အခန်း ၆
Vol. 1 Ch. 6
အခန်း (၆) ငါ့ကို နတ်သမီးလေးက လိုက်နေတာလား
"အစ်မ... သူ့ဖုန်းနံပါတ်လေး ပေးလို့ရမလားဟင်..."
ချန်ဖုန်းက ဘယ်လိုအကြောင်းပြချက်နဲ့ပဲ ဒီ ပေါ်ရှေး ကို ပေးခဲ့ပါစေ၊ ရှန်ယန်းယန်း ကတော့ လက်ခံမည် မဟုတ်ချေ။
သူမသည် ဆွဲဆောင်မှုရှိပြီး လှပလွန်းလှပေသည်။
သို့သော်လည်း အကြောင်းပြချက် မရှိဘဲ တစ်ပါးသူ၏ အရာကို လက်ခံမည် မဟုတ်သလို အထူးသဖြင့် ရင်းနှီးမှုမရှိသော သူစိမ်းတစ်ယောက်ထံမှ ပို၍ပင် လက်ခံမည် မဟုတ်ချေ။
"အင်း..."
အရောင်းကိုယ်စားလှယ် အမျိုးသမီးက တုံ့ဆိုင်းသွား၏။
မည်သို့ပင်ဆိုစေကာမူ ဖောက်သည်များ၏ အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းက မှားယွင်းပေသည်။
သို့သော် ယွမ်နှစ်သန်းကျော်တန် ဇိမ်ခံကားတစ်စီးကို လက်ဆောင်ပေးခဲ့သည်ဆိုတော့ သူက ရှေ့မှာရပ်နေတဲ့ လှပတဲ့ အမျိုးသမီးလေးကို စိတ်ဝင်စားနေတာ သေချာတယ်လို့ တွေးမိလိုက်ပြီး..အရောင်းကိုယ်စားလှယ် အမျိုးသမီးမှ
"သူ့ဖုန်းနံပါတ် ရေးပေးလိုက်ပါ့မယ်..."
ရှန်ယန်းယန်း"ကျေးဇူးတင်ပါတယ်ရှင်..."
ရှန်ယန်းယန်း က အနည်းငယ် ပြုံးကာ ပြောဆိုလိုက်၏။
"ဒီကားကို ဒီမှာပဲ ခဏ ထားခဲ့ပါ့မယ်..."
"မစ်ရှန်... ရှင်ပဲ မောင်းသွားလိုက်ပါလားရှင်... ဒီကားက အရမ်း ဈေးကြီးလွန်းတော့ တကယ်လို့များ ဝန်ထမ်းတွေက တစ်ခုခု ထိခိုက်မိသွားရင်..."
အရောင်းကိုယ်စားလှယ် အမျိုးသမီးက အနည်းငယ် အခက်တွေ့သွားလေသည်။
ယွမ်နှစ်သန်းကျော်တန် ကားတစ်စီးသည် ၎င်းတို့အတွက် အလွန် ဈေးကြီးလွန်းလှပေ၏။
ရှန်ယန်းယန်း က မျက်မှောင်ကြုတ်လိုက်သည်။
"ရပါတယ်... ဒါဆို ကားကို ကျွန်မ အရင်မောင်းသွားလိုက်မယ်လေ..."
သူမ၏ မိသားစုသည် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြပေ၏။
ယွမ်နှစ်သန်းဆိုသည်မှာ သိပ်များများစားစား မဟုတ်ချေ။ သူမကိုယ်တိုင် ဝယ်ယူလိုက်သည့် ငွေဟု သဘောထားကာ အချိန်တန်လျှင် ချန်ဖုန်းထံသို့ ပြန်လည်ပေးဆပ်လိုက်မည်ဟု စဉ်းစားလိုက်လေသည်။
အခြားတစ်ဖက်တွင်တော့။
ချန်ဖုန်းသည် ပါဂါနီ ကို လမ်းပေါ်တွင် မောင်းနှင်နေခဲ့၏။
ယာဉ်မောင်းလိုင်စင် ရပြီးကတည်းက ဤသည်မှာ သူ ပထမဆုံးအကြိမ် ကားမောင်းဖူးခြင်း ဖြစ်ပေသည်။
ကျွမ်းကျင်မှုက သိပ်မကောင်းလှသော်လည်း အဆင်ပြေရုံလောက်တော့ ရှိပေ၏။
ပြိုင်ကား မောင်းနှင်ရခြင်းမှာ ပုံမှန်ကား မောင်းနှင်ရခြင်းနှင့် လုံးဝ ကွာခြားလှပေသည်။
ပြိုင်ကားများမှာ အလွန်နိမ့်သော ဆွဲငင်အားဗဟိုချက် ရှိလေ၏။
ထို့အပြင် အလွန်အမင်း တည်ငြိမ်ပြီး ထိန်းချုပ်မှု အလွန်ကောင်းမွန်လှပေသည်။
လီဗာကို အနည်းငယ် နင်းလိုက်ရုံဖြင့် ပါဂါနီ သည် ချက်ချင်းပင် လျှပ်တစ်ပြက် ပြေးထွက်သွားလေတော့သည်။
အထူးသဖြင့် အင်ဂျင်သံသည် သားရဲတစ်ကောင်အလား ဟိန်းဟောက်နေပြီး နားထောင်ရသည်မှာ အလွန်အမင်း စိတ်လှုပ်ရှားစရာ ကောင်းလှပေ၏။
"တကယ်ကို ပေးရတဲ့ဈေးနဲ့ တန်တာပဲ..."
ချန်ဖုန်းက နှုတ်ခမ်းကို သပ်လိုက်သည်။
လူအချို့က စက်ဘီးပေါ်မှာ ရယ်မောနေမယ့်အစား ဇိမ်ခံကားပေါ်မှာ ငိုကြွေးချင်ကြတာ အံ့သြစရာတော့ မဟုတ်ဘူးပဲ...
ကျယ်လောင်သော အသံကြီးက လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့လေ၏။
"ချီးပဲ... ပါဂါနီ တောင်... ပေ့ဟူမြို့မှာ ပါဂါနီ ကို တကယ်ကြီး မြင်လိုက်ရတာပဲ..."
"အဲဒီဇိမ်ခံကားက တကယ် မိုက်တာပဲ... ယွမ်သန်းချီပြီး တန်မှာပဲနော်..."
"သန်းချီတယ် ဟုတ်လား... မင်း အိမ်မက်မက်နေတာလား... အဲဒီကားကို အရောင်းပြခန်းမှာ ငါတွေ့ဖူးတယ်ကွ..."
"အနည်းဆုံး ယွမ် ၄၅ သန်းတန်တယ်... ပြီးတော့ တစ်ကမ္ဘာလုံးမှာမှ အစီး ၃၀ ထဲပဲ ရှိတာ..."
"ချီးပဲ... အဲဒီလူက ဘယ်သူလဲဟ... ပေ့ဟူ တစ်မြို့လုံးမှာ ယွမ်ဆယ်သန်းကျော်တန်တဲ့ ကားက လက်ချိုးရေလို့ရတဲ့ အစီးရေပဲ ရှိတာကို..."
လူအုပ်ကြီးက တီးတိုး ဝေဖန်ပြောဆိုနေကြလေ၏။
အချို့လူများကမူ ချန်ဖုန်း၏ အမှတ်အသားကို ခန့်မှန်းနေကြဆဲပင်။
ပေ့ဟူရှိ ဇိမ်ခံကားများနှင့် ချမ်းသာသော သူဌေးသားများ အကြောင်းကို ၎င်းတို့ အားလုံး ကြားဖူးထားကြသော်လည်း ချန်ဖုန်း အကြောင်းကိုမူ ဘယ်သောအခါမှ မကြားဖူးခဲ့ကြချေ။
လူအုပ်ကြီး တဖြည်းဖြည်း စုရုံးလာသည်ကို မြင်သောအခါ။
ချန်ဖုန်းမှာ ဆွံ့အသွားရပေသည်။
သူက အမြန်နှုန်းကို တင်လိုက်ပြီး လမ်းပေါ်ရှိ လူအုပ်ကြီးကို အဝေးကြီးမှာ ချန်ထားရစ်ခဲ့လေ၏။
ဇိမ်ခံကားများ မောင်းနှင်ရခြင်းမှာ စိတ်လှုပ်ရှားစရာ ကောင်းလှသော်လည်း အခြားသူများ၏ အာရုံစိုက်မှုနှင့် စိုက်ကြည့်ခြင်းကို ခံရမည်မှာ ရှောင်လွှဲ၍မရနိုင်ချေ။
ငါ နည်းနည်းလေး ဟန်ရေးပြလွန်းနေပြီ ထင်တယ်…
"ဒင်... စနစ်အဆင့်မြှင့်တင်ခြင်း ပြီးဆုံးပါပြီ..."
ထိုအချိန်၌ ရင်းနှီးသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ချန်ဖုန်းမှာ အလွန် ဝမ်းသာသွားပေသည်။
သူသည် လမ်းဘေးသို့ ကားကို အလျင်အမြန် ရပ်လိုက်ပြီး စနစ်ဖုန်းကို ထုတ်ယူလိုက်လေ၏။
ဖုန်းထဲတွင် ဗီဒီယို အက်ပလီကေးရှင်း တစ်ခုတည်းသာ ရှိနေဆဲဖြစ်သော်လည်း အက်ပလီကေးရှင်းတွင် ပြောင်းလဲမှု အချို့ ရှိနေခဲ့ပေသည်။
"စွမ်းရည်များ" ဆိုသည့် မျက်နှာပြင်အသစ်တစ်ခု ထပ်တိုးလာခဲ့၏။
ထို့အပြင် ဖုန်းပေါ်တွင် မက်ဆေ့ခ်ျတစ်ခု ပေါ်လာတိုင်း သူ၏ခေါင်းထဲတွင် အသံတစ်သံ အလိုအလျောက် ပေါ်လာတတ်လေသည်။
"ဒင်... ပိုင်ရှင်တွင် ယာဉ်မောင်းစွမ်းရည် လိုအပ်နေကြောင်း စစ်ဆေးတွေ့ရှိပါသည်... လဲလှယ်ယူလိုပါသလား..."
ဘာတွေ ဖြစ်နေတာလဲ...
ချန်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပေ၏။
နောက်တစ်ခဏတွင် ဘာတွေဖြစ်နေသည်ကို သူ ချက်ချင်း သဘောပေါက်သွားခဲ့လေသည်။
ချီးပဲ...
ချီးပဲ...
စနစ်က ငါ့ရဲ့ ကားမောင်းစွမ်းရည် အရမ်းညံ့တယ်လို့ ခံစားရလို့ သူ့ဘာသာသူ အဆင့်မြှင့်တင်ဖို့ တောင်းဆိုနေတာလား...
ငါက အငြင်းခံလိုက်ရတာလား...
ချန်ဖုန်းသည် စိတ်ထဲမှ "ချီးပဲ" ဟု အကြိမ်ကြိမ် ကျိန်ဆဲနေခဲ့ပေ၏။
"လဲလှယ်မယ်..."
စနစ်"ဆယ်နှစ်စာ အတွေ့အကြုံရှိ မာစတာအဆင့် ယာဉ်မောင်းစွမ်းရည်ကို အောင်မြင်စွာ လဲလှယ်နိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... စနစ်ပွိုင့် ၁၀ ပွိုင့် နုတ်ယူပြီးပါပြီ..."
"ပိုင်ရှင်ရဲ့ လက်ရှိ ကျန်ရှိနေတဲ့ စနစ်ပွိုင့်များ - ၀ ပွိုင့်..."
"ယာဉ်မောင်းစွမ်းရည်ဟာ ပိုင်ရှင်ရဲ့ အိတ်ထဲမှာ ရှိနေပြီး အချိန်မရွေး အသုံးပြုနိုင်ပါတယ်..."
"ဘာတွေလဲဟ..."
ချန်ဖုန်းသည် ငိုချလုနီးပါးပင် ဖြစ်သွားရလေ၏။
တကယ်ကို လိမ်လည်ခံလိုက်ရတာပဲ...
ဒါတွေအကုန်လုံးကို ကြည့်ရရင် စနစ်ပွိုင့်တွေကို ဒီလိုနေရာမျိုးမှာ သုံးရတာပေါ့လေ...
ငါက မနည်း စုဆောင်းထားရတဲ့ စနစ်ပွိုင့် ၁၀ ပွိုင့်ကို မင်းက တစ်ကြိမ်တည်းနဲ့ အကုန် နုတ်ယူသွားတာလား...
ငါ သိသင့်တာပေါ့...
ငါ့အနေနဲ့ ၅ နှစ်စာ ယာဉ်မောင်းအတွေ့အကြုံကို တိုက်ရိုက် လဲလှယ်လိုက်လို့ ရပါတယ်... အဲဒါက ဒီ ပါဂါနီ ကို မောင်းဖို့ လုံလောက်တာထက်တောင် ပိုသေးတယ်...
လက်တစ်ဖက်တည်းနဲ့ ပါဂါနီ ကို မောင်းစရာမှ မလိုတာပဲလေ...
စနစ်က တစ်ခါတစ်ရံ သူ့ကို ဒုက္ခပေးတတ်ကြောင်း ယခုအခါတွင် သူ သဘောပေါက်သွားခဲ့လေပြီ။
ပြီးတော့ ငါက ဘာမှ လုပ်နိုင်တာ မဟုတ်ဘူးလေ…
ချန်ဖုန်းက သူ၏ "ကျောပိုးအိတ်" ထဲရှိ ယာဉ်မောင်းစွမ်းရည် ရွေးချယ်ခွင့်ကို နှိပ်လိုက်ရာ သူ၏ ခန္ဓာကိုယ်ထဲသို့ အထူး စွမ်းအားတစ်ခု ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရ၏။
သူ၏ စိတ်ထဲတွင် အသိပညာများ ပိုမို ရရှိလာခဲ့ပေသည်။
သူသည် အလိုအလျောက်ပင် ဘရိတ်ကို လွှတ်ကာ လီဗာကို နင်းလိုက်လေ၏။
"ဝူး..."
ပါဂါနီ သည် မီတာ ၁၀၀ အတွင်းသို့ ချက်ချင်းပင် လျှပ်တစ်ပြက် ပြေးထွက်သွားတော့သည်။
ထိုအခိုက်အတန့်၌။
ချန်ဖုန်းသည် ဆယ်နှစ်တာ အတွေ့အကြုံရှိသော ဝါရင့် ယာဉ်မောင်းတစ်ဦးအလား ခံစားလိုက်ရပြီး သူ၏ လှုပ်ရှားမှုများ အားလုံးသည် ချောမွေ့သပ်ရပ်လှပေ၏။
အလွန် အချိတ်အဆက် မိလှသည်။
လက်တစ်ဖက်တည်းဖြင့် ပါဂါနီ ကို မောင်းနှင်ရသည်မှာပင် အလွန် လွယ်ကူနေလေ၏။
ဤသည်မှာ မသိစိတ်မှ ဖြစ်ပေါ်လာသော ခန္ဓာကိုယ်၏ တုံ့ပြန်မှု သက်သက်သာ ဖြစ်ပေသည်။
ထိုအချိန်မှာပင်။
ပေါ်ရှေး တစ်စီးက နောက်မှ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာပြီး ပါဂါနီ ၏ လမ်းကြောင်းကို ပိတ်ရပ်လိုက်လေ၏။
ချီးပဲ...
ချန်ဖုန်းသည် ဘရိတ်ကို အလျင်အမြန် နင်းလိုက်သည်။
ပါဂါနီ ၏ စွမ်းဆောင်ရည်မှာ အလွန် ကောင်းမွန်လှပြီး ရုတ်တရက် ရပ်တန့်လိုက်ချိန်တွင်ပင် ဆောင့်သွားသည့် ခံစားချက်မျိုး မရှိခဲ့ချေ။
ပေါ်ရှေး ထဲမှ လှပသော အမျိုးသမီးတစ်ဦး ထွက်လာခဲ့ပေ၏။
သူမတွင် ဘဲဥပုံ မျက်နှာလေး ရှိပြီး စကတ်တိုလေး ဝတ်ဆင်ကာ မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ထားလေသည်။ သူမ၏ မျက်လုံးများသည် ဆောင်းဦးရာသီမှ ရေကန်လေးအလား ကြည်လင်နေပြီး သူမ၏ ဆံပင်ရှည်များကို နောက်ဘက်သို့ ပေါ့ပေါ့ပါးပါး ချထားပေ၏။
ရှန်ယန်းယန်း ပင် ဖြစ်လေသည်။
မူလက ရှန်ယန်းယန်း သည် ချန်ဖုန်း၏ လိပ်စာကို စုံစမ်းရန် တစ်စုံတစ်ယောက်ကို အကူအညီတောင်းရန် စီစဉ်ထားခဲ့သော်လည်း တစ်ဖက်လူ၏ ပါဂါနီ မှာ အလွန် မျက်စိကျလွန်းလှသဖြင့် အခြားမည်သူ့ကိုမျှ မေးမြန်းစရာမလိုဘဲ သူ့ကို ရှာတွေ့နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
သူမက ကားတံခါးကို ဖွင့်ကာ အထဲသို့ ဝင်ထိုင်လိုက်၏။
"..."
ချန်ဖုန်းမှာ ဆွံ့အသွားရလေသည်။
ကျောင်းသူလှလေး လေးဦးထဲမှ တစ်ဦးဖြစ်သော ရှန်ယန်းယန်း ကို သူက ဘယ်လိုလုပ် မသိဘဲ နေမည်နည်း။
သို့သော်လည်း။
ကျောင်းတွင် တက်ရောက်နေသော လေးနှစ်တာ ကာလအတွင်း ၎င်းတို့နှစ်ဦးသည် အပြန်အလှန် စကားတစ်ခွန်းမျှပင် မပြောဖူးခဲ့ကြချေ။
တစ်ဖက်လူက သူ၏ ကားထဲသို့ ဝင်လာလိမ့်မည်ဟု သူ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ပေ။
"မင်းအိမ်လား... ငါ့အိမ်လား..."
ချန်ဖုန်း၏ မျက်နှာအမူအရာမှာ လှောင်ပြောင်နေသည့်အလား ဖြစ်နေ၏။
တီဗီများတွင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မကြာခဏ မြင်တွေ့ရလေ့ ရှိပေသည်။
အကယ်၍ သင်သည် ဇိမ်ခံကားတစ်စီး မောင်းနှင်လာပြီး လှပသော အမျိုးသမီးတစ်ဦးက အထဲသို့ ဝင်လာပါက ဤမေးခွန်းတစ်ခွန်းတည်းကိုသာ မေးလိုက်ခြင်းဖြင့် သာယာသော ညတစ်ညကို ရရှိရန် သေချာသွားပေလိမ့်မည်။
သူလည်း ကြည့်ချင်နေခဲ့၏။
ကျောင်းတွင် နာမည်ကြီးသော ရှန်ယန်းယန်း က တကယ်ပဲ ဒီလိုလူစားမျိုးလား ဆိုတာကိုပေါ့…
"နင် ဘာကို ဆိုလိုတာလဲ..."
ရှန်ယန်းယန်း က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး သူမ၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ပေ၏။
မည်သူကမျှ မတုံးအကြချေ၊ ဤစကား၏ သွယ်ဝိုက်သော အဓိပ္ပာယ်မှာ အလွန် ရှင်းလင်းလှပေသည်။
"ငါ့ကို နင့်ရဲ့ ဘဏ်ကတ်နံပါတ် ပေး... ကားဝယ်ထားတဲ့ ယွမ် ၂.၄ သန်းကို ငါ လွှဲပေးမယ်..."
"ငါ ရှန်ယန်းယန်း က ယွမ် ၄၅ သန်းတန် ပါဂါနီ ကို မဝယ်နိုင်ဘူး ဆိုပေမဲ့ ပေါ်ရှေး ကိုတော့ ဝယ်နိုင်ပါသေးတယ်..."
"ကားတစ်စီးအတွက်နဲ့ ငါ့ရဲ့ ဂုဏ်သိက္ခာကို ဘယ်တော့မှ အဆုံးရှုံးမခံဘူး..."
"ချန်ဖုန်း... ကားတစ်စီးနဲ့ ငါ့ကို နင်းခြေလို့ရမယ်လို့ မထင်နဲ့... ငါက နင်ထင်နေတဲ့ လူစားမျိုး မဟုတ်ဘူး..."
ထိုအခိုက်အတန့်တွင် ချန်ဖုန်းအပေါ် သူမ၏ အမြင်သည် အောက်ခြေအထိ ထိုးဆင်းသွားခဲ့လေပြီ။
တကယ်ပါပဲ...
ယောက်ျားတွေ အကုန်လုံးက တဏှာရူးတွေချည်းပဲ...
ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွား၏။
ရှေ့တွင် ရပ်ထားသော ပေါ်ရှေး ကို လှမ်းကြည့်လိုက်ပြီးနောက် ဘာတွေဖြစ်နေသည်ကို သူ ချက်ချင်း သဘောပေါက်သွားခဲ့လေသည်။
ချီးပဲ...
အထင်လွဲသွားတာပဲ...
ယခင်က 4S အရောင်းပြခန်းတွင် သူသည် ရှန်ယန်းယန်း ၏ ကျောပြင်ကိုသာ မြင်တွေ့ခဲ့ရပြီး သူမမှန်း မသိခဲ့ချေ။
ဒီလောက် ကြိုးစားပမ်းစား လုပ်ပြီးမှ...
တစ်ဖက်လူက ပါဂါနီ ကို ပိုင်ဆိုင်ထားလို့ ဝင်လာတာ မဟုတ်ဘဲ သူရဲ့ ပေါ်ရှေး အကြွေးကို ဆပ်ဖို့ လာတာပဲလေ…
"မင်းရဲ့ ဂုဏ်သိက္ခာကို ငါ မနင်းခြေပါဘူး..."
ချန်ဖုန်း၏ မျက်နှာအမူအရာမှာ လုံးလုံးလျားလျား အပြစ်ကင်းစင်နေသကဲ့သို့ ဖြစ်နေပေ၏။
တကယ်တော့ သူသည် ပိုက်ဆံမက်သော မိန်းမများကို အတော်လေး ရွံရှာမိပြီး သူမက မည်သို့သော လူစားမျိုးလဲဆိုတာကို စမ်းသပ်ကြည့်ရုံသာ ဖြစ်လေသည်။
မထင်မှတ်ဘဲ နားလည်မှုလွဲသွားခဲ့ခြင်း ပင်။
သူက အလျင်အမြန် ရှင်းပြလိုက်၏။
ချန်ဖုန်း"ငါ့ရည်းစားက ငါ အရမ်းဆင်းရဲလွန်းလို့ သူလိုချင်တဲ့ ဘဝမျိုးကို မပေးနိုင်ဘူးလို့ ထင်ပြီး ငါ့ကို အခုလေးတင် ကန်ထုတ်သွားတာ..."
"သူ့ကို ဒေါသထွက်စေချင်လို့သာ ပေါ်ရှေး ကို ငါ ပေးလိုက်တာပါ...
"ရှန်ယန်းယန်း... ခုနက လူက မင်းမှန်း ငါ တကယ် မသိခဲ့ဘူး..."
"..."
ရှန်ယန်းယန်း ၏ လှပသော မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပေသည်။
အသည်းကွဲသွားတာလား...
ဒါကြောင့် ခုနက သူ အရမ်းရိုင်းစိုင်းနေတာ မဆန်းပါဘူးလေ...
လူအချို့က လမ်းခွဲပြီးနောက် အမှန်တကယ်ပင် ပုံမှန်မဟုတ်ဘဲ ပြုမူတတ်ကြပေ၏။