← Chapters

အခန်း ၃၉၅

Vol. 40 Ch. 395

အခန်း ၃၉၅

Vol. 40 Ch. 395

အခန်း ၃၉၅ - မျှော်လင့်ချက်လယ်ကွင်းပြင် သီချင်းကို ရွေးချယ်ခြင်း

တကယ်တော့ ဆွန်ဖုန်းသည် ဤကိစ္စမျိုးကို ဝင်ပါချင်စိတ် မရှိလှပေ။ သူ၏ မိန်းမကို မထိခိုက်သရွေ့ အားလုံးက အဆင်ပြေသည်။ သို့သော် ဤနေရာတွင် ဟယ်မင်ယီ၏ သူငယ်ချင်း လေးငါးယောက် ရှိနေသဖြင့် ဆွန်ဖုန်းက ဘုန်းကြီးမျက်နှာ မထောက်ရင်တောင် ကျောင်းဒကာ မျက်နှာကို ထောက်ရမည် ဆိုသကဲ့သို့ သူတို့ကို ဤအခြေအနေမှ ကယ်ထုတ်ပေးရမည် ဖြစ်သည်။ ဝမ်စစ်ချုံးက ဤကိစ္စကို လုပ်ဆောင်လာမှတော့ ဆွန်ဖုန်းကလည်း အားနာနေမည် မဟုတ်ပေ။ သူက သူများပြဿနာကို လိုက်ရှာတတ်သူတော့ မဟုတ်ပေ။ သို့သော် ဝမ်စစ်ချုံး၏ လုပ်ရပ်ကို မြင်သောအခါ သူ့ကို အနည်းငယ်လောက် ပညာပေးရန် ဆွန်ဖုန်းက ဆုံးဖြတ်လိုက်သည်။ ယနေ့ညသာ သူ ဤနေရာတွင် မရှိခဲ့ပါက သူ၏ ဇနီးသည်လည်း ထိုထောင်ချောက်ထဲ သက်ဆင်းသွားနိုင်သည် မဟုတ်ပါလော။

ဆွန်ဖုန်း၏ စကားကို ကြားလိုက်ရသောအခါ နာမည်ကြီးများကို ဖိတ်ရန် ပိုက်ဆံကုန်မည်စိုး၍ သူ့ကို သီချင်းရွေးခွင့် မပေးခြင်းဟု ပြောဆိုလာသဖြင့် သူ အလွန် မကျေမနပ် ဖြစ်သွားလေသည်။ သူက ပိုက်ဆံရှားနေသည့် လူမျိုးလား။ သူ ဝမ်စစ်ချုံးက ဘယ်သူလဲ။ တခြား ဘာမှ မများလျှင်တောင် ပိုက်ဆံကတော့ အများကြီး ရှိသည်။ သူက ပိုက်ဆံကို သုံးပြီး ဆွန်ဖုန်းကို မိနစ်ပိုင်းအတွင်း သေအောင် ပေါက်သတ်ပစ်နိုင်လေသည်။ သူ့ကို ဤမျှလောက် သရော်ရဲပြီး ရှန်ကွမ်ဇီရှီ၏ ရှေ့တွင် အရှက်ခွဲရဲသည်လား။ ဝမ်စစ်ချုံး မကျေမနပ် ဖြစ်ကာ ဒေါသထွက်သွားလေတော့သည်။

"ငါက ပိုက်ဆံမလောက်ဘူး ဟုတ်လား နောက်နေတာလား သီချင်းရွေးတာပဲလေ မင်း ရွေးလိုက် မင်းရွေးတဲ့သီချင်းက ဘုရင်အဆင့် အဆိုတော်ဆိုရင်တောင် ငါ့အတွက် ပိုက်ဆံသိပ်ကုန်မှာ မဟုတ်ဘူး"

ဝမ်စစ်ချုံးက ဆွန်ဖုန်း၏ ရှေ့သို့ လျှောက်သွားကာ မောက်မာစွာ ပြောလိုက်လေသည်။

ဝမ်စစ်ချုံးအား တစ်စုံတစ်ယောက်က အာခံရဲသည်ကို မြင်သောအခါ ဝမ်စစ်ချုံး၏ နောက်လိုက်ခွေးမြီးဆွဲများက ဆွန်ဖုန်းကို မကျေမနပ်ဖြင့် ကြည့်နေကြလေသည်။ မဆန်းပေ၊ သူတို့အားလုံးက ဆွန်ဖုန်းကို မသိကြချေ။ အကယ်၍သာ သိမည်ဆိုပါက ဤမျှလောက် မောက်မာရဲမည် မဟုတ်ပေ။ ဟိုင်ထျန်းမြို့၏ နံပါတ်တစ် သူဌေးကြီး၏ သားဖြစ်နေတော့ရော ဘာဖြစ်သနည်း။ ဆွန်ဖုန်း၏ ရှေ့တွင်တော့ အမြင်သာခံလောက်ပေသည်။ တစ်နိုင်ငံလုံး၏ နံပါတ်တစ် သူဌေးကြီး ဖြစ်နေမှသာ တစ်မျိုး ဖြစ်မည်။

"ဝမ်စစ်ချုံး မင်းက ခုနက ငါတို့ရွေးတဲ့ သီချင်းတိုင်းကို မူရင်းအဆိုတော်တွေ လာဆိုပြမယ်လို့ ပြောခဲ့တာ မဟုတ်လား အကယ်၍ ငါရွေးတဲ့ သီချင်းရဲ့ မူရင်းအဆိုတော်က လာလို့ မရဘူးဆိုရင် ဘယ်လိုလုပ်မလဲ"

ဆွန်ဖုန်းက စိတ်ဝင်တစားဖြင့် ပြောလိုက်လေသည်။

"ဆွန်ဖုန်း မင်းက ဘာသဘောလဲ ပြဿနာရှာတာလား ဟုတ်တယ်ဆိုရင်ရော ဘာဖြစ်လဲ ငါ ရှင်းရှင်းလင်းလင်း ပြောထားတယ် အဲဒီ မူရင်းအဆိုတော်တွေ ဟိုင်ထျန်းမြို့မှာ ရှိနေပြီး အသက်ရှင်နေသရွေ့ ငါ ခေါ်လာနိုင်တယ် မင်း ရွေးလိုက် ငါ မခေါ်နိုင်တဲ့ အဆိုတော်ဆိုတာ မရှိဘူး"

ဝမ်စစ်ချုံးက အထင်သေးစွာဖြင့် ပြောလိုက်လေသည်။ ဆွန်ဖုန်း၏ စကားက သူ့ကို သိသိသာသာ အထင်သေးနေမှန်း ပေါ်လွင်နေလေသည်။

"ငါ ပြဿနာရှာနေတာ မဟုတ်ဘူး အမှန်တိုင်း ပြောနေတာ ငါရွေးမယ့် သီချင်းကို မင်း ရှာမတွေ့မှာ စိုးလို့"

ဆွန်ဖုန်းက နှုတ်ခမ်းတွန့်ကာ ပြောလိုက်လေသည်။

"ငါက ရှာမတွေ့ဘူး ဟုတ်လား သွားရွေးလိုက် မင်း ရွေးပြီးတာနဲ့ ငါ အခုချက်ချင်း သွားရှာမယ် အကယ်၍ ငါ ရှာတွေ့ရင် မင်း ဘယ်လိုလုပ်မလဲ"

ဝမ်စစ်ချုံးက ကြီးကျယ်ခမ်းနားစွာဖြင့် အတင်းအကျပ် မေးလိုက်လေသည်။

"အကယ်၍ မင်း ရှာတွေ့ခဲ့ရင် ငါ Live လွှင့်ပြီး ချီးစားပြမယ်"

ဆွန်ဖုန်းကလည်း မခံချင်စိတ်ဖြင့် မတ်တပ်ရပ်ကာ ဝမ်စစ်ချုံးကို ကြည့်ပြီး အေးစက်စွာ လှောင်ပြုံးပြုံးရင်း ပြောလိုက်လေသည်။ မှန်ပါသည်။ ဆွန်ဖုန်းက အလျှော့ပေးမည် မဟုတ်ပေ။

"ကောင်းပြီ အားလုံးပဲ ကြားကြတယ် မဟုတ်လား ဒီက အစ်ကိုက ငါသာ အဆိုတော်ကို ခေါ်လာနိုင်ရင် သူ Live လွှင့်ပြီး ချီးစားမယ်တဲ့ အားလုံး သေချာ မှတ်ထားကြနော် အချိန်ကျရင် မင်းတို့ အားလုံး သက်သေလုပ်ပေးကြ"

ဝမ်စစ်ချုံးက ဆွန်ဖုန်း၏ စကားကို ကြားပြီးနောက် ချက်ချင်းပင် ရယ်မောလိုက်လေသည်။ ဤအချိန်တွင် ဆွန်ဖုန်း၏ ဦးနှောက်များ ပျက်စီးသွားပြီလား သို့မဟုတ် ရူးသွားပြီလားဟု သူ တွေးလိုက်မိသည်။ လက်ရှိ ဟိုင်ထျန်းမြို့တွင် ရှိနေသော အဆိုတော် ဆိုလျှင် သေချာပေါက် ခေါ်လာနိုင်မည်ဟု သူ ယုံကြည်လေသည်။ အသက် ခုနစ်ဆယ် ရှစ်ဆယ် အရွယ် အဘိုးကြီး ဆိုလျှင်တောင် လမ်းလျှောက်မရပါက ထမ်းပြီးတော့ ဖြစ်ဖြစ် ခေါ်လာနိုင်လေသည်။

"ကြားတယ် ကြားတယ် အကုန် ကြားတယ်"

"သောက်ကျိုးနည်း ဒီလောက်တောင် ရက်စက်တာလား ချီးစားကြေး လောင်းရအောင် ဘယ်လောက်တောင် နာကြည်းချက်တွေ ကြီးမားနေလို့လဲ"

"ငါ နားကြားများ မှားတာလား ဒီလိုဆို ဆွန်ဖုန်းက သေချာပေါက် ရှုံးမှာပဲ သူ ဖျားများနေတာလား"

ချက်ချင်းပင် သူဌေးသား နှစ်ဆယ်ကျော်က ဝိုင်းဝန်း အော်ဟစ်လိုက်ကြပြီး ရောက်ရှိနေသော အဆိုတော် ခုနစ်ယောက် ရှစ်ယောက်ကပင် ကြားပြီးနောက် ထူးဆန်းသော မျက်နှာထားများဖြင့် ပွဲကြည့်ရန် စောင့်နေကြလေသည်။

"ဆွန်ဖုန်း နင် ရူးသွားပြီလား"

ဟယ်မင်ယီက ဆွန်ဖုန်း၏ စကားကို ကြားသောအခါ သူ့အနားသို့ လျှောက်သွားပြီး သူ့လက်ကို ဆွဲကာ တိုးတိုးလေး ဆူလိုက်လေသည်။

"မိန်းမ ကိစ္စမရှိပါဘူး ကိုယ့်ကို မင်း ယုံကြည်ရမယ်လေ ကိုယ်က အဲဒီလို ချီးစားမယ့်သူမျိုးလား"

ဆွန်ဖုန်းက ဟယ်မင်ယီ၏ လက်ခုံလေးကို ပုတ်ကာ သူမကို စိတ်အေးစေရန် ပြောလိုက်လေသည်။

"နင်က သစ်တုံးခေါင်းကြီးပဲ ဒီနေ့များ အကြောဆွဲနေလို့လား ပုံမှန်ဆို အရမ်း ပါးနပ်တဲ့သူက ဒီနေ့ ဘာဖြစ်သွားတာလဲ နင်သာ ရှုံးသွားရင် နောက်ဆို တစ်သက်လုံး ငါ့ကို လာနမ်းဖို့ မစဉ်းစားနဲ့တော့"

ဟယ်မင်ယီက ဒေါသတကြီးဖြင့် သားဖြစ်သူကို ပွေ့ချီကာ တစ်ဖက်သို့ သွားထိုင်နေလိုက်လေသည်။ သို့သော် သူမ၏ သားလေးကတော့ ဤနေရာကို အတော်လေး သဘောကျနေပုံရပြီး ဆူညံသည်ကိုပင် မမှုဘဲ ပျော်ရွှင်စွာ အော်ဟစ်နေလေသည်။

ဆွန်ဖုန်းကလည်း ဟယ်မင်ယီကို အများကြီး ရှင်းမပြတော့ဘဲ ဝမ်စစ်ချုံးဘက်သို့ လှည့်ကာ ရယ်မောရင်း ပြောလိုက်လေသည်။

"ကောင်းပြီ ငါ့ရဲ့ လောင်းကြေးကို ချလိုက်ပြီ မင်းသာ အဆိုတော်ကို ခေါ်လာနိုင်ရင် ငါ Live လွှင့်ပြီး ချီးစားပြမယ် အကယ်၍ မင်းသာ ရှုံးသွားခဲ့ရင်ရော မင်း အဲဒီ မူရင်းအဆိုတော်ကို မခေါ်လာနိုင်ဘူးဆိုရင် မင်း ဘယ်လိုလုပ်မလဲ"

ဆွန်ဖုန်းက ဝမ်စစ်ချုံးကို ပြုံးဖြီးဖြီးဖြင့် ကြည့်ကာ တစ်ဖက်လူ ချီးစားရမည်ကို အပြည့်အဝ ယုံကြည်နေသည့်ပုံစံ ပေါက်နေလေသည်။

ဝမ်စစ်ချုံးကလည်း ဆွန်ဖုန်း၏ ထူးဆန်းသော အပြုံးကြောင့် ရုတ်တရက် ကြက်သေ သေသွားလေသည်။ တစ်ဖက်လူက လူအ မဟုတ်မှန်း သူ သိပြီး သေချာပေါက် ဖဲချပ်ကောင်း တစ်ခုခု ရှိနေမည်ကို ရိပ်မိလေသည်။ သို့သော် သူ ဝမ်စစ်ချုံးကလည်း အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ပေ။ သူ၏ စွမ်းရည်ဖြင့် ဤကိစ္စလေးကိုမျှ မလုပ်နိုင်ပါက ဟိုင်ထျန်းမြို့၏ နံပါတ်တစ် သူဌေးသားဟု ခံယူပြီး ဘာလုပ်တော့မည်နည်း။

‘ဇာတိကို ပြန်ပြီး လယ်သွားလုပ်နေသည်ကမှ ပိုကောင်းဦးမည်' ဟု သူ တွေးလိုက်လေသည်။

"ငါသာ ရှုံးသွားရင် ငါလည်း Live လွှင့်ပြီး ချီးစားပြမယ် ဘယ်လိုလဲ"

ဝမ်စစ်ချုံးက သွားကြိတ်ကာ ပြောလိုက်လေသည်။

"ကောင်းပြီ တကယ့် ယောကျာ်းပဲ ဝမ်စစ်ချုံးရဲ့ စကားကို အားလုံး ကြားလိုက်ကြတယ် မဟုတ်လား သေချာ ကြားလိုက်တယ်နော် အချိန်ကျရင် အားလုံးပဲ သက်သေလုပ်ပေးကြ ငါက လှည့်စားတတ်တဲ့ သူတွေကို မကြိုက်ဘူး"

ဆွန်ဖုန်းက ဟီးဟီးဟားဟား ရယ်မောရင်း ပြောလိုက်လေသည်။

"ဟွန့် ငါက အဲဒီလို လှည့်စားတတ်တဲ့ လူမျိုးလား ငါက အမြဲတမ်း ပြောတဲ့အတိုင်း လုပ်တတ်တယ် ဥပမာ ဒီနေ့ကိစ္စဆိုပါတော့ ငါ အကုန် လုပ်ပေးခဲ့တယ် မဟုတ်လား မင်းတို့အတွက် မူရင်းအဆိုတော်တွေကို ခေါ်လာပေးခဲ့တယ် မဟုတ်လား"

ဝမ်စစ်ချုံးက အလွန် အထာကိုင်ပြီး ပြောလိုက်ရာ မသိမသာပင် ကိုယ့်ကိုယ်ကိုယ် ကြော်ငြာဝင်လိုက်သလို ဖြစ်သွားပြီး သူ၏ တောက်ပသော ပုံရိပ်ကို အမှတ်ပိုတက်သွားစေလေသည်။

"ကောင်းပြီ အရမ်းကောင်းတယ်"

ဆွန်ဖုန်းက ပြုံးဖြီးဖြီးဖြင့် ခေါင်းညိတ်လိုက်သည်။ ဤဝမ်စစ်ချုံးကို သူ သေချာပေါက် ချီးစားခိုင်းမည်ပင်။

"ကောင်းပြီ ဒါဆို သွားပြီး သီချင်းရွေးတော့ ဟွန့် နည်းနည်း ခက်ခဲတာလေး ရွေးဖို့ သတိရဦးနော် မဟုတ်ရင် မင်း အရမ်းမြန်မြန်နဲ့ သနားစရာကောင်းလောက်အောင် ရှုံးသွားလိမ့်မယ်"

ဝမ်စစ်ချုံးက လှောင်ပြောင်လိုက်လေသည်။ ဆွန်ဖုန်း နိုင်မည်ဟု သူ မထင်ထားခဲ့ချေ။

"ကောင်းပြီ ဒါဆို မင်း စောင့်နေလိုက် လာ လာ လာ အားလုံးပဲ ငါ သီချင်းရွေးတာကို အတူတူ လာကြည့်ကြ မဟုတ်ရင် မင်းတို့က ငါ လှည့်စားတယ်လို့ ပြောနေကြဦးမယ် တကယ်ပဲ ဒီအဆိုတော် ရှိမရှိဆိုတာကို ကြည့်ကြတာပေါ့"

ဆွန်ဖုန်းက လူအုပ်ကြီးကို လက်ယပ်ခေါ်လိုက်ပြီးနောက် သီချင်းရွေးသည့် စက်ဆီသို့ လျှောက်သွားလေသည်။

လူတစ်စုလုံး ဝိုင်းအုံသွားကြပြီး ဆွန်ဖုန်းက မည်သည့် သီချင်းမျိုး ရွေးမည်နည်း၊ မည်သည့် အဆိုတော်မျိုးကို ရွေးမည်နည်း ဆိုသည်ကို စောင့်ကြည့်နေကြလေသည်။

ဆွန်ဖုန်းက သီချင်းရှာသည့် မျက်နှာပြင်ကို နှိပ်လိုက်ပြီးနောက် ပင်ယင် (တရုတ်အသံထွက်) ဖြင့် မျှော်လင့်ချက်လယ်ကွင်းပြင် ဟူသော သီချင်းတစ်ပုဒ်ကို တိုက်ရိုက် ရှာဖွေလိုက်လေသည်။ လူတိုင်းက ဤသီချင်းကို မြင်သောအခါ အားလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ဤသီချင်းကို လုံးဝ မသိကြသလို ဤသီချင်းက အရမ်းကို စိမ်းသက်နေသောကြောင့်ပင်။ သူတို့ တစ်ခါမှလည်း မကြားဖူးသလို မဆိုဖူးကြချေ။

"ဒီသီချင်းက ဘာသီချင်းလဲ တောရွာက သီချင်းလား ဒါမှမဟုတ် ရိုးရာသီချင်းလား"

လူအုပ်ကြီးက တီးတိုး ဆွေးနွေးနေကြလေသည်။ သို့သော် ဤဆွေးနွေးသံများမှာ သုံးစက္ကန့်ပင် မပြည့်ခင်မှာပင် ချက်ချင်း တိတ်ဆိတ်သွားလေတော့သည်။

အဘယ်ကြောင့်ဆိုသော် သူတို့က ထိုသီချင်း၏ မူရင်းအဆိုတော်မှာ နိုင်ငံတော်၏ မိခင် ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့်ပင်။

'ဘုရားရေ လက်ရှိ နိုင်ငံတော် အကြီးအကဲ၏ ဇနီး ဖြစ်နေသည်တဲ့လား….သောက်ကျိုးနည်း…’

"သောက်ကျိုးနည်း ဒီ မူရင်းအဆိုတော်က သူ ဖြစ်နေတာလား လခွမ်းပဲ သူသာဆိုရင် ဘယ်သူကများ သူ့ကို သွားခေါ်ရဲမှာလဲ သူက တကယ်လည်း ဟိုင်ထျန်းမြို့မှာ နေတာ မှန်တယ် ဒီ မျှော်လင့်ချက်လယ်ကွင်းပြင် သီချင်းရဲ့ မူရင်းအဆိုတော်ဆိုတာလည်း မှန်တယ် ဒါပေမဲ့ သူ့ရဲ့ အဆင့်အတန်းကြီးနဲ့ ဘယ်သူက သူ့ကို ဒီကို လာဖို့ ခေါ်ရဲမှာလဲ ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ မဟုတ်လား"

"သောက်ကျိုးနည်း လန့်သွားတာပဲ ငါ ဘယ်လိုလုပ် ဒါကို စဉ်းစားမမိတာလဲ ဒီအဆိုတော်က တကယ့်ကို အမိုက်စားပဲ ဘယ်လိုမှ ဖြေရှင်းလို့မရတဲ့ တည်ရှိမှုကြီးပဲ"

"သွားပါပြီ အစတုန်းက ငါတို့ အကုန်လုံးက ဆွန်ဖုန်းကို အရူးလို့ ထင်နေခဲ့ကြတာ အခုတော့ ငါတို့ကိုယ်တိုင် အရူးတွေ ဖြစ်ကုန်ပြီ သူက တကယ် နိုင်သွားပြီပဲ ဝမ်စစ်ချုံးက ဒီအဆိုတော်ကို လာဖို့ သေချာပေါက် ခေါ်ရဲမှာ မဟုတ်ဘူး ရဲဆေး ဆယ်ပုလင်းလောက် သောက်ထားရင်တောင် ခေါ်ရဲမှာ မဟုတ်ဘူး ဒါက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ မဟုတ်လား"

ချက်ချင်းပင် ခန်းမကြီးထဲရှိ လူအားလုံးက ဝမ်စစ်ချုံးကို ပြိုင်တူ ကြည့်လိုက်ကြပြီး သူ ဘာပြောမည်ကို စောင့်နေကြလေသည်။

ဤအချိန်တွင် ဆွန်ဖုန်းက ဝမ်စစ်ချုံးကို ပြုံးဖြီးဖြီးဖြင့် ကြည့်ကာ ရယ်မောရင်း ပြောလိုက်လေသည်။

"ဝမ်စစ်ချုံး ငါ ရွေးလိုက်တဲ့ သီချင်းက ဒီတစ်ပုဒ်ပဲ ဘယ်လိုလဲ မင်း အခု မူရင်းအဆိုတော်ကို သွားခေါ်လို့ ရပြီ"

'လခွမ်းပဲ ငါ့ကို အကွက်ဆင်သွားတာပဲ ဒီလူကို ငါက ဘယ်လိုလုပ် သွားခေါ်ရမှာလဲ'

ဝမ်စစ်ချုံး၏ မျက်နှာမှာ မည်းမှောင်နေလေသည်။ အစက သူ ဤသီချင်းကို မြင်လိုက်ရချိန်တွင် အလွန် စိမ်းသက်နေပြီး သူကိုယ်တိုင်လည်း မကြားဖူးသဖြင့် နာမည်မကြီးသော သီချင်းနှင့် အဆိုတော် တစ်ယောက်ဟုသာ ထင်ခဲ့မိသည်။ သို့သော် ထိုတောက်ပနေသော နာမည် သုံးလုံးကို မြင်လိုက်ရသောအခါ သူ လုံးဝ မူးမေ့သွားတော့မတတ် ဖြစ်သွားရပြီး လုံးဝ ရှော့ရသွားလေသည်။ ဤလူကို သူ ခေါ်ရဲပါ့မည်လား။

မှားသွားပြီ၊ တကယ်ကို တွက်ဆမှု မှားယွင်းသွားလေပြီ။ သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိနေသည်ဟု ထင်ခဲ့သော်လည်း ယခုတော့ ဆွန်ဖုန်း၏ တန်ပြန်တိုက်ခိုက်မှုကို အလူးအလဲ ခံလိုက်ရပြီ ဖြစ်သည်။ ရှုံးနေရာမှ ချက်ချင်းပင် အခြေအနေတွေ ပြောင်းပြန်လှန်သွားခဲ့လေပြီ။

သူက ဆွန်ဖုန်း၏ အကွက်ဆင်မှုကို ခံလိုက်ရလေပြီ။ ဟိုင်ထျန်းမြို့တွင် ဤကဲ့သို့သော အဆိုတော် တစ်ယောက် ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။ တကယ့်ကို စူပါဘုရင်မ အဆင့်ပင် ဖြစ်လေသည်။

ယခုတော့ ဝမ်စစ်ချုံးက လှည့်စားရန် ကြံစည်နေလေပြီ။ သူ့ကို တကယ်ကြီး ချီးစားခိုင်းမည်တဲ့လား၊ ဒါက လုံးဝ မဖြစ်နိုင်ပေ။ မျက်နှာပန်း မလှချင်နေပါစေ၊ သူကတော့ ချီးစားခြင်းကို လုံးဝ ရွေးချယ်မည် မဟုတ်ပေ။

"ဘာလဲ မင်းက အခု လှည့်စားတော့မလို့လား အော် ဒါနဲ့ ဒီနေရာမှာက ချီးမရှိဘူးလေ ငါ သွားပါပေးရမလား"

ဆွန်ဖုန်းက လှောင်ပြောင်သည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။

ဝမ်စစ်ချုံးက ကြားပြီးနောက် မျက်နှာမည်းမှောင်သွားကာ ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။

"ယောကျာ်း နင့်မှာ ဖဲချပ်ကောင်း ရှိနေတာကိုး ဟီးဟီး တကယ် တော်တာပဲ ဒီသီချင်းနဲ့ ဒီအဆိုတော်ကိုတောင် နင် စဉ်းစားမိတယ် အားလုံးက ဒါကို စဉ်းစားမမိကြဘူးလေ ဟားဟား နင် အရမ်း ဉာဏ်ကောင်းတာပဲ"

ဤအချိန်တွင် ဟယ်မင်ယီက သူမ၏ ယောကျာ်းက ဝမ်စစ်ချုံးကို အပြတ်အသတ် အနိုင်ယူလိုက်သည်ကို မြင်သောအခါ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေလေပြီ။

"ခုနက မင်း ဘာပြောလိုက်တာလဲ"

ဆွန်ဖုန်းက နှုတ်ခမ်းတွန့်ကာ ပြောလိုက်လေသည်။

"အာ ခုနက ငါက နင့်ကို စိတ်ပူသွားလို့လေ နားလည်လား အဲဒါက နင့်ကို ဂရုစိုက်လို့ သတိထားမိအောင် ဆူလိုက်တာပါ ကြည့်လေ အခု နင် အရှုံးကနေ အနိုင်ရသွားပြီ မဟုတ်လား"

ဟယ်မင်ယီက သူမကိုယ်သူမ ဆင်ခြေပေးလိုက်လေသည်။

"ထားလိုက်ပါတော့"

ဆွန်ဖုန်းလည်း သူမနှင့် အပြစ်မရှာချင်တော့ပေ။

"ကဲ ခုနက ငါနဲ့ ဝမ်စစ်ချုံးတို့ရဲ့ လောင်းကြေးကို အားလုံးပဲ ကိုယ်တိုင် မြင်တွေ့ ကြားသိခဲ့ရတယ်လို့ ယုံကြည်တယ် ဒါကြောင့် မင်းတို့အားလုံးက ဒီမှာရှိတဲ့ သက်သေတွေပဲ အခု မင်းတို့က သက်သေတွေအနေနဲ့ တာဝန်ကျေရမယ် မင်းတို့ ကြည့်လေ ဘယ်သူ သွားပြီး ချီးနည်းနည်းလောက် သွားယူလာပေးမလဲ"

ဆွန်ဖုန်းက မေးလိုက်လေသည်။

"အင်း အခု ငါ တစ်ခုခုမှာ Live အရင် လွှင့်လိုက်ဦးမယ် ခဏနေရင် ဝမ်စစ်ချုံး ချီးစားတာကို Live လွှင့်ရမယ်လေ အော် ဒါနဲ့ ခေါင်းစဉ်တောင် စဉ်းစားပြီးပြီ ဟိုင်ထျန်းမြို့ရဲ့ နံပါတ်တစ် သူဌေးကြီးရဲ့သား ချီးစားတာကို တိုက်ရိုက် ထုတ်လွှင့်ခြင်း လို့ ပေးမယ်"

"ဆွန်ဖုန်း အဲဒီလို မလုပ်ပါနဲ့ကွာ ခုနက ငါလည်း နောက်ပြောင်လိုက်ရုံပါ နောက်ပြောင်တာပါ ဟဲဟဲ ဒီလိုလုပ်လေ မင်း နောက်ထပ် သီချင်းတစ်ပုဒ် ပြောင်းရွေးလိုက်ပါလား လောင်းကြေးကိုလည်း ငါတို့ မလောင်းတော့ဘူးလေ ရမလား မနက်ဖြန်ညကျရင် ငါ ကိုယ်တိုင် မင်းအတွက် သီးသန့် ပွဲတစ်ပွဲ ပြင်ဆင်ပေးပါ့မယ် ဘယ်လိုလဲ"

ဝမ်စစ်ချုံးက ချီးစားရမည်ကို ဘယ်လိုလုပ် လက်ခံမည်နည်း။ ထို့ကြောင့် ဤအချိန်တွင် အရင်က မောက်မာသော ဟန်အမူအရာများ ပျောက်ကွယ်သွားပြီး မျက်နှာငယ်လေးဖြင့် ဆွန်ဖုန်းကို ညှိနှိုင်းနေလေသည်။

"ဒီလိုလုပ်လို့ သိပ်မကောင်းဘူး ထင်တယ်နော် ယောကျာ်းကောင်းတို့ရဲ့ စကားဆိုတာ သွန်ပစ်လိုက်တဲ့ ရေလိုပဲ ဘယ်လိုလုပ် ပြန်ရုပ်သိမ်းလို့ ရမှာလဲ ပြီးတော့ ဒီမှာ ကြည့်နေတဲ့သူတွေ အများကြီးပဲ သက်သေတွေလည်း အများကြီးပဲလေ မင်းက ကတိဖျက်လိုက်ရင် သိပ်မကောင်းဘူး ထင်တယ် နောက်ဆို ဘယ်သူက မင်းကို ယုံကြည်ရဲတော့မှာလဲ အချိန်ကျရင် အကုန်လုံးက မင်းကို လှည့်စားတတ်တဲ့သူလို့ သိသွားကြမှာပေါ့"

ဆွန်ဖုန်းက ဝမ်စစ်ချုံး ကတိဖျက်မည်ကို သေချာပေါက် သဘောတူမည် မဟုတ်ပေ။ သူက Live လွှင့်ဖို့ပင် အဆင်သင့် ဖြစ်နေပြီ ဖြစ်ရာ ဝမ်စစ်ချုံးကို ဤမျှလွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ချေ။

ဝမ်စစ်ချုံးသည် ဆွန်ဖုန်း၏ စကားကို ကြားသောအခါ သူ၏ မျက်နှာမှာ ချက်ချင်းပင် ခါးသီးသွားလေသည်။ အကယ်၍ ဆွန်ဖုန်းကသာ နောက်မဆုတ်ပေးပါက သူ ဘယ်လိုလုပ်ရမည်နည်း။ ဤသည်မှာ သေချာပေါက် စားရတော့မည် မဟုတ်ပါလော။ မစားလို့လည်း ခက်၊ စားလို့လည်း ခက်မည့် အခြေအနေပင်။

ဤအချိန်တွင် အစကတည်းက ဆွန်ဖုန်းနှင့် မလောင်းကြေးထပ်ခဲ့မိလျှင် ကောင်းမည်ဟု သူ နောင်တရနေလေပြီ။ လောင်းကြေးထပ်မည် ဆိုလျှင်တောင် ဘာလို့ ချီးစားကြေးကိုမှ ရွေးချယ်ခဲ့မိသနည်းဟု နောင်တရနေလေသည်။ အရက်သောက်ကြေးပဲဖြစ်ဖြစ် ခွေးလိုဟောင်ကြေးပဲဖြစ်ဖြစ် ရွေးချယ်ခဲ့လျှင် ကောင်းမည်။ ယခုတော့ သူ အလွန်အမင်း စိတ်ညစ်နေပြီး ခွေးကိုပင် သွားလုပ်ချင်စိတ် ပေါက်နေလေသည်။

"အာ အစ်ကိုရယ် ကျွန်တော့်ရဲ့ အစ်ကိုအရင်းကြီးရယ် ကျွန်တော့်ကို အဲဒီလို မလုပ်ပါနဲ့ဗျာ ဒီ ချီးစားရမယ် ဆိုတာကတော့ တကယ်ကို အရမ်းလွန်လွန်းပါတယ်ဗျာ တခြားနည်းလမ်းလေး ပြောင်းပေးလို့ မရဘူးလား"

ဝမ်စစ်ချုံးက အလွန် သနားစရာကောင်းသော အသံဖြင့် တောင်းပန်နေလေသည်။ သူ ငိုတောင် ငိုချတော့မည့်ပုံ ပေါက်နေလေသည်။

ဤအချိန်တွင် အခြားသူများ အားလုံးက ရယ်ချင်သော်လည်း မရယ်ရဲကြပေ။ အားလုံးက ဤအသိုင်းအဝိုင်းထဲတွင် အတူတူ ကစားနေကြသူများ ဖြစ်သောကြောင့်ပင်။

"ဟုတ်တယ် အစ်ကိုကြီး ခင်ဗျားရဲ့ မိန်းမကလည်း ကျွန်တော်တို့ သူဌေးသား အသိုင်းအဝိုင်းထဲကပါပဲ ဘုန်းကြီးမျက်နှာ မထောက်ရင်တောင် ကျောင်းဒကာ မျက်နှာကို ထောက်ပေးပါဗျာ ကျွန်တော်တို့က ကတိဖျက်ဖို့ မပြောပါဘူး တခြားနည်းလမ်းလေး ပြောင်းပေးလို့ မရဘူးလား ဒီ ချီးစားရမယ်ဆိုတာက တကယ်ကို လက်ခံလို့ မရနိုင်လို့ပါ"

"ဟုတ်တယ် အစ်ကိုကြီး ခွင့်လွှတ်ပေးသင့်တဲ့ နေရာမှာ ခွင့်လွှတ်ပေးလိုက်ပါဗျာ ကျေးဇူးပြုပြီး သနားပါဦး"

ဤအချိန်တွင် ဝမ်စစ်ချုံး၏ ဘေးရှိ ခွေးမြီးဆွဲ အချို့ကပါ ဝမ်စစ်ချုံးအတွက် ဝင်ရောက် တောင်းပန်ပေးကြလေသည်။

ဆွန်ဖုန်းက ကြားပြီးနောက် စဉ်းစားလိုက်သည်။ ဤကဲ့သို့ ဝမ်စစ်ချုံးကို အတင်းအကျပ် ဖိအားပေးနေခြင်းကလည်း သိပ်မကောင်းလှပေ။ ဆွန်ဖုန်းက ဝမ်စစ်ချုံးကို အနည်းငယ် ပညာပေးချင်ရုံသာ ဖြစ်ပြီး သူ၏ ယုတ်မာသော အကြံအစည်များ အောင်မြင်မသွားစေရန် တားဆီးချင်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဆွန်ဖုန်းက ယခု တခြားနည်းလမ်း ပြောင်းပြီး သူ့ကို နှိပ်စက်လို့ ရသည်။ ထို့အပြင် တစ်ဖက်လူကလည်း သူ့ကို မျက်နှာသာ ပေးရမည် ဖြစ်သည်။ အကယ်၍ သူကသာ အရမ်း အတင်းအကျပ် ဖိအားပေးလိုက်မည် ဆိုပါက ရန်သူတွေ ဖြစ်သွားနိုင်လေသည်။

"ဒါဖြင့်လည်း ငါက လူကြီးပီပီ သဘောထားကြီးပေးလိုက်ပါ့မယ်"

ဆွန်ဖုန်းက ရယ်မောရင်း ပြောလိုက်လေသည်။

ဝမ်စစ်ချုံးသည် ဆွန်ဖုန်း၏ စကားကို ကြားသောအခါ ခါးသီးနေသော မျက်နှာထားမှ ချက်ချင်းပင် အလွန်အမင်း ပျော်ရွှင်သွားလေသည်။

"အစ်ကို တကယ်လား ချီးစားတာကလွဲပြီး ဘာလုပ်ခိုင်းခိုင်း ရတယ် အစ်ကို ကျွန်တော့်ရဲ့ အစ်ကိုအရင်းကြီး ခင်ဗျားက အရမ်း သဘောကောင်းတာပဲ"

ဝမ်စစ်ချုံးက ဤကဲ့သို့ နတ်ဘုံနတ်နန်းမှ အသံမျိုးကို ကြားလိုက်ရသောအခါ အလွန် ဝမ်းသာသွားပြီး ဆွန်ဖုန်း၏ ပေါင်ကို ဖက်ကာ ငိုချတော့မတတ်ပင် ဖြစ်သွားရလေသည်။

"ကောင်းပြီ ကောင်းပြီ မင်း အရမ်းကြီးလည်း ဝမ်းသာမနေနဲ့ဦး ငါတို့ လောင်းကြေးထပ်ထားမှတော့ သေချာပေါက် အပြစ်ပေးရမှာပဲ မင်း အရမ်းစောပြီး ကြည်နူးမနေနဲ့ဦး"

ဆွန်ဖုန်းက အေးစက်စွာ ရယ်မောလိုက်လေသည်။

"ရတယ် ရတယ် ရတယ် အစ်ကို သဘောပဲ"

ဝမ်စစ်ချုံးက ဝမ်းသာမျက်ရည်များကို သုတ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။

"ကောင်းပြီ ဒီလိုဆိုရင်တော့ ငါ ပြောမယ် မင်းကို ပေးမယ့် ပြစ်ဒဏ်ကတော့ မင်းကို အရက်သောက်ခိုင်းဖို့ပဲ ဘယ်လိုလဲ"

ဆွန်ဖုန်းက ပြောလိုက်လေသည်။

"အာ အရက်သောက်ရမယ် ဟုတ်လား"

ဝမ်စစ်ချုံးက အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

"ဘာလဲ သဘောမတူဘူးလား"

ဆွန်ဖုန်းက မေးလိုက်လေသည်။

"မဟုတ်ပါဘူး မဟုတ်ပါဘူး ဘယ်လိုလုပ် သဘောမတူဘဲ နေမှာလဲ ကျွန်တော် ဒီပြစ်ဒဏ်ကို အရမ်း သဘောကျတာပေါ့"

ဝမ်စစ်ချုံး၏ ရင်ထဲတွင်တော့ အလွန်အမင်း ပျော်ရွှင်နေလေပြီ။ အစက ဆွန်ဖုန်းက သူ့ကို အခက်တွေ့စေမည့် ပြစ်ဒဏ်မျိုး ပေးမည်ဟု ထင်ခဲ့သော်လည်း အရက်သောက်ခိုင်းမည်ဟု လုံးဝ မထင်ထားခဲ့ချေ။ ဤသည်မှာ အလွန် လွယ်ကူလှသည်။ ချီးစားရမည်ထက် အဆတစ်သောင်းမက ပိုကောင်းလေသည်။ ဝမ်စစ်ချုံး၏ ရင်ထဲတွင် မပျော်ဘဲ နေမည်လား။ ဆွန်ဖုန်းကို ဒူးထောက်ပြီး ဖိနပ်တောင် သုတ်ပေးချင်စိတ် ပေါက်သွားလေသည်။

All Chapters