← Chapters

အခန်း ၅

Vol. 1 Ch. 5

အခန်း ၅

Vol. 1 Ch. 5

အခန်း (၅) ဒါက သူဌေးတွေ ပြောသင့်တဲ့ စကားပဲ

"လက်ရှိ ဒီမှာရှိတဲ့ တစ်စီးတည်းသော ပါဂါနီ က ယွမ် ၄၅ သန်းကျော် တန်ပါတယ်... ဒါက ကျွန်မတို့ အရောင်းပြခန်းမှာ ဈေးအကြီးဆုံး အားကစားကားပါပဲ..."

"တစ်ကမ္ဘာလုံးမှာမှ အစီး ၃၀ ထဲပဲ ရှိတာပါရှင်..."

"အဲဒီအချိန်တုန်းက ကားအလွတ် မရှိခဲ့ပါဘူး... ဒါက လွန်ခဲ့တဲ့ တစ်လက သူဌေးတစ်ယောက် ကြိုမှာထားခဲ့တာပါ..."

"နောက်တော့ သူတို့ မယူတော့တာနဲ့ အရောင်းပြခန်းထဲမှာ ထားလိုက်တာပါရှင်..."

စကားစပ်မိ၍...

သူမက ချန်ဖုန်းအား ထပ်မံကြည့်ရှုလိုက်သည်။

"တကယ်လို့ လူကြီးမင်း ယူမယ်ဆိုရင်တော့ သောင်းဂဏန်းလောက်ကို လျှော့ပေးလို့ ရပါတယ်ရှင်..."

"မလိုပါဘူး... ဒါက ငါ့အတွက် ပြဿနာ မဟုတ်ဘူး..."

ချန်ဖုန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

သူသည် ယုံကြည်မှုရှိစွာဖြင့် ဘဏ်ကတ်တစ်ကတ်ကို ထုတ်ယူကာ ကမ်းပေးလိုက်ပြီး ပြောဆိုလိုက်သည်။ "ကတ်ကိုပဲ ဖြတ်လိုက်ပါ... စာရွက်စာတမ်းတွေကို အမြန်ဆုံး ပြီးအောင် လုပ်ပေး... ကားကို အခုချက်ချင်း ထုတ်ချင်တယ်..."

"ရှင်..."

အမျိုးသမီးငယ်သည် ခဏတာ ရပ်တန့်သွားပေ၏။

သူမသည် ဖောက်သည်၏ တောင်းဆိုချက်အရ ဇိမ်ခံကားကို မိတ်ဆက်ပေးနေခြင်းသာ ဖြစ်သည်။

ချန်ဖုန်းက အမှန်တကယ် ဝယ်ယူလိမ့်မည်ဟု သူမ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။

သို့သော် ယခု အခြေအနေမှာ တစ်ဖက်လူက ဝယ်ယူချင်ရုံသာမက လျှော့ဈေးပင် မတောင်းဘဲ အပြည့်အဝ ပေးချေချင်နေခြင်း ဖြစ်လေ၏။

"လျှော့ဈေးလား... အကြွေစွန်း လျှော့တာလား..."

"မလိုဘူးလေ..."

"အဲဒါက ငါ့ကို အထင်သေးတာပဲ..."

"ပိုက်ဆံက ပြဿနာ မဟုတ်ဘူး..."

ဤသည်မှာ သူဌေးများ၏ ဟန်ပန်ဖြစ်ပြီး ဤသည်ကပင် သူဌေးများ ပြောသင့်သော စကား ဖြစ်ပေသည်။

ယခုလေးတင် ဝင်လာခဲ့သော ရှန်ချင်နှင့် ဝမ်ဟိုင်တို့ ဤစကားများကို ကြားလိုက်ရချိန်တွင် သွေးများပင် အန်ထွက်လာမတတ် ဖြစ်သွားကြလေ၏။

"ဒါက ဟန်ရေးပြနေတာနဲ့ ပိုတူနေတယ်..."

"ချင်အာ... သူက ဘယ်လို နောက်ခံမျိုး ရှိတာလဲ..."

ဝမ်ဟိုင်က မည်သို့ပင် ကြည့်စေကာမူ ချန်ဖုန်းမှာ ချမ်းသာသူတစ်ဦးဖြစ်ကြောင်း သူ မမြင်နိုင်ခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ ပေ့ဟူမြို့ရှိ ချမ်းသာသော လူငယ်လေးများ အားလုံးအကြောင်းကို သူ ကြားဖူးထားလေ၏။

"ဒါပေမဲ့ ချန်ဖုန်း ဆိုတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး..."

ရှန်ချင်က နှုတ်ခမ်းကို တွန့်ကာ အထင်သေးသော အမူအရာဖြင့် ပြောဆိုလိုက်သည်။ "သူက ဘယ်လို နောက်ခံမျိုး ရှိမှာလဲ... မွဲတေနေတဲ့ ကျောင်းသားလေး သက်သက်ပါပဲ... သူက လေလုံးထွားနေတာလို့ ငါထင်တယ်... အဲဒီ ဘဏ်ကတ်ထဲမှာ ပိုက်ဆံ တစ်ပြားမှ ရှိမှာ မဟုတ်ဘူး..."

"တီ..."

"ကတ်ဖြတ်ခြင်း အောင်မြင်ပါတယ်..."

သူမ စကားပြော၍ မဆုံးမီမှာပင် ကတ်ဖတ်စက်မှ အသံကို ကြားလိုက်ရပေ၏။

၎င်းတို့ လုံးလုံးလျားလျား ဆွံ့အသွားကြတော့သည်။

ယွမ် ၄၅ သန်းကျော်တောင်...

ချန်ဖုန်း၏ ကတ်ထဲမှ ထိုမျှလောက် များပြားသော ငွေကြေးများကို အမှန်တကယ် ဖြတ်ယူနိုင်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

ပြီးတော့ သူက မျက်တောင်တစ်ချက်တောင် မခတ်ခဲ့ဘူး…

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ရှန်ချင်သည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား သူမ၏ ဦးနှောက်ထဲတွင် ထူပူသွားသည်ကို ခံစားလိုက်ရ၏။

သူသည် ပိုက်ဆံတစ်ပြားမှ မရှိသူဖြစ်သည်ဟု သူမ အမြဲတမ်း ထင်မှတ်ထားခဲ့ပေသည်။

"သူက တကယ်ကြီး စူပါသူဌေးကြီး တစ်ယောက်လား..."

ဤအချိန်၌ အရောင်းကိုယ်စားလှယ် အမျိုးသမီးငယ်သည် စိတ်လှုပ်ရှားစွာဖြင့် ဘဏ်ကတ်ကို ချန်ဖုန်းထံ ပြန်လည်ပေးအပ်ကာ ပြောဆိုလိုက်သည်။

"လူကြီးမင်း... ဒီ ပါဂါနီ ကို အရင် စမ်းမောင်းကြည့်လို့ ရပါတယ်ရှင်..."

"ဒါက သော့ပါရှင်... ကျွန်မတို့ စာရွက်စာတမ်းတွေကို ဆောင်ရွက်ပေးနေပါပြီ... ခဏလောက် စောင့်ပေးပါဦး..."

သူမမှာ အလွန် ရိုသေလေးစားနေခဲ့ပြီး ဤကားရောင်းရခြင်းအတွက် သူမ၏ ကော်မရှင်ခမှာ အနည်းဆုံး ယွမ်တစ်သန်းခန့် ရှိပေ၏။

သူမအနေနဲ့ ‘သူ့ကို သေချာပေါက် ကောင်းကောင်းမွန်မွန် ဆက်ဆံမှ ရမယ်…’

ချန်ဖုန်းက ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် ဘေးရှိ ရှန်ချင်အား တစ်ချက်ကြည့်ကာ တစ်ဝက်တစ်ပျက် ပြုံးလျက် ပြောဆိုလိုက်၏။

"ယွမ် တစ်ထောင်ကျော်တန်တဲ့ နှုတ်ခမ်းနီကိုရော ယွမ် နှစ်သောင်းတန်တဲ့ အိတ်ကိုပါ ငါ တကယ် မဝယ်နိုင်ပါဘူး..."

"ဒါပေမဲ့ ယွမ် ၄၅ သန်းကျော်တန်တဲ့ ကား တစ်စီးကိုတော့ ငါဝယ်နိုင်တယ်... ရယ်စရာမကောင်းဘူးလား..."

ဤသည်မှာ မေးခွန်းတစ်ခု ဖြစ်ပါသလော။

မဟုတ်ချေ။

၎င်းမှာ ဟန်ရေးပြခြင်းပင် ဖြစ်လေ၏။

"ယွမ်သန်းဆယ်ဂဏန်းတန်တဲ့ ကားကို ဝယ်နိုင်တာပဲ... ယွမ်သောင်းဂဏန်းတန်တဲ့ အိတ်တစ်လုံးကို ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ..."

မင်း လက်လွတ်ဆုံးရှုံးသွားခဲ့ရတာက ဇိမ်ခံကားတစ်စီးထက် အများကြီး ပိုပါတယ်…

"တီ..."

ပါဂါနီ ၏ ကားတံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် ချန်ဖုန်းက ကားပေါ်သို့ တက်သွားလေ၏။

ကား၏ ဇိမ်ခံအတွင်းပိုင်း ဒီဇိုင်းကို ခံစားရင်း သူ အလွန် စိတ်လှုပ်ရှားနေခဲ့သည်။

ဤသည်မှာ သူ၏ ပထမဆုံးသော အားကစားကား ဖြစ်ပေသည်။

သို့သော်။

နောက်တစ်ခဏတွင် သူ၏ စိတ်အခြေအနေမှာ တည်ငြိမ်သွားခဲ့၏။

ဘဏ်အကောင့်ထဲတွင် ယွမ်သန်း ၁၀၀ ကျော် ရှိနေသေးပေသည်။

"အနာဂတ်ကျရင် ငါ့မှာ ပိုက်ဆံတွေ ပိုပိုပြီး များလာမှာဖြစ်သလို ပိုပိုပြီးတော့လည်း သုံးစွဲရလိမ့်မယ်... ဒီအခြေအနေကို ငါ အသားကျအောင် လုပ်ရမယ်..."

"ဒင်... အက်ပလီကေးရှင်း အသစ်ကို တွေ့ရှိပါသည်... စနစ်ကို အဆင့်မြှင့်တင်နေပါသည်..."

ထိုအချိန်၌ သူ၏ ဖုန်းပေါ်တွင် မက်ဆေ့ခ်ျတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။

ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွားသည်။

ဖုန်း၏ မျက်နှာပြင်မှာ မည်းမှောင်သွားပေ၏။

"အဆင့်မြှင့်တင်နေပါသည်" ဆိုသည့် စကားလုံးများကို အပေါ်တွင် စာလုံးအကြီးကြီးဖြင့် ရေးသားထားလေသည်။

သူ နှစ်မိနစ်ခန့် စောင့်ဆိုင်းခဲ့သော်လည်း မျက်နှာပြင်ပေါ်တွင် အဆင့်မြှင့်တင်နေဆဲဟု ပြသနေဆဲပင် ဖြစ်၏။

ဤအခိုက်အတန့်တွင်။

ချန်ဖုန်းသည် ရုတ်တရက် ထိတ်လန့်မှုကို ခံစားလိုက်ရပေသည်။

ဆင်းရဲမွဲတေနေသူ တစ်ဦးဘဝမှ တကယ့် သူဌေးကြီးတစ်ဦးအဖြစ်သို့ သူ၏ဘဝကို ပြောင်းလဲနိုင်ခဲ့ခြင်းမှာ ဤဖုန်းမှ ပံ့ပိုးပေးသော ဗီဒီယို သတင်းအချက်အလက်များကြောင့်သာ ဖြစ်လေသည်။

"ဒီစောက်သုံးမကျတဲ့ ဖုန်းက ပျက်သွားတော့မှာလား..."

ထို့နောက် သူက ခေါင်းခါလိုက်၏။

မဖြစ်နိုင်ပါဘူး...

သို့သော် သူ၏ နှလုံးသားထဲတွင် အန္တရာယ်ရှိသော ခံစားချက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့ပေသည်။

ဖုန်းကို အဆင့်မြှင့်တင်ပြီးနောက် သူသည် အမြန်ဆုံး ငွေပိုရှာရန် လိုအပ်ပြီး စီးပွားရေး အင်ပါယာတစ်ခုကို တည်ထောင်ရမည် ဖြစ်လေ၏။

ထိုသို့မဟုတ်ပါက။

"တကယ်လို့များ တစ်နေ့ကျရင် စနစ်က ပျက်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ... ငါ အကြီးအကျယ် ဆုံးရှုံးသွားမှာ မဟုတ်ဘူးလား..."

ချန်ဖုန်းသည် အနာဂတ်အတွက် အစီအစဉ်ဆွဲနေစဉ်မှာပင်။

ရှန်ချင်သည် ပါဂါနီ ကို အားကျစွာ ကြည့်နေပြီး အထဲသို့ ဝင်ထိုင်ချင်စိတ်များပင် ဖြစ်ပေါ်နေခဲ့၏။

ဘယ်မိန်းမက ဇိမ်ခံကားကို မစီးချင်ဘဲ နေမှာလဲ...

ထို့အပြင် ၎င်းသည် ယွမ်သန်းဆယ်ဂဏန်းတောင် တန်ကြေးရှိပေသည်။

ဘေးတွင် ရပ်နေသော ဝမ်ဟိုင်မှာလည်း မျက်နှာပျက်ရသည်ဟု ခံစားလိုက်ရလေ၏။

သူသည် မူလက ရှန်ချင်၏ရှေ့တွင် ဟန်ရေးပြရန် ယွမ် ငါးသိန်းတန် ဇိမ်ခံကားတစ်စီးကို ဝယ်ယူရန် စီစဉ်ထားခဲ့ပြီး ထိုညတွင်ပင် သူမအား အပြည့်အဝ သိမ်းပိုက်နိုင်ရန် အခွင့်အရေးကို ဆုပ်ကိုင်ရန် ဖြစ်ပေသည်။

သို့သော် ချန်ဖုန်း၏ လုပ်ရပ်က သူ့ကို မျက်နှာပျက်စေလိမ့်မည်ဟု မည်သူက သိထားမည်နည်း။

၄၅ သန်းနှင့် ယှဉ်လိုက်ပါက ၅ သိန်းဆိုသည်မှာ။

အတော်လေး သနားစရာ ကောင်းနေပေ၏။

ဒါကြောင့်သူက"ချင်အာ... ကုမ္ပဏီက လက်ရှိမှာ မြေကွက်တစ်ကွက် ဝယ်ဖို့ ရှာနေတယ်... ငါက တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီပရောဂျက်ကို တာဝန်ယူရတာလေ... တကယ်လို့ ဒီအရောင်းအဝယ်ကို အောင်မြင်အောင် ဆွေးနွေးနိုင်ရင် ငါ ကော်မရှင်ခ ယွမ်သန်းချီပြီး ရနိုင်တယ်..."

"အဲဒီအချိန်ကျရင် ဒီမှာရှိတဲ့ ယွမ်သိန်းဂဏန်းတန် ဇိမ်ခံကားတွေထဲက ဘယ်ကားကိုမဆို မင်း ရွေးလိုက်ပါ... ဒါကို ငါ့ဘက်က လက်ဆောင်လို့ သဘောထားလိုက်..."

"တကယ်လား..."

ရှန်ချင်၏ စိတ်ပျက်နေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်လည်ပေါ်လာခဲ့၏။

အလွန် ချမ်းသာသော သူဌေးကြီး ချန်ဖုန်းကို သူမ ဆုံးရှုံးလိုက်ရသော်လည်း။

ဝမ်ဟိုင် ပေးသော အခွင့်အရေးကို ဆုပ်ကိုင်နိုင်သရွေ့ သူမလည်း ဇိမ်ခံကားတစ်စီးကို ပိုင်ဆိုင်နိုင်ပေသေးသည်။

‘ယွမ်သိန်းဂဏန်းတန် ဇိမ်ခံကားတစ်စီး ဆိုလျှင်တောင် မဆိုးပါဘူးလေ…’

ဤအချိန်၌။

အရောင်းကိုယ်စားလှယ် အမျိုးသမီးသည် ပြီးစီးသွားသော စာရွက်စာတမ်းများကို ယူဆောင်လာကာ ချန်ဖုန်းထံသို့ ကမ်းပေးလိုက်လေ၏။

"မစ္စတာချန်... ကျွန်မတို့ အာမခံနဲ့ ယာယီလိုင်စင်ကိုပါ ဆောင်ရွက်ပေးထားပါတယ်ရှင်... တရားဝင် လိုင်စင်ကတော့ တစ်ပတ်လောက် ကြာပါလိမ့်မယ်... အဲဒီကျရင် ကျွန်မတို့ ထပ်ပြီး ဆက်သွယ်လိုက်ပါ့မယ်..."

"ပြဿနာမရှိပါဘူး..."

ချန်ဖုန်းက စာရွက်စာတမ်းများကို သိမ်းဆည်းလိုက်သည်။

"ဒင်... အဆင့်မြှင့်တင်ခြင်း မအောင်မြင်ပါ..."

"ဤပထမဆုံးသော စနစ် အဆင့်မြှင့်တင်မှုအတွက် အက်ပလီကေးရှင်း မျက်နှာပြင်ကို အသက်သွင်းရန် နေရာရှိ လူတစ်ဦးကို ကျပန်းရွေးချယ်ပြီး အနည်းဆုံး ယွမ်နှစ်သန်း သုံးစွဲရပါမည်..."

သူ၏ ဖုန်းပေါ်တွင် နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။

ချန်ဖုန်း လုံးလုံးလျားလျား ဆွံ့အသွားတော့သည်။

ဘာတွေ ဖြစ်နေတာလဲ...

စနစ်... မင်းက ငါ့ကို နောက်ပြောင်နေတာလား...

ငါ ခုနလေးတင် ကားတစ်စီး ဝယ်လိုက်တာလေ... အကြွေစွန်းမလျှော့ဘူး၊ လျှော့ဈေးမယူဘူးဆိုရင်တောင် အများဆုံးမှ ယွမ်သောင်းဂဏန်းလောက်ပဲ ကုန်မှာကို…

‘ရှန်ချင် အပေါ် ဒေါသထွက်တာကို ဖြေဖျောက်ဖို့ ယွမ်သောင်းဂဏန်းလောက် သုံးရတာက တန်ပါတယ်လေ…’

ဒါပေမဲ့ အခုက...

‘တခြားလူတွေအတွက် အနည်းဆုံး ယွမ်နှစ်သန်း သုံးပေးရမယ်လို့ မင်းက မျှော်လင့်နေတာလား…’

‘ငါ့ကိုယ်ပိုင် သုံးစွဲမှုက အကျုံးမဝင်ဘူးလား…’

သူသည် အရောင်းပြခန်းထဲရှိ ရှန်ချင်နှင့် ဝမ်ဟိုင်တို့ကို တစ်ချက် ကြည့်လိုက်၏...

သွားသေလိုက်...

‘ငါ မသိတဲ့လူတစ်ယောက်ကို ပိုက်ဆံပေးရရင်တောင် မင်းတို့ကောင်တွေကိုတော့ ပေးမှာမဟုတ်ဘူး…’

ဤအချိန်၌။

ချန်ဖုန်းသည် အရောင်းပြခန်းနှင့် မနီးမဝေးတွင် ကားများကို ကြည့်ရှုနေသော အမျိုးသမီးတစ်ဦးကို ရုတ်တရက် သတိပြုမိလိုက်ပေသည်။

သူ မနေနိုင်တော့ဘဲ မေးမြန်းလိုက်၏။ "အဲဒီကားက ဘယ်လောက်တန်လဲ..."

အမျိုးသမီးငယ်က ပြုံးလျက် ပြောဆိုလိုက်သည်။ "အဲဒီ အသစ်စက်စက် ပေါ်ရှေး က အခွန်နဲ့ အခြားကုန်ကျစရိတ်တွေ အပါအဝင် ယွမ် ၂.၄ သန်း ကျသင့်ပါတယ်ရှင်..."

"ကတ်ဖြတ်လိုက်..."

ချန်ဖုန်းသည် သွားကို ကြိတ်ကာ သူ၏ ဘဏ်ကတ်ကို စတိုင်ကျကျ ထပ်မံကမ်းပေးလိုက်လေ၏။

အမျိုးသမီးငယ်မှာ ဆွံ့အသွားရပေသည်။

"ထပ်ဝယ်ဦးမလို့လား..."

ချန်ဖုန်း၏ နှလုံးသားမှာ ကြေကွဲသွားရ၏။

ဒါပေမဲ့ စနစ်ကို ပိုပြီး မိုက်တဲ့ လုပ်ဆောင်ချက်တွေ ပါလာအောင် အဆင့်မြှင့်တင်ဖို့အတွက် ဒီပိုက်ဆံကို သုံးကို သုံးရမယ်လေ...

သူသည် သဘောထားကြီးဟန်ဆောင်ကာ မနီးမဝေးတွင် ကားကြည့်နေသော အမျိုးသမီးကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီနေ့ ငါ့စိတ်အခြေအနေ အရမ်းကောင်းနေတယ်... ပြီးတော့ သူ့ကို ကြည့်ရတာ မျက်စိပသာဒဖြစ်လို့ ငါ သူ့ကို ဇိမ်ခံကားတစ်စီး လက်ဆောင်ပေးမယ်... ငါလည်း မတတ်နိုင်ဘူးလေ... ငါ့မှာ ပိုက်ဆံတွေ အရမ်းများနေတော့ သုံးကို သုံးရမှာပေါ့..."

ဒီအကြောင်းပြချက်ကတော့...

တစ်ယောက်ယောက်ကို မျက်စိပသာဒဖြစ်လို့ ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ ယွမ် ၂.၄ သန်းတန် ပေါ်ရှေး တစ်စီးကို လက်ဆောင်ပေးလိုက်တာလား...

အဲဒါက မယုံနိုင်လောက်အောင်ကို ဖြုန်းတီးလွန်းတာပဲ...

‘ကျွန်မကိုရော မျက်စိပသာဒ မဖြစ်ဘူးလား... ဘာလို့ ကျွန်မကိုပါ တစ်စီးလောက် မပေးရတာလဲ…’

ဤစကားကို။

အရောင်းကိုယ်စားလှယ် အမျိုးသမီးက နှုတ်မှပင် ထွက်လုနီးပါး ဖြစ်သွားခဲ့လေ၏။

သူဌေးတွေရဲ့ ကမ္ဘာလောကကြီးက တကယ်ပဲ ဒီလောက်တောင် ဖြုန်းတီးလွန်းတာလား...

ဘေးတွင် ရပ်နေသော ရှန်ချင်မှာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပေသည်။

ဝမ်ဟိုင်က ယွမ်သိန်းဂဏန်းတန် ကားတစ်စီးကို ပေးမည်ဟု ယခုလေးတင် ပြောခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ဖုန်းက လုံးဝ သူစိမ်းတစ်ယောက်ကို ယွမ် ၂.၄ သန်းတန် ကားတစ်စီးကို ပေးလိုက်လေ၏။

"ဒါက ငါ့အတွက် တမင်သက်သက် လုပ်လိုက်တာ မဟုတ်ဘူးလား..."

"အရမ်းကို ခံရခက်တာပဲ..."

ချန်ဖုန်း မောင်းထွက်သွားသည်ကို ကြည့်ရင်း ရှန်ချင်သည် ပို၍ပို၍ နောင်တရလာခဲ့ပေ၏။

ယွမ် ၂.၄ သန်းတန် ဇိမ်ခံကားတစ်စီးလေ...

ငါ့အပိုင် ဖြစ်သင့်တဲ့ အရာက အခုတော့ သူစိမ်းတစ်ယောက်ဆီ ရောက်သွားခဲ့ပြီ...

"ဟေး... အဲဒီလူက ရှန်ယန်းယန်း နဲ့ တူတယ်နော်..."

ထိုအချိန်၌ ကားကြည့်နေသော အမျိုးသမီးမှာ ပေ့ဟူတက္ကသိုလ်ရှိ နာမည်ကြီး အချောအလှစာရင်းဝင် လေးဦးအနက်မှ တစ်ဦးဖြစ်သော ရှန်ယန်းယန်း ဖြစ်နေကြောင်း သူမ ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။

ဝမ်ဟိုင်ပင်လျှင် လှမ်းမကြည့်ဘဲ မနေနိုင်ခဲ့ချေ။

ဆွဲဆောင်မှုရှိပြီး လှပလွန်းလှပေသည်။

အကယ်၍ ရှန်ချင်က အမှတ် ၈၀ ရရှိမည်ဆိုပါက ရှန်ယန်းယန်း သည် အမှတ် ၉၀ ရရှိမည် ဖြစ်၏။

အရောင်းကိုယ်စားလှယ် အမျိုးသမီးထံမှ သော့များနှင့် စာရွက်စာတမ်းများကို လက်ခံရရှိပြီးနောက် ရှန်ယန်းယန်း မှာ...

အလားတူပင် ဇဝေဇဝါ ဖြစ်သွားခဲ့ပေသည်။

ဘာတွေ ဖြစ်နေတာလဲ…

"ငါက ဒီတိုင်း ဝင်လာပြီး လိုက်ကြည့်ရုံတင်လေ... ဘာမှဝယ်မယ်လို့ မပြောခဲ့ပါဘူး..."

အရောင်းကိုယ်စားလှယ် အမျိုးသမီးထံမှ အခြေအနေကို သိရှိသွားပြီးနောက် သူမမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့ရ၏။

"ချန်ဖုန်း..."

"ဒီနာမည်က ရင်းနှီးနေသလိုပဲ..."

All Chapters