အခန်း ၃၉၃
Vol. 40 Ch. 393
အခန်း ၃၉၃ - ရှန်ကွမ်ဇီရှီရဲ့ မွေးနေ့
ဆွန်ဖုန်းသည် ခုနက ရိုက်ကူးထားသော ဖုန်းဗီဒီယိုကို သိမ်းဆည်းလိုက်ပြီးနောက် ချန်ဟန်ဟန် ရေချိုးခန်းထဲမှ ထွက်လာသည်ကို မြင်လိုက်ရလေသည်။
ဤအချိန်တွင် သူမ၏ မျက်နှာမှာ သိပ်မကောင်းလှဘဲ အနည်းငယ် ဖြူရော်နေလေသည်။ သို့သော် ယွမ်တစ်သန်းကို ရရှိလိုက်ပြီဟု တွေးမိသောအခါ တန်သည်ဟုသာ မှတ်ယူလိုက်လေသည်။ ထို့ပြင် ဤသူဌေးက သူမအား လုံးဝ စားချင်စိတ် မရှိကြောင်းကိုလည်း သူမ သဘောပေါက်သွားလေသည်။ မှန်ပေသည်၊ သူဌေးများက ဘယ်သောအခါများ မိန်းမ ရှားဖူးပါသနည်း။
"ကဲ ပိုက်ဆံလည်း ရသွားပြီဆိုတော့ ငါ သွားတော့မယ် မင်းရဲ့ သရုပ်ဆောင်ချက်က တကယ်ကို မဆိုးဘူး မင်း မင်းသမီး သွားမလုပ်တာ တကယ့်ကို နှမြောစရာပဲ"
ဆွန်ဖုန်းက လှောင်ပြောင်လိုက်သည်။
ဆွန်ဖုန်း၏ လှောင်ပြောင်မှုကို ကြားရသောအခါ ချန်ဟန်ဟန်၏ ရင်ထဲတွင် မကျေမနပ် ဖြစ်သွားသော်လည်း သူမက ဘာမှ မပြောရဲသလို ပြဿနာလည်း မရှာရဲပေ။ သူမက ဆွန်ဖုန်းအား ရေရှည် စပွန်ဆာပေးမည့်သူအဖြစ် ဖမ်းဆုပ်ချင်နေသေးသည် မဟုတ်ပါလော။ ဆွန်ဖုန်း ထွက်သွားတော့မည်ကို မြင်သောအခါ သူမက ချက်ချင်းပင် ချွဲနွဲ့သောအသံဖြင့် ပြောလိုက်လေသည်။
"အစ်ကိုဖုန်း မသွားပါနဲ့ဦး ညီမတို့ တစ်ယောက်အကြောင်း တစ်ယောက် သေချာ မသိရသေးဘူးလေ အစ်ကိုလည်း ညီမအကြောင်း သေချာ မသိသေးသလို ညီမလည်း အစ်ကို့အကြောင်း ကောင်းကောင်း မသိသေးဘူးလေ ညီမတို့ ထိုင်ပြီး သေချာလေး မိတ်ဆက်ကြရင် မကောင်းဘူးလား"
ချန်ဟန်ဟန်၏ ဤကဲ့သို့သောပုံစံလေးက တကယ်ကို ဆွဲဆောင်မှု ရှိလှပေသည်။ သို့သော် ဆွန်ဖုန်းက ဤသို့ သွေးပူလွယ်သော လူစားမျိုး ဟုတ်ပါသလော။ သူက ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်လေသည်။
"ငါ မင်းကို လုံးဝ စိတ်ဝင်စားမှု မရှိဘူး"
"အစ်ကိုဖုန်းရယ် အဲဒီလို မလုပ်ပါနဲ့ ညီမက အစ်ကို့ကို တကယ် သဘောကျတာပါ ညီမက အစ်ကို့အတွက် ဘာမဆို လုပ်ပေးနိုင်ပါတယ်"
ချန်ဟန်ဟန်က ဆွန်ဖုန်း သူမအပေါ် အထင်မကြီးကြောင်း သိလိုက်ရသောအခါ ရင်ထဲရှိ စိုးရိမ်စိတ်များ ပိုမို ကြီးထွားလာလေသည်။ သူမက ဆွန်ဖုန်းကို အရမ်း ဖမ်းဆုပ်ထားချင်နေခြင်း ဖြစ်သည်။ သို့မှသာ သူမက ပိုက်ဆံကို လိုသလောက် သုံးနိုင်မည့်အပြင် ကျောင်းပြီးလျှင်လည်း အလုပ်ရှာရန် မလိုတော့မည် ဖြစ်သည်။
သိထားရမည်မှာ သူမက တတိယတန်းစား တက္ကသိုလ်မှ ကျောင်းပြီးခြင်း ဖြစ်ရာ အပြင်တွင် အလုပ်ထွက်လုပ်လျှင်လည်း အဆင်ပြေရန် ခက်ခဲလေသည်။ ယခု ယွမ်တစ်သန်း ရလိုက်ပြီ ဆိုသော်ငြားလည်း ဤယွမ်တစ်သန်းမှာ မြို့ကြီးပြကြီးများတွင် အိမ်တစ်လုံး ဝယ်ရန်ပင် မလောက်ငပေ။ အကယ်၍ ဤယွမ်တစ်သန်းကို ဇာတိသို့ ပြန်ယူသွားမည်ဆိုလျှင် အိမ်ဝယ် ကားဝယ် ပြုလုပ်၍ ရနိုင်သော်လည်း ဤဟိုင်ထျန်းမြို့ကြီးတွင်တော့ ဘာမှ မပြောပလောက်သော ငွေကြေးပမာဏလေးသာ ဖြစ်လေသည်။
ထို့ကြောင့် သူမက ဆွန်ဖုန်းကို ဖမ်းဆုပ်ချင်နေခြင်းပင်။ ဤသို့ဆိုလျှင် သူမက ဤမြို့ကြီးတွင် အိမ်တစ်လုံး ဇိမ်ခံကားတစ်စီးခန့် ပိုင်ဆိုင်နိုင်မည်ဟု တွေးထားလေသည်။ သိထားရမည်မှာ သူဌေးများကိုသာ ဖျော်ဖြေပေးနိုင်ပြီး စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ပါက လက်တစ်ချက် ဝှေ့လိုက်ရုံဖြင့် အကုန်လုံး ရနိုင်သည် မဟုတ်ပါလော။
"မင်းက ငါ့အတွက် ဘာမဆို လုပ်ပေးနိုင်တယ် ဟုတ်လား"
ဆွန်ဖုန်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။
ဤမိန်းမက တကယ်ကို ရူးသွပ်နေပြီပင်။ ငွေကြေးဥစ္စာအတွက် ကိုယ့်၏ ဝိညာဉ်ကိုပင် ရောင်းစားရဲနေပြီ ဖြစ်သည်။ တကယ်ကို ညစ်ပတ်လွန်းလှပေသည်။ လူ့သဘာဝ၏ အမည်းစက်ကြီးတစ်ခုပင် ဖြစ်လေသည်။ လူသားအားလုံး လောဘကြီးပြီး လက်တွေ့ကျကြသည်ဆိုသည်ကို ဆွန်ဖုန်း သိသော်လည်း ချန်ဟန်ဟန်က ဤမျှလောက်အထိ အောက်တန်းကျပြီး ရည်ရွယ်ချက်အတွက် ဘာမဆို လုပ်ရဲသူ ဖြစ်မည်ဟု သူ မထင်ထားခဲ့ချေ။
"ဟုတ်တယ် အစ်ကိုဖုန်း ညီမက အစ်ကို့အတွက် ဘာမဆို လုပ်ပေးနိုင်ပါတယ် ဘာလုပ်ခိုင်းခိုင်း လုပ်မယ် ဘာသောက်ခိုင်းခိုင်း သောက်မယ်"
ချန်ဟန်ဟန်က ချွဲနွဲ့စွာ ပြောလိုက်လေသည်။
"ကောင်းပြီ အရမ်းကောင်းတယ် ဒါဆို မင်း တိုက်ပေါ်ကနေ ခုန်ချလိုက် မင်း တိုက်ပေါ်ကနေ ခုန်ချတာကို ငါ ကြည့်ချင်တယ်"
ဆွန်ဖုန်းက အေးစက်စွာ လှောင်ပြောင်လိုက်လေသည်။
"အာ..."
ချန်ဟန်ဟန်သည် ဆွန်ဖုန်း၏စကားကို ကြားသောအခါ မျက်နှာ မည်းမှောင်သွားပြီး ဘာပြောရမှန်းပင် မသိတော့ချေ။
ဆွန်ဖုန်းကတော့ လှည့်ထွက်သွားခဲ့ပြီး ချန်ဟန်ဟန် တစ်ယောက်တည်းသာ ယူကျုံးမရသော မျက်နှာဖြင့် ကျန်ရစ်ခဲ့ရလေတော့သည်။
ဟိုတယ်သို့ ပြန်ရောက်သောအခါ ဆွန်ဖုန်းက ဇနီးဖြစ်သူ ဟယ်မင်ယီ ပြန်မရောက်သေးသည်ကို တွေ့လိုက်ရလေသည်။ သူမ၏ သူငယ်ချင်းများနှင့် ဘယ်တွေများ သွားရူးနေကြသည် မသိပေ။ အရေးအကြီးဆုံးမှာ သူမက သားလေးကိုပါ ခေါ်သွားသဖြင့် ဆွန်ဖုန်း တစ်ယောက် ဘာပြောရမှန်းပင် မသိတော့ချေ။
'ဟူး တကယ် လခွမ်းပဲ'
ဆွန်ဖုန်းက ဂိမ်းဆိုင်သွားပြီး ဂိမ်းလေး ဘာလေး ဆော့ရန် စဉ်းစားနေစဉ်မှာပင် စုန့်ကျဲ ထံမှ ဖုန်းဝင်လာလေသည်။
"သောက်ကျိုးနည်း အစ်ကိုစုန့် အခုမှ အားတော့တာလား"
ဆွန်ဖုန်းက ဖုန်းကို ကိုင်လိုက်သည်နှင့် စုန့်ကျဲကို လှမ်းဆဲလိုက်လေသည်။
"ဟေး ငါ့ညီ မင်း ဘယ်လို ပြောလိုက်တာလဲ ငါက ကုမ္ပဏီကိစ္စတွေနဲ့ အလုပ်များနေလို့ပါ အခုတော့ ပြီးသွားပါပြီ ကြည့်လေ အခုမှ ဆယ်နာရီကျော်ပဲ ရှိသေးတယ် လာ ငါတို့ သွားပျော်ကြမယ် အော် ဒါနဲ့ လီချိုးယွန် လျောင်ချွမ်းကျဲ နဲ့ အဘိုးကြီးဟော့ တို့လည်း ရှိတယ်နော် ငါတို့ မတွေ့ရတာ ကြာပြီဆိုတော့ ဆုံကြတာပေါ့"
စုန့်ကျဲက ရယ်မောရင်း ပြောလိုက်သည်။
"ကောင်းပြီ ဘယ်နေရာလဲ ကျွန်တော် အခုချက်ချင်း လာခဲ့မယ်"
ဆွန်ဖုန်းက ပြန်ပြောလိုက်သည်။
"ကောင်းပြီ အတော်ပဲ ဟိုင်ထျန်းမြို့က သူဌေးသား တစ်ယောက်ရဲ့ မွေးနေ့ပွဲ ရှိတယ် ငါတို့ အဲဒီကို သွားပြီး ပျော်ကြမယ် မွေးနေ့ပါတီပွဲကြီးကွ အော် အဲဒီလူကို မင်းလည်း သိမှာပါ ရှန်ကွမ်ဇီရှီ ကို မင်း ခဏခဏ တွေ့ဖူးတယ် မဟုတ်လား မင်ယီရဲ့ သူငယ်ချင်းလေ"
စုန့်ကျဲက ရှင်းပြလေသည်။
"ကောင်းပြီလေ ပြဿနာ မရှိပါဘူး"
ဆွန်ဖုန်းက ကြားပြီးသည်နှင့် သူ့မိန်းမက ရှန်ကွမ်ဇီရှီ၏ မွေးနေ့ပွဲကို သွားတာများလားဟု စိတ်ထဲမှ တွေးလိုက်လေသည်။
'သေနာမ ကိုယ့်ကိုတောင် အသိမပေးဘူး'
"နေရာက ပျားပန်းဥယျာဉ်မှာ မင်းမှာ ကားပါလား ငါ လာခေါ်ရမလား"
စုန့်ကျဲက မေးလိုက်သည်။
"ဟိုင်ထျန်းမြို့မှာ ကျွန်တော့်မှာ ကားဘယ်ရှိမလဲ အစ်ကိုပဲ XX ဟိုတယ်ကို လာခေါ်လှည့်ပါ"
ဆွန်ဖုန်းက ပြောလိုက်သည်။
"ကောင်းပြီ စောင့်နေ ဆယ့်ငါးမိနစ်နေရင် ရောက်မယ်"
တကယ်ပါပဲ စုန့်ကျဲ၏ ကားမောင်းကျွမ်းကျင်မှုက တော်တော်လေး ကောင်းမွန်လှသည်။ ဆယ့်ငါးမိနစ် အတိမှာပင် ရောက်လာလေသည်။
"ဟားဟား ညီလေးဆွန် မတွေ့ရတာ ကြာပြီနော် ပိုတောင် ချောလာသေးတယ်"
စုန့်ကျဲက ကားပေါ်မှ ဆင်းသည်နှင့် ဆွန်ဖုန်းကို မြင်ပြီး ပြေးဖက်လိုက်လေသည်။
"သောက်ကျိုးနည်း အစ်ကိုစုန့် အစ်ကိုတော့ တော်တော်လေး ရုပ်ကျသွားသလိုပဲ အခုတလော ဘာတွေ လုပ်နေတာလဲ"
ဆွန်ဖုန်းက နောက်ပြောင်လိုက်သည်။
"ဟူး ဘာဖြစ်ရမလဲ နောက်ထပ် မယားငယ် နှစ်ယောက်လောက် ထပ်ထားလိုက်လို့လေ အခုတလော အရမ်း အလုပ်များနေတော့ ခန္ဓာကိုယ်က နည်းနည်း မခံနိုင်ဖြစ်နေတာပါ ကိစ္စမရှိပါဘူး အားဆေးလေး ဘာလေး စားလိုက်ရင် အဆင်ပြေသွားမှာပါ"
စုန့်ကျဲက ဆွန်ဖုန်း၏ နောက်ပြောင်မှုကို ဂရုမစိုက်ဘဲ ရယ်မောကာ ပြန်ပြောလေသည်။
"အစ်ကိုကလည်းဗျာ ဒီလောက် အများကြီး ရှိနေတာကို အသက်ကြီးရင်လည်း ကြီးတယ်ပေါ့ အတင်း မလုပ်ပါနဲ့ အသက် လေးဆယ်လောက် ရောက်လို့ မစွမ်းနိုင်တော့ရင် တစ်ဘဝလုံး သွားပြီပဲ"
ဆွန်ဖုန်းက နောက်ပြောင်လိုက်သည်။
"မင်းနှမပဲ ကောင်းတာလေး ပြောပါလား အချိန်ကျရင် မင်း သိလာမှာပါ ဒီရက်ပိုင်း မင်းလည်း တော်တော်လေး အောင်မြင်နေတာပဲ မနှစ်ကထက်တောင် ပိုမိုက်သေးတယ် ဂျားလော့ရေနံမြေကိုတောင် ရင်းနှီးမြှုပ်နှံပြီး အောင်အောင်မြင်မြင် တူးဖော်နိုင်ခဲ့တယ်လေ အခုတလော နယူးဖောင်လန် အနောက်ပိုင်းက မြေလွှာကျောက် ရေနံမြေကို ထပ်ပြီး ရင်းနှီးမြှုပ်နှံထားသေးတယ် ကျင်းချန် ရေနံကုမ္ပဏီ လက်တင် ငွေကြေးအင်ပါယာတို့နဲ့တောင် ပူးပေါင်းလုပ်ဆောင်နိုင်တယ်ဆိုတော့ မင်းကတော့ ကောင်းကင်ပေါ် ရောက်တော့မယ့် အခြေအနေပဲ"
စုန့်ကျဲက ဆွန်ဖုန်း၏ ပခုံးကို ဖက်ကာ အားကျစွာဖြင့် ပြောလေသည်။
ကျင်းချန် ရေနံကုမ္ပဏီ၏ နာမည်ကြီးမှုကို သူ သေချာပေါက် သိထားလေသည်။ ၎င်းက ပြည်တွင်းမှ ထိပ်တန်း ရေနံကုမ္ပဏီကြီး ဖြစ်သည်။ နောက်တစ်ခုက ကနေဒါမှ လက်တင် ငွေကြေးအင်ပါယာ ဆိုသည်မှာလည်း ကမ္ဘာကျော် ငွေကြေးအင်ပါယာကြီးတစ်ခု ဖြစ်ပြီး တခြား ဘာမှ မများသော်လည်း ပိုက်ဆံတွေကတော့ အရမ်းများလှသည်။ လက်တင် ငွေကြေးအင်ပါယာနှင့် သိကျွမ်းသော သူများဆိုသည်မှာ အားလုံးက ဘီလီယံနာများချည်းပင် ဖြစ်သည်။
ဆွန်ဖုန်းက ဤလက်တင် ငွေကြေးအင်ပါယာနှင့် အဆက်အသွယ် ရသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ တကယ်ကို အစွမ်းထက်လွန်းလှသည်။ အကယ်၍ ဆွန်ဖုန်းက လက်တင် ငွေကြေးအင်ပါယာမှ သမီးအကြီးဆုံးကိုပါ စားလိုက်ပြီဆိုသည်ကိုသာ စုန့်ကျဲ သိသွားပါက ဘယ်လိုများ ခံစားရမည် မသိပေ၊ ဆွန်ဖုန်းကို ဒူးထောက်ပြီးတောင် ရှိခိုးမိမည်လား မပြောတတ်ချေ။
"အဆင်ပြေပါတယ်ဗျာ ဘာလဲ ကျွန်တော့်ကို အားကျလို့လား ကျွန်တော့်ဆီမှာ ဝင်လုပ်မလား ကျွန်တော်က တပည့်တွေ အများကြီး လိုနေတာ"
ဆွန်ဖုန်းက ပြောလိုက်သည်။
"တကယ်ပြောတာလား ငါသာ မင်းဆီမှာ ဝင်လုပ်ပြီး မင်းရဲ့ ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံချင်တယ် ငါ့မှာ ပိုက်ဆံ သိပ်မရှိပေမယ့်လေ"
စုန့်ကျဲက မျှော်လင့်တကြီးဖြင့် ပြောလေသည်။
တကယ်တော့ သူလည်း ဆွန်ဖုန်းနှင့်အတူ ရင်းနှီးမြှုပ်နှံချင်နေခြင်း ဖြစ်သည်။ ရေနံစသည်တို့တွင် ရင်းနှီးမြှုပ်နှံရသည်မှာ အဆင်ပြေလှသည်။ ဆွန်ဖုန်းမှာ နယူးဖောင်လန် အနောက်ပိုင်းမှ မြေလွှာကျောက် ရေနံမြေကို တူးဖော်ရန် အပြည့်အဝ ယုံကြည်မှု ရှိနေသည်ဆိုတာကို သူ သိလေသည်။ ဂျားလော့ရေနံမြေ အောင်မြင်စွာ တူးဖော်နိုင်ခဲ့သည်ကို ကြည့်လေ။ နောက်တစ်ခုက စိန့်ဖုန်း ရေနံမြေ အသေးလေးလည်း ရှိသေးသည် မဟုတ်ပါလော။
ယခု ရင်းနှီးမြှုပ်နှံထားသော ရဲ့ဖုန်း ရေနံမြေကြီးဆိုလျှင် ရေနံစည်ပေါင်း ၁.၅ ဘီလီယံခန့် သိုလှောင်ထားနိုင်သော ရေနံမြေကြီးပင် ဖြစ်သည်။ ဤရေနံမြေကိုသာ အောင်မြင်စွာ တူးဖော်နိုင်ပါက ရမည့်ပိုက်ဆံများက ရေစီးသလို ဝင်လာမည်သာ ဖြစ်သည်။
"ရတာပေါ့ အချိန်တန်လို့ ကောင်းတဲ့ ပရောဂျက်လေးတွေ ရှိရင် အစ်ကို့ကို ခေါ်လိုက်မယ် အခု ကျွန်တော် ရင်းနှီးမြှုပ်နှံထားတဲ့ ရဲ့ဖုန်း ရေနံတွင်းကတော့ အတည်ဖြစ်သွားပြီ ဒါပေမဲ့ နောက်ပိုင်း ကျွန်တော်က ရေနံမြေတွေ ထပ်ပြီး ရင်းနှီးမြှုပ်နှံသွားဦးမှာပါ စိတ်ချပါ စားစရာရှိရင် အစ်ကို့ကို သေချာပေါက် မမေ့ပါဘူး"
ဆွန်ဖုန်းက ရယ်မောရင်း ပြောလိုက်သည်။
"ကောင်းပြီ မင်းရဲ့ ဒီစကားတစ်ခွန်းနဲ့တင် လုံလောက်နေပါပြီ"
စုန့်ကျဲက ဟားဟားဟီးဟီး ရယ်မောရင်း ပြောလိုက်လေသည်။
သိပ်မကြာခင်မှာပင် လီချိုးယွန်၊ လျောင်ချွမ်းကျဲ၊ အဘိုးကြီးဟော့၊ ဟော့ချန်းဟွေး တို့လည်း ရောက်လာကြလေသည်။ သူတို့က ကိုယ်ပိုင်ကားများဖြင့် လာကြခြင်းဖြစ်ပြီး ရှန်ကွမ်ဇီရှီ၏ မွေးနေ့ပွဲကို အတူတူ သွားကြရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ရှန်ကွမ် မိသားစုမှာ ဟိုင်ထျန်းမြို့၏ ထိပ်တန်း မိသားစုကြီးတစ်ခု ဖြစ်ပြီး ဩဇာအာဏာ အရမ်းကြီးမားသောကြောင့် လူအများစုက မျက်နှာနာပြီး ရှန်ကွမ်ဇီရှီ၏ မွေးနေ့ပွဲကို လာရောက်ကြခြင်း ဖြစ်လေသည်။
"ညီလေးဆွန် မတွေ့ရတာ ကြာပြီနော်"
ဟော့ချန်းဟွေးက ကားပေါ်မှ ဆင်းဆင်းချင်း ဆွန်ဖုန်းကို ပြုံးပြရင်း နှုတ်ဆက်လေသည်။
"အဘိုးဟော့ အဘိုးရဲ့ ခန္ဓာကိုယ်ကြီးက တော်တော်လေး သန်မာနေတုန်းပဲနော်"
ဆွန်ဖုန်းက ခပ်ဖွဖွ ပြုံးရင်း ပြောလိုက်သည်။ ဤအဘိုးကြီးက တိတ်တိတ်လေး ရွတတနိုင်သော်လည်း တော်တော်လေး ချစ်စရာ ကောင်းလေသည်။
"ဟီးဟီး မင်းရဲ့ ကျေးဇူးကြောင့် ငါ့ခန္ဓာကိုယ်က အမြဲတမ်း ကျန်းမာနေတာပါ"
ဟော့ချန်းဟွေးက သူ၏ မုတ်ဆိတ်မွေးရှည်ကြီးကို ပွတ်သပ်ရင်း ရယ်မောကာ ပြောလိုက်သည်။
မတွေ့ရတာ ကြာပြီဖြစ်သော သူတို့တွေက အလွန် ပျော်ရွှင်နေကြပြီး မွေးနေ့ပွဲ ပြီးသည်နှင့် ယောကျာ်းများ အပျော်ရှာသော နေရာသို့ သွားပြီး ပျော်ပါးကြရန် ဆုံးဖြတ်လိုက်ကြလေသည်။ ဤသည်ကတော့ မဖြစ်မနေ လုပ်ရမည့် အလုပ်ပင်။ အထူးသဖြင့် အဘိုးကြီးဟော့က ဆွန်ဖုန်း၏ ပခုံးကို ဖက်ပြီး ရယ်မောကာ ပြောလိုက်လေသည်။
"ညီလေးဆွန် မင်းကို ငါ ပြောမယ် အရင်တစ်ခေါက် ငါ မင်းကို ခေါ်သွားတဲ့ နေရာက အကောင်းဆုံး နေရာ မဟုတ်သေးဘူး ဒီတစ်ခေါက်တော့ အကောင်းဆုံး နေရာကို ခေါ်သွားမယ်လို့ အာမခံတယ် အဲဒီက ကောင်မလေးတွေက အသစ်စက်စက်လေးတွေချည်းပဲ ဟီးဟီး ဘယ်လိုလဲ အစ်ကိုကြီးက မင်းအပေါ် ကောင်းတယ် မဟုတ်လား ငါ ဒကာခံမယ်ကွာ"
"ကောင်းပါပြီဗျာ အစ်ကိုကြီးဟော့က ပြောမှတော့ ကျွန်တော်က ဘယ်လိုလုပ် ငြင်းရက်ပါ့မလဲ"
ဆွန်ဖုန်းက ပြန်ပြောလိုက်သည်။
'အဟဲ ဒါက သူငယ်ချင်းတွေ ကြားက နက်ရှိုင်းတဲ့ သံယောဇဉ်ပဲလေ အော် မဟုတ်ဘူး ညီအစ်ကိုတွေ ကြားက သံယောဇဉ် အဲဒီစကားပုံက ဒီလို မဟုတ်ဘူးလား အတူတူ သေနတ်ကိုင်ခဲ့ဖူးတယ် အတူတူ ဖာချခဲ့ဖူးတယ် ဆိုတာလေ'
"ကဲ သွားကြစို့ လမ်းလျှောက်ရင်း စကားပြောကြတာပေါ့"
လီချိုးယွန်က ပြောလိုက်သည်။
သူတို့အားလုံး ကိုယ့်ကားပေါ် ကိုယ်တက်ကြပြီး ဆွန်ဖုန်းကတော့ စုန့်ကျဲ၏ ကားပေါ် တက်ကာ မွေးနေ့ပွဲ ကျင်းပမည့် ပျားပန်းဥယျာဉ်ဆီသို့ ဦးတည် ထွက်ခွာလာခဲ့ကြလေသည်။
ရှန်ကွမ်ဇီရှီ အပေါ် ဆွန်ဖုန်း၏ အမြင်ကတော့ သာမန်သာ ဖြစ်သည်။ သူမက အရမ်းလှသည်ဆိုသော်လည်း ပန်းအိုးလေး တစ်လုံးလိုသာ ဖြစ်ပြီး ဘာမှ သုံးမရဟု ထင်မိလေသည်။ အော် ကလေးမွေးတတ်သည်က လွဲလျှင်ပေါ့။
ဤလို မိန်းမမျိုးကို အရင်တုန်းက ဆွန်ဖုန်းသာ ငမွဲလေး ဘဝတွင်ဆိုလျှင် သေချာပေါက် သဘောကျမိမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လှသော မိန်းမတိုင်းကို သဘောကျတတ်သောကြောင့်ပင်။ သို့သော် ဤနှစ်နှစ်အတွင်း ကြီးပြင်းလာခဲ့ပြီးနောက် ဆွန်ဖုန်း၏ အမြင်များက ပို၍ မြင့်မားလာခဲ့လေသည်။ လှပသော မိန်းမဆိုသည်မှာ ဆွန်ဖုန်းအတွက် ဘယ်တော့မှ မရှားပါပေ။
သူ လိုအပ်သည်မှာ လှပပြီး ဆွဲဆောင်မှု ရှိရမည် ဉာဏ်ကောင်းရမည် စီးပွားရေး လုပ်ငန်းများကို စီမံခန့်ခွဲနိုင်စွမ်း ရှိသော မိန်းမမျိုး ဖြစ်လျှင် အကောင်းဆုံးပင် ဖြစ်သည်။ ဤသို့မှသာ သူ့ကို ကူညီပေးနိုင်မည် ဖြစ်သည်။ ဟွမ်ကျားချန် နှင့် လျန်ယင်း တို့ဆိုလျှင် တော်တော်လေး ကောင်းမွန်ကြသည်။ စူးမေး ကတော့ လက်ရှိအချိန်တွင် ဆွန်ဖုန်း၏ မိန်းမ မဟုတ်သေးသဖြင့် ထည့်မတွက်ထားပေ။
သိပ်မကြာခင်မှာပင် ကားလေးက ပျားပန်းဥယျာဉ်ထဲသို့ ရောက်ရှိလာလေသည်။ ပျားပန်းဥယျာဉ် ဆိုသည်မှာ ခြံဝင်းကြီးတစ်ခု ဖြစ်ပြီး အထဲတွင် စားသောက်ဆိုင်များ ဟိုတယ်များနှင့် ဖျော်ဖြေရေး အဆောက်အအုံ အမျိုးမျိုး ရှိလေသည်။ ရှုခင်းလှပပြီး ဇိမ်ခံစရာ အားလပ်ရက် အပန်းဖြေ နေရာလေး တစ်ခု ဖြစ်သလို ပါတီပွဲများ ကျင်းပရန် အကောင်းဆုံး နေရာတစ်ခုလည်း ဖြစ်ပေသည်။
ဆွန်ဖုန်းတို့ အဖွဲ့ ရောက်လာသည်နှင့် ခန်းမကြီးဆီသို့ တန်းပြီး သွားကြလေသည်။ ခန်းမကြီးထဲ ရောက်သောအခါ အထက်တန်းစား အသိုင်းအဝိုင်းမှ အဝတ်အစားများ ဝတ်ဆင်ထားသော ယောက်ျား မိန်းမ အများအပြားကို ဆွန်ဖုန်း မြင်တွေ့လိုက်ရလေသည်။ လူကြီး လူငယ် အစုံအလင် ရှိသော်လည်း အများစုကတော့ အသက် နှစ်ဆယ် သုံးဆယ် အရွယ်များသာ ဖြစ်သည်။
စုန့်ကျဲက လူချစ်လူခင် ပေါများသောကြောင့် သူ ဝင်လာသည်နှင့် နှုတ်ဆက်သူ တော်တော်များများ ရှိလေသည်။ သို့သော် လူတော်တော်များများက ဆွန်ဖုန်းကို မြင်သောအခါ သူစိမ်း တစ်ယောက်လို ခံစားရပြီး ခဏခဏ လှမ်းကြည့်နေကြလေသည်။ အဘယ်ကြောင့်ဆိုသော် ရှန်ကွမ်ဇီရှီ၏ မွေးနေ့ပွဲကို လာနိုင်သူများ အားလုံးမှာ မျက်နှာပွင့်သူများ သို့မဟုတ် သူဌေးသားများချည်းသာ ဖြစ်သောကြောင့်ပင်။
ဆွန်ဖုန်းက ဟိုင်ထျန်းမြို့မှ သူဌေးသား အသိုင်းအဝိုင်းနှင့် ဘယ်တုန်းကမှ မပတ်သက်ဖူးသဖြင့် ဘယ်သူကမှ သူ့ကို မသိကြခြင်းမှာ မဆန်းလှပေ။ သို့သော် ဆွန်ဖုန်းကလည်း စုန့်ကျဲအား သူ့အကြောင်း မိတ်ဆက်ပေးရန် မခိုင်းခဲ့ပေ။ သူက ဤအသိုင်းအဝိုင်းမှ လူများကို လုံးဝ သိကျွမ်းချင်စိတ် မရှိချေ။ သူ ဤနေရာသို့ လာခြင်းမှာ သူ့မိန်းမ ဤတွင် ရှိမရှိ ရှာကြည့်ချင်၍ တစ်ကြောင်း စုန့်ကျဲတို့နှင့် ဆုံချင်၍ တစ်ကြောင်းသာ ဖြစ်သည်။ မဟုတ်လျှင် သူ ဘယ်တော့မှ လာမည် မဟုတ်ချေ။
"အာ လာပြီလား အစ်ကိုစုန့် အို အဘိုးကြီးဟော့ လီချိုးယွန် လျောင်ချွမ်းကျဲ တို့ပါလား ဟားဟား လာလာ ကျွန်တော်တို့ ဟိုဘက်မှာ သွားသောက်ကြမယ်"
စုန့်ကျဲက သူ့ကို စကားလာပြောသော သူများကို ရှောင်ထွက်လာချိန်မှာပင် ခပ်ဝဝ လူလတ်ပိုင်း တစ်ယောက်က ရွံစရာကောင်းသော အပြုံးကြီးဖြင့် ပြေးလာလေသည်။
"အို ဒီက လူလေးက လျူဒါရှောက် မဟုတ်လား ဘာဖြစ်တာလဲ ဘယ်တုန်းက ပြန်ရောက်တာလဲ"
စုန့်ကျဲက ရုပ်ဆိုးဆိုး လျူဒါရှောက်ကို မြင်သောအခါ အနည်းငယ် အံ့သြသွားလေသည်။ ဤလျူဒါရှောက်က သူ့၏ ငယ်သူငယ်ချင်း ဖြစ်သည်။ သို့သော် အသက် နှစ်ဆယ်ကျော် အရွယ်ကတည်းက သူ့အဖေနှင့်အတူ နိုင်ငံခြားတွင် စီးပွားရေး သွားလုပ်နေသဖြင့် ဤသို့ မလာသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့ မဆုံဖြစ်သည်မှာလည်း တော်တော် ကြာနေပြီ ဖြစ်ရာ ယခု ပြန်တွေ့ရသောအခါ သူ အံ့သြသွားခြင်း ဖြစ်လေသည်။
ထို့ကြောင့် စုန့်ကျဲတို့ အဖွဲ့က ဤလျူဒါရှောက်၏ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရလေသည်။ ဆွန်ဖုန်းကလည်း လူအုပ်ကြီးထဲ သွားပြီး မရှုပ်ချင်သလို သူတို့ အတိတ်အကြောင်းများ ပြောနေသည်ကိုလည်း နားမထောင်ချင်တော့ပေ။ ထို့ကြောင့် ဆွန်ဖုန်းက လူအုပ်ထဲတွင် သူ့မိန်းမကို တစ်ယောက်တည်း လိုက်ရှာနေလိုက်လေသည်။
'သောက်ကျိုးနည်း ဒီမိန်းမ ဘယ်တွေများ သွားနေတာလဲ တစ်နေကုန် ပျောက်နေတာ ကိုယ့်သားလေးကို အဆာခံထားမှာလား မသိဘူး'
ဆွန်ဖုန်းက လူအုပ်ထဲကို တစ်ပတ်လောက် ပတ်ကြည့်လိုက်သော်လည်း သူ၏ ဇနီး ဟယ်မင်ယီ၏ အရိပ်အယောင်ကိုတောင် မတွေ့ရချေ။ ထို့ကြောင့် သူ နည်းနည်း စိတ်ရှုပ်သွားရသည်။ ဟယ်မင်ယီက သူမ သူငယ်ချင်း ရှန်ကွမ်ဇီရှီ၏ မွေးနေ့ပွဲကို မလာဘူးလား။
တစ်ပတ်လောက် ပတ်ကြည့်ပြီးတာတောင် မိန်းမဖြစ်သူကို မတွေ့ရသော်လည်း ဆွန်ဖုန်းကတော့ သူဌေးသမီးများ အထက်တန်းစား အမျိုးသမီးများ၏ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိနေလေသည်။ ဆွန်ဖုန်းက တကယ်ကို အရမ်း ချောမောလွန်းနေသောကြောင့်ပင်။ ထို့အပြင် ဤနှစ်နှစ်အတွင်း ပျိုးထောင်ထားသော သူ၏ အရှိန်အဝါကလည်း မိန်းမများကို အလွယ်တကူ ဆွဲဆောင်နိုင်သော သံလိုက်တစ်ခုလို ဖြစ်နေလေသည်။
ဆွန်ဖုန်းက သူ့ကို လာစကားပြောချင်သော မိန်းမများကို ဂရုမစိုက်ဘဲ ဖုန်းကို ထုတ်ကာ ဇနီးဖြစ်သူထံ ဖုန်းခေါ်လိုက်လေသည်။ ဆယ်စက္ကန့်ကျော်ခန့် အကြာတွင်တော့ ဟယ်မင်ယီက ဖုန်းကိုင်လိုက်လေသည်။
"ဟယ်လို ဆွန်ဖုန်းလား ဘာကိစ္စရှိလို့ ဖုန်းဆက်တာလဲ အော် ဒါနဲ့ ဒီနေ့ ညစာအတွက် ကျွန်မကို စောင့်မနေနဲ့တော့နော် ကျွန်မ သူငယ်ချင်းဆီမှာ သူငယ်ချင်းရဲ့ မွေးနေ့ပွဲမှာ ရောက်နေတာ ဒီည ပြန်လာဖြစ်မှာ မဟုတ်ဘူး"
ဖုန်းထဲမှနေ၍ ဟယ်မင်ယီက ပြောလိုက်လေသည်။
"သောက်ကျိုးနည်း မင်းယောကျာ်း ကိုယ်က အခု မင်းသူငယ်ချင်းရဲ့ မွေးနေ့ပွဲကို ရောက်နေတာကွ မင်း ဘယ်မှာလဲ ကိုယ် မင်းကို လိုက်ရှာနေတာ မတွေ့ဘူး"
ဆွန်ဖုန်းက ပြောလိုက်သည်။ ရုတ်တရက် ဆွန်ဖုန်းက သူ့ရင်ထဲတွင် ဟယ်မင်ယီကို အရမ်း ဂရုစိုက်နေမိမှန်း သတိထားမိလိုက်လေသည်။ သူမကို တစ်ခုခု ဖြစ်သွားမည် စိုးရိမ်နေမိခြင်းပင်။
"ကျွန်မ ဒုတိယထပ်က အခန်း ၁၀၁ မှာ ရှိတယ် ကျွန်မတို့ သူငယ်ချင်း လေးငါးယောက်လောက် တိတ်တိတ်လေး စကားပြောနေကြတာ ခဏနေ ပွဲစရင် ကျွန်မ ဆင်းလာခဲ့မယ်"
ဟယ်မင်ယီက ပြန်ပြောလေသည်။
"ဒါနဲ့ ရှင်က ဘယ်လိုလုပ်ပြီး ဇီရှီရဲ့ မွေးနေ့ပွဲကို ရောက်နေတာလဲ"
ဟယ်မင်ယီက အံ့သြတကြီး မေးလိုက်လေသည်။ ဤမွေးနေ့ပွဲကို ဆွန်ဖုန်း ဘယ်လိုလုပ် ရောက်လာသလဲဆိုသည်ကို သူမ နားမလည်နိုင် ဖြစ်နေလေသည်။
"စုန့်ကျဲက ခေါ်လာလို့လေ ကိုယ့်သားလေး ဗိုက်ဆာနေပြီလား"
ဆွန်ဖုန်းက စိုးရိမ်တကြီး မေးလိုက်လေသည်။
"မဆာပါဘူး ကျွန်မကလေးလေးကို ကျွန်မက ဘယ်အဆာခံပါ့မလဲ ရှင် ဗိုက်ဆာရင်တောင် သူ ဗိုက်ဆာမှာ မဟုတ်ဘူး စိတ်ချပါ ကျွန်မသူငယ်ချင်းတွေက သူ့ကို အရမ်း ချစ်နေကြတာ အားလုံးက အရမ်း ချစ်စရာကောင်းတယ်တဲ့"
ဟယ်မင်ယီက ချက်ချင်းပင် အမိုက်စား မိခင်တစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး သူမသားလေး အကြောင်းကို ကြွားလုံးထုတ်လေတော့သည်။
"ကောင်းပြီ ကောင်းပြီ အဆင်ပြေရင်လည်း ပြီးတာပါပဲ ဒါဆို ဒါပဲနော်"
ဆွန်ဖုန်းက ဟယ်မင်ယီနှင့် သားလေးတို့ အဆင်ပြေသည်ဆိုသည်ကို သိလိုက်ရသဖြင့် စကားနည်းနည်း ပြောပြီး ဖုန်းချလိုက်လေသည်။