← Chapters

အခန်း ၃၈၁

Vol. 39 Ch. 381

အခန်း ၃၈၁

Vol. 39 Ch. 381

အခန်း ၃၈၁ - ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံမှု

"ဒီတစ်ခေါက် ငါက အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ထုတ်ထားတာ ဆိုတော့ ငါက အများဆုံး ဝေစု ရသင့်တယ်လို့ ထင်တယ်"

ဖီးလက်စ်က ဆွန်ဖုန်းနှင့် ယန်ကျစ်တို့ကို ကြည့်ကာ ပထမဆုံး စကားစပြောလိုက်လေသည်။

တကယ်တမ်းတွင် ဤတစ်ကြိမ် ဖီးလက်စ် ထုတ်လိုက်သော ရင်းနှီးငွေမှာ ဆွန်ဖုန်းနှင့် ယန်ကျစ်တို့ နှစ်ဦးပေါင်းလောက် နီးပါး ရှိလေသည်။ ရင်းနှီးငွေ၏ တစ်ဝက်ခန့် ပါဝင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူက အများဆုံး ဝေစု ရယူရန် အရည်အချင်း ပြည့်မီနေသည်မှာ အမှန်ပင်။

"အများဆုံး ဝေစုကို မင်းတို့ နှစ်ယောက်ထဲက ယူရမှာ သေချာပါတယ် ဒါပေမဲ့ ဆွန်ဖုန်း ထုတ်ထားတဲ့ ရင်းနှီးငွေက လေးပုံတစ်ပုံကျော် ရှိတဲ့အပြင် အရေးအကြီးဆုံးက မြေလွှာကျောက် ရေနံမြေ တူးဖော်ရေး နည်းပညာနဲ့ စက်ပစ္စည်းတွေကို ဆွန်ဖုန်းက ထောက်ပံ့ပေးထားတာလေ ဒါကြောင့် ဆွန်ဖုန်းက အများဆုံး ဝေစု ရသင့်တယ်လို့ ငါ ထင်တယ်"

ယန်ကျစ်က သူ့ဘာသာ တိုက်ရိုက် အလျှော့ပေးလိုက်သော်လည်း ဆွန်ဖုန်းဘက်မှ ရပ်တည် ပြောဆိုပေးလိုက်လေသည်။

ဆွန်ဖုန်းက ယန်ကျစ်ကို ကျေးဇူးတင်စွာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ပြုံးလျက် ပြောလိုက်လေသည်။

"ဖီးလက်စ် အစ်ကိုကြီးယန် ပြောတာ မမှားဘူး မင်းက စုစုပေါင်း ရင်းနှီးငွေရဲ့ တစ်ဝက်ကို ထုတ်ထားပေမယ့် ငါက အများဆုံး ဝေစု ယူတာ ပိုပြီး အဓိပ္ပာယ် ရှိတယ်လို့ ထင်တယ် ငါ့ရဲ့ နည်းပညာနဲ့ စက်ပစ္စည်းတွေသာ မရှိရင် မင်းမှာ ပိုက်ဆံ ရှိနေရင်တောင် နယူးဖောင်လန် အနောက်ပိုင်းက မြေလွှာကျောက် ရေနံမြေတွေကို တူးဖော်နိုင်မှာ မဟုတ်ဘူးလေ"

အကျိုးအမြတ် ခွဲဝေရေး အပိုင်းတွင် ဆွန်ဖုန်းက လုံးဝ အလျှော့ပေးမည် မဟုတ်ပေ။ အကယ်၍ သူ မျှော်မှန်းထားသည့် အကျိုးအမြတ်ကို မရရှိပါက တူးဖော်ခြင်း မပြုလုပ်ရန်ပင် ရွေးချယ်မည် ဖြစ်လေသည်။

"ဆွန်ဖုန်း မင်းပြောတာ အရမ်း မှန်ပေမယ့် ငါက ဒေါ်လာ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတာမို့ အများဆုံး ဝေစုကို သေချာပေါက် ယူမှ ရမယ် မဟုတ်ရင် ငါ အရှုံးပေါ်သွားလိမ့်မယ်"

ဖီးလက်စ်ကလည်း လုံးဝ အလျှော့မပေးဘဲ ပြောလိုက်လေသည်။

သိပ်မကြာခင်မှာပင် စကားစစ်ထိုးပွဲကြီး စတင်သွားတော့သည်။ သို့သော် နောက်ဆုံးတွင် ဆွန်ဖုန်းကသာ အများဆုံး ဝေစုကို ရရှိသွားခဲ့လေသည်။

ဘာပဲဖြစ်ဖြစ် သူက နည်းပညာ ထုတ်ပေးထားသူ မဟုတ်ပါလော။ ဤအချက်က အလွန် အရေးကြီးလှသည်။ တူးဖော်ရေး နည်းပညာနှင့် သက်ဆိုင်ရာ စက်ပစ္စည်းများသာ မရှိပါက ငွေကြေး မည်မျှပင် ရင်းနှီးမြှုပ်နှံစေကာမူ အရှုံးပေါ်မည်သာ ဖြစ်လေသည်။

ဆွန်ဖုန်းက အကျိုးအမြတ် ၄၀ ရာခိုင်နှုန်း ရရှိပြီး ဖီးလက်စ်က ၃၅ ရာခိုင်နှုန်းနှင့် ကျင်းချန် ရေနံကုမ္ပဏီက ၂၅ ရာခိုင်နှုန်း ရရှိသွားလေသည်။

နောက်ရက်များတွင် သုံးဦးစလုံး သဘောတူညီမှု ရရှိသွားပြီး စာချုပ် ချုပ်ဆိုခဲ့ကြလေသည်။ ဖီးလက်စ် လည်း ရေနံမြေနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုံစမ်းရန် ပြင်ဆင်နေလေပြီ။

သိပ်မကြာခင်မှာပင် ဖီးလက်စ်၏ အဆက်အသွယ်များမှတစ်ဆင့် ဆွန်ဖုန်းတို့သည် ထိုရေနံစည်ပေါင်း ၁.၅ ဘီလီယံ သိုလှောင်ထားသော ရေနံမြေကို ဝယ်ယူနိုင်ခဲ့ပြီး ရဲ့ဖုန်း ရေနံမြေ ဟု အမည်ပေးလိုက်ကြလေသည်။

ဤ ရဲ့ဖုန်း ရေနံမြေ၏ တူးဖော်ခွင့်ကို ရယူရန် အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၇.၅ ဘီလီယံ ကုန်ကျခဲ့လေသည်။

နောက်ပိုင်း တူးဖော်ရရှိလာမည့် ရေနံများမှ ဆွန်ဖုန်းတို့ တူးဖော်ရေး အဖွဲ့က ၅၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ရရှိမည် ဖြစ်ပြီး နယူးဖောင်လန် အစိုးရက ၅၀ ရာခိုင်နှုန်း ရရှိမည် ဖြစ်လေသည်။

ဆိုလိုသည်မှာ ရေနံများ ထွက်ရှိလာပါက နယူးဖောင်လန် အစိုးရကို တစ်ဝက် ခွဲပေးရမည် ဖြစ်သည်။

ဤသည်မှာ တတ်နိုင်သော ကိစ္စ မဟုတ်ပေ။ ဤကဲ့သို့သော စူပါ ရေနံမြေကြီးများကို အခွင့်အရေး အားလုံး အပြီးအပြတ် ဝယ်ယူရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။

ထို့အပြင် ကနေဒါ အစိုးရကလည်း ရောင်းချချင်မည် မဟုတ်ချေ။ သို့သော် ဖီးလက်စ် ပါဝင်လာသဖြင့် ဤတစ်ကြိမ် ညှိနှိုင်းမှုမှာ အလွန် ချောမွေ့ပြီး လွယ်ကူခဲ့လေသည်။

နယူးဖောင်လန် အစိုးရကလည်း ဈေးအရမ်း မခေါ်ရဲပေ။ မဟုတ်ပါက အမေရိကန် ဒေါ်လာ ၈ ဘီလီယံလောက် ပေးမှသာ ရနိုင်မည် ဖြစ်လေသည်။ ယခု ဒေါ်လာ ၇.၅ ဘီလီယံဖြင့် ရရှိခဲ့ခြင်းက အလွန် ကောင်းမွန်နေပြီ ဖြစ်လေသည်။

ရဲ့ဖုန်း ရေနံမြေကို ရယူပြီးနောက် ဆက်လက်၍ တူးဖော်ရေး ပြင်ဆင်သည့် အဆင့်သို့ ရောက်ရှိလာလေသည်။

သို့သော် ချက်ချင်း စတင်၍တော့ မရနိုင်သေးပေ။ တစ်ဖက်တွင် ဆွန်ဖုန်းက မြေလွှာကျောက် ရေနံမြေ တူးဖော်ရေး စက်ပစ္စည်းများကို ထုတ်လုပ်ရဦးမည် ဖြစ်သည်။

အခြား တစ်ဖက်တွင်လည်း ဤရေနံမြေ တစ်ခုလုံးကို ပြည့်စုံစွာ စမ်းသပ် တိုင်းတာရဦးမည် ဖြစ်လေသည်။

ဆွန်ဖုန်း အနေဖြင့် ရွှေလက်ချောင်းကို အသုံးပြုကာ မိနစ်အနည်းငယ် အတွင်း ပြီးအောင် လုပ်နိုင်သော်လည်း ထိုသို့ လုပ်လိုက်ပါက ဖီးလက်စ်နှင့် ကျင်းချန် ရေနံကုမ္ပဏီတို့က သံသယ ဝင်သွားမည် မဟုတ်ပါလော။ ထို့ကြောင့် ဤအပိုင်းများကို ကျင်းချန် ရေနံကုမ္ပဏီကိုသာ တာဝန်လွှဲပေးလိုက်လေသည်။

ယခု ထောက်ပံ့ပို့ဆောင်ရေး အတွက် လိုအပ်သော ပစ္စည်း အချို့ကို ဝယ်ယူရဦးမည် ဖြစ်ပြီး စီမံခန့်ခွဲရေး အဖွဲ့ တစ်ခုလည်း ဖွဲ့စည်းရဦးမည် ဖြစ်သည်။

ဤတစ်ကြိမ်က သုံးဦးစပ် ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သဖြင့် စီမံခန့်ခွဲရေး အဖွဲ့ တစ်ခု သေချာပေါက် လိုအပ်လေသည်။

နောက်တစ်ချက်မှာ ရေနံမြေ တူးဖော်ရန် အတွက် ဝန်ထမ်း အများအပြား လိုအပ်လေသည်။

ဤအပိုင်းကို ဆွန်ဖုန်းနှင့် ဖီးလက်စ်တို့ ဆွေးနွေးပြီးနောက် ကျင်းချန် ရေနံကုမ္ပဏီနှင့် ဖီးလက်စ်၏ လက်တင် လုပ်ငန်းစုကြီး အောက်ရှိ ရေနံကုမ္ပဏီများမှ လူများကို ပြောင်းရွှေ့ ခန့်ထားရန် ရည်ရွယ်ထားလေသည်။

သေချာသည်ပေါ့ ပြောင်းရွှေ့လာမည့် သူများမှာ ကျွမ်းကျင် အလုပ်သမားများနှင့် အင်ဂျင်နီယာများသာ ဖြစ်ပြီး သာမန် အလုပ်သမားများကိုတော့ အချိန်ကျမှသာ တိုက်ရိုက် အလုပ်ခေါ်ယူမည် ဖြစ်လေသည်။

ဤတစ်ကြိမ် သုံးဦးစပ် ပူးပေါင်းမှုနှင့် ဒေါ်လာ ဘီလီယံချီသော ရင်းနှီးမြှုပ်နှံမှုကြီးက ချက်ချင်းပင် လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့လေသည်။

အထူးသဖြင့် ပြင်ပလောကမှ လူများက လက်တင် လုပ်ငန်းစုကြီးပါ ပါဝင်နေသည်ကို မြင်သောအခါ ပို၍ပင် အာရုံစိုက်လာကြလေသည်။

ဆွန်ဖုန်းတို့က နယူးဖောင်လန် အနောက်ပိုင်းရှိ မြေလွှာကျောက် ရေနံမြေများကို ရင်းနှီးမြှုပ်နှံသည့် ကိစ္စနှင့် ပတ်သက်၍ ဤတစ်ကြိမ်တွင် မည်သူကမျှ မလှောင်ပြောင်ရဲတော့သလို မည်သူကမျှလည်း သံသယ မဝင်ရဲကြတော့ချေ။

ပထမ အချက်အနေဖြင့် လက်တင် လုပ်ငန်းစုကြီး ရှိနေသဖြင့် ငွေကြေး လုံးဝ မပြတ်လပ်နိုင်ကြောင်း သူတို့ သိထားကြသည်။

ဒုတိယ အချက်အနေဖြင့် ဆွန်ဖုန်းတွင် မြေလွှာကျောက် ရေနံမြေ တူးဖော်ရေး နည်းပညာနှင့် စက်ပစ္စည်းများ ရှိနေပြီ ဖြစ်ရာ သူ့ကို အထင်သေး၍ မရတော့ချေ။

ယခင်က နယူးဖောင်လန် အနောက်ပိုင်းရှိ မြေလွှာကျောက် ရေနံမြေများကို မည်သူကမျှ ရင်းနှီးမြှုပ်နှံရန် မရဲခဲ့ကြသည်မှာ အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် မြေလွှာကျောက် ရေနံမြေများက တူးဖော်ရန် ခက်ခဲကြောင်း အားလုံး သိထားကြသောကြောင့်ပင်။

အထူးသဖြင့် နယူးဖောင်လန် အနောက်ပိုင်းက ရေနံမြေများမှာ သာမန် မြေလွှာကျောက် ရေနံမြေများထက်ပင် တူးဖော်ရန် ပိုမို ခက်ခဲပြီး ၎င်း၏ မြေလွှာကျောက် အလွှာများက ပို၍ ထူထဲလှသည်။

လွန်ခဲ့သော ကာလများက ဆွန်ဖုန်းသည် ဂျားလော့ ရေနံမြေကို အောင်မြင် ချောမွေ့စွာ တူးဖော်နိုင်ခဲ့ပြီးနောက် ရေနံ သူဌေးကြီးများ အားလုံး သိသွားကြသည်မှာ ဆွန်ဖုန်း၏ ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီက မြေလွှာကျောက် ရေနံမြေ တူးဖော်ရေး နည်းပညာများကို ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်းကိုပင်။

ယခု နယူးဖောင်လန် အနောက်ပိုင်းက မြေလွှာကျောက် ရေနံမြေတွေကို သွားရောက် တူးဖော်ခြင်းက အမှန်ကန်ဆုံး ရွေးချယ်မှုပင် ဖြစ်လေသည်။

လက်ရှိတွင် ဆွန်ဖုန်း တစ်ဦးတည်းသာ ကြီးစိုးနေပြီး သူ တစ်ဦးတည်းသာလျှင် မြေလွှာကျောက် ရေနံမြေများကို လျင်မြန်စွာ တူးဖော်နိုင်မည့် နည်းပညာနှင့် စက်ပစ္စည်းများကို ပိုင်ဆိုင်ထားလေသည်။

နယူးဖောင်လန် အနောက်ပိုင်းရှိ ရေနံစည်ပေါင်း ၃၅ ဘီလီယံမှာ သူ့ကို တူးဖော်ရန် စောင့်ဆိုင်းနေလေသည်။ နယူးဖောင်လန် အစိုးရ ကိုယ်တိုင်ပင်လျှင် ဆွန်ဖုန်းတို့ကို လာရောက် တူးဖော်စေချင်နေကြလေသည်။

စဉ်းစားကြည့်ပါ၊ ဤတစ်ကြိမ် ဒေါ်လာ ဘီလီယံချီသော ရေနံမြေ တူးဖော်မှုက နယူးဖောင်လန် အစိုးရ အတွက် အခွန်အခများနှင့် ဘဏ္ဍာရေး ဝင်ငွေများ မည်မျှ ယူဆောင်လာပေးမည် ဆိုသည်ကိုပင်။

နယူးဖောင်လန် စီးပွားရေး သတင်းစာ-

"နယူးဖောင်လန်ရဲ့ ဒီနှစ်အတွက် အကြီးမားဆုံး ရေနံ တူးဖော်ရေး ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလီယံ ဆယ်ချီ မနေ့က ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီဟာ နယူးဖောင်လန် အနောက်ပိုင်းရှိ ရဲ့ဖုန်း ရေနံမြေရဲ့ တူးဖော်ခွင့်ကို ဝယ်ယူလိုက်ပါတယ် ဒီရေနံမြေရဲ့ ရေနံ သိုလှောင်မှု ပမာဏဟာ စည်ပေါင်း ၁.၅ ဘီလီယံ ရှိပါတယ် ဒီတစ်ကြိမ် ရင်းနှီးမြှုပ်နှံမှုကို ဖုန်းရွေ့ သတ္တုတူးဖော်ရေး ကုမ္ပဏီ ကျင်းချန် ရေနံကုမ္ပဏီ နဲ့ လက်တင် လုပ်ငန်းစုကြီး တို့ ပူးပေါင်း လုပ်ဆောင်ကြတာ ဖြစ်တယ်လို့ သိရပါတယ်"

ဤမျှ ကြီးမားလှသော ရင်းနှီးမြှုပ်နှံမှု အပြင် ရဲ့ဖုန်း ရေနံမြေ၏ ရေနံစည်ပေါင်း ၁.၅ ဘီလီယံ သိုလှောင်မှု ပမာဏတို့ကြောင့် အကယ်၍ တူးဖော်မှု အောင်မြင်သွားပါက ရရှိလာမည့် ငွေကြေးမှာ သေချာပေါက် မိုးမဆုံး မြေမဆုံး ဖြစ်သွားမည်မှာ သေချာလှသည်။

သေချာသည်ပေါ့ အကယ်၍ ရင်းနှီးမြှုပ်နှံမှု ရှုံးနိမ့်သွားပါကလည်း ၎င်းမှာ အလွန် ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ခု ဖြစ်သွားမည် ဖြစ်လေသည်။

သို့သော် မည်သို့ပင်ဖြစ်စေ ဤရေနံမြေ တူးဖော်မှု အောင်မြင်သည် ဖြစ်စေ မအောင်မြင်သည် ဖြစ်စေ နယူးဖောင်လန် အစိုးရကတော့ ယခုအခါ ပြုံးရွှင်နေကြလေပြီ။

အဘယ်ကြောင့်ဆိုသော် ဒေါ်လာ ၇.၅ ဘီလီယံ ငွေစာရင်းထဲ ဝင်လာသည်နှင့် သူတို့က အလွန် ပျော်ရွှင်သွားကြသောကြောင့်ပင်။ အကယ်၍ ဤရေနံမြေ တူးဖော်မှု ချောမွေ့ပါက သူတို့က ပို၍ပင် မြတ်ဦးမည် ဖြစ်သည်။ အကယ်၍ မချောမွေ့ပါကလည်း သူတို့ အတွက် ကြီးမားသော ဆုံးရှုံးမှု မရှိပေ။

ဘာပဲဖြစ်ဖြစ် ဤမြေလွှာကျောက် ရေနံမြေများကို ဒီအတိုင်း ပစ်ထားလည်း မည်သူကမျှ လာရောက် တူးဖော်မည် မဟုတ်ပေ။ ယခု အခက်အခဲများ ကြားမှ လာရောက် တူးဖော်သူ ရှိလာသဖြင့် သူတို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်မှာ သေချာလှပေသည်။

ထို့ကြောင့် ရဲ့ဖုန်း ရေနံမြေကို တူးဖော်ရန် ပြင်ဆင်နေသဖြင့် ဆွန်ဖုန်းလည်း ကျောက်ခွဲ အလင်းလှိုင်း စက် များနှင့် အခြား အရန် စက်ပစ္စည်း အမြောက်အမြားကို စတင် ထုတ်လုပ်နေလေပြီ။ ဤအရာများ အားလုံးမှာ မြေလွှာကျောက် ရေနံမြေများ တူးဖော်ရာတွင် အသုံးပြုရန် ဖြစ်လေသည်။

ဤအရာများကို လုပ်ဆောင်ရန် ရက်သတ္တပတ် အနည်းငယ်သာ ကြာမြင့်မည် ဖြစ်သည်။ ကုန်ကြမ်းများ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဆွန်ဖုန်းက အသံလက်ထောက်ကို အကူအညီ တောင်းကာ လုပ်ဆောင်ခိုင်းလိုက်လေသည်။

ဆွန်ဖုန်းက အိမ်ပြန်၍ ရက်အနည်းငယ်ခန့် အနားယူရန် ရည်ရွယ်နေစဉ်မှာပင် သူ့ကို စိတ်လှုပ်ရှားသွားစေမည့် သတင်းတစ်ခု ရောက်ရှိလာခဲ့လေသည်။

သူ၏ ဖုန်းရွေ့ သမုဒ္ဒရာ စူးစမ်းလေ့လာရေး ကုမ္ပဏီမှ လူများက ဆွန်ဖုန်းထံ သတင်းတစ်ခု ပို့လာခဲ့ခြင်း ဖြစ်သည်။

ယခင်က နစ်မြုပ်နေသော သင်္ဘောများကို ရှာဖွေရန် သူ စေလွှတ်ထားခဲ့သော လူများက ယခုအခါ နာဇီ ရတနာ သင်္ဘောများနှင့် ပတ်သက်သည့် သဲလွန်စ အနည်းငယ်ကို တွေ့ရှိထားပုံ ရလေသည်။

သို့သော် ဤသတင်းက အလွန် သေးငယ်ပြီး အသုံးမဝင်နိုင်လောက်အောင် ဖြစ်နေလေသည်။ သို့တိုင်အောင် ဤဝန်ထမ်းများက ဆွန်ဖုန်းထံ အစီရင်ခံခဲ့ကြသည်။

ဆွန်ဖုန်းက ဤသတင်းကို အလွန် အလေးထားလေသည်။ အဘယ်ကြောင့်ဆိုသော် သဲလွန်စ အနည်းငယ်လောက် တွေ့ရှိရုံဖြင့် သူ၏ ထောက်လှမ်းရေး လုပ်ဆောင်ချက်ကို အသုံးပြုကာ သွားရောက် ကြည့်ရှုနိုင်ပြီး အသစ်အဆန်း တစ်ခုခု ထပ်မံ တွေ့ရှိနိုင်မည်ကို သူ သိထားသောကြောင့်ပင်။

All Chapters