← Chapters

အခန်း ၃၉၄

Vol. 40 Ch. 394

အခန်း ၃၉၄

Vol. 40 Ch. 394

အခန်း ၃၉၄ - သူဌေးက ကေတီဗွီ ဒကာခံခြင်း

မကြာမီမှာပင် မွေးနေ့ပွဲ စတင်သွားလေတော့သည်။ လူတစ်စုက ရှန်ကွမ်ဇီရှီထံ မွေးနေ့လက်ဆောင်များ ပေးအပ်ကာ ဆုမွန်ကောင်း တောင်းပေးကြလေသည်။

နာမည်ကြီး အဆိုတော်အချို့ လာရောက် သီဆိုဖျော်ဖြေကြသည်ကို ဆွန်ဖုန်း မြင်လိုက်ရသဖြင့် ရှန်ကွမ်ဇီရှီ၏ ဤမွေးနေ့ပွဲမှာ တကယ်ကို ကြီးကျယ်ခမ်းနားလှကြောင်း တွေးမိလိုက်သည်။ တကယ်တမ်း ပြောရလျှင် ဆွန်ဖုန်းမှာ ဤအရွယ်ရောက်သည်အထိ သူ၏ မွေးနေ့ကို တစ်ကြိမ်တစ်ခါမျှ ပွဲမလုပ်ခဲ့ဖူးချေ။ သူက မွေးနေ့ပွဲလုပ်ရသည်ကို မကြိုက်၍တော့ မဟုတ်ပေ။ ငယ်ငယ်ကတည်းက ဤသို့ လုပ်လေ့လုပ်ထ မရှိခဲ့သောကြောင့် ဖြစ်သည်။ ငယ်စဉ်က အိမ်တွင် ဆင်းရဲလွန်းသဖြင့် အသားဟင်းကိုပင် ခပ်ရှားရှား စားခဲ့ရရာ မည်သည့် မွေးနေ့ပွဲမျိုးကို လုပ်နိုင်ပါမည်နည်း။

ထို့ကြောင့် ဤနှစ်များတစ်လျှောက်လုံး ဆွန်ဖုန်းသည် သူ၏ မွေးနေ့ ရောက်မှန်းပင် မသိလိုက်ဘဲ ကျော်လွန်သွားခဲ့သည်က များလေသည်။ ဤနှစ်နှစ်အတွင်း သူ မိန်းမများ ရလာပြီးနောက် ထိုမိန်းမများက သူ့အတွက် မွေးနေ့ပွဲများ လုပ်ပေးချင်ကြသော်လည်း ဆွန်ဖုန်းက သဘောမတူခဲ့ချေ။ ရိုးရိုးရှင်းရှင်း ထမင်းတစ်နပ် စားရုံဖြင့် လုံလောက်ပြီဟုသာ ပြောခဲ့လေသည်။

ယနေ့ညတွင်တော့ ရှန်ကွမ်ဇီရှီက ဧကန်မလွဲ ပွဲ၏အဓိက ဇာတ်လိုက်လေး ဖြစ်နေလေသည်။ ရှန်ကွမ်ဇီရှီကို ပိုးပန်းချင်နေကြသော သူဌေးသားများက သူတို့၏ အစွမ်းအစများကို ထုတ်ပြရန် အစွမ်းကုန် ကြိုးစားနေကြသည်။

ပထမဆုံးအနေဖြင့် လက်ဆောင်ပေးခြင်းမှ စတင်လေသည်။ သူဌေးသား အများအပြားက လက်ဆောင်ကို လက်ဆောင်ဘူးဖြင့် မထုပ်ပိုးဘဲ တမင်သက်သက် ထိုအတိုင်း ပေးကြလေသည်။ ဤသည်မှာ သူတို့ပေးသော လက်ဆောင်၏ တန်ဖိုးကြီးမားမှုနှင့် ထူးခြားမှုကို ပေါ်လွင်စေပြီး အခြားသူများ နောက်ဆုတ်သွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ထို့အပြင် ရှန်ကွမ်ဇီရှီကို သက်သေပြရန်နှင့် သူမ၏ စိတ်ကျေနပ်မှုကို ရယူရန်လည်း ဖြစ်လေသည်။

ည ၁၀ နာရီ ထိုးသောအခါ မွေးနေ့ပွဲကြီး ပြီးဆုံးသွားလေတော့သည်။ ဆွန်ဖုန်းက ဟယ်မင်ယီကို ဆွဲကာ အနားယူရန် ပြန်တော့မည့် အချိန်တွင် ဝမ်စစ်ချုံး အမည်ရှိ လူဝကြီးက စကားစပြောလေသည်။

"ကျွန်တော်တို့ ဒီက လူတွေက တော်တော်လေး ရင်းနှီးပြီးသားတွေဆိုတော့ ကျွန်တော့်အနေနဲ့ ဒုတိယ အစီအစဉ်လေး တစ်ခုလောက် ဆက်လုပ်ချင်ပါတယ် ကျွန်တော် အားလုံးကို ကေတီဗွီ လိုက်ပို့မယ် ဘယ်လိုလဲ"

ဝမ်စစ်ချုံးက အကြံပြုလေသည်။

"ကောင်းသားပဲ ကောင်းသားပဲ"

မိန်းကလေး အချို့က သဘောတူလိုက်ကြသည်။

ပွဲသိမ်းသွားပြီးနောက် လူအများစုမှာ ပြန်သွားကြပြီ ဖြစ်သော်လည်း ဤနေရာတွင် လူနှစ်ဆယ်ကျော်ခန့် ကျန်ရှိနေသေးသည်။ စုန့်ကျဲ ပြောပုံအရဆိုလျှင် ဤနေရာတွင် ကျန်ရစ်သူများမှာ ငယ်သူငယ်ချင်းများ သို့မဟုတ် အဆင့်အတန်းရှိသော သူဌေးသားများ ဖြစ်ကြသည်။ အဘိုးကြီးဟော့နှင့် လီချိုးယွန်တို့လည်း ပြန်သွားကြလေပြီ။ ဤနေရာတွင် ဆွန်ဖုန်း သိသောသူမှာ သုံးယောက်သာ ရှိသည်။ တစ်ယောက်က ဟယ်မင်ယီ နောက်တစ်ယောက်က စုန့်ကျဲ ပြီးတော့ နောက်ဆုံး တစ်ယောက်က ရှန်ကွမ်ဇီရှီ ဖြစ်သည်။

"မင်ယီ ညဉ့်နက်နေပြီ ကိုယ်တို့ ပြန်ကြရအောင် ကြည့်စမ်း သားလေးတောင် အိပ်ငိုက်နေပြီ"

ဆွန်ဖုန်းက ဟယ်မင်ယီ သူမ၏ သူငယ်ချင်းများနှင့် ကေတီဗွီ လိုက်သွားချင်နေသည်ကို မြင်သောအခါ အမြန် ပြောလိုက်လေသည်။

"ဒီလောက်စောစော ပြန်ပြီး ဘာလုပ်မှာလဲ ကျွန်မ သီချင်းမဆိုရတာ အရမ်းကြာနေပြီ ဒီညတော့ ကျွန်မ သွားဆိုချင်တယ် ကိစ္စမရှိပါဘူး ရှင် ကြည့်ပါလား သားလေးက လန်းဆန်းနေတာပဲကို သူ နေ့လယ်က တစ်နေကုန် အိပ်ထားတယ် ကိစ္စမရှိပါဘူး"

ဟယ်မင်ယီက ဆွန်ဖုန်း၏ စကားကို ဂရုမစိုက်ဘဲ အတင်း လိုက်သွားမည်ဟု ပြောလေသည်။ သူမ၏ ဘေးရှိ သူငယ်ချင်းများကလည်း ဝင်၍ ကူပြောပေးကြလေသည်။

"ဟုတ်တယ် မင်ယီ ပြန်လာရတာ မလွယ်ဘူးလေ ကျွန်မတို့ကို ပျော်ပါးခွင့်လေး ပေးပါဦး"

"ဟုတ်တယ် ဟုတ်တယ် အစ်ကိုက ကလေးကို အရင် ပြန်ခေါ်သွားချင်ရင်လည်း ရပါတယ်"

ဆွန်ဖုန်းက သူ့မိန်းမကို ဤကဲ့သို့သော နေရာမျိုးသို့ ဘယ်သောအခါမျှ တစ်ယောက်တည်း လွှတ်ထားမည် မဟုတ်ပေ။ အကယ်၍ သွားမည်ဆိုလျှင်တောင် သူကိုယ်တိုင် အဖော်လိုက်ပေးရမည် ဖြစ်သည်။ သူဌေးအသိုင်းအဝိုင်းများက အရှုပ်ပွေဆုံး နေရာများ ဖြစ်ရာ ယောကျာ်းတစ်ယောက်အနေဖြင့် ကိုယ့်ခေါင်းပေါ် ဂျိုပေါက်လာမည့်(ဖောက်ပြန်ခံရမည့်) အဖြစ်မျိုးကိုတော့ ဆွန်ဖုန်း လုံးဝ အဖြစ်မခံနိုင်ချေ။

"သီချင်းဆိုတာ ဘာများ ပျော်စရာကောင်းလို့လဲ ဒီနေ့ အရမ်း ညဉ့်နက်နေပြီ မနက်ဖြန်ကျမှ ကိုယ်ပဲ မင်းတို့ကို ကေတီဗွီ လိုက်ပို့ပြီး ဒကာခံပါ့မယ်"

ဆွန်ဖုန်းက ဇနီးဖြစ်သူ၏ သူငယ်ချင်းများက သူ့မိန်းမကို လွှတ်ပေးမည့်ပုံ မပေါ်သည်ကို မြင်သောအခါ သူတို့ကို ပြောလိုက်လေသည်။

ဤအချိန်တွင် ဝမ်စစ်ချုံးက ဆွန်ဖုန်းကို အနည်းငယ် စိမ်းနေသည်ကို မြင်ပြီး ဆွန်ဖုန်း၏ စကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားလေသည်။

သူက ဟယ်မင်ယီကို သိသလို ဟယ်မင်ယီ အိမ်ထောင်ကျသွားပြီ ဆိုသည်ကိုလည်း သိထားလေသည်။ ဟယ်မင်ယီ ပြန်သွားမည် ဆိုလျှင် ပြဿနာ မရှိသော်လည်း သူမ ပြန်သွားပါက သူမ၏ သူငယ်ချင်းများလည်း လိုက်သွားတော့မည် ဖြစ်သည်။ ဤသူငယ်ချင်းများ အားလုံးမှာ ဟိုင်ထျန်းမြို့၏ သူဌေးသား အသိုင်းအဝိုင်းထဲမှ အလှလေးများချည်းပင် ဖြစ်သည်။ သူတို့သာ မလိုက်သွားတော့ပါက ဤ ကေတီဗွီ သွားသည့် အစီအစဉ်က ဘာအဓိပ္ပါယ် ရှိတော့မည်နည်း။

ဤနေရာတွင် လူနှစ်ဆယ်ကျော် ရှိသည့်အနက် ဤသူငယ်ချင်းအုပ်စုက မိန်းကလေး ခြောက်ယောက် ခုနစ်ယောက်ခန့် ပါဝင်နေလေသည်။ ကျန်ရှိနေသော မိန်းကလေး ခုနစ်ယောက် ရှစ်ယောက်မှာ အလွန်နည်းပါးလွန်းပြီး အရည်အသွေးကလည်း သိပ်မကောင်းလှပေ။

ထို့ကြောင့် ဝမ်စစ်ချုံးသည် ဆွန်ဖုန်း၏ စကားကို ကြားသောအခါ အနည်းငယ် မကျေမနပ် ဖြစ်သွားလေသည်။

"ဟဲဟဲ ဒီက အစ်ကိုက ဘယ်သူများလဲ"

"ဟယ်မင်ယီရဲ့ ယောကျာ်းလေ"

သူငယ်ချင်း တစ်ယောက်က ဝင်ရောက် မိတ်ဆက်ပေးလေသည်။

"ဟဲဟဲ ဒီက အစ်ကိုကတော့ ဘာမှ မသိသေးပါလား ကျွန်တော် ဒကာခံတဲ့ ကေတီဗွီ က သာမန် ကေတီဗွီ မျိုး ဘယ်ဟုတ်ပါ့မလဲ သာမန် ကေတီဗွီ မျိုးဆိုရင်တော့ သေချာပေါက် ပျော်စရာ ကောင်းမှာ မဟုတ်ဘူးလေ ကျွန်တော် ခင်ဗျားတို့ကို ဒကာခံတာက ခင်ဗျားတို့ ဘယ်လို သီချင်းမျိုး ဆိုချင်လဲဆိုတာပဲ အဲဒီသီချင်းရဲ့ မူရင်းအဆိုတော် ဟိုင်ထျန်းမြို့မှာ ရှိနေသရွေ့ ကျွန်တော်က ချက်ချင်း ခေါ်လာပြီး ကျွန်တော်တို့အတွက် လာဆိုပြခိုင်းလို့ရတယ် ခင်ဗျားတို့ ဘယ်လိုသီချင်းမျိုးကို သဘောကျကျ မူရင်းအဆိုတော်တွေ ဒီမှာ ရှိနေသရွေ့ ကျွန်တော် လုပ်ပေးနိုင်တယ် ဘယ်လိုလဲ အသစ်အဆန်း မဖြစ်ဘူးလား စိတ်လှုပ်ရှားစရာ မကောင်းဘူးလား"

ဝမ်စစ်ချုံးက အလွန် ရှိုးထုတ်ပြီး ပြောလိုက်လေသည်။

တကယ်လည်း သူ ထိုသို့ လုပ်နိုင်စွမ်း ရှိပေသည်။ မည်မျှပင် နာမည်ကြီးသည့် အဆိုတော် ဖြစ်ပါစေ သူ ခေါ်နိုင်လေသည်။ သူက ဟိုင်ထျန်းမြို့၏ နံပါတ်တစ် သူဌေးကြီး၏ သားလေ။ အခြား ဘာမှ မများသော်လည်း ပိုက်ဆံတွေကတော့ အများကြီး ရှိသည်။ သူက ပိုက်ဆံရှိလျှင် တခြားသူများ မလုပ်နိုင်သော ကိစ္စများစွာကို လုပ်နိုင်သည်ဟု အမြဲတမ်း ယုံကြည်ထားလေသည်။ ဤကဲ့သို့သော အလုပ်မျိုးကို သူ တစ်ကြိမ် လုပ်ဖူးပြီး ယနေ့ည မိန်းကလေးများကို မြှူဆွယ်ရန်အတွက် နောက်ထပ် တစ်ကြိမ် ထပ်သုံးနိုင်ပေသည်။

တကယ်ပါပဲ ဝမ်စစ်ချုံး၏ စကား ထွက်လာသည်နှင့် မိန်းကလေးများအကြား အံ့သြသံများနှင့် မျှော်လင့်ချက် ပြည့်ဝနေသော အသံများ ထွက်ပေါ်လာလေတော့သည်။

"ငါက အခုတလော နာမည်ကြီးနေတဲ့ အဆိုတော်မလေးရဲ့ သီချင်းတွေကို ကြိုက်တာ သူ အခု ဟိုင်ထျန်းမြို့မှာ ရှိမရှိတော့ မသိဘူး အကယ်၍ ရှိမယ်ဆိုရင် ငါက သူ့ကို ငါ့အတွက် ချစ်ခြင်းမေတ္တာ သီချင်းလေး တစ်ပုဒ်လောက် သီးသန့် လာဆိုပြခိုင်းချင်တယ်"

"ဟားဟား ငါသိတယ် နာမည်ကြီး အဆိုတော် တစ်ယောက် အခု ဟိုင်ထျန်းမြို့မှာ ရှိနေတယ် ဒီည သူ့ကို တွေ့ရပြီး ငါ့အတွက် သီချင်းလာဆိုပြခိုင်းလို့ ရမလား မသိဘူး ပြီးတော့ ငါနဲ့ အရက်အတူတူ သောက်ပေးနိုင်မလား"

မိန်းကလေး တစ်ယောက်က အလွန် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်လေသည်။

"ဟဲဟဲ ဒါတွေက ကိစ္စမရှိပါဘူး မင်းတို့ နားထောင်ချင်တဲ့ ဆိုချင်တဲ့ သီချင်းတွေရဲ့ မူရင်းအဆိုတော်တွေ ဟိုင်ထျန်းမြို့မှာ ရှိနေသရွေ့ ငါ သေချာပေါက် ခေါ်ပေးမယ်"

ဝမ်စစ်ချုံးက အလွန် ယုံကြည်မှု ရှိစွာဖြင့် ပြောလိုက်လေသည်။

"ညီမဇီရှီကရော ဘယ်လို သီချင်းမျိုး ဆိုချင်လဲ မသိဘူး ညီမအတွက် အစ်ကို ကြိုပြီး ခေါ်ထားပေးမယ်လေ ဘာပဲဖြစ်ဖြစ် ဒီနေ့က ညီမရဲ့ မွေးနေ့ဆိုတော့ ညီမ သဘောကျပဲလေ ဟဲဟဲ"

ဝမ်စစ်ချုံးက မျက်နှာချိုသွေးကာ ရှန်ကွမ်ဇီရှီ၏ အနားသို့ လျှောက်သွားပြီး မေးလိုက်လေသည်။

"ရောက်မှပဲ ကြည့်ကြတာပေါ့"

ရှန်ကွမ်ဇီရှီက ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။ ဤဝမ်စစ်ချုံးမှာလည်း သူမကို လိုက်နေသော ပြိုင်ဘက် အများအပြားထဲမှ တစ်ယောက် ဖြစ်ပြီး သူမကို လိုက်နေသည်မှာ နှစ်နှစ် သုံးနှစ်ခန့် ရှိပြီ ဖြစ်သည်။

"ကောင်းပြီ ဒါဆို အခုပဲ သွားကြစို့ ကျွန်တော်တို့ Private ကေတီဗွီ ကို သွားကြမယ် သွားမယ်"

ဝမ်စစ်ချုံးက ပြောလိုက်လေသည်။

"သွားကြစို့ ကျွန်မတို့လည်း လိုက်သွားပြီး မျက်စိပွင့် နားပွင့် သွားကြည့်ရအောင် ဘာပဲဖြစ်ဖြစ် ရှင်လည်း ပါတာပဲ ရှင် ကျွန်မကို အဖော်လိုက်ခဲ့ပေါ့"

ဟယ်မင်ယီက ဆွန်ဖုန်း၏ လက်ကို ဆွဲယမ်းကာ ချွဲနွဲ့၍ ပြောလိုက်လေသည်။

"ကောင်းပါပြီ ကောင်းပါပြီ သွား သွား သွား"

ဆွန်ဖုန်းက နဖူးကို တစ်ချက်ပွတ်လိုက်သည်။

ဟယ်မင်ယီက သူမ၏ သူငယ်ချင်းများနှင့် ဆုံဖို့ ခဲယဉ်းသည်ကို သိသဖြင့် သူမကို သေချာ ပျော်ရွှင်ပါစေဟု ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူအုပ်ကြီးက Private ကေတီဗွီ ဆီသို့ ဦးတည်သွားကြလေသည်။ ဤ ကေတီဗွီ မှာ ဟိုင်ထျန်းမြို့၏ အဆင့်အမြင့်ဆုံးနှင့် အခမ်းနားဆုံး ကေတီဗွီ ဖြစ်သည်။ ကျော်ကြားသူများ နာမည်ကြီး သရုပ်ဆောင်များ အဆိုတော်များနှင့် သူဌေးများပင် ဤနေရာသို့ လာရောက်ကာ သီချင်းဆိုလေ့ ရှိကြလေသည်။

သို့သော် စุန့်ကျဲ ဆိုသော လူကတော့ လိုက်မလာခဲ့ပေ။ သူက ဤကဲ့သို့သော နေရာမျိုးကို မနှစ်သက်ချေ။ ဆွန်ဖုန်းသာ မိန်းမကို အဖော်လိုက်မပေးရဘူး ဆိုလျှင် သူကိုယ်တိုင်ပင် လိုက်လာမည် မဟုတ်ပေ။ မသိကျွမ်းသော သူများနှင့် အတူတူ ကစားရသည်မှာ ဆွန်ဖုန်းအတွက် သိပ်ပြီး သက်သောင့်သက်သာ မရှိလှပေ။

ဝမ်စစ်ချုံးက ဟိုင်ထျန်းမြို့၏ နံပါတ်တစ် သူဌေးကြီး၏ သားပီပီ ဤလူနှစ်ဆယ်ကျော် ကစားရန်အတွက် အလွန် ကျယ်ဝန်းသော အကခန်းမကြီး တစ်ခုကို ငှားရမ်းလိုက်လေသည်။ ထို့အပြင် အရက်များ အချိုပွဲများနှင့် မုန့်များကိုလည်း မှာယူလိုက်လေသည်။

ပွဲကြီးပွဲကောင်း စတင်လေပြီ။

"ဟေး အားလုံးပဲ အခု သီချင်းသွားရွေးလို့ ရပါပြီ တစ်ယောက်ကို ကိုယ်အနှစ်သက်ဆုံး သီချင်း တစ်ပုဒ်စီ ရွေးကြ ပြီးရင် အဲဒီသီချင်းရဲ့ မူရင်းအဆိုတော်ကို ငါ ခေါ်လာပြီး မင်းတို့ကို လာဆိုပြခိုင်းမယ်"

ဝမ်စစ်ချုံးက လက်ကို ဝှေ့ယမ်းကာ လူတိုင်းကို အလွန် ကြီးကျယ်ခမ်းနားစွာ ပြောလိုက်လေသည်။

သို့သော် သူ ပြောနေသည်မှာ ထိုမိန်းကလေး ဆယ်ယောက်ကျော်ကို ရည်ရွယ်ပြောနေခြင်း ဖြစ်ကြောင်း သေချာလှသည်။ အထူးသဖြင့် ရှန်ကွမ်ဇီရှီ အပေါ်တွင် အဓိက အာရုံစိုက်ထားလေသည်။

တကယ်ပါပဲ ဤကစားနည်းက အနည်းငယ် ဆန်းသစ်ပြီး စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ တကယ့် သူဌေးများ၏ ကစားနည်းပင်။ ပိုက်ဆံရှိလျှင် ထင်ရာစိုင်းလို့ ရသည် မဟုတ်ပါလော။

"အာ ကျွန်မ အရင် ကျွန်မ အရင်"

အရပ်ရှည်ရှည် မိန်းကလေး တစ်ယောက်က သီချင်းရွေးသည့် နေရာသို့ ပြေးသွားကာ လီပိုင် သီချင်းကို ချက်ချင်း ရွေးလိုက်လေသည်။ ဤသီချင်းမှာ ဤတစ်နှစ်အတွင်း တော်တော်လေး နာမည်ကြီးနေပြီး နားထောင်လို့လည်း ကောင်းလှသည်။ ဤမူရင်းအဆိုတော်မှာလည်း အနည်းငယ် ချောမောသူ ဖြစ်ရာ ဤမိန်းကလေးမှာ ထိုအဆိုတော်၏ ပရိသတ် ဖြစ်မည်ဟု ခန့်မှန်းရလေသည်။

"ကျွန်မ ဒီ လီပိုင် သီချင်းကို ရွေးလိုက်ပြီ ကျွန်မ လီရုံဟောင် နဲ့ အတူတူ သီချင်းဆိုချင်တယ်"

ထိုမိန်းကလေးက သီချင်းရွေးပြီးနောက် ဝမ်စစ်ချုံး၏ ရှေ့သို့ ပြေးသွားကာ ပြောလိုက်လေသည်။

"ကောင်းပါပြီ ကျွန်တော့်ရဲ့ ညီမလေးဟွမ် ကျွန်တော် အခုချက်ချင်း လူလွှတ်ပြီး ဒီ လီရုံဟောင် ကို ခေါ်လာပေးပါ့မယ် အကယ်၍ သူ သီချင်းဆိုတာ အသံချော်သွားရင် သူ့ကို အသေသတ်ပစ်မယ်"

ဝမ်စစ်ချုံးက မိန်းကလေးဟွမ်ကို သွားဖြီးပြကာ ရယ်မောရင်း ပြောလိုက်လေသည်။

"ကောင်းပြီလေ ဒါဆို မြန်မြန် လုပ်ပါ"

တကယ်တမ်း ပြောရလျှင် ဤဝမ်စစ်ချုံးမှာ အလွန် ရှိုးထုတ်တတ်သော်လည်း အလုပ်လုပ်သည့် နေရာတွင်တော့ တော်တော်လေး သွက်လက်လှသည်။ ဤ လီရုံဟောင် မှာလည်း အတော်ပင် တိုက်ဆိုင်စွာဖြင့် ဟိုင်ထျန်းမြို့တွင် ရှိနေသဖြင့် နာရီဝက် အကြာတွင် ဤမူရင်းအဆိုတော်ကို ဝမ်စစ်ချုံးက ခေါ်လာနိုင်ခဲ့လေသည်။

တကယ်တမ်းတွင် အနုပညာရှင် အများစုမှာ ကြော်ငြာရိုက်ခြင်း၊ ရုပ်ရှင်ရိုက်ခြင်း၊ တီဗွီစီးရီး ရိုက်ခြင်း၊ ဖျော်ဖြေပွဲများ လုပ်ခြင်းနှင့် အခြား လှုပ်ရှားမှုများစွာ ပြုလုပ်နေရသဖြင့် အလွန် အလုပ်များကြလေသည်။ ဤကဲ့သို့သော သီးသန့် ဖိတ်ကြားမှုမျိုးကို သူတို့ လုံးဝ လာမည် မဟုတ်ပေ။ ဤဝမ်စစ်ချုံးက ဤ လီရုံဟောင် ကို လာရောက် ဖျော်ဖြေပေးစေရန် ပိုက်ဆံ မည်မျှ ပေးခဲ့ရသည် မသိပေ။

"မင်္ဂလာပါ အားလုံးပဲ ကျွန်တော်က လီရုံဟောင် ပါ အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်"

ဤလီရုံဟောင်က ဝင်လာသည်နှင့် ဤနေရာရှိ သူဌေးသား နှစ်ဆယ်ကျော်ကို အလွန် နှိမ့်ချပြီး ယဉ်ကျေးစွာဖြင့် နှုတ်ဆက်လေသည်။ သူက ဤနေရာရှိ လူများ အားလုံးမှာ ချမ်းသာသူများ သို့မဟုတ် အဆင့်အတန်း မြင့်မားသူများ ဖြစ်ကြောင်း သိလေသည်။ သူက နာမည်ကြီး တစ်ယောက် ဖြစ်သော်လည်း ဤလူများနှင့် ယှဉ်လျှင် အဆင့်အတန်းက တကယ်ကို မမြင့်မားလှပေ။

"ဝါး အိုင်ဒေါ တကယ်ပဲ လာတာလား ကျွန်မက ဟွမ်ရှောင်ဖေး ပါ ရှင်ဆိုတဲ့ သီချင်းတွေကို ကျွန်မ အရမ်း ကြိုက်တာပဲ လာ ကျွန်မတို့ ရှင်ဆိုထားတဲ့ လီပိုင် သီချင်းကို အတူတူ ဆိုကြမလား"

ခုနက မိန်းကလေးဟွမ်မှာ လီရုံဟောင်ကို မြင်သည်နှင့် မျက်လုံးများ အရောင်တောက်သွားပြီး ပြေးလာကာ ပြောလိုက်လေသည်။

"မင်္ဂလာပါ မစ္စဟွမ် ခင်ဗျားက အရမ်းလှတာပဲ"

လီရုံဟောင်က အလွန် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပြီး ဆက်ပြောလေသည်။

"သေချာပေါက် ရတာပေါ့ ကျွန်တော်တို့ အခုပဲ သွားဆိုကြမလား"

"ဟုတ်တယ် လာ ကျွန်မတို့ အတူတူ သွားဆိုကြမယ်"

ဤမိန်းကလေးက လီရုံဟောင်ကို ဆွဲကာ သီချင်းသွားဆိုလေတော့သည်။

မကြာမီပင် သီချင်းသံ ထွက်ပေါ်လာလေသည်။ ဤ 'လီပိုင်' သီချင်းမှာ တကယ်ကို နားထောင်လို့ ကောင်းလှသည်။ သို့သော် ဤမိန်းကလေးဟွမ်၏ အသံမှာတော့ တကယ်ကို နားထောင်လို့ မကောင်းပေ၊ ခန်းမကြီး တစ်ခုလုံးကို တစ္ဆေခြောက်နေသလိုပင်။ လီရုံဟောင်မှာ သူမနှင့် တစ်ခွန်းချင်း အလှည့်ကျ ဆိုနေရသဖြင့် အသံချော်သွားတော့မတတ် ဖြစ်နေလေသည်။

"ဟားဟား နားထောင်လို့ ကောင်းတယ် နားထောင်လို့ ကောင်းတယ်"

"ဝါး အစ်ကိုဝမ်က တကယ် စကားကြီးစကားကျယ် ပြောတာ မဟုတ်ဘူးပဲ မူရင်းအဆိုတော်ကို ချက်ချင်း ခေါ်လာနိုင်တယ် အရမ်း မိုက်တာပဲ"

"ဘယ်လိုလဲ ငါ မင်းတို့ကို မလိမ်ဘူး မဟုတ်လား လာ လာ လာ ဒုတိယ တစ်ယောက် မြန်မြန် သီချင်းရဲ့ မူရင်းအဆိုတော်ကို ပြောပြ ငါ သွားရှာပေးမယ်"

ဝမ်စစ်ချုံးက အားလုံး၏ အကြည့်များတွင် လေးစားမှုများ အပြည့် ပါဝင်နေသည်ကို မြင်သောအခါ အလွန် ကျေနပ်စွာဖြင့် ရယ်မောလိုက်လေသည်။ ဤတစ်ကြိမ် သူ ရှိုးထုတ်လိုက်သည်မှာ တကယ်ကို အလုပ်ဖြစ်သွားကြောင်း သူ သိလေသည်။

"အစ်ကိုဝမ် ကျွန်တော် အကြိုက်ဆုံး သီချင်းက 'ရေမြှုပ်' လေ အဲဒီသီချင်းရဲ့ မူရင်းအဆိုတော်က တိန့်ဇီချီ ပဲ သူက မနက်ဖြန်ည ဟိုင်ထျန်းမြို့မှာ ဖျော်ဖြေပွဲ ရှိတယ်လို့ ကြားတယ် အခု သေချာပေါက် ဟိုင်ထျန်းမြို့မှာ ရှိနေမှာပဲ သူ့ကို ခေါ်လာပြီး ကျွန်တော့်အတွက် သီချင်းလာဆိုပြခိုင်းလို့ ရမလား မသိဘူး ပြီးတော့ ကျွန်တော်နဲ့ အရက်ခွက် နည်းနည်းလောက် သောက်ပေးနိုင်ရင် ပိုကောင်းမယ်"

အရပ်ရှည်ရှည်နှင့် ကုတ်အင်္ကျီ ဝတ်ထားသော ယောကျာ်း တစ်ယောက်က ဝမ်စစ်ချုံးကို မေးလိုက်လေသည်။

"ဟား ညီလေးချန် စိတ်ချပါ ငါ အခုပဲ လူလွှတ်ပြီး ဒီ တိန့်ဇီချီ ကို သွားခေါ်ခိုင်းလိုက်မယ် ဒါက ဘာမှ မခက်ခဲပါဘူးကွာ"

ဝမ်စစ်ချုံးက ရင်ဘတ်ကို ပုတ်ကာ ဤကိစ္စကို တာဝန်ယူလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုဝမ် နောက်ပိုင်း ဘာကိစ္စပဲရှိရှိ ကျွန်တော် တတ်နိုင်သလောက် ဆိုရင် သေချာပေါက် ချက်ချင်း ရောက်လာခဲ့ပါ့မယ်"

ဤလူက ချက်ချင်းပင် ဝမ်စစ်ချုံးကို ဖားယားပြီး မြှောက်ပင့် ပြောဆိုလေတော့သည်။

ဝမ်စစ်ချုံးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဟားဟား ရတယ် ရတယ်"

တစ်နာရီကျော် ကုန်လွန်သွားသောအခါ အဆိုတော် ယောကျာ်း မိန်းမ ခုနစ်ယောက် ရှစ်ယောက်ခန့် ရောက်လာကြပြီ ဖြစ်သည်။ ထိပ်တန်းအဆင့်ရှိသော နာမည်ကျော်များ တက်သစ်စ အဆိုတော်မလေးများ နာမည်ကြီးစ အဆိုတော်များ စသည်ဖြင့် အမျိုးအစားစုံလင်လှသည်။ ဘယ်လိုပဲဖြစ်ဖြစ် နာမည်ကြီးသည် ဖြစ်စေ နာမည်မကြီးသည် ဖြစ်စေ ဝမ်စစ်ချုံးက အကုန် ခေါ်လာပေးလေသည်။

ခေါ်လာပြီး သီချင်းဆိုခိုင်းရုံသာမက အရက်ပါ အတူတူ သောက်ပေးရသေးသည်။ ထို့ကြောင့် နေရာတစ်ခုလုံးမှာ အလွန် ပျော်စရာ ကောင်းပြီး စိတ်လှုပ်ရှားစရာ ဖြစ်နေလေသည်။ အထူးသဖြင့် အမျိုးသမီး အဆိုတော်များကို ယောကျာ်းအချို့က ဝိုင်းရံကာ ဟိုမေးဒီမေး လုပ်ရင်း အရက်တိုက်နေကြသဖြင့် ဤအမျိုးသမီး အဆိုတော်များမှာ အနည်းငယ် အနေရခက်နေကြလေသည်။

ချောမောသော အမျိုးသား အဆိုတော်များမှာလည်း ယောကျာ်းရူးသွပ်နေသော မိန်းကလေး အချို့၏ ဝိုင်းရံမေးမြန်းမှုများကို ခံနေရသည်။ အဆိုးဆုံးကတော့ မိန်းကလေး တစ်ယောက်ဆိုလျှင် အရက် အနည်းငယ် မူးသွားပြီးနောက် ဤအမျိုးသား အဆိုတော်ကို သူမနှင့်အတူ အိပ်ပေးရန် တောင်းဆိုနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဤအမျိုးသား အဆိုတော်မှာ အလွန် အနေရခက်နေပြီး သဘောတူရခက် ငြင်းရခက် ဖြစ်နေလေသည်။

နောက်ဆုံးတွင် လူအများစု သီချင်းရွေးပြီးသွားသောအခါ ဝမ်စစ်ချုံးက အချိန်တန်ပြီဟု တွေးကာ ရှန်ကွမ်ဇီရှီ၏ ရှေ့သို့ ပြုံးဖြီးဖြီးဖြင့် လျှောက်သွားပြီး မေးလိုက်လေသည်။

"ဒီနေ့က ညီမက ဇာတ်လိုက်မင်းသမီးပဲ ဇီရှီ ညီမ ဘာသီချင်း နားထောင်ချင်လဲ ဒါမှမဟုတ် ဘာသီချင်း ဆိုချင်လဲ ပြောလိုက် အစ်ကို မူရင်းအဆိုတော်ကို ခေါ်ပေးမယ်"

ယနေ့ညတွင် ရှန်ကွမ်ဇီရှီလည်း အလွန် ပျော်ရွှင်နေလေသည်။ သူမက ဝမ်စစ်ချုံး၏ ဤကဲ့သို့သော ဆန်းသစ်သည့် ကစားနည်းကိုလည်း သဘောကျလေသည်။

"ကျွန်မ ကြိုက်တဲ့ သီချင်းက မင်းကို သဘောကျတယ် တဲ့ ဘီယွန်း ရဲ့ သီချင်းပဲ နှမြောစရာကောင်းတာက သူ အသက်မရှိတော့ဘူးလေ"

ရှန်ကွမ်ဇီရှီက အနည်းငယ် ဝမ်းနည်းစွာဖြင့် ပြောလိုက်လေသည်။

"အာ ဒါကတော့ တကယ်ကို ဘာမှ လုပ်လို့ မရဘူး ဘီယွန်း လည်း လူစုကွဲသွားပြီ အဓိက အဆိုတော်ကလည်း ဆုံးသွားပြီလေ နောက်တစ်ပုဒ်လောက် ပြောင်းရွေးလိုက်ပါလား"

ဝမ်စစ်ချုံးက ကြားပြီးနောက် အနည်းငယ် အနေရခက်စွာဖြင့် ပြောလိုက်လေသည်။

"ဒါဆို ဒီသီချင်းပဲ ရွေးလိုက်မယ် ရှဲ့အန်းချီ ရဲ့ ကျုံးဝူယန့် သီချင်း"

ရှန်ကွမ်ဇီရှီက ပြောလိုက်လေသည်။

"ကောင်းပြီ ဒီသီချင်းက အရမ်း နားထောင်လို့ ကောင်းတယ် အစ်ကိုလည်း အရမ်း ကြိုက်တယ် အချိန်ကျရင် အစ်ကို ညီမနဲ့ အတူတူ သီချင်းဆိုလို့ ရမလား"

ဝမ်စစ်ချုံးက အနည်းငယ် စိုးရိမ်တကြီးဖြင့် ရှန်ကွမ်ဇီရှီကို မေးလိုက်လေသည်။

"ဟဲဟဲ ရပါတယ်"

ဤတစ်ကြိမ်တွင်တော့ ရှန်ကွမ်ဇီရှီက အလွယ်တကူပင် သဘောတူလိုက်လေသည်။

"ကောင်းပြီ ကောင်းပြီ ဒါဆို အစ်ကို အခုပဲ သွားပြီး ဒီ ရှဲ့အန်းချီ ကို သွားခေါ်လိုက်ဦးမယ် သူလည်း ဟိုင်ထျန်းမြို့မှာ ရှိနေလောက်တယ်"

ဝမ်စစ်ချုံးက ရှန်ကွမ်ဇီရှီ သူ့ကို မငြင်းပယ်သည်ကို မြင်သောအခါ အလွန် တက်ကြွသွားပြီး ဤမူရင်း အမျိုးသမီး အဆိုတော်ကို ချက်ချင်း သွားခေါ်ရန် ပြင်လိုက်လေသည်။

"အာ ဒါနဲ့ ကျွန်တော်လည်း သီချင်းတစ်ပုဒ်လောက် ရွေးချင်တယ်"

ဤအချိန်တွင် ဆွန်ဖုန်းက လက်ထောင်ကာ ပြောလိုက်လေသည်။

ဝမ်စစ်ချုံးက ဆွန်ဖုန်း လက်ထောင်ပြီး သီချင်းရွေးချင်နေသည်ကို မြင်သောအခါ အနည်းငယ် လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်လေသည်။

"အစ်ကို ခင်ဗျားက ခုနက သီချင်းဆိုရတာကို မကြိုက်ဘူးဆို အခုကျမှ ဘာလို့ သီချင်းဆိုချင်နေရတာလဲ ကျွန်တော်က ကြယ်ပွင့်တွေကို ခေါ်လာနိုင်တာကို မြင်တော့မှ ခင်ဗျားက ဒီလို ဖြစ်သွားတာ မဟုတ်လား"

ဝမ်စစ်ချုံးက သူဌေး တစ်ယောက်က အဆင့်မရှိသည့် ငမွဲတစ်ယောက်ကို ကြည့်သည့် အကြည့်မျိုးဖြင့် ဆွန်ဖုန်းကို ကြည့်ကာ ပြောလိုက်လေသည်။

"အာ မဟုတ်ပါဘူး"

ဆွန်ဖုန်းက ဝမ်စစ်ချုံးက သူ့ကို ဤကဲ့သို့ ရည်ရွယ်ချက်ရှိရှိ လှောင်ပြောင်လိမ့်မည်ဟု မထင်ထားခဲ့သဖြင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားလေသည်။

'ဘာလာအထာကိုင်နေတာလဲ မင်းတစ်ယောက်တည်း ပိုက်ဆံရှိတယ် ထင်နေလား'

တကယ်တော့ ဆွန်ဖုန်းက ဤဝမ်စစ်ချုံးကို အနည်းငယ် ဒုက္ခပေးချင်နေခြင်း ဖြစ်သည်။ ဆွန်ဖုန်း၏ မျက်လုံးများက စူးရှလှသည်။ ခုနက ဤလူ မိန်းကလေးများ၏ အရက်ခွက်ထဲသို့ တိတ်တိတ်လေး ဆေးခတ်နေသည်ကို သူ မြင်လိုက်ရသည်။ သေချာပေါက် မကောင်းမှု တစ်ခုခု လုပ်ရန် ကြံစည်နေခြင်း ဖြစ်မည်။ ထို့ကြောင့် ဆွန်ဖုန်းက ဟယ်မင်ယီနှင့် သူမ၏ သူငယ်ချင်းများကို အမြန်ဆုံး ခေါ်ထုတ်သွားရန် ဆုံးဖြတ်လိုက်သည်။ အခြား မိန်းကလေးများကိုတော့ ဆွန်ဖုန်းက ဂရုမစိုက်ပေ။ ဆွန်ဖုန်းနှင့်မှ မရင်းနှီးတာကိုး။

ဤဝမ်စစ်ချုံးက ဤတစ်ကြိမ်တွင် သေချာပေါက် စေတနာ မကောင်းမှန်း သိသာလှသည်။ တစ်ခုခု လုပ်ရန် ကြံစည်နေခြင်း ဖြစ်မည်။ ဆွန်ဖုန်းက ဟယ်မင်ယီ၏ သူငယ်ချင်း နှစ်ယောက်မှာ ထိုဆေးခတ်ထားသော အရက်များကို သောက်လိုက်ပြီ ဖြစ်ကြောင်း မြင်လိုက်ရသည်။

ရုတ်တရက် ဆွန်ဖုန်း၏ မျက်လုံးများ လည်သွားပြီး ဝမ်စစ်ချုံးကို ပြောလိုက်လေသည်။

"ဘာလဲ ဝမ်စစ်ချုံး မင်းက ပိုက်ဆံမလောက်တော့လို့ ငါ့ကို သီချင်းပေးမရွေးတာလား"

ဆွန်ဖုန်းက အနည်းငယ် လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်လေသည်။

All Chapters