← Chapters

အခန်း ၃၈၀

Vol. 38 Ch. 380

အခန်း ၃၈၀

Vol. 38 Ch. 380

အခန်း ၃၈၀ - နယူးဖောင်လန် အနောက်ပိုင်း ရေနံမြေ

ရုတ်တရက် ဆွန်ဖုန်း တွေးမိသည်မှာ သူ၏ ယောက္ခမကြီးက အနည်းငယ် သနားစရာ ကောင်းနေသည်ဟုပင်။

သားသမီးလည်း မရှိ ဟယ်မင်ယီနှင့် သူ၏ ဆက်ဆံရေးကလည်း သိပ်မကောင်းလှပေ။ အရင်တစ်ခေါက် ကိစ္စပြီးနောက် အနည်းငယ် ပြေလည်သွားသော်လည်း ဤယောက္ခမကြီးက မိမိ၏ မြေးဖြစ်သူကို တစ်လ နှစ်လခန့် ခေါ်ယူ စောင့်ရှောက်ချင်သည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စပင်။

ဆွန်ဖုန်း၏ ဇနီးဖြစ်သူက သေချာပေါက် သဘောတူမည် မဟုတ်ပေ။ အရင်တစ်ခေါက်က ဒီအဘိုးကြီးက မြေးဖြစ်သူ အတွက် နို့ထိန်းသည် အများအပြား ရှာပေးခဲ့သေးသည်။ နိုင်ငံစုံ လူမျိုးစုံ ပါဝင်လေသည်။

ထိုကိစ္စကြောင့် ဟယ်မင်ယီ တစ်ယောက် ဒေါသထွက်လွန်း၍ မူးမေ့လဲမတတ် ဖြစ်ခဲ့ရသည်။ အကယ်၍ ဒီအဘိုးကြီးကသာ တစ်လ နှစ်လလောက် သွားထိန်းမည် ဆိုပါက ဆွန်ရွှိုက် တစ်ယောက် သူ့အဘိုး လက်ထဲတွင် ဘယ်လို ပုံစံမျိုး ဖြစ်လာမည်ကို မသိနိုင်တော့ချေ။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး သိပ်မကြာခင်မှာပင် တစ်လ ကုန်လွန်သွားခဲ့လေသည်။

ဂျားလော့ ရေနံမြေက ဤတစ်လ အတွင်း ရေနံထွက်ရှိမှု တည်ငြိမ်နေပြီး တိုးတက်လာမည့် အလားအလာပင် ရှိနေလေသည်။

ဤတစ်ကြိမ်တွင်တော့ ဖီးလက်စ်နှင့် ကျင်းချန် ရေနံကုမ္ပဏီတို့ နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချနိုင်သွားကြလေပြီ။ ဆွန်ဖုန်းတွင် မြေလွှာကျောက် ရေနံမြေများကို တူးဖော်နိုင်သည့် အင်အား နည်းပညာနှင့် စက်ပစ္စည်းများ အမှန်တကယ် ရှိနေကြောင်း ယခုအချိန်မှသာ သူတို့ အခိုင်အမာ ယုံကြည်သွားကြခြင်း ဖြစ်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် လွန်ခဲ့သော တစ်လက လာရောက် လေ့လာစဉ်က တူးဖော်ရေး ချောမွေ့နေသည်ကို မြင်တွေ့ခဲ့ရသော်လည်း နောင်တွင် ဘယ်လို ဖြစ်လာမည်ကို သူတို့ မသိခဲ့ကြပေ။

ထို့ကြောင့် ဖီးလက်စ်နှင့် ကျင်းချန် ရေနံကုမ္ပဏီတို့က တစ်လလောက် စောင့်ကြည့်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ တစ်လ အကြာတွင် သူတို့က ဆွန်ဖုန်း၏ ဂျားလော့ ရေနံမြေသို့ နောက်တစ်ကြိမ် လာရောက် လေ့လာခဲ့ကြပြီး ဤတစ်ကြိမ်တွင်တော့ သူတို့ လုံးဝ စိတ်ချသွားကြလေပြီ။

ဗန်ကူးဗား ရှိ နိုင်ငံတကာ ဟိုတယ်ကြီး တစ်ခုတွင်။

လူသုံးယောက် ထပ်မံ ဆုံတွေ့ကြပြန်သည်။ ဆွန်ဖုန်း ဖီးလက်စ် နှင့် ယန်ကျစ် တို့ပင် ဖြစ်လေသည်။

ဤတစ်ကြိမ်တွင် သူတို့က ဘယ်လို ပူးပေါင်း လုပ်ဆောင်ကြမလဲ ဆိုသည့် ကိစ္စကို ဆွေးနွေးရန် ရည်ရွယ်ထားကြသည်။ သုံးဦးစလုံးက စေတနာ အပြည့်ဖြင့် လာရောက်ခဲ့ကြခြင်း ဖြစ်လေသည်။

"ဖီးလက်စ် ဒီတစ်ခေါက် မင်း ရင်းနှီးငွေ ဘယ်လောက် ထည့်ဖို့ ပြင်ဆင်ထားလဲ ပြီးတော့ ဘယ်လောက် ကြီးတဲ့ ရေနံမြေကို တူးဖော်ဖို့ ပြင်ဆင်ထားလဲ"

သီးသန့် အခန်းထဲတွင် သုံးယောက်သား စားသောက်ပြီးနောက် ဆွန်ဖုန်းက ဖီးလက်စ်ကို မေးလိုက်လေသည်။

"ဆွန်ဖုန်း မင်းက ဘယ်လောက်ကြီးတဲ့ တူးဖော်ရေး စက်ပစ္စည်းတွေကို ထောက်ပံ့ပေးနိုင်မလဲ ဘယ်လောက် ကြီးတဲ့ ရေနံမြေကို တူးဖော်နိုင်မလဲ ဆိုတာအပေါ် မူတည်ပြီး ငါက အဲဒီလောက် ရင်းနှီးငွေ ထည့်ပေးမယ်"

ဖီးလက်စ်က ဝိုင်နီ တစ်ငုံ သောက်ပြီးနောက် ဆွန်ဖုန်းကို ပြုံးလျက် ပြောလိုက်လေသည်။

ဤစကားက အတော်လေး မာနကြီး လွန်းလှသည်။ သို့သော် ဖီးလက်စ်၏ ပါးစပ်မှ ထွက်လာသောအခါ မည်သူကမျှ သူ့ကိုမာနကြီး သည်ဟု မပြောရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုစကားကို ပြောရန် သူ့တွင် အရင်းအနှီး အပြည့်အဝ ရှိနေသောကြောင့်ပင်။

"ညီလေးဆွန် ငါတို့ ကုမ္ပဏီကတော့ အမေရိကန် ဒေါ်လာ ၃ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်ထားတယ်"

ယန်ကျစ်က ပြောလိုက်လေသည်။

"ကောင်းတယ် အရမ်း ကောင်းတယ် ဒီလို ဆိုမှတော့ ငါလည်း စကား အများကြီး မပြောတော့ဘူး ငါက ဒေါ်လာ ၂.၇ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ထားတယ် ဒီလိုဆိုရင် ငါနဲ့ ကျင်းချန် ရေနံကုမ္ပဏီ နှစ်ခုတည်းနဲ့တင် ရင်းနှီးငွေ ဒေါ်လာ ၅.၇ ဘီလီယံ ရှိသွားပြီ ဒီပိုက်ဆံ ပမာဏလောက်နဲ့တင် ရင်းနှီးမြှုပ်နှံမယ် ဆိုရင်တောင် ကမ္ဘာတုန်လောက်တဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခု ဖြစ်သွားမှာ သေချာတယ် ဟားဟား"

ဆွန်ဖုန်းက ပြောလိုက်လေသည်။

အမှန်ပင် ဒေါ်လာ ၅.၇ ဘီလီယံဖြင့် ရေနံမြေ တစ်ခုကို ရင်းနှီးမြှုပ်နှံခြင်းက အလွန် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုကြီး တစ်ခု ဖြစ်လေသည်။

"ကဲပါ ဆွန်ဖုန်း မင်းရဲ့ စက်ပစ္စည်းနဲ့ နည်းပညာတွေက ဘယ်လောက် ကြီးတဲ့ ရေနံမြေကို တူးဖော်နိုင်မလဲ ဆိုတာကိုပဲ အရင် ပြောပြပါဦး"

ဖီးလက်စ်က မျက်လုံး လှန်ကြည့်လိုက်လေသည်။

ဤဒေါ်လာ ၅.၇ ဘီလီယံမှာ ကြည့်ရသည်မှာ များပြားလှသော်လည်း သူ့အမြင်တွင်မူ ထိုမျှလောက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှု မဟုတ်သေးပေ။ အကယ်၍ ဖီးလက်စ်၏ စိတ်ထဲမှ အတွေးကိုသာ ဆွန်ဖုန်း သိသွားပါက သူ့ကို သေချာပေါက် ရိုက်သတ်မိမည် ဖြစ်လေသည်။

"ငါက ရေနံစည်ပေါင်း ၁.၅ ဘီလီယံ သိုလှောင်ထားတဲ့ ရေနံမြေ တစ်ခုကို တူးဖော်ဖို့ ရည်ရွယ်ထားတယ်"

ဆွန်ဖုန်းက သူ၏ ရည်မှန်းချက်ကို တိုက်ရိုက် ပြောချလိုက်လေသည်။

"ကောင်းပြီ"

ဖီးလက်စ်၏ မျက်နှာပေါ်တွင် ဤတစ်ကြိမ်၌ တောက်ပသော အပြုံးတစ်ခု ပေါ်ထွက်လာလေသည်။

ရေနံစည်ပေါင်း ၁.၅ ဘီလီယံ ရှိသော ရေနံမြေ ဆိုသည်မှာ ကမ္ဘာပေါ်တွင် အလွန် ရှားပါးလှသော အဆင့်မြင့် ရေနံမြေကြီး တစ်ခု ဖြစ်သည်မှာ သေချာလှသည်။ ဆယ်စုနှစ်ပေါင်းများစွာ တူးဖော်နိုင်မည်ဟု ခန့်မှန်းရလေသည်။

သေချာသည်ပေါ့ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ အချိန်ကာလကတော့ ပိုမို တိုတောင်းလာမည်သာ ဖြစ်သည်။

"နေရာကိုလည်း ငါ သေချာ ကြည့်ထားပြီးပြီ နယူးဖောင်လန် အနောက်ပိုင်း ဒေသရဲ့ အလယ်ဗဟိုမှာပဲ အဲဒီနေရာမှာ ရေနံစည်ပေါင်း ၁.၅ ဘီလီယံ ရှိတဲ့ ရေနံမြေ တစ်ခု ရှိတယ် မင်းတို့ ကြည့်ကြည့် အဆင်ပြေမလား လို့"

ဆွန်ဖုန်းက မြေပုံ တစ်ချပ်ကို ထုတ်ကာ သူတို့ နှစ်ဦး ရှေ့တွင် ဖြန့်ချလိုက်လေသည်။

ဖီးလက်စ်နှင့် ယန်ကျစ်တို့ ကြည့်ရှုပြီးနောက် အားလုံးက အဆင်ပြေကြောင်း သဘောတူညီလိုက်ကြသည်။

"တကယ်လို့ ရေနံစည်ပေါင်း ၁.၅ ဘီလီယံ ရှိတဲ့ ရေနံမြေ ဆိုရင် ဒီတူးဖော်ခွင့်ကို ရဖို့ အတွက် အမေရိကန် ဒေါ်လာ ၇ ဘီလီယံ ကနေ ၈ ဘီလီယံ အထိ လိုအပ်လိမ့်မယ် ပြီးတော့ ကနေဒါ အစိုးရကလည်း တစ်ဝက် ဝေစု ရဦးမှာ"

ဆွန်ဖုန်းက ပြောလိုက်လေသည်။

တကယ်တမ်းတွင် ဆွန်ဖုန်းက ဤရေနံမြေ၏ အခွင့်အရေး အားလုံးကို အပြီးအပြတ် ဝယ်ယူချင်ခဲ့သည်။ သို့မှသာ ရေနံများ တူးဖော်ရရှိသည့် အချိန်တွင် ကနေဒါ အစိုးရကို အမြတ်ဝေစု ခွဲပေးရန် မလိုတော့မည် ဖြစ်သည်။

သို့သော် ထိုသို့ လုပ်မည် ဆိုပါက ဤရေနံမြေကို ဝယ်ယူရန် လိုအပ်မည့် ရင်းနှီးငွေမှာ ဒေါ်လာ ၇ ဘီလီယံ၊ ၈ ဘီလီယံမျှဖြင့် မလွယ်ကူတော့ချေ။

ဆိုလိုသည်မှာ အကယ်၍ ဆွန်ဖုန်းတို့က ဒေါ်လာ ၇ ဘီလီယံဖြင့် တူးဖော်ခွင့်ကို ရယူပြီးနောက် ရေနံတူးဖော်သည့် လုပ်ငန်းစဉ် အတွင်း ကုန်ကျစရိတ် အားလုံးကို သူတို့ဘက်မှ ကျခံရမည် ဖြစ်သည်။

သို့သော် ရေနံများ ထွက်ရှိလာသောအခါ ကနေဒါ အစိုးရကို တစ်ဝက် ခွဲပေးရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် ကနေဒါ အစိုးရက ပိုက်ဆံ တစ်ပြားမှ စိုက်ထုတ်စရာ မလိုပေ။ နယူးဖောင်လန်က သူတို့ ပိုင်ဆိုင်သော နေရာ ဖြစ်နေသောကြောင့်ပင်။

သို့သော် ဤရေနံမြေ၏ တူးဖော်ခွင့်ကို တစ်ကြိမ်တည်းဖြင့် အပြီးအပြတ် ဝယ်ယူမည် ဆိုပါက ဒေါ်လာ ၁၅ ဘီလီယံ မပြည့်ဘဲ သေချာပေါက် ဝယ်ယူနိုင်မည် မဟုတ်ချေ။ ဤအချက်ကပင် ဆွန်ဖုန်းကို အခက်တွေ့စေခြင်း ဖြစ်လေသည်။

သိထားရမည်မှာ ဤရေနံစည်ပေါင်း ၁.၅ ဘီလီယံ ရှိသော ရေနံမြေမှာ ကမ္ဘာ့အဆင့်မီ ရှားပါး ရေနံမြေ တစ်ခု ဖြစ်ကြောင်းကိုပင်။ စူပါ ရေနံမြေကြီး ဖြစ်သည်မှာ သေချာလှသည်။ ဤကဲ့သို့သော ရေနံမြေမျိုး ကမ္ဘာပေါ်တွင် သိပ်မရှိလှသော်လည်း နယူးဖောင်လန် အနောက်ပိုင်းရှိ မြေလွှာကျောက် ရေနံမြေများတွင်တော့ တကယ် ရှိနေပြီး တစ်ခုတည်း မကပေ။

နယူးဖောင်လန် အနောက်ပိုင်း တစ်ခုလုံးရှိ မြေလွှာကျောက် ရေနံမြေများတွင် ရေနံစည်ပေါင်း ၃၅ ဘီလီယံတောင် သိုလှောင်ထားကြောင်း သိထားရမည် ဖြစ်သည်။ ယခု ဆွန်ဖုန်းတို့က ၎င်းတို့ထဲမှ ၁.၅ ဘီလီယံကိုသာ တူးဖော်မည် ဆိုရာ အလွန် သေးငယ်သော အစိတ်အပိုင်းလေး တစ်ခုသာ ဖြစ်လေသည်။

"ငါ အကြံပြုချင်တာကတော့ ကနေဒါ အစိုးရနဲ့ အမြတ်ဝေစု ခွဲယူတာပဲ ပိုကောင်းလိမ့်မယ် တကယ်လို့ ငါတို့က တစ်ပြိုင်နက်တည်း ဒေါ်လာ ဘီလီယံ တစ်ဆယ်ကျော် ထုတ်ပြီး ရေနံမြေကို အပြီးအပြတ် ဝယ်မယ် ဆိုရင် အန္တရာယ်များလွန်းပြီး ကုန်ကျစရိတ်လည်း အရမ်း ကြီးလွန်းတယ် ငါတို့ အားလုံး အဲဒီလောက် ငွေကြေး မထုတ်နိုင်ဘူး"

ယန်ကျစ်က ပြောလိုက်လေသည်။

"ငါကတော့ ကိစ္စမရှိဘူး"

ဖီးလက်စ်က အလွန် ပေါ့ပါးစွာ ပြောလိုက်လေသည်။

သောက်ကျိုးနည်း... ဤစကားကြောင့် ဆွန်ဖုန်းနှင့် ယန်ကျစ်တို့ နှစ်ဦးစလုံး ဆွံ့အသွားကြလေသည်။ သူက ပိုက်ဆံ ရှိသော်လည်း သူတို့တွင် အဲဒီလောက် ပိုက်ဆံ မရှိပေ။

"ထားလိုက်ပါတော့ အစိုးရနဲ့ပဲ အမြတ်ဝေစု ခွဲယူကြတာပေါ့"

နောက်ဆုံးတွင် ဆွန်ဖုန်းက ယန်ကျစ်၏ အကြံပြုချက်ကို သဘောတူလိုက်လေသည်။

"အခု ဖီးလက်စ် မင်း ရင်းနှီးငွေ ဘယ်လောက် ထည့်မလဲ ဆိုတာ ပြောသင့်ပြီ ထင်တယ်"

အထက်ပါ ပြဿနာကို ရှင်းလင်းပြီးနောက်မှသာ ဖီးလက်စ် တစ်ယောက် သူ ဘယ်လောက် ရင်းနှီးမြှုပ်နှံမည် ဆိုတာ မပြောရသေးကြောင်း ဆွန်ဖုန်း သတိရသွားလေသည်။

"ငါ ခန့်မှန်းကြည့်တာတော့ ဒီတူးဖော်ခွင့်ကို ရဖို့ အတွက် ဒေါ်လာ ၇ ဘီလီယံ ကနေ ၈ ဘီလီယံ လောက် လိုအပ်လိမ့်မယ် ပြီးတော့ ငါတို့ရဲ့ တူးဖော်ရေး စက်ပစ္စည်းတွေ ဝန်ထမ်းတွေ သုံးစရိတ်တွေနဲ့ တူးဖော်ရေး လုပ်ငန်းစဉ် တစ်လျှောက်လုံးက ထောက်ပံ့ပို့ဆောင်ရေး ကိစ္စတွေ အားလုံးက ပိုက်ဆံ လိုတယ် မင်းတို့ လက်ရှိ ရင်းနှီးငွေက ၅.၇ ဘီလီယံ ရှိတယ် ဆိုတော့ ဒီလို လုပ်ကြတာပေါ့ ငါက ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ် ငါ ယုံတယ် ငါတို့ သုံးဦးပေါင်း ရင်းနှီးငွေ ၁၀.၇ ဘီလီယံ ဆိုရင် ဒီအဆင့်မြင့် ရေနံမြေကြီးကို သေချာပေါက် တူးဖော်နိုင်ပြီလို့"

ဖီးလက်စ်က ပြောလိုက်လေသည်။

"ကောင်းပြီ"

ဆွန်ဖုန်း ကြားပြီးနောက် ပေါင်ကို တစ်ချက် ပုတ်လိုက်လေသည်။

ရုတ်တရက် သူ တွေးမိသည်မှာ အကယ်၍ ဤရေနံမြေကို တစ်ကြိမ်တည်းဖြင့် အပြီးအပြတ် ဝယ်ယူမည် ဆိုပါက ဝယ်ယူစရိတ် ဒေါ်လာ ဘီလီယံ တစ်ဆယ်ကျော် လိုအပ်မည့် အပြင် တူးဖော်သည့် အချိန်တွင်လည်း ကုန်ကျစရိတ် အများအပြား ထပ်မံ လိုအပ်ဦးမည် ဖြစ်သည်။ ထိုအချိန်ကျလျှင် ဒေါ်လာ ၂၀ ဘီလီယံ မရှိဘဲနဲ့ ဘာသွားတူးဖော်လို့ ရမည်နည်း။

"ဒါဆိုလည်း ငါတို့ နောက်ပိုင်း အမြတ်ငွေ ခွဲဝေမယ့် ကိစ္စကို ဆွေးနွေးကြရအောင်"

ရင်းနှီးငွေ ပမာဏကို အကြမ်းဖျင်း သဘောတူညီမှု ရပြီးနောက် ဆွန်ဖုန်းက ဤအရေးအကြီးဆုံး ခေါင်းစဉ်ကို စတင် ဆွေးနွေးလိုက်လေသည်။

ဤအချက်ကသာ ပူးပေါင်းဆောင်ရွက်မှု၏ အဓိက အချက် ဖြစ်သည်။ အကယ်၍ ဤအချက်ကို သဘောတူညီမှု မရပါက အရင်က ပြောခဲ့သမျှ အားလုံး အလကားပင် ဖြစ်သွားမည်။ သို့သော် ဆွန်ဖုန်း အနေဖြင့် အများဆုံး ဝေစုကို သေချာပေါက် ယူရမည် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူက ငွေကြေး အရင်းအနှီး အများအပြား ထည့်ဝင်ထားသည့်အပြင် နည်းပညာကိုပါ ထုတ်ပေးထားရသည် မဟုတ်ပါလော။

"အင်း ငါတို့ အခု ဒီအကြောင်းကို ဆွေးနွေးကြတာပေါ့"

ယန်ကျစ်ကလည်း ခေါင်းညိတ်လိုက်လေသည်။

တကယ်တမ်းတွင် ဤအချက်က ယန်ကျစ် အတွက် အရေးအကြီးဆုံး ဖြစ်လေသည်။ အကယ်၍ ဤပြဿနာကို မဖြေရှင်းနိုင်ပါက သူက အပြီးသတ် ဆုံးဖြတ်ချက် ချပိုင်ခွင့် မရှိပေ။ ဘာပဲဖြစ်ဖြစ် သူက ကျင်းချန် ကုမ္ပဏီ၏ ဝန်ထမ်း တစ်ဦးသာ ဖြစ်ပြီး ဥက္ကဋ္ဌ မဟုတ်သောကြောင့်ပင်။

All Chapters