← Chapters

အခန်း ၂၂၀

Vol. 22 Ch. 220

အခန်း ၂၂၀

Vol. 22 Ch. 220

အပိုင်း ၂၂၀

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

နောက်ဆုံး၌ သွေးနက်မျိုးနွယ်၏ သမိုင်းကြောင်းတွင် ဧကရာဇ်ဖြစ်လာနိုင်သည့်တိုင် တေ့လွဲလေးလွဲဖြစ်သွားသည့် လုရှန်တာသည် ဤကမ္ဘာရှိ ဟွာရှာအင်ပါယာ၏ သမိုင်းစာမျက်နှာထက်၌ မော်ကွန်းထိုး ချန်ရစ်ခဲ့၏။ တိတိကျကျပြောရလျှင် ဆေးပညာ သုတေသနသမိုင်း၌ ဖြစ်၏။

သူ၏ ရုပ်ကြွင်းများမှာမူ တန်ဖိုးအားလုံး ကုန်ဆုံးသွားပြီဖြစ်ရာ သွေးနက်မျိုးနွယ်မှ လာရောက်ယူဆောင်သွားလျှင်ပင် အသုံးဝင်တော့မည် မဟုတ်ပေ။

မူလပြည်နယ်အတွင်း၌ သွေးနက်ခန်းမကို တည်ဆောက်ထားပြီး အရွယ်အစားအားဖြင့် သိပ်မကြီးမားလှပေ။ ထိုခန်းမထဲ၌ သွေးနက်မျိုးနွယ် တော်ဝင်မိသားစုဝင်၏ ရုပ်ကြွင်းကို အင်ပါယာပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် သေချာစွာပြင်ဆင် ပြသထားသည်။

ထိုသည်မှာ အင်ပါယာ၏ သမိုင်းကြောင်း၌ လူသားမျိုးနွယ်၏ ဆေးပညာ သုတေသနလုပ်ငန်းများအတွက် မိမိ၏ အာဃာတမုန်းတီးမှုများကို ရှေ့တန်းမတင်ဘဲ ခန္ဓာကိုယ်ကို စွန့်လွှတ်လှူဒါန်းခဲ့သည့် အခြားကမ္ဘာမှ ပုဂ္ဂိုလ်တစ်ဦး ရှိခဲ့ကြောင်း ပြည်သူများကို သိရှိနားလည်စေရန် ရည်ရွယ်ခြင်းဖြစ်၏။

သူသည် ကျူးကျော်သူတစ်ဦး ဖြစ်ခဲ့ပြီး အလွန်မုန်းတီးဖွယ် ကောင်းသည့်အပြင် သူ၏ မျိုးနွယ်စုသည်လည်း အလွန်ညစ်ပတ်ယုတ်မာသော်လည်း အင်ပါယာအတွက် ထူးကဲသော ပံ့ပိုးကူညီမှုများ ပေးခဲ့သည့်အတွက် အနာဂတ်၌ သူ၏ မျိုးနွယ်စုကို မျိုးသုဉ်းသတ်ဖြတ်သည့်အခါ အင်ပါယာအနေဖြင့် လေးစားသော သဘောထားဖြင့် ဆောင်ရွက်သွားမည်ဖြစ်၏။

"..."

ဤသွေးနက်ခန်းမကို မြင်လိုက်ရသည့်အခါ လင်းချန်မှာ ပြောစရာစကားပင် ဆွံ့အသွားရ၏။ သူသည် ကျူးကော့မင်အား ကိစ္စရပ်များကို လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ပေးထားခဲ့သဖြင့် လက်ရှိအချိန်၌ ဝင်ရောက်ပြင်ဆင်ရန် မသင့်လျော်တော့သည့်အတွက် ဖြစ်၏။

လင်းချန်နည်းတူ လိုက်ပါကြည့်ရှုကြသည့် ကျောက်ဝေနှင့် အခြားသူများလည်း အံ့အားသင့်နေကြပြီး ကျောက်တိုင်ပေါ်၌ ရေးထွင်းထားသော စာများကို ကြည့်ကာ မည်သို့ ပြောဆိုရမည်ကိုပင် မသိအောင် ဖြစ်နေကြသည်။

မျိုးသုဉ်းသတ်ဖြတ်ခြင်း... ထိုအရာ၌ လေးစားသမှုဟူသည် ရှိပါသေးလော။ မည်သို့သော မျိုးသုဉ်းသတ်ဖြတ်ခြင်းမျိုး ဖြစ်မည်နည်း။

"ဧကရာဇ် အမိန့်တော်ဖြင့် ကြေညာလိုက်သည်။ သွေးနက်မျိုးနွယ်တို့ နာယူကြလော့။ ဟွာရှာအင်ပါယာအနေဖြင့် သင်တို့၏ မျိုးနွယ်စုကို မျိုးသုဉ်းသတ်ဖြတ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သောကြောင့် သင်တို့၏ နောက်ဆုံးအချိန်များကို ပျော်ရွှင်စွာ ဖြတ်သန်းရန် ပြင်ဆင်ထားကြလော့..."

"တစ်ချိန်တည်း၌ပင် အင်ပါယာသည် သင်တို့၏ မျိုးနွယ်စုကို မျိုးသုဉ်းသတ်ဖြတ်မည့် ဆုံးဖြတ်ချက်ကို ရှင်းလင်းပြသရန်နှင့် စိတ်ခံစားချက်များကို နှစ်သိမ့်ပေးရန်အတွက် သင်တို့မျိုးနွယ်စုမှ အဆင့်မြင့်ပုဂ္ဂိုလ်များကို ဂုဏ်ယူစွာဖိတ်ကြားသွားမည် ဖြစ်၏..."

"သွေးနက်မျိုးနွယ်အား လေးစားမှုရှိပြီး အသိပေးထားသည့် အခြေအနေမျိုးဖြင့် အမြစ်ပြတ် သုတ်သင်ရှင်းလင်းသွားမည် ဖြစ်ကြောင်း ထပ်လောင်းအာမခံသည်။"

သွေးနက်ခန်းမ၌ တာဝန်ကျသည့် ယဉ်ကျေးမှုအရာရှိ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျောက်ဝေနှင့် အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

'ဒါကို လေးစားသမှုနဲ့ မျိုးသုဉ်းသတ်ဖြတ်တာလို့ ခေါ်တာလား။'

'ဒါက လုံးဝကို အနိုင်ကျင့် ဗိုလ်ကျနေတာပဲ မဟုတ်ဘူးလား။'

ကမ်းရိုးတန်းပြည်နယ်ရှိ သွေးနက်မျိုးနွယ် ကိစ္စရပ်များမှာ အလုံးစုံ ဖြေရှင်းပြီးဖြစ်သလို ကမ္ဘာငယ်လေးအတွင်းရှိ မူလပြည်နယ်သည်လည်း ကြီးမားသည့် အပြောင်းအလဲများ ဖြစ်ပေါ်နေပြီ။

မူလပြည်နယ်၏ ကောင်းကင်လက်မှုပညာဌာနသည် ပြီးပြည့်စုံနေပြီဖြစ်ပြီး ကမ္ဘာငယ်လေး တစ်ခုလုံး၏ အခြေအနေကို ဤနေရာမှ ထင်ဟပ်မြင်တွေ့နေရ၏။

ကောင်းကင်လက်မှုပညာဌာနသို့ ရောက်ရှိလာသည့်အခါ လင်းချန်က စိုးရိမ်တကြီး မေးလိုက်သည်။ "ဘယ်လိုလဲ။ မောင်မင်းတို့ဆီမှာ ဘယ်လောက်အထိ ပြီးစီးသွားပြီလဲ။"

ဌာနကို စီမံခန့်ခွဲနေသည့် အရာရှိက လင်းချန်အား ဦးညွှတ်လိုက်သည်။ "အရှင်မင်းကြီး။ နောက်ထပ် သုံးရက်ဆိုရင် အစီအရင်က ကမ္ဘာငယ်လေး တစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံသွားပြီး အောင်မြင်စွာ ပေါင်းစပ်သွားပါလိမ့်မယ်။ အဲဒီအချိန်ကျရင် တည်နေရာကူးပြောင်းခြင်း အစီအရင်လည်း ပြီးစီးသွားမှာဖြစ်ပြီး ကမ်းရိုးတန်းပြည်နယ် ကမ္ဘာငယ်လေးရဲ့ ဝင်ပေါက်ကို ဖွင့်လှစ်နိုင်ပါတော့မယ်။"

"အင်း။"

လင်းချန်သည် ခေါင်းညိတ်လိုက်ပြီး တာဝန်များကို ဆက်လက်ထမ်းဆောင်ရန် လက်ပြလိုက်၏။

တစ်ချိန်တည်း၌ပင် လင်းချန်သည် ကောင်းကင်ပြင်ကို မျှော်ငေးကြည့်ရင်း ဆုံးရှုံးမှုတချို့ကို ခံစားလိုက်ရသည့်နှယ် ညည်းတွားလိုက်သည်။ "ငါ ထွက်ခွာလာတာ နှစ်နှစ်ကျော်တောင် ရှိသွားပြီပဲ။ ကမ်းရိုးတန်းပြည်နယ်ရဲ့ အခြေအနေ ဘယ်လိုရှိနေမလဲ။"

ဤနှစ်နှစ်တာ ကာလအတွင်း လင်းချန်သည် နိဗ္ဗာန်နယ်ပယ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ကောင်းကင်နယ်ပယ်သို့ ရောက်ရှိလာပြီ။

ကောင်းကင်နယ်ပယ်၏ စွမ်းအားဖြင့် သူသည် ယခုအခါ ကောင်းကင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာမည့် အဆင့်နိမ့် အထူးတန်းစား တပ်ဖွဲ့များ၊ တစ်နည်းအားဖြင့် သေခြင်းရှင်ခြင်း နယ်ပယ်ရှိ စစ်တပ်၏ ကူးပြောင်းသွားလာမှုကို ခံနိုင်စွမ်းရည် ရှိနေပြီဖြစ်၏။

ဤနယ်ပယ်ရှိ စစ်တပ်၌ အင်အားခွဲခြားမှုများ ရှိလာ၏။

အဆင့်နိမ့် အထူးတန်းစားများထဲ၌ သာမန်စစ်သည်များသည် သေခြင်းရှင်ခြင်းနယ်ပယ်၏ ပထမအဆင့်ခန္ဓာနယ်ပယ်သာ ရှိကြသည်။

လက်ရွေးစင်စစ်သည်များသည် ဒုတိယအဆင့် စွမ်းအားနယ်ပယ် ရှိကြပြီး စစ်သည်များထဲမှ ခေါင်းဆောင်များသည် တတိယအဆင့် စိတ်ဝိညာဉ် နယ်ပယ် ရှိကြ၏။

သေခြင်းရှင်ခြင်း နယ်ပယ်၏ အမြင့်ဆုံးအဆင့် နှလုံးသားနယ်ပယ်ရှိသည့် စစ်သူကြီးများမှာမူ တပ်ဖွဲ့ခေါင်းဆောင်ကြီးများ ဖြစ်ကြ၏။

လက်ရှိ၌ မူလပြည်နယ် အတွင်း၌ သေခြင်းရှင်ခြင်း နယ်ပယ်အဆင့်ရှိ စစ်သည်ပေါင်း သန်းတစ်ရာကို တပ်စွဲထားပြီး ကောင်းကင်လက်မှုပညာဌာနမှတစ်ဆင့် အခြေအနေကို စောင့်ကြည့်ကာ မည်သည့် အမှားအယွင်းမျှ မရှိစေရန် စီမံထားသည်။

ဤကမ္ဘာငယ်လေးသည် လင်းချန်၏ အမှတ်အသားဖြင့် အလုံးစုံ တံဆိပ်ခတ်နှိပ်ပြီး ဖြစ်သွားခဲ့ပြီဖြစ်၏။

သုံးရက်တာ အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။

"ဝုန်းးး"

မူလပြည်နယ်၏ တောင်ဘက်၊ လင်းချန် ပထမဆုံး ရောက်ရှိခဲ့သည့် နေရာကို လုံးဝ မြေညှိလိုက်ပြီးဖြစ်ကာ ကမ္ဘာငယ်လေးသို့ ဝင်ထွက်သွားလာနိုင်မည့် တံခါးပေါက်တစ်ခုကို တည်ဆောက်ထားပြီးဖြစ်၏။

ယနေ့သည် လင်းချန် မူလပြည်နယ်မှ ထွက်ခွာမည့်နေ့ ဖြစ်ရာ ဤကမ္ဘာငယ်လေး တံခါးပေါက် တည်ရှိရာနေရာ၌ လာရောက် နှုတ်ဆက်ကြသည့် လူပင်လယ်ကြီးဖြင့် ပြည့်နှက်နေ၏။

လင်းချန်က လူအုပ်ကြီးကို ငေးကြည့်လိုက်သည်။ "အခုဆိုရင် ငါက မောင်မင်းတို့ရဲ့ ဧကရာဇ်ပဲ။ ဟွာရှာအင်ပါယာကို ရှန်ထျန်ဂိုဏ်းက စော်ကားခဲ့တာတွေ၊ အရင်တုန်းက မောင်မင်းတို့ကို သူတို့ ပြုမူခဲ့တာတွေအတွက် ပြန်လည်ပေးဆပ်ရစေမယ်။"

လင်းချန် ပြောလိုက်သည့် ကိစ္စရပ်သည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ သိရှိခဲ့ရခြင်းဖြစ်၏။

မူလပြည်နယ်ကို တရားဝင် တည်ထောင်ပြီးနောက် အရာရာသည် စနစ်တကျ တိုးတက်လာ၏။ ကျောက်ဝေနှင့် အခြား ယခင်မျိုးနွယ်စုခေါင်းဆောင်များသည် မနားမနေ ကြိုးပမ်းအားထုတ်ခဲ့ကြပြီး နေ့ညမပြတ် အစွမ်းကုန် လုပ်ကိုင်ခဲ့ကြသည်။

ထို့ကြောင့် ဆုလာဘ်အနေဖြင့် လင်းချန်သည် နောက်ပိုင်း၌ သူတို့ တစ်ဦးစီအား သိုလှောင်လက်စွပ် တစ်ကွင်းစီ ပေးသနားခဲ့ပြီး အတွင်း၌ ဆုလာဘ်များ ထည့်သွင်းပေးခဲ့သည်။

ကျောက်ဝေသည် ဤလက်စွပ်၏ လုပ်ဆောင်ချက်ကို သိရှိလိုက်ရသည့်အခါ အနည်းငယ် ကြောင်အသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုကဲ့သို့သော ပစ္စည်းမျိုးကို မှတ်မိနေသည့်အတွက် ဖြစ်၏။

လင်းချန်လည်း အံ့ဩသွားရ၏။ အတိတ်က မူလပြည်နယ်၏ အခြေအနေ မည်သို့ရှိခဲ့သည်ကို သူ မသိသည် မဟုတ်ပေ။ သိုလှောင်လက်စွပ် တစ်ကွင်း ရှိနေဖို့ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။

ကျောက်ဝေ၏ ပြောပြချက်ကို နားထောင်ပြီးနောက် လင်းချန် သိရှိလိုက်ရသည်မှာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ကျောက်မျိုးနွယ်စု၏ ခေါင်းဆောင်များသည် အရေးကြီးသည့် လက်စွပ်တစ်ကွင်းကို အမွေဆက်ခံခဲ့ကြသည်။ သို့သော် သူတို့သည် ထိုလက်စွပ်၏ လုပ်ဆောင်ချက်နှင့် အသုံးပြုပုံကို မသိရှိခဲ့ကြပေ။

နောက်ပိုင်း၌ ကောလာဟလတစ်ခု ထွက်ပေါ်လာခဲ့သည်။ လူစိမ်းတစ်ယောက်သည် ကျောက်မျိုးနွယ်စုထံ ရောက်ရှိလာပြီး သူသည် ကောင်းကင်ဂိုဏ်းတစ်ခုမှ ဖြစ်ကြောင်း၊ သူတို့ လူသားမျိုးနွယ်ကို ဒုက္ခဆင်းရဲမှ လွတ်မြောက်အောင် ကူညီပေးနိုင်ကြောင်း ပြောဆိုခဲ့၏။

ထိုသို့ ကူညီပေးရန်အတွက် သော့ချက်မှာ ကျောက်မျိုးနွယ်စုမှ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့သည့် သိုလှောင်လက်စွပ်ပင် ဖြစ်၏။

ကနဦး၌ ကျောက်မျိုးနွယ်စုမှ လူများသည် လူစိမ်းကို မယုံကြည်ခဲ့ကြပေ။ သို့သော် သူက တောင်ဘက်သို့ ဦးတည်လာနေသော လူပုသရဲမျိုးနွယ်ကို နှိမ်နင်းပြလိုက်သည့်အခါ သူတို့သည် ယုံကြည်သွားကြပြီး သိုလှောင်လက်စွပ်ကို လွှဲပြောင်းပေးအပ်လိုက်ကြသည်။

သို့သော် လက်စွပ်ကို ရယူပြီးနောက် ထိုလူသည် အရိပ်အယောင်မျှပင် မကျန်ရစ်တော့ဘဲ ပျောက်ကွယ်သွားခဲ့ပြီး နောက်ထပ် ပြန်ပေါ်မလာတော့ပေ။

သူတို့၏ လူသားမျိုးနွယ်ကို တကယ်တမ်း ကယ်တင်ပေးခဲ့သူမှာမူ လင်းချန်သာ ဖြစ်လာခဲ့၏။

ကျောက်မျိုးနွယ်စုအတွင်း၌ ထိုလူ၏ ပုံတူပန်းချီကားကိုပင် သိမ်းဆည်းထားခဲ့ကြသည်။ မျိုးနွယ်စုခေါင်းဆောင်တိုင်းသည် ဤအဖြစ်အပျက်ကို သိရှိထားကြပြီး ထိုလူ၏ ပုံပန်းသဏ္ဌာန်ကို မှတ်မိနေကြ၏။

အကယ်၍ အနာဂတ်၌ အခွင့်အရေးရခဲ့လျှင် ထိုလူကို ရှာဖွေပြီး အဘယ်ကြောင့် သူတို့ကို လိမ်ညာခဲ့သနည်းဟု မေးမြန်းရန် ဆုံးဖြတ်ထားခဲ့ကြခြင်းဖြစ်၏။

ကိစ္စရပ်အားလုံးကို သိရှိပြီးနောက် လင်းချန်က သုံးသပ်လိုက်သည်။ "အဲဒီ သိုလှောင်လက်စွပ်ထဲမှာ မောင်မင်းတို့ တန်ယွမ်ဂိုဏ်း ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ရတနာပစ္စည်းတွေ ပါဝင်လောက်တယ်။ ဒါပေမဲ့ မောင်မင်းတို့က ဖွင့်ပြီး မယူနိုင်ခဲ့ကြတာ နေမှာပါ။"

နတ်ဓားဂိုဏ်းမှ ဝင်ရောက်ခဲ့သည့် ဤကမ္ဘာငယ်လေး တံခါးပေါက်သည် ရှေးဟောင်းအမွေအနှစ်နယ်မြေနှင့် ယှဉ်လျှင် အဘယ်ကြောင့် အသစ်စက်စက် ဖြစ်နေရသနည်းဆိုသည်မှာ အစောပိုင်းက ဤနေရာသို့ ဝင်ရောက်လာခဲ့သူ တည်ဆောက်ခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။

ထို့အပြင် ထိုလူသည် သေချာပေါက် ရှန်ထျန်ဂိုဏ်းမှ ဖြစ်ပေလိမ့်မည်။ ထိုသိုလှောင်လက်စွပ်မှ အကျိုးအမြတ်များစွာ ရရှိသွားခဲ့ပုံရ၏။

ဤအချက်ကပင် ရှန်ထျန်ဂိုဏ်း၏ တိုးတက်မှုနှုန်းမှာ အစပိုင်း၌ အဘယ်ကြောင့် ဤမျှ လျင်မြန်ခဲ့သနည်း၊ လေထဲမှ ရွှေအိုးကျသကဲ့သို့ မည်သို့ ကြွယ်ဝချမ်းသာလာခဲ့သနည်းဆိုသည်ကို ရှင်းပြနိုင်ပေလိမ့်မည်။

ယခုအခါ လင်းချန် နားလည်သွားပြီဖြစ်၏။ မူလပြည်နယ်ရှိ လူသားမျိုးနွယ်မှ လက်ဆင့်ကမ်းလာခဲ့သည့် သိုလှောင်လက်စွပ်ကို ရှန်ထျန်ဂိုဏ်းက လိမ်ညာရယူသွားခဲ့ခြင်းဖြစ်၏။

အရှက်မဲ့လိုက်လေခြင်း။

မူလပြည်နယ်ရှိ လူသားမျိုးနွယ်၏ ဘဝများ မည်မျှခက်ခဲကြမ်းတမ်းခဲ့သည်ကို ပြန်ကြည့်လျှင် ထိုစဉ်က ရောက်လာသည့် ရှန်ထျန်ဂိုဏ်းသားများ မသိဘဲ နေမည်မဟုတ်ပေ။

သူတို့သည် လိမ်ညာလှည့်ဖြားပြီး အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြ၏။ လူသားများကို လူပုသရဲမျိုးနွယ်နှင့် ဘီလူးသရဲမျိုးနွယ်တို့၏ ရန်မှ မကာကွယ်ပေးဘဲ မှောင်မိုက်သည့် ဘဝထဲ၌ ဆက်လက်ရှင်သန်စေခဲ့သည်။ အဘယ်ကြောင့် သူတို့ကို ခေါ်ထုတ်မသွားခဲ့သနည်း။

လင်းချန်က ဆုံးဖြတ်ချက်ချလိုက်သည်။ "ကမ်းရိုးတန်းပြည်နယ်ကို ပြန်ကြမယ်။"

ထို့နောက် သူသည် ကျောက်ဝေကို တစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်ကာ သူ့နောက်ရှိ တံခါးပေါက်ထဲသို့ ဝင်ရောက်သွား၏။

"ရွှီးးး"

ကျောက်ဝေလည်း ခေါင်းညိတ်လိုက်ပြီး အခြားသူများကို တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ကာ လင်းချန်၏ နောက်မှကပ်၍ တံခါးပေါက်ကို ဖြတ်သန်းလိုက်၏။

ကမ်းရိုးတန်းပြည်နယ်သို့ လင်းချန် ပြန်လာလေပြီ။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၂ ၊ အတွဲ ၁ ၊ အပိုင်း ၂၂၀ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၂၂ ၊ အတွဲ ၁ ၊ အပိုင်း ၂၂၀

All Chapters