← Chapters

အခန်း ၁၀

Vol. 1 Ch. 10

အခန်း ၁၀

Vol. 1 Ch. 10

အခန်း (၁၀) ငါ အထောက်အထား ပြလိုက်ပြီ မဟုတ်လား

အဝင်ဝရှိ လုံခြုံရေးအစောင့် နှစ်ဦးမှာ လန့်ဖြတ်သွားကြပေ၏။

အကယ်၍ ဖောက်သည်၏ တိုင်ကြားမှုကို ခံရပါက ၎င်းတို့ အလုပ်ပြုတ်သွားနိုင်လေသည်။

၎င်းတို့သည် အလျင်အမြန် ပြေးလာခဲ့ကြ၏။

သို့သော် ချန်ဖုန်းကို မြင်တွေ့လိုက်ရချိန်တွင် ၎င်းတို့ ချက်ချင်းပင် သက်ပြင်းတစ်ချက် ချလိုက်နိုင်ပေသည်။

‘မင်း နောက်နေတာလား...

ဒီသခင်လေးချန် က မန်နေဂျာချုပ်ကျန် ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်လေ... အရင်က သူ့ကို လျစ်လျူမရှုဖို့ ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားထားခဲ့တာ...

သူ့ကို မောင်းထုတ်ရမယ် ဟုတ်လား...

မင်း ရူးနေတာလား…’ဟု တွေးလိုက်ကြသည်။

လုံခြုံရေးအစောင့်များ မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ ဝမ်ဟိုင်မှာလည်း အလွန် အနှောင့်အယှက် ဖြစ်သွားခဲ့ပေ၏။

ဆင်းရဲတဲ့ ကျောင်းသားတစ်ယောက်ရဲ့ အထင်သေးခံရတာက တစ်ကဏ္ဍလေ…

သူတို့လို လုံခြုံရေးအစောင့် တွေကတောင်လေးစားမှု မရှိတော့ဘူးလား...

ဝမ်ဟိုင်က "မင်းတို့ကောင်တွေ ဘာဖြစ်နေတာလဲ... ငါပြောတာ မကြားဘူးလား... ငါ့စကားကို ယုံတာပဲဖြစ်ဖြစ် မယုံတာပဲဖြစ်ဖြစ် မင်းတို့ရဲ့ မန်နေဂျာချုပ်ကျန် ဆီကို တိုင်လိုက်ရင် မင်းတို့ နောင်တရသွားမယ်နော်..."

ထိုအချိန်၌ ကျန်တဝေ ထွက်လာခဲ့လေ၏။

ဤမြင်ကွင်းကို မြင်သောအခါ သူက ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ "ဘာတွေ ဖြစ်နေတာလဲ..."

ဝမ်ဟိုင် ဝမ်းသာသွားပြီး အလျင်အမြန် လျှောက်သွားကာ ပြောဆိုလိုက်၏။ "မန်နေဂျာချုပ်ကျန်... ကျွန်တော်က ပိယွမ် အိမ်ခြံမြေကုမ္ပဏီက မားကက်တင်းမန်နေဂျာ ဝမ်ဟိုင် ပါ..."

"ကျွန်တော်တို့ရဲ့ မန်နေဂျာချုပ်ချင်း က ခင်ဗျားနဲ့ စကားပြောပြီးလောက်ပြီ ထင်ပါတယ်..."

"ဒီလူက ခုနလေးတင် မြေကွက်အမှတ် (၁) ရဲ့ ပိုင်ရှင်အဖြစ် ဟန်ဆောင်ဖို့ ကြိုးစားနေတာ..."

"ဒါက ခင်ဗျားတို့ ကုမ္ပဏီကို စော်ကားတာလို့ ထင်ပါတယ်... သူ့ကို မောင်းထုတ်ပစ်ရမယ်..."

"မဟုတ်ဘူး... ဒါက ခင်ဗျားတို့ ကုမ္ပဏီရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်... ခင်ဗျားတို့ ရဲခေါ်ရမယ်..."

"ပြီးတော့ ခင်ဗျားတို့ရဲ့ လုံခြုံရေးတွေက ကျွန်တော့်ရဲ့ တောင်းဆိုမှုတွေကို လုံးဝ လျစ်လျူရှုထားတယ်... ဒါက ကြီးလေးတဲ့ တာဝန်ပျက်ကွက်မှုပဲ..."

ကျန်တဝေက သူ့ကို အရူးတစ်ယောက်အလား ကြည့်လိုက်ပေ၏။

အထက်စီးဆန်သော အငွေ့အသက်တစ်ခု ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ "ငါ အလုပ်ဘယ်လိုလုပ်ရမလဲ ဆိုတာကို မင်းက လာပြောနိုင်တယ်လို့ ထင်နေတာလား... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ..."

သူသည် ထျန်ပေါင်ဂရု၏ မန်နေဂျာချုပ် ဖြစ်ပေ၏။

သူ့မှာ သြဇာအာဏာ ရှိနေတုန်းပဲ...

"မဟုတ်ပါဘူး... မဟုတ်ပါဘူး..."

ဝမ်ဟိုင်မှာ အခြေအနေနှင့် ပတ်သက်၍ ခဏတာ ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။

ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ...

ကျန်တဝေက လှောင်ပြောင်လိုက်၏။ "ညီလေးချန် က မြေကွက်အမှတ် (၁) ရဲ့ ပိုင်ရှင် အစစ်ပဲ... မင်းရဲ့ သူဌေးတောင် အလွန် ရိုသေလေးစားရတဲ့ သူတစ်ယောက်ကွ..."

"မင်းက သူ့ကို မောင်းထုတ်ချင်တယ်ပေါ့လေ... မင်းသူဌေးကိုရော မေးပြီးပြီလား..."

"ဘာ..."

ဤအခိုက်အတန့်တွင်။

ဝမ်ဟိုင်မှာ ဆွံ့အသွားရပေသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

မြေကွက်အမှတ် (၁) က ယွမ်သန်းရာချီ တန်တာလေ... ဘယ်လိုလုပ် ချန်ဖုန်းပိုင် ဖြစ်နိုင်မှာလဲ...

"မန်နေဂျာချုပ်ကျန်... ခင်ဗျား မှားနေတာ ဖြစ်ရမယ်... ချန်ဖုန်းက တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားလေး သက်သက်ပါ... သူ့ရဲ့ လစဉ် နေထိုင်စရိတ်က ယွမ်တစ်ထောင်ကျော်လေးပဲ ရှိတယ်လို့ ကျွန်တော် ကြားထားတယ်..."

"သူ့ရည်းစားအတွက် လက်ကိုင်အိတ် တစ်လုံးတောင် ဝယ်ပေးဖို့ ပိုက်ဆံမရှိတဲ့လူက မြေကွက်အမှတ် (၁) ရဲ့ ပိုင်ရှင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

"အဲဒါက ယွမ်သန်းရာချီ တန်တဲ့ မြေကွက်လေ..."

"ချီးပဲ..."

ကျန်တဝေက ချက်ချင်းပင် ဒေါသတကြီး ပြန်လည်ချေပလိုက်၏။ "ငါပြောတဲ့စကားက ဘယ်လိုလုပ် မှားနိုင်မှာလဲ... မြေဂရန်မှာ သူ့နာမည် အတိအလင်း ရေးထားတာကို ဘယ်လိုလုပ် မှားနိုင်မှာလဲ..."

"ငါ့ကို အဲဒီလို လာမကြည့်နဲ့... အခုချက်ချင်း ဒီကနေ ထွက်သွားစမ်း..."

"ကျွန်တော်..."

ဝမ်ဟိုင်မှာ လုံးလုံးလျားလျား တွေဝေသွားသကဲ့သို့ ဖြစ်နေပေ၏။

ကျန်တဝေ၏ အပြုအမူကို ကြည့်ခြင်းအားဖြင့်

ချန်ဖုန်းသည် မြေကွက်အမှတ် (၁) ၏ ပိုင်ရှင် သေချာပေါက် ဖြစ်ကြောင်း ရှင်းလင်းနေလေသည်။

ကျန်တဝေ ဆိုတာ ဘယ်သူလဲ...

ထျန်ပေါင်ဂရု၏ မန်နေဂျာချုပ်လေ... ဒီလိုနေရာမှာ ထိုင်နေတဲ့လူက ဘယ်လိုလုပ် အရူးတစ်ယောက် ဖြစ်နိုင်မှာလဲ...

သူ၏မျက်နှာသည် ချက်ချင်းပင် ဖြူရော်သွားတော့၏။

ထိုအချိန်၌

ပိယွမ် အိမ်ခြံမြေကုမ္ပဏီမှ မန်နေဂျာချုပ်ချင်း သည် ထျန်ပေါင်ဂရုသို့ အလျင်အမြန် ဝင်ရောက်လာခဲ့သည်။

မြေကွက်အမှတ် (၁) အတွက်။

ယနေ့အတွက် သူ၏ အစီအစဉ်များ အားလုံးကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်ပေ၏။

ကျန်တဝေကို မြင်သောအခါ သူ စကားပြောရန် ပြင်လိုက်ချိန်မှာပင် တစ်ဖက်လူက ဖြတ်ပြောလိုက်သည်။ "အဖိုးကြီးချင်း... မင်းမှာ အရမ်းကောင်းတဲ့ ဝန်ထမ်းတစ်ယောက် ရှိနေတာပဲ..."

"မင်းနဲ့ မြေကွက်အမှတ် (၁) အရောင်းအဝယ်ကိစ္စ ဆွေးနွေးဖို့ ညီလေးချန် နဲ့ ချိန်းဆိုနိုင်အောင် ငါ မနည်းကြိုးစားခဲ့ရတာ..."

"ဒါပေမဲ့ မင်းရဲ့ မားကက်တင်းမန်နေဂျာက သူ့ကို မျက်နှာမပေးရုံသာမကဘဲ လူလိမ်တစ်ယောက်လို့တောင် စွပ်စွဲလိုက်သေးတယ်..."

ဘာ...

မန်နေဂျာချုပ်ချင်း ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပေ၏။

သူ၏ ခေါင်းကို ရုတ်တရက် လှည့်လိုက်သည်။

သူက ဝမ်ဟိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ "ဝမ်ဟိုင်... ဒီခွေးကောင်... မင်းက မစ္စတာချန်ကိုတောင် စော်ကားရဲတယ်ပေါ့လေ..."

"ကျွန်တော်..."

ဝမ်ဟိုင်မှာ ဆွံ့အသွားရပေသည်။

ယခုအခါ သူဌေးကိုယ်တိုင်ကပင် ချန်ဖုန်း၏ အမှတ်အသားကို အသိအမှတ်ပြုနေလေပြီ။

ငါ သံသယဖြစ်စရာ ဘာရှိတော့လို့လဲ...

မန်နေဂျာချုပ်ချင်း က ချန်ဖုန်းထံသို့ ယဉ်ကျေးစွာ ချဉ်းကပ်လာပြီး နှိမ့်ချသော အမူအရာဖြင့် ပြောဆိုလိုက်၏။ "မစ္စတာချန်... ခုနက ဖြစ်သွားတဲ့ကိစ္စက ကျွန်တော့်ရဲ့ စည်းကမ်းမရှိမှုကြောင့်ပါ... ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ဗျာ..."

"မရဘူး..."

ချန်ဖုန်းက အေးစက်စွာ ပြန်ပြောလိုက်သည်။ "မြေကွက်အမှတ် (၁) ကို ခင်ဗျားတို့ကို မရောင်းဘူး..."

သူသည် လက်စားချေတတ်သူ တစ်ယောက် ဖြစ်ပေ၏။

‘ဝမ်ဟိုင်က ငါ့ကို အကြိမ်ကြိမ် စော်ကားခဲ့တာ... သူ့ကို ဒီတိုင်း လွှတ်ပေးလိုက်မှာ မဟုတ်ဘူး…’

"ဒါ..."

မန်နေဂျာချုပ်ချင်း မှာ ဆွံ့အသွားရပေသည်။

သူ အလွန် နောင်တရသွား၏။ ဤသို့ ဖြစ်လာမည်ကိုသာ သူ သိခဲ့ပါက ဝမ်ဟိုင်အား တာဝန်လွှဲမပေးခဲ့သင့်ချေ။

သူက အလျင်အမြန် ပြောဆိုလိုက်သည်။ "မစ္စတာချန်... ဝမ်ဟိုင်ကို ခင်ဗျားဆီ အခုချက်ချင်း တောင်းပန်ခိုင်းပါ့မယ်... ခင်ဗျားမှာ ဘယ်လို တောင်းဆိုချက်မျိုး ရှိရှိ ခင်ဗျား ကျေနပ်တဲ့အထိ ကျွန်တော် လုပ်ပေးပါ့မယ်ဗျာ..."

"တောင်းပန်လို့ ရမလား..."

ချန်ဖုန်းက ခေါင်းမော့ကာ သူ့ကို တစ်ဝက်တစ်ပျက် ပြုံးလျက် ကြည့်လိုက်၏။ "ဝမ်ဟိုင်က ငါ့ရည်းစားကို လုသွားရုံသာမကဘူး... ငါ့ကိုလည်း အကြိမ်ကြိမ် စော်ကားခဲ့တာ..."

"သူက တစ်နှစ်ကို ယွမ်တစ်သန်း ရတယ်လို့တောင် ငါ့ကို ကြွားသွားသေးတယ်..."

"မြေကို ခင်ဗျားတို့ကို ရောင်းပြီး ကော်မရှင်ခ ယွမ်သန်းချီပြီး သူ့ကို ရသွားအောင် ငါက လုပ်ပေးမယ်လို့ ထင်နေလား..."

ဘာ...

မန်နေဂျာချုပ်ချင်း ၏ နှလုံးသားမှာ ရုတ်တရက် ခုန်ပေါက်သွားလေ၏။

သူတို့နှစ်ယောက်ကြားထဲမှာ ဒီလို ပဋိပက္ခမျိုး ရှိနေလိမ့်မယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး...

"မိန်းမကို လုယူတာက သွေးကြွေး ရန်ငြိုးပဲလေ..."

သူ ရုတ်တရက် လှည့်လိုက်ကာ

ဒေါသတကြီးဖြင့် ဝမ်ဟိုင်၏ ပါးကို ရိုက်ချလိုက်သည်။ "မျက်ကန်းကောင်... မင်းက ဘာတစ်ခုမှ သေချာ မလုပ်နိုင်တဲ့အပြင် ငါ့အတွက် ပြဿနာတွေ အမြဲ ရှာနေတာပဲ..."

"ဒီကနေ ထွက်သွားစမ်း... နောက်တစ်ခါ ငါ့ရှေ့မှာ ပေါ်မလာနဲ့..."

သူ အလွန် ဒေါသထွက်နေခဲ့၏။

လက်ထဲရောက်လုနီးပါး ဖြစ်နေသော မြေကွက်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့လေပြီ။

"မန်နေဂျာချုပ်ချင်း..."

ဝမ်ဟိုင်က သူ၏ မျက်နှာကို အုပ်ထားလိုက်သည်။

အလွန်အမင်း နာကြည်းမှုကို ခံစားရင်း သူက သွားကို ကြိတ်ကာ ပြောဆိုလိုက်၏။ "ကျွန်တော်က ဘယ်လိုပဲဖြစ်ဖြစ် ကုမ္ပဏီအတွက် အကျိုးပြုခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ပါ... ဒီနှစ်တွေအတွင်းမှာ ကြီးကျယ်တဲ့ အကျိုးပြုမှုတွေ မရှိခဲ့ရင်တောင် ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ပါတယ်..."

"မြေတစ်ကွက်တည်းပဲလေ... ခင်ဗျားအတွက် တခြားတစ်ကွက် ဝယ်ပေးလို့ ရပါတယ်..."

"မြေတစ်ကွက်တည်း ဟုတ်လား..."

မန်နေဂျာချုပ်ချင်း မှာ ဒေါသထွက်လွန်းသဖြင့် အဆုတ်များပင် ပေါက်ကွဲထွက်မတတ် ဖြစ်သွားရလေ၏။ "အဲဒါက သာမန် မြေတစ်ကွက်လို့ မင်းထင်နေတာလား... မြေကွက်အမှတ် (၁) က မကြာခင်မှာ စီးပွားရေး ဗဟိုချက် ဖြစ်လာတော့မှာကွ..."

"ငါက မိုးမျှော်တိုက်တွေ ဆောက်ပြီး သေချာ လည်ပတ်နိုင်သရွေ့ အနည်းဆုံး ယွမ် ၃ ဘီလီယံလောက် အမြတ်ရနိုင်တယ်..."

"မင်း ဦးနှောက်ထဲမှာ ချီးတွေပဲ ပြည့်နေတာလား... ယွမ် ၃ ဘီလီယံတောင်... အခုတော့ မင်း အကုန် ဖျက်ဆီးပစ်လိုက်ပြီ..."

ယွမ် ၃ ဘီလီယံတောင်...

ဝမ်ဟိုင်သည် သူ၏ ဦးနှောက်တစ်ခုလုံး လုံးဝ ဗလာကျင်းသွားသည်ကို ခံစားလိုက်ရ၏။

ဤမြေကွက်သည် မန်နေဂျာချုပ်ချင်း အတွက် ဤမျှလောက် အရေးကြီးကြောင်း သူ လုံးဝ မသိခဲ့ချေ။

သူ အလွန် ကြောက်လန့်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ပြီးသွားပြီ…

မန်နေဂျာချုပ်ချင်း က သူ့ကို ထပ်မကြည့်ချင်တော့ချေ။ "အခုချက်ချင်း ဒီကနေ ထွက်သွားစမ်း... ဒီလအတွက် မင်းရဲ့ လစာရော အပိုဆုကြေးရော တစ်ပြားမှ မရစေရဘူး..."

"ဘာ..."

ဝမ်ဟိုင် ချက်ချင်းပင် ပြာယာခတ်သွားလေ၏။

သူသည် ချက်ချင်း ဒူးထောက်ချလိုက်သည်။ "မန်နေဂျာချုပ်ချင်း... ခင်ဗျား ကျွန်တော့်ကို အလုပ်ထုတ်လို့ မရဘူးလေ... ဒီလိုလုပ်လို့ မရဘူး..."

မားကက်တင်းမန်နေဂျာ ရာထူးရရန် သူ အလွန် ကြိုးစားခဲ့ရပြီး ဤရာထူးကို အသုံးပြု၍ နာမည်ကောင်းတစ်ခု ရရှိရန် သူ စီစဉ်ထားခဲ့ခြင်း ဖြစ်ပေသည်။

သို့သော် ယခုအခါတွင်မူ

အလုပ်ပြုတ်သွားရုံသာမက လစာပါ ဆုံးရှုံးသွားခဲ့ရ၏။

ဒီလအတွက် အပိုဆုကြေးက အနည်းဆုံး ယွမ် ၆ သိန်းတောင် ရှိတာကို…

"လုံခြုံရေးတွေ... သူ့ကို အပြင်ကို ပစ်ထုတ်လိုက်..."

ဘေးတွင် ရပ်နေသော ကျန်တဝေမှာ ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဝမ်ဟိုင်ကို အပြင်သို့ ပစ်ထုတ်ရန် အမိန့်ပေးလိုက်လေ၏။

မည်သို့ပင်ဆိုစေကာမူ ထျန်ပေါင်ဂရုသည် ကုမ္ပဏီကြီးတစ်ခု ဖြစ်ပေသည်။

ဝမ်ဟိုင်၏ ပုံစံက ငါတို့ရဲ့ ပုံရိပ်ကို ဖျက်ဆီးတာမျိုး အဖြစ်မခံနိုင်ဘူး…

ဤအခိုက်အတန့်တွင် ကျန်တဝေက သက်ပြင်းချလျက် ပြောဆိုလိုက်သည်။ "ညီလေးချန်... ဒီလိုဖြစ်လာမယ်လို့ ငါ မသိခဲ့ဘူး... မင်းက မြေကွက်အမှတ် (၁) ကို အဖိုးကြီးချင်း ဆီ မရောင်းချင်ဘူး ဆိုမှတော့..."

"ဒါဆိုရင် ငါ့ကို ရောင်းလိုက်ပါလား... ငါတို့ ထျန်ပေါင်ဂရုကလည်း ဒီမြေကို စိတ်ဝင်စားနေတာ..."

ဘေးတွင် ရပ်နေသော မန်နေဂျာချုပ်ချင်း သည် နောင်တရကြောင်း စိတ်ထဲအော်ဟစ်နေခဲ့ပေ၏။

‘ ပြီးပြည့်စုံတဲ့ စီးပွားရေး အခွင့်အလမ်း တစ်ခုဖြစ်ပေမဲ့ ငါက အသုံးချဖို့ ပျက်ကွက်ခဲ့တာပဲ…’

ချန်ဖုန်းသည် အိမ်ခြံမြေ စီးပွားရေးကို စိတ်မဝင်စားချေ။

အနည်းဆုံးတော့ လောလောဆယ်တွင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မိုးမျှော်တိုက်တစ်ခု တည်ဆောက်ရန်မှာ အရင်းအမြစ်များနှင့် ငွေကြေး အများအပြား လိုအပ်ပေ၏။

ထို့အပြင် အချိန်နှင့် အားထုတ်မှု အလွန် များပြားလှသည်။

သူသည် လောလောဆယ်တွင် ရန်ပုံငွေ အလုံအလောက် စုဆောင်းရန်သာ လိုလားနေခဲ့၏။ထို့ကြောင့်….

"ကောင်းပြီလေ မန်နေဂျာချုပ်ကျန်... ကျွန်တော်တို့က မိတ်ဆွေဟောင်းတွေပဲ... ခင်ဗျားသာ ဈေးပြောလိုက်ပါ..."

All Chapters