← Chapters

အခန်း ၃၉၂

Vol. 40 Ch. 392

အခန်း ၃၉၂

Vol. 40 Ch. 392

အခန်း ၃၉၂ - ယွမ်တစ်သန်းရဲ့ တန်ဖိုး

ချန်ဟန်ဟန်သည် ပွင့်လင်းလွတ်လပ်လွန်းသော မိန်းကလေးတစ်ယောက်ဟု မဆိုသာသော်လည်း ရှေးရိုးစွဲဆန်သော မိန်းကလေးမျိုးလည်း မဟုတ်ပေ။

ဆွန်ဖုန်းထံမှ ယွမ်တစ်သောင်းတန် ငွေအိတ်နီကို ရရှိလိုက်ချိန်တွင် ဤသူဌေးကိုသာ ကောင်းကောင်း ပြုစု ပေးနိုင်ပါက ဧရာမငွေကြေးအမြောက်အမြားကို ရရှိနိုင်မည်ဆိုသည်ကို သူမ ကောင်းကောင်းကြီး သဘောပေါက်သွားလေသည်။

အကယ်၍ သူမသာ ဤချမ်းသာသော သူဌေး၏ ချစ်သူကောင်မလေး ဖြစ်သွားခဲ့မည်ဆိုလျှင် ပို၍ပင် ကောင်းမွန်သွားမည်သာ ဖြစ်သည်။

ထိုသို့ဆိုလျှင် သူမအတွက် ရေရှည်အထောက်အပံ့ကောင်းတစ်ခုကို ဖမ်းဆုပ်မိသွားပြီဟု ဆိုရမည် ဖြစ်သည်။

ဆွန်ဖုန်းက တစ်ဖက်လူ အလွန်လျင်မြန်စွာ သဘောတူလိုက်သည်ကို မြင်သောအခါ စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်မိသည်။

'ဒီလိုမိန်းမမျိုးက တကယ်ပဲ ပိုက်ဆံမြင်တာနဲ့ မျက်လုံးပြူးသွားတာပဲ ဘာသိက္ခာမှကို မရှိတာ'

"ကောင်းပြီ ဒါဆို နောက်တစ်နာရီနေရင် ကျင်းပိဟွေဟွမ် စားသောက်ဆိုင်မှာ တွေ့မယ်"

ဆွန်ဖုန်းက စာပြန်လိုက်သည်။

"ဟုတ်ကဲ့ပါ အခုချက်ချင်း လာခဲ့ပါ့မယ်"

ချန်ဟန်ဟန်သည် ဆွန်ဖုန်း၏စာကို မြင်လိုက်သောအခါ သူမ၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးများ ဝေဆာသွားလေသည်။

ဤတစ်ကြိမ်တွင် တစ်ဖက်လူက သေချာပေါက် သူဌေးတစ်ယောက် ဖြစ်သည်ဆိုသည်ကို သူမ အခိုင်အမာ ယုံကြည်သွားပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ကျင်းပိဟွေဟွမ် စားသောက်ဆိုင်မှာ ဟိုင်ထျန်းမြို့၏ အထင်ကရ နိုင်ငံတကာအဆင့်မီ စားသောက်ဆိုင်ကြီးတစ်ခု ဖြစ်ပြီး တစ်ခေါက်ဝင်စားလျှင်ပင် အနည်းဆုံး ယွမ်ထောင်ဂဏန်းခန့် ကုန်ကျနိုင်သောကြောင့် ဖြစ်သည်။

ထိုစားသောက်ဆိုင်မျိုးရှိ အစားအသောက်များမှာ အလွန်ဈေးကြီးပြီး သာမန်လူများ လုံးဝ စားနိုင်မည့် နေရာမျိုး မဟုတ်ပေ။

အဆောင်ထဲတွင် ချန်ဟန်ဟန်သည် စောင်ပုံထဲမှ ချက်ချင်းထကာ ကပျာကယာ ပြင်ဆင်နေလေတော့သည်။

သူမ၏အခန်းဖော်များက ကမန်းကတန်း ဖြစ်နေသော သူမကို မြင်သောအခါ ဘယ်သွားမလို့လဲဟု စပ်စုကြလေသည်။

သို့သော် ချန်ဟန်ဟန်က သူမ၏အခန်းဖော်များကို ဂရုစိုက်ရန် အချိန်မရှိချေ။

သူမသည် မိတ်ကပ်ကို အမြန်လိမ်းခြယ်ပြီး သူမအကြိုက်ဆုံးနှင့် အကောင်းဆုံး အဝတ်အစားတစ်စုံကို လဲလှယ်ဝတ်ဆင်နေလေသည်။

သူမ၏ ဆွဲဆောင်မှုအားလုံးကို ထုတ်ပြရန် သူမ ဆုံးဖြတ်ထားသည်။

အကယ်၍ ဤရွှေလိပ်ကြီးကိုသာ သူမ ဖမ်းဆုပ်နိုင်ခဲ့မည်ဆိုလျှင် အနာဂတ် နှစ်ဆယ်ခန့် ရုန်းကန်ရမည့်ဒုက္ခများ သက်သာသွားမည် မဟုတ်ပါလော။

ဆယ့်ငါးမိနစ်ခန့် အကြာတွင် ချန်ဟန်ဟန်သည် မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ပြီး ဆွဲဆောင်မှုရှိသော အဝတ်အစားတစ်စုံကို ဝတ်ဆင်ကာ ကျောင်းဝင်းထဲမှ ထွက်လာခဲ့သည်။

ထို့နောက် အငှားယာဉ်တစ်စီးကို တားကာ မြို့လယ်ခေါင်ရှိ ကျင်းပိဟွေဟွမ် စားသောက်ဆိုင်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့လေသည်။

"ကျွန်မ ရောက်ပြီ ရှင် ဘယ်မှာလဲ"

ကားပေါ်မှ ဆင်းပြီးသည်နှင့် ချန်ဟန်ဟန်သည် စားသောက်ဆိုင် အပေါက်ဝသို့ လျှောက်သွားရင်း ဆွန်ဖုန်းထံသို့ မက်ဆေ့ချ် ပို့လိုက်သည်။

ဆွန်ဖုန်းက သူမကို ချက်ချင်း စာမပြန်ပေ။

သူမကို ဆယ်မိနစ်ကျော်ခန့် အပြင်တွင် ပစ်ထားလိုက်သည်။

ချန်ဟန်ဟန်တစ်ယောက် စိတ်မရှည်နိုင်တော့လောက်သည်အထိ စောင့်ပြီးမှသာ သူက စာပြန်လိုက်လေသည်။

"ကိုယ် တတိယထပ်က သီးသန့်အခန်း ၅၀၂ မှာ ရှိတယ် တက်လာခဲ့လိုက်"

ချန်ဟန်ဟန်တစ်ယောက် အလွန်အမင်း စိတ်ပူပန်နေပြီး တစ်ဖက်လူက သူမကို လှည့်စားသွားပြီလားဟု ထင်နေချိန်မှ စာပြန်လာသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန်ပင် တတိယထပ်သို့ တက်သွားလေသည်။

သိပ်မကြာခင်မှာပင် ချန်ဟန်ဟန်သည် တတိယထပ်ရှိ သီးသန့်အခန်း ၅၀၂ သို့ ရောက်ရှိသွားသည်။

ချန်ဟန်ဟန်က သူမ၏အိတ်ထဲမှ မှန်အသေးလေးတစ်ချပ်ကို ထုတ်ကာ ကိုယ့်ကိုယ်ကိုယ် သေချာပြန်ကြည့်လိုက်ပြီး အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။

ထို့နောက် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး တံခါးကို ဖြည်းညင်းစွာ ခေါက်လိုက်လေသည်။

"ဝင်ခဲ့"

တံခါးခေါက်သံ ကြားပြီးနောက် ဆွန်ဖုန်းက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

တံခါးမှာ အနည်းငယ်ဟနေသဖြင့် အပြင်ဘက်မှ ချန်ဟန်ဟန်က အသံကြားသည်နှင့် တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။

တစ်ဖက်လူ၏အသံက အလွန်လူငယ်ဆန်နေပြီး အဘိုးကြီးတစ်ယောက် မဟုတ်မှန်း သိလိုက်ရသဖြင့် သူမ၏စိတ်ထဲတွင် တစ်ဝက်ခန့် သက်သာရာရသွားလေသည်။

"မင်္ဂလာပါ ရှင်က အစ်ကိုဆွန်ဖုန်းလားဟင် ကျွန်မက ချန်ဟန်ဟန်ပါ"

ချန်ဟန်ဟန် ဝင်လာသည်နှင့် စားပွဲတွင် ထိုင်ကာ သူမကို ကြည့်နေသော လူငယ်ချောချောတစ်ယောက်ကို မြင်လိုက်ရသဖြင့် အလျင်အမြန်ပင် တက်တက်ကြွကြွ နှုတ်ဆက်လိုက်လေသည်။

ဆွန်ဖုန်းက စကားမပြောဘဲ ဝင်လာသော ချန်ဟန်ဟန်ကိုသာ ကြည့်နေလိုက်သည်။

ဤချန်ဟန်ဟန်မှာ ဓာတ်ပုံထဲကနှင့် သိပ်မကွာခြားလှဘဲ တကယ့်ကို အလှလေးတစ်ယောက်ပင် ဖြစ်သည်။

အရပ်အမောင်းမှာ ၁၇၀ စင်တီမီတာခန့် ရှိပြီး ပခုံးကျော် ဆံနွယ်ရှည်များ ရှိကာ သခွားစေ့ပုံစံ မျက်နှာသွယ်သွယ်လေးနှင့် အလွန်လှပသေသပ်သော မျက်နှာကျ ရှိလေသည်။

အသားအရေကလည်း ဖြူဝင်းနေသည်။

အထူးသဖြင့် သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အချိုးအစားကျနပြီး ဆွဲဆောင်မှုအပြည့် ရှိနေပေသည်။

အကယ်၍ အမှတ် ၁၀ မှတ် အပြည့်ဆိုပါက ဆွန်ဖုန်းက ဤမိန်းကလေးကို ၈.၅ မှတ်ခန့် ပေးနိုင်လေသည်။

ဆွန်ဖုန်းက စကားမပြောဘဲ သူမကို စေ့စေ့စပ်စပ် အကဲခတ်သည့်အကြည့်များဖြင့် ကြည့်နေသည်ကို မြင်သောအခါ ချန်ဟန်ဟန်သည် ဝင်ထိုင်ရန် မရဲတဲတဲ ဖြစ်နေပြီး ကုလားထိုင်ဘေးတွင် ရပ်ရင်း ဆွန်ဖုန်းကို ပြုံးပြနေလိုက်သည်။

တစ်ဖက်လူက သူ့ကို အကဲခတ်နေမှန်း သူမ ကောင်းကောင်း သိနေလေသည်။

"ချန်ဟန်ဟန် ဟိုင်ထျန်းတက္ကသိုလ်က ကျောင်းသူလား"

ဆွန်ဖုန်းက တစ်မိနစ်ကျော်ခန့် ကြည့်ပြီးမှ စကားစပြောလိုက်သည်။

"ဟုတ်ပါတယ်"

ချန်ဟန်ဟန်က သူမ၏ ဆွဲဆောင်မှုများကို ဆွန်ဖုန်း မြင်ရစေရန် တမင်တကာ အမူအရာလုပ်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ထိုင်လေ"

ဆွန်ဖုန်းက ပြောလိုက်သည်။

"ဟုတ်ကဲ့ ကျေးဇူးပါ"

ချန်ဟန်ဟန်က ချိုသာစွာ ပြုံးပြပြီး ဆွန်ဖုန်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

"အစ်ကိုဖုန်းက ဘာအလုပ်လုပ်တာလဲဟင်"

ထိုင်ပြီးသည်နှင့် ချန်ဟန်ဟန်က ရှက်ရွံ့နေသည့်ပုံစံ လုံးဝမပြဘဲ ဆွန်ဖုန်းနှင့် လွတ်လွတ်လပ်လပ် စကားစပြောလေသည်။

"ဘာလုပ်လုပ် အရေးမကြီးပါဘူး မင်းနဲ့လည်း မဆိုင်ပါဘူး ထမင်းအရင်စားကြတာပေါ့"

ထိုအချိန်တွင် စားပွဲထိုးက ဟင်းပွဲများ စတင်ချပေးနေပြီ ဖြစ်သည်။

ဟင်းပွဲများ ချပြီးနောက် ဆွန်ဖုန်းက စားရင်းသောက်ရင်း ချန်ဟန်ဟန်နှင့် စကားစမြည် ပြောဆိုနေလေသည်။

တကယ်တော့ ဆွန်ဖုန်းလည်း ဗိုက်ဆာနေပြီ ဖြစ်သည်။

ထမင်းစားနေစဉ်အတွင်း ချန်ဟန်ဟန်က ဆွန်ဖုန်း၏ဘေးသို့ ရွှေ့ထိုင်လာပြီး အရက်ငှဲ့ပေးကာ ဂါရဝပြုလေသည်။

သူမက ယောကျာ်းများကို မြှူဆွယ်သည့်နေရာတွင် တော်တော်လေး ကျွမ်းကျင်ပုံရသည်။

"အရင်တုန်းက ကိုယ်ချိန်းတော့ ဘာလို့ မထွက်လာတာလဲ"

ဆွန်ဖုန်းက အရက်တစ်ငုံ သောက်လိုက်ပြီး ချန်ဟန်ဟန်ကို ကြည့်ကာ မေးလိုက်သည်။

"အာ အဲဒါက အဲဒီတုန်းကလေ"

ဆွန်ဖုန်းက ရုတ်တရက် ဤမေးခွန်းကို မေးလိမ့်မည်ဟု ချန်ဟန်ဟန် မထင်ထားခဲ့သဖြင့် အနည်းငယ် ဆွံ့အသွားရသည်။

ရှင့်ရဲ့ ပိုက်ဆံတွေကို မက်လို့ပါဟု သူမက ဘယ်လိုလုပ် ဖွင့်ပြောရဲမည်နည်း။

"ထားလိုက်ပါတော့ ဒီလိုလုပ် ထမင်းစားပြီးရင် ကိုယ်နဲ့အတူ ဟိုတယ်ကို လိုက်ခဲ့ဖို့ အဖော်လုပ်ပေးနိုင်မလား"

ဆွန်ဖုန်းက လှမ်းမေးလိုက်သည်။

ဆွန်ဖုန်း၏ အမေးကြောင့် ချန်ဟန်ဟန် အနည်းငယ် လန့်သွားပြီး သဘာဝအတိုင်း ရှောင်ဖယ်ရန် ကြိုးစားလိုက်သော်လည်း နောက်ဆုံးတွင် သူမ ရုန်းကန်ခြင်းကို ရပ်တန့်လိုက်သည်။

ချွဲနွဲ့သော အသံလေးဖြင့် ပြန်ဖြေလိုက်သည်။

"ဟီးဟီး ရတာပေါ့"

"အို မင်းက ကိုယ် အနိုင်ကျင့်မှာကို မကြောက်ဘူးလား ဒါမှမဟုတ် မင်းက အရမ်း လွယ်လွန်းနေတာလား"

ဆွန်ဖုန်းက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

"အစ်ကိုက အရင်တုန်းက ချစ်သူရှာနေတာ ဆိုတော့ ညီမကော အဆင်မပြေဘူးလား"

ချန်ဟန်ဟန်က မျက်လုံးဝိုင်းဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး ဆွန်ဖုန်းကို မျက်စပစ်ပြနေလေသည်။

"အော် ကိုယ်က ချစ်သူတော့ မရှားဘူး ငွေပေးပြီး အပျော်ထားမဲ့ ကောင်မလေး တော့ လိုနေသေးတယ်"

ဆွန်ဖုန်းက အလွန်သာယာနေသည့်ပုံစံဖြင့် ပြောရင်း ဆေးလိပ်တစ်လိပ် ထုတ်ကာ မီးညှိလိုက်လေသည်။

ချန်ဟန်ဟန်က ဆွန်ဖုန်း၏စကားကို ကြားသောအခါ ရင်ထဲတွင် အနည်းငယ် စိတ်ပျက်သွားသော်လည်း သူဌေးတစ်ယောက်က သူမကို အလွယ်တကူ စွဲလမ်းသွားမည် မဟုတ်မှန်း သူမ သိလေသည်။

ဤကိစ္စမျိုးက အချိန်ယူရမည် ဖြစ်သည်။

အကယ်၍ သူမသာ အလိုလိုက် အကြိုက်ဆောင်ပေးနိုင်ပါက နောက်ပိုင်းတွင် အောင်မြင်သွားနိုင်သည်ဟု သူမ ယုံကြည်နေလေသည်။

"ကဲ စားလို့လည်း ဝပြီ သွားကြစို့"

ဆွန်ဖုန်းလည်း စကားများများ မပြောတော့ဘဲ ချန်ဟန်ဟန်ကို ခေါ်ကာ သီးသန့်အခန်းထဲမှ ထွက်လာခဲ့သည်။

ဤကျင်းပိဟွေဟွမ် စားသောက်ဆိုင်၏ မျက်နှာချင်းဆိုင်တွင် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခု ရှိလေသည်။

သိပ်မကြာခင်မှာပင် ဆွန်ဖုန်းက သမ္မတအခန်းတစ်ခန်းကို ငှားရမ်းလိုက်သည်။

အခန်းထဲ ဝင်သည်နှင့် ဆွန်ဖုန်းက ချန်ဟန်ဟန်ကို ပြောလိုက်သည်။

"မင်း အရင် ရေသွားချိုးလိုက်"

ချန်ဟန်ဟန်ကလည်း ဤသည်မှာ ငွေကြေးနှင့် ဖလှယ်ရမည့် အရောင်းအဝယ်တစ်ခု ဖြစ်မှန်း ကောင်းကောင်း သိထားသဖြင့် လုံးဝ ရှက်မနေတော့ပေ။

ရေမိုးချိုး သပ်ရပ်စွာ ပြင်ဆင်ပြီးနောက် ဆွဲဆောင်မှုရှိသော အပြုံးလေးဖြင့် ရေချိုးခန်းထဲမှ ထွက်လာလေသည်။

'ဟွန့် ရွတတမ ခုနကတော့ အပြင်ထွက်ဖို့ အထာလာကိုင်နေပြီးတော့ အခုတော့လည်း အသုံးချခံဖို့ စောင့်နေရတာပဲ မဟုတ်လား'

ဆွန်ဖုန်းက စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်လေသည်။

ဆယ်မိနစ်ကျော် အကြာတွင် ချန်ဟန်ဟန်သည် မျက်နှာသုတ်ပဝါတစ်ထည်ကို ပတ်ကာ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။

ထို့နောက် အခန်းထဲသို့ ခါးလေးကို ယိမ်းနွဲ့ကာ မော်ဒယ်တစ်ယောက်လို လျှောက်လှမ်းလာပြီး ဆွန်ဖုန်း၏ရှေ့သို့ ရောက်လာလေသည်။

သူမ၏မျက်နှာလေးမှာ နီရဲနေပြီး တမင်တကာ မြှူဆွယ်နေသည့်ပုံစံမျိုး ဖမ်းထားလေသည်။

ဆွန်ဖုန်းက ကုတင်ပေါ်တွင် ထိုင်ကာ ဆေးလိပ်သောက်နေရင်း ဖုန်းကိုထုတ်ကာ ကင်မရာဖွင့်ပြီး ဗီဒီယို စတင်ရိုက်ကူးလိုက်လေသည်။

ဆွန်ဖုန်း၏ လုပ်ရပ်ကို မြင်သောအခါ ချန်ဟန်ဟန်သည် မသိစိတ်အရ လက်နှစ်ဖက်ဖြင့် မျက်နှာကို ကာကွယ်လိုက်ပြီး ထိတ်လန့်တကြား ပြောလိုက်သည်။

"အစ်ကိုဖုန်း ဘာလုပ်မလို့လဲ ဖုန်းနဲ့ ဗီဒီယို မရိုက်ပါနဲ့"

သိထားရမည်မှာ အကယ်၍ တစ်ဖက်လူက ဤဗီဒီယိုများကို အပြင်သို့ ဖြန့်လိုက်ပါက သူမ၏သူငယ်ချင်းများ အတန်းဖော်များနှင့် မိသားစုများ သိသွားလျှင် သူမ၏နာမည်ဂုဏ်သတင်း အကုန်ပျက်စီးသွားမည် မဟုတ်ပါလော။

သူမသည် ရှေးရိုးစွဲတစ်ယောက် မဟုတ်သော်လည်း ဤမျှလောက်အထိတော့ ဂရုမစိုက်ဘဲ မနေရဲချေ။

"မင်းကို ကိုယ် ပြောမယ် ကိုယ်က ဗီဒီယိုရိုက်ရတာကို ကြိုက်တယ် မင်း လက်ခံမလား လက်မခံဘူးလား တစ်ခွန်းပဲ ပြော လက်ခံရင် အခုချက်ချင်း ယွမ်တစ်သိန်း လွှဲပေးမယ် မင်းရဲ့ ဘဏ်ကတ်နံပါတ်ကို ပြော"

ဆွန်ဖုန်းက ချန်ဟန်ဟန်၏ ငြင်းဆန်မှုကို လုံးဝ ဂရုမစိုက်ပေ။

ဆေးလိပ်တစ်ငုံ ဖွာလိုက်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ်ကာ ပြောလိုက်လေသည်။

ချန်ဟန်ဟန်က သုံးစက္ကန့်ခန့်သာ စဉ်းစားလိုက်ပြီး ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"ရပါတယ်"

'မျက်နှာ နည်းနည်း ပြရုံလေးပဲ ဘာများ အရေးကြီးလို့လဲ ဘာပဲဖြစ်ဖြစ် ဒီဗီဒီယိုက အပြင်ကို ပေါက်ကြားသွားမယ်လို့ သေချာပေါက် ပြောလို့ရတာမှ မဟုတ်တာ ပြီးတော့ မျက်နှာပြလိုက်ရုံနဲ့ ယွမ်တစ်သိန်း ရမှာဆိုတော့လည်း တန်ပါတယ်လေ'

သိပ်မကြာခင်မှာပင် ချန်ဟန်ဟန်က သူမ၏ ဘဏ်ကတ်အကောင့်နံပါတ်ကို ပေးလိုက်ရာ ဆွန်ဖုန်းကလည်း တွေဝေမနေဘဲ သူမထံသို့ ယွမ်တစ်သိန်း တိုက်ရိုက် လွှဲပေးလိုက်သည်။

ချန်ဟန်ဟန်သည် ဖုန်းထဲသို့ ယွမ်တစ်သိန်း ဝင်လာကြောင်း မက်ဆေ့ချ် ရောက်လာသည်ကို မြင်သောအခါ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အပြုံးများ ပိုမို ဝေဆာလာလေတော့သည်။

ပါးစပ်မှလည်း အစ်ကို အစ်ကို ဖြင့် အလွန်ခင်မင်ရင်းနှီးစွာ ခေါ်ဝေါ်နေလေသည်။

ဤတစ်ကြိမ်တွင်တော့ ချန်ဟန်ဟန်က တက်တက်ကြွကြွပင် ဆွန်ဖုန်းအနားသို့ တိုးကပ်လာလေသည်။

သို့သော် ဆွန်ဖုန်းက သူမကို တိုက်ရိုက်ပင် တွန်းဖယ်လိုက်လေသည်။

"ဟို ထောင့်နားသွားပြီး လူရွှင်တော်တစ်ယောက်လို အရှက်မဲ့တဲ့ အကမျိုး ကပြစမ်း ငါက ရိုက်ရတာကိုပဲ ကြိုက်တာ မင်းကို ထိဖို့ စိတ်မဝင်စားဘူး အသံကျယ်ကျယ်လေး ထွက်ပေးဖို့နဲ့ ပုံစံကိုလည်း ပွင့်ပွင့်လင်းလင်းလေး နေပေးဖို့ မမေ့နဲ့ သွားတော့ ငါက ရုပ်ရှင်ရိုက်တဲ့ ကင်မရာမန်း မင်းက သရုပ်ဆောင်လို့ သဘောထားလိုက်"

ဆွန်ဖုန်းက ချန်ဟန်ဟန်ကို ထောင့်နားဆီသို့ အမိန့်ပေးလိုက်လေသည်။

ပိုက်ဆံ ရထားပြီးပြီဖြစ်သော ချန်ဟန်ဟန်က ဘယ်လိုလုပ် မနာခံဘဲ နေရဲမည်နည်း။

ထို့ကြောင့် ရှက်ရွံ့နာကြည်းစွာဖြင့်ပင် လူရွှင်တော်တစ်ယောက်ကဲ့သို့ အရုပ်ဆိုးအကျည်းတန်သော အကများကို စတင် ကပြရလေတော့သည်။

နာရီဝက် အကြာတွင် ဆွန်ဖုန်းက ချန်ဟန်ဟန်ကို သူ့အနားခေါ်ကာ ဒူးထောက်ခိုင်းပြီး သူ၏ ခြေထောက်များကို နှိပ်နယ်ပေးခိုင်းလေသည်။

နောက်ထပ် နာရီဝက် အကြာတွင် ဆွန်ဖုန်းက ဖန်ခွက်တစ်ခွက်ကို ယူလိုက်လေသည်။

"ဘာလုပ်မလို့လဲ ရေဆာလို့လား"

ချန်ဟန်ဟန်က ဆွန်ဖုန်း ဖန်ခွက် ယူလာသည်ကို မြင်သောအခါ နားမလည်စွာဖြင့် မေးလိုက်သည်။

"မဟုတ်ဘူး ပျော်စရာကောင်းတာတစ်ခု လုပ်မလို့"

ဆွန်ဖုန်းက ပြောရင်း ဖန်ခွက်ထဲသို့ စားပွဲပေါ်ရှိ စားကြွင်းစားကျန်များ ဆေးလိပ်ပြာများနှင့် အရက်ကျန်များကို ရောနှောထည့်လိုက်လေသည်။

ဆွန်ဖုန်း၏ လုပ်ရပ်ကြောင့် ချန်ဟန်ဟန် အလွန် နားရှုပ်သွားရသည်။

တကယ်ပဲ သူဌေးတွေ အားလုံးက ဒီလို ထူးဆန်းတဲ့ အကျင့်တွေ ရှိနေကြတာလား။

ဆွန်ဖုန်းက နားမလည်နိုင် ဖြစ်နေသော ချန်ဟန်ဟန်ကို ဂရုမစိုက်ဘဲ ဖန်ခွက်ထဲမှ အရာများကို သမအောင် မွှေလိုက်ပြီးနောက် ဆေးလိပ်တစ်လိပ်ကို ထပ်မံ မီးညှိလိုက်လေသည်။

ဖန်ခွက် တစ်ခွက်လုံးမှာ အလွန်ရွံရှာဖွယ်ကောင်းသော အနံ့ဆိုးများဖြင့် ပြည့်နှက်သွားလေပြီ။

ဆွန်ဖုန်းက ဖုန်းကို မြှောက်ကာ ထိုဖန်ခွက်ကို ချိန်ရွယ်လိုက်ပြီး ချန်ဟန်ဟန်ကို ပြောလိုက်သည်။

"အဲဒါကို သောက်လိုက်"

ဆွန်ဖုန်း၏ အသံက သိပ်မကျယ်လောင်သော်လည်း အနည်းငယ် ခြိမ်းခြောက်သည့် လေသံ ပါဝင်နေလေသည်။

ဆွန်ဖုန်း၏ စကားကြောင့် ချန်ဟန်ဟန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုနှင့် အံ့အားသင့်မှုများ အထင်းသား ပေါ်လွင်သွားလေသည်။

ဆွန်ဖုန်းက သူမကို ထိုကဲ့သို့ ရွံရှာဖွယ်အရည်များ သောက်ခိုင်းလိမ့်မည်ဟု သူမ လုံးဝ ထင်မထားခဲ့ပေ။

"အစ်ကိုဖုန်း နောက်နေတာ မဟုတ်လားဟင်"

ချန်ဟန်ဟန်က အတင်း ပြုံးပြလိုက်သည်။

ဤကိစ္စကို ဆွန်ဖုန်းက နောက်ပြောင်နေခြင်းသာ ဖြစ်ပါစေဟု သူမ အလွန် မျှော်လင့်မိလေသည်။

ဒါက လူလုပ်တဲ့ အလုပ်မှ မဟုတ်တာ။

"ကိုယ် နောက်နေတာ မဟုတ်ဘူး တကယ်ပြောနေတာ သောက်လိုက်"

ဆွန်ဖုန်းက မျက်လုံးကို ကျဉ်းကာ သူ၏ ရှေ့တွင် ရပ်နေသော ချန်ဟန်ဟန်ကို ကြည့်ရင်း ပြောလိုက်သည်။

"ဒါ ဒါက သိပ်မကောင်းဘူးထင်တယ်"

ချန်ဟန်ဟန်၏ မျက်နှာ အရောင် အနည်းငယ် ပျက်သွားလေသည်။

သူမက ဆွန်ဖုန်း၏ ကျေးကျွန် မဟုတ်ပေ ခိုင်းတိုင်း လုပ်ရမည်တဲ့လား။

ယွမ်တစ်သိန်းက ပမာဏ များပြားသော်လည်း ဤမျှလောက် ရွံစရာကောင်းသည့် အလုပ်ကိုတော့ သူမ လုံးဝ မလုပ်နိုင်ပေ။

သူမ ချက်ချင်း ထွက်သွားလိုက်ချင်စိတ်ပင် ပေါက်သွားလေသည်။

ဤအခြေအနေကို ကြည့်ပြီး ဤသူဌေးများက တကယ်ကို ထူးဆန်းသော အကျင့်များ ရှိပြီး အလွန် ရွံစရာ ကောင်းသည်ဟု ချန်ဟန်ဟန် အခိုင်အမာ မှတ်ယူလိုက်လေသည်။

"သောက်"

ဆွန်ဖုန်း၏ မျက်နှာ အမူအရာ အေးစက်သွားပြီး လေသံကလည်း ပြတ်သား တင်းမာသွားလေသည်။

သူက ဤမိန်းမကို ကစားချင်နေခြင်းပင်။

ဟန်ဆောင်ကောင်းပြီး ငွေမက်သော မိန်းမများ၏ အဆုံးသတ်က ဘယ်လိုနေမည် ဆိုသည်ကို သူမအား သိစေချင်သည်။

သူ့ကို လာစော်ကားမိသူများ၏ အဆုံးသတ်က ဘယ်လိုနေမည် ဆိုသည်ကို သိစေချင်သည်။

အကယ်၍ ဤချန်ဟန်ဟန်သာ ဆွန်ဖုန်း၏ ငွေကြေး သွေးဆောင်မှုကို မခံရဘဲ အပြင်ထွက် မတွေ့ခဲ့ပါက ဆွန်ဖုန်းက ဘာမှ လုပ်မည် မဟုတ်ပေ။

သို့သော် ဆွန်ဖုန်းက ချန်ဟန်ဟန် မည်သို့သော မိန်းမမျိုး ဖြစ်သည်ကို မြင်လိုက်ရသောအခါ သူမကို ကောင်းကောင်းကြီး ဒုက္ခပေးပြီး သင်ခန်းစာ ပေးချင်သွားခြင်းပင်။

ဆွန်ဖုန်းက ဖုန်းကို ကိုင်ထားရင်း အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"ယွမ်တစ်သန်းပေးမယ် သောက်မလား မသောက်ဘူးလား"

ဆွန်ဖုန်း၏ စကား ထွက်လာသည်နှင့် ချန်ဟန်ဟန်၏ ရင်ထဲတွင် ဗုံးကြီးတစ်လုံး ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။

ယွမ်တစ်သန်းတဲ့လား။

အဲဒါ ယွမ်တစ်သန်းနော်။

သူမက တတိယတန်းစား တက္ကသိုလ်မှ ကျောင်းသူ တစ်ယောက်သာ ဖြစ်ပြီး ကျောင်းပြီး၍ အပြင်တွင် အလုပ်လုပ်လျှင်တောင် တစ်နှစ်လစာ ယွမ်တစ်သိန်း ရလျှင် အလွန် ကောင်းမွန်နေပြီ ဖြစ်သည်။

ယခုအခါ ယွမ်တစ်သန်းက လက်တစ်ကမ်းတွင် ရရှိနိုင်နေပြီ ဖြစ်ရာ သူမ၏ ရင်ထဲတွင် မပေါက်ကွဲဘဲ နေပါ့မည်လား။

ထိုသတ်မှတ်ချက်က လူအများစု အတွက်တော့ လုံးဝ လက်ခံနိုင်စရာ မရှိပေ။

သို့သော် ဤမျှလောက် ကြီးမားလှသော ငွေကြေး သွေးဆောင်မှု အောက်တွင်တော့ ဤကိစ္စလေးက ငြင်းဆန်ရန် သို့မဟုတ် လုပ်ဆောင်ရန် သိပ်မခက်ခဲလှတော့ပေ။

ဒီအရွံရှာစရာ အရည်ကို သောက်လိုက်ရုံဖြင့် ယွမ်တစ်သန်း ရနိုင်သည် ဆိုသည်က မင်း၏ ရှေ့တွင် ဧရာမ ကိတ်မုန့်ကြီးတစ်လုံး ချထားပေးသည်နှင့် အတူတူပင် ဖြစ်သည်။

မသောက်လျှင် ဘာမှ ရမည် မဟုတ်သလို တစ်ဖက်လူကလည်း သေချာပေါက် ကျေနပ်မည် မဟုတ်ပေ။

သောက်လိုက်လျှင်တော့ ယွမ်တစ်သန်း ရမည် ဖြစ်ရာ မျက်မှောင် တစ်ချက် ကုတ်လိုက်ရုံဖြင့် ပြီးသွားမည့် ကိစ္စသာ ဖြစ်သည်။

အလွန် ရွံစရာ ကောင်းသော်လည်း တစ်မိနစ်ခန့်သာ အချိန်ယူရမည် ဖြစ်ပြီး တစ်မိနစ် ကျော်သွားပါက အားလုံး ပြီးဆုံးသွားမည် မဟုတ်ပါလော။

"ကောင်းပြီလေ ရှင့်ရဲ့ တောင်းဆိုချက်ကို ကျွန်မ လက်ခံတယ် ဒါပေမဲ့ ကျွန်မ အကောင့်ထဲ ပိုက်ဆံ အရင်ဝင်ရမယ်"

ချန်ဟန်ဟန်က ခဏမျှ တွေးတောပြီးနောက် သဘောတူလိုက်လေသည်။

"အရမ်းကောင်းတယ် ကိုယ်က မင်းလို မိန်းမမျိုးကို သဘောကျတာ"

ဆွန်ဖုန်းက ပြုံးလိုက်ပြီး ချန်ဟန်ဟန်ထံသို့ တိုက်ရိုက် ငွေလွှဲပေးလိုက်လေသည်။

တစ်မိနစ် အကြာတွင် ချန်ဟန်ဟန်၏ ဖုန်းမှ မက်ဆေ့ချ် ဝင်လာပြီး သူမ၏ ဘဏ်ကတ်ထဲသို့ ယွမ်တစ်သန်း ဝင်လာကြောင်း ပြသနေလေသည်။

"ကဲ သောက်တော့လေ"

ဆွန်ဖုန်းက ကုတင်ပေါ်မှ မတ်တပ်ရပ်လိုက်ပြီး ဖုန်းဖြင့် ချန်ဟန်ဟန်ကို ဗီဒီယို ရိုက်ကူးနေလေသည်။

"ဟုတ်ကဲ့"

ချန်ဟန်ဟန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ဒူးထောက်ထိုင်ချကာ အမှိုက်များနှင့် ပြည့်နေသော ဖန်ခွက်ကို ကောက်ကိုင်လိုက်သည်။

ချန်ဟန်ဟန်က နှာခေါင်းကို ပိတ်ကာ တစ်ကျိုက်တည်း မော့သောက်ရန် ပြင်လိုက်စဉ် ဆွန်ဖုန်းက သတိပေးလိုက်လေသည်။

"နှာခေါင်းပိတ်ထားလို့ မရဘူး အရသာခံပြီး သောက်ရမယ် မင်းက အဲဒီလို ရွံရှာတဲ့ပုံစံနဲ့ သောက်ရင် ကိုယ်လိုချင်တဲ့ အထာထွက်လာမှာ မဟုတ်ဘူး မင်းက ဒါကို သောက်ရတာ အရမ်း သဘောကျနေတဲ့ ပုံစံမျိုး ဟန်ဆောင်ရမယ် နားလည်လား"

"ရှင် ကျွန်မ နားလည်ပါပြီ"

ချန်ဟန်ဟန်က ဆွန်ဖုန်း၏ စကားကို ကြားသောအခါ ဒေါသထွက်လွန်း၍ ချက်ချင်း ပေါက်ကွဲချင်စိတ်ပင် ပေါက်သွားသော်လည်း ယွမ်တစ်သန်းကို တွေးမိပြီး မြိုသိပ်လိုက်လေသည်။

ထို့ကြောင့် မျက်နှာပေါ်တွင် အပြုံးများ ဖန်တီးကာ အလွန် နှစ်သက်နေသည့် ပုံစံဖြင့် ဖန်ခွက်ကို ကိုင်ကာ အရသာခံ၍ သောက်လေတော့သည်။

ချန်ဟန်ဟန်သည် နောက်ဆုံးတွင် တစ်မိနစ်ကျော် အချိန်ယူကာ ထိုဖန်ခွက်ကို ဖြည်းဖြည်းချင်း သောက်၍ ကုန်သွားလေသည်။

သောက်ပြီးသွားသောအခါ သူမက ဆွန်ဖုန်း၏ တောင်းဆိုချက် အတိုင်း အလွန် သဘောကျနေသည့် ပုံစံ အရသာ မဝသေးသည့် ပုံစံ နောက်ထပ် တစ်ခွက်လောက် ထပ်သောက်ချင်သေးသည့် ပုံစံမျိုး ဟန်ဆောင်ပြရသေးသည်။

"ကောင်းတယ် ရပြီ အရမ်းကောင်းတယ် မင်းရဲ့ သရုပ်ဆောင်ချက်က တကယ်ကို မဆိုးဘူး မင်း သရုပ်ဆောင် သွားမလုပ်တာ တကယ့်ကို နှမြောစရာပဲ"

ဆွန်ဖုန်းက ဖုန်းထဲမှ ဗီဒီယိုကို ကြည့်ရင်း ပေါင်ကို ရိုက်ကာ ချီးကျူးလိုက်သည်။

နောက်တစ်စက္ကန့်တွင်တော့ ချန်ဟန်ဟန်သည် ဆွန်ဖုန်း၏ စကားကိုပင် ဆုံးအောင် နားမထောင်နိုင်တော့ဘဲ ပါးစပ်ကို အုပ်ကာ အိမ်သာထဲသို့ ပြေးဝင်သွားပြီး အန်ချလေတော့သည်။

All Chapters