အခန်း ၇
Vol. 1 Ch. 7
အခန်း (၇) နှုတ်ရေးစွမ်းရည် အနုပညာ
ချန်ဖုန်းက ညင်သာစွာ ပြောဆိုလိုက်၏။ "ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ကျောင်းသူကျောင်းသားဟောင်းတွေလေ... ပြီးတော့ ကျောင်းမှာ မင်းရဲ့ ဂုဏ်သတင်းကလည်း အရမ်း ကောင်းပါတယ်…”
“ဆွဲဆောင်မှုရှိပြီး လှပရုံသာမက သဘောကောင်းတယ်၊ ကူညီတတ်တယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်၊ ရွှင်လန်းတက်ကြွတယ်...
သူသည် ကောင်းမွန်သော နာမဝိသေသနများ အားလုံးကို တရစပ် ရွတ်ဆိုပြလိုက်လေ၏။…”
ရှန်ယန်းယန်း မှာ အလွန်အမင်း ဒေါသထွက်နေလျှင်ပင်။
မြှောက်ပင့်ပြောဆိုမှုများကြောင့် သူမမှာ မူးဝေသွားခဲ့ရပြီး သူမ၏ မျက်နှာအမူအရာမှာလည်း သိသိသာသာ လျော့ကျသွားခဲ့ပေသည်။
သူမက နှုတ်ခမ်းကို ကိုက်ကာ ညင်သာစွာ နှာခေါင်းရှုံ့လိုက်၏။
"တကယ်လို့များ နင် အသည်းကွဲနေတာ မဟုတ်ဘူးဆိုရင် ခုနက နင်ပြောလိုက်တဲ့ စကားတွေအတွက် ငါ ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး..."
သူမကိုယ်တိုင်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ချန်ဖုန်းမှာ သူမနှင့် ကျောင်းတူတူ ဖြစ်နေလိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။
ဒါကြောင့် ရင်းနှီးနေသလို ခံစားရတာကိုး…
"ဟုတ်တာပေါ့... ဟုတ်တယ်..."
ချန်ဖုန်းက သက်ပြင်းချလျက် ပြောဆိုလိုက်၏။
"အဲဒါက စကားမှားသွားတာပါ... မင်းက မိန်းမကောင်းတစ်ယောက်မှန်း ငါသိတာပဲ... ဘာလို့ မင်းကို အဲဒီလို အရှက်ခွဲရမှာလဲ..."
"ပြဿနာတွေကို ကြီးထွားလာအောင် လုပ်မယ့်အစား ဖြေရှင်းလိုက်တာက ပိုကောင်းပါတယ်... ငါတို့ကြားမှာ ကြီးမားတဲ့ ရန်ငြိုးရှိလို့လား ..."
ရှန်ယန်းယန်း က ခေါင်းခါလိုက်သည်။
ချန်ဖုန်းက ဆက်လက်ပြောဆိုလိုက်သည်။ "ဒါကြောင့် ခုနက ကိစ္စက နားလည်မှုလွဲတာ သက်သက်ပါ... အခု ငါ မင်းကို ရိုးသားစွာ တောင်းပန်ပါတယ်..."
"အဲဒီ ပေါ်ရှေး ကို ငါ့ရဲ့ ရိုးသားမှု အထိမ်းအမှတ်အဖြစ် သဘောထားလိုက်ပါ..."
မဖြစ်နိုင်ချေ။
စနစ်က သူ့ကို ပေးခိုင်းခဲ့ခြင်းဖြစ်ပြီး ၎င်းကို ပြန်ယူလာပါက မည်သို့သော ပြစ်ဒဏ်မျိုး ခံရမည်ကို သူ မသိရှိချေ။
"ငါ..."
ယခင်ကဆိုလျှင် တစ်စုံတစ်ယောက်က သူမအား ဤကဲ့သို့ ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်ခဲ့ပါက
ရှန်ယန်းယန်း သည် ဘယ်သောအခါမှ ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။
တစ်ဖက်လူက မည်မျှပင် ချမ်းသာနေပါစေ၊ ရုပ်ဖြောင့်နေပါစေ အကြွင်းမဲ့ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
သို့သော် ယခုအခါတွင်မူ
ချန်ဖုန်းသည် စကားလုံးများစွာကို တရစပ် ရွတ်ဆိုပြလိုက်လေ၏။
နောက်ထပ် အသည်းကွဲမှုတစ်ခုဖြစ်ပြီး ကျောင်းသားဟောင်း တစ်ဦးထံမှလည်း ဖြစ်ပေသည်။
တောင်းပန်မှုမှာလည်း အလွန် ရိုးသားလှ၏။
ရှန်ယန်းယန်း သည် တစ်ဖက်လူအား ခွင့်မလွှတ်ပါက သူမ၏ အပြစ်ဖြစ်သွားလိမ့်မည်ဟု ခံစားလိုက်ရသည်။
ဟင်...သူမအနေနဲ့ စိတ်ထဲကတွေးလိုက်တယ်
‘ငါက ဘယ်လိုလုပ် ဒီလို အတွေးမျိုး တွေးမိသွားရတာလဲ...
တစ်ဖက်လူရဲ့ အမှားဆိုတာ ရှင်းနေတာကို စကားပြောရင်းနဲ့ ငါ့အမှား ဖြစ်သွားရတာလဲ...
ဒါက တကယ့်ကို ပြင်းထန်တဲ့ နှုတ်ရေးစွမ်းရည်ပဲ…’
ရှန်ယန်းယန်း က တည်ကြည်သော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။ "ငါ့ကို ကတ်နံပါတ် ပေးပါ... ဒီကားကို ငါကိုယ်တိုင် ဝယ်တာလို့ပဲ သဘောထားလိုက်မယ်..."
"မင်း ငါ့ကို ခွင့်မလွှတ်သေးဘူးပဲ..."
ချန်ဖုန်းက ခေါင်းခါလိုက်၏။ "မင်း အဲဒီကားကို ပြန်ပေးလို့မရမှတော့ ခဏလောက် ထားထားလိုက်ပါ..."
"နင်..."
ရှန်ယန်းယန်း ဒေါသထွက်ရန် ပြင်လိုက်ချိန်မှာပင် ပါဂါနီ ၏ ဘေးသို့ ပြိုင်ကားတစ်စီး ထိုးရပ်လာခဲ့လေသည်။
ကားပေါ်မှ လူငယ်တစ်ဦးက လေချွန်လိုက်၏။
သူက ရှန်ယန်းယန်း အား တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ထို့နောက် သူသည် ချန်ဖုန်းအား ကြည့်ကာ ရယ်မောလိုက်၏။
"ဟေ့ကောင်... ပြိုင်ချင်လား... တကယ်လို့ မင်းရှုံးရင် မင်းရဲ့ကောင်မလေးကို ငါ့ကို ပေးရမယ်နော်..."
ဘေးတွင် ထိုင်နေသော ရှန်ယန်းယန်း မှာ ချက်ချင်းပင် ဒေါသထွက်သွားလေသည်။
ငါ့ကို ဘာလို့ ထင်နေတာလဲ...
ချန်ဖုန်းသည်လည်း စနစ်ပွိုင့် ၁၀ ပွိုင့်ဖြင့် သူဝယ်ယူခဲ့သော မာစတာအဆင့် ယာဉ်မောင်းစွမ်းရည်မှာ မည်မျှကောင်းမွန်ကြောင်းကို စမ်းသပ်ကြည့်ချင်နေခဲ့၏။
ဒါပေမဲ့ ငါက ရှန်ယန်းယန်း နဲ့ သိပ်မရင်းနှီးတော့ သူ့ကို အလောင်းအစား လုပ်လို့မရဘူးလေ...
မဟုတ်သေးဘူး...
ရင်းနှီးနေရင်တောင် အလောင်းအစား လုပ်လို့ မရဘူး…
လူငယ်က ခရီးသည်ထိုင်ခုံမှ အမျိုးသမီးကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်သည်။
"တကယ်လို့ မင်းနိုင်ရင် ငါ့ကောင်မလေးကို ယူသွား... ဘယ်လိုလဲ..."
ချန်ဖုန်းမှာ ဆွံ့အသွားရပေ၏။
ငါ့ဘေးမှာ ရှိနေတဲ့ ရှန်ယန်းယန်း က ကျောင်းသူအလှလေး လေးဦးထဲက တစ်ဦးလေ...
ရုပ်ရည်ရော စိတ်နေသဘောထားပါ ဘယ်လိုကြည့်ကြည့် မင်းတို့လို သာမန်လူတွေနဲ့ ယှဉ်လို့မရဘူး...
မင်းဘေးက မိန်းမလား...
အရမ်း အရုပ်ဆိုးတာပဲ...
ချန်ဖုန်း၏ အထင်သေးနေသော မျက်နှာအမူအရာကို မြင်ချိန်တွင်….
လူငယ်က အံကိုကြိတ်ကာ ပြောဆိုလိုက်၏။
"တကယ်လို့ မင်းနိုင်ရင် မင်းကို ယွမ်သုံးသန်း ပေးမယ်... မင်းကို ပြောရမှာ မကြောက်ပါဘူး... ငါ့ကားက မင်းရဲ့ ပါဂါနီ လောက် ဈေးမကြီးဘူးဆိုပေမဲ့..."
"ဒါပေမဲ့ အင်ဂျင်နဲ့ ပါဝါစနစ်တွေ အကုန်လုံးကို ပြုပြင်ထားတာ... မင်း ပြိုင်ရဲလား..."
"ဒီကောင်..."
ချန်ဖုန်းသည် မူလက အလောင်းအစားကို ပြောင်းလဲရန် အကြံပြုချင်ခဲ့ခြင်း ဖြစ်ပေသည်။
ရှန်ယန်းယန်း က မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် မေးမြန်းလိုက်၏။
"ငါတို့ နိုင်နိုင်ပါ့မလား..."
"ဟင်..."
ချန်ဖုန်း အံ့အားသင့်သွားသည်။ "မင်းက မင်းကိုယ်မင်း အလောင်းအစား လုပ်မလို့လား..."
"ငါတို့ နိုင်နိုင်ပါ့မလား..."
ရှန်ယန်းယန်း က ထပ်မံမေးမြန်းလိုက်၏။
"အမ်..နိုင်လောက်ပါတယ်..."
ချန်ဖုန်းက မသိစိတ်မှ ဖြေကြားလိုက်သည်။
"ငါ့မှာ တောင်းဆိုချက် တစ်ခုပဲရှိတယ်... သူ့ကားကို ရိုက်ခွဲပစ်ချင်တယ်..."
ရှန်ယန်းယန်း ၏ စကားကို ကြားချိန်တွင် ချန်ဖုန်းမှာ တုန်ရီသွားခြင်းကို မတားဆီးနိုင်ခဲ့ချေ။
ဒီအမျိုးသမီးက လက်စားချေပြီပဲ...
ဒါ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းနေပြီ...
တစ်ဖက်လူက ထိုင်ခုံခါးပတ်ကို တိတ်ဆိတ်စွာ ပတ်လိုက်သည်ကို မြင်သောအခါ ချန်ဖုန်းသည် လီဗာကို နင်းချလိုက်လေ၏။
ပါဂါနီ သည် လေးမှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား ပြေးထွက်သွားတော့သည်။
မကြာမီပင်။
ဆင်ခြေဖုံးရပ်ကွက်များဆီသို့ ဦးတည်သွားသော လမ်းများပေါ်တွင် လူများ ကားပြိုင်နေကြသည်ကို မကြာခဏ မြင်တွေ့ရလေ့ ရှိပေသည်။
လမ်းမှာ ကျယ်ဝန်းသော်လည်း အတော်လေး ကြမ်းတမ်းပြီး လူတစ်ယောက်၏ ကျွမ်းကျင်မှုကို တကယ်ပဲ စမ်းသပ်နိုင်လေ၏။
အရာအားလုံး အဆင်သင့် ဖြစ်သွားသည်နှင့် တစ်ပြိုင်နက်
ကားနှစ်စီးစလုံး တစ်ပြိုင်နက်တည်း စတင်ထွက်ခွာသွားကြသည်။
မျှော်လင့်ထားသည့်အတိုင်း ထိပ်တန်း ပြိုင်ကား တစ်စီးဖြစ်သောကြောင့် တစ်ဖက်ကားသည် ပြုပြင်မွမ်းမံထားလျှင်တောင် အစပိုင်းတွင် ပါဂါနီ က အခြားကားကို မီတာ ဒါဇင်ပေါင်းများစွာ အကွာတွင် ချန်ထားရစ်နိုင်ခဲ့ပေ၏။
ရှန်ယန်းယန်း က အမြန်နှုန်းပြဒိုင်ခွက်ကို လှမ်းကြည့်လိုက်ရာ ကား၏ အမြန်နှုန်းသည် ၁၀၀ ကီလိုမီတာ အထိ ရုတ်တရက် မြင့်တက်သွားကြောင်း မြင်တွေ့လိုက်ရသည်။
သူမ၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေ၏။
ချန်ဖုန်းက လီဗာကို ထပ်မံနင်းလိုက်ရာ ပါဂါနီ သည် ကျည်ဆန်တစ်တောင့်အလား ပစ်ထွက်သွားတော့သည်။
အမြန်နှုန်းသည် ၁၈၀ အထိ ထပ်မံမြင့်တက်သွားပြန်၏။
ထို့အပြင် ဒိုင်ခွက်ပေါ်ရှိ လက်တံများမှာ မြင့်တက်နေဆဲပင် ဖြစ်သည်။
ကားက လမ်းပေါ်တွင် အရှိန်အဟုန်ဖြင့် မောင်းနှင်နေပြီး ပတ်ဝန်းကျင်ရှိ ရှုခင်းများ တဖြည်းဖြည်း ဝေဝါးသွားချိန်တွင် ရှန်ယန်းယန်း ၏ နှလုံးသားသည် သူမ၏ ရင်ဘတ်ထဲမှ ခုန်ထွက်လုနီးပါး ဖြစ်သွားရလေ၏။
ဤသည်မှာ သူမ ပထမဆုံးအကြိမ် ကားပြိုင်ဖူးခြင်း ဖြစ်ပေသည်။
ကြောက်လည်းကြောက်သလို စိတ်လည်းလှုပ်ရှားနေမိသည်။
တစ်ချိန်တည်းမှာပင်
နောက်ဘက်ရှိ ကားထဲတွင်
အမျိုးသမီးက နှုတ်ခမ်းကို တွန့်ကာ ပြောဆိုလိုက်၏။ "သခင်လေးစွန်း... ဒီပွဲမှာ ရှင့်အနေနဲ့ သေချာပေါက် နိုင်မှာမဟုတ်တော့ဘူး... သူတို့က ငါတို့ကို မီတာ ၅၀ လောက် ဖြတ်သွားပြီ..."
"တကယ်လို့ ဒီတိုင်း ဆက်သွားနေရင် ကွာဟချက်က ပိုကြီးလာဖို့ပဲ ရှိတယ်..."
"မင်း ဘာသိလို့လဲ..."
သခင်လေးစွန်းက ယုံကြည်မှုရှိစွာဖြင့် ပြောဆိုလိုက်သည်။ "ဒီလမ်းကြောင်းကို ငါ အနည်းဆုံး အကြိမ် ငါးဆယ်လောက် မောင်းဖူးတယ်... ဘယ်နေရာမှာ အရှိန်တင်ရမလဲ၊ ဘယ်နေရာမှာ အရှိန်လျှော့ရမလဲဆိုတာ ငါ အတိအကျ သိတယ်..."
"အခု သူ မြန်မြန်မောင်းနေပေမဲ့ ကွေ့တဲ့နေရာရောက်ရင် သူ သေချာပေါက် အရှိန်လျှော့ရမှာပဲ..."
"အကွေ့ နည်းနည်းလောက် ကျော်ပြီးတာနဲ့ ငါ သူ့ကို သေချာပေါက် ကျော်တက်နိုင်မှာ..."
သူ စကားပြော၍ပင် မဆုံးသေးချေ။
ရှေ့တွင် အကွေ့တစ်ခု ရှိနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သော်လည်း ချန်ဖုန်းက အရှိန်မလျှော့ရုံသာမက ပို၍ပင် အရှိန်တင်လိုက်လေ၏။
ဘာတွေ ဖြစ်နေတာလဲ...
သခင်လေးစွန်း လုံးလုံးလျားလျား ဆွံ့အသွားတော့သည်။
ချန်ဖုန်းသည် လျှပ်တစ်ပြက် မြန်ဆန်သော လှုပ်ရှားမှုကို ပြုလုပ်လိုက်ရာ ပါဂါနီ သည် ဒီဂရီ ၉၀ ရုတ်တရက် ကွေ့လိုက်ပြီး ကားရှေ့ပိုင်းကို ချက်ချင်းပင် လှည့်လိုက်လေ၏။
တာယာများသည် လမ်းမနှင့် ပွတ်တိုက်မိကာ စူးရှသော အသံများ ထွက်ပေါ်လာခဲ့သည်။
အကွေ့ကို အရှိန်အပြည့်နဲ့ ကွေ့လိုက်တာပဲ...
ဒါတင် မကသေးဘူး...
ချန်ဖုန်းသည် အကွေ့တိုင်းလိုလိုကို အရှိန်အပြည့်ဖြင့် ကွေ့သွားခဲ့ခြင်း ဖြစ်ပေ၏။
အရှိန်မြှင့်လီဗာကို အမြဲတမ်း နင်းထားသကဲ့သို့ ဖြစ်နေပြီး ကားမှာ ဘယ်ညာ ယိမ်းယိုင်သွားခြင်း မရှိဘဲ အလွန် တည်ငြိမ်နေလေသည်။
သို့သော်။
အရှိန်အဟုန်ကြောင့် ရှန်ယန်းယန်း ၏ ခန္ဓာကိုယ်သည် ချန်ဖုန်းဘက်သို့ လွင့်စင်သွားခဲ့၏။
ကံကောင်းထောက်မစွာဖြင့် သူမသည် အပေါ်ရှိ လက်ရန်းကို လှမ်းကိုင်နိုင်ခဲ့ပေသည်။
သူမ ဟန်ချက်ပြန်ထိန်းနိုင်သွား၏။
သို့သော် သူမ ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ပြီးပြည့်စုံသော ကိုယ်လုံးကိုယ်ပေါက်သည် ချန်ဖုန်း၏ မျက်လုံးများရှေ့တွင် ချက်ချင်းပင် ထင်ရှားသွားလေတော့သည်။
စတီယာရင်ကို ကိုင်ထားသော ချန်ဖုန်း၏ လက်သည် ပြင်းထန်စွာ ဆတ်ခနဲ တုန်သွား၏။
အဲဒါက မတော်တဆမှု ဖြစ်လုနီးပါး ဖြစ်သွားစေခဲ့တယ်။
ချီးပဲ...
သူမက တကယ်ကို အန္တရာယ်များတဲ့ မိန်းမလှလေးပဲ...
ငါးမိနစ်ခန့် ကြာပြီးနောက် ပါဂါနီ သည် ပန်းတိုင်၌ ရပ်တန့်သွားခဲ့သည်။
ရှန်ယန်းယန်း သည် ဒေါသလည်းထွက် စိတ်လည်းအနှောင့်အယှက်ဖြစ်စွာဖြင့် ချန်ဖုန်းအား စူးရဲစွာ စိုက်ကြည့်လိုက်၏။
မိနစ်အနည်းငယ် ကြာပြီးနောက် သခင်လေးစွန်းသည် နောက်ဆုံးတွင် ပန်းတိုင်သို့ ရောက်ရှိလာခဲ့ပေသည်။
ယခုအခါ။
ချန်ဖုန်းအား ကြည့်သော သူ၏အကြည့်များမှာ ပိုမို ပြင်းထန်လာခဲ့လေ၏။
တကယ့် မာစတာပဲ...
သူသည် ပြိုင်ကားများကို မောင်းနှင်လာခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်ပြီး ကြီးငယ်မဟူ ပြိုင်ပွဲပေါင်း ရာနှင့်ချီ၍ ပါဝင်ခဲ့ဖူးပေသည်။
ကွေ့တဲ့နေရာမှာ အရှိန်မလျှော့တဲ့သူကို တစ်ခါမှ မမြင်ဖူးဘူး...
သာမန်လူတစ်ယောက် အကွေ့ကို ကွေ့တဲ့အခါ။
တကယ်လို့ အရှိန်မလျှော့ဘူးဆိုရင် ကားက သေချာပေါက် လမ်းချော်ထွက်သွားမှာပဲ…
‘ဒါပေမဲ့ ငါ့ရှေ့က တစ်ယောက်ကတော့...
ခုနက လှုပ်ရှားမှုက ကားကို အရှိန်လျှော့မသွားစေဘဲ အကွေ့ကိုတောင် ပိုမြန်မြန် ကွေ့သွားစေတယ်...
အရေးအကြီးဆုံးအချက်က သူ အောင်မြင်သွားတာပဲ...
ဒါ တကယ်မိုက်တာပဲ…’ဟု စိတ်ထဲမှာတွေးလိုက်တယ်။
ချန်ဖုန်းသည် မာစတာအဆင့် ယာဉ်မောင်းစွမ်းရည်ကို အတော်လေး ကျေနပ်နေခဲ့၏။
ရှန်ယန်းယန်း ၏ရှေ့တွင် သူ ဟန်ရေးမပြချင်ခဲ့ချေ။
သူ၏ ရည်းစားဟောင်း ရှန်ချင်က သူ့ကို ကန်ထုတ်သွားပြီးကတည်းက အမျိုးသမီးများနှင့် ပတ်သက်၍ သူ သိပ်ပြီး တွေးတောနေခြင်း မရှိတော့ချေ။
အရာအားလုံးကို သဘာဝအတိုင်း ဖြစ်ပါစေတော့…
"ဟေ့ကောင်... မင်းရဲ့ ကျွမ်းကျင်မှုက တကယ် အံ့သြဖို့ကောင်းတာပဲ..."
စွန်းကျီကန်း က သူ့ကို အလွန်အမင်း အားကျနေခဲ့ပေသည်။
တစ်ဖက်လူက ယွမ် ၄၅ သန်းတန် ဇိမ်ခံကားကို မောင်းနှင်နေပြီး သူ့ဘေးက လှပတဲ့ အမျိုးသမီးကလည်း အမှတ် ၉၀ နဲ့ အထက်မှာ ရှိနေတယ်။
သူ့ရဲ့ ယာဉ်မောင်းစွမ်းရည်ကလည်း မာစတာအဆင့်ပဲ...
ငါတို့ သူတို့နဲ့ သေချာပေါက် မိတ်ဆွေဖွဲ့ထားမှ ရမယ်…