အခန်း ၃
Vol. 1 Ch. 3
အခန်း (၃) စူပါဆုကြီး၊ စနစ်ပွင့်လာခြင်း
အကုန်လုံး မှန်တယ်...
သူသည် ကုတင်ပေါ်မှ ဝုန်းခနဲ ခုန်ထလိုက်၏။
"အား..."
ကျောင်းအဆောင်ရှိ ကုတင်များအားလုံးမှာ အပေါ်ထပ်တွင်ဖြစ်ပြီး နေရာအတော်လေး ကျဉ်းမြောင်းပေသည်။ သူ ထရပ်လိုက်ချိန်တွင် သူ၏ခေါင်းနှင့် ချက်ချင်းပင် ဆောင့်မိသွားလေ၏။
နာကျင်လွန်းသဖြင့် မျက်ရည်များပင် စီးကျလာခဲ့ပေသည်။
သို့သော်။
သူ အလွန် ပျော်ရွှင်နေဆဲပင်။
နာကျင်ပေမဲ့ သာယာနေတာပဲ...
ပထမဆုကြီး...
သူ စုစုပေါင်း ၁၅ စောင် ဝယ်ထားခဲ့ပြီး တစ်စောင်လျှင် ယွမ် ၆ သန်းတန်ပေ၏။
ဆိုလိုသည်မှာ ၆ သန်း အမြှောက် ၁၅ ပင်။
စုစုပေါင်း ယွမ် သန်း ၉၀ တောင်...
ချန်ဖုန်း၏ ဦးနှောက်များ ထူပူသွားပြီး အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် သတိလစ်လုနီးပါး ဖြစ်သွားရလေသည်။
နယ်ဘက်မှ ကလေးတစ်ယောက်အနေဖြင့် သူ၏ ဘဝတစ်လျှောက်လုံးတွင် ဤမျှလောက် များပြားသော ငွေကြေးများကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
သန်းကြွယ်သူဌေးကြီး...
သူသည် ညတွင်းချင်း သန်းကြွယ်သူဌေးကြီးတစ်ဦး ဖြစ်လာလိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။
အော် ဟုတ်သားပဲ...
မြေကွက်အမှတ် (၁)...
ယခုအချိန်တွင် သူ၏ ပထမဆုံးသော အတွေးမှာ ဆုကြေးငွေကို အမြန်ဆုံး ထုတ်ယူရန်ဖြစ်ပြီး ထို့နောက် ထျန်ပေါင်ဂရုသို့ သွားရောက်ကာ ချေးထားသောငွေများကို ပြန်ဆပ်ပြီး မြေကွက်အမှတ် (၁) ၏ မြေဂရန်ကို ပြန်လည်ရယူရန် ဖြစ်ပေသည်။
ထိုသို့ဆိုလျှင် ထိုမြေကွက်သည် သူ့အပိုင် လုံးလုံးလျားလျား ဖြစ်သွားပေလိမ့်မည်။
ထိုအချိန်၌ သူ၏ စနစ်ဖုန်းပေါ်တွင် ပုံမှန်မဟုတ်သော မက်ဆေ့ခ်ျတစ်ခု ပေါ်လာခဲ့၏။
"ဒင်... ဒီဗီဒီယို တာဝန်ကို ပြီးမြောက်အောင်မြင်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... ယွမ် သန်း ၁၀၀ တန်ဖိုးရှိတဲ့ အစပြုလက်ဆောင်ထုပ်ကို ချီးမြှင့်လိုက်ပါတယ်..."
"ဒင်... ပိုင်ရှင်အား စနစ်ပွိုင့် ၁၀ ပွိုင့် ချီးမြှင့်လိုက်ပါတယ်..."
"ပိုင်ရှင်ရဲ့ လက်ရှိ ကျန်ရှိနေတဲ့ စနစ်ပွိုင့်များ - ၁၀ ပွိုင့်..."
ဘာတွေလဲဟ...
စက်ရုပ်အသံများနှင့်အတူ မက်ဆေ့ခ်ျများ ဆက်တိုက် ပေါ်လာသည်ကို သူ ကြားလိုက်ရလေ၏။
ချန်ဖုန်းမှာ လုံးလုံးလျားလျား အံ့အားသင့် တွေဝေသွားပေသည်။
ဒါက ဝတ္ထုတွေထဲက စနစ်ဆုကြေးတွေ မဟုတ်ဘူးလား...
ချီးပဲ...
သူ ငိုချလုနီးပါးပင် ဖြစ်သွားရလေ၏။
သုံးနှစ်တောင် ရှိနေပြီ...
သုံးနှစ်တောင် ရှိသွားပြီပဲ...
အသုံးမကျတဲ့ စနစ်တစ်ခုကို ရထားတယ်လို့ ငါ အမြဲတမ်း ထင်နေခဲ့တာ...
အဲဒါက ဘာမှလည်း အသုံးမဝင်ဘူးလေ...
သုံးနှစ်တောင် စောင့်ပြီးမှ နောက်ဆုံးတော့ ငါ ရသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...
သူသည် သူ၏ အခြားဖုန်းကို ထုတ်ကြည့်လိုက်ရာ တကယ်ပင် ဘဏ်မှ မက်ဆေ့ခ်ျတစ်စောင် ဝင်လာခဲ့ပေ၏။
"လူကြီးမင်း၏ အကောင့် ၂၃၃၇၊ ဝင်ငွေ ယွမ် ၁၀၀,၀၀၀,၀၀၀၊ ငွေသွင်းပြီးနောက် လက်ကျန်ငွေ ယွမ် ၁၀၀,၀၂၁,၃၅၀.၅၈"
ယခုအခါ သူ့တွင် ဖုန်းနှစ်လုံး ရှိနေပေပြီ။
တစ်လုံးမှာ သူ၏ ကိုယ်ပိုင်ဖုန်းဖြစ်ပြီး အခြားတစ်လုံးမှာ စနစ်ဖုန်း ဖြစ်လေသည်။
တကယ်ကြီး ယွမ် သန်း ၁၀၀ ပဲ...
သူ၏ အကောင့်ထဲသို့ အမှန်တကယ် ဝင်ရောက်လာသော လက်ကျန်ငွေကို မြင်တွေ့လိုက်ရသဖြင့် ချန်ဖုန်း၏ စိတ်ထဲတွင် စိတ်အေးသွားရလေ၏။
မနက်ဖြန် ဆုကြေးငွေ ရတဲ့အထိ ငါ စောင့်လိုက်မယ်...
သူ၏ လက်ကျန်ငွေသည် သန်း ၁၉၀ အထိ ရောက်ရှိသွားနိုင်ပေသည်။
ယွမ် သန်း ၂၀၀ နီးပါးတောင်...
ယခင်က ချန်ဖုန်း၏ အိမ်မက်မှာ ထူးချွန်သော သိပ္ပံပညာရှင် တစ်ဦး ဖြစ်လာရန် ဖြစ်ပေသည်။
ယခုအခါ သူ လိုချင်သည့် အရာအားလုံးမှာ ထရီလီယံနာ တစ်ဦး ဖြစ်လာရန်ပင်တည်း။
သို့သော်။
နောက်ထပ် မက်ဆေ့ခ်ျနှစ်ခုက သူ့ကို ဇဝေဇဝါ ဖြစ်သွားစေခဲ့၏။
စနစ်ပွိုင့်များ ဟုတ်လား...
ဒါက ဘာအတွက် သုံးတာလဲ...
ဘာအတွက်ပဲ သုံးသုံး စနစ်က ထုတ်ပေးတဲ့ အရာအားလုံးက အရည်အသွေးမြင့်တယ်ဆိုတာ သေချာတယ်လေ...
တစ်နေ့ကျရင် သေချာပေါက် လိုအပ်လာမှာပဲ…
"ဒင်... ဗီဒီယို တာဝန်ကို ပြီးမြောက်အောင်မြင်ဖို့ ပိုင်ရှင်က ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် စနစ်ရဲ့ ကြိုတင်ခန့်မှန်းနိုင်သော အချိန်ကာလက ပြောင်းလဲသွားပါပြီ... လက်ရှိ ကြိုတင်ခန့်မှန်းနိုင်သော အချိန်ကာလကတော့ ၂၀၂၂-၂၀၂၃ ဖြစ်ပါတယ်..."
ချန်ဖုန်း ချက်ချင်းပင် အံ့အားသင့် မှင်တက်သွားလေ၏။
ဘာအဓိပ္ပာယ်လဲ...
ဤမက်ဆေ့ခ်ျတွင် လျှို့ဝှက်ထားသော သတင်းအချက်အလက် အများအပြား ပါဝင်နေပေသည်။
ဥပမာအားဖြင့် ယခုက ၂၀၂၀ ခုနှစ် ဖြစ်သည်။
ဤမတိုင်မီက စနစ်သည် ၂၀၂၃ ခုနှစ်အထိ ဖြစ်ရပ်များကိုသာ ကြိုတင်ခန့်မှန်းနိုင်ခဲ့ပေ၏။
ထို့နောက် ယခုအခါတွင်။
အချိန်ကာလက တိုးချဲ့သွားခဲ့လေပြီ။
အချိန်ကာလသည် တစ်နှစ် ရှေ့တိုးသွားခဲ့ပြီး ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ် နှစ်နှစ်အတွင်းရှိ မည်သည့် ဖြစ်ရပ်ကိုမဆို ကြိုတင်ခန့်မှန်းနိုင်ရန် ခွင့်ပြုပေးလိုက်ခြင်းပင် ဖြစ်သည်။
ချန်ဖုန်း၏ စိတ်ထဲတွင် ရဲတင်းသော အတွေးတစ်ခု ဝင်ရောက်လာခဲ့၏။
သူ တာဝန်များကို ဆက်လက်ပြီးမြောက်လေလေ အချိန်ကာလက ရှေ့သို့ သို့မဟုတ် နောက်သို့ ရွေ့လျားသွားလေလေ ဖြစ်ပေမည်။
ဒါဆိုရင် အဓိပ္ပာယ်က...
အနာဂတ်က အချိန်တစ်ခုမှာ ဖြစ်မယ့် အရာတွေကို ကြိုတင်ခန့်မှန်းနိုင်ရုံသာမကဘဲ အတိတ်က အချိန်တစ်ခုမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကိုပါ သိနိုင်တယ်ပေါ့…
မိုက်တယ်ဟေး…
ဒါ တကယ်မိုက်တာပဲ...
အတိတ်ကို ပြန်ကြည့်တာပဲဖြစ်ဖြစ် အနာဂတ်ကို ကြိုတင်ခန့်မှန်းတာပဲဖြစ်ဖြစ်...
ချန်ဖုန်းအတွက်တော့ နှစ်ခုစလုံးက သူ့ကို အလွန် ကြီးမားလှသော ချမ်းသာကြွယ်ဝမှုနှင့် သတင်းအချက်အလက်များကို ပံ့ပိုးပေးလိမ့်မည် ဖြစ်ပေ၏။
ဤအကြောင်းကို တွေးမိချိန်တွင် သူသည် စိတ်လှုပ်ရှားစွာဖြင့် အသံထွက် ရယ်မောလိုက်လေတော့သည်။
ထိုအချိန်၌ အပြင်ဘက်မှ အော်ဟစ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
"တတိယအစ်ကို... မြန်မြန်... အပြင်ကို မြန်မြန်ထွက်ခဲ့..."
သူ၏ အခန်းဖော်များ ပြန်ရောက်လာပြီဖြစ်ကြောင်း ချန်ဖုန်း ချက်ချင်း သိလိုက်သည်။
သူတို့၏ အဆောင်မှာ လေးယောက်ခန်း ဖြစ်ပေ၏။ အခြား ကျောင်းသားသုံးဦးမှာလည်း သာမန်မိသားစုများမှ ဖြစ်ကြပြီး နောက်ဆုံးနှစ်တွင် အလုပ်သင်ရှာရန် အပြင်မထွက်ကြဘဲ ကျောင်းမှာသာ နေခဲ့ကြခြင်း ဖြစ်သည်။
ချန်ဖုန်းမှာ အဆောင်တွင် တတိယမြောက် အကြီးဆုံးဖြစ်ရာ လူတိုင်းက သူ့ကို တတိယအစ်ကိုဟု ခေါ်ကြပေ၏။
"လာပြီ... လာပြီ..."
သူသည် ကုတင်ပေါ်မှ ဖြည်းညင်းစွာ ဆင်းကာ
အပြင်သို့ ထွက်သွားလိုက်၏။
အခန်းဖော် သုံးဦးသည် လမ်းတစ်ဖက်ရှိ အဆောက်အအုံတစ်ခုကို ကြည့်ရင်း သွားရည်ကျနေကြလေသည်။
အဲဒါက မိန်းကလေးအဆောင်လေ...
ည ၉ နာရီခွဲ ရှိနေပြီဖြစ်သော်လည်း အပြင်ဘက်ရှိ မီးရောင်များမှာ အလွန် လင်းထိန်နေပြီး အောက်ဘက်ရှိ ကွင်းပြင်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
နေ့တိုင်း ဒီအချိန်ဆိုရင်...
စာသင်ခန်းထဲတွင် စာကျက်နေသော မိန်းကလေးများ အဆောင်သို့ ပြန်လာကြပြီး ချိန်းတွေ့နေသော မိန်းကလေးအချို့လည်း ဤအချိန်တွင် ပြန်လာကြခြင်း ဖြစ်ပေ၏။
ထို့ကြောင့်။
ဤအချိန်သည် အလှပဆုံး မိန်းကလေးများကို မြင်တွေ့ရမည့် အချိန်ပင် ဖြစ်လေသည်။
ယောက်ျားလေးအဆောင်ရှိ စင်္ကြံများမှာ ပွင့်လင်းသော ဒီဇိုင်းမျိုး ဖြစ်သည်။
ယခုအခါ အဆောက်အအုံထဲရှိ လူအများစုသည် အလှလေးများကို ကြည့်ရှုရန် လက်ရန်းများကို မှီနေကြလေ၏။
ထိုမြင်ကွင်းက။
တကယ်ကို ခမ်းနားကြီးကျယ်လှပေသည်။
"ငါတို့ကျောင်းမှာ လှတဲ့ မိန်းကလေးတွေ အများကြီးပဲ... ခုနလေးတင် ငါးယောက်လောက် တွေ့လိုက်တယ်... ငါက ဘွဲ့ရတော့မှာတောင် ရည်းစားတစ်ယောက်မှ မရသေးတာ နှမြောစရာပဲ..."
"ဟုတ်တယ်... ငါတို့ထဲက ဘယ်သူမှ အရုပ်ဆိုးတာ မဟုတ်ဘဲနဲ့ ဘာလို့ ရည်းစားမရနိုင်ရတာလဲ..."
အောက်ဘက်မှာ ချိန်းတွေ့နေတဲ့ ကောင်တွေကို ကြည့်ပါဦး... သူတို့ရဲ့ ကောင်မလေးတွေက အကုန်လုံး လှကြတယ်... ငါ့ဘက်က ဘာတွေများ မှားယွင်းသွားလို့လဲ ဆိုတာကိုပဲ ငါ နားမလည်နိုင်တော့ဘူး...
"လုပ်ပါ ဒုတိယအစ်ကိုရာ... အောက်က ဆွဲဆောင်မှုရှိတဲ့ အလှလေးကို မြင်တယ်မလား... ရှန်ယန်းယန်း လေ... ကျောင်းရဲ့ထိပ်တန်းအလှဆုံး လေးဦးထဲက တစ်ဦးပဲ... သူက အခုထိ ရည်းစားမရှိသေးဘူး... မင်း ဘာလို့ သွားမကြောင်တာလဲ..."
"သူ့ကိုတော့ မေ့လိုက်ပါ... ငါက သူ့ကို မကိုင်တွယ်နိုင်ဘူး..." ဒုတိယအစ်ကိုဖြစ်သူ ယန်ချီက နှုတ်ခမ်းကို တွန့်ကာ အောက်ဘက်တွင် ချိန်းတွေ့နေသော စုံတွဲတစ်တွဲကို လက်ညှိုးထိုးပြလိုက်သည်။
"ဟိုနားက မိန်းကလေးကို မြင်လား... အဲဒီလို မိန်းကလေးမျိုးဆိုရင် ငါ ချဲ့ပြောနေတာ မဟုတ်ဘူးနော်..."
ငါက သာမန် စကားနည်းနည်း ပြောလိုက်ရုံနဲ့တင် သူ့ကို ငါ့ရည်းစားဖြစ်အောင် လုပ်နိုင်တယ်...
"အရမ်း လွယ်ကူလွန်းနေလို့ ငါက ကြိုးစားဖို့တောင် မစဉ်းစားခဲ့တာ... အခုတော့ တခြားတစ်ယောက်က ငါ့ကို ကျော်တက်သွားပြီ... တကယ်လို့ နောင်ကျရင် မင်းတို့ ဒီလိုမျိုး ကြုံလာရရင်..."
စကားစပ်မိလို့...
သူက ရုတ်တရက် အော်ပြောလိုက်၏။
"ငါ့ကို လာရှာဖို့ မမေ့နဲ့နော်..."
"လုပ်ပါ... မင်းက လက်ဖျားနဲ့တောင် ထိမှာမဟုတ်ဘူးလေ... ငါထင်တာတော့ မင်းက သတ္တိကြောင်တာပဲ…”
အစ်ကိုကြီး တိုင်ဖုန်းက စကားပြောစရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။
"မင်းက လူရိုးလေးလို့ ငါ အမြဲတမ်း ထင်ခဲ့တာ... ဒါပေမဲ့ ခုနက မင်းပြောလိုက်တဲ့ စကားတွေကြောင့် ငါ မင်းကို အထင်သေးသွားပြီ..."
ခဏတာ ရပ်တန့်သွားပြီးနောက် သူက ရုတ်တရက် အနားသို့ တိုးလာကာ သူ၏ ပခုံးကို ဖက်လျက် ပြုံးကာ ပြောဆိုလိုက်၏။
"ငါ မင်းကို ပြောချင်တာက နောင်ကျရင် ဒီလိုအခွင့်အရေးမျိုး ရှိလာခဲ့ရင်..."
မင်း ငါ့ကို သေချာပေါက် ခေါ်သွားရမယ်နော်... ငါလည်း ရည်းစားမရှိသေးဘူးကွ…
ချီးပဲ...
လူအနည်းငယ်၏ စကားဝိုင်းကို မြင်လိုက်ရသဖြင့်။
ဘေးတွင် ရပ်နေသော ချန်ဖုန်း၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားလေသည်။
သူတို့ အကုန်လုံးက ကျွမ်းကျင်သူတွေချည်းပဲ...
သူတို့ရဲ့ တည်ကြည်တဲ့ အမူအရာတွေကို ကြည့်ပြီး မလိမ်ခံနဲ့... သူတို့ အကုန်လုံးက တကယ်ကို နှာဘူးတွေပဲ...
ဤအချိန်၌။
စတုတ္ထအစ်ကို ကျန်းတယွန်းမှာ ချက်ချင်းပင် စိုးရိမ်ပူပန်သွားခဲ့၏။
"တော်လောက်ပြီ... မင်းတို့ကောင်တွေက အကုန်လုံး အသုံးမကျဘူး... အင်း... စကားမစပ်... တကယ်လို့ အဆင်ပြေရင် ငါ့ကိုပါ ခေါ်သွားပေးနိုင်မလား..."
"ဖွီး..."
ချန်ဖုန်းသည် သူ၏ သောက်လက်စရေများကို ထပ်မံ၍ ပန်းထုတ်လိုက်ပြန်ပေသည်။
ဒီအခန်းဖော်တွေကတော့...
အသုံးသာ မကျတာ လေလုံးထွားတဲ့ နေရာမှာတော့ နံပါတ်တစ်ပဲ...
သူက ခေါင်းခါလျက် ပြောဆိုလိုက်၏။
"မင်းတို့ကောင်တွေ တော်လောက်ပြီ... ဘယ်သူမဆို စကားတော့ ကောင်းကောင်းပြောနိုင်တာပဲလေ... တကယ်လို့ မင်းတို့က အဲဒီလောက် စွမ်းဆောင်နိုင်တယ်ဆိုရင် သွားပြီး လိုက်ကြလေ..."
"တတိယအစ်ကို... အဲဒီလို ပြောတာ မတရားဘူးလေ..."
အစ်ကိုကြီး တိုင်ဖုန်းက အနားသို့ လျှောက်လာကာ ပြောဆိုလိုက်သည်။
"မင်းမှာက ရည်းစားရှိတယ်လေ... ဗိုက်ဝနေတဲ့လူက ဗိုက်ဆာနေတဲ့လူရဲ့ ဆာလောင်မှုကို ဘယ်သိပါ့မလဲ...
စကားမစပ် မင်းရဲ့ရည်းစား ရှန်ချင် က အလုပ်သင်ရှာတွေ့သွားလို့ ဒီည သူ့အခန်းဖော်တွေနဲ့အတူ ညစာစားကြမယ်လို့ ကြားတယ်... မင်း မသွားဘူးလား…”
ချန်ဖုန်းတွင် တက္ကသိုလ် ပထမနှစ်ကတည်းက ရည်းစားတစ်ယောက် ရှိခဲ့သည်မှာ အမှန်ပင် ဖြစ်ပေ၏။
သို့သော် မကြာသေးမီက သူ အတော်လေး အလုပ်ရှုပ်နေခဲ့ပြီး တစ်ဖက်လူကလည်း သူ့ကို ဆက်သွယ်ခြင်း မရှိခဲ့ချေ။
"သူ ငါ့ကို မပြောပါဘူး..."
ချန်ဖုန်းသည် မူလက မနက်ဖြန် ယွမ်သန်း ၉၀ ဆုကြေးငွေကို ထုတ်ယူပြီးမှ ရှန်ချင်ကို သွားတွေ့ကာ သူမကို အံ့အားသင့်အောင် လုပ်ပေးရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
ခဏတာ တွေးတောလိုက်ပြီးနောက်။
သူမထံ ဖုန်းခေါ်ဆိုရန် သူ မတားဆီးနိုင်ခဲ့ချေ။
သို့သော် မည်သူကမျှ ဖုန်းမကိုင်ခဲ့ပေ။
အခန်းဖော်များသည် အဆောင်သို့ ပြန်မလာမီ ခဏတာမျှ လေလုံးထွားနေခဲ့ကြသေး၏။
သူတို့ လေလုံးထွားနေသော သူသည် စုဆောင်းငွေ ယွမ် သန်း ၁၀၀ ရှိသည့် သူဌေးကြီးတစ်ဦး ဖြစ်ကြောင်းကို သူတို့ ဘယ်သောအခါမှ သိရှိနိုင်မည် မဟုတ်ချေ။