အခန်း ၃၆၁
Vol. 37 Ch. 361
အခန်း ၃၆၁ - ငါတို့က ဘရိတ်မမိတာ
"မြန်မြန် ရှောင် ရှောင်"
"အစီရင်ခံပါတယ် ကပ္ပတိန် ရှောင်လို့ မလွတ်တော့ဘူး"
မီတာ ၃၀၀...
မီတာ ၁၀၀...
ဘုန်းကနဲ ဧရာမ အသံကြီး တစ်သံ ထွက်ပေါ်လာလေသည်။ တရုတ်ဘက်မှ ဧရာမ သံမဏိ သားရဲကြီး ဖြစ်သော ကင်းလှည့် သင်္ဘောကြီးက ဖီလစ်ပိုင်များ၏ ဖျက်သင်္ဘောကို တစ်ခါတည်း ဝင်တိုက်လိုက်လေသည်။ ယခုအချိန်တွင် ဖီလစ်ပိုင်များ၏ ဖျက်သင်္ဘောမှာ ညာဘက်သို့ ကွေ့နေသဖြင့် သင်္ဘော တစ်စီးလုံးမှာ ဝင်တိုက်လာသော ကင်းလှည့် သင်္ဘောကြီး၏ ရှေ့တွင် ကန့်လန့်ဖြတ် အနေအထား ဖြစ်နေလေသည်။ ဆိုလိုသည်မှာ ၎င်းဖျက်သင်္ဘော၏ ဘေးကိုယ်ထည်ကို တရုတ် ကင်းလှည့် သင်္ဘောကြီးက တည့်တည့်မတ်မတ် ဝင်တိုက်လိုက်ခြင်းပင် ဖြစ်လေသည်။
ဂျိန်းကနဲ အသံကြီးနှင့်အတူ ဖီလစ်ပိုင်များ၏ ဖျက်သင်္ဘောမှာ ဘယ်ဘက်သို့ ချက်ချင်း ယိမ်းယိုင်သွားပြီး ပစ်တိုင်းထောင် အရုပ်ကြီး တစ်ရုပ်လို ဖြစ်သွားကာ သင်္ဘောမှောက်လုမတတ် ဖြစ်သွားလေသည်။
ထို့အပြင် အခြား ကင်းလှည့် သင်္ဘောငယ် နှစ်စီးကိုလည်း တရုတ်ဘက်မှ ဖျက်သင်္ဘော နှစ်စီးက ဝင်တိုက်လိုက်လေသည်။ ထိုကင်းလှည့် သင်္ဘောငယ် နှစ်စီးမှာ တရုတ် ဖျက်သင်္ဘောများ၏ ဝင်တိုက်မှုကြောင့် လူရော သင်္ဘောပါ အလဲလဲအကွဲကွဲ ဖြစ်သွားကြပြီး သင်္ဘောကိုယ်ထည်များလည်း ချက်ချင်း ပျက်စီးသွားလေသည်။
များပြားလှသော ပင်လယ်ရေများက အတွင်းသို့ စတင် ဝင်ရောက်လာတော့သည်။ ဤအခြေအနေက ကင်းလှည့် သင်္ဘောပေါ်ရှိ ဖီလစ်ပိုင်များကို သေးထွက်ကျမတတ် ထိတ်လန့်သွားစေသည်။ သူတို့က ဝင်တိုက်ခံရမှုကြောင့် ခေါင်းမူးမိုက်သွားကြပြီး သတိပြန်ဝင်လာချိန်တွင် သူတို့၏ သင်္ဘောထဲသို့ ရေတွေ ဝင်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ကြရလေသည်။
အလားတူပင် ဆိုင်မွန် ရှိနေသော ဤဖျက်သင်္ဘောမှာလည်း အခြေအနေ မကောင်းလှပေ။ ဖန်ဟူ၏ ဤကင်းလှည့် သင်္ဘောကြီး ဝင်တိုက်မှုကြောင့် အကြီးအကျယ် ပျက်စီးသွားလေသည်။
"ငါ့ကို တွဲထူကြစမ်း ငါ့ကို တွဲထူကြ အား ခါးကျိုးပါပြီ"
ကွပ်ကဲရေး အခန်းထဲတွင် ခုနက အပြင်းအထန် ဝင်တိုက်မှုကြောင့် ဆိုင်မွန် တစ်ယောက် ကြမ်းပြင်ပေါ်သို့ လွင့်စင်ကျသွားလေသည်။ ပြင်းထန်သော တုန်ခါမှုက သူ့ကို ခေါင်းမူး မျက်စိပြာသွားစေပြီး ကြမ်းပြင်ပေါ် ပြုတ်ကျမှုကြောင့် တင်ပါးများပင် နာကျင်သွားရလေသည်။
ဘေးတွင်ရှိသော ဒုတိယ အရာရှိက သူ၏ ကပ္ပတိန် အော်ဟစ် အကူအညီ တောင်းသံကို ကြားသောအခါ ကြမ်းပြင်ပေါ်မှ ချက်ချင်း ထရပ်လိုက်ပြီး ဆိုင်မွန်ကို သွားရောက် တွဲထူလိုက်လေသည်။
"ကပ္ပတိန် ဘာမှ မဖြစ်ဘူးမလား"
"ဘာမှမဖြစ်ဘူး မသေသေးဘူး အဲဒီ သောက်ကျိုးနည်း တရုတ်တွေက ငါတို့ကို တကယ် ဝင်တိုက်ရဲတယ် တကယ်ကို ဒေါသထွက်ဖို့ ကောင်းတာပဲ ငါ သူတို့ကို ရှုတ်ချမယ် ပြင်းပြင်းထန်ထန်ကို ရှုတ်ချပစ်မယ် သူတို့ လုပ်ရပ်က ရန်စတာပဲ ဒါက ဗြောင်ကျကျ ရန်စတာပဲ ငါတို့ သူတို့ကို တရားစွဲမယ် သူတို့က စစ်ဖြစ်အောင် တမင် ဖန်တီးနေတာ သေချာတယ်"
ဆိုင်မွန်သည် ဒုတိယ အရာရှိ၏ တွဲထူမှုကို ခံယူပြီးနောက် ရှေ့သို့ လက်ညှိုးထိုးကာ အော်ဆဲလိုက်လေသည်။
"ကပ္ပတိန် ဒုက္ခပါပဲ ကျွန်တော်တို့ သင်္ဘောက ရန်သူ ဝင်တိုက်လို့ ပျက်စီးသွားပြီ သင်္ဘော ကိုယ်ထည် အက်ကွဲသွားပြီး အဲဒီ အက်ကွဲကြောင်းကနေ ရေတွေ ဝင်လာနေပြီ ကြည့်ရတာ ပိုပိုပြီး ဆိုးလာမယ့် ပုံပဲ တကယ်လို့ အမြန် မပြင်ဘူး ဆိုရင် ကျွန်တော်တို့ သင်္ဘော နစ်သွားနိုင်တယ်"
ထိုအချိန်တွင် လက်အောက်ငယ်သား တစ်ဦးက ဆိုင်မွန်ထံသို့ ကမန်းကတန်း ရောက်လာပြီး အစီရင်ခံလိုက်လေသည်။
"ဘာ သင်္ဘော ကိုယ်ထည် အက်သွားတယ် ဟုတ်လား မြန်မြန် မြန်မြန် သွားပြင်ကြ အော် ဟုတ်သားပဲ ဌာနချုပ်ကို အခုချက်ချင်း ဆက်သွယ်လိုက် ငါတို့ ရန်သူ့ရဲ့ ဝင်တိုက်တာကို ခံလိုက်ရပြီ လို့ ငါတို့ လက်စားချေရမယ်"
ဆိုင်မွန်က အော်ဟစ်လိုက်လေသည်။
"ဟုတ်ကဲ့ပါ ကပ္ပတိန်"
ဖီလစ်ပိုင်များ၏ သင်္ဘောများ အားလုံးမှာ ဖန်ဟူတို့၏ ဝင်တိုက်ခြင်းကို ခံလိုက်ရလေသည်။ အဆိုးရွားဆုံးမှာ ထိုကင်းလှည့် သင်္ဘောငယ် နှစ်စီးပင် ဖြစ်သည်။ ထိုသို့သော သင်္ဘောငယ်လေးများမှာ တစ်ချက်တည်းဖြင့် အပေါက်ကြီး တစ်ပေါက် ပွင့်သွားပြီး ပင်လယ်ရေများက ရူးသွပ်စွာ ဝင်ရောက်လာတော့သည်။
ဆိုင်မွန် ရှိနေသော ဖျက်သင်္ဘောကတော့ အတိုင်းအတာ တစ်ခုအထိ သံချပ်ကာ ပါရှိသဖြင့် ကင်းလှည့် သင်္ဘောကြီး ဝင်တိုက်မှုကြောင့် အပေါက်ကြီး မဖြစ်သွားသော်လည်း အက်ကွဲကြောင်းများ ပေါ်လာကာ ထိုအက်ကွဲကြောင်းများမှ တစ်ဆင့် ပင်လယ်ရေများ ဝင်ရောက်လာလေသည်။
"ဟားဟား ဒီဖီလစ်ပိုင်တွေ ငါတို့ ဝင်တိုက်လိုက်တော့ ကြောင်အမ်းသွားကြပြီပဲ တစ်ကောင်ချင်းစီ သရဲလို အော်ဟစ် ငိုယိုနေကြတာ ဟွန့် အရင်က သိပ်မောက်မာနေတာ မဟုတ်ဘူးလား အခုကျတော့ ဘာလို့ အမေတ သွားကြတာလဲ"
ကွပ်ကဲရေး အခန်းထဲတွင် ဖန်ဟူနှင့် လျူယုံတို့က တစ်ဖက်လူ၏ အခြေအနေ အားလုံးကို မြင်တွေ့နေရလေသည်။ တစ်ဖက် သင်္ဘောပေါ်မှ ဆူညံနေသော အချက်ပေးသံများနှင့် ကြက်ပျံငှက်မွှေး ဖြစ်နေသော သင်္ဘောသားများကို ကြည့်ကာ သူတို့ နှစ်ဦး အချင်းချင်း ကြည့်၍ ပြုံးလိုက်ကြလေသည်။
ပကတိ အင်အား ရှေ့မှောက်တွင် အရာအားလုံးက စက္ကူကျားများသာ ဖြစ်သည်။ ယခုတော့ တစ်ဖက်လူက ထပ်ပြီး မအော်ရဲတော့ပေ။
"အစီရင်ခံပါတယ် ကပ္ပတိန် ဒုက္ခပါပဲ"
ဆိုင်မွန် တစ်ယောက် အထက်လူကြီးများနှင့် ဆက်သွယ်နေချိန်တွင် လက်အောက်ငယ်သား တစ်ဦးက ကမန်းကတန်း ပြေးလာပြီး အစီရင်ခံပြန်လေသည်။
"ဘာကိစ္စလဲ"
ဆိုင်မွန်က စိတ်မရှည်စွာဖြင့် မေးလိုက်လေသည်။ ယခု သူ အလွန် စိတ်ရှုပ်နေလေပြီ။ ယခုအချိန်တွင် ဘာမှ မလုပ်ချင်တော့ဘဲ ခွေးနှင့်သာ သွားလိုးချင်စိတ် ပေါက်နေလေပြီ။
"ဟိုကင်းလှည့် သင်္ဘော နှစ်စီးဆီက သတင်းဆိုး ရောက်လာပါတယ် သူတို့ရဲ့ သင်္ဘောတွေက ရေဝင်တာ အရမ်း များလွန်းလို့ ပြင်လို့ မရတော့ဘူး တဲ့ သင်္ဘောကို စွန့်ပစ်ဖို့ပဲ ရှိတော့တယ် ကပ္ပတိန်ရဲ့ ဆုံးဖြတ်ချက်ကို တောင်းခံနေပါတယ်"
"ဘာ ဒီလောက်တောင် ဆိုးရွားတာလား"
ဆိုင်မွန်က ကြားပြီးနောက် လက်ထဲမှ မိုက်ကရိုဖုန်းပင် ပြုတ်ကျသွားပြီး တစ်ကိုယ်လုံး မှင်သက်သွားလေသည်။ ဒီတစ်ကြိမ် ဝင်တိုက်ခံရမှုက ဒီလောက် ပြင်းထန်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ရန်သူက သူ၏ ကင်းလှည့် သင်္ဘော နှစ်စီးလုံးကို တစ်ခါတည်း ဝင်တိုက်ပြီး နစ်မြုပ်သွားစေခဲ့သည်တဲ့လား။
"ဟုတ်ပါတယ် အခုချက်ချင်း သင်္ဘောကို မစွန့်လွှတ်ရင် သူတို့ အကုန် သေကုန်ပါလိမ့်မယ် ကပ္ပတိန် ကျွန်တော့် အကြံပြုချက်ကတော့ အခုချက်ချင်း သူတို့ကို သွားကယ်ဖို့ပါပဲ"
"အင်း ဒီကိစ္စကို မင်းပဲ လူသွားစုလိုက်တော့ အဲဒီ ကင်းလှည့် သင်္ဘော နှစ်စီးပေါ်က လူတွေကို မြန်မြန် သွားကယ်လိုက်"
"ဟုတ်ကဲ့ပါ"
"သောက်ကျိုးနည်း ဒီတရုတ်တွေက အရမ်း ရောင့်တက်လွန်းတယ် ငါတို့ရဲ့ ကင်းလှည့် သင်္ဘော နှစ်စီးကို နစ်အောင် ဝင်တိုက်ရဲတယ် ငါ ဌာနချုပ်ကို သေချာပေါက် တောင်းဆိုမယ် တရုတ်ကို အသေအချာ တရားစွဲရမယ် သူတို့က ငါတို့ရဲ့ ရေတပ်ကို ထိခိုက်အောင် လုပ်ခဲ့တယ် သူတို့ကို လျော်ကြေးပေးဖို့ တောင်းဆိုရုံတင် မကဘူး တောင်းပန်ခိုင်းရဦးမယ် အဲဒီလိုမှ မဟုတ်ရင်တော့ ဟွန့် သူတို့က စစ်ပွဲကို စတင် ဖန်တီးနေတာပဲ သူတို့က ငြိမ်းချမ်းရေးကို စော်ကားနေတာပဲ"
ဆိုင်မွန်က ရောင့်တက်စွာ အော်ဆဲလိုက်လေသည်။
ထိုကင်းလှည့် သင်္ဘော နှစ်စီးပေါ်တွင် ယခုအခါ စတင် ယိမ်းယိုင်လာနေပြီ ဖြစ်သည်။ များပြားလှသော ပင်လယ်ရေများ ဝင်ရောက်လာသဖြင့် သင်္ဘောများမှာ ဟန်ချက်ပျက်လာလေသည်။
ကုန်းပတ်ပေါ်တွင်တော့ ဖရိုဖရဲ ဖြစ်နေလေပြီ။ လူအများအပြားမှာ ခေါင်းဖြတ်ခံထားရသော ယင်ကောင်များလို ဟိုပြေးဒီပြေးဖြင့် အသက်ကယ် အင်္ကျီ ရှာသူက ရှာ၊ အမိန့်ပေးသူက ပေး၊ အသက်ကယ် လှေချသူက ချဖြင့် ရှုပ်ယှက်ခတ်နေကြလေသည်။
ဤဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် ဖီလစ်ပိုင်များ၏ ရေတပ်မှာ ကမ္ဘာပေါ်တွင် အဆင့်နိမ့်ကျဆုံး ရေတပ်သာ ဖြစ်ကြောင်း သိနိုင်ပေသည်။ လုံးဝ အသုံးမကျပေ။ တရုတ်နှင့်လည်း လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။ အဆင့်အတန်းချင်း မတူသလို အဆင့်ချင်းလည်း မတူညီပေ။
'အဲဒီလိုမှပေါ့ ငါတို့ လူတွေက တကယ်ကို သွေးကြွတာပဲ တစ်ဖက်လူကို တိုက်ရိုက် ဝင်တိုက်ပစ်လိုက်တာပဲ ကြည့်ရတာ တစ်ဖက်လူကို ဝင်တိုက်တာ တော်တော်လေး နာသွားပုံရတယ် ဟားဟား ငါ သဘောကျတယ်'
မနီးမဝေးရှိ ပင်လယ်ကြမ်းပြင် အောက်မှနေ၍ ဆွန်ဖုန်းက ဒီအခြေအနေကို မျက်ဝါးထင်ထင် ကြည့်ရှုနေလေသည်။ မူလက သူက သွားရောက် ကူညီရန် သို့မဟုတ် နောက်ကွယ်မှ တစ်ခုခု လုပ်ရန် ရည်ရွယ်ထားသော်လည်း ယခုတော့ မလိုအပ်တော့ပေ။
မိမိ နိုင်ငံ၏ အမျိုးသားများက အမိနိုင်ငံ၏ မျက်နှာကို အိုးမည်း မသုတ်ခဲ့ပေ။ လုပ်သင့်လုပ်ထိုက်ချိန်တွင် တိတိကျကျ လုပ်ဆောင်လိုက်ပြီး တစ်ဖက်လူကို ဆက်လက် ရောင့်တက်ခွင့် မပေးတော့ပေ။ ဒီတစ်ကြိမ် အပြီးတွင် ဒီဖီလစ်ပိုင်များ ထပ်မံ ရောင့်တက်ရဲတော့မည် မဟုတ်ဟု ဆွန်ဖုန်း ယုံကြည်လေသည်။
"အစ်ကိုဖန် ဟိုဘက်က ဖျက်သင်္ဘောက သိပ်မပျက်စီးသေးဘူးလို့ ထင်တယ် ငါတို့ နောက်တစ်ချက်လောက် ထပ်တိုက်လိုက်ရအောင် သူတို့ ဆိပ်ကမ်းကို အမြန် ပြန်သွားရအောင်လို့"
ထိုအချိန်တွင် လျူယုံက ဖန်ဟူကို ပြောလိုက်လေသည်။
"အင်း ငါလည်း အဲဒီလို တွေးနေတာပဲ လုပ်ပြီးမှတော့ ပြတ်ပြတ်သားသား လုပ်ပစ်လိုက်တာ ပိုကောင်းတယ် ဟားဟား ဘာပဲဖြစ်ဖြစ် ဒီလို ကိစ္စမျိုး ငါတို့လည်း ခဏခဏ လုပ်ခဲ့ဖူးတာပဲ အရင်က အမေရိကန်တွေ အနိုင်ကျင့်တာကို အမြဲ ခံခဲ့ရတယ် အခုတော့ ဒီဖီလစ်ပိုင်တွေကို ငါတို့ ပြန်အနိုင်ကျင့်ရမယ့် အလှည့် ရောက်ပြီပေါ့"
"ကောင်းပြီ ဒါဆို အမိန့်ပေးလိုက် ငါတို့ရဲ့ ကင်းလှည့် သင်္ဘောနဲ့ ရန်သူ့ ဖျက်သင်္ဘောကို နောက်တစ်ခေါက် ထပ်တိုက်ဖို့"
ထိုအချိန်တွင် ကင်းလှည့် သင်္ဘောကို စွန့်ခွာလာသော အမျိုးသားများကို အလုပ်ရှုပ်စွာ ကယ်ဆယ်နေကြသည့် ဖျက်သင်္ဘောပေါ်မှ လူများသည် တရုတ် ကင်းလှည့် သင်္ဘောကြီးက သူတို့ဆီသို့ နောက်ထပ် တစ်ကြိမ် ဝင်တိုက်ရန် လာနေသည်ကို ရုတ်တရက် မြင်တွေ့လိုက်ကြရပြန်သည်။
ဘုန်းကနဲ မြည်သံနှင့်အတူ ဤတစ်ကြိမ် ဝင်တိုက်မှုက အရင်တစ်ကြိမ်လောက် မပြင်းထန်သော်လည်း ယခင် ထိခိုက်ထားသော နေရာကိုပင် ထပ်မံ ဝင်တိုက်မိသဖြင့် သိပ်မကြာခင်မှာပင် ထိုဖျက်သင်္ဘောမှာ အပေါက်ကြီး တစ်ပေါက် ပွင့်ထွက်သွားတော့သည်။
“ဝေါ… ဝေါ…..” ရေဝင်သံများ ထွက်ပေါ်လာလေသည်။
များပြားလှသော ပင်လယ်ရေများက စတင် ဝင်ရောက်လာပြီး ပြုပြင်ရေး လုပ်နေသော ဝန်ထမ်းများမှာ ချက်ချင်းပင် ပင်လယ်ရေထဲ နစ်မြုပ်သွားကြလေသည်။ ပြုပြင်ရေး လုပ်ငန်းစဉ်များ ချက်ချင်း ရပ်တန့်သွားတော့သည်။ သူတို့ အနေဖြင့် ပင်လယ်ရေများ ဝင်ရောက်မလာစေရန် အခန်းတံခါးကို ပိတ်ပစ်လိုက်ရုံသာ တတ်နိုင်တော့သည်။
"သောက်ကျိုးနည်း သောက်ကျိုးနည်း သောက်ကျိုးနည်း ကျိန်စာသင့်မယ့် တရုတ်တွေ ငါတို့ကို နောက်ထပ် တစ်ခါ ဝင်တိုက်ရဲသေးတယ် အား ငါ သူတို့ကို သတ်ပစ်မယ်"
ဆိုင်မွန် တစ်ယောက် ကုန်းပတ်ပေါ်တွင် နောက်ထပ် တစ်ကြိမ် လဲကျသွားပြန်လေသည်။
"အစီရင်ခံပါတယ် ကပ္ပတိန် တစ်ဖက်လူက သတင်းပို့လာပါတယ် သူတို့က ရုတ်တရက် ရပ်လို့မရလို့ ဝင်တိုက်မိသွားတာပါ တဲ့ ဒါကြောင့် ခွင့်လွှတ်ပေးပါ တဲ့ အော် သူတို့ ထပ်ပြောသေးတယ် ကပ္ပတိန်တို့ ရှောင်လို့ မလွတ်တာ သူတို့ အပြစ် မဟုတ်ဘူး တဲ့ သူတို့ကတော့ သင်္ဘော ဆယ်တဲ့ အလုပ်ကို ဆက်လုပ်ဖို့ ပြန်သွားပြီ တဲ့"
ဒီသတင်းကို ကြားပြီးနောက် ဆိုင်မွန် တစ်ယောက် ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်သွားလေသည်။
"သောက်ကျိုးနည်း ငါတို့ကို ဒီလောက် အနိုင်ကျင့်ပြီးတော့ အနိုင်ကျင့်ပြီးတာနဲ့ ထွက်သွားတယ်ပေါ့ ချီးပဲ သောက်ကျိုးနည်း"
"ကပ္ပတိန် ကျွန်တော်တို့ အခု သင်္ဘောခန်းထဲ ရေတွေ အရမ်း ဝင်နေပြီ ပြန်လှည့်မှ ရတော့မယ် မဟုတ်ရင် သင်္ဘော နစ်နိုင်တဲ့ အန္တရာယ် ရှိတယ်"
ဆိုင်မွန် အော်ဆဲနေချိန်တွင် ဒုတိယ ကပ္ပတိန်က ရောက်လာပြီး အစီရင်ခံလိုက်လေသည်။
"ဒါဆိုလည်း ပြန်လှည့်ကြတာပေါ့ အော် ဟုတ်သားပဲ ကင်းလှည့် သင်္ဘောတွေပေါ်က မကယ်ရသေးတဲ့ လူတွေကို ငါတို့ ကယ်ဖို့ အချိန်မမီတော့ဘူး သူတို့ကို အသက်ကယ် လှေ တချို့ ချထားပေးခဲ့လိုက် ငါတို့ အရင် ဆုတ်မယ် သူတို့ သေမှာ မဟုတ်ပါဘူး"
ဆိုင်မွန်က ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ ကပ္ပတိန်"
ထိုသို့ဖြင့် ဖီလစ်ပိုင်များမှာ မာနကြီးစွာ ရောက်လာခဲ့သော်လည်း အရှက်တကွဲဖြင့် ပြန်လည် ထွက်ခွာသွားရလေသည်။ ထို့အပြင် ကင်းလှည့် သင်္ဘော နှစ်စီးမှာလည်း ပင်လယ်ကြမ်းပြင် အောက်တွင် နစ်မြုပ်သွားခဲ့ရသည်။
ထိုသင်္ဘောသားများ သင်္ဘောကို စွန့်ခွာသည့် လုပ်ငန်းစဉ် အတွင်းတွင် လူဆယ်ဂဏန်းခန့် သေဆုံးခဲ့သည်။ ကယ်ဆယ်ရေး လုပ်နေစဉ် အတွင်း အချိန်မီ မကယ်နိုင်လိုက်၍ သေဆုံးသွားသူကလည်း နှစ်ဆယ်ကျော်ခန့် ရှိသေးသည်။ စုစုပေါင်း လူလေးဆယ်ကျော် သေဆုံးသွားခဲ့ရသည်။
ကင်းလှည့် သင်္ဘော နှစ်စီး နစ်မြုပ်သွားပြီး ဖျက်သင်္ဘော တစ်စီးမှာလည်း ဒဏ်ရာရသွားခဲ့သည်။ ထိုသတင်းက ဖီလစ်ပိုင်များ၏ ဌာနချုပ်သို့ ရောက်ရှိသွားသောအခါ အထက်လူကြီးများကို အလွန်အမင်း ဒေါသထွက်သွားစေပြီး ဆိုင်မွန်ကို အရေခွံပင် ခွာချင်သွားကြလေသည်။
'သောက်ကျိုးနည်း ဒီလိုပဲ အရှက်တကွဲ ပြန်သွားပြီပေါ့'
ဆွန်ဖုန်းက ဖီလစ်ပိုင်များ ထိုသို့ ပြန်သွားသည်ကို ကြည့်ကာ ရယ်ချင်စိတ်ကို မနည်း အောင့်ထားရလေသည်။
ဖန်ဟူတို့ကလည်း ဒီအခြေအနေကို အထက်လူကြီးများထံ အစီရင်ခံလိုက်ရာ အထက်လူကြီးများက သူတို့ နှစ်ဦးကို အနည်းငယ် ဝေဖန်ရုံသာ ဝေဖန်ခဲ့ပြီး ဘာမှ ကြီးကြီးမားမား အရေးမယူခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက အပြန်အလှန် ငြင်းခုန်၍ ရသော ကိစ္စ ဖြစ်သည်။ ဖီလစ်ပိုင်များက အရှက်မရှိမှတော့ မိမိတို့ဘက်ကလည်း ဘာလို့ သူတို့ကို ပြန်ပြီး အနှောင့်အယှက် မပေးနိုင်ရမည်နည်း။
သိပ်မကြာခင်မှာပင် ယနေ့ ဖြစ်ပျက်ခဲ့သော ကိစ္စများ အားလုံး သတင်းပျံ့နှံ့သွားလေသည်။ တစ်ချိန်တည်းမှာပင် နှစ်ဖက်စလုံးရှိ ပြည်သူများကလည်း သိရှိသွားကြပြီး နောက်ထပ် အငြင်းပွားမှု အသစ် တစ်ခု စတင်လာပြန်လေသည်။ သို့သော် ဤတစ်ကြိမ်တွင် တရုတ်ဘက်က တစ်ဖက်လူ၏ မောက်မာမှုကို ကောင်းကောင်း ချိုးနှိမ်လိုက်နိုင်သဖြင့် ယခင်က ခံစားနေရသော မကျေနပ်မှုများကို အများကြီး လျော့ပါးသွားစေခဲ့လေသည်။
ဖိလစ်ပိုင် သတင်းစာ...
တရုတ်တွေက အရှက်မရှိဘူး တစ်ဖက်လူက ကျွန်တော်တို့ရဲ့ ကင်းလှည့် သင်္ဘော နှစ်စီးကို တမင်တကာ ဝင်တိုက်ပြီး နစ်မြုပ်စေခဲ့သလို ဖျက်သင်္ဘော တစ်စီးကိုလည်း ဝင်တိုက်ပြီး ဒဏ်ရာရစေခဲ့ပါတယ် ဒီတစ်ခေါက် သင်္ဘောသား လေးဆယ်ကျော် သေဆုံးခဲ့ပါတယ် ကျွန်တော်တို့က တစ်ဖက်လူကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ် တစ်ဖက်လူကို တောင်းပန်ခိုင်းပြီး လျော်ကြေးပေးဖို့ တောင်းဆိုပါတယ် အဲဒီလိုမှ မဟုတ်ရင် ခင်ဗျားတို့က ဗြောင်ကျကျ စစ်ကြေညာနေတာပဲ ကျွန်တော်တို့ဘက်က တစ်ဖက်လူကို လျော်ကြေးပေးရုံတင် မကဘဲ တောင်တရုတ်ပင်လယ် အတွင်းကို ဝင်ရောက်ခွင့် ပိတ်ပင်ဖို့ပါ ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်
တရုတ် သတင်းစာ...
အဓိပ္ပာယ် မရှိတာ ဖိလစ်ပိုင်တွေက အဓိပ္ပာယ် မရှိတာတွေ ပြောနေတာ ကျွန်ုပ်တို့က ခင်ဗျားတို့ရဲ့ စစ်သင်္ဘောကို ဝင်တိုက်တယ် ဆိုတာ ဘာစကားလဲ ခင်ဗျားတို့က ကျွန်ုပ်တို့ စစ်သင်္ဘောရဲ့ လုံခြုံရေး နယ်မြေထဲ မဝင်လာခင်ကတည်းက ကျွန်ုပ်တို့ စစ်သင်္ဘောက ခင်ဗျားတို့ကို သတိပေးခဲ့ပြီး ရှေ့ဆက် မတိုးဖို့ ပြောခဲ့ပါတယ် ခင်ဗျားတို့က နားမထောင်ခဲ့ဘူး အခုတော့ ပြဿနာ ဖြစ်လာမှ ကျွန်ုပ်တို့ အပေါ် အပြစ်ပုံချနေတယ် ခင်ဗျားတို့ လုပ်ရပ်က အသရေဖျက်တာပဲ အသရေဖျက်တာပဲ ကျွန်ုပ်တို့က ခင်ဗျားတို့ကို သေချာပေါက် ရှုတ်ချရမယ် ကျွန်ုပ်တို့က အဲဒီအချိန်က ခင်ဗျားတို့ကို ဝင်မလာအောင် သွားတားခဲ့တာ ခင်ဗျားတို့ကိုယ်တိုင် မရပ်ခဲ့လို့ ကျွန်ုပ်တို့က ဝင်တိုက်မိသွားတာ ခင်ဗျားတို့ကိုယ်တိုင် ဘရိတ်မမိတာပဲ ဒီတာဝန်ကို ခင်ဗျားတို့ကိုယ်တိုင် တာဝန်ယူသင့်တယ် ဒီအကျိုးဆက်တွေ အတွက်ကတော့ ခင်ဗျားတို့ ကိုယ့်ဒုက္ခ ကိုယ်ရှာတာပဲ ပြီးတော့ ခင်ဗျားတို့က ကျွန်ုပ်တို့ရဲ့ တံငါသည် သုံးဆယ်ကျော်ကို သတ်ဖြတ်ခဲ့တဲ့ ကိစ္စကကော ဘယ်လိုလုပ်မလဲ ခင်ဗျားတို့က လူသတ်ပြီး ဝန်မခံဘူး ကျွန်ုပ်တို့က ခင်ဗျားတို့ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ် ခင်ဗျားတို့ မဖြစ်မနေ တောင်းပန်ပြီး လျော်ကြေးပေးရမယ်
ဖိလစ်ပိုင် သတင်းစာ...
ဘာ ကျွန်တော်တို့က ဘရိတ်မမိတာ ဟုတ်လား ဟေ့ ခင်ဗျားတို့ မျက်နှာပြောင် တိုက်လွန်းတယ် ခင်ဗျားတို့ တမင် ဝင်တိုက်ပြီးတော့ ကျွန်တော်တို့ကို လာအပြစ်ပုံချရဲသေးတယ်
တရုတ် သတင်းစာ...
ခင်ဗျားတို့ကိုယ်တိုင် စကားနားမထောင်ဘဲ အတင်း ကပ်လာတာလေ ကျွန်ုပ်တို့မှာ ဓာတ်ပုံ အထောက်အထား ရှိတယ် မကျေနပ်ရင် လာငြင်းလို့ ရတယ် ကျွန်ုပ်တို့ကို လျော်ကြေး ပေးခိုင်းပြီး တောင်းပန်ခိုင်းချင်တာလား အိပ်မက်သာ မက်နေလိုက်
အငြင်းပွားမှုများက ဆက်လက် ဖြစ်ပွားနေလေသည်။ ဘာပဲဖြစ်ဖြစ် နှစ်ဖက်စလုံးက အရူးများ မဟုတ်ကြရာ ဒီလို ကိစ္စမျိုးတွင် လျော်ကြေးပေးခြင်းနှင့် တောင်းပန်ခြင်းများကို သေချာပေါက် လုပ်ဆောင်မည် မဟုတ်ပေ။ ဒီအတိုင်းသာ ဆက်လက် ငြင်းခုန်နေကြလေသည်။