အခန်း ၃၉၈
Vol. 40 Ch. 398
အခန်း ၃၉၈ ယောကျ်ားရေ ကူညီပါဦး
ရှစ်ပုလင်းမြောက်ကို တစ်ဝက်ကျော်လောက် သောက်ပြီးသွားချိန်တွင်တော့ နောက်ဆုံး၌ ဝမ်စစ်ချုံးတစ်ယောက် မူးမေ့သွားလေပြီ။
လုံးဝကို အမူးလွန်သွားပြီး ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်လဲကျသွားတော့သည်။
ကိုယ့်ဘာသာအရက်သောက်ရင်း သတိလစ်သွားခြင်းပင်ဖြစ်သည်။
"ဘော့စ်ဝမ်"
ဝမ်စစ်ချုံးတစ်ယောက် မတ်တပ်ရပ်လျက် အန်နေရာမှ ချက်ချင်းပင် ပါးစပ်မှအမြှုပ်များထွက်ကာ လဲကျသွားသည်ကို မြင်သောအခါ သူ၏နောက်လိုက်ခွေးများအားလုံး စိုးရိမ်တကြီးဖြင့် ရှေ့သို့တိုးကာ သူ့ကိုတွဲထူမပြီး အခြေအနေကို စစ်ဆေးကြတော့သည်။
"ဘော့စ် ဘော့စ်"
နောက်လိုက်တစ်ယောက်က ဝမ်စစ်ချုံး၏ မျက်နှာကို လက်ဖြင့်ပုတ်၍ ခေါ်ကြည့်သော်လည်း ဝမ်စစ်ချုံးထံမှ မည်သည့်တုံ့ပြန်မှုမျှ မရရှိပေ။
ပါးစပ်မှ အမြှုပ်များထွက်ကာ မျက်လုံးများ မှိတ်ထားပြီး သတိမလည်လာတော့ချေ။
ထို့နောက် ထိုလူက ဝမ်စစ်ချုံး၏ နှာခေါင်းအောက်ရှိ အကြောကို ဖိနှိပ်ပေးသော်လည်း သတိမရလာခဲ့ပေ။
"ဘယ်သူများ လူလုပ်အသက်ရှူနည်းလေး လုပ်ပေးနိုင်မလဲ"
လူတိုင်းက ခေါင်းခါပြလိုက်ကြသည်။
ဝမ်စစ်ချုံး၏ ပါးစပ်တစ်ခုလုံး အမြှုပ်များပြည့်နေသည်ကိုမြင်လျက်နှင့် မည်သူက လုပ်ပေးချင်မည်နည်း။
အနားသို့သွားလိုက်သည်နှင့် သူတို့ပါ လိုက်အန်မိသွားနိုင်ပေသည်။
"သတိလစ်သွားတာ ဖြစ်ရမယ် ဆေးရုံကို မြန်မြန်ပို့လိုက်ကြ ဒီလောက်ပြင်းတဲ့ အရက်တွေ အများကြီးသောက်ထားတော့ သေချာပေါက် အစာအိမ်ဆေးရလိမ့်မယ် ပို့တာနောက်ကျသွားလို့ ရောဂါအခံတစ်ခုခု ကျန်ခဲ့ရင် မကောင်းဘူးလေ ဒီနေ့တော့ သူ့ကို ငါလွှတ်ပေးလိုက်ပါမယ် သူလုပ်နိုင်ခဲ့တယ်လေ သူ့ကိုယ်သူ မူးမေ့သွားတဲ့အထိ သောက်ပြီး ဆေးရုံသွားဖို့ အရည်အချင်းပြည့်မီသွားပြီပေါ့"
ဆွန်ဖုန်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။
"မင်း"
ထိုနောက်လိုက်များက ဆွန်ဖုန်းကို အမုန်းတရားများဖြင့် စိုက်ကြည့်နေကြသော်လည်း ဒေါသမထွက်ရဲကြပေ။
များမကြာမီမှာပင် သူတို့က ဆုံးဖြတ်ချက်ချလိုက်ပြီး ဝမ်စစ်ချုံးကို ဆေးရုံသို့အရင်ပို့ရန် ပြင်ဆင်လိုက်ကြတော့သည်။
နောက်ဆုံးတွင် ဝမ်စစ်ချုံးနှင့် သူ၏နောက်လိုက်တစ်သိုက် ထွက်ခွာသွားကြပြီဖြစ်သည်။
အခန်းထဲတွင် ဆွန်ဖုန်းတို့အပြင် အခြားသော ဒုတိယမျိုးဆက် သခင်လေးရှစ်ယောက် ကိုးယောက်ခန့်နှင့် အဆိုတော်များသာ ကျန်ရစ်ခဲ့တော့သည်။
ဤအချိန်တွင် ရှန်ကွမ်ဇီရှီတို့ စောစောကသောက်ထားသော အရက်ထဲမှ ဆေးအာနိသင်များက အပြည့်အဝ စတင်ပြသလာပြီဖြစ်သည်။
သူတို့တစ်ကိုယ်လုံး ပူနွေးလာပြီး အလွန်အမင်း မောပန်းနွမ်းနယ်နေကာ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေနေသကဲ့သို့ ခံစားနေရသည်။
ဆိုဖာပေါ်တွင် မိန်းကလေးခုနစ်ယောက် ရှစ်ယောက်ခန့် လှဲလျောင်းနေကြပြီး ထိုအထဲမှ လေးယောက်မှာ ဟယ်မင်ယီ၏ သူငယ်ချင်းများဖြစ်သော ရှန်ကွမ်ဇီရှီတို့အုပ်စုပင်ဖြစ်သည်။
သူတို့တစ်ယောက်ချင်းစီ၏ မျက်လုံးများမှာ အရက်မူးနေသကဲ့သို့ ရီဝေနေကြသည်။
သူတို့၏ နှုတ်ခမ်းဖျားမှ ညည်းညူသံလေးများ ထွက်ပေါ်နေပြီး လှပသောမျက်နှာလေးများမှာလည်း နီရဲနေပြီဖြစ်သည်။
ထို့အပြင် သူတို့၏လက်နှစ်ဖက်ကလည်း အသိစိတ်လွတ်ကာ ဟိုစမ်းဒီစမ်း စတင်လုပ်ဆောင်လာကြသည်။
ထိုအခြေအနေကို မြင်သောအခါ ဆေးအာနိသင် တကယ်စွမ်းပြလာပြီဖြစ်ကြောင်း ဆွန်ဖုန်း သိလိုက်သည်။
'ဟင်း သူတို့ကို ဒီကနေ ခေါ်ထုတ်သွားမှဖြစ်တော့မယ် မဟုတ်ရင်တော့ တကယ့်ကို အရှက်ကွဲစရာတွေ ဖြစ်ကုန်တော့မှာပဲ'
ဆွန်ဖုန်းက စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။
တကယ်လို့ သူသာ ထိုမိန်းကလေးများကို ဒီကနေခေါ်မသွားပါက နောက်ထပ် အချိန်အနည်းငယ်ကြာလျှင် သူတို့ အသိစိတ်လွတ်ပြီး အရှက်ကွဲစရာတွေ လုပ်မိလာနိုင်ချေရှိပေသည်။
"ယောကျာ်း ကြည့်ပါဦး ငါ့သူငယ်ချင်းတွေ ဘာဖြစ်ကုန်ကြတာလဲမသိဘူး တစ်ယောက်ချင်းစီက ကိုယ်တွေပူနေပြီး ကယောင်ကတမ်းတွေလည်း ပြောနေကြတယ် အားလုံးလည်း အဲဒီမှာ လှဲနေကြပြီ"
ထိုအချိန်တွင် ဟယ်မင်ယီက ဆွန်ဖုန်းအနားသို့ ပြေးလာကာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
အမှန်တကယ်တော့ ဟယ်မင်ယီအနေဖြင့် အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းမိနေပြီဖြစ်သည်။
သူမသူငယ်ချင်းများ ဆေးခတ်ခံလိုက်ရသည်မှာ သေချာပေသည်။
အကြောင်းမှာ သူမကိုယ်တိုင်လည်း ဆေးခတ်ခံရဖူးသည့် အတွေ့အကြုံရှိခဲ့ဖူးရာ ထိုခံစားချက်ကို သေသေချာချာ သိရှိနားလည်ထားသောကြောင့်ဖြစ်သည်။
ဒါသည် ဝမ်စစ်ချုံးတို့ လူယုတ်မာတစ်သိုက်၏ ကြံစည်မှုဖြစ်ရမည်ဟု သူမစိတ်ထဲတွင် ခန့်မှန်းမိနေသည်။
ရှန်ကွမ်ဇီရှီ၏ မွေးနေ့လိုနေ့မျိုးတွင် ဤမျှလောက် အောက်တန်းကျသော လုပ်ရပ်မျိုးကို သူတို့လုပ်ရဲလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။
ထို့ကြောင့် သူမမှာ ဒေါသထွက်လွန်း၍ သွားကြိတ်ထားမိတော့သည်။
"အများကြီး မစဉ်းစားနဲ့တော့ သူတို့ကို ဒီကနေ အရင်ဆုံးခေါ်ထုတ်သွားဖို့ပဲ ကြည့်ရအောင် သူတို့ ဆေးခတ်ခံလိုက်ရတာ သေချာတယ်"
ဆွန်ဖုန်းက ဟယ်မင်ယီ၏ နားနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ငါထင်တာလည်း အဲဒီလိုပဲ ဒါဆို အခုဘယ်လိုလုပ်ကြမလဲ သူတို့ကို ဆေးရုံပို့လိုက်ရမလား"
ဟယ်မင်ယီက တိုးတိုးလေး ပြန်မေးလိုက်သည်။
"အင်း ဒါကိုဖြေရှင်းဖို့ ငါ့မှာနည်းလမ်းရှိတယ်"
ဆွန်ဖုန်းက မျက်နှာပိုးသတ်ကာ ပြုံးလိုက်သည်။
"သောက်ကျိုးနည်း ရှင်က တစ်ယောက်တည်းနဲ့ လေးယောက်ကို ဖြေရှင်းပေးနိုင်လို့လား သူတို့က ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတွေနော် ရှင် လျှောက်မလုပ်နဲ့ ငါက သဘောမတူတာတော့ မဟုတ်ပေမယ့်"
ဟယ်မင်ယီ တစ်ယောက် လန့်သွားခဲ့သည်။
သို့သော် ပြန်တွေးကြည့်သောအခါ သူမ၏ယောကျာ်းတွင် တစ်ယောက်တည်းဖြင့် လေးယောက်ကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် စွမ်းရည်ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။
"အရူးမလေး မင်းကဘယ်တွေ လျှောက်တွေးနေတာလဲ ငါက သူတို့ကို ဖြေရှင်းပေးဖို့ နည်းလမ်းရှိတယ်လို့ပဲ ပြောတာလေ ငါကိုယ်တိုင် ဝင်ပါမယ်လို့ မပြောပါဘူး"
ဆွန်ဖုန်းက ဟယ်မင်ယီကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
ဒီကောင်မလေး ဘယ်တွေများ တွေးနေသလဲမသိပေ။
သူတို့အားလုံးက ဟယ်မင်ယီ၏ သူငယ်ချင်းများဖြစ်နေသောကြောင့် လက်ပါရန် မသင့်တော်လှပေ။
"မင်းတို့ဆက်ပြီး ပျော်ကြပါဦး သူတို့နေမကောင်းလို့ ငါအရင်ပြန်ပို့လိုက်ပါဦးမယ်"
ဆွန်ဖုန်းက ထိုအခန်းထဲရှိ လူများကို နှုတ်ဆက်လိုက်သည်။
ထို့နောက် ဆွန်ဖုန်းက တစ်ယောက်ကို ကျောပိုးကာ နောက်တစ်ယောက်ကို လက်တစ်ဖက်ဖြင့် တွဲလိုက်သည်။
ဟယ်မင်ယီကလည်း တစ်ယောက်ကိုတွဲထူမကာ ကားပါကင်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။
ကားပါကင်သို့ ရောက်ရှိပြီးနောက် ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့က သူတို့ကိုပြန်ပို့ရန် ကားတစ်စီးစီ မောင်းသွားရန် ဆုံးဖြတ်လိုက်ကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီသူငယ်ချင်းမလေးများက ကိုယ်ပိုင်ကားများဖြင့် လာခဲ့ကြခြင်းဖြစ်ရာ ကားမရှိ၍ ငှားရမည်ကို ဆွန်ဖုန်း ပူစရာမလိုတော့ပေ။
"ဘယ်ကိုသွားကြမလဲ"
ဟယ်မင်ယီက မေးလိုက်သည်။
"သူတို့ထဲက ဘယ်သူတစ်ယောက်တည်းနေတာလဲ သူ့အိမ်ကို သွားကြတာပေါ့"
ဆွန်ဖုန်းက ပြန်ဖြေလိုက်သည်။
"ဇီရှီက တစ်ယောက်တည်း နေတာလေ ဒါဆို သူ့အိမ်ကိုပဲ သွားကြမလား ဘယ်လိုလဲ"
ဟယ်မင်ယီက ပြောလိုက်သည်။
"ကောင်းပြီ သွားကြမယ် မင်းလမ်းပြ"
မကြာမီမှာပင် ဟယ်မင်ယီ၏ ဦးဆောင်မှုအောက်တွင် ဆွန်ဖုန်းက အသိစိတ်လွတ်ကာ တစ်ကိုယ်လုံး ပူနွေးနေသော မိန်းကလေးများကိုတင်၍ ရှန်ကွမ်ဇီရှီ၏ အိမ်ဆီသို့ မောင်းနှင်သွားတော့သည်။
ဟယ်မင်ယီက ရှန်ကွမ်ဇီရှီကို တင်ဆောင်သွားပြီး ဆွန်ဖုန်းကတော့ ကျန်းလန်နှင့် ရှားရှင်း၊ ရှားယွီ အမြွှာညီအစ်မနှစ်ယောက်ကို တင်ဆောင်လာခဲ့သည်။
သုံးယောက်စလုံးက မိန်းမချောလေးများဖြစ်ကြပြီး အသက်အရွယ်ကလည်း သိပ်မကြီးကြပေ။
အားလုံးက ဟယ်မင်ယီနှင့် ရွယ်တူများဖြစ်ပြီး အသက် နှစ်ဆယ့်နှစ်၊ နှစ်ဆယ့်သုံး ဝန်းကျင်ခန့်သာ ရှိကြသေးသည်။
ယခုအချိန်တွင် သူတို့ထံ၌ ယခင်က မြင့်မြတ်လှပသော သူဌေးသမီးလေးများ၏ အသွင်အပြင်မျိုး လုံးဝမရှိတော့ပေ။
တစ်ယောက်ချင်းစီက ကားထိုင်ခုံပေါ်တွင် အလောင်းကောင်များလို လှဲလျောင်းနေကြပြီး မည်သည့်အိန္ဒြေမှ မရှိကြတော့ချေ။
"အု အု အု ငါ့ခေါင်းတွေ အရမ်းမူးနေပြီ ငါ ငရဲပြည်ကိုများ ရောက်သွားတာလား အရမ်းခံရခက်နေပြီ အရမ်းပူတယ် ငါ ချော်ရည်ပူတွေကြားထဲများ ရောက်နေတာလား အရမ်းခံရခက်တယ် တစ်ကိုယ်လုံး မီးလောင်နေသလိုပဲ နာလည်းနာတယ် ယားလည်းယားတယ် အဲကွန်းမြန်မြန်ဖွင့်ပေးပါဦး"
"ဒါက ဘယ်နေရာလဲ ရိုလာကိုစတာ စီးနေရသလိုပဲ အယ် ငါယောကျာ်းချောလေးကို အိပ်မက်မက်နေတာလား ဝါး ဒီယောကျာ်းလေးက အရမ်းချောတာပဲ လာပါဦး တစ်ချက်လောက် နမ်းရအောင်"
"ငါ ရေသောက်ချင်တယ်"
ထိုအချိန်တွင် ကားပေါ်ရှိ မိန်းကလေးများမှာ စကားများကို ရှေ့နောက်မညီ ကယောင်ကတမ်းများ စတင်ပြောဆိုနေကြပြီဖြစ်သည်။
ဆေးအာနိသင်များကြောင့် တစ်ယောက်ချင်းစီမှာ ခေါင်းများမူးဝေကာ အလွန်အမင်း နေရခက်နေကြသည်။
အထူးသဖြင့် ကားမောင်းလာသည်မှာ အချိန်အတန်ကြာသွားပြီးနောက်တွင် ဆွန်ဖုန်းတစ်ယောက် ယာဉ်မောင်းဘေးခုံတွင် ထိုင်နေသော ကျန်းလန်က ပူအိုက်လာသဖြင့် သူမ၏အပေါ်ဝတ်အင်္ကျီများကို လက်ဖြင့်ဆွဲချွတ်နေသည်ကို မြင်လိုက်ရသည်။
ထိုအရာက ဆွန်ဖုန်းကို ကားမောင်းရာတွင် အာရုံစိုက်၍မရအောင် ဖြစ်စေတော့သည်။
'အကုသိုလ်တွေ အကုသိုလ်တွေ ငါက ကားကို သေချာအာရုံစိုက်မောင်းမှဖြစ်မယ် ကားမောင်းမယ် ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်'
ဆွန်ဖုန်းက နောက်ဆုံးတွင်တော့ သူ၏အကြည့်များကို အရှေ့သို့ပြန်ပို့လိုက်ပြီး ကားကိုသာ အာရုံစိုက်မောင်းနှင်နေတော့သည်။
မိနစ်နှစ်ဆယ်ကျော် ကြာပြီးနောက်တွင်တော့ ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့မှာ ရှန်ကွမ်ဇီရှီ၏ အိမ်သို့ ရောက်ရှိလာကြပြီဖြစ်သည်။
ဤအိမ်က ရှန်ကွမ်ဇီရှီ၏ ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် ရရှိထားသော သီးသန့်ဗီလာတစ်လုံးဖြစ်ပြီး ပုံမှန်အားဖြင့် သူမတစ်ယောက်တည်းသာ နေထိုင်လေ့ရှိသည်။
ကားရပ်ပြီးသွားသောအခါ ဤမိန်းကလေးလေးယောက်မှာ လုံးဝမဟန်တော့ကြောင်း ဆွန်ဖုန်း တွေ့လိုက်ရသည်။
ဆွန်ဖုန်းက သူတို့ကိုတွဲထူမကာ အထဲသို့ဝင်ရန် ပြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့က ရေဘဝဲများကဲ့သို့ သူ့အပေါ်သို့ မှီတွယ်လာကြပြီး အသိစိတ်လွတ်နေသည့် ပုံစံများ ဖြစ်နေကြတော့သည်။
"ဘာလုပ်ကြတာလဲ ဘာလုပ်ကြတာလဲ ငါ့လည်ပင်းကို လာမဖက်ကြနဲ့လေ ငါအသက်ရှူလို့ မရတော့ဘူး လခွမ်း မင်းတို့ကလည်း လေးလိုက်ကြတာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဝိတ်မချကြဘူး အသက်ကြီးလာရင် ဘယ်လိုလုပ်ကြမလဲ မသိဘူး"
နောက်ဆုံးတွင်တော့ ဆွန်ဖုန်းက ထိုမိန်းကလေးလေးယောက်ကို အိမ်၏ဧည့်ခန်းထဲသို့ ဆွဲသွင်းလာနိုင်ခဲ့ပြီး သူတို့အားလုံးကို ဆိုဖာပေါ်သို့ ပစ်တင်လိုက်သည်။
ခဏနေမှ သူတို့ကို ဆက်လက်ကိုင်တွယ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ယခုအချိန်တွင် ဆွန်ဖုန်း အနည်းငယ် ရေဆာနေပြီဖြစ်သည်။
စောစောက အရက်ဖြူပုလင်း အတော်များများကို သောက်ထားခဲ့သောကြောင့် ရေသောက်ပြီး အမူးပြေအောင် လုပ်ရဦးမည်ဖြစ်သည်။
ရှန်ကွမ်ဇီရှီ၏ အိမ်သို့ရောက်သောအခါ သားဖြစ်သူ ဆွန်ရွှေ့လေးက နိုးလာခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ဟယ်မင်ယီမှာ သားဖြစ်သူကို ပြုစုစောင့်ရှောက်ရန်နှင့် အစားအစာတစ်ခုခု ပြင်ဆင်ပေးရန် အလုပ်များသွားခဲ့သဖြင့် သူမ၏သူငယ်ချင်းများကို ဂရုစိုက်ရန် အချိန်မရှိတော့ပေ။
ဆွန်ဖုန်းက သူ့အတွက် အအေးပုလင်းတစ်ပုလင်း ယူလာကာ အမောပြေစေရန် ခပ်မြန်မြန် သောက်ချလိုက်သည်။
ဤမိန်းမလေးယောက်လုံးက တစ်ယောက်ချင်းစီ တဟင်းဟင်း ညည်းညူနေကြပြီး အသိစိတ်လွတ်နေကြသည်ကို မြင်ရသောအခါ ဆွန်ဖုန်းလည်း ဘယ်ကစပြီး ဖြေရှင်းပေးရမည်ကို စဉ်းစားနေမိသည်။
"အခု ဘယ်လိုလုပ်ကြမလဲ"
ဟယ်မင်ယီက သားဖြစ်သူကို နွားနို့နွေးနွေးလေး တိုက်ပြီးနောက် ကုတင်ပေါ်တွင် တစ်ယောက်တည်း ဆော့ကစားနေစေရန် ထားရစ်ခဲ့ပြီးနောက် မေးလိုက်သည်။
ဆွန်ရွှေ့ဆိုသည့် ကလေးလေးက စားစရာရှိပြီး ဗိုက်ဝသွားပါက ကျန်သည့်အချိန်များတွင် သူ့ဘာသာသူ အချိန်ကုန်သည်အထိ ဆော့ကစားနေနိုင်ပြီး မည်သည့်ပြဿနာမှ မရှာတတ်ပေ။
သူက အလွန်တရာ ထိန်းရလွယ်ကူပြီး အခြားသောကလေးများကဲ့သို့ ဟိုဟာပူဆာ ဒီဟာပူဆာနှင့် အမြဲတမ်း ငိုယိုနေခြင်းမျိုး လုံးဝမရှိပေ။
ထို့ကြောင့်ပင် ဟယ်မင်ယီကို နောက်ထပ်ကလေးတစ်ယောက် ထပ်မွေးချင်စိတ် ပေါက်သွားစေခဲ့သည်။
အကြောင်းမှာ ယခုအချိန်တွင် ကလေးထိန်းရသည်မှာ အလွန်လွယ်ကူလွန်းလှသည်ဟု သူမ ခံစားနေရသောကြောင့်ဖြစ်သည်။
အစပိုင်း လအနည်းငယ်သာ အနည်းငယ် ခက်ခဲခဲ့ခြင်းဖြစ်သည်။ ခုနစ်လ ရှစ်လလောက် ကြာပြီးနောက်တွင်တော့ အတော်လေး ထိန်းရလွယ်ကူသွားခဲ့ပြီဖြစ်သည်။
"သူတို့ကို သန့်စင်ခန်းထဲ ဆွဲခေါ်သွားပြီး ရေအေးနဲ့ပက်ပြီး အသိစိတ်ပြန်ဝင်အောင် လုပ်လိုက်ရင် ရပါပြီ"
ဆွန်ဖုန်းက ပြောလိုက်သည်။
ဤကဲ့သို့သော အခြေအနေမျိုး ကြုံလာရပါက ရေခဲရေဖြင့် ပက်ခြင်းက သူတို့ကို ကယ်တင်ရန် အလွယ်ကူဆုံးနည်းလမ်းပင် ဖြစ်သည်။
"ကောင်းပြီ ဒါဆို ရှင်က သူတို့ကို အထဲဆွဲသွင်းလိုက် ငါ ရေခဲသွားယူလိုက်မယ်"
ဟယ်မင်ယီနှင့် ဆွန်ဖုန်းတို့က အလုပ်ခွဲလုပ်ရန် စတင်လိုက်ကြသည်။
ဆွန်ဖုန်းက တစ်မိနစ်မျှသာ အချိန်ယူလိုက်ပြီး ထိုမိန်းမလေးယောက်ကို ရေချိုးခန်းထဲသို့ ဆွဲသွင်းသွားခဲ့သည်။
ရေချိုးခန်းထဲတွင် ကြီးမားသော ရေချိုးကန်ကြီးတစ်ခုရှိပြီး တစ်ကြိမ်လျှင် လူနှစ်ယောက် အတိအကျ ဝင်ဆံ့နိုင်သည်။
ဆွန်ဖုန်းက ထိုမိန်းမများကို ရေချိုးခန်းထဲသို့ ခေါ်သွားပြီးနောက် ရှားရှင်းနှင့် ရှားယွီ ညီအစ်မနှစ်ယောက်ကို ရေချိုးကန်ထဲသို့ အရင်ထည့်လိုက်သည်။
ထို့နောက် သူတို့၏ အပြင်ဝတ်အင်္ကျီများကို ချွတ်ပေးလိုက်သည်။
ထို့နောက်တွင်တော့ ဆွန်ဖုန်းက ရေချိုးကန်ထဲသို့ ရေအေးများ စတင်ဖွင့်ချလိုက်သည်။
ခဏနေလျှင် ရေခဲတုံးများ ထပ်ထည့်လိုက်ပါက ဆယ်မိနစ်ခန့်အကြာတွင် သူတို့ အသိစိတ်ပြန်လည်လာနိုင်မည် ဖြစ်သည်။
သေချာသည်ကတော့ ဤသည်မှာ ဆွန်ဖုန်း၏ ခန့်မှန်းချက်သာဖြစ်ပြီး ဒီလောက်မြန်မြန် အာနိသင်ပြနိုင်မပြနိုင်ကိုတော့ မသိပေ။
စမ်းကြည့်မှသာ သိနိုင်မည်ဖြစ်သည်။
အမှန်တကယ်တော့ ဟယ်မင်ယီက ဆေးရုံသို့ပို့ခြင်းက ပို၍စိတ်ချရသည်ဟု ထင်မြင်မိသည်။
သို့သော်လည်း ဤကဲ့သို့သော ကိစ္စမျိုးဖြင့် ဆေးရုံသို့ပို့ရမည်ကို တွေးလိုက်မိသောအခါ အလွန်ရှက်စရာကောင်းလွန်းလှပေသည်။
တကယ်လို့များ ဤကိစ္စသတင်း ပျံ့နှံ့သွားပါက ဂုဏ်သိက္ခာအတွက်လည်း မကောင်းနိုင်ပေ။
ရှားရှင်းနှင့် ရှားယွီ ညီအစ်မနှစ်ယောက်မှာ ရေချိုးကန်ထဲတွင် လှဲလျောင်းနေကြပြီး ပါးစပ်မှလည်း ကယောင်ကတမ်းများ ရေရွတ်နေကြသည်။
သို့သော်လည်း ဆွန်ဖုန်းက ရေချိုးကန်ထဲသို့ ရေအေးများ ဖွင့်ချလိုက်သောအခါ သူတို့နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း တုန်တက်သွားကြသည်။
"ရှီး အေးတယ် အရမ်းအေးတာပဲ အပြင်ဘက်က အရမ်းအေးတယ် ဒါပေမဲ့ ငါ့ခန္ဓာကိုယ်က အရမ်းပူနေတယ် ဒါ ဒါက ဘယ်လိုဖြစ်ရတာလဲ"
ရှားရှင်းမှာ အသိစိတ်လွတ်နေဆဲဖြစ်ပြီး လုံးဝမနိုးထလာသေးဘဲ ဗီဇအရသာ ညည်းတွားနေခြင်းဖြစ်သည်။
ဆွန်ဖုန်းက သူမ၏စကားကို ကြားပြီးနောက် စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။
'ဒါက ဒဏ္ဍာရီထဲက ရေခဲနဲ့မီး ကမ္ဘာနှစ်ထပ်ဆိုတာများလား ဟဲဟဲ တော်တော်ဆိုးသွမ်းတာပဲ'
မကြာမီမှာပင် ရေက ရေချိုးကန်၏ တစ်ဝက်ခန့်အထိ ရောက်ရှိလာခဲ့ရာ ဆွန်ဖုန်း ဆက်မဖွင့်တော့ပေ။
ဤအချိန်တွင် မိန်းကလေးနှစ်ယောက်မှာ ရေအေးထဲတွင် စိမ်ထားခံရသဖြင့် အနည်းငယ် တုံ့ပြန်မှု စတင်ရှိလာပြီး တဖြည်းဖြည်းနှင့် အသိစိတ်များ ပြန်လည်လာကြသည်။
သို့သော်လည်း သူတို့၏ခေါင်းများက မူးဝေနေဆဲဖြစ်ပြီး အသိစိတ်ကလည်း ရှင်းလင်းမှု မရှိသေးပေ။
ထိုမိန်းကလေးနှစ်ယောက်မှာ အသိစိတ်ပြန်မဝင်လာသေးဘဲ ဂဏာမငြိမ် ဖြစ်နေကြသည်။
"ရေခဲရပြီ"
ဤအချိန်မှာပင် ဟယ်မင်ယီက မီးဖိုချောင်ထဲမှ ရေခဲတုံးတစ်ဇလုံ အပြည့်သယ်ဆောင်လာခဲ့သည်။
ပုံမှန်အားဖြင့် သူဌေးအိမ်များတွင် ရေခဲလုပ်စက်များ ရှိတတ်ကြရာ ရေခဲများလည်း ရှိနေခြင်းဖြစ်သည်။
"လာ အထဲကို လောင်းထည့်လိုက် သူတို့အသိစိတ်ပြန်ဝင်လာအောင်လို့"
ဆွန်ဖုန်းက ဟယ်မင်ယီကို ရေခဲတုံးများ လောင်းထည့်ရန် အချက်ပြလိုက်သည်။
"အိုကေ"
ဟယ်မင်ယီက ဆွန်ဖုန်း၏ စကားအတိုင်း ဤရေခဲတုံးတစ်ဇလုံလုံးကို ရေချိုးကန်ထဲသို့ လောင်းထည့်လိုက်သည်။
ရေခဲတုံးများက ရေချိုးကန်ထဲသို့ ကျသွားခြင်း သို့မဟုတ် ရှားရှင်းနှင့် ရှားယွီတို့၏ ခန္ဓာကိုယ်ပေါ်သို့ ကျသွားခြင်းနှင့်အတူ ထိုရေခဲတုံးများ၏ အအေးဓာတ်က သူတို့ကို တစ်ဟုန်ထိုး တုန်ယင်သွားစေတော့သည်။
မကြာမီမှာပင် ထိုရေခဲတုံးများက တဖြည်းဖြည်း အရည်ပျော်လာကြပြီး ရေချိုးကန်ထဲရှိ ရေများမှာ ပို၍အေးစက်လာခဲ့ရာ မိန်းကလေးနှစ်ယောက်၏ ကိုယ်အပူချိန်မှာလည်း တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။
ဝမ်စစ်ချုံး ခတ်လိုက်သောဆေးမှာ အာနိသင် သိပ်မပြင်းထန်သည့် ဆေးအမျိုးအစားဖြစ်မည်ဟု ဆွန်ဖုန်း တွေးလိုက်မိသည်။ မဟုတ်ပါက ဤကဲ့သို့လုပ်ရုံဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ပေ။
ယခု ဆွန်ဖုန်းမြင်တွေ့နေရသည်က အခြေအနေ အတော်လေး ကောင်းမွန်နေပုံရသည်။
မိန်းကလေးနှစ်ယောက်၏ ခန္ဓာကိုယ်က သိပ်မပူတော့ဘဲ အသိစိတ်များလည်း အတော်လေး ပြန်လည်လာပုံရကာ အရင်လို ဟိုစမ်းဒီစမ်း မလုပ်ကြတော့ပေ။
"မြန်မြန် သူတို့ကို ရေနည်းနည်းတိုက်ပြီး အဆိပ်ဖြေလိုက်"
ဆွန်ဖုန်းက ဟယ်မင်ယီကို ထပ်ပြောလိုက်သည်။
မေ့ဆေးမိထားပါက ရေသောက်ပြီး အဆိပ်ဖြေသည်က အကောင်းဆုံးပင်ဖြစ်သည်။
"ဘာရေလဲ ရေကျက်အေးပဲမလား"
ဟယ်မင်ယီက မေးလိုက်သည်။
"အင်း ရေကျက်အေးပဲ တိုက်လိုက်ပါ"
ခဏအကြာတွင် ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့က ညီအစ်မနှစ်ယောက်ကို အသီးသီး ရေတိုက်လိုက်ကြသည်။
ထို့နောက် သူတို့ကို မိနစ်အနည်းငယ်ခန့် ဆက်စိမ်ထားစေပြီးနောက် ဆွန်ဖုန်းက သူတို့ကို ပြန်ဆယ်ယူလိုက်သည်။ ဆက်ပြီးစိမ်ထားပါက သူတို့ အအေးမိဖျားနာကုန်ကြတော့မည်ဖြစ်သည်။
ဆယ်ယူပြီးနောက် ဆွန်ဖုန်းက သူ၏မိန်းမကို သူတို့အတွက် အခန်းထဲပြန်သွားကာ သန့်ရှင်းသော အဝတ်အစားများ လဲလှယ်ပေးရန် ခိုင်းလိုက်သည်။
ထို့နောက် ဆွန်ဖုန်းက ရှန်ကွမ်ဇီရှီနှင့် ကျန်းလန်တို့ကိုလည်း အလားတူလုပ်ဆောင်ပေးကာ ဆေးအရှိန်ပြယ်အောင် လုပ်ပေးလိုက်သည်။
နောက်ထပ် ဆယ်မိနစ်ကျော် ကြာပြီးနောက်တွင်တော့ ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့ အလုပ်များပြီးစီးသွားပြီဖြစ်သည်။ ကောင်မလေးလေးယောက်စလုံးကိုလည်း အဝတ်အစားလဲပေးပြီး အခန်းထဲတွင် အိပ်စေလိုက်သည်။
"ဟင်း သူတို့ ဆေးခတ်ခံရတာ သေချာပေါက် ဝမ်စစ်ချုံးဆိုတဲ့ ခွေးမသားလုပ်တာပဲ ဒီကောင်က ဟိုင်ထျန်းမြို့ရဲ့ အသိုင်းအဝိုင်းထဲမှာ ချီးမွှေတဲ့တုတ်တစ်ချောင်းလိုပဲ ဒါကြောင့်လည်း ဒီနှစ်တွေထဲမှာ ရှန်ကွမ်ဇီရှီက သူ့အချစ်ရေးကို လက်မခံခဲ့တာ ဟွန်း ဒီတစ်ကြိမ်မှာ သူ့ရဲ့အရုပ်ဆိုးတဲ့ ပင်ကိုယ်စရိုက်ကို ဖော်ပြလာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး ငါတို့သာမရှိရင် ငါ့သူငယ်ချင်းတွေ သေချာပေါက် ဒုက္ခရောက်ကုန်တော့မှာပဲ"
ဟယ်မင်ယီက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ ယခုချက်ချင်းပင် ဆေးရုံသို့သွားကာ ဝမ်စစ်ချုံးကို တစ်ပွဲလောက် သွားချချင်စိတ် ပေါက်နေသည်။
"ဟင်း လူတွေရဲ့စိတ်က ကြောက်စရာကောင်းပါတယ်ကွာ နောက်ဆိုရင် သူတို့ကို နည်းနည်းပိုပြီး သတိထားဖို့ ပြောလိုက်ပေါ့"
ဆွန်ဖုန်းက ရယ်မောကာ ပြောလိုက်သည်။
ဤကဲ့သို့သော ကိစ္စမျိုးက ကမ္ဘာပေါ်တွင် နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေကောင်း ဖြစ်ပျက်နေမည်ဖြစ်သည်။ တကယ်လို့များ ကြုံလာခဲ့လျှင် မိမိကိုယ်တိုင် သတိမထားမိခြင်းကိုသာ အပြစ်တင်ရတော့မည်ဖြစ်သည်။
ဆွန်ဖုန်းနှင့် ဟယ်မင်ယီတို့ စကားပြောနေကြစဉ်မှာပင် ရုတ်တရက် အခန်းထဲမှ ရမ္မက်ဆန်ဆန် ညည်းတွားသံများ ထွက်ပေါ်လာသည်။
ထိုအသံမှာ ရှန်ကွမ်ဇီရှီ၏ အသံဖြစ်ရမည်ဟု ဆွန်ဖုန်း ခွဲခြားသိရှိလိုက်သည်။
"ဘာဖြစ်တာလဲ"
ဟယ်မင်ယီက သံသယဖြင့် မေးလိုက်သည်။
"အထဲဝင်ကြည့်ရင် သိရမှာပေါ့ ငါက အဆင်မပြေဘူးလေ မင်းအရင်ဝင်ကြည့်လိုက်"
ဆွန်ဖုန်းက ပြောလိုက်သည်။
"အိုကေ"
မကြာမီမှာပင် ဟယ်မင်ယီက အထဲသို့ ပြေးဝင်သွားခဲ့သည်။
သို့သော် သူမက အလွန်တရာ ဆွဲဆောင်မှုရှိသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ကုတင်ပေါ်ရှိ မိန်းမလေးယောက်မှာ ဆေးအရှိန်ကြောင့် အသိစိတ်လွတ်ကာ ဂဏာမငြိမ် ဖြစ်နေကြပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
"လခွမ်း ဆေးအာနိသင်က လုံးဝမပြယ်သွားသေးဘူးပဲ စောစောက ရေခဲရေနဲ့ပက်လိုက်တာက ခဏလေးပဲ သက်သာသွားစေတာ အခုပြန်ဖြစ်လာပြန်ပြီ"
ဟယ်မင်ယီတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားကာ ဘာဆက်လုပ်ရမည်မှန်း မသိတော့ပေ။
ဤကဲ့သို့သော အခြေအနေမျိုးဖြင့် ဆေးရုံသို့ပို့ရန် အချိန်မမီတော့ပေ။
ဒီလိုပုံစံကြီးဖြင့် ဘယ်လိုလုပ် သွားပို့လို့ရမည်နည်း။
"ယောကျာ်း မြန်မြန်ဝင်လာပြီး ကူညီပါဦး ဒီညတော့ ရှင့်ကိုပဲ အားကိုးရတော့မယ်"
ဟယ်မင်ယီက အပြင်ဘက်ရှိ ဆွန်ဖုန်းကို အော်ခေါ်လိုက်သည်။
"ဘာအခြေအနေလဲ"
ဆွန်ဖုန်းက နားမလည်စွာဖြင့် မေးလိုက်သည်။
"ရှင် ဝင်လာရင် နားလည်သွားလိမ့်မယ်"
ထို့ကြောင့် ဆွန်ဖုန်း ဝင်သွားပြီးနောက် ပြန်ထွက်မလာတော့ချေ။
ညတစ်ဝက်နီးပါးခန့် ဆေးအရှိန်ပြယ်အောင် ဖြေရှင်းပေးခဲ့ရပြီးနောက်မှသာ အိပ်မောကျသွားတော့သည်။
သောက်ကျိုးနည်း တကယ်ကို ပင်ပန်းတာပဲ။