← Chapters

အခန်း ၃၆၉

Vol. 37 Ch. 369

အခန်း ၃၆၉

Vol. 37 Ch. 369

အခန်း ၃၆၉ - အကုန်လုံးကို ဖောက်ပြီး နစ်ပစ်လိုက်မယ်

ပင်လယ်ပြင် တစ်ခွင်တွင် ထိုဖိလစ်ပိုင် များ နေရာအနှံ့ မျောပါနေကြလေသည်။ အသက်ကယ် လှေ မလုံလောက်သဖြင့် လူဦးရေ တစ်ဝက်ကျော်မှာ အေးစက်သော ပင်လယ်ရေထဲတွင်သာ စိမ်နေကြရလေသည်။

မကြာသေးမီကမှ သူတို့ အနည်းငယ် မျှော်လင့်ချက် ရောင်ခြည်လေးကို မြင်တွေ့ခဲ့ရပြီး မိမိတို့၏ ညီအစ်ကို ရေတပ် အုပ်စုက သူတို့ကို ကယ်တင်ရန် ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ သို့သော် ကယ်ဆယ်ရေး လုပ်ငန်းများ စတင်နေစဉ်မှာပင် ဤဖျက်သင်္ဘောနှင့် အခြား ကင်းလှည့် သင်္ဘော နှစ်စီးမှာလည်း ရန်သူ၏ တိုက်ခိုက် ဖျက်ဆီးခြင်းကို ခံလိုက်ရပြန်လေသည်။

ဤရလဒ်က ဤသနားစရာ ဖိလစ်ပိုင် များကို နောက်ထပ် တစ်ကြိမ် ချောက်ကမ်းပါးထဲသို့ ကျသွားစေခဲ့ပြီး သေချာပေါက် သေရတော့မည်ဟု သူတို့ သိလိုက်ကြလေသည်။ ရန်သူက မထွက်သွားရုံတင် မကဘဲ သူတို့ကို ငါးစာ အဖြစ် အသုံးချပြီး သူတို့၏ ညီအစ်ကိုများကိုပါ လှည့်စား ဖျက်ဆီးသွားလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ကြပေ။

မည်သို့ပင်ဖြစ်စေ ယခုအခါ နစ်ခ်နှင့် ဂျိုနသန် တို့မှာ မျက်နှာ မည်းမှောင်ကာ ဝမ်းနည်း ကြေကွဲနေကြပြီး မိမိကိုယ်ကိုယ် ကယ်တင်ရန်ပင် မညွှန်ကြားနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် မည်သို့မျှ အသုံးမဝင်တော့သောကြောင့်ပင်။ ဘုရားသခင်ထံ ဆုတောင်းကာ သူတို့ကို သနားရန်သာ တောင်းခံရုံသာ ရှိတော့သည်။ တစ်ခုခု အပြောင်းအလဲများ ဖြစ်လာနိုင်မည်လားပေါ့။

"ကံဆိုးတဲ့ အထဲက ကံကောင်းတာက ဒီကျိန်စာသင့်မယ့် ရန်သူတွေက ငါတို့လို ဘာမှ ပြန်မလုပ်နိုင်တဲ့ သူတွေကို အစုလိုက်အပြုံလိုက် မသတ်ဖြတ်သွားတာပဲ အဲဒီလိုမှ မဟုတ်ရင် ငါတို့ အကုန်လုံး ဘယ်လိုမှ ပြေးမလွတ်နိုင်ဘူး"

နစ်ခ်၏ အသက်မှာ ယခုနှစ်တွင် ငါးဆယ်ကျော်နေပြီ ဖြစ်သည်။ သူက သံမဏိ သွေးရှိသော စစ်သား တစ်ယောက် ဖြစ်သော်လည်း ယခုအချိန်တွင်မူ အနည်းငယ် ဝမ်းနည်းလာမိသည်။ သူ၏ ဇနီး၊ သားနှင့် လှပချောမောသော မယားငယ်လေးကို လွမ်းဆွတ်နေမိသည်။

ယခုအခါ နစ်ခ်၏ အသက်ကယ် လှေမှာ ဂျိုနသန်တို့၏ ခေါင်းဆောင်များနှင့် လာရောက် ပူးပေါင်းမိလေပြီ။ နစ်ခ်၏ စကားကို ကြားသောအခါ ဂျိုနသန်က အေးစက်စွာ ပြောလိုက်လေသည်။

"ဟွန့် ရန်သူက ဒီတစ်ခေါက် နည်းနည်းတော့ ဆန်းကြယ်ပြီး အားကောင်းတယ် ဒါပေမဲ့ ငါတို့ဆီကို ကင်းလှည့် သင်္ဘောကြီး နှစ်စီး ဦးဆောင်တဲ့ ရေတပ် အုပ်စုကြီး လာကယ်တော့မယ် ငါ ယုံကြည်တယ် ပင်လယ်အောက်မှာ ပုန်းနေတဲ့ အဲဒီ သောက်ခွေးကောင်တွေ သေချာပေါက် ကြောက်ပြီး ထွက်ပြေးသွားတော့မှာပဲ"

ဂျိုနသန်၏ အမြင်တွင် သူ့ကို ချုံခို တိုက်ခိုက်ခဲ့သူမှာ နောက်ဆုံးပေါ် ရေငုပ်သင်္ဘော တစ်မျိုးသာ ဖြစ်ရမည်။ သို့သော် ထိုရေငုပ်သင်္ဘောများမှာ ကင်းလှည့် သင်္ဘောကြီးများ ရှေ့တွင် လုံးဝ ယှဉ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက အနည်းငယ် မကြောက်မရွံ့ ဖြစ်နေခြင်း ဖြစ်လေသည်။

"အဲဒီလို ဖြစ်ပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ"

နစ်ခ်က သက်ပြင်းချကာ ပြောလိုက်လေသည်။

"အား ငါတို့ရဲ့ စစ်သင်္ဘောတွေ ငါတို့ရဲ့ စစ်သင်္ဘောတွေ လာနေပြီ ကင်းလှည့် သင်္ဘောကြီး နှစ်စီးတောင်"

သိပ်မကြာခင်မှာပင် ဘယ်စစ်သားက အော်လိုက်သနည်း မသိ၊ လူအများအပြားက အဝေးမှ လင်းထိန်နေသော အလင်းရောင်များဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။

ယခုအခါ ထိုစစ်သင်္ဘောများပေါ်မှ မီးမောင်းကြီးများနှင့် ရင်းနှီးကျွမ်းဝင်လှသော ဥဩသံများက ဤဖိလစ်ပိုင် စစ်သားများကို ချက်ချင်း အားအင် သစ်လွင်သွားစေပြီး လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်သွားလေသည်။

ဤတစ်ကြိမ်တော့ သူတို့ သေချာပေါက် ကယ်တင်ခံရပြီ ဖြစ်ကြောင်း သူတို့ သိလိုက်ကြလေသည်။ ကင်းလှည့် သင်္ဘောကြီး နှစ်စီးတောင် ထွက်လာပြီဆိုတော့ ရန်သူက သေချာပေါက် လေတိုက်သလို ထွက်ပြေးသွားရတော့မည် မဟုတ်ပါလော။ မထွက်ပြေးလျှင် သေရန်သာ စောင့်နေရုံ ရှိတော့မည် မဟုတ်ပါလော။

"ကင်းလှည့် သင်္ဘောကြီး ကင်းလှည့် သင်္ဘောကြီးတွေ ဟေး ကျက်သရေ ရှိလိုက်တာ"

ဤစစ်သားများမှာ ယခင်က စိတ်ပျက်အားငယ်မှုများကို ပယ်ဖျက်လိုက်ပြီး မူလက ညှိုးနွမ်းနေသူများမှာ တစ်ယောက်ချင်းစီ တက်ကြွလာကြကာ မျက်နှာပေါ်တွင် ဘဝသစ် ရရှိသွားသော အပြုံးများ ပေါ်လာကြလေသည်။

"ဟားဟား ငါ ပြောသားပဲ ကင်းလှည့် သင်္ဘောကြီးတွေ ရောက်လာပြီ ဒီတစ်ခေါက် ငါတို့ အဆင်ပြေသွားပြီ"

ဂျိုနသန်က မှောင်မိုက်နေသော အဝေးဆီမှ အလင်းတန်းများနှင့် ဥဩသံများကို မြင်တွေ့ ကြားသိရသောအခါ ဟားတိုက် ရယ်မောလိုက်လေသည်။

"ဒီရန်သူတွေ ထွက်သွားပြီ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်"

ဘေးတွင် ထိုင်နေသော နစ်ခ်က တိုးတိုးလေး ပြောလိုက်လေသည်။

"ကပ္ပတိန် နစ်ခ် ခင်ဗျား ဒါ ဘာသဘောလဲ ခင်ဗျား စကားက ရန်သူ့ဘက် ပါနေသလိုပဲ ဘာလို့ ရန်သူတွေ ထွက်သွားပြီ ဖြစ်ပါစေလို့ ပြောရတာလဲ ရန်သူတွေ မထွက်သွားသေးဘူး ဖြစ်ပါစေလို့တောင် ငါ မျှော်လင့်နေတာ ဟွန့် ငါတို့ရဲ့ ကင်းလှည့် သင်္ဘောကြီးတွေက သူတို့ကို အချည်းနှီး မဖြစ်စေရဘူး"

ဂျိုနသန်က နစ်ခ်၏ စကားကို ကြားသောအခါ ချက်ချင်း မကျေမနပ် ဖြစ်သွားလေသည်။

'သောက်ကျိုးနည်း မင်းတို့ အမှိုက်ကောင်တွေကို လာကယ်ရလို့ ငါ့ရဲ့ ဖျက်သင်္ဘောတောင် ရန်သူရဲ့ ဖျက်ဆီးတာ ခံလိုက်ရပြီ'

သူ့ရင်ထဲတွင် အမည်မသိ ဒေါသမီး တစ်ခု အမြဲ ရှိနေခဲ့ပြီး ယခု နစ်ခ်၏ စကားကို ကြားသောအခါ သူ၏ ဒေါသမီးကို ချက်ချင်း မီးမွှေးပေးလိုက်သလို ဖြစ်သွားလေသည်။

"ကပ္ပတိန် ဂျိုနသန် ကျွန်တော့် စကားက ရန်သူ့ဘက် ပါနေတာ မဟုတ်ပါဘူး ဒီတစ်ခေါက် အခြေအနေက အရမ်း ဆန်းကြယ်နေတယ်လို့ ကျွန်တော် ထင်လို့ပါ ရန်သူက အားကောင်းတာကို ထားလိုက်ဦး ဒါပေမဲ့ တစ်ဖက်လူက ဘာကြီးလဲ ဆိုတာကိုတောင် ငါတို့ မရှာတွေ့သေးဘူးလေ ငါ့အထင်တော့ သူတို့ ထွက်သွားတာက ငါတို့ အလိုချင်ဆုံး ရလဒ်ပဲ"

နစ်ခ်က ရှင်းပြလိုက်လေသည်။

"ဟွန့် ခင်ဗျား ကြောက်နေတာပဲ ဟုတ်တယ် ခင်ဗျား ကြောက်သွားပြီ စစ်သား တစ်ယောက် အနေနဲ့ ရန်သူကို ဘယ်လိုလုပ် ကြောက်နေရတာလဲ တစ်ဖက်လူက နောက်ဆုံးပေါ် ရေငုပ်သင်္ဘော တစ်မျိုးပဲ မဟုတ်ဘူးလား ဘာတွေများ အထင်ကြီးစရာ ရှိလို့လဲ"

ဂျိုနသန်က အထင်သေးစွာဖြင့် ပြောလိုက်လေသည်။

'ဒီနစ်ခ် က ငကြောက်ပဲ' ဟု စိတ်ထဲမှ ကြိတ်ဆဲလိုက်လေသည်။

"ငါ့အထင်တော့ ရေငုပ်သင်္ဘော မဟုတ်ဘူး တကယ်လို့ ရေငုပ်သင်္ဘော ဆိုရင် တစ်ဖက်လူက ငါတို့ရဲ့ သင်္ဘော အောက်ခြေကို ဘယ်လို တိုက်ခိုက်တာလဲ ပြီးတော့ တစ်ဖက်လူရဲ့ တိုက်ခိုက်ရေး နည်းလမ်းကို ငါတို့ တစ်ခါမှ မမြင်ဖူးဘူး ဒီကိစ္စက တော်တော်လေး သံသယ ဖြစ်စရာ ကောင်းတယ် လူတွေ လုပ်နိုင်တဲ့ ကိစ္စမျိုး မဟုတ်သလိုပဲ"

နစ်ခ်က စိတ်ထဲမှ တိတ်တဆိတ် ခန့်မှန်းနေမိသည်။ ယမန်နှစ်က တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ကိစ္စရပ် သုံးခုကို ပြန်လည် သတိရသွားပြီး ယခု အခြေအနေနှင့် အနည်းငယ် တူညီနေသလား ဟု တွေးမိလေသည်။

"ဟွန့် ရေငုပ်သင်္ဘော မဟုတ်ရင် ဘာဖြစ်ရမှာလဲ ပတ်ဝန်းကျင်မှာ ရန်သူ့ စစ်သင်္ဘောမှ မရှိတာ ရေငုပ်သင်္ဘောကလွဲရင် ဘာရှိနိုင်ဦးမှာလဲ ငါ့ကို လာမပြောနဲ့ ပင်လယ်အောက်က သတ္တဝါဆိုးကြီးလို့တော့ တကယ်လို့ သတ္တဝါဆိုးကြီး ဆိုရင် ငါတို့ကို အကုန် စားသွားလောက်ပြီ"

ဂျိုနသန်က အထင်သေးစွာ ပြောလိုက်လေသည်။

......

ကင်းလှည့် သင်္ဘောကြီး နှစ်စီးက ယခုအခါ ထောက်လှမ်းရေး ကိရိယာ အားလုံးကို အစွမ်းကုန် ဖွင့်ထားကြလေသည်။ ထောက်လှမ်းရေး ရေဒါ၊ ဆိုနာ၊ အနီအောက်ရောင်ခြည်၊ ဂြိုဟ်တု စောင့်ကြည့်ရေး၊ အာရုံခံ ကိရိယာ အစရှိသဖြင့် အားလုံးကို ဖွင့်ထားကြသည်။ သူတို့က အလွန် သတိထားနေကြပြီး ဤနေရာတွင် ရန်သူ ရှိနေသေးသလား ဆိုတာကို ကြည့်ချင်နေကြသည်။ အကယ်၍ တွေ့ရှိပါက ချက်ချင်း တိုက်ခိုက်မည် ဖြစ်လေသည်။

၀၀၁ နံပါတ် ကင်းလှည့် သင်္ဘောကြီးပေါ်တွင် အာဗီ က လက်အောက်ငယ်သားများ၏ အစီရင်ခံချက်ကို နားထောင်နေလေသည်။ ဒီကိရိယာများဖြင့် ထောက်လှမ်းပြီးနောက် ပတ်ဝန်းကျင်တွင် ရန်သူ၏ အရိပ်အယောင် လုံးဝ မရှိကြောင်း၊ ကောင်းကင်တွင် ဖြစ်စေ၊ ပင်လယ်ပြင်တွင် ဖြစ်စေ၊ ပင်လယ်ကြမ်းပြင်တွင် ဖြစ်စေ အချက်ပေးသံ လုံးဝ မပြကြောင်း သူ သိလိုက်ရလေသည်။

"ကပ္ပတိန် လုသာ နဲ့ လိုင်းချိတ်ပေးပါ"

"ဟုတ်ကဲ့"

သိပ်မကြာခင်မှာပင် အာဗီ က လုသာ နှင့် ပြန်လည် အဆက်အသွယ် ရသွားလေသည်။

"ဟလို အစ်ကို လုသာ လား ကျွန်တော်တို့ ဘက်မှာ အရာအားလုံး ပုံမှန်ပါပဲ ဒီကိရိယာတွေနဲ့ ထောက်လှမ်းကြည့်တာတောင် ရန်သူ့ အရိပ်အယောင်ကို မတွေ့ရဘူး ခင်ဗျားဘက်မှာကော အခြေအနေ ဘယ်လိုလဲ"

"ကျွန်တော်တို့ ဘက်လည်း အတူတူပါပဲ ကြည့်ရတာ အဲဒီ ကျိန်စာသင့်မယ့် ရန်သူတွေ ထွက်ပြေးသွားလောက်ပြီ ဘာပဲဖြစ်ဖြစ် ဒီနေရာက ငါတို့ရဲ့ ပြည်တွင်း ရေပိုင်နက်လေ တစ်ဖက်လူက အကြာကြီး နေရဲမှာ မဟုတ်ဘူး"

လုသာ က ပြောလိုက်လေသည်။

"အင်း ကျွန်တော်လည်း အဲဒီလိုပဲ ထင်တယ် ဒီလို လုပ်ကြတာပေါ့ အဲဒီ ကင်းလှည့် သင်္ဘောတွေနဲ့ ဖျက်သင်္ဘောတွေကို ရေထဲက ညီအစ်ကိုတွေကို ကယ်ဖို့ လွှတ်လိုက်ပြီး ကျွန်တော်တို့ ကင်းလှည့် သင်္ဘောကြီး နှစ်စီးက ဒီပတ်ဝန်းကျင်မှာ လုံခြုံရေး ယူပေးထားမယ် ဘယ်လိုလဲ တကယ်လို့ အရေးပေါ် အခြေအနေ တစ်ခုခု ဖြစ်လာရင် ကျွန်တော်တို့ ကင်းလှည့် သင်္ဘောကြီး နှစ်စီးလုံးက ရန်သူကို ချက်ချင်း တိုက်ခိုက်နိုင်တယ်လေ"

အာဗီ က အကြံပြုလိုက်လေသည်။

"ကောင်းပြီ ကျွန်တော်လည်း အဲဒီလိုပဲ တွေးနေတာ ဒါဆိုလည်း အဲဒီလိုပဲ လုပ်ကြတာပေါ့"

သူတို့ နှစ်ဦး သဘောတူညီသွားကြပြီး မကြာမီမှာပင် အစီအစဉ်များ ချမှတ်လိုက်ကြလေသည်။

"ပိုင်ရှင် ကျွန်တော်တို့ အခု ဘယ်လို လုပ်ကြမလဲ"

ဒီရေတပ် အုပ်စုကြီး ပိုပိုပြီး နီးကပ်လာသည်ကို မြင်သောအခါ အသံလက်ထောက်က ဆွန်ဖုန်းကို မေးလိုက်လေသည်။

"အကုန်လုံးကို ဖောက်ပြီး နစ်ပစ်လိုက်မှာပေါ့ ဘယ်လို လုပ်ရမှာလဲ ဟီးဟီး"

ဆွန်ဖုန်းက ပြန်ပြောလိုက်လေသည်။

"ကောင်းပြီ သွားစို့ ကျွန်တော်တို့ အခုပဲ သွားပြီး စလုပ်ကြမယ်"

..........

"ကြည့်ရတာ ရန်သူတွေ တကယ်ပဲ ထွက်သွားပြီ ထင်တယ် ခုနက အာဗီ နဲ့ လုသာ တို့ ငါတို့နဲ့ စကားပြောတယ် သူတို့က ကင်းလှည့် သင်္ဘောတွေနဲ့ ဖျက်သင်္ဘောတွေကို ငါတို့ကို ကယ်ဖို့ လွှတ်လိုက်မယ် တဲ့ ငါတို့ကို မြန်မြန် ပူးပေါင်းပါ တဲ့"

ဒီလောက် နီးကပ်လာသော အခါ နှစ်ဖက် အမြန် အဆက်အသွယ် ရသွားကြလေသည်။ ဂျိုနသန်က အနည်းငယ် ဝမ်းသာစွာဖြင့် နစ်ခ်ကို ပြောလိုက်လေသည်။ သူ နောက်ဆုံးတော့ ဒီငရဲလို နေရာကနေ ထွက်ခွာနိုင်တော့မည် ဖြစ်လေသည်။

"ဒီလိုတော့ ပြောလို့ မရသေးဘူး အရင်က ခင်ဗျား လာတုန်းကလည်း ဒီလိုပဲ မဟုတ်ဘူးလား ရန်သူကို မတွေ့ရပေမယ့် တိုက်ခိုက်ခံလိုက်ရတာပဲ ပေါ့ဆလို့ မရဘူး"

နစ်ခ်က အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။

"ဟွန့် ငါတို့ရဲ့ ဖျက်သင်္ဘောပေါ်က ကိရိယာတွေက အဆင့်မမြင့်လို့ နေမှာပေါ့ ဒါပေမဲ့ အခု လာတဲ့ ကင်းလှည့် သင်္ဘောကြီး နှစ်စီးလုံးက အဆင့်အမြင့်ဆုံး ထောက်လှမ်းရေး ကိရိယာတွေနဲ့ ကာကွယ်ရေး စနစ်တွေ တပ်ဆင်ထားတာ ရန်သူက အဲဒီလောက် အားကောင်းပြီး မောက်မာနေလိမ့်မယ်လို့ ငါ မယုံဘူး"

ဂျိုနသန်က မကျေမနပ် ဖြစ်သွားပြီး နစ်ခ်ကို ကျီးကန်း ပါးစပ် ဟု စိတ်ထဲမှ ကြိတ်ဆဲလိုက်လေသည်။

"ဒါပေမဲ့ အခု ကင်းလှည့် သင်္ဘောကြီး နှစ်စီးက ကယ်ဆယ်ရေးမှာ မပါဘဲ အမြဲတမ်း အသင့် အနေအထားနဲ့ စောင့်ကြည့်နေတယ် ဆိုတော့ ငါ့လို အဖြစ်ဆိုးမျိုး ကြုံရမှာ မဟုတ်ဘူးလို့ ထင်တယ်"

ထိုအကြောင်းကို ပြောမိသောအခါ ဂျိုနသန်မှာ ပါးစပ်ကသာ ခံပြောနေသော်လည်း ရင်ထဲတွင်မူ အနည်းငယ် လန့်နေမိသည်။

ဘာပဲဖြစ်ဖြစ် သူက အစောပိုင်းက ထိုအဖြစ်ဆိုးကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလော။ ရန်သူကို မတွေ့ရဘဲနှင့် ချုံခို တိုက်ခိုက်ခံလိုက်ရသည်။ ချုံခို တိုက်ခိုက်ခံရပြီးသည့်တိုင် ရန်သူ ဘယ်မှာ ရှိနေသနည်း ဆိုသည်ကို မရှာတွေ့နိုင်ခဲ့ပေ။ ဤအချက်က ဂျိုနသန်ကို ကြောက်ရွံ့နေစေဆဲ ဖြစ်လေသည်။

"အင်း အဲဒီလို ဖြစ်ပါစေလို့ပဲ"

နစ်ခ်၏ မျက်လုံးများက ရှေ့ကိုသာ စိုက်ကြည့်နေပြီး ရေထဲတွင် ကင်းလှည့်နေဆဲ ဖြစ်သော ကင်းလှည့် သင်္ဘောကြီး နှစ်စီးကို ကြည့်နေလေသည်။

ထိုကင်းလှည့် သင်္ဘောများနှင့် ဖျက်သင်္ဘောများ ကယ်ဆယ်ရေး လုပ်နေချိန်တွင် ရုတ်တရက် ဘုန်းကနဲ ဧရာမ ပေါက်ကွဲသံကြီး တစ်ခုက ဤပင်လယ်ပြင် တစ်ခွင်သို့ ပျံ့နှံ့သွားလေသည်။

လူတိုင်း ဒီအသံကြောင့် မှင်သက်သွားကြပြီး နောက်ဆက်တွဲ အနေဖြင့် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ အံ့အားသင့်သွားကြလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့နှင့် မနီးမဝေးရှိ ကင်းလှည့် သင်္ဘောကြီး တစ်စီးမှာ ရုတ်တရက် အလျင်အမြန် ယိမ်းယိုင်လာပြီး ရေစိမ်မျဉ်းမှာလည်း အလျင်အမြန် နစ်မြုပ်လာနေသည်ကို သူတို့ မြင်တွေ့လိုက်ရသောကြောင့်ပင်။

"ဘုန်း ဘုန်း ဘုန်း"

ဤပထမဆုံး ပေါက်ကွဲသံ အပြီးတွင် နောက်ထပ် ပေါက်ကွဲသံ ဆယ်ဂဏန်းခန့် ဆက်တိုက် ထွက်ပေါ်လာပြန်သည်။ ဒိုင်း... ဒိုင်း... ဒိုင်း... ဤအသံများက လူတိုင်း၏ နှလုံးသားကို တိုက်ရိုက် ထိမှန်သွားစေလေသည်။

"ရန်သူ မထွက်သွားသေးဘူးလား"

ဤအခြေအနေကို မြင်သောအခါ နစ်ခ် တစ်ယောက် ပါးစပ် အဟောင်းသား ဖြစ်သွားလေသည်။

"ဒီ... ဒီ..."

ယခုအခါ ဂျိုနသန် တစ်ယောက် ဘာစကားမှ မပြောနိုင်တော့ပေ။

အစောပိုင်းက သူ ထင်ခဲ့သည်မှာ ကင်းလှည့် သင်္ဘောကြီး နှစ်စီး ရောက်လာပါက ရန်သူကို သေချာပေါက် ကြိတ်ချနိုင်မည်၊ ရန်သူ အနေဖြင့် ကြောက်လန့်ပြီး ထွက်ပြေးရုံသာ ရှိမည်၊ အကယ်၍ မထွက်ပြေးဘဲ နေမည် ဆိုပါကလည်း သေချာပေါက် အားလုံး ရှင်းလင်းခံရမည် ဟုပင် ဖြစ်သည်။ သို့သော် ယခု မြင်ကွင်းကို ကြည့်ပြီးနောက် သူ ငိုပင် ငိုချင်သွားလေသည်။

သူ့ရင်ထဲတွင် 'သောက်ကျိုးနည်း ရန်သူက ဘာလို့ ဒီလောက်တောင် ရောင့်တက်ပြီး အားကောင်းနေရတာလဲ' ဟု ခံစားလိုက်ရသည်။ ဤအခြေအနေ အတိုင်းသာ ဆက်သွားမည် ဆိုပါက ဖိလစ်ပိုင် များ၏ စစ်သင်္ဘော အားလုံးကို စေလွှတ်လိုက်လျှင်ပင် အကုန်လုံး ရှင်းလင်းခံရမည့် ပုံပေါ်နေလေသည်။

ဘာပဲဖြစ်ဖြစ် ဖိလစ်ပိုင် များ၏ ရေတပ်မှာ သိပ်မကောင်းလှဘဲ ကမ္ဘာပေါ်တွင် တတိယတန်းစား၊ စတုတ္ထတန်းစား အဆင့်လောက်သာ ရှိလေသည်။

"အို ဘုရားသခင် အို ထာဝရ ဘုရားသခင် ငါတို့ရဲ့ ရန်သူက လူတွေကော ဟုတ်ရဲ့လား"

ဤကင်းလှည့် သင်္ဘောကြီး ဖောက်ခွဲခံလိုက်ရပြီး နစ်မြုပ်တော့မည် ဖြစ်ရုံသာမက အခြား ကင်းလှည့် သင်္ဘောကြီး တစ်စီးကလည်း ဒီအခြေအနေကို မြင်သောအခါ လေးသည်တော်၏ မြားကို ကြောက်သော ငှက်ကဲ့သို့ ဖြစ်သွားပြီး သူ တစ်ခုခု တုံ့ပြန်ရန် ကြိုးစားနေချိန်တွင် သူ၏ သင်္ဘော တစ်စီးလုံးလည်း ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရပြန်လေသည်။

"အစီရင်ခံပါတယ် ကပ္ပတိန် ဒီစစ်သင်္ဘော မရတော့ပါဘူး အောက်ဆုံးထပ် အားလုံး ပျက်စီးသွားပါပြီ ပြင်လို့ မရတော့ပါဘူး ကျွန်တော်တို့ အမြန်ဆုံး သင်္ဘော စွန့်ခွာရအောင်ပါ နောက်ထပ် ဆယ့်ငါးမိနစ်လောက် ဆိုရင် သင်္ဘော နစ်တော့မှာပါ"

"ဘာ ဒီလောက် မြန်တာလား ပျက်စီးသွားရင်တောင် ဒီလောက် မြန်မြန် နစ်သွားစရာ အကြောင်း မရှိပါဘူး"

လုသာ က ဒေါသတကြီး အော်ဆဲလိုက်လေသည်။

"ကပ္ပတိန် အောက်ဆုံးထပ် ပျက်စီးသွားတာတင် မကပါဘူး အပေါ်တစ်လျှောက်လုံး အကုန် ပျက်စီးသွားတာပါ ပင်လယ်ရေတွေက ကုန်းပတ်အောက် ရောက်နေပါပြီ"

"ဘာ"

ဒိုင်းကနဲ အသံနှင့်အတူ လုသာ တစ်ယောက် ကြမ်းပြင်ပေါ်သို့ ချက်ချင်း မူးမေ့လဲကျသွားတော့သည်။

"ဘုန်း ဘုန်း ဘုန်း"

ဤကင်းလှည့် သင်္ဘောကြီး နှစ်စီးသာမက အခြား ဖျက်သင်္ဘောများနှင့် ကင်းလှည့် သင်္ဘောများ၊ အခြား အရန် သင်္ဘောငယ်များ အားလုံးလည်း တစ်စီးမကျန် ဖောက်ခွဲခံလိုက်ရလေသည်။

"ပြီးပြီ ပြီးပြီ အကုန်လုံး ပြီးသွားပြီ"

နစ်ခ် တစ်ယောက် ဤမြင်ကွင်းကို ကြည့်ကာ မျက်ရည်များပင် ကျလာလေတော့သည်။

All Chapters