အခန်း ၃၉၉
Vol. 40 Ch. 399
အခန်း ၃၉၉ အားဖြည့်ဖို့ ကြက်ဥကြော်ရှစ်လုံး
မနေ့ညက တစ်ညလုံး အလုပ်များခဲ့ရသည်။
မိန်းကလေးများမှာ ဆေးမိထားသောကြောင့် သာမန်အချိန်ထက် ပို၍ ဂဏာမငြိမ် ဖြစ်နေခဲ့ကြသည်။
ထို့ကြောင့် ဆွန်ဖုန်းအတွက် မိန်းကလေးလေးယောက်ကို တစ်ပြိုင်နက်တည်း ထိန်းကျောင်းနေရသကဲ့သို့ ဖြစ်ခဲ့ရသည်။
မနေ့ည ဆယ့်တစ်နာရီမှစတင်ခဲ့သော ကိစ္စမှာ မနက် ၃ နာရီ ၄ နာရီအထိ ရပ်နားခြင်းမရှိဘဲ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
ဆွန်ဖုန်းမို့သာ ဤမိန်းမလှလေးယောက်ကို သေချာ ပြုစုစောင့်ရှောက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဆွန်ဖုန်း အိပ်ရာဝင်ချိန်၌ သူ၏ခါးမှာ အနည်းငယ်ကိုက်ခဲနေသလို ခံစားလိုက်ရသည်။
ဤသည်မှာ ဆွန်ဖုန်း၏ ဘဝတစ်လျှောက်လုံးတွင် တတိယမြောက် ခါးနာဖူးခြင်းဖြစ်သည်။
ပထမနှင့် ဒုတိယအကြိမ်များက ဂျပန်နိုင်ငံရှိ ချယ်ရီပန်းဥယျာဉ်တွင် ဖြစ်ခဲ့ပြီး တတိယအကြိမ်မှာ မနေ့ညက ဖြစ်သည်။
မနေ့ညက ဟယ်မင်ယီ ပါဝင်ခဲ့ခြင်းမရှိဘဲ သားဖြစ်သူကိုသာ သွားရောက်စောင့်ရှောက်နေခဲ့သည်။
မိမိ၏ယောကျာ်းဖြစ်သူက မိမိ၏အချစ်ဆုံးသူငယ်ချင်းလေးယောက်ကို အကူအညီပေးနေရသည်ကို မြင်ရသောအခါ သူမ၏စိတ်ထဲတွင် အနည်းငယ်တော့ တစ်မျိုးဖြစ်နေခဲ့မိသည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဟယ်မင်ယီမှာ ယခုအခါ အတော်လေး နားလည်မှုရှိလာခဲ့ပြီဖြစ်ရာ ဆွန်ဖုန်းကို ဘာတစ်ခုမှ အပြစ်မဆိုခဲ့ပေ။
ထို့အပြင် ဤကိစ္စကို သူမကိုယ်တိုင်က ဆွန်ဖုန်းကို လုပ်ခိုင်းခဲ့ခြင်းဖြစ်သည်။
'ဒါက ငါ့သူငယ်ချင်းတွေကို ကယ်တင်ဖို့ ကိုယ့်ယောကျာ်းကို ငါကိုယ်တိုင် တောင်းဆိုလိုက်တာများလား'
ဟယ်မင်ယီက တိတ်တဆိတ် တွေးတောနေမိသေးသည်။
နောက်တစ်နေ့တွင် ဆွန်ဖုန်းတစ်ယောက် မနက်ဆယ်နာရီကျော်သည်အထိ အိပ်ရာမှမနိုးခဲ့ပေ။
နိုးလာပြီးနောက် ကြည့်လိုက်ရာ မိန်းကလေးလေးယောက်စလုံးကို မတွေ့ရတော့ချေ။
"အာ သောက်ကျိုးနည်း ကိုယ့်ခါးကြီးတော့ သွားပါပြီ"
ဆွန်ဖုန်းက ကုတင်ပေါ်မှထိုင်လိုက်ရာ သူ၏ခါးတစ်ဝိုက်တွင် အနည်းငယ် ကိုက်ခဲနေသေးကြောင်း သတိထားမိလိုက်သည်။
'ငါ အသက်ကြီးသွားပြီလား'
ဆွန်ဖုန်းက သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်သည်။
ဆွန်ဖုန်းက ကုတင်ခေါင်းရင်းတွင်တင်ထားသော သူ၏ဆေးလိပ်ဘူးကို စမ်းယူလိုက်ပြီး တစ်လိပ်ထုတ်ကာ မီးညှိလိုက်သည်။
ထို့နောက် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ရင်း အခန်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။
အပြင်ရောက်သည်နှင့် ဧည့်ခန်းကို တွေ့ရပြီး ဧည့်ခန်း၏ဘေးတွင်တော့ မီးဖိုချောင်နှင့် ထမင်းစားခန်းငယ်လေး ရှိနေသည်။
ဆွန်ဖုန်း ထွက်လာသည်နှင့်တစ်ပြိုင်နက် ရှန်ကွမ်ဇီရှီတို့ မိန်းကလေးလေးယောက်မှာ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် တန်းစီထိုင်နေကြသည်ကို တွေ့လိုက်ရသည်။
တီဗီလည်း မဖွင့်ထားသလို ဘာလုပ်ဖို့ ထိုင်နေကြမှန်းလည်း မသိရပေ။
ဘယ်သူမှ စကားမပြောကြဘဲ လေထုက အနည်းငယ် တိတ်ဆိတ်ငြိမ်သက်နေသည်။
"ဟိုင်း မနက်ခင်းပါ"
အသံကြားသည်နှင့် မိန်းကလေးများအားလုံးက တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြပြီး ဆွန်ဖုန်းကို စိုက်ကြည့်လိုက်ကြသည်။
သို့သော် ဆွန်ဖုန်းကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် သူတို့တစ်ယောက်ချင်းစီ၏ လှပသောမျက်နှာလေးများပေါ်၌ ရှက်သွေးဖြာမှုများ ဖြတ်ပြေးသွားသည်။
မနေ့ညက ကိစ္စများကြောင့် အနည်းငယ် အနေရခက်ကာ ရှက်ရွံ့နေကြသည်မှာ သိသာလှပေသည်။
သို့သော်လည်း ဆွန်ဖုန်းကတော့ ပေါ့ပေါ့ပါးပါးပင် နှုတ်ဆက်လိုက်သည်။
မနေ့ညက ကိစ္စနှင့်ပတ်သက်၍ ဆွန်ဖုန်း၏နားလည်ထားမှုမှာ ထိုအရာက မတတ်သာ၍ ကူညီပေးခဲ့ရခြင်းသာဖြစ်သည်။
ထို့အပြင် အားလုံးက လူငယ်တွေချည်းဖြစ်ရာ ဤကဲ့သို့သော ကိစ္စမျိုးဖြစ်ရသည်မှာလည်း အခြေအနေအရဖြစ်၍ ဘာမှပိုပြီး အလေးအနက်ထားစရာ မလိုပေ။
"မနက်ခင်းပါ"
မိန်းကလေးများက တစ်ပြိုင်နက်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။
"အင်း မင်ယီရော"
ဆွန်ဖုန်းက သူ၏မိန်းမကို မတွေ့ရသဖြင့် မေးလိုက်သည်။
'မနက်စောစောစီးစီး လူကိုမတွေ့ရတာ ဘာသဘောလဲ သူမရဲ့ သူငယ်ချင်းတွေကို မျက်နှာမပြရဲလို့များလား'
"သူ ရွှေ့ရွှေ့လေးကိုခေါ်ပြီး လမ်းလျှောက်ထွက်သွားတယ်ထင်တယ် ပြည်တွင်းက မနက်စာမစားရတာကြာပြီဆိုပြီး မနက်စာပါ သွားစားမယ်ပြောသွားတယ်"
ရှန်ကွမ်ဇီရှီက ပြန်ဖြေလိုက်သည်။
ဤနေရာတွင် ရှန်ကွမ်ဇီရှီနှင့် ဆွန်ဖုန်းက အနည်းငယ် ပို၍ရင်းနှီးမှုရှိပေသည်။
ကျန်သောသုံးယောက်မှာ မနေ့ကမှ ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်သည်။
ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာပင် ဤကဲ့သို့ အနေရခက်စရာ ကိစ္စမျိုး ဖြစ်ပွားခဲ့သောကြောင့် သူတို့အနေဖြင့် ဆွန်ဖုန်းနှင့် ဘယ်လိုဆက်ဆံရမည်ကို တကယ်ပင် မသိတော့ချေ။
ရှန်ကွမ်ဇီရှီ၏ စိတ်အခြေအနေမှာလည်း သမင်ငယ်လေးတစ်ကောင် ရင်ဘတ်ကို လာတိုက်နေသကဲ့သို့ တဒိတ်ဒိတ် ခုန်နေသည်။
သူမ၏ မွေးနေ့တွင် ဤမျှ အဓိပ္ပာယ်မရှိသော ကိစ္စမျိုး ဖြစ်ပျက်လာလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ချေ။
သို့သော် ပြောမနေနှင့်တော့ ဆွန်ဖုန်းက တကယ်ကို အရည်အချင်းရှိသူဖြစ်သည်။
စီးပွားရေးဘက်တွင် မပြောနှင့်တော့ ရုပ်ရည်ကလည်း ချောမောပေသည်။
ထိုအကြောင်းကို တွေးမိလိုက်သောအခါ ရှန်ကွမ်ဇီရှီ၏ လှပသောမျက်နှာလေးမှာ အနည်းငယ် ပို၍နီရဲလာခဲ့ပြီး မှည့်ဝင်းနေသော ပန်းသီးကြီးတစ်လုံးကဲ့သို့ ပို၍ဆွဲဆောင်မှုရှိလာခဲ့သည်။
"အော် လမ်းလျှောက်ရင်း မနက်စာသွားစားတာကိုး မင်းတို့က မသွားဘူးလား မဆာကြဘူးလား"
ဆွန်ဖုန်းက အနည်းငယ် သံသယဖြစ်စွာဖြင့် မေးလိုက်သည်။
သူ၏အမြင်တွင် ဤသူဌေးသမီးလေးများက ထမင်းဟင်း ချက်တတ်မည်မဟုတ်ဟု ထင်ထားသည်။
ယခု ဆယ်နာရီပင်ထိုးနေပြီဖြစ်ရာ သူတို့ဘာမှ စားရသေးမည်မဟုတ်ပေ။
"ကျွန်မတို့က"
"မင်းတို့ မနက်စာစားပြီးပြီလား"
ဆွန်ဖုန်းက ဆေးလိပ်သောက်ပြီးနောက် ဆေးလိပ်တိုကို လွှင့်ပစ်ရင်း မေးလိုက်သည်။
"မစားရသေးပါဘူး ရှင်နဲ့အတူစားဖို့ စောင့်နေတာ အခုပဲ မနက်စာ သွားလုပ်ကြတော့မလို့"
ကျန်းလန်က သိပ်ပြီး အနေရခက်နေပုံ မပေါ်တော့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူမက ဆွန်ဖုန်း၏ ကူညီပေးမှုကို ကျေးဇူးတင်နေပြီး ဆွန်ဖုန်းအပေါ် အနည်းငယ် သဘောကျသကဲ့သို့ ဖြစ်နေသည်။
"ဟုတ်ပါတယ်"
ကျန်မိန်းကလေးသုံးယောက်က ရှက်ရွံ့စွာဖြင့် ပြန်ဖြေလိုက်ကြသည်။
"ကောင်းပြီလေ မင်းတို့ချက်မှာလား ဒါဆို ငါအရင် မျက်နှာသွားသစ်လိုက်ဦးမယ်"
ဆွန်ဖုန်း အနည်းငယ် အံ့ဩသွားသည်။
ဒီမိန်းကလေးတွေက အိမ်ထောင်ရှင်မကောင်းလေးတွေ ဖြစ်နေတာလား။
အကြောင်းမှာ သူတို့၏သူငယ်ချင်းဖြစ်သော ဟယ်မင်ယီမှာ ထမင်းဟင်း လုံးဝမချက်တတ်သောကြောင့်ဖြစ်သည်။
"အိုကေ"
မကြာမီမှာပင် ဆွန်ဖုန်းက ရေသွားချိုးကာ မျက်နှာသစ်လိုက်သည်။
ရှန်ကွမ်ဇီရှီနှင့် အခြားမိန်းကလေးများကတော့ အုပ်စုလိုက် မီးဖိုချောင်ထဲသို့ဝင်ကာ အလုပ်များနေကြပြီဖြစ်သည်။
သူတို့ ဘာမနက်စာလုပ်နေကြမှန်းတော့ မသိရပေ။
စောစောကတည်းက ဆန်ပြုတ်တစ်အိုး ပြုတ်ထားခဲ့ပြီးဖြစ်ရာ ယခု ဟင်းရံအနည်းငယ် လုပ်လိုက်ရုံဖြင့် အဆင်ပြေပြီဖြစ်သည်။
မနက်စာက ရိုးရိုးရှင်းရှင်းပင်ဖြစ်ပြီး နွားနို့လည်း နွှေးထားပြီးဖြစ်သည်။
"ဘာဟင်းလေး ချက်ရင်ကောင်းမလဲ"
ရှားရှင်းနှင့် ရှားယွီ ညီအစ်မနှစ်ယောက်မှာ ဘာဟင်းချက်ရမည်ကို မသိတော့ပေ။
"အော် သူ့အတွက် ကြက်ဥနှစ်လုံးလောက် ကြော်ပေးလိုက်ကြမယ်လေ မနေ့ညက သူ တော်တော်လေး ပင်ပန်းထားတာကိုး"
ကျန်းလန်က အကြံပြုလိုက်သည်။
ကျန်းလန်၏စကားကြောင့် ရှန်ကွမ်ဇီရှီနှင့် ရှားရှင်းတို့ ညီအစ်မနှစ်ယောက်စလုံး မျက်နှာနီရဲသွားကြသည်။
သို့သော် မနေ့ညက ကိစ္စကို ပြန်တွေးကြည့်သောအခါ ဆွန်ဖုန်းတစ်ယောက် တကယ်ပဲ ပင်ပန်းသွားလောက်သည်ဟု ထင်မြင်မိကြသည်။
တကယ်ပဲ ကြက်ဥစားပြီး အားဖြည့်ပေးဖို့ လိုအပ်ပေသည်။
"သူ့အတွက် ကြက်ဥကို ငါပဲ ကြော်ပေးမယ်"
ကျန်းလန်က အင်္ကျီလက်ကိုပင့်တင်ကာ စတင်လုပ်ဆောင်ရန် ပြင်လိုက်သည်။
"အင်း ငါလည်း ကြော်ပေးမယ်"
"ငါလည်း ကြော်မယ်"
"ဟေးဟေး အဲဒီလိုတော့ မလုပ်ကြနဲ့လေ လူတိုင်း ကြက်ဥကြော်နေရင် အရမ်းများသွားမှာပေါ့ ဒါပေမဲ့လည်း ဟုတ်တာပဲလေ အများကြီးစားရရင် အားပိုပြည့်တာပေါ့"
ကျန်းလန်က ရယ်မောကာ ပြောလိုက်သည်။
"မဟုတ်ဘူးလေ ငါက တခြားဟင်းမှ မချက်တတ်တာ ကြက်ဥပဲ ကြော်တတ်တယ်"
ဆွန်ဖုန်း ရေချိုးပြီးနောက် ထွက်လာသောအခါ မိန်းကလေးလေးယောက်မှာ ထမင်းစားပွဲပေါ်တွင် တန်းစီထိုင်လျက် သူ့ကိုစောင့်နေကြသည်ကို မြင်လိုက်ရသည်။
တစ်ယောက်ချင်းစီက သူ့ကို လှပသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြရာ ဆွန်ဖုန်း အနည်းငယ် အနေရခက်သွားမိသည်။
ခဏနေလျှင် ဤမိန်းကလေးများ သူ့ကို ဘယ်လိုစကားပြောလာမည်ကို သူ မသိပေ။
ယခု ဟယ်မင်ယီကလည်း မရှိရာ ဆွန်ဖုန်းအနေဖြင့် ဘယ်လိုလုပ်ရမည်ကို မသိတော့ပေ။
ဘာပဲဖြစ်ဖြစ် ဒီလေးယောက်လုံးက ဟယ်မင်ယီ၏ အချစ်ဆုံးသူငယ်ချင်းများ ဖြစ်နေသည်မဟုတ်ပါလား။
မျှော်လင့်ထားသည့်အတိုင်းပင် ထမင်းစားပွဲပေါ်တွင် ဆန်ပြုတ်တစ်အိုး၊ နွားနို့နှင့် ကျန်သည်က ကြက်ဥကြော်များသာ ရှိနေပြီး အသားဟင်း တစ်ခွက်မျှမပါသည်ကို မြင်လိုက်ရသည်။
အသားမပါလျှင် ထမင်းစားမမြိန်သော ဆွန်ဖုန်းအတွက်တော့ အနည်းငယ် စိတ်ပျက်စရာပင်။
သေချာသည်ကတော့ ဤကဲ့သို့သော မနက်စာမျိုးက မိန်းကလေးများအတွက်တော့ အဆင်ပြေပေသည်။
အကြောင်းမှာ သူတို့က ဝိတ်ချချင်ကြသည်မဟုတ်ပါလား။
'သောက်ကျိုးနည်း ကြက်ဥကြော် ရှစ်လုံးကြီးများတောင် ပြီးတော့ ကြည့်ရတာ သူတို့က ခူးခပ်ပေးထားပုံရတယ် သူတို့က စားပြီးကြပြီဆိုတော့ ကျန်နေတဲ့ ရှစ်လုံးက ငါ့အတွက်များလား'
"ဆွန်ဖုန်း စားလေ ဒီကြက်ဥကြော်တွေက ကျွန်မတို့လေးယောက်လုံး ရှင်အားပြည့်အောင်လို့ ကြော်ပေးထားတာ အင်း အရသာကတော့ သိပ်ကောင်းချင်မှ ကောင်းမှာပါ"
ကျန်းလန်က ဆွန်ဖုန်းကို သွားလေးများပေါ်အောင် ပြုံးပြရင်း ပြောလိုက်သည်။
"အင်း ကောင်းပါပြီ"
ဆွန်ဖုန်း အနည်းငယ် စကားဆွံ့အသွားသည်။
ဤကြက်ဥကြော်ရှစ်လုံးထဲမှ တချို့က တူးနေပြီး မည်းတူးနေသည်ကို မြင်လိုက်ရသည်။
'ဒါကြီးက စားလို့ရပါ့မလား'
ဆွန်ဖုန်းက ပါးစပ်မှ ကောင်းပါပြီဟု ပြောလိုက်သော်လည်း သူ့အတွက် ဆန်ပြုတ်တစ်ပန်းကန် ခပ်ယူလိုက်ပြီးနောက် ဆန်ပြုတ်ကိုသာ သောက်နေလိုက်သည်။
'သောက်ကျိုးနည်း ဟင်းတစ်ခွက်မှ မပါတာ တကယ်ကို လခွမ်းပဲ'
"ဆွန်ဖုန်း ရှင်က ဘာလို့ ကြက်ဥကြော် မစားတာလဲ ကျွန်မတို့က ခူးပြီးသွားပြီ ရှင့်အတွက်ပဲ ကျန်တော့တာ ဒီရှစ်လုံးကို ရှင်ပဲစားလိုက်ပါ ယောကျာ်းလေးဆိုတော့ အများကြီး စားသင့်တယ်လေ ကျွန်မတို့က ဝိတ်ချနေတာမို့လို့"
မိန်းကလေးသုံးယောက်က ဘာမှမပြောကြဘဲ ခေါင်းငုံ့ကာ မနက်စာကိုသာ တိတ်ဆိတ်စွာ စားနေကြသည်။
ယခုအချိန်တွင် သူတို့၏စိတ်ထဲ၌ အနည်းငယ် အနေရခက်နေဆဲဖြစ်သည်။
ဆွန်ဖုန်းကို ဘယ်လိုရင်ဆိုင်ရမည်ကို မသိသလို ဆက်ပြီးတော့လည်း ဘယ်လိုရင်ဆိုင်ရမည်ကို မသိကြချေ။
ထို့ကြောင့် ကျန်းလန် တစ်ယောက်တည်းကသာ ဆွန်ဖုန်းနှင့် စကားပြောနေခြင်းဖြစ်သည်။
အမှန်တကယ်တော့ ဆွန်ဖုန်းလည်း သိထားသည်။ ဤမိန်းမလေးယောက်ထဲတွင် ကျန်းလန်တစ်ယောက်သာလျှင် မနေ့ညကကိစ္စကို ပေါ့ပေါ့ပါးပါး တွေးနိုင်ပြီး သူမတစ်ယောက်တည်းသာ ဤကိစ္စကို သိပ်ပြီးအလေးထားပုံမရပေ။
ထို့အပြင် တစ်ရက်တာ ထိတွေ့ဆက်ဆံပြီးနောက် ကျန်းလန်က ဤကဲ့သို့သော ကိစ္စမျိုးကို သိပ်ပြီး ရှေးရိုးစွဲလွန်းသူ မဟုတ်ကြောင်း ဆွန်ဖုန်း ခံစားမိသည်။
"ကောင်းပါပြီ ကောင်းပါပြီ ငါစားပါ့မယ်"
မိန်းကလေးလေးယောက်၏ အကြည့်များအောက်တွင် ဆွန်ဖုန်းလည်း မစားဘဲ မနေရဲတော့ချေ။
ယနေ့ မနက်စောစောစီးစီး သူ့အတွက် ကြက်ဥကြော်ပေးထားရာ သူသာမစားလျှင် သူတို့ကို မျက်နှာမပေးရာ ကျသွားမည်မဟုတ်ပါလား။
ထို့ကြောင့် ဆွန်ဖုန်းက အမြင်မလှသော ထိုကြက်ဥကြော်များကို ကြည့်ကာ စားရန် ဆုံးဖြတ်လိုက်ရတော့သည်။
"ကောင်းပြီ အရသာ ဘယ်လိုနေလဲ စားကြည့်လေ ရှင်ယူလိုက်တဲ့ဟာက ရှားယွီ ကြော်ထားတာ အမြင်အလှဆုံးက သူ့ဟာပဲ"
ကျန်းလန်က မိတ်ဆက်ပေးလိုက်သည်။
ဆွန်ဖုန်းက နားထောင်ရင်း တစ်ကိုက် ကိုက်စားလိုက်သည်။
ထို့နောက် သူ၏ပါးစပ်ထဲတွင် အလွန်ပြင်းထန်သော ငန်ကျိကျိအရသာကို ခံစားလိုက်ရသည်။
'သောက်ကျိုးနည်း ဒါက ဆားဘယ်လောက်တောင် ထည့်ထားတာလဲ'
ခါးနေတဲ့အထိကို ငန်နေသည်။
ယခုအချိန်တွင် ဆွန်ဖုန်း အလုပ်ချင်ဆုံးအရာမှာ ပါးစပ်ထဲမှ ကြက်ဥကြော်ကို ပြန်အန်ထုတ်ပြီး ရေသောက်ကာ ပလုတ်ကျင်းချင်စိတ်ပင်ဖြစ်သည်။
'သောက်ကျိုးနည်း ဒါက အစားအစာ အတုအယောင်ကြီးပဲ တကယ်ပါပဲ ဒီသူဌေးသမီးလေးတွေက မိတ်ကပ်လိမ်းပြီး ဈေးဝယ်ထွက်ဖို့လောက်ပဲ တတ်ကြတာ သူတို့ကို ထမင်းဟင်း ချက်ခိုင်းရင် လူကို ဆေးရုံရောက်အောင် လုပ်လိုက်သလို ဖြစ်သွားနိုင်တယ်'
"ဘယ်လိုလဲ အရသာ ဘယ်လိုနေလဲ"
ဆွန်ဖုန်းတစ်ယောက် သန့်စင်ခန်းသွားပြီး ဒီအရာကို အန်ထုတ်ပစ်ရမလားဟု စဉ်းစားနေစဉ်မှာပင် ရှားယွီက သူ့ကို မျှော်လင့်ချက်အပြည့်ပါသော မျက်နှာလေးဖြင့် ကြည့်ကာ သတိတကြီး မေးလိုက်သည်ကို မြင်လိုက်ရသည်။
မျက်ရည်ဝဲနေသော မျက်လုံးဝိုင်းကြီးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
ထိုအရာက ဆွန်ဖုန်းကို ရက်စက်စွာ မပြောရက်အောင် ဖြစ်သွားစေသည်။
'သောက်ကျိုးနည်း လိမ်ပြောရတော့မယ့် အနေအထားပဲ'
"အင်း အရသာ မဆိုးပါဘူး အဆင်ပြေပါတယ် ဆက်ကြိုးစားပေါ့"
ဆွန်ဖုန်းက ရှားယွီကို လက်မထောင်ပြလိုက်သည်။
'သောက်ကျိုးနည်း လိပ်ပြာမလုံဘဲ စကားပြောနေရတာ မိုးကြိုးများပစ်ခံရမလား မသိဘူး'
"တကယ်လား ဒါဆို နောက်ရက်နည်းနည်းကြာရင် ညီမ ဖေဖေနဲ့ မေမေကို ကြော်ကျွေးရမယ် ဟီးဟီး"
အသက် ၂၀ အရွယ် ရှားယွီလေးမှာ ဆွန်ဖုန်း၏ အသိအမှတ်ပြုမှုကို ရရှိပြီးနောက် ရလဒ်ကောင်းတစ်ခု ရလိုက်သကဲ့သို့ အလွန်စိတ်လှုပ်ရှားသွားသည်။
ဤရှားယွီဆိုသည့် ကောင်မလေးက တက္ကသိုလ်ကျောင်းသူလေး ဖြစ်ရမည်ဟု ဆွန်ဖုန်း ခန့်မှန်းမိသည်။
ရုပ်ရည်ကလည်း အတော်လေးလှပရာ ကျောင်းတွင် ကျောင်းမယ် မဟုတ်လျှင်တောင် မေဂျာမယ်အဆင့်တော့ ရှိမည်မှာ သေချာသည်။
သူမက ဖခင်နှင့် မိခင်ကိုပါ ကြက်ဥကြော်ကျွေးမည်ဟု ကြားလိုက်ရသောအခါ ဆွန်ဖုန်းတစ်ယောက် တိတ်တဆိတ် တွန့်တက်သွားမိသည်။
ထိုအချိန်ရောက်လျှင် မည်သို့ဖြစ်မည်ကို သူ မြင်ယောင်ကြည့်နိုင်သည်။
သူမ၏မိဘများကရော သူ့လိုမျိုး လိမ်ပြောကြမည်လား မပြောကြဘူးလား ဆိုသည်ကိုတော့ မသိတော့ပေ။
"လာ ကျွန်မဟာလေးလည်း မြည်းကြည့်ပါဦး"
ကျန်းလန်က သူမကြော်ထားသည့် ကြက်ဥကြော်ကို ဆွန်ဖုန်းထံသို့ ခပ်ထည့်ပေးလိုက်သည်။
"အင်း မြည်းကြည့်မယ်လေ"
ဤအချိန်တွင် ဆွန်ဖုန်းမှာ ငိုချင်လျက် လက်သီးဆုပ်နေရသကဲ့သို့ ဖြစ်နေပြီဖြစ်သည်။
နောက်ဆုံးတွင်တော့ ဆွန်ဖုန်းက နာရီဝက်တိတိ အချိန်ယူကာ ဤကြက်ဥကြော်ရှစ်လုံးစလုံးကို ကုန်စင်အောင် စားသောက်လိုက်ရသည်။
တစ်ဖဲ့မျှပင် မချန်ထားခဲ့ချေ။
နောက်ဆုံးတွင် ဆွန်ဖုန်းက ကြက်ဥကြော်များကို ကုန်စင်အောင် စားသောက်ပြီးသွားသောအခါ မိန်းကလေးများအားလုံး ပျော်ရွှင်သွားကြပြီး တဟားဟား ရယ်မောနေကြတော့သည်။
သို့သော် ဆွန်ဖုန်း၏ စိတ်ထဲတွင်တော့ ငိုချင်နေပြီဖြစ်သည်။
တကယ့်ကို ပြိုင်ဘက်ကင်း အစားအစာအတုအယောင်ကြီးပင်ဖြစ်သည်။
စားသောက်ပြီးနောက် ဆွန်ဖုန်းနှင့် မိန်းကလေးများ ဧည့်ခန်းထဲတွင် ထိုင်နေကြသည်။
ထိုင်လိုက်သည်နှင့် လေထုက အနည်းငယ် အနေရခက်လာကြောင်း ဆွန်ဖုန်း သတိထားမိလိုက်သည်။
ကျန်းလန်က မျက်လုံးလေး ကလယ်ကလယ်ဖြင့် ဆွန်ဖုန်းနှင့် တစ်ခါတစ်ရံ နောက်ပြောင်လိုက် စကားစမြည်ပြောလိုက် လုပ်နေသည်မှလွဲ၍ ကျန်မိန်းကလေးသုံးယောက်မှာ ဘာစကားမှ မပြောကြချေ။
ယခုအချိန်တွင် သူတို့စိတ်ထဲ၌ ဘာတွေတွေးနေကြသလဲဆိုသည်ကို ဆွန်ဖုန်း သိရှိနေသည်။
ဘာပဲဖြစ်ဖြစ် မနေ့ညက ကိစ္စများ ဖြစ်ပျက်ခဲ့ပြီဖြစ်ရာ သူရှင်းပြဖို့ လိုအပ်သည်ဟု သူခံစားမိသည်။
"အင်း ဒီလိုပါ မနေ့ညကကိစ္စက ငါလည်း မတတ်သာလို့ ကူညီပေးခဲ့ရတာပါ မင်းတို့တွေ အရမ်းကြီး စိတ်ထဲမထားပါနဲ့လို့ မျှော်လင့်ပါတယ် ငါဆိုလိုချင်တာက မနေ့ညက ကိစ္စကို အကုန်မေ့ပစ်လိုက်မယ်ဆိုရင်လည်း ရပါတယ် ဘယ်လိုသဘောထားမလဲ ဆိုတာကတော့ မင်းတို့ဘာသာ ဆုံးဖြတ်ကြပါ ငါနောက်တစ်ခေါက် ထပ်ပြောပါရစေ မနေ့ညက ကိစ္စကို ငါတမင်သက်သက် လုပ်ခဲ့တာ တကယ်မဟုတ်ပါဘူး"
ဆွန်ဖုန်းက လက်နှစ်ဖက်ကို ဖြန့်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ကျွန်မကတော့ ကိစ္စမရှိပါဘူး နောက်ဆိုရင်လည်း သူငယ်ချင်းတွေလိုပဲ ဆက်နေကြတာပေါ့ သူတို့သုံးယောက်ကတော့ ဘယ်လိုလဲ မသိဘူး"
ကျန်းလန်က ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်လေသည်။ သူမက ဆွန်းဖုန်းနှင့် အတူနေမည် မဟုတ်ပေ။ အလွန်ဆုံး တစ်ခါတစ်ရံ ဆွန်းဖုန်းကို လာရှာပြီး ပျော်ပါးရုံသာဖြစ်သည်။
သို့သော် ရှန်ကွမ်းဇီရှီးတို့ကတော့ မတူညီပေ။ သူတို့အတွက်က ပထမဆုံးအကြိမ် ဖြစ်နေသောကြောင့် ယခုအချိန်တွင် သူတို့စိတ်ထဲ၌ ဘယ်လိုတွေးနေကြမည်ကို မသိနိုင်ချေ။
"ကျွန်မ ... ကျွန်မကတော့ ဘာမှမဖြစ်ခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါမယ် ... ကျွန်မတို့ ... သူငယ်ချင်းတွေလိုပဲ နေကြတာပေါ့"
ရှန်ကွမ်းဇီရှီးက စကားပြောရန် တုံ့ဆိုင်းနေသော်လည်း သူမ ပြောလိုက်သည်။ ဆွန်းဖုန်းနှင့် သူမ အတူနေမည် မဟုတ်ပေ။ မနေ့ညက ကိစ္စကို လှပသော နားလည်မှုလွဲမှားခြင်းတစ်ခု အဖြစ်သာ သတ်မှတ်လိုက်မည်ဖြစ်သည်။
"အင်း ... မင်းတို့ရဲ့ ရွေးချယ်မှုကို ငါ လေးစားပါတယ်"
ဆွန်းဖုန်းတစ်ယောက် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ အမှန်အတိုင်းပြောရလျှင် ကျန်းလန်နှင့် ရှန်ကွမ်းဇီရှီးတို့ကို သူ သိပ်ပြီးသဘောမကျပေ။
ယခု ကျန်နေသည်က ရှားရှင်းနှင့် ရှားယွီ အမြွှာညီအစ်မနှစ်ယောက်သာ ဖြစ်သည်။ ညီအစ်မနှစ်ယောက်က အမြွှာပီပီ ရုပ်ရည်က တစ်ပုံစံတည်းနီးပါး တူညီကြသည်။ သို့သော် အစ်မဖြစ်သူက အနည်းငယ် အရပ်ပိုရှည်ပြီး နှစ်စင်တီမီတာ၊ သုံးစင်တီမီတာခန့် ပိုမြင့်သည်။ ညီမဖြစ်သူ ရှားယွီကတော့ အနည်းငယ် အရပ်ပုသော်လည်း ၁.၆၅ မီတာခန့်ရှိရာ ပုသည်ဟုတော့ မဆိုနိုင်ပေ။ ဤမိန်းကလေးနှစ်ယောက်ကို ဆွန်းဖုန်း အတော်လေး သဘောကျမိရာ ယခုအချိန်တွင် သူတို့စိတ်ထဲ၌ ဘယ်လိုတွေးနေကြမည်ကို မသိပေ။
"မနေ့ညက ကိစ္စအတွက် ကျွန်မတို့ညီအစ်မနှစ်ယောက်လုံး မေ့ပစ်လိုက်ပါပြီ ... ကျွန်မတို့က ကျောင်းတက်နေရတုန်းဆိုတော့ အများကြီး မတွေးချင်ပါဘူး"
ရှားယွီက ပြန်မဖြေဘဲ အစ်မဖြစ်သူ ရှားရှင်း တစ်ယောက်တည်းကသာ ဝင်ဖြေလိုက်သည်။
"အင်း"
ဆွန်းဖုန်းက ဝမ်းသာခြင်း ဝမ်းနည်းခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။ ဤသို့ဖြင့် မနေ့ညက ရှုပ်ထွေးမှုများက နောက်ဆုံးတွင် ရလဒ်တစ်ခု ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ နောင်တွင် သူတို့၏ ဆက်ဆံရေးက ဘယ်လိုပြောင်းလဲသွားမည်ကို မသိနိုင်သော်လည်း အနည်းဆုံးတော့ ယခုအချိန်၌ နှစ်ဖက်စလုံးက သူငယ်ချင်းများ ဖြစ်နေကြဆဲဖြစ်သည်။
သူတို့က ဟယ်မင်ယီနှင့်လည်း စကားပြောပြီးလောက်ပြီဟု ခန့်မှန်းရသည်။ မဟုတ်လျှင် ဟယ်မင်ယီက အပြင်ထွက်သွားရန် ရွေးချယ်မည်မဟုတ်ပေ။ မဟုတ်လျှင် သေချာပေါက် သူ့ကို လာတိုင်ပင်မည်မှာ အသေအချာပင်။
"သွားကြမယ် ... စိတ်ညစ်စရာတွေ အများကြီး မတွေးကြနဲ့တော့ ... အားလုံး အုပ်စုဖွဲ့ပြီး ကစားကွင်း သွားဆော့ကြမယ်လေ"
ရုတ်တရက် ရှန်ကွမ်းဇီရှီးက အကြံပြုလိုက်သည်။
"ကောင်းသားပဲ ... ညီမ ချားရဟတ် စီးမယ်"
ရှားယွီက ပြုံး၍ ပြောလိုက်သည်။
"ကောင်းပြီ ... သွားကြတာပေါ့”