← Chapters

အခန်း ၂၂၇

Vol. 23 Ch. 227

အခန်း ၂၂၇

Vol. 23 Ch. 227

အပိုင်း ၂၂၇

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

"မရောင်းဘူး ဟုတ်လား..."

ညီဖြစ်သူ၏ စကားကို ကြားလိုက်ရသည့်အခါ ကျန်းနျန်ရှင်း၏ ရင်တစ်ခုလုံး 'ဒိန်း' ခနဲ ဖြစ်သွားရပြီး ဆွံ့အသွားသည်။

ထိုအချိန်၌ ကျန်းနျန်ရီသည် ရုတ်တရက် အော်ဟစ်ရယ်မောလိုက်ပြီး သူ၏ လက်ငါးဖက်ကို မြှောက်ကာ ယမ်းခါလိုက်သည်။ "ဟားဟားဟား... သူတို့က အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းနဲ့ စစ်သင်္ဘော ငါးစင်း ရောင်းပေးမယ်တဲ့..."

မူလက စိတ်ဓာတ်ကျနေသည့် ကျန်းနျန်ရှင်းသည် လန့်သွားပြီးနောက် အခြေအနေကို သဘောပေါက်သွားကာ ညီဖြစ်သူကို အားကုန် ကန်ကျောက်လိုက်၏။

"မင်း အသက်ဘယ်လောက်ရှိပြီလဲ... အစ်ကိုကြီးကို နောက်ပြောင်နေတုန်းလား... လန့်သွားတာပဲ..."

ကျန်းနျန်ရီက လေးစားစွာ ပြောလိုက်သည်။ "ဒါက ဝမ်းသာစရာ မဟုတ်ဘူးလား... ဟွာရှာအင်ပါယာက ဧကရာဇ်လင်းက တကယ့်ကို သဘောထားကြီးမြတ်သူပဲ..."

ထို့နောက် ကျန်းနျန်ရီသည် အခြေအနေ အရပ်ရပ်ကို သူ့အစ်ကိုကြီးအား အသေအချာ ရှင်းပြလိုက်၏။ နားထောင်ပြီးနောက် ကျန်းနျန်ရှင်းသည် ဟွာရှာအင်ပါယာ ဧကရာဇ်၏ ငယ်ရွယ်ကြောင့် အံ့အားသင့်သွားရသည်။ သို့သော် သူသည် ရိုးသားစွာပင် ကျေးဇူးတင်မိသည်။

"ကောင်းလိုက်တာ... ဒီဧကရာဇ်လင်းက ငါတို့ရဲ့ မြင့်မြတ်သည့်နယ်မြေကို ဖျက်ဆီးတဲ့ ရန်သူကို လက်စားချေပေးရုံသာမက သဘောထားလည်း အရမ်းပြည့်ဝတာပဲ... ဒီလို လူသားမျိုးနွယ်တွေ ရှားပါတယ်... နောက်သုံးရက်နေရင် ငါကိုယ်တိုင်သွားပြီး ဂါရဝပြုရမယ်..."

ကျန်းနျန်ရှင်းက ကျန်းနျန်ရီဘက်သို့ လှည့်ကာ လက်ဝှေ့ယမ်းပြလိုက်၏။ "ညီလေး... သွားတော့... မျိုးနွယ်စုရဲ့ မှတ်တမ်းစာအုပ် မိတ္တူတွေ အကုန်လုံး အဆင်သင့်ပြင်ပြီး ဧကရာဇ်လင်းဆီ ပို့လိုက်တော့..."

"ကောင်းပါပြီ..."

အစ်ကိုကြီး၏ အမိန့်ကို ကြားသည်နှင့် ကျန်းနျန်ရီသည် ခန်းမအပြင်ဘက်သို့ ထွက်ခွာရန် ပြင်လိုက်သည်။ သို့သော် တံခါးဝသို့ ရောက်သည့်အခါ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ကျန်းနျန်ရှင်းဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်၏။

"အစ်ကိုကြီး... အကုန်လုံးဆိုတာ... ဟို လျှို့ဝှက်နည်းလမ်းတွေပါ ထည့်ပေးလိုက်ရမှာလား..."

"ဒီမျိုးနွယ်စု တွေ့ဆုံပွဲက ဘယ်လောက်အရေးကြီးလဲဆိုတာ မင်းလည်း အသိဆုံးပဲ... အဲဒါနဲ့ ယှဉ်လိုက်ရင် ဒီလျှို့ဝှက်နည်းလမ်းတွေက ဘာမှမဟုတ်ပါဘူး... ပြီးတော့ သူတို့က လူသားမျိုးနွယ်တွေပဲ... ငါတို့ရဲ့ နည်းလမ်းတွေကို ကျင့်ကြံလို့ရမှာမှ မဟုတ်တာ..."

ကျန်းနျန်ရှင်းက ခဏမျှရပ်ကာ ဆက်လက်ရှင်းပြသည်။ "အဲဒီစစ်သင်္ဘောတွေရဲ့ အရည်အသွေးက လူသားမျိုးနွယ်စုရဲ့ ထိပ်တန်း တိမ်တိုက်လှေတွေနဲ့ အတူတူပဲ... ဈေးနှုန်းကလည်း တစ်စင်းကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းတန်တယ်... ဒါ့အပြင် ဒါက စစ်သင်္ဘောကွ... ဒါပေမဲ့ မမျှော်လင့်ဘဲ ငါတို့ကို ဒီလောက်ကြီးမားတဲ့ အခွင့်အရေးပေးမှုမျိုး ပေးလိမ့်မယ်လို့ ထင်မထားဘူး... အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းနဲ့ သင်္ဘောငါးစင်းတောင် ရမှာလေ..."

အစ်ကိုကြီး၏ စကားကို ကြားသည့်အခါ ကျန်းနျန်ရီလည်း နားလည်သဘောပေါက်သွားပြီး ခေါင်းညိတ်ကာ ထွက်ခွာသွား၏။

ထိုနေ့မှာပင် စစ်သင်္ဘောပေါ်ရှိ လင်းချန်သည် ကျန်းနျန်ရီ ပြန်ရောက်လာပြီး မှတ်တမ်းစာအုပ်အားလုံး ယူဆောင်လာကြောင်း သိလိုက်ရသည်။

'မမျှော်လင့်ဘဲ ခေါင်းဆောင်ကျန်းက ကျုပ်ကို ဒီလောက်တောင် ယုံကြည်တာပဲ... တကယ်ပဲ အားနာမိတယ်...'

ကျန်းနျန်ရီက မှတ်တမ်းစာအုပ်များအားလုံး သယ်ဆောင်လာပြီး ကျန်းနျန်ရှင်း၏ ကျေးဇူးတင်စကားကိုပါ တစ်ပါတည်း ယူဆောင်လာသည်ကို မြင်သည့်အခါ လင်းချန် သက်ပြင်းချလိုက်မိ၏။

ကျန်းနျန်ရီက ပြောလိုက်သည်။ "အရှင် မသိသေးတဲ့ ကိစ္စတွေ ရှိပါသေးတယ်... ဒီကိစ္စက ကျွန်တော်တို့ရဲ့ မျိုးနွယ်စု တွေ့ဆုံပွဲနဲ့ သက်ဆိုင်နေလို့ပါ..."

ထို့နောက် ကျန်းနျန်ရီက အခြေအနေမှန်ကို လင်းချန်အား ရှင်းပြလိုက်သည်။ ကျန်းနျန်ရီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လင်းချန် ရုတ်တရက် သဘောပေါက်သွား၏။

"ဒါဆိုရင် သွေးနက်မျိုးနွယ်က လုရှန်တာက ခင်ဗျားတို့ကို တော်တော်လေး ဒုက္ခပေးသွားတာပဲ..."

"ဒါကြောင့်မို့လို့ အရှင်က စစ်သင်္ဘောရောင်းပေးမယ်လို့ သဘောတူလိုက်တဲ့အချိန်မှာ ကျွန်တော်တို့ အရမ်းဝမ်းသာသွားကြတာပါ..."

လင်းချန်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး ကျန်းနျန်ရီကို အနည်းငယ် ဦးညွှတ်လိုက်သည်။ "အကြီးအကဲကျန်း... နောက်သုံးရက်နေရင် ခင်ဗျားတို့ ရသင့်တဲ့ စစ်သင်္ဘောတွေကို လာယူနိုင်ပါပြီ... စိတ်ပျက်ရမှာ မဟုတ်ဘူးလို့ ယုံပါတယ်..."

"အဲဒီလိုဆိုရင်တော့ ကျွန်တော်တို့ မျှော်လင့်စောင့်စားနေပါ့မယ်..."

ကျန်းနျန်ရီ၏ စိတ်ထဲ၌ ဘာကြောင့် သုံးရက်ကြာမှလဲဟု တွေးတောနေမိဆဲပင်။ သို့သော် လင်းချန်၏ စစ်သင်္ဘောများက ဤနေရာ၌ ရှိမနေဘဲ တစ်ခြားနေရာမှ သယ်ယူရမည်ဖြစ်သဖြင့် အချိန်ယူရခြင်း ဖြစ်မည်ဟု သူ ယူဆလိုက်၏။

သုံးရက်တာ အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ ပင်လယ်ပြင်၏ ဝေးလံသည့် တစ်နေရာ၌ စစ်သင်္ဘောတစ်စင်းသည် လေထဲ၌ တစ်စင်းတည်း ရပ်တန့်နေ၏။

ထိုစစ်သင်္ဘောပေါ်၌ လင်းချန်နှင့် ယီစင်းတို့သည် ကုန်းပတ်ပေါ်၌ ရပ်နေကြပြီး သူတို့၏ ဘေးပတ်လည်၌ သေခြင်းရှင်ခြင်းနယ်ပယ် စစ်သည်များ ဝန်းရံထားသည်။ ပင်လယ်မျိုးနွယ်စုနှင့် ပြုလုပ်သည့် ဤအရောင်းအဝယ်ကို လူသိရှင်ကြား မဖြစ်စေလိုသဖြင့် နတ်ဓားဂိုဏ်းမှ မည်သူ့ကိုမျှ ခေါ်ဆောင်လာခြင်း မရှိပေ။

ယီစင်းသည် သေခြင်းရှင်ခြင်းနယ်ပယ် အရှိန်အဝါများ ထုတ်လွှတ်ထားသည့် စစ်သည်များကို ကြည့်ရင်း လင်းချန်၏ အင်္ကျီလက်စကို သတိထား ဆွဲလိုက်၏။ "ချန်လေး... မိန်း အိပ်မက်မက်နေတာ မဟုတ်ဘူးမလား..."

သေခြင်းရှင်ခြင်းနယ်ပယ်...

ဤမျှ စွမ်းအားကြီးသော သိုင်းဝိညာဉ်ပညာရှင်များသည် လင်းချန်၏ လက်အောက်မှ အဆင့်နိမ့် တပ်ဖွဲ့ဝင်များသာ ဖြစ်သည်ဆိုသည့် အချက်ကို ယီစင်း စဉ်းစားမရအောင် ဖြစ်နေမိ၏။

လင်းချန်သည် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်၏ အကူအညီကို အဘယ်ကြောင့် ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သနည်း၊ ရှန်ထျန်ဂိုဏ်းကိစ္စကို အဘယ်ကြောင့် စိုးရိမ်ပူပန်ခြင်း မရှိသနည်း ဆိုသည်ကိုလည်း ယီစင်း နားလည်သွားသည်။ ဤစစ်သင်္ဘောပေါ်ရှိ သောင်းချီသည့် သေခြင်းရှင်ခြင်းနယ်ပယ် စစ်သည်များဖြင့်ဆိုလျှင် ကမ်းရိုးတန်းပြည်နယ်ကို အလွယ်တကူပင် မြေလှန်ပစ်နိုင်ပေသည်။

ယီစင်းက သူမ၏ စိတ်လှုပ်ရှားမှုကို အနည်းငယ် ထိန်းချုပ်ပြီးနောက် ဘေးဘီဝဲယာကို ကြည့်လိုက်၏။ "ဒါပေမဲ့ ချန်လေး... လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်က အကျင့်စာရိတ္တ ကောင်းမွန်ပါတယ်... ဒီလောက်လုပ်ပြဖို့ လိုလို့လား..."

စစ်သင်္ဘောပေါ်၌ ဤမျှ အင်အားကြီးမားသည့် သေခြင်းရှင်ခြင်းနယ်ပယ် စစ်တပ်ကြီး ရှိနေခြင်းက မိမိတို့၏ အင်အားကို ထုတ်ဖော်ပြသနေသကဲ့သို့ပင်။

လင်းချန်က ရှင်းပြသည်။ "လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်က အခုချိန်မှာ ကိုတို့ ဟွာရှာအင်ပါယာကို ကျေးဇူးတင်နေကြတယ်... ဘာလို့လဲဆိုတော့ သူတို့ရဲ့ ပြဿနာကြီးကို ကူညီဖြေရှင်းပေးလိုက်လို့ သူတို့ရဲ့ မျက်နှာသာပေးမှုကို ရရှိထားတာလေ... ဒါပေမဲ့ သူတို့နဲ့ ဆက်ဆံရေးကောင်း တည်ဆောက်ချင်တယ်ဆိုရင် အင်အားပြပြီး သူတို့ရဲ့ လေးစားမှုကို ရယူဖို့ လိုအပ်တယ်... ခိုင်မာတဲ့ မဟာမိတ်တွေ ဖြစ်လာဖို့ဆိုရင် တစ်ဖက်နဲ့တစ်ဖက် လုံလောက်တဲ့ အင်အားရှိဖို့က အရမ်းအရေးကြီးတယ်..."

လင်းချန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယီစင်းလည်း နားလည်သဘောပေါက်သွား၏။ လင်းချန်သည် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ထံမှ ကျေးဇူးတင်မှုကိုသာမက တန်းတူညီမျှ လေးစားမှုကိုပါ လိုချင်ခြင်းဖြစ်သည်။

ဟွာရှာအင်ပါယာ၏ လုံလောက်သည့် အင်အားကို မြင်တွေ့ခွင့်ရမှသာ အနာဂတ်၌ ပူးပေါင်းဆောင်ရွက်ရန် အခွင့်အလမ်းများ ပိုမိုရရှိလာမည် ဖြစ်သည်။ သို့မဟုတ်ပါက သူတို့သည် လင်းချန်ကို စစ်သင်္ဘော ဈေးပေါပေါ ရောင်းပေးသည့် အသက်ငယ်ငယ် ဧကရာဇ်တစ်ပါး အနေဖြင့်သာ မှတ်မိနေကြပေလိမ့်မည်။

ထိုအချိန်၌ စစ်သင်္ဘောအောက်ရှိ ရေပြင်သည် ရုတ်တရက် ပြင်းထန်သည့် ရေဝဲကြီးတစ်ခု ဖြစ်ပေါ်လာပြီး သလင်းကျောက် အောက်ခံတစ်ခုက လေထဲသို့ မြင့်တက်လာ၏။ နေရောင်အောက်၌ ပြာလဲ့သော သလင်းကျောက်များက တောက်ပနေပြီး ထွင်းထုထားသည့် လှိုင်းလုံးများသည် အသက်ဝင်နေသကဲ့သို့ပင်။

ထိုအောက်ခံပေါ်၌ ကျန်းနျန်ရီနှင့် သူနှင့် ရုပ်ချင်းဆင်တူသည့် လက်ရှစ်ဖက်ပင်လယ်မျိုးနွယ် အဘိုးအိုတစ်ဦး ရပ်နေသည်။ သူတို့၏ နောက်၌မူ သောင်းချီသော ပင်လယ်မျိုးနွယ် စစ်သည်များသည် မြင့်တက်လာသည့် လှိုင်းလုံးများပေါ်၌ ရပ်နေကြ၏။

ပင်လယ်မျိုးနွယ်များ ပေါ်ထွက်လာသည်ကို မြင်သည့်အခါ လင်းချန်သည် စစ်သင်္ဘော၏ ရှေ့ဆုံး၌ ရပ်လျက် လက်ယှက်ဂါရဝပြုလိုက်၏။ "ဒါက အကြီးအကဲကျန်းပဲ ဖြစ်ရမယ်..."

ထို့နောက် လင်းချန်သည် သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းပြလိုက်၏။ တစ်ချိန်တည်းမှာပင် စစ်သင်္ဘောပေါ်ရှိ သေခြင်းရှင်ခြင်းနယ်ပယ် စစ်သည် သုံးသောင်းက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

"ဂိုဏ်းချုပ်ကျန်းကို ဂါရဝပြုပါတယ်..."

ကျန်းနျန်ရှင်းက လက်ယှက်လိုက်ပြီး ပြုံးကာ ခေါင်းညိတ်လိုက်၏။ "ဧကရာဇ်လင်း..."

သူ့နောက်ရှိ သောင်းချီသည့် ပင်လယ်မျိုးနွယ် စစ်သည်များကလည်း လင်းချန်ကို နှုတ်ဆက်လိုက်ကြသည်။

"ဧကရာဇ်လင်းကို ဂါရဝပြုပါတယ်..."

သို့သော် ယီစင်း အနေဖြင့် ဤလက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင်များ၏ မျက်လုံးထဲ၌ လင်းချန် ပြောခဲ့သကဲ့သို့ပင် အံ့ဩမှုနှင့် လေးစားမှုများကို အထင်အရှား မြင်တွေ့နေရသည်။

ဘေးဘီဝဲယာကို ကြည့်ရှုပြီးနောက် ကျန်းနျန်ရှင်းက နားမလည်နိုင်စွာ မေးမြန်းလိုက်၏။ "ဧကရာဇ်လင်း... ဒီနေ့ စစ်သင်္ဘော အရောင်းအဝယ်လုပ်မယ်လို့ ပြောထားတယ် မဟုတ်လား... ဒါပေမဲ့ ဘာလို့ စစ်သင်္ဘောတွေကို မတွေ့ရတာလဲ..."

လင်းချန်က တိုးတိုးလေး ရယ်မောလိုက်ပြီး ရုတ်တရက် သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ သူစီးနင်းထားသည့် စစ်သင်္ဘော၏ ဘေးတစ်ဖက်တစ်ချက်စီ၌ အဖြူရောင်အလင်းတန်းများ ရုတ်တရက် ပေါ်ထွက်လာပြီး ကြီးမားသော စစ်သင်္ဘော အရိပ်ကြီးများ ပေါ်လာသည်။

အဖြူရောင်အလင်းတန်းများ လုံးဝ ပျောက်ကွယ်သွားချိန်၌ ဧရာမ အရာဝတ္ထုကြီး ငါးခုသည် သူတို့၏ ပုံသဏ္ဌာန်မှန်ကို ထုတ်ဖော်ပြသလိုက်၏။

သို့သော် ထိုစစ်သင်္ဘောများ၏ ပုံစံကို မြင်လိုက်ရသည့်အခါ ကျန်းနျန်ရှင်းနှင့် အခြားသော လက်ရှစ်ဖက်ပင်လယ်မျိုးနွယ်ဝင်များသည် မြင်နေရသည့် မြင်ကွင်းကို မယုံနိုင်အောင် ဖြစ်သွားကြပြီး ထိတ်လန့်တကြားဖြင့် လေအေးများကို ရှိုက်သွင်းလိုက်မိကြသည်။

ပြိုင်ဘက်ကင်း အင်ပါယာ။ အပိုင်း ၂၂၇ ပြိး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

All Chapters