← Chapters

အခန်း (၁၆၁၅-၁၆၁၆)

Vol. 116 Ch. 1615-1616

အခန်း (၁၆၁၅-၁၆၁၆)

Vol. 116 Ch. 1615-1616

အခန်း (၁၆၁၅) : နံပါတ်တစ်

ယခုအခါ သူမသည် စစ်မှန်သော ကောင်းကင်တာအိုစာကြည့်တိုက်၏ ရှေ့မှောက်သို့ ရောက်ရှိနေခြင်းဖြစ်ရာ ထိုအရာ၏ စွမ်းအားအပြည့်ကို အသုံးပြုပြီး လျှို့ဝှက်ချက်အချို့ကို လေ့လာရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်၏။

သို့သော်လည်း သူမ သို့မဟုတ် အမှန်တရားအချို့ကို မှတ်တမ်းတင်လိုသည့် ယင်ကျန်းတို့ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်တာအို၏ စိတ်ဆန္ဒ နေထိုင်ရာဖြစ်သည့်ဗဟိုချက်ရှိ တိမ်တိုက်က လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သူတို့ကို အပြင်သို့ ကန်ထုတ်ပစ်လိုက်သည်။

ငါ ခုခံနိုင်သားပဲ …

လေဟာနယ်တိုက်ပွဲကွင်းပြင်သို့ ပြန်ရောက်လာစဉ် ဝူဟုန်က တွေးလိုက်သည်။ ငရဲပြည်တွင် သူတို့ မည်မျှ အင်အားချည့်နဲ့ခဲ့ရသည်နှင့်မတူဘဲ ကောင်းကင်တာအို၏ အစွမ်းသတ္တိကို သူမအနေဖြင့် အနည်းငယ်မျှတော့ ရုန်းကန်နိုင်ကြောင်း သဘောပေါက်လိုက်သည်။ ထို့အပြင် ထိုဖြစ်စဉ်အတွင်း မည်သည့်ဒဏ်ရာ သို့မဟုတ် သတိပေးချက်မျှ ရှိမနေခဲ့ပေ။

သူမရဲ့ စွမ်းအားက အုတ်မြစ်သုံးခုစာလောက် ရှိမယ်ထင်တယ်

ဝူဟုန်က တွေးလိုက်သည်။

ဒါပေမဲ့ အန္တိမသဟဇာတက သူမကို ဒီလောက်အထိ သနားစရာကောင်းတဲ့ အခြေအနေမျိုး ရောက်အောင် ဖိအားပေးနိုင်ခဲ့တာကို ကြည့်ရင် အရင်က ပိုပြီး အားနည်းခဲ့တာ ဖြစ်ရမယ်။

ဒါပေမဲ့ ဒီကမ္ဘာရဲ့ ကြမ္မာက ဖြည်းည်းချင်း ပြည့်စုံလာတာနဲ့အမျှ သူမရဲ့ စွမ်းအားက ပိုပြီး မြင့်တက်လာခဲ့တာပဲ …

ဝူဟုန်၏ မျက်နှာပေါ်တွင် မျက်မှောင်ကြုတ်မှုတစ်ခု ဖြည်းည်းချင်း ပေါ်လာခဲ့သည်။ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသည် ဟွင်သွမ်းစကြဝဠာ၏ ကြမ္မာဗဟိုချက် ဖြစ်လာသည်နှင့်အမျှ ကောင်းကင်တာအိုက ဖြည်းဖြည်းချင်း တိုးတက်ကောင်းမွန်လာလိမ့်မည်ဟူသော အယူအဆက မျှော်လင့်ထားပြီးသားဖြစ်သော်လည်း ပြဿနာမှာ မည်မျှအထိ သန်မာလာမည်နည်း ဟူသောအချက် ဖြစ်၏။

မည်သည့် အင်အားကြီးကျင့်ကြံသူမျှ မိမိတို့ဦးခေါင်းထက်တွင် ကြီးကြပ်ကွပ်ကဲသူတစ်ဦး ရှိနေမည့် အယူအဆကို သဘောမကျကြပေ။ ထို့ကြောင့်လည်း စံပြအဆင့်များစွာက အရင်းအမြစ် ဟွင်သွမ်းကမ္ဘာမဟုတ်သည့် ကမ္ဘာများတွင် နေထိုင်ရန် ရွေးချယ်ကြခြင်းဖြစ်ပြီး ထိုနေရာများ၌ ကောင်းကင်တာအိုကို မိမိတို့အလိုရှိသလို နှိပ်စက်နိုင်ကြသောကြောင့် ဖြစ်သည်။

ဒီကိစ္စကို နောက်မှပဲ ထားလိုက်တော့မယ်

ဝူဟုန်က ယင်ကျန်းအပေါ်သို့ အာရုံမစိုက်ခင် တွေးလိုက်သည်။

သူမက မျက်မှောင်ကြုတ်ကာ “ရှင် ပင်ပန်းနေပြီပဲ”

ယင်ကျန်းက သူမကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“မင်း အပိုစကားတွေ အများကြီး ပြောနေတာပဲ”

“ ရှင့်ရဲ့ အကန့်အသတ်ကို ရောက်မယ့်အချိန်ကို စောင့်နေတာ... ဒါကို အဆုံးသတ်ဖို့ အချိန်တန်ပြီ”

ဝူဟုန်က ဆက်ပြောလိုက်သည်။ သူက ထိုအရာကို ဖုံးကွယ်ရန် အလွန်အမင်း ကြိုးပမ်းနေသော်လည်း သူမ၏ အာရုံခံနိုင်စွမ်းက ယင်ကျန်းအနေနှင့် နာကျင်မှုကို သက်သာစေရန် သူ၏ ကြွက်သားများကို မည်မျှအထိ ပြင်းထန်စွာ ထိန်းချုပ်နေရသည်ကို သိရှိသွားခဲ့သည်။

အားလုံးထက် ပိုဆိုးသည်မှာ သူ၏ ဝိညာဉ်အရှိန်အဝါအတွင်းရှိ သိမ်မွေ့လှသော မတည်ငြိမ်မှုက သူ မည်သည့်အခြေအနေသို့ ရောက်ရှိနေကြောင်း ဖော်ပြနေသည်။

ဓာတ်ကြီးဟွင်သွမ်း

ဝူဟုန်က ကမ္ဘာဦးဟွင်သွမ်း၏ အသန့်စင်ဆုံးသော စွမ်းအားကို ဆင့်ခေါ်ရန် လက်ဝေ့လိုက်ပြီးနောက် ထိုအရာကို ဓာတ်ကြီးငါးပါးနှင့် ယင်-ယန်ဟူ၍ ခွဲထုတ်လိုက်သည်။ ထို့နောက် သူမက ယင်-ယန်ကို အလင်းနှင့် အမှောင်ဟူ၍ ထပ်မံခွဲခြားလိုက်ပြန်သည်။

သူမက လေနှင့် မိုးကြိုးကဲ့သို့သော အရန်ဓာတ်သဘာဝများကို ဖန်တီးရန် ဓာတ်ကြီးငါးပါးကို လှည့်ပတ်လိုက်သည်။ အမှန်စင်စစ် ဤအရာများသည် အခြေခံဓာတ်များ မဟုတ်ဘဲ စကြဝဠာ၏ အစဦး၌ တည်ရှိခဲ့သော ဖရိုဖရဲ ပုံစံများ ဖြစ်ကြသည်။

ကောင်းကင်ယံထက်တွင် ကြီးမားလှသော အလင်းလုံး ကိုးလုံး ရုပ်လုံးပေါ်လာပြီး ဝူဟုန်၏ ထိန်းချုပ်မှုအောက်တွင် ပေါက်ကွဲသွားခဲ့သည်။ ပထမဆုံးအနေဖြင့် လေဟာနယ်တိုက်ပွဲကွင်းပြင်သည် လုံးဝဥဿုံ အမှောင်ထုထဲသို့ ကျဆင်းသွားလေသည်။ ထို့နောက်တွင် ပြင်းထန်သော သန့်စင်ခြင်းအလင်းတန်းတစ်ခုက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

အလင်းတန်းက လျော့ပါးသွားသည်နှင့်အမျှ ပြင်းထန်သော မုန်တိုင်းတစ်ခုက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

လေပြင်းများက သူတို့၏ လမ်းကြောင်းတွင် ရှိနေသမျှ အရာအားလုံးကို ဖြတ်တောက်ပစ်ကာ အနက်ရောင် လေဆင်နှာမောင်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်ဘုံ၏ အမျက်ဒေါသ... မဟုတ်သေးဘူး … ဟွင်သွမ်း၏ အမျက်ဒေါသက ဘုရားမဲ့တရားမဲ့ တည်ရှိမှုတစ်ခုကို သုတ်သင်ဖယ်ရှင်းရန် ကြိုးပမ်းနေသကဲ့သို့ ခရမ်းရောင်မိုးကြိုးများ ကောင်းကင်မှ ရွာသွန်းလာခဲ့သည်။

လေနှင့် မိုးကြိုးတို့၏ ပေါင်းစပ်မှုက လုံလောက်စွာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ဤသည်မှာ အစပြုရုံမျှသာ ရှိသေးသည်။ မိုးကြိုးပစ်ခတ်မှုတစ်ခုက ယင်ကျန်း၏ ပတ်ပတ်လည်တွင် သေးငယ်သော အဖြူရောင်မီးတောက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

အစပိုင်းတွင် ထိုမီးတောက်က သေးငယ်ပြီး သတိမပြုမိလောက်အောင် ဖြစ်နေသော်လည်း မုန်တိုင်းက နှေးကွေးသွားသည့်အချိန်တွင်မူ မီးတောက်ပင်လယ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ဟွင်သွမ်းလေပြင်းက အဖြူရောင်ဟွင်သွမ်းမီးတောက်ကို ပိုမိုတောက်လောင်စေကာ စစ်မှန်သော ဖျက်ဆီးခြင်းစွမ်းအားတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထိုအရာက ပိုမိုကြီးမားသော အဖျက်စွမ်းအားအတွက် မီးမလောင်ခင် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့သည်။

ဤဖျက်ဆီးခြင်း၏ ဗဟိုချက်တွင် ရှိနေသော ယင်ကျန်းသည် အခြေအနေ သိပ်မကောင်းလှသော်လည်း ဤသည်က ကျင့်စဉ်၏ အစပိုင်းသာ ရှိသေးသည်။

မီးတောက်က ငြိမ်းသွားပြီးနောက် ပြာများသည် ထူထပ်သော မီးခိုးရောင်မြေကြီးအဖြစ်သို့ ဖြည်းဖြည်းချင်း ဖွဲ့စည်းသွားခဲ့သည်။

ရုပ်လုံးပေါ်လာသည်နှင့်တစ်ပြိုင်နက် ထိုမြေကြီး ပထမဆုံးလုပ်ဆောင်လိုက်သည့် အရာမှာ အချိန်မြစ်ကြောင်းထဲတွင် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေသည့် ဖျက်ဆီးတတ်သော ဆွဲငင်အားတစ်ခုကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်၏။

ဆွဲငင်အားက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ကြေမွသွားစေရန် ကြိုးပမ်းလိုက်ပြီး တည်ရှိခြင်းနှင့် ပတ်သက်သမျှ သဘောတရားအားလုံးကို သုတ်သင်ဖယ်ရှားပစ်မှသာ ရပ်တန့်မည့်ပုံစံမျိုး ပြုမူလာခဲ့သည်။ သို့သော်လည်း အရာအားလုံးကဲ့သို့ပင် ဆွဲငင်အားက အဆုံးသတ်တွင် ရပ်တန့်သွားခဲ့သည်။

ထို့နောက် ဟွင်သွမ်းမြေကြီးမှ အနှိုင်းမဲ့ထက်မြက်မှု ရှိသည့် မရေမတွက်နိုင်သော ရွှေရောင်ဆူးချွန်များ စတင်ကြီးထွားလာခဲ့သည်။ ထိုဆူးချွန်များ၏ ထိပ်ဖျားက အလွန်တရာ ထက်မြက်လွန်းလှသဖြင့် ကာလံဒေသံ ဖွဲ့စည်းပုံကိုပင် ဆုတ်ဖြဲပစ်လိုက်သောကြောင့် လေဟာနယ်တိုက်ပွဲကွင်းပြင်တွင် ထောင်နှင့်ချီသော အာကာသအက်ကွဲကြောင်းများ ရုပ်လုံးပေါ်လာခဲ့သည်။ ထိုကဲ့သို့သောအရာ အနည်းငယ်မျှသာ ရှိနေခြင်းကြောင့် ကောင်းကင်တာအိုအနေဖြင့် ကံကောင်းသွားခဲ့ရသည်။

ဟွင်သွမ်းသတ္တုများ ပေါ်ထွက်လာခြင်းက အဖျက်စွမ်းအားကြီးလှသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ထက်မြက်မှုမှာ ခုခံမှုများနှင့် အကာအကွယ်အားလုံးကို ထိုးဖောက်ရန် ပုံစံထုတ်ထားသောကြောင့် ဖြစ်သည်။

သို့သော်လည်း ဓာတ်ကြီးဟွင်သွမ်းက မပြီးဆုံးသေးပေ။ သတ္တုများသည် အဆုံးသတ်တွင် အနှိုင်းမဲ့အလေးချိန်နှင့် သိပ်သည်းဆ ရှိသည့် ငွေရောင်ရွှေရောင် ပင်လယ်ကြီးတစ်ခုအဖြစ်သို့ အရည်ပျော်သွားခဲ့သည်။ ထိုပင်လယ်ကြီးက ယင်ကျန်းထံသို့ မရိုက်ခတ်မီ အကြီးမားဆုံးသော လှိုင်းလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကမ္ဘာဦးဟွင်သွမ်း၏ အစိတ်အပိုင်းအတော်များများ အလေးချိန် ပါဝင်နေသည့်အရာတစ်ခုဖြင့် အရိုက်ခံလိုက်ရပြီးနောက် ချင်ဧကရာဇ်သည် အကောင်းဆုံး ကြိုးပမ်းမှုများ ရှိထားသော်လည်း ကမ္ဘာဦးဟွင်သွမ်းထဲသို့ လွှင့်ထွက်သွားခဲ့ရတော့သည်။

ကောင်းပြီ.. ဒါက တိုးတက်မှုတစ်ခုပဲလေ

ဝူဟုန်က ပတ်ဝန်းကျင်ကို ကြည့်ရင်း ပြောလိုက်သည်။ သူမက စွမ်းအားအများစုကို ထိန်းချုပ်ထားခြင်းဖြစ်ရာ ဤအကြိမ်တွင် သူမ၏ ဝိညာဉ်သာလျှင် ကမ္ဘာဦးဟွင်သွမ်းထဲသို့ မတော်တဆ ကူးသန်းပြောင်းရွေ့သွားခဲ့ခြင်း ဖြစ်သည်။

သူမက ဖရိုဖရဲဖြစ်နေခြင်းအလယ်တွင် မိမိကိုယ်ကိုယ် ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် ယင်ကျန်းကို လှမ်းကြည့်လိုက်ပြီး သူ့ကို လေဟာနယ်တိုက်ပွဲကွင်းပြင်ဆီသို့ ပြန်လည်ဆွဲခေါ်လိုက်သည်။

ထိုဖြစ်စဉ်က အပိုဆောင်းဒဏ်ရာကို ဖြစ်ပေါ်စေခဲ့သော်လည်း ဤသည်မှာ သာလွန်ခြင်းနယ်ပယ်တွင် မိမိ၏စွမ်းအားကို မထိန်းချုပ်နိုင်ခြင်းအတွက် ပေးဆပ်ရမည့် တန်ဖိုးပင် ဖြစ်၏။

ယင်ကျန်း ပြန်ရောက်လာသည်နှင့်အမျှ သူသည် နောက်ဆုံးတွင် ဓာတ်ကြီးဟွင်သွမ်း၏ နောက်ဆုံးအပိုင်းနှင့် ရင်ဆိုင်လိုက်ရသည်။ ငွေရောင်ရွှေရောင် ပင်လယ်ကြီးက မီးခိုးရောင်မြေကြီးနှင့် ပေါင်းစပ်သွားကာ ပင်စည်ပေါ်တွင် မျက်နှာများ ပါရှိသည့် ထောင်နှင့်ချီသော ကြီးမားလှသည့် ငွေဖြူရောင် သစ်ပင်ကြီးများကို ဖြစ်ပေါ်စေခဲ့သည်။

ထိုသစ်ပင်ကြီးက အနည်းငယ်မျှ လှောင်ပြုံး ပြုံးပြီးနောက် ယင်ကျန်းကို သူတို့ထံမှ ငွေချေးထားသကဲ့သို့ သို့မဟုတ် သူတို့မျိုးနွယ်အပေါ် စစ်မှန်သော ဆိုးဝါးသည့် လုပ်ရပ်တစ်ခုခု လုပ်ဆောင်ခဲ့သကဲ့သို့ ပြင်းထန်စွာ ရိုက်နှက်လိုက်တော့သည်။

ကံမကောင်းစွာဖြင့် ကမ္ဘာပေါ်ရှိ အရာအားလုံးကဲ့သို့ပင် အရာအားလုံးသည် မည်မျှပင် လှပပါစေ သို့မဟုတ် ဝမ်းနည်းစရာကောင်းပါစေ အဆုံးသတ်တစ်ခု ရှိရပေမည်။

တိုက်ခိုက်မှုက ပြီးဆုံးသွားခဲ့ပြီး ယင်ကျန်းကို ဖရိုဖရဲဖြစ်သွားစေခဲ့သည်။ သူက မိမိ၏မာနကို ပြသသည့်အနေဖြင့် မတ်မတ်ရပ်လိုက်သည်။ သူ၏ ရွှေရောင်ချပ်ဝတ်တန်ဆာနှင့် ဓားများက ပြုပြင်၍မရအောင် ပျက်စီးသွားခဲ့ပြီ ဖြစ်သလို သူ၏ မျက်လုံးတစ်ဖက်လည်း ပျောက်ဆုံးသွားခဲ့ရပြီး မျက်လုံး၊ နှာခေါင်းနှင့် နားများမှ သွေးများ ဆက်တိုက် စီးကျနေခဲ့သည်။

သူ့ကျောပေါ်တွင် ခရမ်းရောင်ဦးချိုများနှင့် ငွေဖြူရောင်မျဉ်းများ၊ ခြေထောက်တစ်ဆယ့်နှစ်ချောင်းနှင့် နက်မှောင်သော အပြာရောင်မျက်လုံးများ ပါရှိသည့် အနက်ရောင်နဂါးတစ်ကောင်က သူ့ကို မိုးမြေအကြား အဖိုးတန်ဆုံးနှင့် အမွန်မြတ်ဆုံးသော တည်ရှိမှုတစ်ခုကဲ့သို့ ဝန်းရံကာကွယ်ပေးထားခဲ့သည်။

ဝူဟုန်က ထိုနဂါးကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

ဒီအရှိန်အဝါက.. ဂိတ်တံခါးကနေ ထွက်ပြေးသွားတဲ့ အရာတွေကို သတိရစေတယ်။ ဒါက ဟွင်သွမ်းနတ်ဆိုးနတ်ဘုရားတစ်ပါးရဲ့ ပုံရိပ်ယောင်လား

သူမ၏ မျက်လုံးထဲတွင် ကံကြမ္မာသင်္ကေတက ဖျတ်ခနဲ လက်သွားခဲ့သည်။

ကံကောင်းမှုဟွင်သွမ်း နတ်ဆိုးနတ်ဘုရားလား.. ကောင်းပြီ.. ဒါက ချီကံကောင်းမှုရဲ့ အခြေအနေကို ရှင်းပြပေးနေတာပဲ

သတ္တဝါအားလုံး သို့မဟုတ် အင်အားစုအားလုံး၏ ချီကံကောင်းမှုက နဂါးပုံသဏ္ဍာန် အဘယ်ကြောင့် ဖြစ်နေရသနည်း။ ပင်ကိုနတ်ဆိုးများနှင့် မိစ္ဆာများက နဂါးများသည် အသန်မာဆုံးသော သက်ရှိပုံစံ ... ဖန်တီးခြင်း၏ အထွတ်အထိပ် ဖြစ်ခြင်းကြောင့်ဟု ကြွားဝါကြသည်။

သို့သော်လည်း လက်ရှိတွင် လူသားများနှင့် မကောင်းဆိုးဝါးနတ်ဘုရားများက ဟွင်သွမ်းစကြဝဠာကို အုပ်ချုပ်နေကြခြင်းကြောင့် လူမျိုးစုအများစုက ထိုအချက်ကို လှောင်ပြောင်ကြသည်။ ယနေ့တွင်မူ ဝူဟုန်က အကြောင်းအရင်းကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

နဂါးဟု ပထမဆုံး ခေါ်ဝေါ်ခြင်းခံရသည့် သတ္တဝါမှာ ကံကောင်းမှုဟွင်သွမ်းနတ်ဆိုးနတ်ဘုရား ဖြစ်သည်။ တစ်ခါက အဆီအနှစ်ခေတ်ကာလအတွင်း မဟာတာအိုက လူမှုအဖွဲ့အစည်းကို ပြန်လည်စတင်ခဲ့စဉ်က သူမက ၎င်း၏ ပုံစံကို ဟွင်သွမ်းစကြဝဠာရှိ ကံကောင်းမှု၏ ကိုယ်စားပြုမှုအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ပင်ကိုနတ်ဆိုးများသည် ဤလုပ်ရပ်ကြောင့် အကျိုးကျေးဇူး ခံစားခဲ့ရခြင်းသာ ဖြစ်သည်။

ဤလျှို့ဝှက်ချက်ကို သိရှိသွားပြီးနောက် ဝူဟုန်က သူမ၏ တိုက်ပွဲကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ သူမက အသန့်စင်ဆုံးသော ချီ၏ အဖြူရောင်အလင်းတန်းကို ဆင့်ခေါ်ရန် လက်ကို မြှောက်လိုက်သည်။

သူမသည် မည်သည့်ဂုဏ်သတ္တိ သို့မဟုတ် ဓာတ်တွဲဖက်မှု ပါဝင်သည့် စွမ်းအင်ကိုမျှ မရွေးချယ်ဘဲ အရင်းအမြစ်ချီနေရာလွတ်ထဲမှ အသန့်စင်ဆုံးသော ချီကိုသာ ထုတ်ယူခဲ့သည်။ ရည်ရွယ်ချက်မှာ သန့်စင်မှုနှင့် အစွန်းရောက် စုစည်းမှုပင် ဖြစ်သည်။

သို့သော်လည်း သူမ ထိန်းချုပ်နိုင်သည့် အကန့်အသတ်သို့ ရောက်ရှိသွားသည့်တိုင် ဝူဟုန်က အားရကျေနပ်ခြင်း မရှိသေးပေ။ သူမက ဤတိုက်ပွဲကို တိုက်ကွက်တစ်ခုတည်းဖြင့် အဆုံးသတ်လိုခြင်းဖြစ်ပြီး ဤစွမ်းအင်လုံးက လုံလောက်စွာ ပြင်းထန်မှု ရှိပုံမပေါ်ပေ။

ထို့ကြောင့် သူမအနေနှင့် ဝမ်ဝေ့ တစ်ခါက ဒိုင်မေးရှင်းအနိမ့်တွင် ရှာဖွေတွေ့ရှိခဲ့သည့် ကျင့်စဉ်များထဲမှ တစ်ခုဖြစ်သော အထိအခိုက်ပြင်းတိုက်ခိုက်မှုလမ်းစဉ်ကို အသုံးပြုလိုက်သည်။

ဟင်..

ဝူဟုန်က သူမ၏ စိတ်ဝိညာဉ်သည် မရေမတွက်နိုင်သော လှုပ်ရှားနေသည့် ကြိုးများဖြင့် ဖွဲ့စည်းထားသော ဤအမည်မသိ ပုံကြမ်းနှင့် မသိလိုက်ဘဲ ချိတ်ဆက်သွားကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။

အစပိုင်းတွင် ထိုကြိုးများ၏ လျင်မြန်သော လှုပ်ရှားမှုကို ဖမ်းဆွဲရန် သူမအတွက် ခက်ခဲခဲ့သော်လည်း အာရုံစိုက်လိုက်သည့်အခါ ၎င်းတို့က နှေးကွေးသွားပြီး ထိုနေရာတွင် အထပ်များ ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အတိအကျပြောရလျှင် သုံးထပ်ဖြစ်သော်လည်း သူမအနေဖြင့် ပထမနှစ်ထပ်ကိုသာ ဝင်ရောက်ကြည့်ရှုနိုင်ခဲ့သည်။

ဒါဆို ဒါက အဲဒီဆီကို ဦးတည်နေတာပေါ့

ဝူဟုန်က သဘောပေါက်သွားသည့် မျက်နှာထားဖြင့် တွေးလိုက်သည်။

သိပ်မနောက်ကျသေးတာ ဝမ်းသာစရာပဲ

သူမက ပထမဆုံးအနေဖြင့် ဒုတိယအထပ်ရှိ ကြိုးများ၏ လမ်းကြောင်းအတိုင်း လိုက်ပါရန် ကြိုးပမ်းခဲ့သော်လည်း ချက်ချင်းပင် ခေါင်းကိုက်ခဲမှုကို ခံစားလိုက်ရသဖြင့် သူမ၏ စိတ်ဝိညာဉ်ကို ပထမအထပ်သို့ နှိမ့်ချလိုက်ရသည်။ လျင်မြန်သော တွက်ချက်မှုတစ်ခု ပြုလုပ်ပြီးနောက် သူမ၏ဝိညာဉ်က မှန်ကန်သော လမ်းကြောင်းအတိုင်း လိုက်ပါသွားခဲ့ရာ အမည်မသိ စွမ်းအားတစ်ခုက သူမ၏ တာအိုအမှတ်အသားထဲသို့ စီးဝင်သွားပြီး သူမ၏ ကျင့်စဉ်ကို အကြီးအကျယ် မြှင့်တင်ပေးလိုက်သည်။

ထိုအဖြူရောင် စွမ်းအင်လုံးကြီးကြောင့် စက္ကန့်ပိုင်းအတွင်းမှာပင် လေဟာနယ်တိုက်ပွဲကွင်းပြင်၏ လေးပုံတစ်ပုံခန့် ပျက်စီးသွားခဲ့ရတော့သည်။

“နင် လွတ်မှာမဟုတ်ဘူး ကောင်စုတ်”

ဝူဟုန်က ယင်ကျန်း၏ ဝိညာဉ်ကို သယ်ဆောင်သွားသည့် လိပ်ပြာဆီ စည်းတံဆိပ်တစ်ခုကို ဆင့်ခေါ်ရင်း ရုတ်တရက် အော်ဟစ်လိုက်သည်။ သို့သော်လည်း သူမ အောင်မြင်တော့မည့်အချိန်မှာပင် ထိတ်လန့်ဖွယ်ကောင်းသော ခေါင်းကိုက်ခဲမှုတစ်ခုက သူမကို ဝေဝေဝါးဝါး ဖြစ်သွားစေခဲ့သည်။

ထို့နောက် ယင်ကျန်းကဲ့သို့ပင် သူမ၏ ဒွါရပေါက်များမှ သွေးများ စီးကျလာခဲ့တော့သည်။

တောက်..

ဝူဟုန်က မိမိကိုယ်ကိုယ် တည်ငြိမ်စေရန်အတွက် ဆေးလုံးမြောက်မြောက်စွာကို မျိုချရင်း ကျိန်ဆဲလိုက်သည်။

နင် ကံကောင်းတယ်လို့ပဲ မှတ်ထားလိုက်

သူမ တည်ငြိမ်သွားစေရန် သက်ပြင်းချလိုက်ပြီးနောက် စည်းတံဆိပ် ၃၈၀၀ က ယခင်ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး သူမ၏ အရှိန်အဝါကလည်း ဖြည်းဖြည်းချင်း လျော့ပါးသွားခဲ့သည်။ ဝူဟုန်က နောက်ဆုံးတွင် အိမ်သို့ ပြန်လည်ကူးသန်းပြောင်းရွေ့သွားခဲ့တော့သည်။

ဝမ်ဝေ့၏ အကြည့်များက လင်းလက်သွားခဲ့ပြီး ချက်ချင်းပင် မတ်တတ်ရပ်လိုက်သည်။

“မင်း အဆင်ပြေရဲ့လား..”

“ငါ့နာမည်က ယင်ကျန်း... လူသားဧကရာဇ်ပဲ” အသံတစ်ခုက မိုးမြေအကြား ဟိန်းထွက်သွားခဲ့သည်။

“ငါက မာနကြီးတဲ့သူ ဖြစ်ပေမဲ့ သူတစ်ပါးရဲ့ စွမ်းဆောင်ရည်ကို ဘယ်အချိန်မှာ အသိအမှတ်ပြုရမလဲဆိုတာ ငါ သိတယ်။ ကောင်းကင်ဧကရာဇ်အဖြစ် ငါ့ရဲ့ ဘွဲ့နာမည်နဲ့ အခု ကြေညာတယ်.. ဧကရီဝူဟာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ အသန်မာဆုံး ရှေးဦးမူလပဲ”.

မိုးမြေက သူ၏ စကားလုံးများနှင့်အတူ ပဲ့တင်ထပ်သွားခဲ့ပြီး မူလစည်းတံဆိပ်ကုန်းမြေကို ဗဟိုပြုလျက် ကြီးမားလှသော ပုံရိပ်တစ်ခုဖြင့် ပေါ်ထွက်လာသည်။

ကောင်းကင်မှ အလင်းတန်းတစ်ခု ကျဆင်းလာပြီး ဝူဟုန်၏ ရှေ့တွင် ရွှေဖြူရောင် ဖီးနစ်သရဖူတစ်ခုကို ပြကာ သူမအနေဖြင့် ဤဘွဲ့အမည်ကို လက်ခံခြင်း ရှိ၊ မရှိ မေးမြန်းလာခဲ့သည်။

“ဒီကောင်စုတ်”

ဝမ်ဝေ့က အံကြိတ်ရင်း ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှ သူ ယခင်က မထုတ်လွှတ်ဖူးသေးသည့် သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဘေးအန္တရာယ်ကပ်ဘေးက ရောက်ရှိတော့မည်ဖြစ်ရာ ယခုလို ဘွဲ့အမည်မျိုးက ဘာကို ကိုယ်စားပြုသနည်း။ ကြီးမားလှသော ပစ်မှတ်တစ်ခုပင် ဖြစ်၏။

အရည်အချင်းရှိသော ကျူးကျော်သူတစ်ဦး ပထမဆုံး လုပ်ဆောင်မည့်အရာမှာ သူတို့၏ သိမ်းပိုက်မှုကို ခြိမ်းခြောက်နိုင်စွမ်းရှိသော လူများကို သုတ်သင်ဖယ်ရှားပစ်ရန် ဖြစ်သည်။ ထို့အပြင် အခြားသော ရှေးဦးမူလများ၏ မနာလိုမှုနှင့် မနာလိုစိတ်များကိုလည်း ထည့်မ‌ပြောရသေးပေ။

ထိုလူများသည် ယခုအချိန်တွင် ဤဘွဲ့အမည်ကို လက်ခံနိုင်သော်လည်း အခွင့်အရေး ရရှိလာပါက မည်ကဲ့သို့သော သစ္စာဖောက်မှုမျိုးကို လုပ်ဆောင်ကြမည်လဲဆိုတာ မည်သူ သိနိုင်မည်နည်း။

“ငါ အဲဒီကောင်စုတ်ကို သွားသတ်မလို့” သူက အံကြိတ်ရင်း ပြောလိုက်တော့သည်။

အခန်း (၁၆၁၆) : လန်းဆန်းတက်ကြွလာသော စိတ်ဓာတ်

“စိတ်အေးအေးထားပါ”

ဝူဟုန်က သွေးမတိတ်နိုင်ဘဲ ဖြစ်နေသည့် နှာခေါင်းမှ သွေးများကို သုတ်ရင်း ပြောလိုက်သည်။ သူမ၏ တစ်ကိုယ်လုံးတွင် အပ်အနည်းငယ် ပေါ်လာပြီးနောက် ကုန်းမြေ၏ သံသရာမဟာယန္တရားထံမှ ပြင်းထန်သော သက်စောင့်စွမ်းအားများ စီးဝင်လာကာ အခြေအနေကို ကူညီကုသပေးရန် ကြိုးပမ်းလာသည်။

“မင်း တကယ်ပဲ ဒီဘွဲ့အမည်ကို လိုချင်နေတာတော့ မဟုတ်ပါဘူးနော်”

ဝမ်ဝေ့က မေးလိုက်သည်။

သူ့ဇနီးသည် မည်သူမည်ဝါဖြစ်ကြောင်း သူ သတိရလိုက်မိသည်။ သူမသည် လူအများ၏ အာရုံစိုက်မှုကို ခံရခြင်းနှင့် သူမ မည်မျှကြီးမြတ်ကြောင်း ကမ္ဘာကြီးဆီ ပြသရခြင်းအား နှစ်သက်သူ ဖြစ်သည်။

“အချစ်လေး ... ကိုယ့်ရဲ့ ကိုယ်တစ်ခြမ်းလေး … အခုအချိန်က ကိုယ်ပိုင်အကြိုက်ပေါ် အခြေခံပြီး ပြုမူရမဲ့ အချိန်မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ အေးစက်စက် ယုတ္တိတန်တန် ပြုမူရမဲ့ အချိန်ပဲ”

“သာမန်အချိန်ဆိုရင်တော့ ကျွန်မ ရှင့်ပြောတဲ့အတိုင်း သဘောတူမှာပါ... ဒါပေမဲ့ တိုင်လုံးအုတ်မြစ်တွေအကြောင်း မေတ္တယျ ပြောခဲ့တာကို မေ့သွားပြီလား”

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။

“အသန်မာဆုံး ရှေးဦးမူလဆိုတဲ့ ဘွဲ့အမည်က ကျွန်မရဲ့ အောင်မြင်မှုစာရင်းမှာ ထည့်သွင်းရမဲ့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာသင့်တယ်လေ။ ပြီးတော့ ကျွန်မ ကောင်းချီးခံယူပြီးသွားရင် ဒါကို ရှင်ပဲ ယူလိုက်လို့ရတာပဲ”

ဝမ်ဝေ့က သူမ၏ သွယ်ဝိုက်သော အရိပ်အမြွက်များကို လျစ်လျူရှုလိုက်ပြီး “မင်း အကျိုးဆက်တွေအတွက် အဆင်သင့်ဖြစ်ရဲ့လား။ ဒီကျူးကျော်သူတွေက...”

“ဒါက ဒီလိုမျိုး ပထမဆုံးအကြိမ် ဖြစ်လာတာ မဟုတ်ပါဘူး”

ဒုတိယမူလစစ်ပွဲအတွင်းမှာလည်း သူမသည် အရာအားလုံး၏ ဗဟိုချက်ဖြစ်သော ချီယွမ်ပြီးလျှင် လုပ်ကြံသတ်ဖြတ်မှုစာရင်း၏ ထိပ်ဆုံးတွင် ပါဝင်ခဲ့ဖူးသည်။

“ဒါက ဒုတိယစစ်ပွဲလိုမျိုး ဖြစ်မှာမဟုတ်ဘူး။ ဒီစစ်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ စွမ်းအားရဲ့ အမြင့်ဆုံးကန့်သတ်ချက်က ဘယ်လောက်အထိ ရှိမလဲဆိုတာတောင် ကိုယ်တို့ မသိရသေးဘူး”

“အဲဒါက ကျွန်မတို့စစ်ပွဲတုန်းကကော ဒီလိုမဟုတ်ခဲ့ဘူးလို့ ရှင်ထင်နေတာလား” ဝူဟုန်က ပြန်လည်ချေပလိုက်သည်။

“ဒါက မတူဘူးဆိုတာ မင်းသိပါတယ်” ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

ဒုတိယမူလစစ်ပွဲတွင် ပါဝင်ပတ်သက်ခဲ့သည့် ကမ္ဘာဦးသူတော်စင်များစွာ ရှိနိုင်သော်လည်း အဓိကကွာခြားချက်မှာ ထိုသူများသည် အကြောင်းပြချက်တစ်ခုခုကြောင့် လူသိရှင်ကြား ပေါ်ထွက်လာခြင်း မရှိခဲ့ကြပေ။

သို့သော် ဘေးအန္တရာယ်ကပ်ဘေးကမူ ကွဲပြားလိမ့်မည်။ အခြေခံအားဖြင့် ဤအရာသည် ထူးကဲသာလွန်ခေတ်ကာလကို ဖွင့်လှစ်မည့် စစ်ပွဲတစ်ခုဖြစ်ပြီး ထိုအင်အားစုများသည် လမ်းဘေးက သာမန်ခွေးများကဲ့သို့ အလွယ်တကူ ပေါ်ထွက်လာကြတော့မည်။

“စစ်ပွဲတိုင်းမှာ အန္တရာယ် ရှိစမြဲပဲ.. ဒါကလည်း အတူတူပဲ ဖြစ်နေလိမ့်မယ်” ဝူဟုန်က ပြောလိုက်သည်။

“ပြီးတော့ ကျွန်မက လုပ်ကြံသတ်ဖြတ်မှုစာရင်းမှာ အစကတည်းက ရှိမနေခဲ့ဘူးလို့ ရှင် ထင်နေတာလား”

အချိန်စားသုံးသူသည် ကျူးကျော်သူများကို အချက်အလက်များ ပေးဆောင်နေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ရာ မေတ္တယျနှင့် ကောင်းကင်တာအိုတို့က သမိုင်းကြောင်းသော့ခလောက်ကို မဖန်တီးခင်ကတည်းကပင် ထိုလူများသည် ပြဿနာရှာနိုင်သည့် အကြီးမားဆုံးသော ပါရမီရှိသည့် ကျင့်ကြံသူများကို သိရှိထားပြီးသား ဖြစ်သည်။

“ကောင်းပြီလေ... ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းရဲ့ စိတ်ကူးကို ပြောင်းလဲလို့ရမှာ မဟုတ်တော့ဘူး ထင်တယ်”

ဝူဟုန်က သူ့မျက်နှာကို ပွတ်သပ်ပေးလိုက်သည်။

“ကျွန်မကို ကာကွယ်ချင်တဲ့ ရှင့်ရဲ့ စိတ်ကို နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ကိုယ်ပိုင်လမ်းစဉ်ရှိတဲ့ ကျင့်ကြံသူတွေဆိုတာ မမေ့ပါနဲ့။ ရှင်က ဒီဘေးအန္တရာယ်အတွက် ကန့်လန့်ကာနောက်ကွယ်က ရုပ်သေးကြိုးကိုင်သူအဖြစ် ရွေးချယ်ခဲ့ပေမဲ့.. ကျွန်မကတော့ ကိုယ့်ဘာသာ စိန်ခေါ်ဖို့ ရွေးချယ်ခဲ့တာ”

“ကိုယ် နားလည်ပါတယ်”

“ကောင်းပြီ”

“မင်းရဲ့ အခြေအနေ ဘယ်လိုလဲ” ဝမ်ဝေ့က မေးလိုက်သည်။

“တန်ပြန်သက်ရောက်မှုက ထင်ထားသလောက် မဆိုးပါဘူး”

ဝူဟုန်က သူမ၏ တည်ရှိမှုကို စူးစမ်းလေ့လာပြီးနောက် ပစ်မှတ်ထားကုသရန်အတွက် ဆုံမှတ်နည်းစနစ်ကို အသုံးပြုလိုက်သည်။ သူမ ဝယ်ယူခဲ့သည့် ဆေးလုံးနှင့် အတုအယောင် ယန္တရားတို့၏ ပေါင်းစပ်မှုက အံ့ဩစရာကောင်းလောက်အောင် ထိရောက်မှု ရှိခဲ့သည်။

သူမက အကြံတစ်ခု ရရှိသွားပြီးနောက် မိမိရှေ့ရှိ သရဖူကို ကြည့်ကာ ဘွဲ့အမည်ကို လက်ခံလိုက်တော့သည်။

မိုးမြေက ပျော်ရွင်ဆင်နွှဲခဲ့ကြသော်လည်း ဝမ်ဝေ့မှာမူ ပျော်ရွှင်နိုင်ခြင်း မရှိပေ။ သူသည် လက်တုံ့ပြန်သည့်အနေဖြင့် မိမိ၏ လူသားဧကရာဇ်ရာထူးကို ပြန်လည်ရယူပြီး အသန်မာဆုံးသော တိုင်းပြည်ဘွဲ့အမည်ကို ချင်တိုင်းပြည်ထံ ပေးသနားချင်စိတ်ပင် ပေါက်သွားခဲ့သည်။

သို့သော်လည်း ဤသည်က အလုပ်ဖြစ်မည်မဟုတ်ကြောင်း သူ သိရှိထားသည်။ ဤကံကြမ္မာရာထူးများသည် လူများကို ဘွဲ့အမည်များနှင့် ကောင်းချီးများ ပေးသနားနိုင်သည့် စွမ်းအား ရှိသော်လည်း သူတို့ကို ကောင်းကင်တာအိုကလည်း အသိအမှတ်ပြုရန် လိုအပ်ပေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ကောင်းကင်တာအိုက ဝူဟုန်အား ဤရှေးဦးမူလဘွဲ့အမည်၏ ကြမ္မာ သို့မဟုတ် ကံကောင်းမှု ဖြစ်နိုင်သည်ဟု မယူဆခဲ့ပါက ယင်ကျန်း၏ အစီအစဉ်က အောင်မြင်ခဲ့မည် မဟုတ်ပေ။

မိုးမြေကြားမှ အသန့်စင်ဆုံးသော စွမ်းအားက သူမအား ကောင်းချီးပေးရန် သူမ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့ရာ တန်ပြန်သက်ရောက်မှုကြောင့် ပြင်းထန်စွာ ထိခိုက်သွားခဲ့သည့် သူမ၏ တည်ရှိမှုနေရာများဆီသို့ ချက်ချင်းပင် လမ်းညွှန်ပေးလိုက်သည်။

ထို့နောက် သူမ၏ အဖြူရောင် ချီကံကောင်းမှုနဂါး၌ သေးငယ်သော အစိတ်အပိုင်းတစ်ခု (၁ ရာခိုင်နှုန်းခန့်) က ဖောက်ထွင်းမြင်ရသော ပုံစံသို့ ပြောင်းလဲသွားခဲ့သည်။ ဤသည်မှာ သူမတွင် သူမ၏ ခင်ပွန်းကဲ့သို့ပင် ထူးကဲသာလွန် ကံကောင်းမှု အနည်းငယ် ရှိနေပြီဖြစ်ကြောင်း အချက်ပြနေခြင်း ဖြစ်၏။

သို့သော်လည်း သူ့ကဲ့သို့ပင် ဝူဟုန်ကလည်း သိပ်ပြီး အာရုံမစိုက်ပေ။ တော်ရုံကျင့်ကြံသူတစ်ဦး လုပ်ဆောင်မည့် နောက်ဆုံးအရာမှာ မိမိတို့၏ သာလွန်သောလမ်းစဉ်အတွက် ကံကောင်းမှုအပေါ် မှီခိုခြင်း ဖြစ်သည်။

ယခုကဲ့သို့သော စိတ်ဓာတ်မျိုး ရှိနေခြင်းကပင် ထိုကျင့်ကြံသူသည် ရှေ့ဆက်ရမည့် လမ်းစဉ်အတွက် အဆင်သင့်မဖြစ်သေးကြောင်း အဓိပ္ပာယ်ရပေသည်။

သူမ သွေးတိတ်သွားသည့်အခါမှသာ ဝမ်ဝေ့ စိတ်သက်သာရာရသွားခဲ့သည်။ ထို့နောက် သူ၏ ယခင်ဒေါသက ပိုမိုပြင်းထန်စွာဖြင့် ရုတ်တရက် ပြန်လည်ပေါ်ထွက်လာခဲ့ပြန်သည်။

“ဒါတွေအားလုံးက ယင်ကျန်းကြောင့်ပဲ”

“ရှင် သူ့ကို သတ်ဖို့ အခွင့်အရေး ရခဲ့ရင် ကျွန်မကို ဆက်သွယ်လိုက်ပါ... ကျွန်မ ကူညီပေးမယ်”

ဝူဟုန်က သူမ၏ ပါးပြင်ပေါ် သွေးရောင် ပြန်လည်လွှမ်းမိုးလာသည်နှင့်အမျှ ပြန်လည်ပြောကြားလိုက်သည်။

“ကောင်းပြီ... နောက်တစ်ကြိမ်ကျရင်တော့ ကိုယ်တို့နှစ်ယောက် ပူးပေါင်းပြီး သူ့ကို အမြစ်ပြတ်ချေမှုန်းပစ်မယ်”

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ဝူဟုန်က ဖြည်းဖြည်းချင်း မတ်တတ်ရပ်ကာ အညောင်းအညာဆန့်လိုက်သည်။

“မင်း ဘယ်သွားမလို့လဲ”

“ကျွန်မ လူလုံးထွက်ပြပြီး အခြေအနေကို ထိန်းချုပ်ဖို့ လိုတယ်”

ကုန်းမြေပေါ်ရှိ လူတိုင်းက သူမ၏ တည်ရှိမှု မည်မျှအထိ အရေးကြီးကြောင်း သိရှိထားကြရာ သူမ အောင်ပွဲရရှိပြီး ဘွဲ့အမည်တစ်ခုကိုပင် ရရှိခဲ့ခြင်းကြောင့် သူတို့ ပျော်ရွှင်နေကြသော်လည်း သူမ ပေါ်ထွက်လာပါက စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် ပိုမိုကောင်းမွန်လာပေလိမ့်မည်။

“မင်း ပြောမှပဲ ကိုယ်လည်း ဂိုဏ်းကို သွားကြည့်ဖို့ လိုသေးတာ သတိရတယ်။ ကိုယ်တို့ နောက်မှ တွေ့ကြမလား”

“ချိန်းဆိုမှုတစ်ခုပေါ့။ ပြီးတော့ ချီယွမ်ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကား ပြောဖို့ မမေ့နဲ့ဦး။ အားလုံးကို ရှင်းလင်းပြီးရင် ကျွန်မ လက်ဆောင်တွေနဲ့အတူ လာခဲ့မယ်လို့ သူ့ကို ပြောလိုက်ပါဦး”

“ကိုယ် ပြောလိုက်ပါ့မယ်”

……………….

ဝမ်ဝေ့က ဂိုဏ်းသို့ ပြန်လာခဲ့ပြီး ချီယွမ်၏ မူလတောင်ဆီသို့ တိုက်ရိုက် ဦးတည်လိုက်သည်။

ချီယွမ်က ရွှေရောင်စွမ်းအင်လုံးကြီးတစ်ခုအတွင်း ပိတ်မိနေသော ယန်းအိုက်ကို စောင့်ကြည့်ရင်း တင်ပလ္လင်ခွေ ထိုင်နေခဲ့သည်။ ဝမ်ဝေ့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် မျက်မှောင်ကြုတ်လိုက်မိကာ ကြည့်လိုက်မိသည်။ ဤသည်မှာ သူမ၏ မံမီကဲ့သို့သော ရုပ်သွင်ကြောင့် မဟုတ်ပေ။

သူသည် ယန်းအိုက်၏ သက်စောင့်စွမ်းအားကို ခဲရာခဲဆစ်သာ အာရုံခံနိုင်တော့ပြီး သူမ၏ အရှိန်အဝါမှာ သူ မြင်ဖူးသမျှတွင် အားအနည်းဆုံး ဖြစ်နေသောကြောင့် ဖြစ်၏။

“သူမ ဒီလောက်အထိ ဆိုးဝါးတဲ့ အခြေအနေ ရောက်နေမှန်း မသိခဲ့ဘူး”

“ဒါက ရှေ့ဆက်ရမဲ့ လမ်းစဉ်ကို ချောင်းကြည့်တဲ့အတွက် တစ်ခါတရံ ငါတို့ ပေးဆပ်ရမဲ့ တန်ဖိုးပဲ” ချီယွမ်က သူ့ဘေးတွင် ထိုင်ရန် ဖိတ်ခေါ်ရင်း ပြန်လည်ဖြေကြားလိုက်သည်။ ထို့နောက် သူက အခြေအနေကို ရှင်းပြလိုက်သည်။

“ဘိုးဘေး...”

“လောကဝတ်တွေ လုပ်မနေပါနဲ့။ မင်းက အခုဆိုရင် ရှေးဦးမူလတစ်ယောက် ဖြစ်နေပြီဆိုတော့ ငါ့ကို ပိုပြီးတော့ ရင်းရင်းနှီးနှီး ခေါ်လို့ရပါတယ်”

“ကောင်းပါပြီ ချီယွမ်” ဝမ်ဝေ့က တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် အရေထူလှသော လူတစ်ယောက်ဖြစ်သဖြင့် ဤစကားလုံးများက သူ့နှုတ်မှ အလွယ်တကူပင် ထွက်ပေါ်လာခဲ့သည်။

“ကျွန်တော်က တော်တော်လေး ယုတ္တိရှိတဲ့လူပါ။ ဒါကြောင့် သူမကို ကယ်တင်ဖို့ ကျွန်တော်ကို စောင့်နေစရာ မလိုပါဘူး”

“ငါ သိပါတယ်။ ဒါပေမဲ့ ငါက ဂိုဏ်းရဲ့ စည်းမျဉ်းတွေထက် ကိုယ်ပိုင်ခံစားချက်ကို ရွေးချယ်မိတဲ့ အမှားမျိုး လုပ်ခဲ့ဖူးပြီး… အဲဒါက ငါတို့ရဲ့ တောက်ပတဲ့ အနာဂတ်ကို ပေးဆပ်ရလုနီးပါး ဖြစ်ခဲ့ရတယ်။ ငါ အဲဒီအမှားမျိုးကို ဒုတိယအကြိမ် ထပ်မမှားတော့ဘူး”

သူက လဲလှယ်ရေးစာရင်းကို ဆင့်ခေါ်လိုက်ပြီး သူ တတ်နိုင်သည့် ဈေးနှုန်းအကန့်အသတ်အတွင်းရှိ အကောင်းဆုံးကုသရေးဆေးလုံးကို ဝယ်ယူလိုက်သည်။

ယန်းအိုက်သည် မည်သည့်အရာကိုမျှ မျိုချနိုင်သည့် အခြေအနေတွင် ရှိမနေသဖြင့် ချီယွမ်က ထိုဆေးလုံးကို ချေမွပြီး စွမ်းအားကို သူမ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူမ၏ သက်စောင့်စွမ်းအားက မဟာဧကရာဇ်အဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့သော်လည်း သူမ၏ ခန္ဓာကိုယ်မှာမူ ယခင်အတိုင်းပင် ရှိနေသေးသည်။

ချီယွမ်က အံ့ဩမနေပေ။ ယန်းအိုက်၏ အခြေအနေမှာ ဆိုးဝါးလှသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည့်တိုင် ထိုဓားကို အသုံးပြုခဲ့ခြင်းကြောင့်သာမက နောက်ဆုံးမိနစ်တွင် တိုက်ခိုက်မှုကို အတင်းအကျပ် ထုတ်လွှတ်ခဲ့ရသဖြင့် တန်ပြန်သက်ရောက်မှုကို ခံစားခဲ့ရခြင်းကြောင့်လည်း ဖြစ်သည်။

“မစိုးရိမ်ပါနဲ့။ ဘေးအန္တရာယ်က ကုသိုလ်တွေ စုဆောင်းပြီး သူမကို ကုသပေးဖို့ လုံလောက်တဲ့ အခွင့်အရေး ရှိပါတယ်” ဝမ်ဝေ့က အားပေးလိုက်သည်။

“မင်း ငါ့ကို အားပေးနေတာလား”

“ဘာလဲ။ အားမပေးရဘူးလား။ ပိုပြီးတော့ ရင်းရင်းနှီးနှီး ပြုမူဖို့ ပြောခဲ့တာ ဘိုးဘေးကိုယ်တိုင်ပဲလေ”

ချီယွမ်က သက်ပြင်းအရှည်ကြီး မချမီ တဟားဟား ရယ်မောလိုက်သည်။

“မင်းအပေါ် ငါ ဘယ်လောက်အထိ ကျေးဇူးတင်မိလဲဆိုတာ မင်းသိလား”

“ဟင်... ဒါက ဘယ်ကနေ ရောက်လာတာလဲ”

“ငါ အများကြီး မမှတ်မိတော့ပေမဲ့ အကြွင်းမဲ့တားမြစ်ချက်ရဲ့ နောက်ဆုံးစမ်းသပ်မှုက ငါ့အတွက်တော့ ကပ်ဘေးတစ်ခုပဲ။ အဲဒါက ငါ အကန့်အသတ်တစ်ခုကို တိုက်မိသွားပြီဆိုတာကို အထင်အရှား သိသွားစေခဲ့တယ်။ ငါ့ရဲ့ ကြမ္မာက ကုန်ဆုံးသွားခဲ့ပြီ။ ပြီးတော့ ပိုပြီး အရေးကြီးတာက ငါ့ရဲ့ စိတ်က အရင်လို မဟုတ်တော့ဘူးဆိုတာကို ငါ သဘောပေါက်လိုက်ရတယ်”

“စိတ်ကလား”

“မှန်တယ်… အဲဒါက အဲဒီမတိုင်ခင်ကတည်းက စတင်ခဲ့တာ။ ငါ စံပြတားမြစ်တိုက်ခိုက်ရေးအဆင့်ထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းတုန်းက ဒီပြဿနာကို ပထမဆုံး သတိပြုမိခဲ့တာ။ စိတ်ကူးတစ်ခု ထွက်ပေါ်လာဖို့က ထင်ထားတာထက် ပိုပြီး ခက်ခဲခဲ့တယ်…

အဲဒီအချိန်မှာပဲ ငါ ငယ်ရွယ်စဉ်က ရှိခဲ့တဲ့ ဖန်တီးနိုင်စွမ်းတွေ အများကြီး ဆုံးရှုံးသွားခဲ့ရပြီဆိုတာကို သတိပြုမိလိုက်တာ”

“ဒုတိယစစ်ပွဲအတွင်းမှာ ငါ အကြွင်းမဲ့တားမြစ်ချက်ကို ကျော်လွန်ပြီး အနာဂတ်ကို မတွေးတောနိုင်သလို ပုံဖော်လို့မရခဲ့ဘူး။ ကျရှုံးဖို့ အခွင့်အရေး အလွန်များပြားတယ်ဆိုတာကို သိလို့ အဲဒီနောက်ပိုင်းအတွက် စတင်စီစဉ်ခဲ့ပေမဲ့ အဲဒါကို ကျော်လွန်ပြီး မမြင်နိုင်ခဲ့ဘူး။

ငါ့ရဲ့ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စိတ်နဲ့ အတွေ့အကြုံတွေက အရင်အတိုင်း ထက်မြက်နေဆဲဖြစ်ပေမဲ့ ငါ့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ပါရမီတွေကတော့ အများစု ပျောက်ကွယ်သွားခဲ့ပြီ”

“ဘိုးဘေးက မဟာတာအိုဆီကနေ သိမြင်မှုပိတ်ဆို့ခြင်းရဲ့ သားကောင် ဖြစ်ခဲ့ရတာပဲ ထင်တယ်”

ဝမ်ဝေ့က ပြန်လည်ဖြေကြားလိုက်သည်။ သူကိုယ်တိုင်ပင် သားကောင်ဖြစ်ခဲ့ဖူးသဖြင့် သူ၏ ကောင်းကင်ဘုံအဆင့်မှာ ယခုလို စံနှုန်းအတိုင်း ဖြစ်နေရခြင်းဖြစ်ပြီး အများစုမှာ ဆန်းသစ်မှု မရှိခြင်း ဖြစ်သည်။

သို့သော်လည်း သူက ငယ်ရွယ်သေးသဖြင့် အနည်းငယ်မျှတော့ ရုန်းကန်နိုင်ခဲ့သည်။ သို့သော် ချီယွမ်ကမူ သူ့ထက် ပိုမိုကြာမြင့်စွာ နေထိုင်ခဲ့ရသဖြင့် ၎င်း၏ လှည့်စားမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

“မှန်တာပေါ့” ချီယွမ် ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ မပြီးမပြတ်အခြေအနေကို ပြန်ရောက်လာပြီး မင်းနဲ့ ထိတွေ့ဆက်ဆံရကတည်းက ကိုယ့်ကိုယ်ကိုယ် ပြန်လည်လန်းဆန်းတက်ကြွလာတာကို ငါ ခံစားမိတယ်။ ငါ ငယ်ငယ်က မကြာခဏ ရရှိခဲ့ဖူးတဲ့ စိတ်ကူးစိတ်သန်းတွေက ဖြည်းဖြည်းချင်း ပြန်လည်ပေါ်ထွက်လာခဲ့တယ်။ ငါ့ရဲ့ စိတ်က ပိုပြီးတော့ လွတ်လပ်လာသလိုပဲ”

“ဆိုလိုတာက ဘိုးဘေး တစ်ခုခုကို စီစဉ်နေတာ ဖြစ်ရမယ် ဟုတ်တယ်မလား။ လူတိုင်းက အကြီးအကျယ် လှုပ်ရှားမှုတွေ လုပ်နေကြတာကို ဉာဏ်များတယ်လို့ နာမည်ကြီးတဲ့ ဘိုးဘေးက ယခုလို တိတ်ဆိတ်နေတာကို အမြဲတမ်း သံသယဝင်မိနေတာ”

“ငါ စီစဉ်နေတာ ရှိပါတယ်”

“ပြောပြလို့ရမလား”

“အချိန်တန်ရင်ပေါ့” ချီယွမ်က ပြန်လည်ဖြေကြားလိုက်သည်။

“တကယ်တော့ မင်းရဲ့ အကြံဉာဏ်တွေကိုပါ ထည့်သွင်းပေးဖို့ ငါ မျှော်လင့်ထားတာ”

“မစောင့်နိုင်တော့ဘူး”

ဝမ်ဝေ့ အနည်းငယ်မျှ တွေးတောလိုက်မိသည်။ တစ်ချက်အနေဖြင့် ချီယွမ်သည် မဟာမူလဧကရာဇ်အစီအရင် (၁၃) ပါး ပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်သော်လည်း ထိုအရာကို သူ၏ ဖခင်ဖြစ်သူကို ရှာဖွေပြီးမှသာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ဒုတိယအနေဖြင့် ချီယွမ်သည် မည်သည့်ကြီးမားသော လှုပ်ရှားမှုမျှ မလုပ်ဆောင်မီ သုံးပါးတစ်ဆူအရှင်က အရိပ်အမြွက်အချို့ ပြသလာသည်ကို စောင့်ဆိုင်းရမည် ဖြစ်သည်။ သူတို့မလိုချင်ဆုံးအရာမှာ ထိုကောင်စုတ်က သူတို့၏ လုပ်ရပ်များမှ အကျိုးအမြတ် ရရှိသွားမည့် အဖြစ်မျိုး ဖြစ်၏။

“ဒါနဲ့... ဟုန်အာက ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်စကား ပါးလိုက်သေးတယ်။ သူမဘက်က အရာအားလုံးကို ရှင်းလင်းပြီးရင် လက်ဆောင်နဲ့အတူ လာခဲ့ပါ့မယ်တဲ့”

“မူလစည်းတံဆိပ်ကုန်းမြေက ထာဝရအိပ်မက်ဂိုဏ်း အရင်က ဖြစ်ခဲ့ဖူးသလိုပဲ ငါတို့ရဲ့ အကြီးမားဆုံး မဟာမိတ်တွေထဲက တစ်ခုပဲ။ ပြီးတော့ အခုဆိုရင် သူမက မိသားစုဝင်တစ်ယောက်တောင် ဖြစ်နေပြီပဲ”

ချီယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ စကားတစ်ခွန်း ပြောရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားခဲ့သည်။

“ဟင်...”

သူက ချီယွမ်နှင့် တစ်ပြိုင်နက်တည်း ညည်းတွားလိုက်မိပြီး သူတို့နှစ်ဦးစလုံး အဝေးသို့ လှမ်းကြည့်လိုက်ကြသည်။

“ဒီတိုက်ပွဲကတော့ အဆုံးသတ်တော့မဲ့ပုံပဲ”

တိုက်ပွဲဝင်လူဝံခေါင်းဆောင်နှင့် အသင်္ချေကြယ်တာရာယုန်တို့၏ အရှိန်အဝါက အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း နတ်ဆိုးနတ်ဘုရားချိုင့်ဝှမ်းမှ ရှေးဦးမူလ နက်နဲရေခဲနှင့် လျှို့ဝှက်ဆန်းကြယ်မီးတောက်တို့မှာမူ လျင်မြန်စွာ အားနည်းသွားခဲ့လေပြီ။

All Chapters