အခန်း ၂၁၉
Vol. 22 Ch. 219
အပိုင်း ၂၁၉
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
'အဝတ်ဗလာနဲ့ တစ်ပတ် ပတ်ပြေးရမယ် ဟုတ်လား...'
'ဒါက သွေးနက်မျိုးနွယ် တော်ဝင်မိသားစုရဲ့ ခန္ဓာကိုယ်လေ... သွေးနက်မျိုးနွယ်ဆီသာ ပြန်သွားနိုင်ရင် ဂိုဏ်းချုပ်နေရာက သူ့လက်ထဲ သေချာပေါက် ရောက်လာမှာလို့ လုရှန်တာ အာမခံရဲတယ်။'
လုရှန်တာသည် ဤသွေးနက်မျိုးနွယ် တော်ဝင်မိသားစု ခန္ဓာကိုယ်ကို ရရှိလိုက်ကတည်းက စိတ်ထဲ၌ အစီအစဉ်တစ်ခု ရေးဆွဲပြီးသား ဖြစ်၏။ သူသည် သွေးနက်မျိုးနွယ်၏ နောက်ထပ် ဧကရာဇ် ဖြစ်လာတော့မည်။
'ဧကရာဇ်လု...'
'သို့သော်လည်း အခုတော့ လင်းချန်က သူ့အား အဝတ်ဗလာနဲ့ ပတ်ပြေးခိုင်းနေတာက တကယ့်ကို မဟာအရှက်ခွဲမှုကြီးပင်။'
သို့သော်လည်း လုရှန်တာ၌ ငြင်းဆန်နိုင်စွမ်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်သည် ထူးဆန်းစွာ ထိန်းချုပ်၍ မရတော့ဘဲ အဝတ်အစားများ ချွတ်ကာ ခန်းမဆောင်ကြီး၏ အပြင်ဘက်သို့ ကခုန်လျက် ပြေးထွက်သွားသည်ကို လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။
'ခုန်ဆွခုန်ဆွနဲ့ ပြေးထွက်သွားတာတဲ့လေ...'
လုရှန်တာ အပြင်သို့ ပြေးထွက်သွားရင်း အဆက်မပြတ် အော်ဟစ်လိုက်သည်။
"လင်းချန်... ငါ့ကို သတ်လိုက်စမ်းပါ... သတ္တိရှိရင် ငါ့ကို သတ်လိုက်စမ်းပါ"
သို့သော် လင်းချန်ကမူ မကြားချင်ယောင် ဆောင်နေသည်။
လက်အောက်ငယ်သားများ အလုပ်ရှုပ်နေကြသည်ကို ကြည့်ရင်း လင်းချန် တိတ်ဆိတ်စွာ တွေးလိုက်၏။
'ဒါက အဘိုးကောယွဲ့ဖေးအတွက် လက်စားချေပေးလိုက်သလို ဖြစ်သွားပေမဲ့ သူ့ကို မသတ်ခင်မှာ ငါတို့ ကောင်းကောင်း အသုံးချရဦးမယ်...'
ဤအကြံပြုချက်ကို ကျူးကော့မင် ပေးခြင်း ဖြစ်၏။ သူသည် နန်ရှန်း၏ သွေးအဆီအနှစ်ကို ခွဲခြမ်းစိတ်ဖြာပြီးနောက် နည်းပညာတိုးတက်မှုအတွက် ဖြစ်နိုင်ချေတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့သည် ကျူးကော့မင်၏ အမြင်၌ အလွန် ရှေးကျလွန်းသဖြင့် သုတေသနပြုလုပ်ရန် တန်ဖိုးမရှိချေ။ သို့သော် သွေးနက်မျိုးနွယ်မှာမူ ကွဲပြားခြားနား၏။
သရဲမျိုးနွယ်တို့၏ သုတေသနတန်ဖိုးသည် သွေးနက်မျိုးနွယ်နှင့် ယှဉ်လျှင် ဘာမှ မဟုတ်ချေ။ အထူးသဖြင့် သွေးနက်မျိုးနွယ် တော်ဝင်မိသားစု ခန္ဓာကိုယ်နှင့်ဆိုလျှင် ပို၍ပင် မယှဉ်သာပေ။
ရှေးဟောင်းအမွေအနှစ်နယ်မြေရှိ ရှေးဟောင်းအစီအရင်ကို ပြုပြင်ပြောင်းလဲကာ နန်ရှန်းအား သွေးနှင့် အသားအစီအရင်အဖြစ် သန့်စင်လိုက်ခြင်းဖြင့် ကျန်းကျွင်းချန်ကို အကြွေးတင်စေသည်။ သို့သော် ထိုဆုံးဖြတ်ချက်ကို ကျူးကော့မင် အလွန် နောင်တရမိ၏။ အဘယ်ကြောင့်ဆိုသော် သွေးနက်မျိုးနွယ် တော်ဝင်မိသားစု၏ သွေးသားအဆီအနှစ် ရှိရုံမျှဖြင့် သုတေသနကို ထောက်ကူပေးရန် မလုံလောက်သောကြောင့်ပင်။
လက်ရှိအချိန်၌ နောက်ထပ် အသက်ရှင်နေသည့် သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်တစ်ဦး ရှေ့သို့ ရောက်လာပြီ ဖြစ်ရာ ဤအခွင့်အရေးကို ကျူးကော့မင် မည်သို့ လက်လွတ်ခံနိုင်မည်နည်း။ လေ့လာစမ်းသပ်ရန်အတွက် ဤသို့သော အသက်ရှင်နေသည့် သုတေသနပြုလုပ်ခံ ပုဂ္ဂိုလ်တစ်ဦး ရှိနေခြင်းသည် အလွန် အကျိုးရှိလှ၏။
သုတေသန အောင်မြင်ပါက ဟွာရှာအင်ပါယာရှိ လူသားတိုင်း၏ သွေးအသက်ဓာတ်ကို မြှင့်တင်ပေးနိုင်မည် ဖြစ်ပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှု နည်းပညာသည်လည်း အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။
လင်းချန်သည် ကျူးကော့မင်၏ အကြံပြုချက်ကို သဘောတူလိုက်၏။ ရွှေရောင်အခွင့်အရေး တစ်ခုဖြစ်ပြီး ငြင်းပယ်စရာ အကြောင်းမရှိချေ။
သုတေသနပြုလုပ်ရန်အတွက် ခန္ဓာကိုယ်ကို တိုက်ရိုက်ထိန်းချုပ်ခြင်းနှင့် ပတ်သက်၍ နောင်တရရန် လုံးဝ မရှိချေ။ သွေးနက်မျိုးနွယ်၏ လုပ်ရပ်များနှင့် ယှဉ်လိုက်လျှင် ဤလုပ်ရပ်သည် သေးငယ်သည့် လက်တုံ့ပြန်မှုမျှသာ ဖြစ်၏။
သွေးနက်မျိုးနွယ် တော်ဝင်မိသားစု၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် သန်မာသော်လည်း ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည့် အစီအရင်သည် အစွမ်းအထက်ဆုံး စွမ်းအားများကို ထုတ်ဖော်ရန် မလုံလောက်ချေ။ ထို့ကြောင့် အဝတ်ဗလာဖြင့် ပြေးခြင်းသည် တစ်ရက်တိတိ ကြာမြင့်သွားသည်။
ပြန်ရောက်လာသည့်အခါ လုရှန်တာ၏ မျက်နှာပေါ်၌ ရှက်ရွံ့သော အရိပ်အယောင် လုံးဝ မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ရှက်ရွံ့ခြင်းကင်းမဲ့မှုနှင့် ယဉ်ပါးနေပြီ ဖြစ်သောကြောင့်ပင်။
အဝတ်ဗလာဖြင့် ပြေးခြင်း ပြီးဆုံးသွားပြီးနောက် သွေးနက်မျိုးနွယ် တော်ဝင်မိသားစုအပေါ် သုတေသနပြုလုပ်ခြင်းကို ချက်ချင်း စတင်လိုက်သည်။
လင်းချန်နှင့် ဟွာရှာအင်ပါယာမှ လူများမှလွဲ၍ အခြားသက်ရှိများသည် အင်ပါယာစနစ်ထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိသေးသော်လည်း ထုတ်ယူထားသည့် သွေးများနှင့် ဖြတ်တောက်ထားသော အသား၊ အရိုးများကိုမူ ခွဲခြမ်းစိတ်ဖြာရန်အတွက် ဟွာရှာအင်ပါယာသို့ ပေးပို့နိုင်၏။
နည်းဗျူဟာမှန်ပြင်ပေါ်၌ ခွဲခြမ်းစိတ်ဖြာမှု၏ တိုးတက်မှုများနှင့် ရလဒ်များကို ပြသနေ၏။ နည်းပညာမြင့် ကျင့်ကြံခြင်း ယဉ်ကျေးမှု၏ သုတေသန ကိရိယာများသည် ပညာရှင်များ၏ လက်ထဲ၌ ကျွမ်းကျင်စွာ လည်ပတ်နေပြီး အသစ်ပေါ်ထွက်လာသည့် သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင် လုရှန်တာကို လေ့လာစောင့်ကြည့်နေကြသည်။
ထိန်းချုပ်ခံထားရသည့် ခန္ဓာကိုယ်သည် ပညာရှင်များ၏ ဆန္ဒအတိုင်း လှုပ်ရှားဆောင်ရွက်နေရ၏။ ဒေါသထွက်ခြင်း၊ အခြား မျက်နှာအမူအရာများ လုပ်ပြခြင်းကဲ့သို့သော သေးငယ်သည့် ကိစ္စများမှစ၍ တိုက်ခိုက်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ခြင်းနှင့် အခြား ပြင်းထန်သော လုပ်ရပ်များအထိ အမျိုးမျိုး လုပ်ဆောင်နေရသည်။
တစ်ချိန်က တန်ယွမ်ဂိုဏ်းတည်ဆောက်ခဲ့သည့် ဤခန်းမဆောင်ကြီးသည် သွေးနက်မျိုးနွယ် တော်ဝင်မိသားစုကို ပိတ်လှောင်ထားသော နေရာ မဟုတ်တော့ဘဲ လက်ရှိအချိန်၌ မူလပြည်နယ်ရှိ ဟွာရှာအင်ပါယာ ကောင်းကင်လက်မှုပညာဌာန၏ ရုံးခန်းတစ်ခု ဖြစ်လာလေပြီ။
ဤလုပ်ငန်းစဉ် ပြီးဆုံးပြီးနောက် လုရှန်တာသည် ဟွာရှာအင်ပါယာမှ ပညာရှင်များအား လုံးဝ အံ့ဩမှင်တက်သွားရ၏။ တိတိကျကျ ပြောရလျှင် သူတို့၏ ဉာဏ်ပညာကို အံ့ဩသွားခြင်းပင်။
အဘယ်ကြောင့်ဆိုသော် ဤလူများသည် ဉာဏ်ကောင်းရုံသာမက အလွန် ပူးပေါင်းဆောင်ရွက်တတ်ကြပြီး သူတို့၏ တစ်ဦးချင်းစီ ဉာဏ်ပညာများကို ပေါင်းစပ်နိုင်စွမ်း ရှိကြသောကြောင့် ဖြစ်၏။
သွေးနက်မျိုးနွယ်၏ သမိုင်းတစ်လျှောက်လုံး၌ ဤပညာရှင်များလောက် သွေးနက်မျိုးနွယ်အကြောင်း ကောင်းကောင်း သိနားလည်သူ ရှိလိမ့်မည် မဟုတ်ဟု လုရှန်တာ ယုံကြည်လိုက်သည်။
သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ လင်းချန် သူ့အား ပေးစွမ်းသည့် အံ့ဩမှုသည် ထိုအရာတစ်ခုတည်း မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် သူသည် ဤကမ္ဘာငယ်လေးကို ပြုပြင်ပြောင်းလဲနေသောကြောင့်ပင်။
သူ ရောက်ရှိနေသည့် မူလပြည်နယ်ရှိ ကောင်းကင်လက်မှုပညာဌာနသည် ဗဟိုကွပ်ကဲရေးအဖြစ် တာဝန်ယူထားပြီး အမိန့်များကို အဆက်မပြတ် ထုတ်ပြန်နေ၏။
ခန်းမဆောင်ကြီး၏ အလယ် လေထဲ၌ ဝဲပျံနေသည့် နည်းဗျူဟာမှန်ပြင်များပေါ်၌ ထူးဆန်းသော မြင်ကွင်းမျိုးစုံ ပေါ်နေပြီး ဝတ်စားဆင်ယင်မှု အမျိုးမျိုးနှင့် လူများသည် အလုပ်ရှုပ်နေကြသည်။
ကောက်ရိုးဦးထုပ်များနှင့် အင်္ကျီလက်ရှည်များ ဝတ်ဆင်ထားသည့် လူများသည် ပေါက်ပြား၊ ဂေါ်ပြားနှင့် ပုဆိန်များကို ဝှေ့ယမ်းကာ သစ်ခြောက်ပင်များကို ခုတ်လှဲခြင်း၊ မြေလှန်ခြင်းနှင့် ကျောက်တုံးများကို ဖယ်ရှားခြင်းတို့ ပြုလုပ်နေကြ၏။
သူတို့၏ ဘေး၌ ပညာရှင်များကဲ့သို့ ဝတ်ဆင်ထားသော လူများက ညွှန်ကြားချက်များ ပေးနေပြီး ထူးဆန်းသည့် အရာဝတ္ထုများကို မြေကြီးထဲ မြှုပ်နှံခြင်း၊ အရည်မျိုးစုံ လောင်းထည့်ခြင်းတို့ကို အဆက်မပြတ် ပြုလုပ်နေကြသည်။
အခြားလူများက မြို့များကို တည်ဆောက်နေကြပြီး မူလက မာကျောသည့် ကျောက်တုံးများကို လေးထောင့်စပ်စပ် အုတ်ချပ်များအဖြစ် ပြောင်းလဲနေကြ၏။
မြေဆီလွှာများသည် မြေသြဇာ ကောင်းမွန်လာပြီး ကောင်းကင်ရှိ ဖုန်မှုန့်များ ပျောက်ကွယ်စ ပြုလာ၏။ စိတ်ဝိညာဉ်သစ်ပင်များကို အတန်းလိုက် စိုက်ပျိုးနေကြပြီး မြစ်ချောင်းများကို တူးဖော်နေကြသည်။
မြို့ကြီးများကို တည်ဆောက်နေကြပြီး မြို့ငယ်လေးများ ပေါ်လာ၏။ သက်ဝင်လှုပ်ရှားနေသည့် သစ်တောများနှင့် ကျေးရွာများ တဖြည်းဖြည်း ပေါ်ပေါက်လာသည်။
မူလက ရှိနေသည့် လူသားမျိုးနွယ်သည် ပြန့်ကျဲသွားပြီး ကျယ်ပြောလှသော ဟွာရှာအင်ပါယာ၌ သာမန်လူအများအပြား ပေါ်ထွက်လာကာ တစ်ချိန်က ခြောက်သွေ့နေသည့် ကမ္ဘာငယ်လေးကို အသက်ဝင်လာစေသည်။
ဤကမ္ဘာငယ်လေးသည် မှိုင်းညို့နေသည့် အခြေအနေမှ တောက်ပသော အရောင်အသွေးစုံလင်သည့် ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို လုရှန်တာ ကိုယ်တိုင် မြင်တွေ့ရ၏။ နည်းဗျူဟာမှန်ပြင်ပေါ်၌ ပေါ်လာသည့် မျက်နှာများသည် ပျော်ရွှင်သော အပြုံးများဖြင့် ပြည့်နှက်နေကြသည်။
ဤကမ္ဘာငယ်လေး၏ မူလနေထိုင်သူများ ဖြစ်ကြသော တန်ယွမ်ဂိုဏ်းမှ ဆင်းသက်လာသူများသည် ကျေးဇူးတရားကို ပြသသည့်အနေဖြင့် လင်းချန်၏ ပုံတူပန်းချီကားများကို နေအိမ်များ၌ ချိတ်ဆွဲထားကြ၏။
အဘယ်ကြောင့်ဆိုသော် ဤအရာအားလုံးကို လင်းချန်က သူတို့ထံ ယူဆောင်ပေးလာသောကြောင့်ပင်။ ထို့အပြင် ဤကမ္ဘာငယ်လေး၏ ပြုပြင်ပြောင်းလဲမှုသည် သူတို့၏ အကြံပြုချက်များအပေါ် အပြည့်အဝ အခြေခံထားပြီး သူတို့ အိပ်မက်မက်ခဲ့သည့် ဇာတိမြေအစစ်အမှန် ဖြစ်လာသည်။
အတိတ်က မှောင်မိုက်သည့် နေ့ရက်များသည် ဘယ်တော့မှ ပြန်လာတော့မည်မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ဤနေရာသည် မူလပြည်နယ်၊ ဟွာရှာအင်ပါယာ၏ နယ်မြေဖြစ်ပြီး သူတို့၏ ဧကရာဇ်မှာ လင်းချန် ဖြစ်သောကြောင့်ပင်။
မူလပြည်နယ်ရှိ ကောင်းကင်လက်မှုပညာဌာန၌ လုရှန်တာသည် ရှေ့ရှိ လင်းချန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်၏။
"သိုင်းဝိညာဉ်တိုက်ကြီး တစ်ခုလုံး ပြောင်းလဲသွားတော့မယ်လို့ ငါ ထင်တယ်"
"လွန်ခဲ့တဲ့ နှစ်နှစ်နဲ့ ယှဉ်ရင် မင်းရဲ့ အင်အားက ကောင်းကင်နယ်ပယ်အထိ တိုးတက်လာတယ်။ သေခြင်းရှင်ခြင်းနယ်ပယ် အဆင့်ရှိတဲ့ စစ်တပ်ကို ဆင့်ခေါ်နိုင်လာပြီး မူလပြည်နယ်မှာ တပ်စွဲထားတဲ့ စစ်သည် တစ်သန်းလုံးကို ဒီလို အဆင့်မြင့်စစ်သည်တွေနဲ့ အစားထိုးလိုက်ပြီ"
"မင်းရဲ့ အင်အားတိုးလာတာနဲ့အမျှ ဆင့်ခေါ်နိုင်တဲ့ စစ်တပ်က ပိုပိုပြီး သန်မာလာမယ်၊ ပြီးတော့ စစ်သည်အရေအတွက်ကလည်း လျော့သွားမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်။ မင်းရဲ့ အင်အား လုံလောက်တဲ့ အဆင့်တစ်ခု ရောက်သွားတဲ့အခါ သိုင်းဝိညာဉ်တိုက်ကြီး တစ်ခုလုံး မင်းလက်ထဲ ရောက်သွားမှာပဲ"
လင်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
"ဟမ့်... ဒီဌာနမှာ နှစ်နှစ်လောက် နေခဲ့ပြီးပြီဆိုတော့ မင်း ကျုပ်အကြောင်း တော်တော်လေး သိနေပြီပဲ။ စစ်ပွဲဆိုတာ အောက်ခြေက အပြစ်မဲ့သူတွေကိုပဲ ထိခိုက်နစ်နာစေတာ။ သိုင်းဝိညာဉ်တိုက်ကြီးကို သိမ်းပိုက်ဖို့ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သက်ရှိတွေကို ဒုက္ခမပေးချင်ဘူး"
"ဒါပေမဲ့ ကျုပ်ကို တမင်လာပြီး ရန်စတဲ့သူတွေကိုတော့ ကျုပ် လွှတ်ပေးမှာ မဟုတ်ဘူး။ တကယ်လို့ သူတို့ရဲ့ နယ်မြေတွေကို အင်ပါယာလက်ထဲ ကြည်ကြည်ဖြူဖြူ လွှဲပြောင်းပေးမယ်ဆိုရင် ငြင်းစရာ အကြောင်း မရှိပါဘူး... မင်းလိုမျိုးပေါ့။ မင်းအပေါ် သုတေသနလုပ်တာ ပြီးသွားပြီ။ မင်း ပံ့ပိုးပေးခဲ့တဲ့ ထူးချွန်တဲ့ တန်ဖိုးတွေကို ထောက်ထားပြီး မင်းရဲ့ ခန္ဓာကိုယ်ကို အကောင်းအတိုင်း ထားပေးခဲ့မယ်"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၂ ၊ အတွဲ ၁ ၊ အပိုင်း ၂၁၉ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၂၂ ၊ အတွဲ ၁ ၊