← Chapters

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း ၃၇၂ - ယောကျာ်း နောက်တစ်ယောက် ထပ်မွေးချင်သေးတယ်

ဘာပဲဖြစ်ဖြစ် ဒီတစ်ပတ်တာ ကာလက တစ်ကမ္ဘာလုံးကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။ ဖိလစ်ပိုင်များမှာ ကြောက်လန့်လွန်း၍ သူတို့၏ အသိုက်အမြုံထဲတွင်သာ ပုန်းအောင်းနေပြီး မရောင့်တက်ရဲတော့ပေ။

အမေရိကန်တို့မှာလည်း မူလက တောင်တရုတ်ပင်လယ်တွင် လာရောက် အင်အားပြရန် ရည်ရွယ်ထားခဲ့သော်လည်း ယခုအခါ ခေါင်းဝှက်နေပြီး ရေတပ် အုပ်စုများ ထပ်မံ စေလွှတ်၍ မရောင့်တက်ရဲတော့ချေ။

တစ်ချိန်တည်းမှာပင် တောင်တရုတ်ပင်လယ် တစ်ခွင်လုံးမှာ ရုတ်တရက် လေငြိမ်လှိုင်းငြိမ် ဖြစ်သွားပြီး အနည်းငယ် ထူးဆန်းနေလေသည်။

ဂြိုဟ်သား တရားခံ ဆိုသော စကားလုံး လေးလုံးကို ကြားသည်နှင့် လူအများအပြားမှာ ချက်ချင်း မျက်နှာပျက်သွားကြလေသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းက အလွန် စွမ်းဆောင်နိုင်လွန်းပြီး အမေရိကန်တို့၏ လေယာဉ်တင် သင်္ဘော တိုက်ခိုက်ရေး အုပ်စု တစ်ခုလုံးကိုပင် နစ်မြုပ်သွားစေခဲ့သောကြောင့် ဖြစ်သည်။

ကမ္ဘာပေါ်ရှိ လူများက ဂြိုဟ်သား တရားခံ ဟု ခေါ်ဝေါ်နေကြသည်ကို ဆွန်ဖုန်း ကာယကံရှင် ကိုယ်တိုင် သိရှိသော်လည်း ထိုကိစ္စများကို ဂရုမစိုက်အားပေ။ ဤနေရာတွင် နှစ်ပတ်နီးပါးခန့် နေထိုင်ပြီးနောက် နောက်ဆုံးတွင် ဆွန်ဖုန်းသည် ဘက်ကီနှင့် ဒက်ဂျီတို့ကို ကယ်တင်နိုင်ခဲ့လေသည်။

သုံးရက် အကြာတွင် ဆွန်ဖုန်းသည် နယူးဖောင်းလန်းပြည်နယ် ၏ မြို့တော် စိန့်ဂျွန်း သို့ ရောက်ရှိလာခဲ့လေသည်။

"မိန်းမနဲ့ ကလေးတွေရေ ငါ ပြန်လာပြီဟေ့"

ဆွန်ဖုန်းသည် အိမ်ပေါက်ဝသို့ ရောက်သည်နှင့် အထဲသို့ လှမ်းအော်လိုက်လေသည်။

"ပါပါ ပါပါ..."

ဆွန်ဖုန်း အိမ်ထဲသို့ ဝင်ဝင်ချင်း ခြံထဲရှိ မြက်ခင်းပြင်ပေါ်တွင် အရုပ်များဖြင့် ကစားနေသော သားဖြစ်သူမှာ သွားရည်များ ကျလျက် ဆွန်ဖုန်းကို မော့ကြည့်ကာ 'ပါပါ ပါပါ' ဟု ခေါ်ရင်း ဆွန်ဖုန်းဆီသို့ တွားသွားလာလေသည်။

"အို ရွှယ်ဟန် ကြည့်ပါဦး ဖေဖေ ပြန်လာပြီ"

ယန်ရွှယ်က သမီးလေးကို ချီကာ ဆွန်ဖုန်း အနားသို့ ပြုံးလျက် လျှောက်လာပြီး သမီးလေးကို ဆွန်ဖုန်းနှင့် နှုတ်ဆက်ရန် ချော့မြှူလိုက်လေသည်။

"ပြန်လာပြီလား"

ဟယ်မင်ယီ က ဆွန်ဖုန်း ပြန်လာသည်ကို မြင်သောအခါ ပြုံးလျက် နှုတ်ဆက်လိုက်လေသည်။

"အင်း ခရီးထွက်တာ တစ်ပတ်တောင် ရှိပြီ ပြန်လာသင့်ပြီလေ ဟားဟား"

ဆွန်ဖုန်းက မိန်းမများကို တစ်ယောက် တစ်လှည့် နမ်းလိုက်ပြီးနောက် ချစ်စရာကောင်းသော သမီးလေးများကိုလည်း ချော့မြှူလိုက်သည်။ ထို့နောက် သွားရည်ကျနေသော သားဖြစ်သူကို ပွေ့ချီလိုက်လေသည်။

"ဖြန်း ဖြန်း ဖြန်း"

ဆွန်ဖုန်းက သားဖြစ်သူ၏ တင်ပါးကို ရိုက်ကာ ရယ်မောလျက် ပြောလိုက်လေသည်။

"ပြန်လာတိုင်း ငါ့ကို ပါပါ ပါပါ လို့ပဲ ခေါ်တယ် တကယ်ပဲ ဒေါသထွက်ဖို့ ကောင်းတယ်"

ဆွန်ဖုန်း၏ ရိုက်ခြင်းကို ခံရသော်လည်း ဆွန်ရွှိုက် က မငိုပေ။ သူက အပြစ်ကင်းစင်သော အပြုံးလေးဖြင့် ဆွန်ဖုန်းကို ကြည့်ကာ နုနယ်သော လက်လေး တစ်ဖက်ကို ဆန့်ထုတ်၍ ဆွန်ဖုန်းကို အော်ပြောလိုက်လေသည်။

"ပါပါ သကြားလုံး သကြားလုံး"

"သကြားလုံး သကြားလုံး တစ်ချိန်လုံး သကြားလုံး စားဖို့ပဲ တွေးနေတယ် မကျွေးဘူး"

ဟယ်မင်ယီက သားဖြစ်သူကို ပြန်လုယူကာ ဆွန်ဖုန်းကို မျက်စောင်းထိုးလျက် ပြောလိုက်လေသည်။ ဆွန်ဖုန်းက သကြားလုံး ထုတ်ပေးမည့်ဆဲဆဲ အနည်းငယ် အနေရခက်သွားလေသည်။

'သောက်ကျိုးနည်း ဒီသကြားလုံး တစ်လုံးက သားအဖ သံယောဇဉ်ကို ဆက်သွယ်ပေးမယ့် အကောင်းဆုံး တံတား ဆိုတာ မသိဘူးလား'

"ဝါး ဝါး ဝူး ဝူး"

သကြားလုံး မစားရသဖြင့် ဆွန်ရွှိုက် တစ်ယောက် ချက်ချင်း ငိုချလိုက်တော့သည်။ အဘယ်ကြောင့်ဆိုသော် ဆွန်ဖုန်းက ပြန်လာတိုင်း သူ့ကို သကြားလုံး ဝယ်လာပေးလေ့ ရှိရာ ယခု တစ်ခါ သကြားလုံး မစားရသဖြင့် သူ မငိုဘဲ နေမည်လော။

"ကဲပါ မငိုနဲ့တော့နော် လိမ္မာတယ်"

ဟယ်မင်ယီက အနည်းငယ် ချော့လိုက်သောအခါ ဤပူပင်သောက ကင်းမဲ့သော သားဖြစ်သူမှာ ချက်ချင်း အငိုတိတ်သွားပြီး ဘေးသို့ သွားကာ ဂိမ်းဆက်ကစားနေတော့သည်။

"ဟူး ကလေးထိန်းရတာ တကယ် ခက်တာပဲ"

ဆွန်ဖုန်းက မိန်းမ သုံးယောက် ကလေး တစ်ယောက်စီ ချီထားသည်ကို ကြည့်ကာ တွေးလိုက်မိလေသည်။

ဒီနေ့ရက်များတွင် သူတို့ အနေဖြင့် ဘာမှ လုပ်၍ မရနိုင်တော့ပေ။ အနည်းဆုံးတော့ ကလေးတွေ အသက် နှစ်နှစ် မပြည့်ခင်အထိ ဘာမှ လုပ်၍ မရနိုင်သေးချေ။

"ဟုတ်တယ် ငါ အိမ်မှာ နေ့တိုင်း ကလေး ထိန်းနေရတာ အရမ်း စိတ်ညစ်ဖို့ ကောင်းတာပဲ အရင်က အလုပ်လုပ်ခဲ့ရတဲ့ နေ့ရက်တွေကိုတောင် ပြန်လွမ်းလာပြီ"

လျန်ယင်း က သမီးဖြစ်သူ ဆွန်ရင်း ကို သိပ်ပြီးနောက် အနည်းငယ် ပင်ပန်းနွမ်းနယ်နေသော လေသံဖြင့် ပြောလိုက်လေသည်။

တကယ်တမ်း ပြောရလျှင် သူတို့ အားလုံးကို ဆွန်ဖုန်းက အားဖြည့် သွေးရည်ကြည်များ ထိုးပေးမထားခဲ့လျှင် ဤလအနည်းငယ် အတွင်း သူတို့ အများကြီး အိုမင်းရင့်ရော်သွားနိုင်လေသည်။

"မဆိုးပါဘူး ငါကတော့ ကလေးထိန်းရတာ တော်တော်လေး ပျော်ဖို့ ကောင်းတယ်လို့ ထင်တယ် လျန်ယင်း ရဲ့ ဆွန်ရင်း က အခု အရမ်း ငယ်သေးတယ်လေ လအနည်းငယ်ပဲ ရှိသေးတာ သူ တစ်နှစ်လောက် ပြည့်သွားရင် ထိန်းရတာ အများကြီး လွယ်သွားလိမ့်မယ် အဲဒီအချိန်ကျရင် ကလေးထိန်းရတဲ့ အရသာကို နင် တွေ့လာလိမ့်မယ်"

ဟယ်မင်ယီ က ချွဲနွဲ့စွာ ရယ်မောလျက် ပြောလိုက်လေသည်။

"တကယ်လား"

လျန်ယင်း က အနည်းငယ် သံသယဖြင့် မေးလိုက်လေသည်။

"ငါလည်း အဲဒီလိုပဲ ကြားဖူးတယ်"

ယန်ရွှယ်ကလည်း ဝင်ပြောလိုက်လေသည်။

"နင် ကြည့်လေ ဆွန်ရွှိုက် ဆိုတဲ့ ဒီသောက်ကောင်လေးက တစ်နေ့လုံး သူ့ဘာသာသူ ကစားနေတာ သူ့ကို စားဖို့ သောက်ဖို့ ပေးရုံပဲ ရှိတာ"

ဟယ်မင်ယီ က ဘေးတွင် ဆွန်ရွှိုက် တစ်ယောက် မြက်ခင်းပေါ်တွင် တွားသွားကာ တစ်ခါတစ်ရံ ခွေးလေး၏ အမြီးကို ဆွဲလိုက်၊ တစ်ခါတစ်ရံ အရုပ်များကို ရမ်းသန်း ပစ်ပေါက်လိုက်၊ တစ်ခါတစ်ရံ မြက်ပင် အနည်းငယ်ကို ဆွဲနှုတ်ကာ လေ့လာနေသည်ကို လက်ညှိုးထိုးပြလိုက်လေသည်။

ဘယ်လို ကြည့်ကြည့် အလွန် ချစ်စရာ ကောင်းနေလေသည်။ ကလေးများ၏ ကမ္ဘာလေးမှာ အပြစ်ကင်းစင်ပြီး ချစ်စရာ ကောင်းလှပေသည်။

"အင်း တကယ်လည်း ဟုတ်တာပဲ"

လျန်ယင်း က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"သူတို့ နှစ်နှစ် သုံးနှစ် အရွယ် ရောက်လာရင် ပိုပြီး ချစ်စရာ ကောင်းလာလိမ့်မယ် ဒါပေမဲ့ သုံးလေးနှစ် အရွယ် ရောက်လာရင်တော့ ငါတို့ကို အသံဆူလွန်းလို့ မူးမေ့သွားအောင် လုပ်လိမ့်မယ် ဘာလို့လဲဆိုတော့ အဲဒီအချိန်ကျရင် သူတို့က မေးခွန်းပေါင်း တစ်သောင်းလောက် မေးတော့မှာ"

ယန်ရွှယ်က နဖူးကို ပွတ်ကာ ပြောလိုက်လေသည်။

"ပြောတာ တော်တော်လေး အဓိပ္ပာယ် ရှိသားပဲ"

ဆွန်ဖုန်းက ဘေးတွင် နားထောင်ရင်း မှင်သက်သွားလေသည်။

ကြည့်ရသည်မှာ ကလေးထိန်းခြင်းကလည်း အတတ်ပညာ တစ်ခုပင် ဖြစ်လေသည်။ ဤမိန်းမများ ဆွေးနွေးနေသည်မှာ အဆင့်ဆင့် ဖြစ်နေလေသည်။

မိန်းမများ အမေ ဖြစ်လာသောအခါ ပို၍ အတင်းပြောတတ်လာကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ အင်း မိန်းမများက ယောကျာ်းများထက် ပို၍ အတင်းပြောတတ်သည်မှာ မှန်ပါသည်။

'သောက်ကျိုးနည်း ငါ ရုတ်တရက် ခံစားလိုက်ရတာက ဒီဘဝမှာ အသက်ရှင်နေရတာဟာ နောက်မျိုးဆက် သစ်တွေ မွေးဖွားဖို့ အတွက် ကြိုးစားနေရတာပဲ'

ရုတ်တရက် ဆွန်ဖုန်းသည် အလွန် ဝမ်းနည်းဖွယ် ကောင်းသော ကိစ္စ တစ်ခုကို တွေ့ရှိလိုက်လေသည်။

'မွေးဖွားလာတယ် ဘာအတွက်လဲ၊ အသက်ရှင်ဖို့။ ကြီးပြင်းလာတယ် ဘာအတွက်လဲ၊ ပိုက်ဆံရှာဖို့။ ပိုက်ဆံရှာတယ် ဘာအတွက်လဲ၊ ပိုကောင်းမွန်တဲ့ ဘဝကို ရှင်သန်ဖို့နဲ့ ပိုကောင်းမွန်တဲ့ မိန်းမ ရှာဖို့။ မိန်းမ ရှာတယ် ဘာလုပ်ဖို့လဲ၊ ဖောက် ဖောက် ဖောက် လုပ်ဖို့။ ဖောက် ဖောက် ဖောက် လုပ်တယ် ဘာလုပ်ဖို့လဲ၊ ကလေးမွေးဖို့။ ကလေးမွေးပြီးရင် ဆက်ပြီး ပိုက်ဆံရှာဖို့ ကြိုးစားရတယ်။ ကလေးတွေကို ဆက်ပြီး ကလေးမွေးဖို့...'

ညဘက် ထမင်းစားပြီးနောက် လျန်ယင်း အပါအဝင် မိန်းမများ အားလုံး အလုပ်ရှုပ်နေကြလေသည်။ သမီး အိပ်သွားသည်နှင့် ကိုရီးယား ဇာတ်လမ်းတွဲများ ကြည့်သူက ကြည့်၊ မိမိ အလုပ် မိမိ လုပ်သူက လုပ်ဖြင့် ဆွန်ဖုန်းကို အဖော်ပြုပေးမည့်သူ တစ်ဦးမျှ မရှိချေ။ ထို့ကြောင့် ဆွန်ဖုန်းသည် စာကြည့်ခန်းထဲသို့ ဝင်ကာ ဂိမ်းကစားနေရုံသာ ရှိတော့သည်။

ယခုအခါ S6 LOL နွေဦး ရာသီ ပြိုင်ပွဲများ စတင်နေပြီ ဖြစ်ပြီး ဆွန်ဖုန်း အနှစ်သက်ဆုံး အသင်းမှာ OMG အသင်း ဖြစ်လေသည်။ ယခင်က နာမည်ကြီးခဲ့သော ကစားသမားဟောင်းများ မရှိတော့ဘဲ လူသစ်များသာ ဖြစ်သော်လည်း သူက ဤအသင်းကို အလွန် နှစ်သက်ဆဲ ဖြစ်လေသည်။

ဆွန်ဖုန်း ဂိမ်းကစားနေစဉ် ဟယ်မင်ယီ က အခန်းထဲသို့ ဝင်လာပြီး ဆွန်ဖုန်း တစ်ယောက် အာရုံစိုက်ကာ ဂိမ်းကစားနေသည်ကို မြင်သောအခါ ဒေါသ ထွက်သွားလေသည်။

"အသက် ဘယ်လောက် ရှိနေပြီလဲ ဂိမ်းကစားနေတုန်းပဲ ကလေးဆိုးကြီး တစ်ယောက်လိုပဲ"

ဟယ်မင်ယီ က ဆွန်ဖုန်းကို ဆူပူလိုက်လေသည်။

"အသက် ဘယ်လောက် ရှိလို့လဲ နင့် ယောကျာ်း ငါက အခုမှ အသက် ၂၄ နှစ်ပဲ ရှိသေးတယ်လေ ငါက အရမ်း ငယ်သေးတယ် ဘာ ကလေးဆိုးကြီးလဲ နင်ကမှ ကောင်မလေး ဖြစ်နေတာ"

ဆွန်ဖုန်းက မကျေမနပ်ဖြင့် ပြန်ပြောလိုက်လေသည်။

"ကဲပါ ဆက်မကစားနဲ့တော့ နင့် နှမကို ကစား မြန်မြန် ငါ့အခန်းထဲ လိုက်ခဲ့"

ဟယ်မင်ယီ က ဆွန်ဖုန်း၏ နားရွက်ကို ဆွဲကာ ချွဲနွဲ့သော အသံဖြင့် အော်လိုက်လေသည်။

"ဘာလုပ်မလို့လဲ ဘာလုပ်မလို့လဲ ငါ အဆင့်တက်မယ့် ပွဲ ကစားနေတာ ဘာလုပ်မလို့လဲ လွှတ်စမ်း"

ဆွန်ဖုန်းက အော်ဟစ်လိုက်လေသည်။ ဒီမိန်းမက ဆုံးမဖို့ လိုနေပြီ၊ ထပ်ပြီး ရောင့်တက်လာပြန်ပြီ၊ သူ၏ နားရွက်ကိုတောင် လာဆွဲရဲပြီး ဂိမ်းကစားတာကိုပါ လာတားနေသည်။

"ဘာဂိမ်း ကစားတာလဲ ဘာဂိမ်း ကစားတာလဲ မိန်းမ ရှိရက်နဲ့ နင်က နေ့တိုင်း ဂိမ်းကစားဖို့ပဲ တွေးနေတယ် နင်က ငါ့ကို ဒေါသထွက် သေအောင် လုပ်ချင်နေတာလား"

ဟယ်မင်ယီ က လုံးဝ မလွှတ်ပေးဘဲ ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။ ရင်ဘတ်များပင် နိမ့်ချည် မြင့်ချည် ဖြစ်နေလေသည်။

"အင်း တကယ်တော့ မိန်းမက ဂိမ်းထက် ပိုကစားလို့ ကောင်းတာပဲ"

ဆွန်ဖုန်း တစ်ယောက် မှင်သက်သွားလေသည်။ ကြည့်ရသည်မှာ ယနေ့ ဟယ်မင်ယီ က သူ့ကို ဆုံးမစေချင်နေပုံ ရသည်။ ဤမျှလောက် တက်ကြွနေသည် မဟုတ်ပါလော။

"ဒီနေ့ နင် ဘာဖြစ်နေတာလဲ ဘာမှ မဖြစ်ဘူးမလား"

ဆွန်ဖုန်းက ချက်ချင်း အရေးမယူသေးဘဲ ဟယ်မင်ယီကို အရင် အခြောက်လှန်းထားရန် ရည်ရွယ်လိုက်လေသည်။ ဤရန်တွေ့တတ်သော မိန်းမကို စိတ်လောသွားစေရန် ဖြစ်လေသည်။

‘ဟီးဟီး’

"ယောကျာ်း နောက်တစ်ယောက် ထပ်မွေးချင်သေးတယ်"

ဟယ်မင်ယီ က ချွဲနွဲ့သော လေသံဖြင့် ပြောလိုက်လေသည်။ ကြီးမားသော မျက်လုံးကြီးများက ပုတ်ခတ် ပုတ်ခတ် ဖြစ်နေပြီး ရေများပင် ယိုကျလာတော့မည့် ပုံပေါ်နေလေသည်။

"သောက်ကျိုးနည်း ဒီအကြံ ကောင်းတယ် လာ သွားလုပ်ကြစို့"

ဆွန်ဖုန်းက အော်ဟစ်လိုက်ပြီး ဟယ်မင်ယီကို ပွေ့ချီကာ အခန်းထဲသို့ ပြေးဝင်သွားတော့သည်။

ယခုလို အချိန်ကောင်းလေးမှာ ဘာလို့ ဂိမ်းကစားနေရဦးမည်နည်း။ League of Legends က ဘာမှ ဆွဲဆောင်မှု မရှိတော့ပေ။ ဤဂိမ်းနှင့် ယှဉ်လိုက်ပါက လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။

All Chapters