← Chapters

အခန်း ၃၉၁

Vol. 40 Ch. 391

အခန်း ၃၉၁

Vol. 40 Ch. 391

အခန်း ၃၉၁ - ငွေအိတ်နီ ပို့ပေးလိုက်မှ Friend လက်ခံခြင်း

ပရိုဖိုင်ပုံလေးတွေ ကြည့်ရုံနဲ့တော့ ရုပ်ဆိုးဆိုး ကောင်မလေးတွေ ဟုတ်မဟုတ် မသိနိုင်ပေ။ အကြမ်းဖျင်း ကြည့်လိုက်လျှင်တော့ အားလုံးက ကြည့်ကောင်းနေကြသည်။

သေချာတာပေါ့လေ မိတ်ကပ် မပါတဲ့ ရုပ်အစစ်က ဘယ်လိုနေမလဲ ဆိုတာတော့ ဘယ်သူမှ မသိနိုင်ချေ။

ဘာပဲဖြစ်ဖြစ် အပြင်လောကမှာ ကျောပြင်လေးမြင်ပြီး ကြွေသွားရပေမယ့် မျက်နှာမြင်မှ လန့်ပြေးရတဲ့ သူတွေ၊ မိတ်ကပ်ဖျက်လိုက်ရင် လုံးဝ ရုပ်ပြောင်းသွားတဲ့ သူတွေက ဒုနဲ့ဒေး ရှိနေသည် မဟုတ်ပါလော။

'ဘာပဲဖြစ်ဖြစ် တစ်ယောက်ချင်းစီကို နှုတ်ဆက်ကြည့်လိုက်ဦးမယ် တကယ်တော့ ငါ ဟိုင်ထျန်းမြို့မှာ Nearby ဖန်ရှင်ကနေ ကောင်မလေးတွေ ရှာပြီး တစ်ခါမှ မကစားဖူးသေးဘူးပဲ'

ဆွန်ဖုန်းက စိတ်ထဲမှ တွေးရင်း လက်ချောင်းများကို အဆက်မပြတ် လှုပ်ရှားကာ စာရင်းထဲရှိ ကောင်မလေးများထံသို့ တစ်ယောက်ပြီးတစ်ယောက် မက်ဆေ့ချ်များ ပို့လိုက်သည်။

မက်ဆေ့ချ်ကတော့ စကားတစ်ခွန်းတည်းသာ ဖြစ်သည်။

"ဟိုင်း"

မိနစ်အနည်းငယ် အကြာတွင် ဆွန်ဖုန်းသည် ကောင်မလေး ဆယ်ဂဏန်းခန့်ထံသို့ မက်ဆေ့ချ်များ ပို့ပြီးသွားလေပြီ။

သေချာတာပေါ့လေ ဒီကောင်မလေးတွေ အားလုံးကို ဆွန်ဖုန်းက သေသေချာချာ ရွေးချယ်ထားခြင်း ဖြစ်ပြီး ရုပ်မချောသူများကိုတော့ သေချာပေါက် ပို့မည် မဟုတ်ချေ။

မက်ဆေ့ချ်များ ပို့ပြီး ဆယ်မိနစ်ကျော် ကြာပြီးနောက်မှသာ ကောင်မလေး လေးငါးယောက်ခန့်က ဆွန်ဖုန်းကို စာပြန်ပို့ကြသည်။

သို့သော် ဆွန်ဖုန်းက သူတို့နှင့် စကားတစ်ခွန်း နှစ်ခွန်းခန့် ပြောပြီးသည်နှင့် သူတို့ အားလုံးက ချက်ချင်းဆိုသလို အသံတိတ်သွားကြလေသည်။ စာလည်း ထပ်မပြန်ကြတော့ရာ ဆွန်ဖုန်း တစ်ယောက် အနည်းငယ် စိတ်ပျက်သွားရသည်။

သောက်ကျိုးနည်း ဟိုးအရင်တုန်းက ခံစားချက်မျိုးနဲ့ အတူတူပါပဲလား။ ကောင်မလေးတွေနဲ့ စကားစမြည်ပြောရတာ ခက်သလို အကောင့် လာအပ် (Add) ဖို့ ပြောရတာလည်း ခက်ခဲလွန်းလှသည်။

ဆွန်ဖုန်းက Friend Add ဖို့ တောင်းဆိုလိုက်သည်နှင့် သူတို့က ချက်ချင်း ငြင်းပယ်ကြလေသည်။ Add လက်ခံသွားသူများကို အပြင်ထွက်တွေ့ရန် ချိန်းဆိုလိုက်ပြန်လျှင်လည်း ပြတ်ပြတ်သားသားပင် ငြင်းပယ်ခံရပြန်သည်။

'သောက်ကျိုးနည်း တစ်ယောက်ချင်းစီက ငါ့ရှေ့မှာ အထာလာကိုင်နေကြတာလား'

ထိုကောင်မလေးများက သူ့ကို ဂရုမစိုက်တော့ဘဲ နောက်ဆုံးတွင် စကားပင် ဆက်မပြောကြတော့သည်ကို မြင်သောအခါ ဆွန်ဖုန်း အတော်လေး ဒေါသထွက်သွားလေသည်။

ဆွန်ဖုန်းက ထိုကောင်မလေးများထံသို့ မက်ဆေ့ချ်များ ထပ်ပို့ကာ စကားပြောရန် ကြိုးစားလိုက်သေးသော်လည်း မည်သူကမျှ သူ့ကို အဖက်မလုပ်ကြတော့ချေ။

'သောက်ကျိုးနည်းပဲ'

ဆွန်ဖုန်းက စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီးနောက် ရုပ်အချောဆုံး ကောင်မလေး တစ်ယောက်ကို ရွေးကာ မက်ဆေ့ချ် တစ်စောင် ပို့လိုက်သည်။

"အချောလေး အကောင့်လေး အပ်ထားလို့ ရမလား"

ဤတစ်ကြိမ်တွင်တော့ တစ်ဖက်လူက ဆွန်ဖုန်းကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။ သူမက စာပြန်ပို့လာခဲ့သည်။

ထိုကောင်မလေး၏ အမည်ပြောင်မှာ 'မီးပွားလေးတွေအပေါ် မွေးရာပါ အာရုံခံစားမှု မြန်ဆန်သူ' ဟု ပေးထားလေသည်။ ဤအမည်ပြောင်မှာ နာမည်ကြီး အဆိုတော် မေယန်ဖန်း ၏ သီချင်းစာသား တစ်ကြောင်းမှ ယူထားခြင်း ဖြစ်ပုံရသည်။

"ရှင်က ဘယ်သူမို့လို့ ကျွန်မကို လာအပ်ရတာလဲ"

ဆွန်ဖုန်းက မြင်ပြီးသည်နှင့် ချက်ချင်း စာပြန်ပို့လိုက်သည်။

"ကိုယ့်နာမည်က ဆွန်ဖုန်းပါ မင်းက အရမ်း ဆွဲဆောင်မှုရှိတာ တွေ့လို့ စကားလေး ဘာလေး ပြောချင်လို့ပါ ရနိုင်မလား"

ဆွန်ဖုန်း စာပို့ပြီးနောက် မိနစ်အနည်းငယ် ကြာမှသာ တစ်ဖက်လူက စာပြန်ပို့လာရာ ဆွန်ဖုန်း တစ်ယောက် ဒေါသထွက်လွန်း၍ သွားကြိတ်မိမတတ် ဖြစ်သွားရသည်။

'သောက်ကျိုးနည်း ရုပ်လေး နည်းနည်း ချောတာနဲ့ပဲ အထာလာကိုင်နေတာလား စာပြန်တာတောင် ဒီလောက် နှေးရသလား'

"အော် မရဘူး"

တစ်ဖက်လူ၏ အဖြေကြောင့် ဆွန်ဖုန်း တစ်ယောက် သွေးအန်မတတ် ဖြစ်သွားပြီး ချက်ချင်းပင် စာပြန်ပို့လိုက်သည်။

"ဘာလို့ မရတာလဲ"

"ရှင် ကျွန်မကို လာကြူနေတာ မဟုတ်လား"

တစ်ဖက်လူက စာတစ်ကြောင်း ပြန်ပို့လာသည်။

တကယ်ပါပဲ တခြားသူတွေကလည်း အ တဲ့သူတွေမှ မဟုတ်တာ။ ဆွန်ဖုန်းလည်း စကားကို လှည့်ပတ် မပြောတော့ဘဲ တိုက်ရိုက်ပင် ဖွင့်ပြောလိုက်သည်။

"ဟုတ်တယ် မင်းက အရမ်းလှတော့ ကိုယ်က လာကြူတာပေါ့ ဘယ်လိုလဲ ချိန်းတွေ့ကြမလား"

"ကျွန်မကို လာကြူချင်တယ် ဟုတ်လား ငွေအိတ်နီလေး အရင်ပို့ပေးလိုက်ဦးလေ အဲဒါမှ ဆက်ပြောမယ်"

ကောင်မလေးက စာပြန်လာသည်။

"ကိုယ့်အကောင့်မှာ ဘဏ်ကတ် ချိတ်မထားဘူးဗျ အရမ်း ရှုပ်လို့ မလုပ်ချင်လို့ပါ အပြင်ထွက်ခဲ့လေ ကိုယ် ထမင်းဝယ်ကျွေးမယ်"

ဆွန်ဖုန်းက ပြန်ပို့လိုက်သည်။

"ဟွန့် ကပ်စေးနှဲရင်လည်း နှဲတယ်လို့ ပြောလိုက် ပိုက်ဆံမရှိဘဲနဲ့များ ကောင်မလေး လာချိတ်ချင်သေးတယ် ငွေအိတ်နီလေး တစ်အိတ် ပို့ခိုင်းတာတောင် မပို့ပေးနိုင်ဘဲနဲ့ အသုံးမကျတဲ့ အကြောင်းပြချက်တွေ လာပေးမနေနဲ့…. ပြီးတော့ ထမင်းစားမယ် ဟုတ်လား ရှင် ကျွန်မကို ဘာများဝယ်ကျွေးနိုင်မှာမို့လို့လဲ အမြန်စားဆိုင်က ကြက်ကြော်လောက်လား…ထမင်းတစ်နပ်လောက်နဲ့များ ဒီသခင်မလေးကို အိပ်ရာပေါ် ခေါ်သွားလို့ ရပြီ ထင်နေလား၊ ရှင် အရမ်း ရိုးအလွန်းတယ်၊ အော် မဟုတ်ဘူး ရှင် အရမ်း အလွန်းတယ်… သွားတော့ ငွေအိတ်နီ မပို့ဘဲနဲ့ ကျွန်မ အကောင့်ကို လာအပ်ဖို့ မစဉ်းစားနဲ့"

တစ်ဖက်လူက စာပြန်ပြီးနောက် အသံတိတ်သွားတော့သည်။

'သောက်ကျိုးနည်း သေနာမ'

ဆွန်ဖုန်းက တစ်ဖက်လူ၏ စာကို မြင်သောအခါ သူမကို ဓားဖြင့် ခုတ်သတ်ချင်စိတ်ပင် ပေါက်သွားလေသည်။ ဒီနှစ်နှစ်တာ ကာလအတွင်း ဒီလောက် အကြီးအကျယ် သရော်စော်ကားခံရတာ ဒီတစ်ကြိမ်က ပထမဆုံးပင်။

သို့သော် ဆွန်ဖုန်း ခုနက ပြောခဲ့သည်မှာ အမှန်တကယ်ပင် ဖြစ်သည်။ သူ့အကောင့်တွင် ငွေအိတ်နီ ပို့ရန် ဘဏ်ကတ် ချိတ်ဆက်ထားခြင်း မရှိပေ။

သူကလည်း အလုပ်ရှုပ်မခံချင်သဖြင့် မလုပ်ထားခြင်း ဖြစ်ပြီး ထို့ကြောင့် မပို့ပေးခြင်း ဖြစ်သည်။ တစ်ဖက်လူက သူ့ကို ကပ်စေးနှဲသည်ဟု ထင်သွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

'သောက်ကျိုးနည်း’

ဆွန်ဖုန်းလည်း ဒေါသထွက်လာသဖြင့် ချက်ချင်းပင် ဘဏ်ကတ် တစ်ကတ်ကို ထုတ်ကာ ချတ်အက်ပလီကေးရှင်းနှင့် ချိတ်ဆက်လိုက်ရာ ချက်ချင်းဆိုသလိုပင် ငွေအိတ်နီ ပို့၍ ရသွားလေသည်။

သို့သော် ဆွန်ဖုန်း ကြည့်လိုက်သောအခါ ဤကတ်ထဲတွင် ငွေ ယွမ် ဆယ်ဂဏန်းခန့်သာ ကျန်တော့ကြောင်း တွေ့လိုက်ရသည်။ နိုင်ငံခြား ဘဏ်ကတ်များကိုမူ လုံးဝ ချိတ်ဆက်၍ မရချေ။ လက်ရှိတွင် ဆွန်ဖုန်းက နိုင်ငံခြား ဘဏ်ကတ်များကိုသာ အဓိက အသုံးပြုနေခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူက ပြည်တွင်းတွင် နေထိုင်သူ မဟုတ်ပါလော။

သိပ်မကြာခင်မှာပင် ဆွန်ဖုန်းက ထိုကောင်မလေးထံသို့ ၁၈.၈၈ ယွမ် တန်ဖိုးရှိ ငွေအိတ်နီ တစ်အိတ်ကို ပို့ပေးလိုက်သည်။

တကယ်ပါပဲ တစ်ဖက်လူက ဆွန်ဖုန်းကို ချက်ချင်းပင် Friend လက်ခံလိုက်လေသည်။

"အချောလေး မင်း နာမည် ဘယ်လိုခေါ်လဲ"

ဆွန်ဖုန်းက မေးလိုက်သည်။

"ကျွန်မ နာမည်ကို သိချင်တယ် ဟုတ်လား ဒါဆို နောက်ထပ် ငွေအိတ်နီ တစ်အိတ် ထပ်ပို့လိုက်ဦးလေ နောက်ပြီးတော့ ၁၈ ယွမ် ဆိုတာ အရမ်း နည်းလွန်းတယ် အမြန်စားဆိုင်မှာ ဝင်စားဖို့တောင် မလောက်ဘူး"

တစ်ဖက်လူက ခပ်တိုတိုပင် စာပြန်လိုက်သည်။

'သောက်ကျိုးနည်း အခုခေတ် ကောင်မလေးတွေ အကုန်လုံး ဒီလိုတွေ ဖြစ်နေကြပြီလား ငွေအိတ်နီ မမြင်ရရင် စကားတောင် မပြောတော့ဘူး နည်းတယ်လို့တောင် ပြောနေသေးတယ်'

ဆွန်ဖုန်းက ပါးစပ်မှ ညည်းတွားလိုက်သည်။

သို့သော် ဆွန်ဖုန်းက ဤကောင်မလေးကို မရရအောင် အပြင်ချိန်းတွေ့ရန် ဆုံးဖြတ်ထားသဖြင့် ကတ်ထဲတွင် နောက်ဆုံး ကျန်နေသော ယွမ် ငါးဆယ် ကို ငွေအိတ်နီ အဖြစ် ပြောင်းကာ တစ်ဖက်လူထံ ပို့ပေးလိုက်လေသည်။

တကယ်ပါပဲ ငွေအိတ်နီ ရောက်သွားသည်နှင့် 'မီးပွားလေးတွေအပေါ် မွေးရာပါ အာရုံခံစားမှု မြန်ဆန်သူ' ဆိုသည့် ကောင်မလေးက ချက်ချင်း စာပြန်လာသည်။

"ချန်ဟန်ဟန်"

ဤကောင်မလေး၏ အမည်မှာ ချန်ဟန်ဟန် ဟု ခေါ်ပြီး နာမည်လေးက တော်တော်လေး နားထောင်လို့ ကောင်းလေသည်။

ထို့အပြင် သူမ၏ အကောင့်ထဲရှိ ဓာတ်ပုံများကို ကြည့်ရသလောက် အတော်လေး လှပပြီး ဆွန်ဖုန်းက သူမကို အမှတ်ပေးရလျှင် အမှတ် ၁၀ တွင် ၈.၅ မှတ်ခန့် ပေးနိုင်လေသည်။

ဆွန်ဖုန်းက သူမကို မရရအောင် အပြင်ချိန်းတွေ့ပြီး သူမ ဘယ်လို မိန်းမမျိုးလဲ ဆိုတာကို သေချာ ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိ အခြေအနေ အရတော့ သူမက ပိုက်ဆံမက်သည့် မိန်းမ တစ်ယောက် ဖြစ်နေသည်မှာ သေချာလှသည်။

"မင်း အခု ဘယ်မှာလဲ"

ဆွန်ဖုန်းက မေးလိုက်သည်။

"ကျွန်မ ဟိုင်ထျန်း တက္ကသိုလ်မှာ ရှိတယ်"

ချန်ဟန်ဟန် က ပြန်ဖြေသည်။

"မင်းက ကျောင်းသူလား"

ဆွန်ဖုန်း အနည်းငယ် အံ့သြသွားသည်။

"ဟုတ်တယ် တတိယနှစ်"

"ချိန်းတွေ့ကြမလား ကိုယ် ထမင်းဝယ်ကျွေးမယ်"

ဆွန်ဖုန်းက ပြောလိုက်သည်။

"မတွေ့ဘူး မအားဘူး"

ချန်ဟန်ဟန် က တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။ သူမက မေဂျာတစ်ခုလုံး၏ အလှဘုရင်မ တစ်ပါး ဖြစ်ရာ ပုံမှန်အားဖြင့် သူမကို အပြင်ချိန်းတွေ့ချင်သူ မည်မျှရှိမှန်းပင် မသိနိုင်ချေ။ သို့သော် ပိုက်ဆံမရှိဘဲနှင့် သူမက ဘယ်လိုလုပ် အလွယ်တကူ အပြင်ထွက်တွေ့မည်နည်း။

သူမ၏ အကောင့်တွင် ယောကျာ်းလေးများ လာအပ်ထားသည်မှာ အမြဲတမ်း ပြည့်နေလေ့ရှိသည်။ ငွေအိတ်နီ မပို့ဘဲ သူမကို အပ်ဖို့ မစဉ်းစားနှင့်။ ဘာတတ်နိုင်မည်နည်း လက်ရှိ လူမှုအသိုင်းအဝိုင်းတွင်က ယောကျာ်းလေးများပြီး မိန်းကလေး ရှားပါးနေသည် မဟုတ်ပါလော။ ထို့အပြင် သူမက ဤမျှလောက် လှပနေသဖြင့် သူမကို ချိန်းတွေ့ချင်သူများမှာ တပ်ရင်း တစ်ရင်းစာလောက်ပင် ဖွဲ့လို့ ရနိုင်လေသည်။

"အာ ဘာလုပ်စရာ ရှိလို့ မအားတာလဲ"

ဆွန်ဖုန်းက မေးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အလုပ်များတယ် ကိစ္စရှိလို့ လိုင်းဆင်းတော့မယ်"

ချန်ဟန်ဟန် က စာတစ်ကြောင်း ပြန်ပို့ပြီးနောက် ငြိမ်သက်သွားတော့သည်။

'သောက်ကျိုးနည်း စောင့်နေလိုက်'

ဆွန်ဖုန်းက အခြား ဘဏ်ကတ် တစ်ကတ်မှနေ၍ ချတ်အကောင့်နှင့် ချိတ်ဆက်ထားသော ဘဏ်ကတ်ထဲသို့ ယွမ် တစ်သောင်း ချက်ချင်း လွှဲထည့်လိုက်လေသည်။

ဆွန်ဖုန်း၏ မျက်လုံးများထဲတွင် နောက်ပြောင်ချင်သော အရိပ်အယောင်များ ပေါ်လွင်လာပြီး ချန်ဟန်ဟန် ထံသို့ ယွမ် တစ်သောင်း တန်ဖိုးရှိ ငွေအိတ်နီ တစ်အိတ်ကို တိုက်ရိုက် ပို့ပေးလိုက်လေသည်။

သုံးစက္ကန့်ပင် မပြည့်ခင်မှာပင် ချန်ဟန်ဟန် က ထိုငွေအိတ်နီကို လက်ခံရယူလိုက်လေသည်။

ဤအခြေအနေကို မြင်သောအခါ ဆွန်ဖုန်း၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ 'အလုပ်များတယ်သာ ပြောတာ သောက်ကျိုးနည်း ငွေအိတ်နီ နှိပ်ယူတဲ့ နေရာမှာတော့ တော်တော် မြန်တာပဲ ပို့လိုက်တာ သုံးစက္ကန့်တောင် မပြည့်သေးဘူး ယူသွားပြီ။'

ထိုအချိန်တွင် အဆောင်၌ လှဲလျောင်းနေသော ချန်ဟန်ဟန် သည် တစ်ဖက်လူက ငွေအိတ်နီ တစ်အိတ် ပို့လိုက်သည်ကို မြင်သဖြင့် နှိပ်ယူလိုက်ရာ ယွမ် တစ်သောင်း ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ သူမ ချက်ချင်း ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

ထို့နောက် မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာလာပြီး ပျော်ရွှင်လွန်း၍ အော်ဟစ်မိမတတ်ပင် ဖြစ်သွားလေသည်။ ရုပ်ထွက်ကြည့်ရသလောက် ငတုံးငအပုံစံ ပေါက်နေသော ယောကျာ်းက သူမကို ယွမ် တစ်သောင်းတန် ငွေအိတ်နီ ပေးလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။

ဤသည်မှာ သူမ ဘဝတွင် ရဖူးသမျှ အကြီးမားဆုံး ငွေအိတ်နီပင် ဖြစ်လေသည်။ ပုံမှန်အားဖြင့် ယွမ် တစ်ရာ နှစ်ရာလောက် ရလျှင်ပင် အလွန် များပြားနေပြီ ဖြစ်ရာ ယခု ယွမ် တစ်သောင်းတန် ငွေအိတ်နီကို ရရှိလိမ့်မည်ဟု အိမ်မက်ပင် မမက်ဖူးချေ။

ယွမ် တစ်သောင်းတောင် ဆိုတော့ကာ သူမ အတွက် အဝတ်အစားတွေ အိတ်တွေ အများကြီး ဝယ်လို့ ရပြီလေ။

"အချောလေး ချိန်းတွေ့ကြမလား ကိုယ် ထမင်းဝယ်ကျွေးမယ်လေ"

ဤတစ်ကြိမ်တွင်တော့ ဆွန်ဖုန်းက မက်ဆေ့ချ် တစ်စောင် ထပ်ပို့လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင် ချန်ဟန်ဟန် က မက်ဆေ့ချ်ကို ရရှိသည်နှင့် ချက်ချင်းပင် စက္ကန့်ပိုင်းအတွင်း စာပြန်လိုက်လေသည်။

"ရတာပေါ့ ကျွန်မ အရေးတကြီး ကိစ္စတွေကို အကုန် ဖျက်လိုက်ပါပြီ ရှင် ဘယ်မှာလဲ ကျွန်မ ရှင့်ဆီ လာခဲ့မယ်"

ချန်ဟန်ဟန် သိထားသည်မှာ တစ်ဖက်လူက ဤမျှလောက် လက်ဖွာနေမှတော့ သူဌေးသား သို့မဟုတ် ငွေကြေးချမ်းသာသူ တစ်ဦး ဖြစ်မည်မှာ သေချာသည်။ ဤကဲ့သို့သော လူမျိုးက သူမကို ချိန်းတွေ့ရန် ခေါ်နေသည်ကို သူမက မသွားဘဲ နေမည်တဲ့လား။ မသွားဘူး ဆိုလျှင် သူမက ငတုံးမကြီး ဖြစ်သွားမည်ပေါ့။

All Chapters