← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အခန်း (၁၂) အဆောင်တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားခြင်း

"တတိယညီလေး...ဒါဆိုလည်း ငါ ထပ်မပြောတော့ပါဘူး... နောက်မှ သေချာပေါက် ပြန်ဆပ်ပါ့မယ်..."

ယန်ချီသည် ဟန်ဆောင်မနေခဲ့ချေ။

ယခုအချိန်သည် သူ ပိုက်ဆံလိုအပ်နေသော အချိန်ဖြစ်ပေ၏။

သို့သော် အခြေအနေကိုလည်း သူ ကောင်းစွာ သိရှိထားလေသည်။

ချန်ဖုန်းက သူ့ကို ဤငွေများ ပေးခဲ့သော်လည်း သူသည် ၎င်းကို အလကားရသည်ဟု လုံးဝ သဘောထား၍ မရနိုင်ချေ။

"မင်းမှာ အခက်အခဲ တစ်ခုခုများ ရှိနေလို့လား... တကယ်လို့ အကူအညီလိုရင် ပြောဖို့ အားမနာပါနဲ့..."

တစ်ဖက်လူ၏ စိတ်ထဲတွင် တစ်ခုခု ရှိနေသည်ဟု ချန်ဖုန်း အမြဲတမ်း ခံစားနေရ၏။

ဒုတိယအစ်ကို ယန်ချီမှာ သာမန်မိသားစုမှ ဖြစ်သော်လည်း

တစ်ဖက်လူသည် အခြားသူများထံမှ ငွေချေးလေ့ မရှိချေ။

ဤတစ်ကြိမ်တွင် အလွန်အမင်း အရေးမကြီးပါက သူ့ထံမှ ငွေတောင်းမည် မဟုတ်ပေ။

ယန်ချီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ "ကြီးကြီးမားမားတော့ မဟုတ်ပါဘူး... ငါ့အဖေက အိမ်မှာ ပြဿနာ နည်းနည်းလေး ဖြစ်နေလို့ ရန်ပုံငွေ နည်းနည်း လိုနေတာပါ... စိတ်မပူပါနဲ့... မကြာခင် ပြေလည်သွားပါလိမ့်မယ်..."

ချန်ဖုန်း၏ အကူအညီအတွက် သူ အလွန် ဝမ်းသာကြည်နူးနေခဲ့ပေ၏။

လေးနှစ်တာ တက္ကသိုလ်ဘဝ...

ညီအစ်ကိုတွေကြားက သံယောဇဉ်က တခြားလူတွေထက် တကယ်ကို ပိုနက်ရှိုင်းတာပဲ...

သူတို့က အတန်းလစ်ပြီး မိန်းကလေးတွေကို အတူတူ လိုက်ကြတယ်လေ...

ဂိမ်းတွေကိုလည်း အတူတူ ဆော့ကြတယ်...

ဤအချိန်၌ အစ်ကိုကြီးနှင့် စတုတ္ထညီတို့လည်း အဆောင်သို့ ပြန်ရောက်လာကြသည်။

သူတို့က တစ်စုံတစ်ရာ ပြောချင်နေသော်လည်း မည်သို့ စတင်ရမည်ကို မသိသကဲ့သို့ ချန်ဖုန်းအား ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေကြလေ၏။

နောက်ဆုံးတွင်

အစ်ကိုကြီး တိုင်ဖုန်းက မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။ "တတိယညီလေး... မင်းနဲ့ ရှန်ချင် ကြားမှာ ပြဿနာ တစ်ခုခုများ ဖြစ်ခဲ့လို့လား..."

"မင်းတို့ အကုန်လုံး သိနေကြပြီလား..."

ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွားပေ၏။

၎င်းတို့နှစ်ဦး လမ်းခွဲခဲ့သည်မှာ နာရီဝက်ခန့်သာ ရှိသေးသော်လည်း မထင်မှတ်ဘဲ သတင်းက အခန်းဖော်များ၏ နားထဲသို့ပင် ရောက်ရှိနေပြီ ဖြစ်လေသည်။

သတင်းကောင်းက အဝေးကြီး မရောက်ပေမဲ့ သတင်းဆိုးကတော့ အမြန်ပျံ့တယ်ဆိုတာ တကယ်ပဲ…

"ဒီမနက် မင်း ကျောင်းကထွက်သွားပြီးတဲ့နောက် ရှန်ချင်က ယောက်ျားတစ်ယောက်နဲ့ အတူရှိနေတာကို ငါတို့ မြင်လိုက်တယ်..."

"သူတို့နှစ်ယောက် လက်ချင်းချိတ်ထားတာ... တကယ်ကို ရင်းနှီးနေပုံရတယ်..."

"ဟုတ်တယ်... အဲဒီအချိန်တုန်းက ငါတို့ အံ့သြသွားတာ... ရှန်ချင်က မင်းရဲ့ရည်းစား မဟုတ်ဘူးလား... သူက ဘယ်လိုလုပ် တခြားလူနဲ့ အတူရှိနေရတာလဲ..."

လူတိုင်း၏ မျက်နှာပေါ်ရှိ ဇဝေဇဝါဖြစ်နေသော အမူအရာများကို မြင်သောအခါ

ချန်ဖုန်းက သက်ပြင်းချလိုက်၏။ "ငါတို့ လမ်းခွဲလိုက်ပြီ... သူက ငါ့ကို သစ္စာဖောက်သွားတာ..."

"ဘာ..."

အစ်ကိုကြီး တိုင်ဖုန်းက ကျိန်ဆဲလိုက်သည်။ "တတိယညီက သူ့အပေါ် အရင်က အရမ်းကောင်းခဲ့တာကို သူက ဒီလိုမျိုး လုပ်လိမ့်မယ်လို့ ငါ တကယ် မထင်ထားခဲ့ဘူး..."

"အဲဒါက ဘာများ အံ့သြစရာ ရှိလို့လဲ... သူက မိန်းမကောင်းမဟုတ်ဘူးဆိုတာ ငါ အစကတည်းက သိသားပဲ..."

ယန်ချီမှာလည်း ဒေါသထွက်နေပုံ ရလေ၏။

ယန်ချီက"တတိယညီ... ပင်လယ်ထဲမှာ ငါးတွေ အများကြီး ရှိတယ်ဆိုသလိုပေါ့... လမ်းခွဲလိုက်ရင်လည်း လမ်းခွဲလိုက်တာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် ရှန်ချင်က လူကောင်းလို့ ငါမထင်ပါဘူး..."

"ငါတို့ကျောင်းမှာ လှတဲ့ မိန်းကလေးတွေ အများကြီးပဲ... မင်း နောက်တစ်ယောက် အမြဲတမ်း ရှာလို့ရပါတယ်..."

စတုတ္ထညီအစ်ကို ကျန်းတယွန်းကလည်း ပြောဆိုလိုက်သည်။ “ဟုတ်တယ်...ငါ ထင်တာတော့ အခုလောလောဆယ် အရေးအကြီးဆုံးက ပိုက်ဆံရှာဖို့ပဲ... ဒီနေ့ ကျောင်းမှာတွေ့ခဲ့တဲ့ ပါဂါနီ ကို မင်းတို့ မြင်လိုက်လား..."

"တကယ်လို့ ငါ့မှာသာ ပိုက်ဆံရှိရင် အဲဒီလို ဇိမ်ခံကားမျိုး ဝယ်မှာပဲ..."

"အဲဒီအချိန်ကျရင် ဘယ်လိုရည်းစားမျိုးကို ရှာမရမှာမို့လို့လဲ..."

"တစ်ခြားမိန်းကလေးတေကို မေ့ထားလိုက်... ကျောင်းရဲ့ အချောအလှစာရင်းဝင် လေးဦးထဲက တစ်ဦးဖြစ်တဲ့ ရှန်ယန်းယန်း တောင် မင်းရဲ့ရည်းစား ဖြစ်ဖို့ တောင်းပန်လာနိုင်တယ်..."

ခုနက သူတို့ ပြန်လာချိန်မှာ

ကားပါကင်တွင် ထို ပါဂါနီ ကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့ခဲ့ရပြီး မည်သည့် သူဌေးသားပိုင်ဆိုင်သည်ကို သူ သိချင်နေခဲ့၏။

မည်သို့ပင်ဆိုစေကာမူ လှပသော အမျိုးသမီး အများအပြားသည် ကားပတ်ပတ်လည်တွင် ဓာတ်ပုံရိုက်နေကြလေသည်။

ချန်ဖုန်းက နှာခေါင်းကို ပွတ်သပ်ရင်း တွေးလိုက်တယ်

‘ပါဂါနီ က...

တကယ်ပဲ ငါ့ကားလေ...

ရှန်ယန်းယန်း က သူ့ရည်းစားဖြစ်ဖို့ တောင်းပန်လာမလား ဆိုတာကိုတော့ ငါမသိဘူး...

ဘယ်လိုပဲဖြစ်ဖြစ် သူ့ဝမ်းကွဲမောင်လေးကတော့ ငါက သူ့ယောက်ဖဆိုပြီး ဆုံးဖြတ်ထားပြီးပြီ…’

သူ တုံ့ဆိုင်းနေဆဲပင်

ပါဂါနီ ၏ ပိုင်ရှင်မှာ သူဖြစ်ကြောင်း ဝန်ခံသင့်သလော

ဝန်ခံလိုက်မယ်...ဆိုရင်ရော

ဒါပေမဲ့ အနာဂတ်မှာ ပြဿနာမျိုးစုံ ပေါ်လာမှာကိုလည်း ငါ ကြောက်တယ်လေ…

ချန်ဖုန်းက"စိတ်မပူပါနဲ့... ရှန်ချင် တစ်ယောက်တည်းပါ... သူက ငါ့ကို ဝမ်းနည်းစေဖို့ မတန်ပါဘူး..."

"ငါ့ရဲ့ အဆင့်အတန်းက အခု မတူတော့ဘူး... ကျောင်းရဲ့အလှလေး လေးဦးထဲက တစ်ဦးဖြစ်တဲ့ ရှန်ယန်းယန်း ငါ့ရှေ့မှာ ရပ်နေရင်တောင် သူ့ကို တစ်ချက်တောင် ကြည့်ချင်မှ ကြည့်မှာ..."

ချန်ဖုန်းက ရယ်မောလိုက်၏။

"လေလုံးထွားနေလိုက်..."

"တတိယညီ... မင်းက တကယ် လေလုံးထွားတာပဲ... မင်းပုံစံက အခုလေးတင် အသည်းကွဲထားတဲ့လူနဲ့ လုံးဝမတူဘူး..."

ချန်ဖုန်း၏ အခန်းဖော်များသည် မူလက ပတ်ဝန်းကျင်ကို သက်ဝင်လှုပ်ရှားစေရန်နှင့် အသည်းကွဲသည့် ဒဏ်မှ ကျော်လွှားနိုင်ရန် ကူညီပေးလိုခဲ့ခြင်း ဖြစ်ပေသည်။

ဒါပေမဲ့ ဒီကောင်က တကယ်ကြီး လေလုံးထွားလာတယ်ပေါ့...

ရှန်ယန်းယန်း ဆိုတာ ဘယ်သူလဲ...

ဆွဲဆောင်မှုရှိပြီး လှပရုံသာမက သူမ၏ မိသားစုသည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ကာ ယွမ်သန်းဆယ်ဂဏန်းတန် ပိုင်ဆိုင်မှုများ ရှိသည်ဟုပင် ကောလာဟလ ထွက်နေလေ၏။

သူမက အိုတာကု တွေ အများကြီးရဲ့ အိမ်မက်ထဲက နတ်သမီးလေးပဲ...

မင်းက သူ့ကို လှည့်မကြည့်ဘူးတဲ့လား...

တကယ်လို့ တစ်ယောက်ယောက်ကသာ သူမရှေ့မှာ ရပ်နေရင် သူ့ဖိနပ်ကိုတောင် လျှာနဲ့လျက်မိမယ် ထင်တယ်...

ထားလိုက်ပါတော့...

မင်းက အသည်းကွဲထားတာဆိုတော့ ငါတို့ ခွင့်လွှတ်ပေးလိုက်မယ်…ဟု သူ၏အခန်းဖော်များက စိတ်ထဲက ကျိန်ဆဲလိုက်ကြတယ်….

စတုတ္တညီက"တတိယအစ်ကို... လေလုံးထွားတာကို ရပ်ပြီး တည်တည်ငြိမ်ငြိမ်နေပါတော့... အခုဆို လူတော်တော်များများက အလုပ်ရှာဖို့ စဉ်းစားနေကြပြီ...

ဘွဲ့ရပြီးရင် မင်း အစီအစဉ်က ဘာလဲ..."

"ကြည့်ရသေးတာပေါ့... ကိုယ်ပိုင် စီးပွားရေး တစ်ခုခုတော့ လုပ်နိုင်လောက်ပါတယ်..."

ချန်ဖုန်းသည် လိမ်ပြောနေခြင်း မဟုတ်ချေ။

အလုပ်ရှာဖို့ ဆိုတာက မဖြစ်နိုင်ဘူး...

ငါ့ဘဝမှာ ပုံမှန်အလုပ်မျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး...

စနစ်တစ်ခု ရှိနေပြီပဲ... ပိုက်ဆံမရှာနိုင်မှာကို ဘာလို့ ပူပန်နေရမှာလဲ...

သူ့ရဲ့ လက်ရှိ ပိုင်ဆိုင်မှုနဲ့ဆိုရင် ဘာမှမလုပ်ဘဲ နေရင်တောင် သက်တောင့်သက်သာ နေနိုင်တာပဲ…

ချန်ဖုန်း "မင်းတို့ရဲ့ အစီအစဉ်တွေကရော ဘာလဲ..."

"ငါက မိသားစုရဲ့ စီစဉ်မှုအတိုင်းပဲ အလုပ်တစ်ခု ရှာတွေ့ထားပြီ... လစာကလည်း တော်တော်လေး ကောင်းတယ်လို့ ကြားတယ်... တစ်လကို ယွမ် ၆,၀၀၀ တဲ့..."

အစ်ကိုကြီး တိုင်ဖုန်းက အနည်းငယ် ပြုံးလျက် ပြောဆိုလိုက်၏။

ဘွဲ့ရခါစ ကျောင်းသားတစ်ယောက်အတွက် ဤသည်မှာ အလွန်ကောင်းမွန်သော ဝင်ငွေတစ်ခု ဖြစ်ပေသည်။

ဒုတိယအစ်ကို ယန်ချီက အံ့အားသင့်သောအမူအရာဖြင့် ကြည့်ကာ ပြောဆိုလိုက်သည်။ "မင်းက တော်တာပဲ... ဘွဲ့ရဖို့ တစ်နှစ်တောင် လိုသေးတာကို မင်းက အလုပ်ရနေပြီလား..."

တိုင်ဖုန်းက"ငါက မင်းတို့နဲ့ မတူဘူးလေ... အလုပ်ရှာမရတော့ မာစတာဘွဲ့ ဆက်တက်ဖို့ပဲ စဉ်းစားရတော့မှာ..."

"မာစတာဘွဲ့ တက်တာက ဘာများ ကောင်းလို့လဲ... စောစော အလုပ်လုပ်တာက ပိုကောင်းတယ်... ပိုက်ဆံရှာတာထက် ပိုပြီး လက်တွေ့ကျတာ ဘာမှမရှိဘူး..."

အခန်းဖော်များက အချင်းချင်း စကားပြောနေကြလေ၏။

သူတို့ အတန်းထဲတွင် ကျောင်းသား ၄၀ ရှိပြီး ထိုအထဲမှ ၁၀ ယောက်မှာ အလုပ်သင်အဖြစ် ထွက်သွားကြပြီ ဖြစ်သည်။

ကျန်တဲ့သူတွေကတော့...

မာစတာဘွဲ့ ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်တာပဲဖြစ်ဖြစ်၊ ဘွဲ့ရတဲ့အထိ စောင့်ပြီးမှ အလုပ်ရှာတာပဲဖြစ်ဖြစ် လုပ်ရမှာပေါ့...

ဒီခေတ်ကြီးမှာ...

သာမန်မိသားစုများအတွက် အလုပ်တစ်ခု ရှာဖွေရန်မှာ အမှန်တကယ်ပင် မလွယ်ကူလှချေ။

ထိုအချိန်၌ ချန်ဖုန်း၏ ဖုန်းက ရုတ်တရက် မြည်လာခဲ့၏။

သူ ထုတ်ကြည့်လိုက်ရာ ရင်းနှီးမှုမရှိသော နံပါတ်တစ်ခု ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

"ဟလို... ဘယ်သူပါလဲ..."

"ချန်ဖုန်း... နင်... နင့်ရဲ့ ဘဏ်ကတ်နံပါတ်ကို ငါ့ကို အခုချက်ချင်း ပေးတာ ပိုကောင်းမယ်နော်... ငါ နင့်ကို ပြန်ဆပ်မယ်လို့ ကတိပေးထားတယ်လေ..."

ဖုန်း၏ အခြားတစ်ဖက်မှ ရှန်ယန်းယန်း ၏ အသံ ထွက်ပေါ်လာခဲ့ပေသည်။

ချန်ဖုန်း၏ မျက်နှာမှာ မည်းမှောင်သွား၏။

ဒီမိန်းကလေးက တကယ်ကို ဇွဲကောင်းတာပဲ…

ချန်ဖုန်း "ရှန်ယန်းယန်း... မင်း ငါ့ကို တကယ် ပြန်ဆပ်စရာ မလိုပါဘူး..."

ရှန်ယန်းယန်း "ငါ ဂရုမစိုက်ဘူး... အခု နင့်အဆောင်အောက်မှာ ငါရောက်နေပြီ... တကယ်လို့ နင့်ဘဏ်ကတ်နံပါတ်ကို မပေးဘူးဆိုရင် ငါ အထဲကို တိုက်ရိုက် ဝင်လာမယ်ဆိုတာ ယုံလိုက်…”

လခွမ်း… ကြောက်ဆွာကြီး...

ချန်ဖုန်း ချက်ချင်းပင် ဆွံ့အသွားရလေသည်။

သူသည် စင်္ကြံဘက်သို့ အလျင်အမြန် ထွက်သွားလိုက်ပြီး အောက်ဘက်ရှိ ကွင်းပြင်တွင် ရပ်နေသော ရှန်ယန်းယန်း ကို သေချာပေါက် မြင်တွေ့လိုက်ရ၏။

သူမ၏ အကြည့်များသည် သူ၏ အဆောင်နေရာဆီသို့ စူးစိုက်ကြည့်နေခဲ့ပေသည်။

မည်သို့ပင်ဆိုစေကာမူ ရှန်ယန်းယန်း သည် ကျောင်းရဲ့အလှလေး လေးဦးထဲမှ တစ်ဦး ဖြစ်လေ၏။

ယောက်ျားလေးအဆောင်ရှေ့တွင် ပေါ်ပေါ်ထင်ထင် ရပ်နေခြင်းက ဖြတ်သွားဖြတ်လာသူတိုင်းကို ချက်ချင်းပင် အံ့သြမှင်တက်သွားစေခဲ့သည်။

ဘာတွေ ဖြစ်နေတာလဲ...

ရှန်ယန်းယန်း မှာ ရည်းစားမရှိဘူး မဟုတ်ဘူးလား... ဘာလို့ ယောက်ျားလေးအဆောင်အောက်ကို ရောက်နေရတာလဲ...

သူမက ဘယ်သူ့ကို စောင့်နေတာလဲ…

"ဒုက္ခပါပဲ... ဘယ်ဝက်ကများ ငါတို့ရဲ့ နတ်သမီးလေးကို ခိုးသွားတာလဲ..."

ဤအခိုက်အတန့်တွင်

လူတိုင်းမှာ အလွန်အမင်း အံ့အားသင့်သွားကြပေ၏။

သတင်းက လျင်မြန်စွာ ပျံ့နှံ့သွားပြီး အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။

အဆောင်ထဲ၌

ယန်ချီနှင့် အခြားသူများသည် စကားပြောနေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ကြပြီး အားလုံးက ချန်ဖုန်းအား ဝိုင်းကြည့်လိုက်ကြ၏။

သူတို့၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေပေသည်။

"တတိယအစ်ကို... မင်း ဖုန်းထဲက ဘယ်သူနဲ့ စကားပြောနေတာလဲ..."

သူတို့သည် ယခုလေးတင် ရှန်ယန်းယန်း ၏ နာမည်ကို သဲ့သဲ့လေး ကြားလိုက်ရပြီး ဖုန်းထဲမှ ထွက်ပေါ်လာသော အသံမှာလည်း အမျိုးသမီးတစ်ဦး၏ အသံ ဖြစ်နေလေ၏။

ဒီကောင် အခုလေးတင် ရည်းစားနဲ့ လမ်းခွဲထားတာလေ... အခု ကောင်မလေးတစ်ယောက်က သူ့ကို ဖုန်းဆက်နေတာလား…

"ရှန်ယန်းယန်း လေ..."

ချန်ဖုန်း၏ မျက်နှာအမူအရာမှာ အလွန် တည်ငြိမ်နေခဲ့သည်။ "မင်းတို့ကောင်တွေ ဘာဖြစ်နေတာလဲ... ရှန်ယန်းယန်း က ငါ့ကို ဖုန်းဆက်တာလေ... ဘာများ အံ့သြစရာ ရှိလို့လဲ..."

"အော်... သူက အဆောင်အောက်မှာ ရောက်နေတယ်..."

"မင်းတို့ သူ့ကို မြင်ချင်တယ်ဆိုရင် အခု ကြည့်လို့ရပြီ..."

All Chapters