အခန်း ၃၆၃
Vol. 37 Ch. 363
အခန်း ၃၆၃ - ဖျက်သင်္ဘောကို ဖောက်ခွဲပစ်လိုက်ခြင်း
"ကျွန်တော်... ကျွန်တော် မသိဘူး ကျွန်တော် အဲဒီ စစ်ဆင်ရေးမှာ မပါခဲ့ဘူး"
ထိုအချိန်တွင် ဖိလစ်ပိုင် မှာ ဆွန်ဖုန်း၏ ခြိမ်းခြောက်မှုကြောင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေပြီး စကားပြောရာတွင်လည်း တုန်တုန်ယင်ယင် ဖြစ်နေလေသည်။ သူ၏ မျက်နှာပေါ်တွင်လည်း ထိတ်လန့်ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေပြီး ဆွန်ဖုန်းက သူ့ကိုပါ သတ်ပစ်လိုက်မည်ကို ကြောက်နေပုံ ရလေသည်။
"ဒါဆို ဘယ်ရေတပ် အုပ်စုက လှုပ်ရှားခဲ့တာလဲ ဆိုတာကိုကော မင်း သိလား"
ဆွန်ဖုန်းက ထိုဖိလစ်ပိုင် ၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ မေးလိုက်လေသည်။
ကြည့်ရသည်မှာ သူက လိမ်နေပုံ မပေါ်ပေ။ ဖိလစ်ပိုင် ရေတပ်ကြီး တစ်ခုလုံးက အလွန် ကြီးမားလှသဖြင့် ရေတပ် အုပ်စုငယ်လေးများ အများအပြား ခွဲထားမည်မှာ သေချာလှသည်။ ထို့ကြောင့် သူ မပါဝင်ခဲ့ခြင်းမှာလည်း ဖြစ်နိုင်ခြေ ရှိလေသည်။
"ကျွန်တော် မသိဘူး ဒီလို လျှို့ဝှက်ချက်တွေကို ကျွန်တော်တို့လို စစ်သားငယ်လေးတွေ သိခွင့် မရှိပါဘူး"
"အသုံးမကျတဲ့ ကောင်"
ဆွန်ဖုန်းက ကြားပြီးနောက် ဘာစကားမှ ဆက်မပြောတော့ဘဲ သူ၏ လည်ပင်းကို ချက်ချင်း ချိုးပစ်လိုက်လေသည်။
"ဂျွတ်"
အရိုးကျိုးသံ တစ်ချက် ထွက်ပေါ်လာပြီးနောက် ထိုဖိလစ်ပိုင် မှာ မျက်လုံးပြူးကာ သေဆုံးသွားလေတော့သည်။ သေဆုံးသွားချိန်တွင်ပင် သူ၏ မျက်နှာပေါ်ရှိ ထိတ်လန့်ကြောက်ရွံ့နေသော အမူအရာများက ကျန်ရစ်နေဆဲ ဖြစ်လေသည်။
"ပိုင်ရှင် ကြည့်ရတာ ဒီလို လိုက်ရှာနေတာက အလုပ် မဖြစ်လောက်ဘူး အရမ်း နှေးလွန်းတယ် ကျွန်တော်တို့ ရှာတွေ့တဲ့ အချိန်ကျရင် သူတို့ အလောင်းကို သွားကောက်ရုံပဲ ရှိတော့မယ် ထင်တယ်"
ထိုအချိန်တွင် အသံလက်ထောက်က ဆွန်ဖုန်းကို ပြောလိုက်လေသည်။
"ဟူး ငါလည်း ဘာလုပ်လို့ ရမှာလဲ မင်းက အစွမ်းကုန် မစွမ်းဆောင်နိုင်လို့သာ ငါက လိုက်ရှာနေရတာ မဟုတ်ဘူးလား"
ဆွန်ဖုန်းက အသံလက်ထောက်ကို မျက်စောင်းထိုးကာ ပြောလိုက်လေသည်။
"သောက်ကျိုးနည်း ပိုင်ရှင် ခင်ဗျား တော်တော် အပြောရိုင်းတာပဲ ကျွန်တော် အခု တော်တော်လေး စွမ်းဆောင်နိုင်နေပြီနော် ခင်ဗျားကို အများကြီး ကူညီပေးထားတာကို ပြီးတော့ ကျွန်တော်က အရာအားလုံးကို သိတဲ့ နတ်ဘုရားမှ မဟုတ်တာ"
အသံလက်ထောက်က အလွန် မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေသည်။ သူက အရာအားလုံးကို ဖန်ဆင်းနိုင်ပြီး အရာအားလုံးကို သိမြင်နိုင်သော ဘုရားသခင်မှ မဟုတ်ဘဲလေ။
"အခု ဘယ်လို လုပ်ကြမလဲ ဒီလိုပဲ တစ်ယောက်ချင်းစီ လိုက်ပြီး ခြိမ်းခြောက် မေးမြန်းနေဦးမလို့လား"
အသံလက်ထောက်က မေးလိုက်လေသည်။
"ငါ့မှာ အဲဒီလောက် အချိန်နဲ့ အားလပ်ချိန် မရှိဘူး ဒီဖိလစ်ပိုင် တွေက ပညာပေးဖို့ လိုနေတာ ဟွန့် ဟွန့် ကြည့်ရတာ ငါတို့ လက်စွမ်းပြရမယ့် အချိန် ရောက်ပြီ ထင်တယ် ဒီနေရာကို ပွက်လောရိုက်သွားအောင် လုပ်ပစ်မယ် ဟားဟား"
ဆွန်ဖုန်းက အေးစက်စက် ရယ်မောလိုက်လေသည်။
"ဘယ်လို လုပ်မလဲ"
"သေချာတာပေါ့ ဖိလစ်ပိုင် တွေရဲ့ ပင်လယ်ပြင်ပေါ်က သင်္ဘောတွေ အားလုံးကို နစ်မြုပ်ပစ်လိုက်မယ် ငါက သူတို့ကို ကြည့်လို့မရဘူးလေ သူတို့ ဘယ်လောက် ရောင့်တက်နိုင်သေးလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်"
ဆွန်ဖုန်းက ပြောလိုက်လေသည်။
"ကောင်းပြီ ကျွန်တော် ထောက်ခံတယ်"
"သွားစို့ ရေငုပ်ကြမယ် ငါတို့ အရင်ဆုံး ဒီဖျက်သင်္ဘောနဲ့ ဟိုကင်းလှည့် သင်္ဘောကို ဖောက်ခွဲပစ်လိုက်မယ်"
ဆွန်ဖုန်းသည် ရေငုပ်ဝတ်စုံကို ဝတ်ဆင်ပြီးနောက် ကာကွယ်ရေး အကာအကွယ်ကို ဖွင့်ကာ မည်သူမျှ မသိရှိအောင် ပင်လယ်ရေထဲသို့ ပြန်လည် ရောက်ရှိသွားလေသည်။
ထိုအချိန်တွင် ဒီဖျက်သင်္ဘောပေါ်ရှိ သင်္ဘောသားများမှာ အချို့က ကင်းစောင့်နေကြပြီး၊ အချို့က အိပ်နေကြကာ၊ အချို့ကတော့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြလေသည်။ ခေါင်းဆောင်များ ကတော့ သူတို့၏ အခန်းထဲတွင် ဖဲရိုက်ကာ၊ လေကန်ကာ၊ အရက်သောက်နေကြလေသည်။
ဤနေရာမှာ သူတို့၏ ပြည်တွင်း ရေပိုင်နက် ဖြစ်သဖြင့် သာမန်အားဖြင့် ပြင်ပ သင်္ဘောများ ဝင်ရောက်လာလေ့ မရှိပေ။ ထို့ကြောင့် သူတို့၏ အဓိက တာဝန်မှာ ပုံမှန် ကင်းလှည့်ရန်သာ ဖြစ်ပြီး ဘာပြဿနာမှ ဖြစ်လေ့ မရှိချေ။
ယခုလို တင်းမာနေသော အခြေအနေမျိုးတွင်ပင် ၎င်းမှာ ရေတပ် အုပ်စုကြီးများ၏ တာဝန်သာ ဖြစ်လေသည်။ သူတို့လို ရေတပ် အုပ်စုငယ်များ အနေဖြင့် ဘာမှ လုပ်စရာ မလိုပေ။
မည်သည့် ကာကွယ်မှုမျှ မရှိ၊ မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိဘဲ ထိုလူများ မိမိတို့ လုပ်စရာရှိသည်များကို လုပ်နေကြချိန်တွင် ဆွန်ဖုန်းက ရေငုပ်ဝတ်စုံကို မောင်းနှင်ကာ ဒီဖျက်သင်္ဘော၏ အမြီးပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ဆွန်ဖုန်းသည် သင်္ဘောအမြီးပိုင်းရှိ လည်ပတ်နေသော ပန်ကာကြီးကို ကြည့်ကာ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာလေသည်။ ယခင်ကလည်း သူသည် အမေရိကန် ဖျက်သင်္ဘော တစ်စီး၏ ပန်ကာကို ဖောက်ခွဲခဲ့ဖူးရာ ယခုတစ်ကြိမ်လည်း ထိုခံစားချက်မျိုးကို ပြန်လည် ရယူရန် ရည်ရွယ်လိုက်လေသည်။ ဒီဖိလစ်ပိုင် များကို ထိတ်လန့် ကြောက်ရွံ့မှုများကြားတွင် နစ်မြုပ်သွားစေရန် ရည်ရွယ်ထားလေသည်။ ဆွန်ဖုန်း ရက်စက်ခြင်း မဟုတ်ဘဲ ဒီဖိလစ်ပိုင် များက သတ်ပစ်ချင်စရာ ကောင်းလောက်အောင် ယုတ်မာလွန်းသောကြောင့် ဖြစ်လေသည်။
"လက်နက် စနစ်ကို ဖွင့်လိုက်"
ဆွန်ဖုန်းက ရေငုပ်ဝတ်စုံကို တိုက်ခိုက်ရေး အမိန့် ပေးလိုက်လေသည်။
"ဟုတ်ကဲ့ပါ ပိုင်ရှင် စတင်နေပါပြီ... ပြီးဆုံးပါပြီ"
တစ်စက္ကန့်ပင် မပြည့်ခင်မှာ လက်နက် စနစ်က အသင့် ဖြစ်သွားလေသည်။ ရေငုပ်ဝတ်စုံ၏ လက်မောင်း နှစ်ဖက်တွင် အပြာရောင် သေမင်းတမန် အလင်းတန်း စွမ်းအင်များ စတင် စုစည်းလာလေသည်။
သာမန်အားဖြင့် ဆိုပါက စွမ်းအင် စုစည်းနေရန် မလိုဘဲ တိုက်ရိုက် ပစ်ခတ်နိုင်သော်လည်း ယခု ရင်ဆိုင်ရမည့် အရာမှာ သံမဏိ သင်္ဘောများ ဖြစ်ပြီး သံမဏိ အလွှာက အတော်လေး ထူထဲသဖြင့် စွမ်းအင် စုစည်းရန် လိုအပ်ခြင်း ဖြစ်လေသည်။
"စွမ်းအင် စုစည်းလို့ ပြီးပါပြီ အချိန်မရွေး ပစ်ခတ်နိုင်ပါပြီ"
အသံလက်ထောက်က ပြောလိုက်လေသည်။
"ကောင်းပြီ ပစ် ဒီဖျက်သင်္ဘောရဲ့ ပန်ကာကို အရင် ဖောက်ခွဲပစ်လိုက်မယ် အဲဒါမှ သူတို့ရဲ့ ရွေ့လျားနိုင်စွမ်းကို ဖျက်ဆီးပစ်နိုင်မှာ ပြီးမှ သူတို့ကို ဖြည်းဖြည်းချင်း ကစားကြတာပေါ့ ဟားဟား"
ဆွန်ဖုန်းက ကောက်ကျစ်စွာ ရယ်မောလိုက်လေသည်။
'ငါ တော်တော် ဆိုးလာသလိုပဲ' ဟု သူ တွေးလိုက်မိလေသည်။
"ပစ်"
ဆွန်ဖုန်း၏ အမိန့်နှင့်အတူ ရေငုပ်ဝတ်စုံက ချိန်ရွယ်ထားသော သံမဏိ ပန်ကာကြီးဆီသို့ အလင်းတန်း နှစ်ခု ပစ်လွှတ်လိုက်လေသည်။
ရွှီး ရွှီး ဟူသော အသံများနှင့်အတူ ပန်းကန်လုံး အရွယ်အစားခန့် ရှိသော အပြာရောင် သေမင်းတမန် အလင်းတန်း နှစ်ခုသည် ရေငုပ်ဝတ်စုံ၏ လက်မောင်းများမှ ထွက်ပေါ်လာလေသည်။ ၀.၀၀၀၁ စက္ကန့် အတွင်း အကွာအဝေးကို ဖြတ်ကျော်ကာ ရေများကို ထိုးဖောက်ပြီး ထိုလည်ပတ်နေသော သံမဏိ ပန်ကာကြီးကို တိုက်ခိုက်လိုက်လေသည်။
"ဘုန်း ဘုန်း"
ဧရာမ ပေါက်ကွဲသံကြီး နှစ်ချက် အပြီးတွင် ဆွန်ဖုန်းက ထိုအပြာရောင် သေမင်းတမန် အလင်းတန်း နှစ်ခုသည် ဖျက်သင်္ဘော အမြီးပိုင်းရှိ ပန်ကာကို ဖောက်ခွဲပစ်လိုက်ကြောင်း မြင်တွေ့လိုက်ရလေသည်။
ထိုသံမဏိ ပန်ကာကြီးမှာ ယခုအခါ ကောက်ကွေးနေသော သံမဏိ အလိပ်ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး အလွန် ကြည့်ရဆိုးနေလေပြီ။ ပန်ကာ ဖောက်ခွဲခံရရုံတင် မကဘဲ အတွင်းရှိ ဒီဇယ် အင်ဂျင် စက်များပါ ဖျက်ဆီးခံလိုက်ရလေသည်။
သင်္ဘောအမြီးပိုင်းမှ ဧရာမ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် ဒီဖျက်သင်္ဘော တစ်စီးလုံးမှာ တော်ပီဒို ထိမှန်သွားသကဲ့သို့ အပြင်းအထန် တုန်ခါသွားပြီး ကုန်းပတ်ပေါ်တွင် ရပ်နေသော သင်္ဘောသားများမှာ တုန်ခါမှုကြောင့် ကြမ်းပြင်ပေါ်သို့ လဲကျသွားကြလေသည်။
"ဘာဖြစ်တာလဲ"
ဤမျှ ပြင်းထန်သော ပေါက်ကွဲသံကြောင့် ကပ္ပတိန်နှင့် ခေါင်းဆောင်များ အားလုံး ချက်ချင်း နိုးထလာကြလေသည်။ ဤပေါက်ကွဲသံက လူတိုင်းကို ထိတ်လန့်သွားစေပြီး ရန်သူ၏ တိုက်ခိုက်မှုဟု ထင်မှတ်သွားကြလေသည်။
"ဝီ ဝီ ဝီ..."
ပေါက်ကွဲမှု ဖြစ်ပွားပြီး ငါးစက္ကန့်ပင် မပြည့်ခင်မှာပင် ဆူညံသော အချက်ပေး ဥဩသံများ ထွက်ပေါ်လာလေသည်။ လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွားသော်လည်း ဒီသင်္ဘောသားများက လျင်မြန်စွာပင် တည်ငြိမ်သွားကြပြီး မိမိတို့၏ နေရာ အသီးသီးသို့ အလျင်အမြန် သွားရောက်ကာ ကပ္ပတိန်၏ အမိန့်ကို စောင့်ဆိုင်းနေကြလေသည်။
တစ်ချိန်တည်းမှာပင် ပြုပြင်ရေး ဌာနမှ ဝန်ထမ်းများကလည်း သင်္ဘောအမြီးပိုင်းသို့ အလျင်အမြန် သွားရောက်ကာ အခြေအနေကို စစ်ဆေးကြလေသည်။ ဖြစ်နိုင်ပါက ချက်ချင်း ပြုပြင်ရေးများ ပြုလုပ်ကြမည် ဖြစ်သည်။
ထို့အပြင် ဒီဖျက်သင်္ဘော တိုက်ခိုက်ခံရပြီးနောက် မနီးမဝေးရှိ ကင်းလှည့် သင်္ဘောထံသို့ အကူအညီ တောင်းခံလိုက်သလို ဌာနချုပ်သို့လည်း လက်ရှိ အခြေအနေကို အစီရင်ခံလိုက်လေသည်။
"အစီရင်ခံပါတယ် ကပ္ပတိန် လက်နက် ဌာန အသင့် ဖြစ်ပါပြီ ရေဒါ ဌာနလည်း အသင့် ဖြစ်ပါပြီ ဒါပေမဲ့ လောလောဆယ် ရန်သူ ဘယ်မှာ ရှိနေလဲ ဆိုတာကို ရှာမတွေ့သေးပါဘူး"
"အစီရင်ခံပါတယ် ကပ္ပတိန် သင်္ဘောအမြီးပိုင်းက အင်ဂျင်ခန်း အကြီးအကျယ် ပျက်စီးသွားပါတယ် အခု ဖျက်သင်္ဘောကို ရွေ့လျားဖို့ စွမ်းအင် မပေးနိုင်တော့ပါဘူး ပြုပြင်ရေး ဌာနက ညီအစ်ကိုတွေရဲ့ အစီရင်ခံချက် အရ အမြီးပိုင်း အခန်းကို ပြင်လို့ မရတော့ပါဘူး အခု ရေတွေ မဝင်လာအောင် တံခါးကို ပိတ်ထားရပါတယ်"
ကပ္ပတိန်က ကြားပြီးနောက် မျက်နှာ မည်းမှောင်သွားကာ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
"ဆိုလိုတာက ငါတို့ရဲ့ ဒီဖျက်သင်္ဘောက တိုက်ခိုက်ရေး စွမ်းရည် ဆုံးရှုံးသွားပြီပေါ့"
"ဟုတ်ပါတယ် ကပ္ပတိန်"
ထိုလက်အောက်ငယ်သားက ခေါင်းငုံ့ကာ ပြောလိုက်လေသည်။
"ဌာနချုပ်ကို အမြန် အကူအညီ တောင်းလိုက် ပြီးတော့ ဟိုကင်းလှည့် သင်္ဘောကိုလည်း ငါတို့ကို လာကူညီဖို့ ပြောလိုက် လက်နက် ဌာနကို အသင့် ပြင်ထားဖို့ ပြောလိုက် ရန်သူကို တွေ့တာနဲ့ ချက်ချင်း ပြန်လည် တိုက်ခိုက်ဖို့ ရန်သူ ဘယ်မှာ ရှိနေလဲ ဆိုတာကို အမြန်ဆုံး ရှာဖွေဖို့"
ဒီဖိလစ်ပိုင် ကပ္ပတိန်က လျင်မြန်စွာ အမိန့်ပေးလိုက်လေသည်။
"ဟုတ်ကဲ့"
သိပ်မကြာခင်မှာပင် ဒီဖျက်သင်္ဘောသည် တိုက်ခိုက်ရေး စွမ်းရည် ဆုံးရှုံးသွားသော်လည်း ၎င်း၏ လက်နက်များက အကောင်းတိုင်း ရှိနေသေးသဖြင့် တိုက်ခိုက်ရေး စွမ်းရည် အနည်းငယ်တော့ ရှိနေသေးသည်။ အနည်းဆုံးတော့ အမြောက်များနှင့် ရေအောက် ဗုံးများကို အသုံးပြု၍ တိုက်ခိုက်နိုင်သေးလေသည်။
သို့သော် သူတို့ ရှာဖွေ စစ်ဆေးကြည့်လိုက်သောအခါ သူတို့ကို အလွန် အံ့အားသင့်သွားစေသော သတင်းတစ်ခု ရရှိလိုက်လေသည်။ ၎င်းမှာ ရန်သူ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရခြင်းပင် ဖြစ်လေသည်။
ပင်လယ်ပြင်ပေါ်တွင် ရန်သူ၏ သင်္ဘော မရှိကြောင်း သေချာသည်။ ယ်ကြောင့်ဆိုသော် ရန်သူ၏ သင်္ဘောကို လုံးဝ မတွေ့ရသောကြောင့်ပင်။ ထိုသို့ဆိုလျှင် အဖြစ်နိုင်ဆုံးမှာ ရန်သူ၏ ရေငုပ်သင်္ဘောပင် ဖြစ်လေသည်။ သို့သော် ရေငုပ်သင်္ဘောများမှာ အမြဲတမ်း ဖျက်သင်္ဘောများကို ကြောက်ရွံ့ကြလေသည်။
သာမန်အားဖြင့် ဖျက်သင်္ဘော တစ်စီးက ရေငုပ်သင်္ဘောနှင့် တွေ့ပါက နောက်မှ လိုက်လံ တိုက်ခိုက်လေ့ ရှိသည်။ ရေအောက် ဗုံးများ ပစ်ချလိုက်ပါက ရေငုပ်သင်္ဘောမှာ မထွက်ပြေးနိုင်လျှင် သေရန်သာ ရှိတော့လေသည်။