← Chapters

အခန်း ၃၈၉

Vol. 39 Ch. 389

အခန်း ၃၈၉

Vol. 39 Ch. 389

အခန်း ၃၈၉ - ရဲ့ဖုန်း ရေနံမြေ

"ဟားဟား မိန်းမတွေကို ဆက်ဆံတဲ့အခါ ပြတ်သားဖို့ လိုတယ် ပြတ်သားမှု မရှိရင် အိမ်တွင်းရေးတွေ ရှုပ်ကုန်လိမ့်မယ် နောက်တစ်ချက်က သူတို့ကို သေချာ လေ့ကျင့်သင်ကြားပေးထားဖို့ပဲ မဟုတ်ရင် ကိုင်တွယ်ရ အရမ်းခက်သွားလိမ့်မယ်"

ဆွန်ဖုန်းက သူ၏ အတွေ့အကြုံများကို ယန်ကျစ်အား ဂုဏ်ယူဝင့်ကြွားစွာ ဝေမျှလိုက်သည်။ တကယ်တမ်းတွင် ဆွန်ဖုန်းက အရေးအကြီးဆုံး အချက်တစ်ချက်ကိုပါ ပြောချင်နေသေးသည်။ မိမိ၏ မိန်းမများကို အမြဲတမ်း ပြည့်ဝနေအောင် ဖြည့်ဆည်းပေးထားရမည်။ သူတို့ ဆာလောင်မွတ်သိပ်နေပါက အပြင်ထွက်၍ အစာရှာကြမည်ဖြစ်ပြီး မိမိကတော့ ဂျိုပေါက်သွားမည်မှာ အသေအချာပင် ဖြစ်သည်။

"ညီလေးဆွန်က တကယ်ကို အတွေ့အကြုံ ရင့်ကျက်တာပဲ လေးစားပါတယ်ဗျာ"

ယန်ကျစ်က ရယ်မောလျက် ပြောလိုက်သည်။ မိန်းမ များများ လိုချင်သည့် ဆန္ဒက ယောကျာ်းတိုင်းတွင် ရှိကြသည် မဟုတ်ပါလော။ ယန်ကျစ်တွင်လည်း ရှိပါသည်။ သို့သော် သူက ဆွန်ဖုန်းလို အစွမ်းမထက်ပေ။ ဆွန်ဖုန်းက မိမိ၏ မိန်းမများ အားလုံးကို အတူတူ ထားနိုင်ရုံသာမက ကလေးများပင် ရနေကြပြီ ဖြစ်သည်။ ယန်ကျစ်ကတော့ အပြင်တွင် မယားငယ်များကို ခိုးကြောင်ခိုးဝှက်သာ ထားရဲသည်။ အကယ်၍ သူသာ အိမ်သို့ ခေါ်လာရဲပါက သူ၏ အိမ်ထောင်ရေး ကွဲအက်သွားမည်မှာ သေချာလှသည်။

"ဒါနဲ့ အစ်ကိုကြီး ကျွန်းနိုင်ငံ တိုကျိုက ချယ်ရီဥယျာဉ်ကို သွားလည်ဖူးလား"

ယောကျာ်း နှစ်ယောက်သား အလုပ်အကြောင်း ပြောနေရင်းမှ လမ်းကြောင်းလွဲသွားကာ မိန်းမများ အကြောင်းသို့ ရောက်ရှိသွားကြလေသည်။

"မသွားဖူးဘူး ဒါပေမဲ့ တိုကျိုမှာ အဲဒီလို နေရာမျိုး ရှိတယ်လို့တော့ ငါ့သူငယ်ချင်းတွေ ပြောတာ ကြားဖူးတယ် အရမ်း ပျော်ဖို့ကောင်းတယ်တဲ့ ဘာလဲ ညီလေးက ရောက်ဖူးလို့လား"

ယန်ကျစ်က သိသာထင်ရှားစွာပင် စိတ်ဝင်စားသွားလေသည်။ သူသည် ချယ်ရီဥယျာဉ် နှင့် ပတ်သက်၍ ကောလာဟလ အချို့ကို ကြားဖူးထားပြီး ထိုနေရာက ယောကျာ်းများ၏ နိဗ္ဗာန်ဘုံဟု ဆိုကြလေသည်။

"ဟီးဟီး ခဏခဏ ရောက်ဖူးတယ် တကယ်ကို ကောင်းတာ အဲဒီ ကျွန်းနိုင်ငံက မိန်းကလေးတွေက စက္ကူဖြူလေးတွေလိုပဲ ဒါပေမဲ့ အားလုံးက အထူး လေ့ကျင့်သင်ကြားမှုတွေ ခံထားရတာ တကယ်တမ်း သူတို့နဲ့ ကစားရတဲ့ အရသာကတော့ တောက်တောက်တောက် တကယ့်ကို ကောင်းကင်ဘုံ ရောက်သွားသလိုပဲ လူးဝစ်ဂျင် ဆိုတဲ့ အဘိုးကြီးက ကျွန်တော့်ကို ခေါ်သွားတာ နောက်တစ်ခေါက်ကျရင် အစ်ကိုကြီးကို ကျွန်တော် ခေါ်သွားမယ် ကျွန်တော် ဒကာခံမယ်"

ဆွန်ဖုန်းက ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။

"ဒီလောက်တောင် မိုက်တာလား"

ယန်ကျစ်က တံတွေး မြိုချလိုက်သည်။ ကြည့်ရသည်မှာ သူသည်လည်း ဤကိစ္စများတွင် ဝါရင့်နေပြီ ဖြစ်ပုံရသည်။

"ဟုတ်တယ် ဒါပေမဲ့ ဈေးတော့ မပေါဘူး အဲဒီ ကျွန်းနိုင်ငံက ကောင်တွေ သောက်ရမ်း ပိုက်ဆံရှာတတ်တာ ဒါပေမဲ့လည်း ဟုတ်ပါတယ်လေ သူတို့ ကျွန်းနိုင်ငံက ဒီလို ကိစ္စတွေမှာ တော်တော်လေး ဖွံ့ဖြိုးတာကိုး လူဦးရေကလည်း အရမ်းများတော့ ဒီလို အရင်းအမြစ်တွေကို အသုံးမချရင် နှမြောစရာကြီး ဖြစ်သွားမှာပေါ့"

ဆွန်ဖုန်းက ပြောလိုက်သည်။

"ကောင်းပြီ နောက်တစ်ခါ အားရင် ငါတို့ နှစ်ယောက် အတူတူ သွားပြီး ပျော်ကြတာပေါ့"

ယန်ကျစ်နှင့် အတန်ကြာ စကားပြောပြီးနောက် ဆွန်ဖုန်းသည် ရေနံမြေ စမ်းသပ်တိုင်းတာရေး လုပ်ငန်းခွင်၏ လက်ရှိ တိုးတက်မှုကို ကြည့်ရှုရန် သူနှင့်အတူ ထွက်လာခဲ့သည်။

နှစ်ယောက်သား လမ်းကြမ်းသုံး ကားတစ်စီးကို မောင်းနှင်ကာ ခရီးစဉ်သို့ ထွက်ခွာလာကြသည်။ ဤ ရဲ့ဖုန်း ရေနံမြေ၏ ရေနံစိမ်း သိုလှောင်မှု ပမာဏမှာ စည်ပေါင်း ၁.၅ ဘီလီယံခန့် ရှိပြီး ဧရိယာအားဖြင့် စတုရန်း ကီလိုမီတာ ၈၀ ခန့် ကျယ်ဝန်းလေသည်။ မြေမျက်နှာသွင်ပြင်၏ ထက်ဝက်ခန့်မှာ ပြန့်ပြူးနေပြီး ကျန်တစ်ဝက်မှာတော့ ထူးဆန်းသော ကျောက်ဆောင်များနှင့် တောင်ကုန်းများသာ ဖြစ်သည်။ သစ်ပင်ပန်းမန် လုံးဝ မရှိဘဲ အဝေးမှ ကြည့်လျှင် ကျောက်တောင်ကြီး တစ်ခုလုံးနှင့် တူနေသည်။ မြေပြင်ပေါ်တွင် မြေဆီလွှာများပင် အလွန် ရှားပါးလှသည်။ ထို့ကြောင့် ရေနံစတင် တူးဖော်ချိန်တွင် ထိုကျောက်လွှာများကို ထိုးဖောက် တူးဖော်ရမည် ဖြစ်သည်။

"ကနေဒါ နိုင်ငံမှာ ရေနံတွေ တကယ် ပေါများတာပဲ မြေကကျယ်ပြီး လူက ရှားတယ် လူဦးရေက နည်းလွန်းတော့ အားကျစရာပဲ"

ယန်ကျစ်က ကားမောင်းရင်း ဆွန်ဖုန်းကို စကားပြောနေလေသည်။

"ဟုတ်တယ် ဟီးဟီး သူတို့က ဒီလောက် ရေနံ အများကြီးကို သုံးနိုင်တာမှ မဟုတ်တာ ငါတို့ တူးဖော်ဖို့အတွက် ပိုတောင် ကောင်းသေးတယ်"

ဆွန်ဖုန်းက ရယ်မောလျက် ပြောလိုက်သည်။

"ဟုတ်တယ် ဒီနှစ်တွေထဲမှာ ကနေဒါက သူတို့ရဲ့ ရေနံတွေကို တူးဖော်ဖို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အမြဲ ဖိတ်ခေါ်နေတာ သူတို့ နိုင်ငံရဲ့ စီးပွားရေး တစ်စိတ်တစ်ပိုင်းက ဒီသတ္တုတွင်း အရင်းအမြစ်တွေကို တူးဖော်တာပေါ်မှာ အမှီပြုပြီး တိုးတက်လာတာလေ ငါတို့ နိုင်ငံလို လူဦးရေ အရမ်းများနေတာနဲ့ မတူဘူး လိုအပ်တဲ့ စွမ်းအင်ကလည်း အရမ်း များလွန်းတယ် ဟူး ဒီတိုင်းသာ ဆက်သွားရင် ငါတို့ နိုင်ငံရဲ့ သတ္တုတွင်းတွေက လုံးဝ လောက်ငမှာ မဟုတ်ဘူး ဒီနှစ်တွေထဲမှာ အမြဲတမ်း ပြည်ပကနေ တင်သွင်းနေရတာ ဒါမှမဟုတ်ရင်လည်း ငါတို့ ကုမ္ပဏီလိုပဲ တခြားနိုင်ငံက သတ္တုတွင်းတွေကို သွားပြီး ရင်းနှီးမြှုပ်နှံ တူးဖော်နေရတာပဲ"

ယန်ကျစ်က ပြောလိုက်သည်။

"ဒါကို ကျွန်တော်လည်း သိပါတယ်ဗျ"

"ဒါပေမဲ့ ပြောရမယ်ဆိုရင် မင်း တူးဖော်ရရှိသမျှ ရေနံတွေကို ငါတို့ ကုမ္ပဏီကိုပဲ ရောင်းချပေးနေသလိုပဲ နိုင်ငံတွင်းကို ရောင်းချပေးတာနဲ့ အတူတူပါပဲ ပြီးတော့ ဈေးလည်း သိပ်မခေါ်ဘူး ဘာကြောင့်များလဲ"

ယန်ကျစ်က အနည်းငယ် သံသယဝင်စွာဖြင့် မေးလိုက်သည်။

"ဘယ်သူ့ကို ရောင်းရောင်း အတူတူပါပဲဗျာ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကလည်း အမြတ်တွေ အများကြီး လိုချင်နေတာမှ မဟုတ်တာ ပိုက်ဆံရရင် ပြီးတာပဲလေ နောက်ပြီးတော့ ကျွန်တော့်ရဲ့ ဒီလုပ်ရပ်က မျိုးချစ်စိတ် ရှိရာများ မကျဘူးလား ဟားဟား ဒါနဲ့ ကျွန်တော် စဉ်းစားထားတာက ဒီ ရဲ့ဖုန်း ရေနံမြေက ထွက်လာမယ့် ရေနံတွေကိုလည်း မိခင်နိုင်ငံကိုပဲ ရောင်းချပေးချင်တယ် အစ်ကိုကြီးတို့ရဲ့ ကျင်းချန် ရေနံကုမ္ပဏီကိုပဲ တိုက်ရိုက် ရောင်းပေးလိုက်မယ် ဘယ်လိုလဲ"

ဆွန်ဖုန်းက ရယ်မောလျက် ဆက်ပြောလိုက်သည်။

"ကောင်းတာပေါ့ မင်းက တကယ်ကို မျိုးချစ်စိတ် အပြည့်အဝ ရှိတဲ့သူပဲ ဒါပေမဲ့ ဈေးနှုန်းပိုင်းကတော့"

ယန်ကျစ်က ကြားပြီးနောက် အလွန် ဝမ်းသာသွားသည်။ သို့သော် သိပ်မကြာခင်မှာပင် ဈေးနှုန်း ကိစ္စကို စတင် စိုးရိမ်လာလေသည်။

"အရင်အတိုင်းပါပဲဗျာ ဈေး သိပ်မခေါ်ပါဘူး ဟားဟား"

ဆွန်ဖုန်းက ပြောလိုက်သည်။

"ကောင်းပြီ ဒါဆိုရင် ဒီအတိုင်းပဲ သဘောတူတယ် ဒီည အောင်ပွဲခံတဲ့ အနေနဲ့ ငါ ဒကာခံမယ်"

သိပ်မကြာခင်မှာပင် သူတို့ နှစ်ဦး လုပ်ငန်းခွင် နေရာသို့ ရောက်ရှိသွားကြသည်။

ထိုနေရာတွင် လူ နှစ်ဆယ်ကျော်ခန့်က စက်ရုပ် အမျိုးမျိုးကို အသုံးပြုကာ အလုပ်များနေကြသည်။ ဆွန်ဖုန်းနှင့် ယန်ကျစ်တို့က သွားရောက် နှုတ်ဆက်ပြီးနောက် ဘေးမှနေ၍ ကြည့်နေလိုက်ကြသည်။ သို့သော် ဆွန်ဖုန်းက သိပ်ပြီး အာရုံမစိုက်နေပေ။ သူက ဤရေနံမြေကို စစ်ဆေးရန် သူ၏ ထောက်လှမ်းရှာဖွေရေး စနစ်ကို ဖွင့်ထားပြီး ဖြစ်လေသည်။

"ပိုင်ရှင် သူတို့ စမ်းသပ် တိုင်းတာနေတဲ့ နေရာက အတော်လေး သင့်တော်ပါတယ် ကျောက်လွှာတွေက တခြားနေရာတွေထက် ပိုပါးပြီး မြေနေရာကလည်း ပိုပြန့်ပြူးတယ်"

ဟု အသံလက်ထောက်စနစ်က ပြောလိုက်သည်။

"ကောင်းပြီ ဒါဆို ငါ သူတို့ကို ပြောလိုက်မယ် ဘယ်လိုလဲ ဒီရေနံမြေက အဆင်ပြေတယ် မဟုတ်လား"

ဆွန်ဖုန်းက မေးလိုက်သည်။

"အဆင်ပြေပါတယ် အချိန်တန်လို့ ကျွန်တော်တို့ရဲ့ ကျောက်ခွဲ အလင်းလှိုင်း စက်သာ ထွက်လာရင် တူးဖော်ရတာ အရမ်း လွယ်ကူသွားမှာပါ ပိုင်ရှင် စိတ်ပူစရာ မလိုပါဘူး"

"အင်း"

ဆွန်ဖုန်းက ယန်ကျစ်၏ အနားသို့ လျှောက်သွားကာ ထိုမြေနေရာကို လက်ညှိုးထိုးပြရင်း မေးလိုက်သည်။

"ဒီနေရာက တော်တော်လေး ကောင်းမယ့်ပုံပဲ သူတို့ စမ်းသပ် တိုင်းတာထားတာ ဘယ်လိုနေလဲ ဒီက ရေနံလွှာတွေမှာ ရေနံထွက်နှုန်း ကောင်းနိုင်ပါ့မလား"

"ခုနက ငါ မေးကြည့်လိုက်တာ ဒီနေရာက တကယ်ကို မဆိုးဘူးတဲ့ ရေနံလွှာရဲ့ ဖိအားကလည်း အတော်လေး သင့်တော်တယ်"

"ကောင်းတယ် အစ်ကိုကြီးရဲ့ အဖွဲ့က တော်တော်လေး မြန်ဆန်တာပဲ"

"ဒါပေါ့ ဘာပဲဖြစ်ဖြစ် ငါတို့ ကျင်းချန် ရေနံကုမ္ပဏီက နိုင်ငံတကာမှာလည်း ထိပ်တန်း အဆင့်ရှိတဲ့ ရေနံကုမ္ပဏီကြီး တစ်ခုပဲလေ ဒါပေမဲ့ မြေလွှာကျောက် ရေနံမြေ တူးဖော်ရေး အပိုင်းမှာတော့ ဘာမှ တိုးတက်မှု မရှိခဲ့ပါဘူး ကျန်တာတွေကတော့ အကုန် ကောင်းပါတယ်"

ယန်ကျစ်က ရှင်းပြလိုက်သည်။

"အင်း မြေလွှာကျောက် ရေနံမြေ အပိုင်းမှာတော့ နိုင်ငံတကာမှာတောင် အခက်အခဲ တစ်ခု ဖြစ်နေဆဲပဲ အအောင်မြင်ဆုံး ကတော့ အမေရိကန်က ရေနံကုမ္ပဏီတွေပဲလေ ဒါပေမဲ့ သူတို့လည်း ကျွန်တော်နဲ့ ယှဉ်လိုက်ရင် ကလေးတွေလို ဖြစ်သွားမှာပါ"

ဆွန်ဖုန်းက အလွန် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။

"ဟားဟား ညီလေးကတော့ တကယ်ကို အစွမ်းထက်တာပဲ"

"အခုချိန်ဆိုရင် မင်းနဲ့ ပူးပေါင်းချင်နေတဲ့ ရေနံကုမ္ပဏီတွေ အများကြီး ရှိနေလောက်ပြီ မဟုတ်လား ဘာပဲဖြစ်ဖြစ် မင်းက အခုလိုမျိုး အရမ်းကို အစွမ်းထက်တဲ့ တူးဖော်ရေး နည်းပညာနဲ့ စက်ပစ္စည်းတွေကို တီထွင်ထားနိုင်ပြီလေ"

"မှန်ပါတယ် ဒါပေမဲ့ ဒီလို နည်းပညာမျိုးကိုတော့ ကျွန်တော် အပြင်ကို လုံးဝ ပေါက်ကြားခံမှာ မဟုတ်ဘူး"

ဆွန်ဖုန်းက ပြောလိုက်သည်။

"ဒါလည်း ဟုတ်တာပါပဲ ဒီနည်းပညာက အခုဆိုရင် ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး နည်းပညာ တစ်ခု ဖြစ်နေပြီလေ"

မူလက ယန်ကျစ်သည် ဆွန်ဖုန်းထံမှ စကားစမ်းကြည့်ရန် ရည်ရွယ်ထားခဲ့သည်။ ထိုနည်းပညာကို သူတို့ ကုမ္ပဏီနှင့် မျှဝေသုံးစွဲခွင့် ပြုနိုင်မလား ဟု မေးကြည့်ချင်ခဲ့သည်။ ငွေကြေး အများအပြား ပေးရမည် ဆိုလျှင်တောင် သူတို့က လိုလားနေကြသည်။ သိထားရမည်မှာ တရုတ်ပြည်တွင်းတွင်လည်း မြေလွှာကျောက် ရေနံမြေများ ရှိနေကြောင်းကိုပင်။ ဤနည်းပညာသာ ရရှိထားပါက နောက်ပိုင်းတွင် ပြည်တွင်းရှိ ရေနံမြေများကိုသာမက နိုင်ငံခြားရှိ ရေနံမြေများကိုပါ တူးဖော်နိုင်မည် ဖြစ်သည်။ သေချာပေါက် အကျိုးအမြတ် အကြီးအကျယ် ရရှိမည်မှာ အသေအချာပင်။

သို့သော် ယခု ဆွန်ဖုန်းက လုံးဝ အလျှော့မပေးသည်ကို မြင်သောအခါ သူလည်း အတင်းအကျပ် မတောင်းဆိုတော့ပေ။

"သွားစို့ ငါတို့ ပြန်ကြရအောင်"

အတန်ကြာ ကြည့်ရှုပြီးနောက် သူတို့ နှစ်ဦးမှာ ဘာမှ ကူညီပေးနိုင်မည် မဟုတ်သလို ပျင်းစရာလည်း ကောင်းလာသဖြင့် ပြန်ရန် ပြင်လိုက်ကြသည်။

"ကောင်းပြီ"

ပြန်ရောက်ပြီးနောက် ဆွန်ဖုန်းသည် ဂိုဒေါင် တစ်လုံးကို စတင် ငှားရမ်းလိုက်ပြီး ရေနံတွင်း တူးဖော်ရေး စက်ပစ္စည်းများကို ကြိုတင် သယ်ယူလာရန် ပြင်ဆင်လိုက်သည်။ ခန့်မှန်းခြေအရ နောက်ထပ် တစ်လ နှစ်လခန့် အကြာတွင် လုပ်ငန်း စတင်တော့မည် ဖြစ်ရာ ယခု အားလပ်နေချိန်တွင် ဤကိစ္စများကို ကြိုတင် ပြင်ဆင်ထားလိုက်ခြင်း ဖြစ်သည်။

ယန်ကျစ်က ထိုစက်ပစ္စည်းများကို မြင်တွေ့ရသောအခါ မည်သည့် ထူးခြားချက်ကိုမျှ မတွေ့ရှိခဲ့ရပေ။ စွမ်းအင် အပိုင်းနှင့် လွန်သွား အပိုင်းများတွင် အနည်းငယ် အဆင့်မြင့်နေသည်မှလွဲ၍ ကျန်သည့် အပိုင်းများမှာ ရိုးရာ ရေနံတွင်း တူးဖော်ရေး စက်ပစ္စည်းများနှင့် များစွာ ကွာခြားမှု မရှိချေ။

သေချာသည်ပေါ့ လွန်သွား၏ အတွင်းဘက်တွင် ကျောက်ခွဲ အလင်းလှိုင်း စက် ကို တပ်ဆင်ထားကြောင်းကိုတော့ ဆွန်ဖုန်းက သူ့အား ပြောပြမည် မဟုတ်ပေ။ ၎င်းကသာလျှင် မြေလွှာကျောက် အလွှာများကို တူးဖော်ရာတွင် အဓိက အကျဆုံးသော အရာပင် ဖြစ်လေသည်။

All Chapters