← Chapters

အခန်း ၃၈၅

Vol. 39 Ch. 385

အခန်း ၃၈၅

Vol. 39 Ch. 385

အခန်း ၃၈၅ - ထူးဆန်းအံ့သြဖွယ် ရေအောက်အပင်များ

ထိုနေရာသို့ သွားနေစဉ် ဆွန်ဖုန်းက အသံလက်ထောက်စနစ်ကို မေးလိုက်သည်။

"အဲဒါက ဘယ်လိုမျိုး ထူးဆန်းတဲ့ စွမ်းအင်လဲ"

သူ အနည်းငယ် သိချင်စိတ် ဖြစ်နေမိသည်။ အပင်တစ်ပင်က ဘယ်လို ထူးဆန်းတဲ့ စွမ်းအင်မျိုး ရှိနိုင်မှာလဲ။ နောက်တစ်ချက်က အပင်တွေဆိုတာ အလင်းရောင်ရမှ အစာချက်လုပ်ပြီး ရှင်သန်နိုင်တာလေ။ အခု ထောက်လှမ်းတွေ့ရှိရတဲ့ ရေအောက်အပင်တွေက ပင်လယ်ရေအောက် မီတာ တစ်သောင်းလောက် နက်တဲ့ နေရာမှာ ရှိနေတာ။ အလင်းရောင်လည်း မရဘဲနဲ့ ဘယ်လိုလုပ် ရှင်သန် ကြီးထွားနိုင်မှာလဲ။

"အရမ်း အားကောင်းတဲ့ သက်စောင့်စွမ်းအင်ပါ"

ဟု အသံလက်ထောက်စနစ်က ဖြေကြားလိုက်သည်။

"အားကောင်းတဲ့ သက်စောင့်စွမ်းအင် ဟုတ်လား တကယ်လည်း ဟုတ်လောက်တယ်နော်"

ဆွန်ဖုန်းက သဘောတူညီစွာဖြင့် ပြန်ပြောလိုက်သည်။ ဒီလောက် နက်ရှိုင်းတဲ့ ပင်လယ်ကြမ်းပြင်မှာ ရှင်သန်နိုင်တယ်ဆိုတာက သက်စောင့်စွမ်းအင် အလွန် အားကောင်းလို့ပဲ ဖြစ်ရမည်။

"ဒါပေမဲ့ အဲဒါက ငါ့အတွက် ဘာအသုံးကျမှာလဲ"

ဆွန်ဖုန်းက နားမလည်နိုင်စွာ မေးလိုက်သည်။

"အဲဒါကို ဆေးဘက်ဝင်အပင်အနေနဲ့ အသုံးပြုလို့ ရနိုင်ပါတယ် ပိုင်ရှင်က အလယ်အလတ်အဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည် လိုချင်နေတယ်ဆိုတာ မမေ့နဲ့လေ ပင်လယ်ကြမ်းပြင်အောက်မှာ ကျွန်တော်တို့ လိုအပ်တဲ့ ဆေးဘက်ဝင်အပင်တွေနဲ့ ရှားပါးဒြပ်စင်တွေ ရှိနေနိုင်ပါတယ် ကမ္ဘာမြေပေါ်မှာ မရှိတာနဲ့ ပင်လယ်ပြင်အောက်မှာ မရှိဘူးလို့ ပြောလို့မရပါဘူး ကမ္ဘာ့သမုဒ္ဒရာကြီးက အရမ်းကို ကျယ်ဝန်းလှပါတယ် ပြီးတော့ သက်ရှိတွေ အများဆုံး ရှင်သန်ပေါက်ဖွားရာ နေရာလည်း ဖြစ်ပါတယ် အပင်တွေကိုတော့ ကျွန်တော် အသေအချာ မပြောရဲပေမယ့် အဏုဇီဝသက်ရှိလေးတွေနဲ့ တခြား သက်ရှိသတ္တဝါတွေ အပိုင်းမှာတော့ ကုန်းမြေပေါ်ကထက် အများကြီး ပိုမို ကြွယ်ဝပါတယ်"

ဟု အသံလက်ထောက်စနစ်က ရှင်းပြလိုက်သည်။

"အင်း မင်းပြောတာလည်း ဟုတ်တာပဲ"

ဆွန်ဖုန်းနှင့် အသံလက်ထောက်စနစ်တို့ စကားပြောဆိုနေရင်း ရေငုပ်ဝတ်စုံက ကီလိုမီတာ ၅၀ ခန့် အကွာရှိ ထိုထူးဆန်းသော အပင်များရှိရာသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

"ရှေ့နားမှာပဲ ငါတို့ သွားကြည့်ကြတာပေါ့"

ရေနက်ပိုင်း ပင်လယ်ကြမ်းပြင်မှာ အလွန် မှောင်မိုက်နေသော်လည်း ယခုအချိန်တွင် ဆွန်ဖုန်းက အလွန် အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

ရှေ့ဘက် မီတာ အနည်းငယ်ခန့်အကွာရှိ အဆုံးအစမရှိသော အမှောင်ထုကြီးထဲတွင် မီးခိုးရောင်သန်းနေသော အပြာဖျော့ဖျော့ အလင်းတန်းလေးများ ထွက်ပေါ်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။

ထိုအလင်းရောင်များက ပတ်ဝန်းကျင်ရှိ မီတာ ဆယ်ဂဏန်းခန့် ပင်လယ်ကြမ်းပြင်ကို လင်းထိန်သွားစေသည်။ အဝေးမှနေ၍ ကြည့်လိုက်လျှင် အလွန် လှပသလို အနည်းငယ်လည်း ထူးဆန်းကြောက်မက်ဖွယ် ကောင်းနေသည်။

"ဒီအလင်းရောင်တွေက အဲဒီအပင်တွေဆီကနေ ထွက်နေတာပဲ"

ဆွန်ဖုန်းက အံ့သြတကြီး ရေရွတ်လိုက်သည်။ ရှေ့ဘက် မီတာ ဆယ်ဂဏန်းခန့်အကွာရှိ မြေကုန်းလေးတစ်ခုပေါ်တွင် ပင်လယ်ပြာရောင် အပင် ၇ ပင် ၈ ပင်ခန့် ပေါက်ရောက်နေသည်ကို မြင်တွေ့လိုက်ရသည်။

အမြင့်မှာ ၂၀ စင်တီမီတာခန့် ရှိပြီး ဖွဲ့စည်းပုံမှာ အလွန် ထူးဆန်းလှသည်။ မြက်ပင်လေးတစ်ပင်နှင့် တူသော်လည်း အရွက် ၃ ရွက်သာ ပါရှိပြီး တစ်ပင်လုံးမှာ ပင်လယ်ပြာရောင် ဖြစ်နေသည်။

အပင်တစ်ပင်လုံးက တောက်ပသော အပြာရောင် အလင်းတန်းလေးများ ထုတ်လွှတ်နေပြီး ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများကို လင်းထိန်သွားစေသည်။

"ကမ္ဘာ့ အပင် သတင်းအချက်အလက် မှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တော့ ဒီလိုအပင်မျိုး မှတ်တမ်းတင်ထားတာ မရှိပါဘူး ကြည့်ရတာ ဒီအပင်ကို ကမ္ဘာပေါ်က လူသားတွေ အခုအချိန်အထိ ရှာမတွေ့သေးဘူး ထင်တယ်"

ထိုအချိန်တွင် အသံလက်ထောက်စနစ်က ဝင်ရောက်ပြောဆိုလိုက်သည်။

အသံလက်ထောက်စနစ်၏ စကားကြောင့် ဆွန်ဖုန်း အနည်းငယ် ဝမ်းသာသွားသည်။

‘ဒီ ရေအောက်အပင် ၇ ပင် ၈ ပင်က တကယ်ပဲ အံ့သြစရာကောင်းတာပဲ… အလင်းရောင်တောင် ထုတ်လွှတ်နိုင်တယ်တဲ့လား.. '

အလင်းရောင် ထုတ်လွှတ်နိုင်တဲ့ အပင်ဆိုတာ ဆွန်ဖုန်း တစ်ခါမှ မကြားဖူးခဲ့ပေ။

ဆွန်ဖုန်းက ဤမြေကုန်းလေးပေါ်သို့ တက်သွားပြီး အပြာရောင် အပင် ၇ ပင် ၈ ပင်ခန့်ကို အနီးကပ် လေ့လာကြည့်ရှုလိုက်သည်။ အနည်းငယ် ထူးဆန်းသည်မှာ ဤပတ်ဝန်းကျင် မီတာ ရာပေါင်းများစွာအတွင်း မည်သည့်အပင်မျှ မရှိခြင်းပင်။

ပတ်ဝန်းကျင် ကီလိုမီတာ ဆယ်ဂဏန်းခန့်အတွင်း မည်သည့်အပင်မျှ မရှိဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် အခြားအပင်များက လုံးဝ ရှင်သန်နိုင်မည် မဟုတ်သောကြောင့်ပင်။ ဒီမြေကုန်းလေးပေါ်မှာမှ အပင် ၇ ပင် ၈ ပင်ခန့် ပေါက်ရောက်နေခြင်းက လူကို အလွန် အံ့အားသင့်သွားစေသည်။

အပြာရောင် အပင်များ၏ ခန္ဓာကိုယ်မှာ ကြည်လင်တောက်ပနေပြီး အပြာရောင် သလင်းကျောက်များဖြင့် ပြုလုပ်ထားသည့် အပင်များနှင့် တူကာ အလွန် လှပလှသည်။ မိန်းကလေးများကို လက်ဆောင်ပေးမည်ဆိုပါက သူတို့ အလွန် သဘောကျမည်မှာ သေချာလှသည်။

"လောကကြီးမှာ ဒီလို ထူးဆန်းတဲ့ အပင်တွေ ရှိနေတာပဲ အဗာတာ ရုပ်ရှင်ထဲက အပင်တွေနဲ့တောင် နည်းနည်း တူနေသေးတယ် တကယ် အံ့သြဖို့ကောင်းတာပဲ"

ဆွန်ဖုန်းက တစ်ပင်ကို ခူးယူကာ လေ့လာကြည့်လိုက်သည်။ သူက ရေငုပ်ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် ဘာထူးခြားချက်မှတော့ မခံစားရပေ။ သို့သော် ရေငုပ်ဝတ်စုံ၏ အာရုံခံ အချက်အလက်များအရ ဒီအပြာရောင် အပင်၏ အပူချိန်မှာ အလွန် နိမ့်ကျနေပြီး ရေခဲလို အေးစက်နေကာ အပူချိန်က အနှုတ် ၁ ဒီဂရီ ရှိနေကြောင်း သိလိုက်ရသည်။

"ဘာလို့ ဒီအပင်က အပူချိန် ဒီလောက်တောင် နိမ့်နေရတာလဲ ရေခဲတုံး တစ်တုံးလိုပဲ ဒါ အပင်ရော ဟုတ်ရဲ့လား သိပ္ပံနည်း မကျလိုက်တာ"

ဤအခြေအနေကို ကြည့်ကာ ဆွန်ဖုန်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

"ထောက်လှမ်းစစ်ဆေးချက်တွေအရ ဒီအရာက တကယ်ပဲ အပင်ပါ ပြီးတော့ သူ့ဆီမှာ သက်စောင့်စွမ်းအင်တွေ အပြည့်အဝ ရှိနေပါတယ် ဒီလိုမျိုး သက်ရှိတွေက ကမ္ဘာမြေပေါ်မှာ တကယ်ကို အံ့သြစရာပါပဲ"

ဟု အသံလက်ထောက်စနစ်က ပြောလိုက်သည်။

"သူ့ရဲ့ ဖွဲ့စည်းပုံကကော ပြီးတော့ မော်လီကျူး ဖွဲ့စည်းပုံကိုလည်း တစ်ချက် စစ်ဆေးကြည့်ပါဦး"

"ကျွန်တော် ခုနက ဒီမြေကုန်းလေးရဲ့ မြေဆီလွှာ အနေအထားကို စစ်ဆေးကြည့်တော့ ဘာမှ ထူးခြားတာ မတွေ့ရပါဘူး ကြည့်ရတာ ဒီအပင်ရဲ့ ထူးခြားမှုကြောင့်ပဲ ဖြစ်ရမယ် ဒါကြောင့်လည်း ခုနက ကျွန်တော် ဒီအပင်က ထူးဆန်းတယ်လို့ ပြောခဲ့တာပါ ကမ္ဘာမြေပေါ်မှာ ဒီလို ထူးဆန်းတဲ့ အပင်တွေ ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ဒီလိုအပင်မျိုးက ကျွန်တော်တို့ X ကြယ်စုတန်းမှာလည်း ရှိပါတယ် တချို့ဆိုရင် ဆေးဘက်ဝင်အပင်အနေနဲ့ သုံးလို့ရသလို သုတေသန လုပ်ဖို့အတွက်လည်း သုံးလို့ရပါတယ်"

ဟု အသံလက်ထောက်စနစ်က ပြောလိုက်သည်။

"သက်စောင့်စွမ်းအင်တွေ အပြည့်အဝ ရှိနေတယ်ဆိုတော့ ငါ့အတွက် အသုံးဝင်မလား"

ဟု ဆွန်ဖုန်းက စိတ်ဝင်တစား မေးလိုက်သည်။ ၎င်းက အလွန် ထူးဆန်းသော်လည်း မိမိအတွက် အသုံးမဝင်ပါက အလှကြည့် အပင်တစ်ပင်အဖြစ်သာ ထားရုံမှလွဲ၍ ဘာမှ အသုံးကျမည် မဟုတ်ပေ။

"သက်တမ်း နှစ်တစ်ရာ ဂျင်ဆင်းထက် အဆပေါင်းများစွာ ပိုစွမ်းပါတယ် ကျွန်တော့်ရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ လူတစ်ယောက်သာ ဒီအပင်ကို စားသုံးလိုက်မယ်ဆိုရင် ဒီအပင်ရဲ့ သက်စောင့်စွမ်းအင်က အဲဒီလူကို သေလုမြောပါး အခြေအနေကနေ ပြန်လည် အသက်ရှင်လာအောင် လုပ်ပေးနိုင်ပါတယ် ဒဏ်ရာ ဘယ်လောက်ပဲ ပြင်းထန်ပါစေ ဦးခေါင်း ပွင့်ထွက်သွားတာမျိုးကလွဲရင်ပေါ့ မဟုတ်ရင် ဒီအပင်ထဲမှာ ပါဝင်တဲ့ အားကောင်းတဲ့ သက်စောင့်စွမ်းအင်က ခန္ဓာကိုယ်ရဲ့ ကြွက်သားစနစ်တွေကို ပြန်လည် ပြုပြင်ပေးနိုင်ပါတယ်"

"ဒီလောက်တောင် အစွမ်းထက်တာလား ဒါဆိုရင်တော့ ငါတို့ ရတနာ ရပြီပေါ့"

ဆွန်ဖုန်း ကြားလိုက်ရသောအခါ သူ၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိများ အထင်းသား ပေါ်လွင်လာသည်။ ဤအပြာရောင် အပင်က ဤမျှလောက် အံ့သြစရာ ကောင်းနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ ဒဏ္ဍာရီလာ နတ်ဆေးတစ်ပါးလိုပင် ဖြစ်နေသည် မဟုတ်ပါလော။

"ဟုတ်ပါတယ် ကျွန်တော် အကြမ်းဖျင်း ခန့်မှန်းရသလောက် ဒီအပင်ကို ကျွန်တော်တို့ရဲ့ အလယ်အလတ်အဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည် ဖော်စပ်ဖို့အတွက် အသုံးပြုလို့ ရပါတယ် ဒီလို သက်စောင့်စွမ်းအင် အပြည့်အဝ ရှိနေတဲ့ အပင်က ပိုင်ရှင်ရဲ့ ခန္ဓာကိုယ် ဆဲလ်တွေရဲ့ လှုပ်ရှားမှုကို တိုးမြှင့်ပေးနိုင်သလို ကိုယ်တိုင် ပြန်လည် ပြုပြင်နိုင်စွမ်းကိုလည်း တိုးတက်စေနိုင်ပါတယ်"

"ဒီလောက်တောင် စွမ်းတာလား"

ဆွန်ဖုန်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ နောက်ပိုင်း အားလပ်ချိန် ရပါက ပင်လယ်ကြမ်းပြင်သို့ မကြာခဏ ဆင်းကာ အခြားသော ရေအောက်အပင်များ သို့မဟုတ် တခြားအရာများ တွေ့ရှိနိုင်မလားဆိုတာကို ရှာဖွေကြည့်ရန် ဆွန်ဖုန်း တွေးလိုက်မိသည်။

ဤတစ်ကြိမ် တွေ့ရှိချက်က ကမ္ဘာ့သမုဒ္ဒရာကြီးမှာ ပို၍ လျှို့ဝှက်ဆန်းကြယ်လာပြီဟု ဆွန်ဖုန်းကို ခံစားရစေသည်။ လူသားတွေကို အံ့အားသင့်စေမယ့် အရာတွေ အများကြီး ရှိနေနိုင်သည် မဟုတ်ပါလော။ ဤတစ်ကြိမ် တွေ့ရှိခဲ့သော အပြာရောင် ရေအောက်အပင်က ဆွန်ဖုန်းကို အလွန် ကြီးမားသော မထင်မှတ်ထားသည့် အကျိုးအမြတ်တစ်ခု ရရှိစေခဲ့သည်။

ဤနေရာတွင် အပင်များ မဆိုထားနှင့် သက်ရှိသတ္တဝါများပင် မရှိပေ။ သေချာသည်ပေါ့ အချို့သော သေးငယ်သည့် အဏုဇီဝသက်ရှိလေးများမှလွဲ၍ပေါ့။ ကြည့်ရသည်မှာ နောက်ပိုင်းတွင် ပင်လယ်ကြမ်းပြင်သို့ မကြာခဏ ဆင်းပြီး ရှာဖွေကြည့်ရန် လိုအပ်ပေလိမ့်မည်။

"ကောင်းပြီ ဒါကို အရင် သိမ်းလိုက်မယ်"

ဆွန်ဖုန်းက ကျန်ရှိနေသော အပင် ၆ ပင်ကို ခူးယူရန် ပြင်လိုက်စဉ် သူ လက်ထဲတွင် ကိုင်ထားသော အပြာရောင် အပင်ကို လွှင့်ပစ်လိုက်ချင်စိတ် ပေါ်လာလောက်အောင် အလန့်တကြား ဖြစ်သွားစေသည့် အရာတစ်ခုကို မြင်တွေ့လိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ရေငုပ်ဝတ်စုံ၏ လက်ထဲတွင် ရှိနေသော အပြာရောင် အပင်မှာ အသက်ဝင်နေသကဲ့သို့ ရုန်းကန်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်။ အင်း ခရုလို အကောင်ပလောင်လေးတွေနဲ့ တူပြီး လက်ထဲကနေ ရုန်းထွက်ချင်နေပုံရသည်။ ဒီအဖြစ်အပျက်က ဆွန်ဖုန်းကို လန့်ဖျပ်သွားစေသည်။

"သောက်ကျိုးနည်း ဒါက အရမ်း ထူးဆန်းနေပြီ"

"ပိုင်ရှင် မလန့်ပါနဲ့ ဒီလိုအပင်မျိုးက တကယ်ကို နည်းနည်း ထူးဆန်းပြီး အံ့သြဖို့ ကောင်းပါတယ် သိုလှောင်ရေး နေရာလွတ်ထဲကိုသာ ထည့်လိုက်ပါ စိတ်ပူစရာ မလိုပါဘူး"

ဟု အသံလက်ထောက်စနစ်က ပြောလိုက်သည်။

"ကောင်းပြီ"

ဆွန်ဖုန်းက အပင်ကို သိုလှောင်ရေး နေရာလွတ်ထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်ပြီး ကျန်ရှိနေသော အပြာရောင် အပင် ၆ ပင်ကိုလည်း ခူးယူကာ ထည့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် အံ့သြဖွယ်ကောင်းသော ရေအောက်အပင် ၇ ပင်ကို ရရှိခဲ့သည်။

"အသံလက်ထောက်စနစ် အလယ်အလတ်အဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည် ဖော်စပ်ဖို့အတွက် ဘယ်လို ဆေးဘက်ဝင်အပင်တွေနဲ့ ရှားပါးဒြပ်စင်တွေ လိုအပ်လဲဆိုတာ ပြောပြပါဦး"

ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ဆွန်ဖုန်းက အသံလက်ထောက်စနစ်ကို မေးလိုက်သည်။

"ပိုင်ရှင် ခန္ဓာကိုယ်ကြံ့ခိုင်ရေးဆေးရည် ဆိုတာက လူတစ်ယောက်ရဲ့ မျိုးရိုးဗီဇနဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပြောင်းလဲပေးပြီး ပိုမို အားကောင်းလာစေတာပါ အင်း သေချာ ရှင်းပြရရင် ပိုင်ရှင်ရဲ့ ခွန်အား တုံ့ပြန်နိုင်စွမ်း ဦးနှောက် ဖွံ့ဖြိုးမှု ဆဲလ်တွေရဲ့ လှုပ်ရှားမှု ကိုယ်တိုင် ပြန်လည် ပြုပြင်နိုင်စွမ်း အိုမင်းရင့်ရော်မှုကို ဆန့်ကျင်နိုင်စွမ်း စတဲ့ စွမ်းရည် အားလုံးကို အတိုင်းအတာ တစ်ခုအထိ မြှင့်တင်ပေးတာပါ"

"အော် နားလည်ပြီ"

ဆွန်ဖုန်းက ခေါင်းညိတ်လိုက်သည်။ ဆိုလိုသည်မှာ ဝတ္ထုတွေထဲက ဆင့်ကဲပြောင်းလဲရေး ဆေးရည်လိုမျိုး လူတစ်ယောက်ကို ဘက်စုံ မြှင့်တင်ပေးတာပဲပေါ့။

All Chapters