← Chapters

အခန်း ၃၆၇

Vol. 37 Ch. 367

အခန်း ၃၆၇

Vol. 37 Ch. 367

အခန်း ၃၆၇ - ဆက်ဖောက်မယ်

ပင်လယ်ပြင်ပေါ်တွင် စစ်သားများမှာ အအေးဒဏ်နှင့် အငတ်ဒဏ်ကို ခံစားနေရသည့်အပြင် ငါးမန်းများ၏ အန္တရာယ်ကိုပါ ရင်ဆိုင်နေရသဖြင့် အားလုံး၏ မျက်နှာများမှာ ငိုမဲ့ငိုမဲ့ ဖြစ်နေကြလေသည်။

ခက်ခဲကြမ်းတမ်းသော နာရီဝက်ကို နောက်ဆုံးတော့ ကျော်ဖြတ်နိုင်ခဲ့လေပြီ။

"ကပ္ပတိန် ကျွန်တော်တို့ ကပ္ပတိန် ဂျိုနသန်နဲ့ အဆက်အသွယ် ရပါပြီ သူတို့ ၁၅ မိနစ် အတွင်း ရောက်လာပါတော့မယ်"

လူတိုင်း မျှော်လင့်ချက် ကင်းမဲ့နေချိန်တွင် နစ်ခ်၏ လက်အောက်ငယ်သားက ရေတို ဆက်သွယ်ရေးမှ တစ်ဆင့် မနီးမဝေးရှိ ဂျိုနသန်နှင့် အဆက်အသွယ် ရသွားလေသည်။

ဤအားတက်ဖွယ် သတင်းက ပင်လယ်ပြင် တစ်ခွင်သို့ ချက်ချင်း ပျံ့နှံ့သွားပြီး စစ်သားများမှာ အသက်ရှင်သန်ရန် မျှော်လင့်ချက် ရောင်ခြည်လေးများ ပြန်လည် မြင်တွေ့လာရလေသည်။

ယခုအချိန်အထိ စစ်သား နှစ်ဆယ်ကျော်ခန့် ငါးမန်းများ၏ ကိုက်ဖြတ် စားသောက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့ကလည်း ငါးမန်း လေးငါးကောင်ကို သတ်ပစ်နိုင်ခဲ့သည်။

သို့သော် ထိုသွေးနံ့များက ပို၍ များပြားသော ငါးမန်းများကို ဆွဲဆောင်လာခဲ့သည်။ ဤရက်စက်သော ငါးမန်းများက သေရမည်ကို မကြောက်ကြပေ။ အခွင့်အရေး ရသည်နှင့် အသေအလဲ လိုက်လံ ကိုက်ဖြတ်ကြတော့သည်။

"ကပ္ပတိန် ကပ္ပတိန် ဂျိုနသန်က စကားပြောချင်လို့ပါ တဲ့"

ဒုတိယ အရာရှိက ဆက်သွယ်ရေး စက်ကို နစ်ခ်ထံ ကမ်းပေးလိုက်လေသည်။

နစ်ခ်က ဆက်သွယ်ရေး စက်ကို ယူကာ မိုက်ကို ကိုင်လျက် ဂျိုနသန်အား ပြောလိုက်လေသည်။

"ကျွန်တော် နစ်ခ် ပါ ကျွန်တော် နစ်ခ် ပါ ကြားရင် အကြောင်းပြန်ပါ ကြားရင် အကြောင်းပြန်ပါ"

"ကျွန်တော် ဂျိုနသန် ပါ ကျွန်တော် ဂျိုနသန် ပါ ကြားရပါတယ် ကြားရပါတယ်"

အခြား တစ်ဖက်မှ ဂျိုနသန်က ပြန်လည် ဖြေကြားလိုက်လေသည်။

"ကပ္ပတိန် ဂျိုနသန် ကျွန်တော်တို့ အခြေအနေ အရမ်း ဆိုးနေပါတယ် အမြန်ဆုံး လာကူညီပါ အမြန်ဆုံး လာကူညီပါ"

နစ်ခ် တစ်ယောက် မျက်ရည်များပင် ကျလာလေသည်။ သူ၏ ရေတပ် အုပ်စုလေး တစ်ခုလုံး ပျက်စီးသွားတော့မည်ဟု ခံစားနေရလေသည်။

"ကျွန်တော်တို့ ဆယ့်ငါးမိနစ် လောက်ဆို ရောက်ပါတော့မယ် ခင်ဗျားတို့ တောင့်ခံထားကြပါ ကျွန်တော် မေးချင်တာက ရန်သူ ထွက်သွားပြီလား ရန်သူက ခင်ဗျားတို့ကို တတိယ အကြိမ် ထပ်တိုက်သေးလား"

"ရန်သူကို မသိရပါ ရန်သူကို မသိရပါ ကျွန်တော်တို့ တတိယ အကြိမ် တိုက်ခိုက်မခံရပါဘူး ရန်သူက ကျွန်တော်တို့ရဲ့ စစ်သင်္ဘောတွေကိုပဲ နစ်မြုပ်သွားအောင် လုပ်သွားတာပါ ခင်ဗျားတို့ ဝင်လာတဲ့ အခါကျရင် အရမ်း သတိထားရမယ် ရန်သူက ရေအောက်မှာ ပုန်းနေလား ဆိုတာကို ကျွန်တော် အာမမခံနိုင်ဘူး အဆုံး"

နစ်ခ်က သတိပေးလိုက်လေသည်။

"ကောင်းပါပြီ ကျွန်တော် သိပါပြီ အဆုံး"

"ကဲ အားလုံး တောင့်ခံထားကြ ကယ်ဆယ်ရေး အဖွဲ့ ဆယ့်ငါးမိနစ် နေရင် ရောက်လာတော့မယ် အားလုံး တောင့်ခံထားကြနော်"

နစ်ခ်က ဆက်သွယ်ရေး စက်ကို ချပြီးနောက် လူတိုင်းကို အသံကုန် အော်ဟစ် ပြောဆိုလိုက်လေသည်။

"ကယ်ဆယ်ရေး ရောက်လာပြီ ဟုတ်လား ဟားဟား ကယ်ဆယ်ရေး ရောက်လာပြီ"

လူအများက ပြိုင်တူ အော်ဟစ် ဝမ်းသာနေကြလေသည်။

"ကပ္ပတိန် ရေဒါနဲ့ ဆိုနာ အရ ရန်သူ့ အရိပ်အယောင်ကို မတွေ့ရပါဘူး ပင်လယ်ပြင်ပေါ်မှာ စစ်သင်္ဘော မရှိပါဘူး ရေအောက်မှာလည်း ရေဒါ စစ်ဆေးချက် အရ ရန်သူ့ အရိပ်အယောင်ကို မတွေ့ရပါဘူး"

သိပ်မကြာခင်မှာပင် ဂျိုနသန်၏ ရေတပ် အုပ်စုက ဒီပင်လယ်ပြင်သို့ ဝင်ရောက်လာလေသည်။ သူ၏ လက်အောက်ငယ်သားများက ထောက်လှမ်းရေး ကိရိယာ အသီးသီးမှ တစ်ဆင့် စစ်ဆေးချက် အရ လက်ရှိအချိန်အထိ ရန်သူ၏ အရိပ်အယောင်ကို မတွေ့ရသေးကြောင်း အစီရင်ခံလိုက်လေသည်။

"အင်း မတွေ့ရတာ အကောင်းဆုံးပဲ နစ်ခ်ရဲ့ ဖျက်သင်္ဘောကိုတောင် နစ်မြုပ်အောင် လုပ်နိုင်တဲ့ ရန်သူက သေချာပေါက် ကိုင်တွယ်ရ မလွယ်ဘူး ငါတို့ကလည်း ဖျက်သင်္ဘော တစ်စီးတည်း ဆိုတော့ တကယ်လို့ တွေ့ရင်တောင် ဘယ်သူ နိုင်မလဲ ရှုံးမလဲ ဆိုတာ မပြောနိုင်ဘူးလေ"

ဂျိုနသန်က ပြောလိုက်လေသည်။

"ဒါပေမဲ့ ငါတို့ အမြဲတမ်း သတိထားနေရမယ် ရန်သူ့ အင်အားက အရမ်း တောင့်တင်းတယ်လို့ ငါ ကြားတယ် ငါတို့ထက် နည်းပညာ အများကြီး မြင့်နေတာလည်း ဖြစ်နိုင်တယ် ငါတို့ သူတို့ ပုန်းနေတဲ့ နေရာကို မရှာတွေ့တာလည်း ဖြစ်နိုင်တယ်"

ဂျိုနသန်က သတိပေးလိုက်လေသည်။ ရန်သူက ဒီနေရာတွင် ဒီလောက် အကြာကြီး နေရဲလိမ့်မည်ဟု သူ မထင်သော်လည်း သတိတော့ ထားရမည် ဖြစ်လေသည်။

"ဟုတ်ကဲ့ပါ ကပ္ပတိန်"

"ဟိုရောက်တာနဲ့ ချက်ချင်း ကယ်ဆယ်ရေး စလုပ်ကြ"

"ဟုတ်ကဲ့ပါ"

"ပိုင်ရှင် ဒီဖိလစ်ပိုင် တွေရဲ့ ကယ်ဆယ်ရေး ရေတပ် ရောက်လာပြီ"

သိပ်မကြာခင်မှာပင် ဂျိုနသန်၏ ဖျက်သင်္ဘောနှင့် အခြား ကင်းလှည့် သင်္ဘော နှစ်စီးတို့မှာ အခင်းဖြစ်ပွားရာ နေရာ... အဲ... တိုက်ပွဲ ဖြစ်ပွားရာ နေရာသို့ ရောက်ရှိလာကြလေသည်။

"ဟားဟား ငါတို့ရဲ့ ကယ်ဆယ်ရေး ရောက်လာပြီ ဟေ့"

"ညီအစ်ကိုတို့ မြန်မြန် လာပြီး ဒီကျိန်စာသင့်မယ့် ငါးမန်းတွေကို သတ်ပေးကြပါဦး မဟုတ်ဘူး အကုန်လုံးကို သတ်ပစ် ဟွန့် ဒီသောက်ငါးမန်းတွေက ငါတို့ ညီအစ်ကို နှစ်ဆယ်ကျော်ကို စားသွားတယ် ဝူး ဝူး ဝူး"

ဂျိုနသန်၏ စစ်သင်္ဘော သုံးစီး ဝင်လာသည်နှင့် တစ်ပြိုင်နက် ကယ်ဆယ်ရေး လုပ်ငန်းများကို ချက်ချင်း စတင်ကြလေသည်။ အသက်ကယ် လှေများကို ချကာ ရေထဲတွင် စိမ်နေရသော သနားစရာ ဖိလစ်ပိုင် များကို စတင် ကယ်တင်ကြလေသည်။

"သွားစို့ ဒီစစ်သင်္ဘော သုံးစီးလုံးကို ဖောက်ခွဲပစ်ကြမယ် ဟွန့် လာသမျှ ကောင် အကုန် ဖောက်ခွဲပစ်မယ် ငါ ဆုံးဖြတ်လိုက်ပြီ ဒီည ငါ ဒီနေရာမှာပဲ ထိုင်စောင့်နေမယ် လာသမျှ ကောင် အကုန် ရှင်းပစ်မယ် အားလုံးကို နစ်မြုပ်ပစ်မယ်"

ဆွန်ဖုန်းက ရေငုပ်ဝတ်စုံကို မောင်းနှင်ကာ ဂျိုနသန်၏ ဤဖျက်သင်္ဘော အောက်ခြေသို့ ရောက်ရှိလာလေသည်။

ယခုအချိန်တွင် ဂျိုနသန်က ကယ်ဆယ်ရေး လုပ်ငန်းများတွင် အလုပ်ရှုပ်နေသဖြင့် သူ ရှာဖွေနေသော ရန်သူက သူ၏ ဖျက်သင်္ဘော အောက်ခြေတွင် ရောက်နေကြောင်းကို မည်သို့ တွေးမိမည်နည်း။

သို့သော် ဤအတွက် ဂျိုနသန်ကို အပြစ်တင်၍ မရပေ။ ရေဒါကပင် မထောက်လှမ်းနိုင်သည် မဟုတ်ပါလော။ ထို့ကြောင့် သူက ကံဆိုးသူ တစ်ယောက်သာ ဖြစ်လေသည်။

"ဖောက် ဖောက် ဖောက်"

"ဘုန်း ဘုန်း ဘုန်း"

ဤတစ်ကြိမ်တွင် ဆွန်ဖုန်းက ဒီစစ်သင်္ဘော၏ ပန်ကာကို ဖောက်ခွဲရန် မရွေးချယ်တော့ဘဲ ဒီဖျက်သင်္ဘော၏ အောက်ခြေကို တိုက်ရိုက် လျင်မြန်စွာ အပေါက်များ ဖောက်လိုက်လေသည်။

ဆယ်စက္ကန့်ခန့် အတွင်းမှာပင် ဆွန်ဖုန်း၏ ရေငုပ်ဝတ်စုံက မျက်နှာသစ် ဇလုံ အရွယ်အစားရှိ အပေါက်ပေါင်း ဆယ်ဂဏန်းခန့်ကို ဖောက်လိုက်လေသည်။ ပင်လယ်ရေများက ချက်ချင်းပင် ရူးသွပ်စွာ ဝင်ရောက်လာတော့သည်။

"ငါ အပေါက်ပေါင်း တစ်ရာ့ရှစ်ပေါက် ဖောက်မယ်"

ဆွန်ဖုန်းက မိမိ၏ လက်ရာကို ကြည့်ကာ ဟားတိုက် ရယ်မောလိုက်လေသည်။

သိပ်မကြာခင်မှာပင် ဆွန်ဖုန်းက ဤဖျက်သင်္ဘောကို အပေါက်ပေါင်း တစ်ရာ့ရှစ်ပေါက် ဖောက်လိုက်လေသည်။ ဤဖျက်သင်္ဘောကြီးမှာလည်း ဆွန်ဖုန်း၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပြန်လေသည်။ ကယ်တင်၍ မရနိုင်တော့ဘဲ ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်သွားမည့် ကံကြမ္မာသာ ရှိတော့လေသည်။

"ရန်သူ လာပြီ ရန်သူ လာပြီ"

သင်္ဘောပေါ်တွင် ဆူညံသော အချက်ပေး ဥဩသံများ ထွက်ပေါ်လာလေသည်။

သင်္ဘော အောက်ခြေတွင် အပေါက်ပေါင်း တစ်ရာကျော် ဖောက်ခံလိုက်ရသဖြင့် ပင်လယ်ရေများ ရူးသွပ်စွာ ဝင်ရောက်လာသောအခါ ဒီဖျက်သင်္ဘောက ချက်ချင်း သိရှိသွားလေသည်။

ထို့အပြင် ခုနက အပေါက်များ ဖောက်နေစဉ် အတွင်း ထွက်ပေါ်လာသော တုန်ခါမှုများကလည်း သူတို့ကို သတိပေးလိုက်သလို ဖြစ်သွားလေသည်။

"အစီရင်ခံပါတယ် ကပ္ပတိန် ဒုက္ခပါပဲ သင်္ဘော အောက်ခြေက အမည်မသိ တိုက်ခိုက်မှု ခံလိုက်ရလို့ အပေါက်တွေ ဖြစ်သွားပြီး ပင်လယ်ရေတွေ အများကြီး ဝင်လာနေပါတယ် ကျွန်တော်တို့ လုံးဝ ပြင်ဖို့ အချိန်မရပါဘူး"

သိပ်မကြာခင်မှာပင် ဂျိုနသန် တစ်ယောက် ရူးမတတ် ဖြစ်သွားစေမည့် ဤသတင်းကို ရရှိလိုက်လေသည်။

"သောက်ကျိုးနည်း သောက်ကျိုးနည်း ရန်သူကော ရန်သူ ဘယ်မှာလဲ ဒီထောက်လှမ်းရေး ဌာနက ကောင်တွေက အချောင်စားနေကြတာလား ငါ ပြောသားပဲ ဒီကိုလာရင် သတိထားပါ သတိထားပါ လို့ အခါ တစ်သောင်းမက မှာထားတာတောင် မင်းတို့က ရန်သူ့ရဲ့ ချုံခို တိုက်ခိုက်တာကို ခံရသေးတယ် အခုတော့ ပြီးပြီ ငါတို့က ညီအစ်ကိုတွေကို ကယ်ဖို့ မပြောနဲ့ ငါတို့ကို လာကယ်ဖို့တောင် စောင့်နေရတော့မယ်"

ဂျိုနသန် တစ်ယောက် မျှော်လင့်ချက် အားလုံး ကင်းမဲ့သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ဂျိုနသန်တို့ ဘက်တွင် ဖြစ်ပျက်နေသော ပြဿနာများကို ပင်လယ်ပြင်ပေါ်တွင် မျောပါနေဆဲ ဖြစ်သော ညီအစ်ကိုများက ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရသည်။

အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ပြီး စောင့်မျှော်နေခဲ့ရသော ညီအစ်ကို ကယ်ဆယ်ရေး အဖွဲ့မှာလည်း သူတို့၏ ခြေရာကို နင်းသွားပြီး ရန်သူ၏ ချုံခို တိုက်ခိုက်ခြင်းကို ခံလိုက်ရပြန်ပြီ ဖြစ်ကြောင်း သူတို့ သိလိုက်ကြလေသည်။

"အို ဘုရားရေ ရန်သူက တကယ်ပဲ မထွက်သွားသေးဘူး ဒါဆိုရင် ဘာလို့ ဂျိုနသန်က မထောက်လှမ်းမိတာလဲ ရန်သူက အရမ်း နက်တဲ့ နေရာမှာ ပုန်းနေလို့လား ဒါမှမဟုတ် သူတို့ရဲ့ ထောက်လှမ်းရေး ရှောင်ကွင်းနိုင်တဲ့ နည်းပညာက အရမ်း အဆင့်မြင့်နေလို့ ဂျိုနသန်ရဲ့ ဖျက်သင်္ဘောကတောင် မထောက်လှမ်းနိုင်တာလား ပြီးတော့ တစ်ဖက်လူက ဘာလက်နက် သုံးပြီး ချုံခို တိုက်ခိုက်တာလဲ ဘာလို့ ဒီလောက် ဆန်းကြယ်နေတာလဲ"

အသက်ကယ် လှေပေါ်တွင် နစ်ခ်က ဤအရာအားလုံးကို မျက်ဝါးထင်ထင် မြင်တွေ့နေရလေသည်။

ဂျိုနသန်၏ ဖျက်သင်္ဘော စတင် ယိမ်းယိုင်လာသည်ကို မြင်သောအခါ သူ၏ ဖျက်သင်္ဘောကဲ့သို့ပင် ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်တော့မည် ဖြစ်ကြောင်း သူ သိလိုက်လေသည်။

အခြား ကင်းလှည့် သင်္ဘော နှစ်စီးမှာလည်း လေးသည်တော်၏ မြားကို ကြောက်သော ငှက်များကဲ့သို့ ရန်သူ အနားကပ်မလာနိုင်စေရန် အနက်ရောင် ရေအောက် ဗုံးများကို စတင် ပစ်ချကြတော့သည်။

"ဘုန်း ဘုန်း ဘုန်း"

ဆူညံသော ပေါက်ကွဲသံများက လူတိုင်း၏ နားထဲတွင် ဟိန်းထွက်သွားလေသည်။

"ပစ်ချ မြန်မြန် ရေအောက် ဗုံးတွေ ပစ်ချ"

ဒီကင်းလှည့် သင်္ဘော နှစ်စီး၏ ကပ္ပတိန်များမှာ မျက်စိမှိတ် လုပ်ဆောင်ရုံသာ ရှိတော့သည်။ ယ်ကြောင့်ဆိုသော် သူတို့က ရန်သူ ဘယ်မှာ ရှိနေသနည်း ဆိုသည်ကို မထောက်လှမ်းနိုင်သောကြောင့်ပင်။

သို့သော် ပင်မ သင်္ဘောကြီး ဖျက်ဆီးခံလိုက်ရသည်ကို မြင်သောအခါ ကာကွယ်ရန် အတွက် ဤရိုးရှင်းသော နည်းလမ်းကိုသာ အသုံးပြုနိုင်တော့သည်။ သို့သော် ဤနည်းလမ်းက အနည်းငယ်တော့ အသုံးဝင်လေသည်။

All Chapters