သတ်မိတာပါလို့ ဝန်ခံခိုင်းသေးတယ် ချီးပဲ သူတို့က ဘယ်အချိန်ကတည်းက ဒီလောက် သတ္တိကောင်းနေတာလဲ သင်္ဘောလေး သုံးစီးနဲ့များ ငါတို့ကို လာစိန်ခေါ်ရဲတယ် ဒုဗိုလ်မှူးကြီး သူတို့ကို နောက်ဆုံး တစ်ကြိမ် ထပ်ပြောလိုက် ချက်ချင်း ရပ်ဖို့ မရပ်ရင် ရန်သူ အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်မယ်လို့"
"ဟုတ်ကဲ့"
"ကပ္ပတိန် ဆိုင်မွန် တစ်ဖက်လူက ကျွန်တော်တို့ကို ချက်ချင်း ရပ်ဖို့ ပြောနေတယ် မရပ်ရင် ရန်သူ အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်မယ် တဲ့"
ဒုတိယ ဗိုလ်မှူးကြီး ဒီယေဂို သည် စာရွက်တစ်ရွက်ကို ကိုင်ဆောင်ကာ ဆိုင်မွန် အရှေ့သို့ ကမန်းကတန်း ပြေးလာပြီး ပြောလိုက်လေသည်။
"ဘာ တစ်ဖက်လူက ငါတို့ စကားကို နားမထောင်ရဲဘူးလား ငါတို့ကို ဂရုမစိုက်တာလား ဟွန့် ငါတို့ အလျှော့ပေးလို့ မဖြစ်ဘူး သူတို့က ပါးစပ်ကသာ ပြောနေတာ ငါတို့ကို တကယ် မတိုက်ခိုက်ရဲပါဘူး ပြီးတော့ ငါတို့က ဒီတစ်ခေါက် သက်သေ အထောက်အထားတွေကို ကာကွယ်ဖို့ လာတာလေ သူတို့ သိသိရက်နဲ့ ငါတို့ကို တိုက်ခိုက်မယ် ဆိုရင် သူတို့က အရင် စတင် တိုက်ခိုက်တာပဲ ဖြစ်သွားမှာပေါ့ အဲဒီအချိန်ကျရင် ငါတို့ဘက်က အကြောင်းပြချက် ခိုင်လုံသွားပြီ ဘာမှ ကြောက်စရာ မလိုဘူး သူတို့ အမြောက်နဲ့ မပစ်ရဲဘူးလို့ ငါ လောင်းရဲတယ် အင်ဂျင်ခန်းကို ပြောလိုက် ဆက်သွားလို့ ပြီးတော့ တစ်ဖက်လူကို ထပ်သတိပေးလိုက် သင်္ဘောတွေ ဆယ်နေတာကို ချက်ချင်း ရပ်ဖို့ ငါတို့က သင်္ဘောတွေကို ကာကွယ်ရမယ်"
ဆိုင်မွန်က ပြောလိုက်လေသည်။
"ကျွန်တော် အခုပဲ သွားပြောလိုက်ပါ့မယ်"
ဒီယေဂိုက အလျင်အမြန် ပြောလိုက်လေသည်။
"ဘုန်း"
ကင်းလှည့် သင်္ဘောပေါ်ရှိ ကပ္ပတိန် အခန်းတွင် ဖန်ဟူ တစ်ယောက် တစ်ဖက်လူ၏ အကြောင်းပြန်စာကို ကြားပြီးနောက် စားပွဲကို အားကုန် ရိုက်ချလိုက်လေသည်။ သူ၏ နဖူးမှ သွေးကြောများပင် ထောင်တက်လာပြီး မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ အထင်းသား ပေါ်လွင်နေလေပြီ။
"သောက်ကျိုးနည်း ဒီခွေးကောင်တွေက တကယ် သေရမှာ မကြောက်တာပဲ ငါတို့ကို ဒီလိုမျိုး လာစိန်ခေါ်ရဲတယ် ကောင်းပြီ အရမ်း ကောင်းတယ်"
ဖန်ဟူ၏ မျက်လုံးများမှ မီးဝင်းဝင်း တောက်နေလေသည်။ သူ ယခုချက်ချင်း တစ်ဖက်လူကို အမြောက်များနှင့် ပစ်ခတ် ဖျက်ဆီးပစ်ချင်နေမိသည်။
"ဗိုလ်မှူးကြီး ဖန် တစ်ဖက်လူက ကျွန်တော်တို့နဲ့ ဆယ်မိုင်ပဲ ကွာတော့တယ် တော်တော်လေး နီးကပ်နေပြီ တစ်ဖက်လူက ဒီလောက် ရောင့်တက်နေပြီး ကျွန်တော်တို့ရဲ့ သတိပေးချက်ကို ဂရုမစိုက်မှတော့ ကျွန်တော်တို့ စည်းမျဉ်းတွေ အရ သူတို့ကို ပစ်ခတ်လို့ ရပြီလေ"
လျူယုံက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်လေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် နှစ်ကြိမ်တိုင်တိုင် သတိပေးပြီးသည်အထိ တစ်ဖက်လူက ဆက်လက် ချဉ်းကပ်လာပါက ထို့အပြင် ဤနေရာသည်လည်း နိုင်ငံတကာ ရေပိုင်နက် ဖြစ်နေသဖြင့် ၎င်းတို့ အနေဖြင့် တစ်ဖက်လူကို ပစ်ခတ်ခွင့် ရှိလေသည်။
"မရဘူး ငါတို့ ထွက်မလာခင် အထက်လူကြီးတွေက ပြောထားတယ် အရင် စပြီး မတိုက်ခိုက်ရဘူး တဲ့ ငါတို့ ပစ်လို့ မရဘူး"
ဖန်ဟူက ခေါင်းခါကာ မတတ်သာသည့် ဟန်ဖြင့် ပြောလိုက်လေသည်။ သူ မထွက်လာခင် အထက်လူကြီးများက သူ့ကို ပြောထားခဲ့သည်။ မဖြစ်မနေ အခြေအနေမျိုး မရောက်မချင်း အရင် စတင် မတိုက်ခိုက်ရန်ပင်။ ယခု အခြေအနေမှာ တစ်ဖက်လူက ၎င်းတို့ သင်္ဘော ဆယ်ယူနေသည်ကို လာရောက် တားဆီးခြင်းသာ ဖြစ်ပြီး ၎င်းတို့ကို တိုက်ခိုက်ခြင်း မဟုတ်ပေ။ ထို့ကြောင့် သူ ထိုသို့ ပြုလုပ်၍ မရပေ။ ထိုသို့ ပြုလုပ်လိုက်ရပါက အလွန် ကျေနပ်ဖွယ် ကောင်းမည် ဖြစ်သော်လည်း အခြေအနေ အရပ်ရပ်ကို ထောက်ထားပြီး သူ ထိုသို့ ပြုလုပ်၍ မဖြစ်ပေ။
"ဗိုလ်မှူးကြီး ဖန် တစ်ဖက်လူက ကျွန်တော်တို့ မျက်နှာကို လာနင်းနေပြီလေ ကျွန်တော်တို့က သူတို့ကို အပြစ်ပေးတာမျိုး မလုပ်ဘူး ဆိုရင် သူတို့က ပိုပြီး အတင့်ရဲလာမှာ သေချာတယ် ပြီးတော့ သူတို့က အရင် လာစိန်ခေါ်တာလေ ကျွန်တော်တို့ရဲ့ တံငါသည်တွေကို သတ်ခဲ့ပြီးတော့ အခု ဒီလောက် ရောင့်တက်နေတာကို ကျွန်တော်တို့က ထပ်ပြီး အလျှော့ပေးနေဦးမယ် ဆိုရင် ကျွန်တော်တို့ မျက်နှာ ဘယ်နား သွားထားရမလဲ ကျွန်တော်ကတော့ အပြင်မှာ သွားမပြောရဲတော့ဘူး သေသွားတဲ့ တံငါသည်တွေကော ဘယ်လိုလုပ် ငြိမ်းချမ်းစွာ အနားယူနိုင်တော့မလဲ"
လျူယုံက မျက်ရည်ဝဲကာ ပြောလိုက်လေသည်။ သူ အလွန် မကျေမနပ် ဖြစ်နေမိသည်။ အလွန်အမင်း မကျေမနပ် ဖြစ်နေမိသည်။ မိမိတို့ဘက်က အင်အား အသာစီး ရနေပါလျက်နှင့် တစ်ဖက်လူ၏ စိန်ခေါ်မှုကို ခေါင်းငုံ့ ခံနေရသဖြင့် သူ အလွန် စိတ်ပျက်ပြီး ဘာမှ မတတ်နိုင် ဖြစ်နေမိသည်။
"ဟားဟား ငါ ပြောသားပဲ တစ်ဖက်လူက အမြောက်နဲ့ မပစ်ရဲပါဘူးလို့ မင်းတို့ ကြည့် သူတို့ ကြောက်သွားပြီလေ စကားတောင် မပြောရဲတော့ဘူး အင်ဂျင်ခန်းကို အရှိန်တင်ခိုင်းလိုက် ငါတို့ အရှိန်အပြည့်နဲ့ သွားကြမယ် ဟားဟားဟား ကင်းလှည့် သင်္ဘောကြီး ရှိတော့ကော ဘာဖြစ်လဲ အလှပြထားရုံပဲ မဟုတ်ဘူးလား"
အသားညိုမျောက် ဆိုင်မွန်သည် ကပ္ပတိန် အခန်း ပြတင်းပေါက်တွင် ရပ်လျက် ဟားတိုက် ရယ်မောနေလေသည်။
"ကပ္ပတိန်ကြီး ခင်ဗျားက တကယ်ကို အကြပ်အတည်း တွေ့နေချိန်မှာတောင် မကြောက်မရွံ့ဘဲ တည်တည်ငြိမ်ငြိမ် ရှိတာပဲ ညွှန်ကြားမှုတွေကလည်း တကယ်ကို ကောင်းတယ် တစ်ဖက်လူရဲ့ အားနည်းချက်ကို တစ်ခါတည်း ဆုပ်ကိုင်နိုင်ခဲ့တာပဲ ဟားဟားဟား သူတို့က စက္ကူကျား သက်သက်ပါပဲ"
ဒုတိယ အရာရှိက မြှောက်ပင့်ကာ ပြောလိုက်လေသည်။
"အဲဒါပေါ့ တစ်ဖက်လူက လူအ ပိုက်ဆံပေါ သက်သက်ပဲ"
"ကပ္ပတိန် ရန်သူက ကျွန်တော်တို့နဲ့ ရှစ်မိုင်ပဲ ကွာတော့တယ် ကျွန်တော်တို့ အခု ဘယ်လို လုပ်ကြမလဲ သူတို့ကို အထဲဝင်ခွင့် ပြုလိုက်တော့မလား"
ထိုအချိန်တွင် လေ့လာစောင့်ကြည့်ရေး အရာရှိ တစ်ဦးက ဖန်ဟူကို မေးလိုက်လေသည်။
"ခင်ဗျား ကြည့် ခင်ဗျား ကြည့် သူတို့က ကျွန်တော်တို့ ခေါင်းပေါ်တောင် တက်ခွနေပြီ ကျွန်တော်တို့ ပြောတာတွေကို အီးပေါက်သလို သဘောထားနေကြတာ အခုတော့ ပြီးပြီ ကျွန်တော်တို့ မျက်နှာတွေ အကုန် ပျက်ကုန်ပြီ တခြားလူတွေက ကျွန်တော်တို့ကို လိပ်လို ခေါင်းဝှက်နေတဲ့ ကောင်တွေလို့ ထင်ကုန်တော့မှာပဲ"
လျူယုံက ဒေါသတကြီး ပြောလိုက်လေသည်။
ဖန်ဟူက နေရာတွင် ရပ်လျက် မျက်မှောင်ကြုတ်ကာ မျက်နှာ မည်းမှောင်နေလေသည်။ သူ စကားမပြောခြင်းမှာ သူက တကယ်ပင် လိပ်လို ခေါင်းဝှက်နေသူ တစ်ဦး ဖြစ်နေ၍ မဟုတ်ပေ။ သူက သွေးကြွနေသော ယောက်ျားကောင်း တစ်ယောက် ဖြစ်သည်။ သူက အခြား မည်သူ့ထက်မဆို ထိုရောင့်တက်နေသော အသားညိုမျောက်များကို သတ်ပစ်ချင်နေမိသည်။ သို့သော် သူ မလုပ်နိုင်ပေ။ သူ စည်းကမ်းကို လိုက်နာရမည် ဖြစ်လေသည်။
"အမိန့်ပေးလိုက် ငါတို့ရဲ့ ကင်းလှည့် သင်္ဘောနဲ့ ဖျက်သင်္ဘော နှစ်စီးလုံးကို စက်နှိုးခိုင်းလိုက် တစ်ဖက်လူဆီကို အရှိန်အပြည့်နဲ့ မောင်းသွားကြမယ်"
နောက်ဆုံးတွင် ဖန်ဟူက လေးနက်သော လေသံဖြင့် အမိန့်ပေးလိုက်လေသည်။
လျူယုံက ကြားပြီးနောက် မျက်နှာပေါ်တွင် ဝမ်းသာသွားပြီး မေးလိုက်လေသည်။
"သူတို့ကို ပစ်တော့မလို့လား တကယ်လို့ ပစ်မယ်ဆိုရင် နောက်ကျရင် အပြစ်ပေးခံရတဲ့ အခါ ကျွန်တော် ခင်ဗျားနဲ့ အတူတူ ခံမယ်"
"မဟုတ်ဘူး ငါတို့ မပစ်ဘူး ငါတို့ ဝင်တိုက်မယ်”