← Chapters

အခန်း ၃၆၆

Vol. 37 Ch. 366

အခန်း ၃၆၆

Vol. 37 Ch. 366

အခန်း ၃၆၆ - အပူပေါ် အပူဆင့်ခြင်း

သို့သော် အကြောက်တရားနှင့် ရင်ဆိုင်ရချိန်တွင် လူတို့သည် မည်သည့်စကားကိုမျှ နားဝင်လေ့ မရှိကြပေ။ မှောင်မိုက်နေသော ပင်လယ်ပြင်ကြီးကို ကြည့်ရင်း နောက်တစ်စက္ကန့်တွင် မည်သို့သော ကံဆိုးမိုးမှောင်ကျမှုမျိုး ဖြစ်လာမည်ကို မည်သူကမျှ မသိနိုင်ချေ။ ပထမဆုံး ကယ်ဆယ်ရေး အဖွဲ့ ရောက်လာရန် အနည်းဆုံး တစ်နာရီခန့် စောင့်ရဦးမည် ဖြစ်ကြောင်း နစ်ခ် သိထားလေသည်။

ထို့အပြင် ရန်သူက တစ်နေရာရာတွင် ပုန်းအောင်းနေပြီး ကယ်ဆယ်ရေး တပ်ဖွဲ့များ ရောက်လာမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခြင်း ဟုတ်မဟုတ် ကိုလည်း သူ မသိပေ။ ဤသည်မှာ ရန်သူ ထောင်ထားသော ထောင်ချောက် တစ်ခုလည်း ဖြစ်နိုင်လေသည်။ ထိုအကြောင်းကို တွေးမိသည်နှင့် နစ်ခ်၏ ကျောပြင်တစ်ခုလုံး ချွေးအေးများ စီးကျလာတော့သည်။

တကယ်တမ်းတွင် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။ ယ်ကြောင့်ဆိုသော် ဤနေရာသည် ဖိလစ်ပိုင် များ၏ ပြည်တွင်း ရေပိုင်နက် ဖြစ်ရာ ရန်သူ အနေဖြင့် ဤနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ရဲသော သတ္တိ ရှိပါမည်လော။ သို့သော် နစ်ခ်က ယခု တွေးကြည့်လေလေ ရန်သူက တကယ်ပင် ထိုသို့ လုပ်ရဲမည်ဟု ထင်လာလေလေ ဖြစ်သည်။

ယ်ကြောင့်ဆိုသော် အစောပိုင်းက ရန်သူ၏ တိုက်ခိုက်မှု နည်းလမ်းမှာ အလွန် ဆန်းကြယ်လွန်းနေသဖြင့် ရန်သူက သူတို့ကို မည်သို့ တိုက်ခိုက်ခဲ့သနည်း ဆိုသည်ကို ယခုတိုင် သူ နားမလည်နိုင်သေးသောကြောင့်ပင်။

အထူးသဖြင့် ဒုတိယအကြိမ် တိုက်ခိုက်မှုတွင် သူတို့ စစ်သင်္ဘော၏ ဆိုနာ၊ အနီအောက်ရောင်ခြည်၊ ရေဒါ စသည့် အဆင့်မြင့် ထောက်လှမ်းရေး ကိရိယာများ အားလုံး ဖွင့်ထားသည့်တိုင် တစ်ဖက်လူက သူတို့၏ စစ်သင်္ဘောကို အပေါက်များ တစ်ပေါက်ပြီး တစ်ပေါက် ဖြစ်အောင် ဖောက်နိုင်ခဲ့သည်။ ဤအချက်က နစ်ခ်ကို ရန်သူ၏ ကြောက်မက်ဖွယ် ကောင်းပုံကို ခံစားသိရှိသွားစေလေသည်။

ယခုအချိန်အထိ ရန်သူက မည်သို့သော သတ္တဝါဆိုးမျိုး ဖြစ်သနည်း ဆိုသည်ကို နစ်ခ် မသိသေးချေ။ ရေငုပ်သင်္ဘောဟု ဆိုရမည်လား။ လက်ရှိ အခြေအနေ အရပ်ရပ်ကို ကြည့်ရသလောက် မဟုတ်ပုံ ပေါ်လေသည်။

သို့မဟုတ်ပါက သူ၏ ဖျက်သင်္ဘောကြီး အနေဖြင့် အနည်းငယ်မျှပင် ပြန်လည် မခုခံနိုင်ဘဲ ရှိမည် မဟုတ်ချေ။ မဟုတ်ဘူးဟု ဆိုရအောင်ကလည်း အနီးအနား ပင်လယ်ပြင်တွင် အခြား ရန်သူ့ စစ်သင်္ဘောများ လုံးဝ မရှိပေ။ ဒါဆိုရင် ဘာကြီးများလဲ။ သမုဒ္ဒရာသုံး လက်နက်သစ် တစ်မျိုးများလား။

နစ်ခ်တို့နှင့် အနီးဆုံး အကွာအဝေးတွင် ရှိသော ကယ်ဆယ်ရေး ရေတပ် အုပ်စုငယ်မှာ ခရီးစဉ် မိနစ်လေးဆယ်ခန့်သာ လိုတော့သည်။ ခရီးဆုံးသို့ နီးကပ်လာလေလေ ကပ္ပတိန် ဂျိုနသန်၏ ရင်ထဲတွင် ပို၍ စိုးရိမ်လာလေလေ ဖြစ်သည်။

"ကပ္ပတိန် နစ်ခ်နဲ့ အဆက်အသွယ် မရသေးဘူးလား"

ဂျိုနသန်က သူ၏ လက်ထောက်ကို မေးလိုက်လေသည်။ လွန်ခဲ့သော မိနစ်နှစ်ဆယ်ခန့်က သူတို့နှင့် နစ်ခ်တို့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူ၏ စိုးရိမ်ပူပန်မှုပင် ဖြစ်လေသည်။

ဆိုလိုသည်မှာ သူသည် စစ်မြေပြင်၏ အချက်အလက်များကို သိရှိ နားလည်နိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားခြင်း ဖြစ်ပြီး ဤအခြေအနေက သူတို့အတွက် အလွန် အဆင်မပြေလှပေ။ ထိုနေရာတွင် လက်ရှိ ဘာတွေ ဖြစ်ပျက်နေသနည်း ဆိုသည်ကို မည်သူကမျှ မသိသလို အခြေအနေ အသစ် ဘာတွေ ပြောင်းလဲနေသနည်း ဆိုသည်ကိုလည်း မသိနိုင်ချေ။

"ဟုတ်ပါတယ် ကပ္ပတိန်"

လက်ထောက်က ပြန်ဖြေလိုက်လေသည်။

"ကပ္ပတိန် ခုနက ဌာနချုပ်က သတင်းပို့လာပါတယ် သူတို့လည်း ကပ္ပတိန် နစ်ခ်နဲ့ အဆက်အသွယ် ပြတ်သွားပြီ တဲ့ ဒါပေမဲ့ ကပ္ပတိန် နစ်ခ်ရဲ့ နောက်ဆုံး အကြောင်းပြန်ချက် အရဆိုရင် သူတို့ သင်္ဘောကို စွန့်ပစ်လိုက်ကြပြီ ထင်တယ် သူတို့က ရန်သူ့ရဲ့ တိုက်ခိုက်မှုကို ထပ်ခံရတာလေ အဲဒီ ဖျက်သင်္ဘောနဲ့ ကင်းလှည့် သင်္ဘောကတော့ ပြန်ရနိုင်တော့မှာ မဟုတ်ဘူး တဲ့"

လက်ထောက်က ပြောလိုက်လေသည်။

"အင်း ငါ သိပြီ"

ဂျိုနသန်က လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။ ဤသတင်းဆိုးကို ကြားလိုက်ရသဖြင့် ဂျိုနသန်၏ ရင်ထဲတွင် အနည်းငယ် လေးလံသွားလေသည်။ နှစ်ပေါင်းများစွာ အတွင်း သူတို့ လူတွေ ပြည်တွင်း ရေပိုင်နက်ထဲမှာပင် အခြားသူများ၏ တိုက်ခိုက် ဖျက်ဆီးခြင်းကို ခံလိုက်ရသည်မှာ ဤသည်က ပထမဆုံး အကြိမ်ပင် ဖြစ်လေသည်။

ယခု ကိစ္စမှာ အလွန် ပြင်းထန် ဆိုးရွားလှသည်။ ဌာနချုပ်က ကြီးမား တောင့်တင်းသော ရေတပ် အုပ်စုကြီး တစ်စုကိုပါ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း သူ သိလေသည်။ သူက ရှေ့တန်းမှ ဦးဆောင်လာရခြင်း ဖြစ်သည်။ ဤအချက်ကပင် ယခု ကိစ္စ၏ ကြီးမားမှုကို သက်သေပြနေလေသည်။ ၎င်းမှာ သူတို့၏ အာဏာစက်ကို စိန်ခေါ်ခံလိုက်ရခြင်းပင် ဖြစ်လေသည်။

"ဒီတစ်ခေါက် ဘာအန္တရာယ်မှ ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်"

ဂျိုနသန်က သက်ပြင်းချကာ ပြောလိုက်လေသည်။

......

ဤအချိန်တွင် ဆွန်ဖုန်းသည် ပင်လယ်ရေထဲတွင် ရှိနေဆဲ ဖြစ်ပြီး ပင်လယ်ပြင်ပေါ်တွင် ရုန်းကန်နေကြသော ဖိလစ်ပိုင် များကို ကြည့်ရှုနေလေသည်။ ဤဖိလစ်ပိုင် များမှာ ယခုအခါ သေလုမျောပါး အော်ဟစ် ညည်းညူနေကြလေသည်။

ထို့အပြင် ဒဏ်ရာရနေသူ အချို့ကြောင့် ငါးမန်း လေးငါးကောင်ခန့် ရောက်ရှိလာသည်ကိုပင် ဆွန်ဖုန်း မြင်တွေ့လိုက်ရလေသည်။ ထိုသွေးနံ့များက ဤငါးမန်းများကို အလွန် ဆွဲဆောင်နေခြင်းပင်။

"အို ဘုရားရေ ငါး ငါးမန်းတွေ"

ဘယ်သူက ငါးမန်းများ လာနေသည်ကို အရင် မြင်သွားသနည်း မသိ၊ ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်လေသည်။ ထိုအော်ဟစ်သံက လူတိုင်းကို ချက်ချင်း ထိတ်လန့်သွားစေပြီး အထူးသဖြင့် ရေထဲတွင် စိမ်နေရဆဲ ဖြစ်သော သင်္ဘောသားများ၏ မျက်နှာများမှာ ချက်ချင်း ပြောင်းလဲသွားကာ ဖြူလျော်သွားကြတော့သည်။

အသက်ကယ် လှေပေါ်တွင် ရှိနေသူများကတော့ အနည်းငယ် တော်သေးသည်။ အနည်းဆုံးတော့ ငါးမန်းများက လူသတ်မည် ဆိုပါက ရေထဲတွင် ရှိနေသူများကိုသာ အရင် သတ်မည် မဟုတ်ပါလော။

"အားလုံး မကြောက်ကြနဲ့ မလှုပ်ရှားကြနဲ့ ဒဏ်ရာရနေတဲ့ သူတွေ အမြန်ဆုံး သွေးတိတ်အောင် ပတ်တီး စည်းကြ သေနတ်လည်း မပစ်ကြနဲ့ တကယ်လို့ ဒီငါးမန်းတွေကို ပစ်သတ်လိုက်ရင် တခြား ငါးမန်းတွေ ပိုပြီး ရောက်လာလိမ့်မယ် အားလုံး တည်တည်ငြိမ်ငြိမ် နေကြ"

အသက်ကယ် လှေပေါ်တွင် ထိုင်နေသော နစ်ခ်က ဤအခြေအနေကို မြင်သောအခါ အသံကုန် အော်ဟစ် သတိပေးလိုက်လေသည်။

နစ်ခ်၏ စကားကို ကြားပြီးနောက် ငါးမန်းများနှင့် အနီးဆုံးတွင် ရှိနေသော စစ်သားများမှာ ကျိန်ဆဲချင်စိတ်ပင် ပေါက်သွားကြလေသည်။

'သောက်ကျိုးနည်း မင်းက အသက်ကယ် လှေပေါ်မှာ ရှိနေလို့ ဒီလို အေးဆေး ပြောနိုင်တာပေါ့ ဒီငါးမန်းတွေနဲ့ အနီးကပ် နေကြည့်ပါလား မင်းတောင် ကြောက်လွန်းလို့ သေးထွက်ကျသွားမယ် ဆိုတာ သေချာတယ်' ဟု စိတ်ထဲမှ ညည်းညူလိုက်ကြလေသည်။

"သောက်ကျိုးနည်း ငါးမန်းတွေ လာနေပြီ"

ဘယ်သူက အော်လိုက်သနည်း မသိ၊ ထို့နောက်တွင်တော့ ဒိုင်း ဒိုင်း ဒိုင်း ဟူသော သေနတ်သံများ ထွက်ပေါ်လာတော့သည်။

ဒီလူအချို့၏ သေနတ်ပစ်စွမ်းရည်မှာ မဆိုးလှဟု ဆိုရမည်။ သူတို့ ပူးပေါင်း ပစ်ခတ်လိုက်ရာ သူတို့ဆီ ပြေးဝင်လာသော ငါးမန်း တစ်ကောင် ဒဏ်ရာရသွားလေသည်။ သေတော့ မသေသွားချေ။

ယ်ကြောင့်ဆိုသော် ပင်လယ်ရေ၏ တွန်းကန်အား ရှိသလို ဤငါးမန်းများမှာလည်း အရေထူပြီး အသားမာသောကြောင့်ပင်။

သို့သော် ထိုသူ၏ ရမ်းသန်း ပစ်ခတ်မှုကြောင့် နီးကပ်လာသော ငါးမန်းမှာ အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ သိပ်မကြာခင်မှာပင် ထိုနေရာ တစ်ဝိုက်သည် ငါးမန်း၏ သွေးများဖြင့် နီရဲသွားတော့သည်။

"မြန်မြန် သွား အဲဒီနေရာကနေ ထွက်ခဲ့ သွေးတွေ ရှိတဲ့ နေရာမှာ ဆက်မနေကြနဲ့"

နစ်ခ်က အော်ဟစ်လိုက်လေသည်။

အနီးအနားရှိ လူများကလည်း အလျင်အမြန် ကူးခတ်သွားကြပြီး အစွမ်းကုန် ကူးခတ်ကြလေသည်။ သို့သော် ငါးမန်းများက သူတို့ထက် ပိုမြန်လေသည်။ သိပ်မကြာခင်မှာပင် လူနှစ်ယောက် ငါးမန်း ကိုက်ခြင်းကို ခံလိုက်ရပြီး ခါးလယ်မှ ချက်ချင်း ပြတ်ထွက်သွားကာ အလွန် သွေးထွက်သံယို ဖြစ်သွားတော့သည်။

"အား ကယ်ကြပါဦး မေမေ သား အိမ်ပြန်ချင်တယ်"

ငါးမန်း လိုက်ကိုက်ခြင်း ခံရသော ထိုဖိလစ်ပိုင် များမှာ ကြောက်လန့်လွန်း၍ ငိုပင် ငိုချကြလေသည်။ ခဏမျှ ကူးခတ်ပြီးနောက် အားကုန်သွားကြသဖြင့် ငါးမန်းများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ကြရသည်။

မိနစ် အနည်းငယ် အတွင်းမှာပင် လူခြောက်ယောက် ခုနစ်ယောက်ခန့် သေဆုံးသွားခဲ့ရသည်။ နီရဲနေသော သွေးများက မကြာမီမှာပင် နောက်ထပ် ငါးမန်း ဆယ်ကောင်ကျော်ကို ဆွဲဆောင်လာပြန်လေသည်။

အသိတရား လွတ်ကင်းနေပြီး အလွန်အမင်း ထိတ်လန့်နေကြသော ထိုဖိလစ်ပိုင် များမှာ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ သေနတ်များဖြင့် ငါးမန်းများကို စတင် ပစ်ခတ်ကြတော့သည်။ ချက်ချင်းပင် လူနှင့် ငါးမန်း စစ်ပွဲကြီး စတင်သွားတော့သည်။

"ဒိုင်း ဒိုင်း ဒိုင်း..."

နစ်ခ် ကြည့်လိုက်သောအခါ အခြေအနေမှာ လုံးဝ ထိန်းချုပ်၍ မရနိုင်တော့ကြောင်းနှင့် သူ လုံးဝ တားဆီး၍ မရနိုင်တော့ကြောင်း သိလိုက်လေသည်။

"အနီးဆုံး ကယ်ဆယ်ရေး အဖွဲ့ ရောက်လာဖို့ ဘယ်လောက် လိုသေးလဲ"

နစ်ခ်က ဘေးရှိ ဒုတိယ အရာရှိကို မေးလိုက်လေသည်။

"အစီရင်ခံပါတယ် ကပ္ပတိန် နာရီဝက်လောက် လိုပါသေးတယ် လောလောဆယ် ကျွန်တော်တို့ရဲ့ ရေတို ဆက်သွယ်ရေးက တစ်ဖက်လူနဲ့ အဆက်အသွယ် မရသေးပါဘူး အကွာအဝေး ဝေးလွန်းလို့ အဆက်အသွယ် မရတာ ဖြစ်ပါလိမ့်မယ်"

ဒုတိယ အရာရှိက ပြန်ဖြေလိုက်လေသည်။

"ကောင်းပြီ ငါ သိပြီ ဒီနာရီဝက် အမြန်ဆုံး ကုန်ဆုံးသွားပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ ရန်သူကတော့ အခု ပျောက်နေတယ် ဒါပေမဲ့ ဒီကျိန်စာသင့်မယ့် ငါးမန်းတွေက အခု ပြဿနာပဲ"

နစ်ခ်က ပေါင်ကို ပုတ်ကာ ဝမ်းနည်းကြေကွဲစွာ ပြောလိုက်လေသည်။

......

ထိုဖိလစ်ပိုင် များ အဖြစ်ဆိုးနှင့် ကြုံတွေ့နေရချိန်တွင် ဆွန်ဖုန်းသည် ပင်လယ်ကြမ်းပြင်မှ ထွက်ခွာရန် ပြင်ဆင်နေဆဲ ရှိသေးသည်။ သို့သော် သူ၏ မှန်ပြင်ပေါ်တွင် အနောက်တောင်ဘက် အရပ်မှ ရေမိုင် ၃၀ ခန့် အကွာတွင် ဖိလစ်ပိုင် များ၏ စစ်သင်္ဘော နှစ်စီး အလျင်အမြန် ချဉ်းကပ်လာနေသည်ကို တွေ့လိုက်ရလေသည်။

'ဖျက်သင်္ဘော တစ်စီးနဲ့ ကင်းလှည့် သင်္ဘော နှစ်စီးပဲ အကုန်လုံးက ဖိလစ်ပိုင် တွေရဲ့ သင်္ဘောတွေပဲ သူတို့က ကယ်ဆယ်ရေး လာတာ ဖြစ်ရမယ်'

ဆွန်ဖုန်းက မူလက ထွက်ခွာရန် ရည်ရွယ်ထားခဲ့သည်။ ဘာပဲဖြစ်ဖြစ် စစ်သင်္ဘော နှစ်စီးကို ဖောက်ခွဲပစ်လိုက်ပြီ ဖြစ်ရာ ရင်ထဲမှ ဒေါသများ ပြေပျောက်သွားပြီဟု ဆိုနိုင်လေသည်။ သို့သော် ယခု သင်္ဘော နှစ်စီး ထပ်မံ ရောက်ရှိလာသည်ကို မြင်သောအခါ ဆွန်ဖုန်း၏ မျက်လုံးများ အရောင်လက်သွားပြီး ဆိုးရွားသော လုပ်ရပ်များ ဆက်လုပ်ရန် အကြံပေါ်လာပြန်လေသည်။ မိမိ အိမ်က သင်္ဘောမှ မဟုတ်တာ၊ နောက်ထပ် သင်္ဘော တချို့ ထပ်နစ်သွားလည်း ပြဿနာ မရှိပါဘူး။

"ဟားဟား ပိုင်ရှင် ကျွန်တော်တို့ ထပ်စောင့်ကြသေးတာပေါ့ ဘာပဲဖြစ်ဖြစ် အခုချိန် ဘက်ကီတို့ကိုလည်း ရှာမတွေ့သေးတာ ဒီဖိလစ်ပိုင် တွေနဲ့ ဆက်ကစားလိုက်ကြတာပေါ့"

အသံလက်ထောက်က ပြောလိုက်လေသည်။

"ကောင်းပြီ ဒါဆိုလည်း ငါတို့ သူတို့နဲ့ ဆက်ကစားကြတာပေါ့ ဟားဟား"

ဆွန်ဖုန်းက ကောက်ကျစ်စွာ ရယ်မောလိုက်လေသည်။

All Chapters