← Chapters

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း ၃၆၂ - ခြိမ်းခြောက်မေးမြန်းခြင်း

ဖိလစ်ပိုင် သတင်းစာ…

“တရုတ်ဘက်က တမင်သက်သက် သင်္ဘောချင်း ဝင်တိုက်ခဲ့တာကြောင့် ကျွန်ုပ်တို့ဘက်က စစ်သည် လေးဆယ်ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ် ကျွန်ုပ်တို့ အနေနဲ့ သေဆုံးသွားတဲ့ စစ်သည်တွေအတွက် တရုတ်ဘက်က တာဝန်ယူဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ် ဒါဟာ ဗြောင်ကျကျ ပြဿနာရှာတာ ဖြစ်ပါတယ်”

တရုတ် သတင်းစာ…

“အရှက်မရှိလိုက်တာ ဒါဟာ ခင်ဗျားတို့ကိုယ်တိုင် ဖန်တီးခဲ့တာပဲ ခင်ဗျားတို့ စစ်သည်တွေ သေတာ ကျွန်ုပ်တို့နဲ့ ဘာဆိုင်လို့လဲ ခင်ဗျားတို့ကို မကပ်လာဖို့ သတိပေးခဲ့ပြီးသားပဲ ခင်ဗျားတို့က အတင်း ကပ်လာတာ အခုလို ဝမ်းနည်းစရာ ကိစ္စ ဖြစ်လာတော့ ခင်ဗျားတို့ကိုယ်တိုင် အကြောင်းရင်းမရှာဘဲ ကျွန်ုပ်တို့ အပေါ် အပြစ်ပုံချနေတယ် ခင်ဗျားတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ ရန်စမှုတွေကို ကျွန်ုပ်တို့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး”

အမေရိကန် နေ့စဉ်သတင်းစာ…

“နှစ်ဖက်စလုံး စိတ်လိုက်မာပါ မလုပ်ဘဲ ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းကြပါ”

ဖိလစ်ပိုင် စစ်ဌာနချုပ်အတွင်း၌မူ ၎င်းတို့ စေလွှတ်ခဲ့သော ကင်းလှည့်သင်္ဘော နှစ်စီး နစ်မြုပ်သွားပြီး ဖျက်သင်္ဘော တစ်စီး ဒဏ်ရာရရှိခဲ့သည်ဟူသော သတင်းကို ထိပ်ပိုင်းခေါင်းဆောင်များ ရရှိလိုက်သည့်အခါ အားလုံး ဒေါသထွက်လွန်း၍ ပေါက်ကွဲမတတ် ဖြစ်သွားကြလေသည်။

ဤသည်မှာ ဟန်ရေးပြဖို့ ကြိုးစားရင်းနှင့် ဟန်မကျဘဲ ပညာပေးခံလိုက်ရခြင်းပင် ဖြစ်လေသည်။ ဤအချက်က ၎င်းတို့ကို အလွန် မျက်နှာပျက်သွားစေခဲ့သည်။

"အခု ဒီကိစ္စကို ငါတို့ ဘယ်လို ရင်ဆိုင်ကြမလဲ ဒီတစ်ခေါက် ငါတို့ အကြီးအကျယ် ရှုံးသွားတာ ဆိုတော့ ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး"

ခေါင်းဆောင်တစ်ဦးက စားပွဲကို ရိုက်ကာ ရောင့်တက်စွာ ပြောဆိုလိုက်လေသည်။

"တရုတ်ရဲ့ စစ်သင်္ဘောတွေက ငါတို့ထက် အများကြီး ပိုအားကောင်းတယ် ငါတို့က သူတို့ကို ဇွတ်သွားတိုက်ရင် သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး ငါ့အမြင်တော့ ဒီလိုလုပ်တာ ပိုကောင်းလိမ့်မယ် အမေရိကန် ကို အရင် မေးကြည့်ပြီး သူတို့ ဘာညွှန်ကြားမလဲ စောင့်ကြည့်ကြတာပေါ့ အားလုံး ဘယ်လိုထင်လဲ"

အခြား ခေါင်းဆောင်တစ်ဦးက အကြံပြုလိုက်လေသည်။

"မှန်တယ် အမေရိကန် ကို အရင်မေးပြီး ဒီကိစ္စကို ဘယ်လို ကူညီဖြေရှင်းပေးမလဲ စောင့်ကြည့်တာ အကောင်းဆုံးပဲ"

"ကောင်းပြီ ဒါဆို အမေရိကန် ဆီကို မေးကြည့်လိုက်မယ်"

မကြာမီ အချိန်အတွင်းမှာပင် အမေရိကန် တို့ဘက်မှ ဖိလစ်ပိုင် များထံသို့ အကြောင်းပြန်စာ ပေးပို့လာခဲ့လေသည်။

"အားလုံးကို သတင်းကောင်းတစ်ခု ပြောမယ် ဒီတစ်ခေါက် အမေရိကန် က ငါတို့ကို နောက်ကွယ်ကနေ အစွမ်းကုန် ကူညီပေးမယ် တဲ့ သူတို့က ကင်းလှည့်သင်္ဘော နှစ်စီးနဲ့ ဖျက်သင်္ဘော ငါးစီး ဒီဘက်ကို စေလွှတ်ပေးမှာ ဖြစ်တယ် ဒီတစ်ကြိမ်တော့ ငါတို့ အဲဒီတရုတ်တွေကို ကြောက်နေစရာ မလိုတော့ဘူး ဟားဟားဟား"

ခေါင်းဆောင်တစ်ဦးက ရယ်မောကာ ပြောဆိုလိုက်လေသည်။

"တကယ်လား အဲဒီလိုဆိုရင်တော့ ငါတို့ တစ်ဖက်လူကို ကြောက်စရာ မလိုတော့ဘူး နောက်တစ်ခါ သွားပြီး ပြဿနာရှာလို့ သူတို့က ငါတို့သင်္ဘောကို ထပ်တိုက်ရင် အမေရိကန် ကို ပြန်တိုက်ခိုင်းလိုက်မယ်"

......

'သောက်ကျိုးနည်း ဒီဖိလစ်ပိုင် တွေက ဘက်ကီတို့ကို ဘယ်မှာ သွားဖွက်ထားကြတာလဲ တကယ်ပဲ လူကို အပိုင်းပိုင်းပိုင်းပြီး ပင်လယ်ထဲ ပစ်ချလိုက်တာတော့ မဟုတ်ဘူးမလား'

မနေ့က ဆွန်ဖုန်းသည် သင်္ဘောချင်း တိုက်သည့် ပြဇာတ်ကြီးကို ကြည့်ရှုပြီးကတည်းက ပင်လယ်ထဲတွင် ဘက်ကီတို့ကို လိုက်လံ ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ ဖိလစ်ပိုင် များ၏ ဆိပ်ကမ်းများတွင်လည်း လိုက်လံ ရှာဖွေခဲ့သော်လည်း လက်ရှိအချိန်အထိ မည်သည့်အရာမျှ ရှာမတွေ့သေးသဖြင့် ဆွန်ဖုန်း အနည်းငယ် စိတ်ရှုပ်ထွေးရလေသည်။

'အခု ဘယ်လို ဆက်လုပ်ရမလဲ'

ဆွန်ဖုန်းသည် ပင်လယ်ကြမ်းပြင်အောက်တွင် ရှိနေပြီး နောက်ထပ် ဘက်ကီတို့ကို မည်သို့ ရှာဖွေရမည်ကို မသိတော့ပေ။ ကြည့်ရသည်မှာ ဖိလစ်ပိုင်ကောင် အချို့ကို ဖမ်းဆီးကာ ခြိမ်းခြောက် မေးမြန်းမှသာ ရတော့မည့် ပုံပေါ်နေလေသည်။

'သွားစို့ ကင်းလှည့်ရင်း ရှာတာပေါ့'

ဆွန်ဖုန်းသည် ရေငုပ်ဝတ်စုံကို မောင်းနှင်ကာ ဆက်လက် ထွက်ခွာသွားခဲ့လေသည်။

"အစီရင်ခံပါတယ် ပိုင်ရှင် ရှေ့ဘက် ကီလိုမီတာ ငါးဆယ်အကွာမှာ ဖိလစ်ပိုင် တွေရဲ့ စစ်သင်္ဘောငယ် အုပ်စုတစ်စုကို ထောက်လှမ်းမိပါတယ် ကင်းလှည့်သင်္ဘော တစ်စီးနဲ့ ဖျက်သင်္ဘော တစ်စီး ပါဝင်ပါတယ်"

ဆွန်ဖုန်း နောက်ထပ် နာရီအနည်းငယ်ကြာ ရေငုပ်သွားပြီးနောက် အသံလက်ထောက် စနစ်က သူ့ကို အချက်ပြလိုက်လေသည်။

'ဖိလစ်ပိုင် တွေရဲ့ သင်္ဘောလား'

"ဟုတ်ပါတယ် ပိုင်ရှင် သူတို့ရဲ့ နိုင်ငံတော်အလံကို ကျွန်တော် မှတ်မိပါတယ် မမှားနိုင်ပါဘူး"

'ကောင်းပြီ သွားကြည့်ကြတာပေါ့'

ဆွန်ဖုန်းသည် ရေငုပ်ဝတ်စုံကို မောင်းနှင်ကာ ထိုစစ်သင်္ဘောငယ် အုပ်စုဆီသို့ ဦးတည်သွားခဲ့လေသည်။ ယခုအချိန်တွင် ညကိုးနာရီကျော်နေပြီ ဖြစ်ပြီး ဤနေရာမှာ ဖိလစ်ပိုင် များ၏ ပြည်တွင်း ရေပိုင်နက် ဖြစ်နေပြီ ဖြစ်သည်။ သို့သော် ဆွန်ဖုန်း အနေဖြင့် စိုးရိမ်ပူပန်ခြင်း မရှိပေ။

မကြာမီ အချိန်အတွင်းမှာပင် ဆွန်ဖုန်းသည် မည်သူမျှ မသိရှိအောင် ထိုစစ်သင်္ဘောငယ် အုပ်စုထဲမှ ဖျက်သင်္ဘောပေါ်သို့ ရောက်ရှိသွားခဲ့လေသည်။ ရေငုပ်ဝတ်စုံကိုမူ ဆွန်ဖုန်းက သိမ်းဆည်းလိုက်ပြီ ဖြစ်သဖြင့် ယခုအခါ လက်နက်ကိုင်ဆောင်လျက် သင်္ဘောပေါ်တွင် ပေါ်လာခြင်း ဖြစ်လေသည်။

အသံလက်ထောက် စနစ်၏ လမ်းညွှန်မှုနှင့် သတိပေးမှုများ ရှိနေသဖြင့် ဆွန်ဖုန်းသည် ဤသင်္ဘောပေါ်တွင် လူသူကင်းမဲ့နေသော နေရာတစ်ခုသို့ ရောက်နေသကဲ့သို့ လွတ်လပ်စွာ သွားလာနိုင်လေသည်။ မကြာမီမှာပင် ဆွန်ဖုန်းသည် လူသတ်ရန် သို့မဟုတ် ခြိမ်းခြောက် မေးမြန်းရန် အလွန် သင့်တော်သော နေရာတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့လေသည်။

အသံလက်ထောက် စနစ်၏ အသေးစိတ် ခွဲခြမ်းစိတ်ဖြာမှုများအရ ဤစင်္ကြံလမ်းတွင် တစ်ဆယ့်ငါးမိနစ်လျှင် တစ်ကြိမ် လူနှစ်ယောက် ကင်းလှည့်လေ့ ရှိကြောင်း သူ သိရှိလိုက်ရသည်။ ထို့ကြောင့် သူက ဤနေရာတွင် စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။

ဤနေရာမှာ စောင့်ကြည့်ကင်မရာများ၏ ကွယ်ရာ ထောင့်ချိုးတစ်ခု ဖြစ်သဖြင့် ခဏနေ မိမိ လှုပ်ရှားပါက အခြားသူများ သိရှိမည် မဟုတ်ပေ။ မိမိဘက်က ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်လျှင် အဆင်ပြေပြီ ဖြစ်လေသည်။

တကယ်တမ်းတွင် ဆွန်ဖုန်း ဤသို့ လိုက်လံ ရှာဖွေနေခြင်းမှာလည်း အကောင်းဆုံး နည်းလမ်း မဟုတ်ဘဲ လူပင်ပန်းပြီး အကျိုးမရှိသော နည်းလမ်းသာ ဖြစ်သည်။ သို့သော် လက်ရှိ အခြေအနေအရ ဆွန်ဖုန်း အနေဖြင့် ဤသို့သာ လုပ်ဆောင်နိုင်ပေသည်။

ဤစစ်သင်္ဘော အုပ်စုမှာ အစောပိုင်းက တံငါသည်များကို သတ်ဖြတ်ခဲ့သော ရေတပ်အုပ်စုနှင့် တစ်အုပ်စုတည်း ဖြစ်လောက်သည်။ ထို့ကြောင့် ဆွန်ဖုန်းသည် ထိုလူများကို ခြိမ်းခြောက် မေးမြန်းကာ မိမိအတွက် အသုံးဝင်မည့် အချက်အလက်များ သိရှိထားခြင်း ရှိမရှိ စုံစမ်းလိုခြင်း ဖြစ်လေသည်။

"ပိုင်ရှင် လူနှစ်ယောက် ဒီဘက်ကို လာနေပါတယ် ပြင်ဆင်ထားပါ"

တစ်ဆယ့်ငါးမိနစ် ကုန်ဆုံးသွားသောအခါ လူနှစ်ယောက် အမှန်တကယ် လျှောက်လှမ်းလာသဖြင့် အသံလက်ထောက် စနစ်က ဆွန်ဖုန်းကို သတိပေးလိုက်လေသည်။

'အင်း ငါ သိတယ်'

ဆွန်ဖုန်းက ခေါင်းညိတ်လိုက်လေသည်။

စင်္ကြံလမ်းပေါ်တွင် ဖိလစ်ပိုင် နှစ်ဦးသည် သေနတ်များကို ကိုင်ဆောင်ထားသော်လည်း ကင်းလှည့်နေသည့် ပုံစံ လုံးဝ မရှိဘဲ တစ်ယောက်တစ်လိပ် ဆေးလိပ်သောက်ကာ ဖြည်းဖြည်းချင်း လျှောက်လှမ်းရင်း စကားပြောဆိုနေကြလေသည်။ ၎င်းတို့၏ အမြင်တွင် ဤသင်္ဘောပေါ်သို့ ရန်သူ ရောက်ရှိလာနိုင်စရာ အကြောင်း လုံးဝ မရှိဟု ထင်မှတ်ထားကြခြင်း ဖြစ်လေသည်။

"မင်း ကြားပြီးပြီလား မနေ့က ငါတို့ ရေတပ်က ကင်းလှည့်သင်္ဘော နှစ်စီး တရုတ်တွေရဲ့ ဝင်တိုက်တာ ခံလိုက်ရလို့ နစ်သွားတယ်တဲ့ ဖျက်သင်္ဘော တစ်စီးတောင် ဝင်တိုက်ခံရတယ် လူ လေးဆယ်ကျော် သေသွားတယ်တဲ့ အခု အထက်လူကြီးတွေ အရမ်း ဒေါသထွက်နေကြလို့ ဒီရက်ပိုင်း ငါတို့ကို ကင်းလှည့်တာ ပိုတင်းကျပ်ခိုင်းနေတာ တရုတ်တွေ ငါတို့ရဲ့ ပြည်တွင်းရေပိုင်နက်ထဲ ဝင်မလာအောင်လို့လေ"

"အင်း ငါလည်း ကြားတယ် ငါ့ရဲ့ ရွာသားတစ်ယောက်လည်း အဲဒီကင်းလှည့်သင်္ဘောပေါ်မှာ ပါသွားတာ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်လည်း သေသွားတယ် ထင်တယ်"

"တကယ်လား ဒါဆိုရင်တော့ တကယ့်ကို ဝမ်းနည်းစရာပဲ"

ထိုလူနှစ်ဦး ပြောဆိုနေကြသည်မှာ ဖိလစ်ပိုင် ဘာသာစကား ဖြစ်သဖြင့် ဆွန်ဖုန်း တစ်လုံးမျှ နားမလည်ပေ။ သို့သော် ၎င်းမှာ အရေးမကြီးတော့ချေ။

ဆွန်ဖုန်းသည် ထိုလူနှစ်ဦး သတိမထားမိခိုက်တွင် ၎င်းတို့၏ အနောက်ဘက်၌ ချက်ချင်း ပေါ်လာပြီး ထက်မြက်သော ဓားမြှောင်ဖြင့် တစ်ဦး၏ လည်ပတ်ကို လှီးဖြတ်ပစ်လိုက်လေသည်။

ရွှမ်းကနဲ အသံနှင့်အတူ သွေးများ ပန်းထွက်လာတော့သည်။ အခြားတစ်ဦးက သတိပြုမိကာ တုံ့ပြန်ရန် ပြင်လိုက်ချိန်တွင် ဆွန်ဖုန်းက သူ၏ ပါးစပ်ကို ပိတ်ကာ လက်ဝါးချက်ဖြင့် ရိုက်ချလိုက်ရာ ထိုသူမှာ ချက်ချင်းပင် မူးမေ့လဲကျသွားရရှာလေသည်။

ဆွန်ဖုန်း၏ လှုပ်ရှားမှုများက အလွန် သွက်လက်လှသဖြင့် မကြာမီမှာပင် ထိုလူသေအလောင်းကို သေချာစွာ ဝှက်ထားလိုက်လေသည်။ ထို့နောက် မူးမေ့နေသော ဖိလစ်ပိုင်ကောင်ကို ထောင့်စွန်းတစ်ခုသို့ ဆွဲခေါ်သွားပြီး ပြန်လည် နှိုးလိုက်လေသည်။

"အွတ်"

မူးမေ့နေသော ဖိလစ်ပိုင်ကောင် နိုးလာသောအခါ မိမိ၏ လည်ပင်းတွင် ထက်မြက်သော ဓားတစ်ချောင်း တင်ထားသည်ကို မြင်တွေ့လိုက်ရသဖြင့် သူ အော်ဟစ်လျှင် သို့မဟုတ် လှုပ်ရှားလျှင် သေရတော့မည် ဖြစ်ကြောင်း ချက်ချင်း သိရှိသွားလေသည်။

"မင်း အင်္ဂလိပ်လို ပြောတတ်လား"

ဆွန်ဖုန်းက ထိုဖိလစ်ပိုင်ကောင်ကို ကြည့်ကာ မေးမြန်းလိုက်လေသည်။

"ပြော ပြောတတ်ပါတယ် နည်းနည်းပါ"

ထိုဖိလစ်ပိုင်ကောင်၏ မျက်နှာမှာ ဖြူလျော်နေပြီး ဆွန်ဖုန်းကြောင့် အလွန်အမင်း ထိတ်လန့်နေကြောင်း ထင်ရှားလှသည်။ ခုနက သူ၏ သူငယ်ချင်းမှာ ဤလူ၏ လက်ချက်ဖြင့် ချက်ချင်း သေဆုံးသွားသည်ကို သူ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။ အော်ဟစ်သံပင် မပြုနိုင်ခဲ့ချေ။

ယခုအချိန်တွင် ထိုဖိလစ်ပိုင်ကောင်သည် သေခြင်းတရားက မိမိနှင့် အလွန် နီးကပ်နေကြောင်း သိရှိသွားလေပြီ။

"ငါ မင်းကို မေးမယ် မင်း အမှန်အတိုင်း ဖြေရမယ် မဟုတ်ရင်တော့ ဟွန့် ဟွန့် မင်းရဲ့ သူငယ်ချင်းလိုပဲ ဖြစ်သွားမယ်"

ဆွန်ဖုန်းက အေးစက်စက် လေသံဖြင့် ပြောဆိုလိုက်လေသည်။

"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ကျွန်တော် သိသမျှ အကုန်လုံးကို အမှန်အတိုင်း ပြောပါ့မယ်"

ထိုဖိလစ်ပိုင်ကောင်သည် မည်သို့ ပြန်လည် ခုခံရဲမည်နည်း။ ခေါင်းညိတ်ကာ လိမ္မာစွာဖြင့်သာ ပြန်လည် ဖြေကြားလိုက်ရလေသည်။

"ငါ မင်းကို မေးမယ် လွန်ခဲ့တဲ့ ရက်ပိုင်းက မင်းတို့ သတ်လိုက်တဲ့ တံငါသည်တွေ အပြင် နောက်ထပ် လူတစ်စုကိုကော မင်းတို့ ဘယ်မှာ သွားဖွက်ထားကြလဲ သူတို့က ဖုန်းရွေ့ ပင်လယ်ရေကြောင်း ရှာဖွေရေး ကုမ္ပဏီက လူတွေပဲ"

ဆွန်ဖုန်းက ခြိမ်းခြောက် မေးမြန်းလိုက်လေသည်။

All Chapters