ယောက်ျားလေးကဲ့သို့ ဝတ်ဆင်ထားသော အမျိုးသမီး…
Vol. 015 Ch. 716
ဝမ်လင်းက သည်ရွင်ယွမ်ဂြိုဟ်တွင် မထင်မရှားနိမ့်ချနေရန် ပြင်ဆင်ထားပြီး ဖြစ်သည်။သည်လိုနေထိုင်ခြင်းက သူ့ကို လုံခြုံစေကာ သူ့ကျင့်ကြံမှုအဆင့်ကိုလည်း မြန်ဆန်စွာ မြင့်တက်စေပေလိမ့်မည်။ ထိုမှသာ သူက မဟာမိတ်ကြယ်အဖွဲ့အစည်းသို့ ပြန်နိုင်မည် ဖြစ်၏။
သို့ရာတွင် နိမ့်ချနေခြင်းဆိုသည်မှာ သူက အစစ်အမှန်ကျင့်ကြံမှုအဆင့်နိမ့်သူ တစ်ယောက်ကဲ့သို့ အစော်ကားခံခြင်းကို ဆိုလိုသည်တော့မဟုတ်ပေ။
အစစ်အမှန်နိမ့်ချနေခြင်းက သူနှင့်ပတ်သတ်၍ အခြားလူများ သိရှိသွားမည်ကို စိုးရိမ်ခြင်း မဟုတ်ဘဲ သူနှင့် တိုက်ရိုက်ပတ်သတ်သည်ကိုတော့ တုန့်ပြန်ပြုမူနေမည်သာ။ သူက အပြင်ဘက်ရှိ မည်သည့် ကိစ္စရပ်များကိုမှ ဝင်ပါလိမ့်မည် မဟုတ်ချေ။
သည်လိုမျိုး ရည်ရွယ်ချက်နှင့် နိမ့်ချနေခြင်းက သည်ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ ထိပ်ဆုံးတည်ရှိမှုများ သူ့အား နှောင့်ယှက်လာမှုကိုပါ ကာကွယ်နိုင်ပေလိမ့်မည်။
သည်အရာက ဝမ်လင်း လိုချင်သောအရာလည်း ဖြစ်၏။ ဝမ်လင်းက မြို့မြောက်ပိုင်း အိမ်စုများစီသို့ ပြန်လာခဲ့၏။ကျောက်တုံးအောက်တွင် လူငယ်က ကျင့်ကြံနေဆဲပင်။ ကြည့်ရသည်မှာ သည်လူငယ်က တစ်နေကုန် အသည်းအသန် ကျင့်ကြံနေသည့်ပုံ ဖြစ်၏။
သူက နီးကပ်လာသည်နှင့် လူငယ်က မျက်လုံးဖွင့်လာကာ နှာခေါင်းရှုံ့၍ ဆို၏။ “မင်း…ရပ်လိုက်…”
ဝမ်လင်းက ကြောင်သွား၏။သူက လမ်းလျှောက်နေရာကို ရပ်ကာ လူငယ့်အား ကြည့်လိုက်သည်။
“ကျင့်ကြံသူတွေအတွက် ဘာအရေးကြီးဆုံးလဲ မင်းသိလား…။ ငါ မင်းကို ပြောပြလိုက်ပါ့မယ်…ကျင့်ကြံသူတွေအတွက် အရေးကြီးဆုံးက လုံ့လရှိရှိ ကြိုးစားခြင်းပဲ ဖြစ်တယ်…”
လူငယ်က ဝမ်လင်းကို ကြည့်ကာ ဆက်ပြောလိုက်၏။ “မင်း ပါရမီက မကောင်းပေမဲ့ မင်းကသာ လုံ့လရှိရင် တိုးတက်ဖို့အတွက် အခွင့်ရေးရှိလာလိမ့်မယ်။ ငါက ဒီနေရာကို စောင့်ကြပ်နေတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ဒီနေရာကို ရောက်လာတဲ့ အချို့ကျင့်ကြံသူတွေဆိုရင် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကိုတောင် ရောက်နှင့်သွားခဲ့ကြပြီ။ သူတို့က မင်းလိုမျိုး မနက်ခင်းမှာ ထွက်သွားပြီး မကျင့်ကြံဘဲ အချိန်လျှောက် မဖြုန်းနေကြဘူး…”
“မင်းပါရမီ အရည်အချင်းကလည်း မကောင်းဘူး။ ဒါ့ကြောင့် မင်းက ပိုပြီးတော့ ကြိုးစားသင့်တယ်။ မဟုတ်ရင် မင်းဘဝ တစ်သက်လုံး စဦးစိတ်ဝိညာဉ်ကို ဖွဲ့တည်နိုင်စွမ်း ရှိမှာ မဟုတ်တော့ဘူး…”
လူငယ်၏ သည်သင်ခန်းစာ ဝမ်လင်းကို ပို၍ မှင်သက်သွားစေ၏။ သူက မဖြစ်ညစ်ကျယ်သာ ပြုံးလိုက်မိ၏။
လူငယ်က ဝမ်လင်းအသွင်ကို မြင်လိုက်သည့်အခါ သူ့လေသံက ပိုကောင်းမွန်လာ၏။သူ့မျက်လုံးထဲရှိ အထင်သေးမှုကလည်း လျော့ကျသွားကာ သူက ဆက်၍ ပြောလာပြန်သည်။ “ငါက မင်းကို နိမ့်ချနေတာ မဟုတ်ဘူး။ မင်း မှတ်မိမှာပါ…ကျင့်ကြံခြင်းကမ္ဘာမှာ မင်းက တစ်ခြားလူတွေရှိက လေးစားမှု လိုချင်ရင် မင်းအဆင့်ကိုယ်မင်း နိမ့်ချလို့မရဘူးဆိုတာ။ ဒီနေရာမှာ ရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အလွန်သိပ်သည်းလှတယ်။ မင်းက အခု တစ်ခြားကိစ္စတွေကို ဂရုမစိုက်ဘဲ ဆယ်စုနှစ်တစ်ခုလောက် တံခါးပိတ်ကျင့်ကြံသင့်တယ်….အဲ့ကျရင် မင်းစဦးစိတ်ဝိညာဉ်တောင် ဖြစ်တည်ကောင်း ဖြစ်လာနိုင်လိမ့်မယ်။ အဲ့အချိန်ကြရင် မင်းက မင်းမိသားစုမှာ ငါ့လိုမျိုး စွမ်းအားအချို့နဲ့ အသိအမှတ်ပြုမှုမျိုး ရလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်…”အချိန်ကြိ၏.င့်ကြ
ဝမ်လင်းက နှာခေါင်းပွတ်မိလိုက်သည်။ သူက ကျင့်ကြံသူတစ်ဘောက် ဖြစ်လာကတည်းက သူနှင့် ဆုံတွေ့ခဲ့သည့် လူတိုင်းသည် ဉာဏ်များက ကိုယ်ကျိုးကြည့်သူများသာ ဖြစ်ခဲ့၏။ မည်သူကမျှ သူ့ကို ခုလိုမျိုးစကားများ ပြောဆိုခဲ့ခြင်း မရှိပေ။သူက စွမ်းအားကောင်းလာသည့်နောက်တွင်လည်း သူ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကြောင့် မည်သူကမျှ သူ့ကို သည်လိုအရာများ ပြောဆိုဝံ့ခဲ့ကြခြင်း မရှိပေ။
သူ့စီနီယာသွန်းထျန်ပင် သူ မသေဆုံးခင် ဝမ်လင်းနှင့် အချိန်အများကြီး အတူ မရှိလိုက်ရပေ။
အခုအခိုက်အတန့်တွင်တော့ သူက သည်လူ၏ ဆူပူမှုကို ရုတ်တရက် ခံလိုက်ရချိန်၌ သူက အတိတ်ကို လွမ်းဆွတ်မှုကို ခံစားလိုက်ရကာ သဘောတူသည့်ဟန်ဖြင့် ခပ်မြန်မြန် ခေါင်းညိတ်ပြလိုက်၏။
လူငယ်၏ အမူအရာက ပို၍ ကောင်းမွန်လာခဲ့၏။သို့သော် သူက အလေးအနက် ဆက်၍ ပြောလာပြန်သည်။ “မင်းကျင့်ကြံမှုအဆင့်မှာ ပြဿနာ တစ်ခုခု ရှိရင် ငါ့ဆီလာပြီး မေးနိုင်တယ်။ တစ်ခုတော့ မှတ်ထားပါ။ ပါရမီမရှိတာက ထိန့်လန့်စရာ မဟုတ်ဘူး။ ပျင်းတာကမှသာ ထိန်လန့်စရာ ဖြစ်တယ်။ကဲ…အထဲကို မြန်မြန်သွားပြီး လေ့ကျင့်ချေတော့…”
ဝမ်လင်းကို သိသော တစ်ယောက်ယောက်ကသာ သည်အဖြစ်ကို မြင်လျှင် လုံးဝမှင်တက်သွားမိပေလိမ့်မည်။
ဝမ်လင်းက မချင့်ပြုံးသာ ပြုံးနေမိတော့၏။ သူက ဝင်ပေါက်ထဲသို့ ဝင်သွားပြီးနောက် လူငယ့်ထံသို့ ပြန်လှည့်ကြည့်လိုက်သည်။ ထိုလူငယ်က ပိန်ပါးသည့်ပုံရက သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များက ခပ်ပွပွ ဖြစ်လို့နေ၏။
သည်အခိုက်အတန့်၌ လေပြေညင်းတစ်ခု တိုက်ခတ်သွားသည်။ သည်လေပြေက လူငယ်၏ ဆံပင်မားကို ပင့်တင်သွားကာ လူငယ်က သူ့ဆံပင်ကို အလိုလို နားနောက်သို့ သပ်တင်လိုက်သည်။
သူက ဝမ်လင်း၏ အကြည့်ကို သတိပြုမိသည့်ပုံပင်။သူက ဝမ်လင်းကို တစ်ချက်ပြန်ကြည့်လိုက်ပြီးနောက် ဝမ်လင်းနှင့် ပတ်သတ်၍ အာရုံမစိုက်တော့ပေ။
အမှန်တော့ သည်လူငယ်က ယောက်ျားအဝတ်အစားများကို ရုပ်ဖျက်၍ ဝတ်ဆင်ထားသည့် အမျိုးသမီးပင်။ သူမ မျက်နှာကိုတော့ မန္တာန်တစ်ခုနှင့် ရုပ်ဖျက် ဖုံးအပ်ထားခြင်းပင်။ ဝမ်လင်းက သည်အရာကို မနေ့ကတည်းက ဖြတ်မြင်နိုင်စွမ်း ရှိခဲ့ပေသည်။သို့သော် သူက မသိချင်ယောင်သာ ဆောင်ခဲ့ပေ၏။
အိမ်ရှိရာသို့ ပြန်လာပြီးနောက် ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်သည်။ သူက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ထောင်ကို ထုတ်ယူလိုက်သည်။ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖန်တီးကာ ထိုကောင်းကင်ဘုံကျောက်စိမ်းပြားများထံသို့ အလင်းတန်းများကို ပို့လွှတ်လိုက်သည်။ပေါကြွယ်လှသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ဝမ်လင်းပတ်လည်တွင် ဝန်းရံလာပြီး အပြင်သို့ လုံးဝ စိမ့်ထွက်ခြင်း မရှိပေ။
ဝမ်လင်းက မျက်လုံးမှိတ်ကာ စတင်ကျင့်ကြံ၏။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းများက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ သူ့အား ဖြည်းဖြည်းချင်း လှည့်ပတ်လာ၏။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။ သုံးရက်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာခဲ့သည်။ သူ့ပတ်လည်ရှိ ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ထောင်က ဖုန်မှုန့်အဖြစ်ပြောင်းကာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သူက သူ့ပတ်လည်သို့ ကြည့်ရှူလိုက်၏။
“ကောင်းကင်ဘုံကျောက်စိမ်းပြားတွေက မလုံလောက်သေးဘူး။ အာဏာတက်ခြင်းအဆင့်အတွက် လိုအပ်တဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ပမာဏက များပြားလွန်းအားကြီးတယ်…”
“စွန်မိသားစုက ကောင်းကင်ဘုံကျောက်စိမ်းပြား နှစ်သိန်းနဲ့တောင် ငါက အာဏာတက်ခြင်းအလယ်အဆင့်ကို ရောက်နိုင်ဦးမှာ မဟုတ်ဘူး။ နောက်ဆုံးအဆင့်အတွက် ဆိုရင်တော့ လိုအပ်ချက်က မခန့်မှန်းနိုင်လောက်အောင် ဖြစ်နေပြီ။ ဒါ့အပြင် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်နဲ့ ယင်ယန်အဆင့်တို့ကို ချိုးဖျက်ဖို့ကလည်း ရှိသေးတယ်…” ဝမ်လင်းက မျက်မှောင်တင်းတင်း ကြုတ်ကာ စဉ်းစားနေမိသည်။
“ကောင်းကင်ဘုံနယ်မြေက ပျက်စီးသွားခဲ့ပြီ။ ဒီတော့ ဒီကောင်းကင်ဘုံကျောက်စိမ်းပြားတွေက ဘယ်နေရာကနေ ရောက်လာခဲ့တာလဲ…”
ဝမ်လင်းက သည်အကြောင်းကိ အရင်ကတည်းက တွေးကြည့်ဖူး၏။သို့သော် သူက သည်အရာနှင့် ပတ်သတ်၍ လုံးဝ မတွေးနိုင်ခဲ့ပေ။
“ဒါ့အပြင် ဒါက ကျင့်ကြံခြင်းရဲ့ပထမအဆင့်ပဲ ရှိသေးတယ်။ ဒါတောင်မှ ကောင်းကင်ဘုံကျောက်စိမ်းပြား ပမာဏအများကြီး လိုအပ်နေတယ်။ ဒုတိယအဆင့်မှာဆိုရင် ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ဘုံကျောက်စိမ်းပြား ဘယ်လောက်တောင် လိုလိုက်မလဲ…။ရှေ့ဖြစ်ဟောသူတို့လိုမျိုး တစ်စုံတစ်ယောက်က အာဏတာက်တက်ခြင်းအဆင့်ကျင့်ကြံသူတွေ လိုအပ်တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားနဲ့ တူတူပဲ ဖြစ်နေမှာတော့ မဟုတ်လောက်ဘူး…”
ဝမ်လင်းက မျက်မှောင် ပို၍ ကြုတ်နေမိသည်။
“ဒါ ဖြစ်နိုင်လား…။ဒုတိယအဆင့်က ကောင်းကင်ဘုံကျောက်စိမ်းပြား မလိုအပ်တာများ ဖြစ်နေနိုင်လား။ ဒါမှ မဟုတ် ကောင်းကင်ဘုံကျောက်စိမ်းပြား နေရာမှ အထူးနည်းလမ်းတစ်ခုခု အစားထိုးဖို့ ရှိနေတာ ဆိုရင်ကော…”
အကြမ်းဖျဉ်းခန့်မှန်းမှုက ဝမ်လင်း စိတ်ထဲသို့ ရောက်လာခဲ့သည်။
သူက စဉ်းစားနေရင်းဖြင့် သူ့ခေါင်းကို လှုပ်ရှားလိုက်သည်။ သည့်နောက် စွန်မိသားစုမှ အနက်ရောင်ဝတ်စုံနှင့်အဘိုးအိုက အိမ်အပြင်၌ ပေါ်လာခဲ့သည်။
ဝမ်လင်းက သူ့ညာလက်ကို လှုပ်ယမ်းကာ အိမ်ပေါ်ရှိ အတားအဆီးကို ဖယ်ရှားပေးလိုက်သည်။ အဘိုးအိုက အထဲသို့ အမြန်ဝင်လာခဲ့သည်။သူ့ကျင့်ကြံမှုအဆင့်ကိုလည်း အမြုတေဖွဲ့တည်ခြင်းအဆင့်သို့ နိမ့်ချထားပေသည်။ သူက အခန်းထဲသို့ ဝင်လာစဉ်၌ စိတ်ထဲတွင် ခါးသီးစွာ ပြုံးနေမိသည်။
“စီနီယာ…ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ။ ဂျူနီယာနာမည်က စွန်မိသားစုဝင် စွန်ချီမင်ပါ။ ငါက စီနီယာရဲ့ နာမည်ကို သိခွင့်ရနိုင်မလား…”
အဘိုးအိုက အလွန်လေးစားသည့် ဟန်ပန် ဖြစ်ပေါ်နေသည်။သူ့ ဘိုးဘေးကိုယ်တိုင် ထွက်ပေါ်လာခဲ့ရသည့်အတွက် သူလူက သူ သွားနှောက်ယှက်လို့ မရသည့် တစ်စုံတစ်ယောက် ဖြစ်နေသည် မဟုတ်လား။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “ရှုမူ…”
စီနီယာရှု…မိသားစုက သင့်အတွက် ကောင်းကင်ဘုံကျောက်စိမ်းပြား နှစ်သိန်း ပြင်ဆင်ထားပေးပါပြီ။ ကျေးဇူးပြု၍ စစ်ကြည့်ပါ…” အဘိုးအိုက သိုလှောင်အိတ်တစ်ခုကို ထုတ်ယူလိုက်သည်။ သူက သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်ရ၏။ ဘိုးဘေးက ကောင်းကင်ဘုံကျောက်စိမ်းပြား နှစ်သိန်းကို ခုလို ပုံစံမျိုးဖြင့် ပေးခိုင်းခဲ့သည့် မဟုတ်လား။ သည်အရာကပင် သည်လူသည် မည်မျှပုံမှန်မဟုတ်ကြောင်းကို ပြသနေ၏။
သိုလှောင်အိတ်ကို ယူဆောင်လိုက်ပြီးနောက် ဝမ်လင်းက ၎င်းကို စစ်ဆေးကြည့်ခြင်း မရှိပေ။သူက စွန်မိသားစုမှ အာဏာတက်ခြင်းကျင့်ကြံသူက သည့်အတွက် သူ့ကို လှည့်စားလိမ့်မည် မဟုတ်ဟု ယုံကြည်ထားပေသည်။
အဘိုးအိုက သိုလှောင်အိတ်ကို ကမ်းပေးလိုက်ပြီးနောက် ခပ်သွက်သွက် ပြောလိုက်သည်။ “စီနီယာ စိတ်ချလက်ချနေပါ။ ဂျူနီယာက မနေ့တုန်းက အဖြစ်အပျက်ကို မပြန့်နှံ့စေဖို့ အမိန့်ပေးထားပြီးပါပြီ။ ဒီနေ့ ဒီနေရာကိုလာတာလည်း ဘယ်သူမှ မသိပါဘူး။ ဒါ့ကြောင့် ဘယ်သူကမှ စီနီယာရဲ့ ကျင့်ကြံမှုကို နှောင့်ယှက်မှာ မဟုတ်တော့ဘူး။ ဒါ့အပြင် စီနီယာက တံခါးပိတ်ကျင့်ကြံချင်ရင် မြို့ထဲမှာ ပိုကောင်းတဲ့နေရာတွေ ရှိပါသေးတယ်…”
ဝမ်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “မလိုဘူး…မင်း သွားနိုင်ပြီ…”
အဘိုးအိုက နောက်သို့ လေးလေးစားစား ဆုတ်သွားသည်။ အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူက ပြောလာပြန်သည်။ “စီနီယာ…နောက်ခုနစ်ရက်ဆိုရင် ရွင်မိသားစုရဲ့ တစ်ခုတည်းရတနာခန်းမမှာ လေလံပွဲ တစ်ခု ရှိပါတယ်။ ဒီပွဲမှာ အဆင့်ရှစ်ဆေးလုံးဖြစ်တဲ့ တစ်ဝက်တစ်ပျက် နတ်ဘုရား ဆေးလုံး ပါဝင်ပါတယ်…”
ဝမ်လင်း၏ အေးစက်စက်အကြည့်က အဘိုးအိုထံသို့ ကျရောက်သွားသည်။အဘိုးအိုက ချက်ခြင်းပင်တုန်ယင်ကာ သူ့ စကား၏နောက်ဆုံးပိုင်းကို ပြန်မြိုချလိုက်မိ၏။
သည်အခန်းက လုံးဝတိတ်ဆိတ်သွားကာ အချိန်က တရွေ့ရွေ့ကုန်ဆုံးလာသည်။သို့ရာတွင် အဘိုးအိုအတွက်တော့ အလွန်ကြာမြင့်သလို ခံစားနေရာက အသက်တစ်ခါရှုစာက တစ်နှစ်လောက်ပင် ကြာမြင့်သလို ခံစားနေရ၏။
သည်တိတ်ဆိတ်မှုက ဖိအားတစ်ခုကို ဖန်တီးကာ အဘိုးအိုအား တုန်ယင်စေသည်။သူက သည်အရာကို မလုပ်လိုခဲ့ပေ။သို့သော် မိသားစုက သူ့ကို သည်လူ၏ ကျင့်ကြံမှုအဆင့်အား စမ်းသပ်ရန် အမိန့်ပေးခဲ့ပေသည်။ထို့ကြောင့် သူက အရဲစွန့်၍သာ ပြောလိုက်ရခြင်း ဖြစ်သည်။သို့ရာတွင် သူ့စိတ်ထဲတွင်တော့ မျှော်လင့်ချက် တစ်ခုရှိနေသေး၏။သည်လို တိတ်ဆိတ်မှုက စီနီယာရှုမူသည် သူ့စကားလုံးများ၏ နောက်ကွယ်ကို ဖြတ်မြင်နိုင်စွမ်းမရှိဘဲ အဆင့်ရှစ်ဆေးလုံးကြောင့်သာ ဆွဲဆောင်ခြင်းခံနေရသည်ဟု တွေးနေခြင်းပင်။
သိပ်မကြာခင်တွင် ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာသည်။ “ဒါကို ဒီမှာ ထားခဲ့…”
အဘိုးအိုက ဝမ်လင်းကို ကြည့်နေရင်း သူ့မျက်နှာက ဖြူရောလို့သွား၏။သူက ချက်ခြင်းပင် အနီရောင်တုန်ကင်တစ်ခုကို ထုတ်ယူလိုက်သည်။ သည့်နောက် သူက ခပ်တိုးတိုး ပြောလိုက်၏။ “ဒါက လေလံပွဲအတွက် တုန်ကင်ပါ…”
“မင်း သွားနိုင်ပြီ…” တုန်ကင်ကို လက်ခံပြီးသည့်နောက် ဝမ်လင်းက မျက်လုံးပြန်မှိတ်ထားလိုက်၏။
အဘိုးအိုက အိမ်ထဲကနေ အမြန်ထွက်ခွာသွားပြီးမှ သက်ပြင်းချနိုင်တော့သည်။ သူ့အဝတ်အစားများက ချွေးများနှင့် စိုရွှဲနေပြီ ဖြစ်ကာ သည်အခိုက်အတန့်၌ ဝမ်လင်း၏ အေးစက်စက် စကားက သူ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။
“ဒုတိယ အကြိမ်ဆိုတာ မရှိဘူး…”
အဘိုးအိုအသွင်က ရုတ်တရက် ဖြူရောလို့သွားသည်။ သူက နောက်သို့ လှည့်၍ လေးစားစွာ ဦးညွတ်ပြီးနောက် ပျောက်ကွယ်လို့သွားတော့သည်။ သည့်နောက် မြို့တွင်း တစ်နေရာ၌ သူက ပြန်ပေါ်လာခဲ့ကာ သူ့နှဖူးထက်၌လည်း ချွေးများဖြင့် ရွှဲနစ်နေချေသည်။ ဝမ်လင်းစကားက သူ့နားထဲသို့ ဝင်လာသည့်အခိုက်တွင် သူက သူ့အတွေအားလုံးကို ဝမ်လင်းက ဖြတ်မြင်နိုင်စွမ်း ရှိသည်ကို တွေ့လိုက်ရ၏။ သည်လိုမျိုး ထွင်းဖောက်မြင်နိုင်စွမ်းအဆင့်က ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သူက သူ့မိသားစု သူ့ကို ပြောသည့်အတိုင်းသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ အဆင့်ရှစ်လေးလုံးကို အသုံးပြုပြီး ဝမ်လင်းကို စမ်းသပ်ရန် ဖြစ်သည်။ ဝမ်လင်းကသာ သည်တုန်ကင်ကို ယူခဲ့ပါက ဝမ်လင်းသည် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ အဖြစ်နိုင်ဆုံးဟု ဆိုလိုနေပေသည်။ ဝမ်လင်းကသာ သည်တုန်ကင်ကို မယူခဲ့ပါက သူက မြို့ထဲရှိ မိသားစုဝင်များအားလုံးကို ဘေးကင်းရာသို့ ချက်ခြင်း ရွှေ့ပြောင်းပစ်ရတော့မည် ဖြစ်၏။
သူက အဖြေကို ရရှိခဲ့ပြီး ဖြစ်၏။သို့သော် သူ့နှလုံးသားကတော့ တည်ငြိမ်နိုင်ခြင်း မရှိသေးပေ။
“အဆင့်ရှစ်ဆေးလုံး…” ဝမ်လင်းက လက်ထဲရှိ တုန်ကင်ကို ကိုင်ထားကာ စဉ်းစားနေ၏။
ဝမ်လင်းက ဆေးလုံးများ၏ အဆင့်ကို ကောင်းကောင်း သိထားပေသည်။တကယ်တော့ သူ့ချစ်သူ လီမူဝမ်က ဆေးဝါးပညာရှင်တစ်ယောက် မဟုတ်လား။ ဆေးလုံးများကို အဆင့်ကိုးဆင့် ခွဲခြားထား၏။ အဆင့်တိုင်း၌လည်း အဆင့်နိမ့်၊အလယ်၊ ထိပ်တန်းဟူ၍ သတ်မှတ်ထားသည်။ အဆင့်ကိုး ဆေးလုံးများကိုတော့ နတ်ဘုရားဆေးလုံး၊ အဆင့်ရှစ်ဆေးလုံးကိုတော့ တစ်ဝက်တစ်ပျက် နတ်ဘုရားဆေးလုံးနှင့် အဆင့်ခုနစ်ဆေးလုံးကိုတော့ ကောင်းကင်ဘုံဆေးလုံးဟူ၍ ခွဲခြားထားကြ၏။
အတိတ်တုန်းက ဝမ်လင်း စဦးစိတ်ဝိညာဉ်ဖြစ်ပေါ်ချိန်၌ သူက ထိပ်တန်းအရည်အသွေးရှိ အဆင့်ခြောက်ဆေးလုံးကို သောက်ခဲ့ဖူးပေသည်။
“ဒီဆေးလုံးတွေရဲ့ အဆင့်က နောက်ပိုင်း မျိုးဆက်တွေ သတ်မှတ်ခဲ့တာ ဖြစ်တယ်။ ဒီ ဆေးလုံးအဆင့်တွေရဲ့နာမည်မှာ “နတ်ဘုရား”၊ “ကောင်းကင်ဘုံ” စတဲ့ နာမည်တွေက အံ့အားသင့်ဖွယ် ကောင်းလှပေမဲ့လည်း ဒီဆေးလုံးအဆင့်တွေက အစစ်အမှန် ကောင်းကင်ဘုံနဲ့ နတ်ဘုရားဆေးလုံးတွေကို ယှဉ်နိုင်ခြင်း မရှိဘူး။ ဒီနှစ်ခုကြားက ကွာခြားချက်က ကောင်းကင်နဲ့မြေကြီးလိုပဲ…”
“ပိုပြီးတိတိကျကျဆိုရရင် အဆင့်ကိုးဆေးလုံးဆိုတာ အကန့်အသတ်ပဲ။ လူတစ်ယောက်က ကျင့်ကြံခြင်းဒုတိယအဆင့်ကို ရောက်သွားတာနဲ့ သူတို့က အစစ်အမှန် ကောင်းကင်ဘုံနဲ့ နတ်ဘုရားဆေးလုံးတွေကိုသာ မရခဲ့ဘူးဆိုရင် ဆေးလုံးတွေက သူတို့အပေါ်မှာ သက်ရောက်မှု ရှိမှာ မဟုတ်တော့ဘူး…”
ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားကာ သူက ဆုံးဖြတ်ချက်ချလိုက်၏။
“ဒီအနက်ရောင်ဝတ်စုံနဲ့ ဂျူနီယာက ငါ့ ကျင့်ကြံမှုအဆင့်ကို ဆေးလုံးနဲ့ စမ်းသပ်ဝံ့မှာ မဟုတ်ဘူး။ ဒါက စွန်မိသားစုရဲ့အာဏာတက်ခြင်းကျင့်ကြံသူ လုပ်တာ ဖြစ်ရမယ်။ သူက ငါ့ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်စွမ်း မရှိတော့ ဒီလိုမျိုး အပျော့နည်းသုံးပြီး ငါ့ကျင့်ကြံမှုကို စမ်းသပ်တာပဲ…”
“ငါကသာ ဒီဆေးလုံးကို လိုချင်မှု မရှိခဲ့ရင် ကျင့်ကြံခြင်းပထမအဆင့်ကို ကျော်လွန်သွားပြီလို့ ဆိုလိုတယ်…”
ဝမ်လင်းက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံကျောက်စိမ်းပြား နှစ်သိန်းပါဝင်သော သိုလှောင်အိတ်ကို ထိလိုက်၏။ သည့်နောက် သည်ဆေးလုံးကိစ္စကို သူ့စိတ်ထဲ၌သာ ထားလိုက်သည်။
***