← Chapters

အခန်း ၁၁

Vol. 2 Ch. 11

အခန်း ၁၁

Vol. 2 Ch. 11

အခန်း (၁၁) ယွမ်တစ်ဘီလီယံ လက်ခံရရှိခြင်းနှင့် စနစ်၏ နှစ်ဆဆုကြေး

"ယွမ်တစ်ဘီလီယံ..."

ကျန်တဝေက မဆိုင်းမတွပင် ပြောဆိုလိုက်၏။ "မြေကွက်က အခုလောလောဆယ် ယွမ် သန်း ၂၀၀ တန်ပေမဲ့ အဲဒါက လက်ရှိပေါက်ဈေး သက်သက်ပဲ..."

"တကယ်လို့ နောက်နှစ် ဒါမှမဟုတ် နောက်နှစ်တွေကျရင် မြေကွက်ကို ပြန်ရောင်းမယ်ဆိုရင် တန်ဖိုးက ယွမ်တစ်ဘီလီယံအထိ ရောက်နိုင်တယ်..."

"ဒါက အမြင့်ဆုံးဈေးပဲ... ဘယ်လိုသဘောရလဲ..."

ဤစကားများ ထွက်ပေါ်လာချိန်တွင်

ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ အုတ်အော်သောင်းတင်း ဖြစ်သွားကြလေ၏။

၎င်းတို့၏ စကားဝိုင်းမှာ လုံးဝ ပွင့်လင်းလွန်းလှပြီး ထျန်ပေါင်ဂရုရှိ ဝန်ထမ်းများအားလုံးနီးပါး ကြားလိုက်ရပေသည်။

ချန်ဖုန်းအား ကြည့်သော သူတို့၏ အကြည့်များတွင် နက်ရှိုင်းသော တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့၏။

ယွမ်တစ်ဘီလီယံတောင်...

မြေတစ်ကွက်တည်းက ယွမ်တစ်ဘီလီယံတောင် ရတယ်တဲ့လား... ပြီးတော့ အဲဒါက လည်ပတ်နေတဲ့ အရင်းအနှီးပဲ...

အခုမှ မန်နေဂျာချုပ် အသစ်ဖြစ်လာတဲ့ ကျန်တဝေ ဆီမှာတောင်...

ဒီလောက် ပိုက်ဆံအများကြီး ရှိမှာမဟုတ်ဘူးလေ…

ချန်ဖုန်းသည် ချမ်းသာသော အမွေဆက်ခံသူ တစ်ဦးဟု ၎င်းတို့ အမြဲတမ်း ထင်မှတ်ထားခဲ့ကြ၏။

သို့သော် ယခုအခါတွင်မူ

တစ်ဖက်လူသည် မင်းသားလေး မဟုတ်ဘဲ တကယ့်ကို ဓနနတ်မင်းကြီး တစ်ပါးဖြစ်ကြောင်း တွေ့ရှိလိုက်ရလေပြီ။

ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ရန်ပုံငွေ ယွမ်တစ်ဘီလီယံလောက် စုဆောင်းနိုင်ခဲ့တာ...

ဒီဘဝတစ်ခုတည်း မပြောနဲ့...

နောက်ဘဝကျရင်တောင် ရုန်းကန်နေစရာ လိုတော့မှာ မဟုတ်ဘူး...

လုပ်ဖော်ကိုင်ဖက် အမျိုးသမီးအချို့၏ မျက်လုံးများမှာ အရောင်လက်နေပြီး ၎င်းတို့၏ အကြည့်များသည် ချန်ဖုန်း၏ ခန္ဓာကိုယ်ပေါ်မှ မခွာနိုင်အောင် ဖြစ်နေကြပေ၏။

"သခင်လေးချန် မှာ ရည်းစားရှိတယ်လို့ ထင်လား..."

"ဘာတွေ တွေးနေတာလဲ... သခင်လေးချန် က ဒီလောက် ချမ်းသာနေတာ ရည်းစားရှားပါ့မလား..."

"ဟုတ်တယ်... သခင်လေးချန် က ပါဂါနီ တောင် မောင်းတယ်လို့ ကြားတယ်... ပုံမှန်ဆို ဒီလို ဇိမ်ခံကားမျိုး မောင်းတဲ့လူဆီကို လှပတဲ့ အမျိုးသမီးတွေက အုံကျနေတာလေ..."

"နှမြောစရာပဲ... ငါသာ နောက်ထပ် နှစ်အနည်းငယ်လောက် ငယ်ခဲ့မယ်ဆိုရင်..."

လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်စုက တီးတိုး ပြောဆိုနေကြလေ၏။

အချို့က ချန်ဖုန်းထံသို့ သွားရောက်ကာ ဆက်သွယ်ရန် အချက်အလက်များကိုပင် တိုက်ရိုက် မေးမြန်းချင်နေကြသည်။

သို့သော် ဘေးတွင် ရပ်နေသော မန်နေဂျာချုပ်ကျန် ကို မြင်သောအခါ ထိုအတွေးကို ချက်ချင်း စွန့်လွှတ်လိုက်ရ၏။

"ယွမ်တစ်ဘီလီယံ..."

ဤအချိန်၌ ချန်ဖုန်းသည်လည်း အလွန် အံ့အားသင့်နေခဲ့ပေသည်။

ချီးပဲ...

ယခင်ဗီဒီယိုတွင် ယွမ် သန်း ၂၀၀ ဟုသာ ခန့်မှန်းထားခဲ့ခြင်း ဖြစ်၏။

အခု ငါးဆတောင် တက်သွားတာလား...

ငါတော့ ချမ်းသာပြီပဲ...

ကျန်တဝေက သူနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် အမြတ်အစွန်း တစ်စိတ်တစ်ပိုင်းကို သူ့အား ပေးအပ်ခဲ့ပုံရပေသည်။

သို့သော်လည်း

အကယ်၍ ဤမြေကို သေချာစွာ စီမံခန့်ခွဲနိုင်ပါက အမြတ်အစွန်းများစွာ ထွက်ပေါ်လာနိုင်သေးပေသည်။

"ပြဿနာမရှိပါဘူး... မန်နေဂျာချုပ်ကျန် ရဲ့ အကျင့်စရိုက်ကို ကျွန်တော် အရမ်း ယုံကြည်ပါတယ်..."

ချန်ဖုန်းက ခေါင်းညိတ်လိုက်၏။

"အရင်ဆုံး လက်ဖက်ရည် သွားသောက်ကြရအောင်... အောက်က ဝန်ထမ်းတွေက စာရွက်စာတမ်း ကိစ္စတွေကို ဖြေရှင်းပေးလိမ့်မယ်..."

ကျန်တဝေသည်လည်း စိတ်အခြေအနေ ကောင်းမွန်နေခဲ့သည်။

သူသည် မန်နေဂျာချုပ် ရာထူးကို ယခုမှ စတင်ရယူခဲ့ခြင်းဖြစ်ပြီး သူ၏ စွမ်းဆောင်ရည်ကို ပြသရန်အတွက် ရလဒ်အချို့ လိုအပ်နေပေ၏။

မြေကွက်အမှတ် (၁) က အချိန်ကိုက်ပင် ဖြစ်လေသည်။

မန်နေဂျာချုပ်ချင်း စိုးရိမ်နေသည်ကို မြင်သောအခါ သူက ရယ်မောလျက် ပြောဆိုလိုက်၏။ "အဖိုးကြီးချင်း... အရမ်း မျက်နှာပျက်မနေပါနဲ့... ငါတို့ အတူတူ အလုပ်တွဲလုပ်ကြတာပေါ့..."

"မင်းတို့ကုမ္ပဏီက အိမ်ခြံမြေ အထူးပြုလုပ်တာဆိုတော့ နောင်ကျရင် မင်း အသုံးဝင်လာနိုင်ပါတယ်..."

"တကယ်လား..."

မန်နေဂျာချုပ်ချင်း ၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ကောင်းမွန်သွားခဲ့လေသည်။

"ဘာလဲ... မင်း ငါ့ကို မယုံသေးဘူးလား..."

"ယုံတာပေါ့... သေချာပေါက် ယုံတာပေါ့..."

မန်နေဂျာချုပ်ချင်း က ရယ်မောလိုက်ပြီးနောက် ချန်ဖုန်းအား ကြည့်ကာ ပြောဆိုလိုက်၏။ "မစ္စတာချန်... ဒီနေ့ဖြစ်သွားတဲ့ ကိစ္စတွေကို စိတ်ထဲမထားဘူးလို့ မျှော်လင့်ပါတယ်..."

"ဒီလိုလုပ်ရင် ဘယ်လိုလဲ... ကျွန်တော့်ရဲ့ တောင်းပန်မှုအနေနဲ့ တစ်နေ့နေ့ကျရင် ခင်ဗျားကို ထမင်းတစ်နပ်လောက် ကျွေးပါရစေ..."

သူသည်လည်း ချန်ဖုန်းအား သိမ်းသွင်းလိုနေခဲ့ပေသည်။

ချန်ဖုန်းသည် မြေကွက်အမှတ် (၁) ကို လွန်ခဲ့သော သုံးနှစ်ကတည်းက ဝယ်ယူခဲ့ကြောင်း ကျန်တဝေထံမှ သူ သိရှိခဲ့ရ၏။

ထိုအချိန်ကတည်းက တစ်ဖက်လူသည် ဤမြေကွက် တန်ဖိုးတက်လာမည်ကို ကြိုတင်သိရှိနေခဲ့ပုံ ရလေသည်။

ဒီလို အမြော်အမြင်နဲ့ ကြိုတင်မြင်နိုင်စွမ်းမျိုးက…

လုပ်နိုင်တဲ့လူ တကယ်ကို ရှားပါတယ်…

"တောင်းပန်ရလောက်တဲ့အထိတော့ မလိုပါဘူးဗျာ... ကျွန်တော်က ဝမ်ဟိုင်ကိုပဲ ပစ်မှတ်ထားတာပါ... မန်နေဂျာချုပ်ချင်း အပေါ်မှာ ဘာရန်ငြိုးမှ မရှိပါဘူး..."

"တကယ်တော့ ကျွန်တော်က ပေါင်းသင်းရ အရမ်းလွယ်တဲ့ လူတစ်ယောက်ပါ..."

ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။

ယခုအခါ သူ၏ ပိုင်ဆိုင်မှုမှာ ယွမ်တစ်ဘီလီယံကျော် ရှိနေပြီဖြစ်သော်လည်း သူသည် အတွေ့အကြုံ မရှိသေးသော လူသစ်တစ်ဦးသာ ဖြစ်နေဆဲပင်။

ဤစီးပွားရေး သူဌေးကြီးများနှင့် နှိုင်းယှဉ်ပါက

အဆက်အသွယ်များရော အတွေ့အကြုံများပါ အများကြီး ကွာဟနေသေးပေသည်။

အနာဂတ်တွင် ပူးပေါင်းလုပ်ဆောင်ရန် အခွင့်အလမ်းများ ရှိလာနိုင်ပေ၏။

"ဒါဆိုလည်း ကောင်းတာပေါ့ဗျာ... ကောင်းတာပေါ့..."

မန်နေဂျာချုပ်ချင်း နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်နိုင်လေသည်။

သို့သော် စိတ်ထဲတွင်တော့ ကျိန်ဆဲနေခဲ့၏။

‘မင်းက ပေါင်းသင်းရ လွယ်တယ် ဟုတ်လား...

ငါ မင်းကို တစ်စက္ကန့်လေးတောင် မယုံဘူး…’

နာရီဝက်ခန့် ကြာပြီးနောက် လွှဲပြောင်းရေး သဘောတူညီချက်နှင့် လုပ်ထုံးလုပ်နည်းများ အားလုံး ပြီးစီးသွားခဲ့သည်။

ထျန်ပေါင်ဂရု၏ ဘဏ္ဍာရေးဌာနသည် လျင်မြန်စွာ လှုပ်ရှားခဲ့ပြီး ငွေများကို တိုက်ရိုက် လွှဲပြောင်းပေးလိုက်ပေ၏။

"လူကြီးမင်း၏ အကောင့် ၂၃၃၇၊ ဝင်ငွေ ယွမ် ၁,၀၀၀,၀၀၀,၀၀၀၊ ငွေသွင်းပြီးနောက် လက်ကျန်ငွေ ယွမ် ၁,၁၂၄,၆၀၂,၁၃၅.၅၈"

စုစုပေါင်း လက်ကျန်ငွေသည် ယွမ် ၁.၁၂၄၆ ဘီလီယံကျော် ရှိလေသည်။

“ ဒင်... ဗီဒီယို တာဝန်ကို ပြီးမြောက်အောင်မြင်ဖို့ ပိုင်ရှင်က နှစ်ဆ ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်... နှစ်ဆဆုကြေးအဖြစ် စနစ်ပွိုင့် ၅၀ ပွိုင့် ရရှိပါတယ်..."

“ပိုင်ရှင်ရဲ့ လက်ရှိ ကျန်ရှိနေတဲ့ စနစ်ပွိုင့်များ - ၆၀ ပွိုင့်..."

"ဒင်... ဗီဒီယို တာဝန်ကို ပြီးမြောက်အောင်မြင်ဖို့ ပိုင်ရှင်က ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် စနစ်ရဲ့ ကြိုတင်ခန့်မှန်းနိုင်သော အချိန်ကာလက ပြောင်းလဲသွားပါပြီ... လက်ရှိ ကြိုတင်ခန့်မှန်းနိုင်သော အချိန်ကာလကတော့ ၂၀၂၀-၂၀၂၃ ဖြစ်ပါတယ်..."

ဒါပဲလေ...

ဟုတ်ပီကွ...

ချန်ဖုန်းသည် စိတ်လှုပ်ရှားလွန်းသဖြင့် အော်ဟစ်လုနီးပါး ဖြစ်သွားရလေ၏။

မြေကွက်အမှတ် (၁) ကို ယွမ်တစ်ဘီလီယံဖြင့် ရောင်းချရခဲ့ပြီး ၎င်းမှာ စနစ်က ခန့်မှန်းထားသည်ထက် ၅ ဆ ပိုများနေပေသည်။

ဆုချထားတဲ့ စနစ်ပွိုင့်တွေကလည်း ၅ ဆ တက်သွားတာပဲ...

ထိုအချိန်၌ ဖုန်းပေါ်တွင် နောက်ထပ် မက်ဆေ့ခ်ျတစ်ခု ပေါ်လာခဲ့၏။

"ဒင်... ပိုင်ရှင်ဟာ ဗီဒီယို တာဝန်ကို ပြီးမြောက်အောင်မြင်ဖို့ နှစ်ဆ ပါဝင်ဆောင်ရွက်ခဲ့တဲ့အတွက် ကြိုတင်ခန့်မှန်းနိုင်သော အချိန်ကာလဟာ ဆက်လက်ပြောင်းလဲသွားပါပြီ... လက်ရှိ ကြိုတင်ခန့်မှန်းနိုင်သော အချိန်ကာလကတော့ ၂၀၁၀-၂၀၂၃ ဖြစ်ပါတယ်..."

ထပ်ပြောင်းသွားပြန်ပြီလား...

အချိန်ကာလသည် နောက်ထပ် ၁၀ နှစ် ရှေ့တိုးသွားခဲ့ပြီး ယခုအခါ ၂၀၁၀ မှ ၂၀၂၃ အတွင်းရှိ မည်သည့် ဖြစ်ရပ်ကိုမဆို ကြိုတင်ခန့်မှန်းနိုင်ပြီ ဖြစ်လေသည်။

စနစ်က ဘယ်လို တွက်ချက်ထားလဲဆိုတာ ငါ မသိပေမဲ့ပေါ့...

ဒါပေမဲ့...

ဒါ တကယ် မိုက်တာပဲ...

ဒီနှစ်က ၂၀၂၀ လေ...

ဒီနေ့ကစပြီး အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ရုံသာမကဘဲ အတိတ်ကိုပါ ပြန်ကြည့်လို့ရပြီပေါ့...

မိုက်တယ်မလား...

ချန်ဖုန်းကို ပို၍ အံ့အားသင့်သွားစေသည့် အရာမှာ...

ယခင်က စနစ်ဖုန်းကို ဗီဒီယို မက်ဆေ့ခ်ျများ ကြည့်ရှုရန်သာ အသုံးပြုနိုင်ပြီး သာမန်ဖုန်းတစ်လုံးကဲ့သို့ လုံးဝ အသုံးပြု၍ မရခဲ့ချေ။

အခု လုံးဝ အသုံးပြုလို့ ရသွားပြီပဲ...

သူသည် သူ၏ ကိုယ်ပိုင်ဖုန်းမှ ဆက်သွယ်ရန် အချက်အလက်များနှင့် ဒေတာများ အားလုံးကို စနစ်ဖုန်းထဲသို့ အလျင်အမြန် ထည့်သွင်းလိုက်လေ၏။

ယနေ့သည် ချန်ဖုန်းအတွက် တကယ်ကို အသီးအပွင့်များသော နေ့တစ်နေ့ ဖြစ်ပေသည်။

ထျန်ပေါင်ဂရုမှ ထွက်လာပြီးနောက် သူသည် ကျောင်းသို့ တိုက်ရိုက် ပြန်လာခဲ့၏။အဆောင်၌

ဒုတိယအစ်ကို ယန်ချီ၏ စိတ်အခြေအနေမှာ မကောင်းပုံပေါ်လေသည်။

ချန်ဖုန်း ပြန်ရောက်လာသည်ကို မြင်သောအခါ သူက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်၏။ "တတိယညီ... ငါ... ငါ..."

"မင်း ဆီးအောင့်ထားလို့လား..."

ချန်ဖုန်းမှာ ပြောစရာစကားမဲ့ ဖြစ်သွားရပေသည်။

ဒုတိယအစ်ကိုက အမြဲတမ်း ပွင့်ပွင့်လင်းလင်းနဲ့ ယုံကြည်မှုရှိရှိ စကားပြောတတ်တာကို... ဘယ်အချိန်ကစပြီး ဒီလောက် တုံ့ဆိုင်းပြီး သတ္တိကြောင်သွားရတာလဲ...

မိန်းမ တစ်ယောက်လိုပဲ...

ချန်ဖုန်းက"မင်းပြောချင်တာကိုသာ ပြောပါကွာ... ငါတို့ ဆက်ဆံရေးက ဘာမို့လို့ ဒီလို ပတ်ချာဝိုက်နေရတာလဲ..."

"ဒါဆို ငါ တိုက်ရိုက်ပဲ ပြောတော့မယ်..."

ယန်ချီက အနည်းငယ် ရှက်ရွံ့စွာ ပြုံးလျက် ပြောဆိုလိုက်၏။ "ငါ့ကို ယွမ် တစ်ထောင်လောက် ချေးလို့ရမလား... အခု အရမ်း အရေးတကြီး လိုနေလို့ပါ... ဒါပေမဲ့ စိတ်မပူပါနဲ့... ပိုက်ဆံရတာနဲ့ ချက်ချင်း ပြန်ဆပ်ပါ့မယ်..."

သူ စကားပြော၍ပင် မဆုံးသေးမီ WeChat တွင် ငွေလွှဲဝင်လာကြောင်း အသိပေးချက်ကို မြင်တွေ့လိုက်ရလေသည်။

ယွမ်တစ်သောင်းတောင်လား ဟ...

ချန်ဖုန်းက အခုလေးတင် လွှဲလိုက်တာပဲ...

သူသည် မျက်စိမှားသွားသည်ဟု ထင်ကာ မျက်လုံးများကို ပွတ်သပ်လိုက်၏။

တစ်ခါ ကြည့်လိုက်တယ်။

နောက်တစ်ခါ ထပ်ကြည့်လိုက်တယ်။

ချီးပဲ...

တကယ်ကြီး ယွမ်တစ်သောင်းပဲ…

ယန်ချီက"တတိယညီလေး... မင်း သုညတစ်လုံး ပိုနှိပ်မိသွားတာလား..."

"မဟုတ်ပါဘူး... ယွမ်တစ်သောင်းပါ... မင်း အရင်ယူသုံးလိုက်ပါ... ပြန်ဆပ်တာ မဆပ်တာက အရေးမကြီးပါဘူး..."

"တကယ်လို့ ပိုလိုသေးရင်လည်း ပြောလေ... ကျန်တာကို ဆက်လွှဲပေးမယ်..."

ချန်ဖုန်းသည် မရည်ရွယ်ဘဲ ကြွားလိုက်မိလေ၏။

"မင်း ချမ်းသာသွားပြီလား..."

ယန်ချီ လုံးလုံးလျားလျား ဆွံ့အသွားတော့သည်။

သူ၏ မှတ်ဉာဏ်ထဲတွင် ချန်ဖုန်း၏ လစဉ် နေထိုင်စရိတ်မှာ ယွမ်တစ်ထောင်ကျော်သာ ရှိပြီး ထိုအထဲမှ ယွမ်တစ်ထောင်ကိုပင် သူ၏ ရည်းစားအတွက် လစဉ် သုံးစွဲနေရသူ ဖြစ်ပေသည်။

သူတို့မှာ တစ်ကျပ်ကို နှစ်ကျပ်ဖြစ်အောင် ထုတ်သုံးချင်နေကြတာ...

အခုတော့ သူက ယွမ်တစ်သောင်းကို တစ်ကြိမ်တည်းနဲ့ ထုတ်ပေးလိုက်တာလား...

ပြန်ဆပ်တာ မဆပ်တာက အရေးမကြီးဘူး ဟုတ်လား...

ပိုလိုသေးရင် ပြောဆိုပဲ...

မင်းပြောတဲ့ စကားတွေကို ကြည့်ပါဦး...

အဲဒါက သူဌေးတွေပဲ လုပ်နိုင်တဲ့ ဟန်ရေးပြတဲ့ စကားတွေလေ…

"ငါ ပိုက်ဆံနည်းနည်း ရထားပါတယ်..."

ချန်ဖုန်းက မငြင်းဆန်သလို သတင်းအချက်အလက်များစွာကိုလည်း ဖွင့်ဟမပြောဆိုခဲ့ချေ။

"အရင်က ငါ ဆင်းရဲတုန်းက မင်းဆီက ပိုက်ဆံချေးဖူးတယ်လေ... မင်းရဲ့ နေထိုင်စရိတ်ကိုတောင် ငါ့ကို ပေးခဲ့သေးတာပဲ..."

"မင်း နေ့တိုင်း ခေါက်ဆွဲပြုတ် စားနေရရင်တောင် မင်းရဲ့ ကျေးဇူးကို ငါ အမြဲတမ်း မှတ်ထားပါတယ်..."

"ပိုက်ဆံကို ယူသုံးလိုက်ပါ... အားနာမနေနဲ့..."

All Chapters