← Chapters

အခန်း ၃၆၈

Vol. 37 Ch. 368

အခန်း ၃၆၈

Vol. 37 Ch. 368

အခန်း ၃၆၈ - ကင်းလှည့် သင်္ဘောကြီးများ ရောက်လာပြီ

"ဘုန်း ဘုန်း ဘုန်း"

ရေအောက်ဗုံး တစ်လုံးပြီးတစ်လုံးကို သင်္ဘောသားများက ပင်လယ်ထဲသို့ ပစ်ချလိုက်ကြလေသည်။ ရေအောက်ဗုံးများက ပင်လယ်ကြမ်းပြင်တွင် ပေါက်ကွဲသွားပြီး ပြင်းထန်သော ပေါက်ကွဲမှုက မြင့်မားသော ရေတိုင်ကြီးများကို ဖြစ်ပေါ်စေရုံသာမက ပြင်းထန်သော စွမ်းအင်လှိုင်းများက လူတို့၏ နှလုံးသားကိုပါ ပေါက်ကွဲမှုနှင့်အတူ တုန်လှုပ်သွားစေလေသည်။

ဤရေအောက်ဗုံးများ၏ အစွမ်းမှာ တကယ်ကို ကြီးမားလွန်းလှသည်။ ငါးအမြောက်အမြားမှာ အပိုင်းပိုင်း ပြတ်ထွက်သွားကြပြီး ပေါက်ကွဲမှု အဝန်းအဝိုင်း ပြင်ပရှိ အဝေးမှ ငါးများပင် ပြင်းထန်သော တုန်ခါမှုလှိုင်းများကြောင့် အရှင်လတ်လတ် သေဆုံးသွားကြရလေသည်။

"မြန်မြန် မြန်မြန် လှုပ်ရှားကြ ရေအောက်ဗုံးတွေ ဆက်တိုက် ပစ်ချနေ ရန်သူက ငါတို့ဆီကို ကပ်လာပြီလား ဆိုတာ ငါတို့ မသိဘူး တစ်ဖက်လူက အရမ်း အားကောင်းလွန်းတယ်"

ဤကင်းလှည့် သင်္ဘောမှာ ရမ်းသန်း၍ ကာကွယ်မှုများ ပြုလုပ်နေချိန်တွင် ခုနက ဆွန်ဖုန်း၏ အပေါက်များ ဖောက်ခံထားရသော ဖျက်သင်္ဘောမှာ တစ်ဝက်ခန့် နစ်မြုပ်နေပြီ ဖြစ်ပြီး သနားစရာကောင်းသော သင်္ဘောသားများမှာ အသက်လု၍ ရုန်းကန်နေကြရလေသည်။

သို့သော် ဂျိုနသန်က ဤအန္တရာယ်ရှိသော အချိန်တွင် သူ ပထမဆုံး စဉ်းစားသည်မှာ ထွက်ပြေးရန် မဟုတ်ဘဲ သင်္ဘော မနစ်မြုပ်ခင် အချိန်လေးကို အသုံးချကာ ဤနေရာတွင် ရန်သူ၏ တိုက်ခိုက်မှုကို ထပ်မံ ခံလိုက်ရကြောင်း သတင်းကို ဌာနချုပ်သို့ အမြန်ဆုံး ပို့ဆောင်ရန်ပင် ဖြစ်လေသည်။

"၀၁၀၁ ကျွန်တော် ၀၂၀၂ ပါ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ သတ်မှတ်နေရာမှာ ရန်သူ့ရဲ့ ချုံခို တိုက်ခိုက်မှုကို ခံလိုက်ရပါတယ် အခု ဖျက်သင်္ဘောက နစ်တော့မှာပါ တခြား ကင်းလှည့် သင်္ဘော နှစ်စီးလည်း အမည်မသိ ရန်သူရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ် ကျွန်တော်တို့ရဲ့ ဒီကယ်ဆယ်ရေး စစ်ဆင်ရေး ကျရှုံးပါတယ် ကျရှုံးပါတယ် အရေးကြီး အစီရင်ခံစာ အရေးကြီး အစီရင်ခံစာ လောလောဆယ် ကျွန်တော်တို့ ရန်သူ ဘာလက်နက် သုံးနေလဲ ဆိုတာ မသိရသေးပါဘူး ကျွန်တော်တို့က ရေဒါနဲ့ တခြား ကိရိယာတွေ အကုန်လုံး ဖွင့်ထားတဲ့ အချိန်မှာ တစ်ဖက်လူရဲ့ ချုံခို တိုက်ခိုက်တာကို ခံလိုက်ရတာပါ ပြီးတော့ တစ်ဖက်လူရဲ့ အရိပ်အယောင်ကိုလည်း ကျွန်တော်တို့ မရှာတွေ့ပါဘူး ထပ်ပြောပါမယ် ရန်သူက အရမ်း အားကောင်းလွန်းပါတယ်"

ဂျိုနသန်က သူတို့၏ လျှို့ဝှက် ဆက်သွယ်ရေး လိုင်းမှတစ်ဆင့် သူ၏ ဘက်မှ သတင်းများကို ဌာနချုပ်သို့ ပေးပို့လိုက်လေသည်။

"ကျွန်တော် ၀၁၀၁ ပါ ကြားရပါတယ် ကြားရပါတယ်"

သိပ်မကြာခင်မှာပင် ဌာနချုပ်က ဂျိုနသန်ထံ အကြောင်းပြန်လာလေသည်။

"မင်းတို့ တပ်ဖွဲ့ သေချာပေါက် တောင့်ခံထားရမယ် သေချာပေါက် တောင့်ခံထားရမယ် ဒုတိယ ကယ်ဆယ်ရေး ရေတပ် အုပ်စု သိပ်မကြာခင် ရောက်လာလိမ့်မယ် မင်းတို့ တောင့်ခံထားရမယ်"

"ဟုတ်ကဲ့ပါ"

ဂျိုနသန် တစ်ယောက် ဘာမှ မတတ်နိုင်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်လေသည်။ ယခု အခြေအနေတွင် ဘယ်လိုလုပ် ဆက်ပြီး တောင့်ခံထားနိုင်တော့မည်နည်း။ ရန်သူ၏ သတ်ဖြတ်ခြင်းကို ခံရရန်သာ စောင့်ဆိုင်းနေရတော့မည် ဖြစ်လေသည်။

ဤသတင်းက သိပ်မကြာခင်မှာပင် ဌာနချုပ်တွင် ပွက်လောရိုက်သွားစေလေသည်။ ခေါင်းဆောင်များက ရန်သူ ထွက်သွားပြီဟု ထင်မှတ်ထားခဲ့သော်လည်း ရန်သူက ထိုနေရာတွင် ပုန်းအောင်းနေပြီး ပထမဆုံး လာရောက် ကယ်ဆယ်သော ရေတပ် အုပ်စုငယ်ကိုပါ ရှင်းလင်းပစ်လိုက်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြပေ။

ဤသတင်းက ခေါင်းဆောင်များကို အံ့အားသင့်စေသလို ဒေါသလည်း ထွက်သွားစေသည်။ ယ်ကြောင့်ဆိုသော် ဂျိုနသန်၏ ဖျက်သင်္ဘောက အနည်းငယ်မျှပင် ပြန်လည် မခုခံနိုင်ခဲ့ကြောင်းကို သူတို့ သိရှိလိုက်ရသောကြောင့်ပင်။ ဆိုလိုသည်မှာ ဤရန်သူက သာမန် မဟုတ်ပေ။

အကယ်၍ နစ်ခ်၏ ဖျက်သင်္ဘောက ကြိုတင် ကာကွယ်မှု မရှိ၍ ရှင်းလင်းခံလိုက်ရသည်မှာ ဖြစ်နိုင်သည်ဟု ဆိုနိုင်သော်လည်း ကြိုတင် ကာကွယ်မှုနှင့် သတိထားမှုများ အပြည့်အဝ ရှိနေသော ဂျိုနသန်၏ ဖျက်သင်္ဘောက သွားရောက် ကယ်ဆယ်ရာတွင် တစ်ဖက်လူ၏ ရှင်းလင်းမှုကို ခံလိုက်ရပြီး ရန်သူ၏ အရိပ်အယောင်ကိုပင် မရှာတွေ့လိုက်ရခြင်းမှာ ရလဒ် တစ်ခုတည်းသာ ရှိတော့သည်။ ၎င်းမှာ ရန်သူက အလွန် အားကောင်းလွန်းနေခြင်းပင် ဖြစ်လေသည်။

"သောက်ကျိုးနည်း ဂျိုနသန်က ငတုံးလား အဲဒီနေရာမှာ ရန်သူ ရှိနေနိုင်သေးတယ် ဆိုတာ သိသိရက်နဲ့ ဒီလောက် ပေါ့ပေါ့ဆဆ နေပြီး ချုံခို တိုက်ခိုက်ခံရတယ် ရန်သူက ဘယ်သူလဲ ဆိုတာတောင် မသိလိုက်ဘူး သူ ပြန်လာရင် ငါ သေချာပေါက် သူ့ရာထူးကို ဖြုတ်ပစ်မယ် တာဝန် မကျေပွန်တဲ့ အသုံးမကျတဲ့ ကောင်"

ခေါင်းဆောင် တစ်ဦးက ဒီသတင်းကို ကြားပြီးနောက် အလွန်အမင်း ဒေါသထွက်သွားလေသည်။

"ကဲပါ ဒေါသ မထွက်ပါနဲ့တော့ ငါတို့ ဒီရန်သူက ဘယ်သူလဲ ဆိုတာကို အရင် စဉ်းစားတာက ပိုကောင်းလိမ့်မယ် ဒီလို ကိစ္စမျိုးက ငါတို့ရဲ့ ပြည်တွင်း ရေပိုင်နက်ထဲမှာ ဖြစ်သွားတာလေ ငါတို့ ဒါကို သေချာ မဖြေရှင်းနိုင်ရင် အထက်က သူဌေးက သေချာပေါက် ဒေါသထွက်တော့မှာပဲ"

အခြား ခေါင်းဆောင် တစ်ဦးက လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။

"ခန့်မှန်းနေစရာ လိုသေးလို့လား သေချာပေါက် တရုတ်တွေပဲ ဖြစ်ရမယ် သူတို့ကလွဲပြီး တခြား ဘယ်သူက ဒီလောက် ရောင့်တက်ရဲမှာလဲ"

"ငါလည်း တရုတ်တွေ ဖြစ်ဖို့ အလားအလာ အများဆုံးပဲလို့ ထင်တယ် ဒါပေမဲ့ ကံကောင်းတာက ငါတို့ အစောကတည်းက ဒုတိယ ကယ်ဆယ်ရေး ရေတပ် အုပ်စုကို လွှတ်ထားခဲ့လို့ပဲ အဲဒီအုပ်စုမှာ ကင်းလှည့် သင်္ဘောကြီး နှစ်စီးတောင် ပါတယ် တရုတ်တွေ အဲဒါကို မြင်ရင် သေချာပေါက် ဆက်နေရဲမှာ မဟုတ်ဘူးလို့ ငါ ထင်တယ် ဒါပေမဲ့ ဒီတစ်ခေါက်တော့ ငါတို့ အကြီးအကျယ် ရှုံးသွားပြီ ဖျက်သင်္ဘော နှစ်စီးလုံး မရှိတော့ဘူး ကျိန်စာသင့်မယ့် တရုတ်တွေ နောက်တစ်ခါကျရင် ငါတို့ သေချာပေါက် လက်စားချေရမယ်"

"ဟုတ်တယ် ငါတို့ ဒီကိစ္စကို အမေရိကန် ကို သေချာပေါက် တင်ပြရမယ် သူတို့ကို အကြံဉာဏ် တောင်းပြီး တရုတ်တွေကို ပြန်ကလဲ့စားချေဖို့ အကူအညီ တောင်းရမယ်"

"ငါ သဘောတူတယ်"

စစ်မြေပြင်တွင်တော့ ကျန်ရှိနေသော ထိုကင်းလှည့် သင်္ဘော နှစ်စီးမှာ ရေအောက် ဗုံးများ ပစ်ချပြီးနောက် ဆွန်ဖုန်း၏ အပေါက်ပေါင်း တစ်ရာ့ရှစ်ပေါက် ဖောက်ခြင်းကို ခံလိုက်ရပြန်လေသည်။ ၎င်းတို့ အနေဖြင့် ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်သွားရန်သာ ရှိတော့လေသည်။

"အစီရင်ခံပါတယ် ပိုင်ရှင် အနောက်မြောက် အရပ်ကနေ ဖိလစ်ပိုင် တွေရဲ့ ရေတပ် အုပ်စု တစ်စု ကျွန်တော်တို့ဆီကို လာနေပါတယ် နောက်ထပ် နာရီဝက်လောက် ဆိုရင် သူတို့ ရောက်လာတော့မယ်"

ဆွန်ဖုန်းက ထိုကင်းလှည့် သင်္ဘော နှစ်စီးကို ရှင်းလင်းပြီးနောက် သိပ်မကြာခင်မှာပင် အသံလက်ထောက်က ဆွန်ဖုန်းကို သတိပေးလိုက်လေသည်။

"တစ်ဖက်လူရဲ့ အတိအကျ အခြေအနေက ဘယ်လိုလဲ"

"တစ်ဖက်လူမှာ ကင်းလှည့် သင်္ဘောကြီး နှစ်စီး ဖျက်သင်္ဘော လေးစီးနဲ့ တခြား အရန် သင်္ဘောငယ် အချို့ ပါဝင်ပါတယ်"

အသံလက်ထောက်က ပြောလိုက်လေသည်။

'ဒီဖိလစ်ပိုင် တွေက ငါ့ကို တော်တော်လေး အထင်ကြီးတာပဲ ကင်းလှည့် သင်္ဘောကြီး နှစ်စီးတောင် ထုတ်လာတယ်'

ဖျက်သင်္ဘောမှာ ရေတပ်၏ အလတ်စား စစ်သင်္ဘော ဖြစ်ပြီး ဤကဲ့သို့သော ကင်းလှည့် သင်္ဘောကြီးများမှာ အကြီးစား စစ်သင်္ဘောများ ဖြစ်ကြောင်း ဆွန်ဖုန်း သိထားလေသည်။ ၎င်းတို့မှာ ရေတပ်၏ အဓိက အင်အားပင် ဖြစ်လေသည်။

သေချာသည်ပေါ့ ၎င်းအထက်တွင် အကြီးစား စစ်သင်္ဘောကြီးများနှင့် လေယာဉ်တင် သင်္ဘောများ ရှိသေးသည်။ သို့သော် လေယာဉ်တင် သင်္ဘောများကို သာမန် အင်အားစုများက အလွယ်တကူ ထုတ်သုံးနိုင်သည် မဟုတ်ပေ။

ထို့ကြောင့် ယခု ဖိလစ်ပိုင် များက ကင်းလှည့် သင်္ဘောကြီးများကို ထုတ်သုံးလာခြင်းမှာ တစ်ဖက်လူက သူတို့၏ အကောင်းဆုံး လက်နက်များကို ထုတ်သုံးလာခြင်း ဖြစ်ကြောင်း သက်သေပြနေလေသည်။

"ဟားဟား ပိုင်ရှင် သူတို့ ဘယ်လောက် လာလာ အကုန် သေဖို့ပဲ သူတို့ကို တစ်ယောက်မှ အရှင် မပြန်စေနဲ့"

အသံလက်ထောက်က ကောက်ကျစ်စွာ ရယ်မောလိုက်လေသည်။ တကယ်တမ်းတွင် တစ်ဖက်လူက လေယာဉ်တင် သင်္ဘောများ ယူလာလျှင်ပင် ဆွန်ဖုန်းက သူတို့ကို အရှင်ပြန်မလွှတ်အောင် လုပ်နိုင်စွမ်း ရှိလေသည်။

"ကောင်းပြီ ခဏနေ သူတို့ ရောက်လာရင် ငါတို့က ချက်ချင်း သူတို့ကို ဖောက်ခွဲပစ်ကြမယ် ဒီတစ်ခေါက် ဒီဖိလစ်ပိုင် တွေ တော်တော်လေး နာကျင်သွားလိမ့်မယ်လို့ ငါ ယုံကြည်တယ် ဟားဟား"

ဆွန်ဖုန်းက ဟီးဟီးဟားဟား ရယ်မောလိုက်လေသည်။

ကင်းလှည့် သင်္ဘောကြီး နှစ်စီးက သူတို့၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ အရှိန်အဟုန်ဖြင့် လာနေကြလေသည်။

"အစ်ကိုလုသာ ခုနက ဌာနချုပ်က ငါတို့ကို သတင်းပို့လာတယ် လောလောဆယ် ရန်သူက အဲဒီမှာ ငါတို့ကို ချုံခို တိုက်ခိုက်ဖို့ စောင့်နေနိုင်သေးတယ် တဲ့ ကြားရတာ နစ်ခ် သေသွားရုံတင် မကဘူး ပထမဆုံး သွားကယ်တဲ့ ဂျိုနသန်ရဲ့ ဖျက်သင်္ဘောပါ ရှင်းလင်းခံလိုက်ရတယ် တဲ့ ဌာနချုပ်က သူတို့ရဲ့ အစီရင်ခံစာ အရ ငါတို့က ရန်သူက ဘယ်သူလဲ ဆိုတာကို မသိသေးသလို သူတို့ ဘာလက်နက် သုံးနေလဲ ဆိုတာကိုလည်း မသိသေးဘူး တဲ့ ကြည့်ရတာ ဒီတစ်ခေါက် ပြဿနာ အကြီးကြီး တက်ပြီ ထင်တယ် ရန်သူက သေချာပေါက် ကြမ်းတမ်းတဲ့ သူပဲ ဖြစ်ရမယ်"

ကင်းလှည့် သင်္ဘောကြီး၏ ကွပ်ကဲရေး အခန်းထဲတွင် ကပ္ပတိန် အာဗီ က အခြား ကင်းလှည့် သင်္ဘောကြီး၏ ကပ္ပတိန် လုသာ ကို ပြောလိုက်လေသည်။

"အင်း ကြည့်ရတာ တစ်ဖက်လူရဲ့ စစ်သင်္ဘော ဒါမှမဟုတ် ရေငုပ်သင်္ဘောက သေချာပေါက် အရမ်း အားကောင်းရမယ် ငါတို့က ကင်းလှည့် သင်္ဘောကြီး ဖြစ်နေလို့ ရန်သူကို ကြောက်စရာ မလိုပေမယ့် ငါတို့ သတိတော့ ထားရမယ် နိုင်ငံခြားက ဝယ်ထားတဲ့ ဒီကင်းလှည့် သင်္ဘောကြီး နှစ်စီးက ဒေါ်လာ ဘယ်လောက်တောင် ကုန်ထားလဲ မသိဘူး ငါတို့ တန်ဖိုးထားရမယ်"

လုသာက ပြောလိုက်လေသည်။

"အင်း ပြောတာ မှန်တယ် ဒါပေမဲ့ ဒီတစ်ခေါက် ငါတို့ရဲ့ ကင်းလှည့် သင်္ဘောကြီး နှစ်စီး ထွက်လာတာမို့လို့ ရန်သူက ဘာမှ ထပ်လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ငါ ယုံတယ် ခဏနေ ငါ သူ့ကို ဖမ်းမိရင် ဟွန့် ဟွန့် သူ့ကို ပင်လယ်ကြမ်းပြင်မှာ ထာဝရ နစ်မြုပ်သွားအောင် လုပ်ပစ်မယ်"

အာဗီက ခက်ထန်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။ သူက ဖိလစ်ပိုင် များ၏ ဂုဏ်သိက္ခာကို ကာကွယ်ရမည် ဖြစ်သည်။ ယခုအခါ သူတို့၏ ဂုဏ်သိက္ခာကို အခြားသူများက နင်းခြေသွားခဲ့ပြီ ဖြစ်သည်။

ဖျက်သင်္ဘော နှစ်စီး ရန်သူ့ လက်ချက်ဖြင့် နစ်မြုပ်သွားခဲ့ရပြီ ဖြစ်ရာ သူတို့ အနေဖြင့် ဤတစ်ကြိမ်တွင် ဂုဏ်သိက္ခာကို ပြန်လည် ဆယ်တင်ရမည် ဖြစ်ပြီး ရန်သူ အားလုံးကို အပြတ်ရှင်းပစ်ရမည် ဖြစ်လေသည်။

"ပိုင်ရှင် ရန်သူက ငါတို့နဲ့ ရေမိုင် ၁၀ မိုင်ပဲ ဝေးပါတော့တယ် ပင်လယ်ပြင်ပေါ်မှာ မျောနေတဲ့ ဒီလူတွေကို ရှင်းပစ်လိုက်ရမလား"

"မလိုတော့ပါဘူး ငါက လူအများကြီး သတ်ရတာကို သိပ်မကြိုက်ဘူး သူတို့ကို ခွေးအသက် တစ်ရက်လောက် ဆက်ရှင်ခွင့် ပေးလိုက်ပါ အခုတောင် ငါ ကိုယ်တိုင် မသတ်ဘဲ လူရာဂဏန်းလောက် သေသွားပြီပဲ”

All Chapters