အခန်း ၁၃
Vol. 2 Ch. 13
အခန်း (၁၃) ရှန်ချင် အမှန်တရားကို သိရှိသွားခြင်း
ငင့်….
ချီးပဲ…
အခန်းဖော်များမှာ ရူးသွပ်လုမတတ် ဖြစ်သွားကြလေ၏။
မင်းကို ဖုန်းဆက်တာက ရှန်ယန်းယန်း ဟုတ်လား...
မင်းပြောတဲ့ စကားတွေကို ကြည့်ပါဦး...
အဲဒါက ဒေါသထွက်စရာ မကောင်းဘူးလား...
ရှန်ယန်းယန်း ဆိုတာ ဘယ်သူလဲ...
သူမက ကျောင်းတွင် ထင်ရှားကျော်ကြားသူ တစ်ဦးဖြစ်ပြီး ကျောင်းရဲ့အလှလေး လေးဦးထဲမှ တစ်ဦး ဖြစ်ပေ၏။
ဤသည်မှာ နတ်သမီးအဆင့်ရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။
သူမကို ပုံမှန် မြင်တွေ့ရလေ့ရှိသော်လည်း ၎င်းတို့ထဲမှ မည်သူကမျှ ရှန်ယန်းယန်း ၏ ဖုန်းနံပါတ်ကို မရရှိနိုင်ခဲ့ချေ။
တစ်ဖက်လူက တစ်ယောက်ယောက်ကို စတင်ဖုန်းခေါ်ဆိုဖို့ဆိုတာ ဝေလာဝေးပင်။
စတုတ္ထညီ ကျန်းတယွန်းသည် အပြင်သို့ ပြေးထွက်သွားပြီး ရှန်ယန်းယန်း ကို သေချာပေါက် မြင်တွေ့လိုက်ရ၏။
ဒါတင်မကသေးဘူး...
တစ်ဖက်လူ၏ အကြည့်များသည် အဆောင်ရှိရာသို့ တိုက်ရိုက် ရောက်ရှိနေပေသည်။
သူမ၏ မျက်လုံးများထဲတွင် နာကြည်းမှုနှင့် သနားစရာကောင်းသော အရိပ်အယောင်များပင် ပါဝင်နေသေး၏။
ကျန်းတယွန်း "လခွမ်း... တတိယအစ်ကို... မင်း သူ့ကို ဘာလုပ်လိုက်တာလဲ..."
"ဒုက္ခပါပဲ... အခု ရှန်ယန်းယန်း က ငါတို့ အဆောင်ခန်းကို ကြည့်နေတာ..."
"သူတင် မကဘူး... ယောက်ျားလေးတွေ အကုန်လုံးကလည်း သူရှာနေတဲ့သူက ငါတို့အဆောင်ထဲမှာ ရှိနေတယ်ဆိုတာကို အခုလောက်ဆို ခန့်မှန်းမိလောက်ပြီ..."
"ချီးပဲ... တတိယအစ်ကို... မင်း ဘယ်လိုလုပ် ရှန်ယန်းယန်း နဲ့ ပတ်သက်သွားရတာလဲ..."
ယခင်က ရှန်ယန်းယန်း သည် ကိုယ်တိုင်ကိုယ်ကျ ကမ်းလှမ်းလာလျှင်တောင် သူမကို စိတ်ဝင်စားမည် မဟုတ်ကြောင်း ချန်ဖုန်း ပြောခဲ့သည်ကို ၎င်းတို့ ကြားခဲ့ဖူးလေ၏။
အစပိုင်းတွင် သူတို့ မယုံခဲ့ဘူး...
အခုတော့ သူတို့ တကယ် ယုံသွားပြီ...
ကြည့်လိုက်စမ်း…
ကောင်မလေးက သူ့အဆောင်အထိတောင် လိုက်လာတာပဲ...
ဤအခိုက်အတန့်တွင်
အဆောင် တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်သွားလေ၏။
လွန်ခဲ့သော လေးနှစ်တာ ကာလအတွင်း လူမရေမတွက်နိုင်အောင် ရှန်ယန်းယန်း ကို လိုက်ခဲ့ကြပြီး လူတစ်ရာခန့်က သူမကို ဖွင့်ပြောခဲ့ဖူးပေသည်။
ဒီလူတွေထဲမှာ...
ချမ်းသာတဲ့ သူဌေးသားတွေရော ရုပ်ဖြောင့်တဲ့ စာဂျပိုး တွေရော ပါတယ်လေ...
ဒါပေမဲ့ ရှန်ယန်းယန်း က တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူး...
အခုကျတော့ တကယ်ကြီး…
ချန်ဖုန်း "ဘာတွေလဲဟ..."
တစ်ဖက်လူ၏ ရိုးရှင်းသော လုပ်ရပ်လေးက ဤမျှလောက် ဆူညံပွက်လောရိုက်သွားစေလိမ့်မည်ဟု ချန်ဖုန်း မထင်မှတ်ထားခဲ့ချေ။
စနစ်က ငွေများကို ပြန်ယူခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ သူ ဂရုမစိုက်တော့ဘဲ သူ၏ ဘဏ်ကတ်နံပါတ်ကို အလျင်အမြန် ပို့ပေးလိုက်လေ၏။
အကယ်၍ ရှန်ယန်းယန်း အား ဒေါသထွက်အောင် လုပ်မိပါက သူမသည် ယောက်ျားလေးအဆောင်ထဲသို့ တကယ်ပင် ပြေးဝင်လာနိုင်ပေသည်။
အဲဒီအချိန်ကျရင်...
ဟီးးဟီးး...
ယောက်ျားလေးတွေ အကုန်လုံးရဲ့ ရန်သူ ဖြစ်သွားမှာကို ငါ ကြောက်တယ်...
အဆောင်အောက်ဘက်၌
ရှန်ယန်းယန်း သည် ချန်ဖုန်း ပို့လိုက်သော ဘဏ်ကတ်နံပါတ်ကို မြင်တွေ့လိုက်ရ၏။
သူမက ကျေနပ်စွာ ပြုံးလိုက်သည်။
ရိုးရှင်းသော လုပ်ရပ်လေးတစ်ခုတည်းဖြင့် သူမကို အာရုံစိုက်နေကြသော ယောက်ျားလေးများ အားလုံးကို စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်သွားစေခဲ့ပြန်လေ၏။
ဟိုက်ရှားးဘားး...
နတ်သမီးလေးက တကယ်ကြီး ပြုံးလိုက်တာလား…
ရှန်ယန်းယန်း သည် သူမ၏ လုပ်ရပ်က ကြည့်ရှုသူများလွန်းသွားစေကြောင်း သတိပြုမိပုံ ရလေသည်။
သူမ၏ မျက်နှာ အနည်းငယ် နီမြန်းသွားရင်း သူမ ထိုနေရာမှ အလျင်အမြန် ထွက်ပြေးသွားလိုက်သည်။
ဤသည်မှာ သေးငယ်သော အဖြစ်အပျက်လေး တစ်ခုသာ ဖြစ်သော်လည်း မည်သည့်အရာမျှ ထာဝရ ဖုံးကွယ်ထား၍ မရနိုင်ချေ။
မကြာမီ လူတစ်ယောက်က တစ်ခုခုကို ရှာတွေ့သွားခဲ့သည်။
အဆောင်အောက်တွင် ရှန်ယန်းယန်း စောင့်နေသောသူမှာ ချန်ဖုန်း ပင် ဖြစ်လေ၏။
"ချန်ဖုန်းက ဘယ်သူလဲ... အဆောင် ၅ အခန်း ၄၀၈ က ချန်ဖုန်းလား..."
"ချီးပဲ... အဲဒီကောင်လေးက ဘာဖြစ်နေတာလဲ... ရှန်ယန်းယန်း က ဘယ်လိုလုပ် သူ့ကို သဘောကျသွားရတာလဲ..."
ဤအခိုက်အတန့်တွင်
လူတိုင်းက ချန်ဖုန်းအကြောင်းကို ပြောဆိုနေကြလေ၏။
ထိုအချိန်၌
အခန်းဖော်နှင့်အတူ ဈေးဝယ်ထွက်ရာမှ ယခုလေးတင် ပြန်ရောက်လာသော ရှန်ချင်သည် ဤမှတ်ချက်များကို ကြားချိန်တွင် မှင်တက်သွားရပေသည်။
ချန်ဖုန်း ဟုတ်လား... ရှန်ယန်းယန်း ဟုတ်လား...
အိုကေ...
သူတို့နှစ်ယောက်က သေချာပေါက် ဖောက်ပြန်နေတာပဲ...
သူမနှင့် ချန်ဖုန်း လမ်းခွဲခဲ့ပြီးပြီ ဖြစ်သော်လည်း…
လူအများစုတွင် ဤကဲ့သို့သော အတွေးမျိုး ရှိကြလေ၏။ အခြားသူများက မိမိထက် ပိုမိုကောင်းမွန်နေသည်ကို မမြင်ချင်ကြချေ။
အထူးသဖြင့် ရည်းစားဟောင်းတွေပေါ့...
လမ်းခွဲပြီးနောက် ရည်းစားအသစ် ရှာလို့ရပေမဲ့ ကိုယ့်ထက် ပိုလှတဲ့သူကိုတော့ လုံးဝ ရှာလို့မရဘူး...
ရှန်ချင်၏ ခံစားချက်မှာလည်း အတိအကျ ဤအတိုင်းပင် ဖြစ်ပေ၏။
"ချင်အာ... နင့်ရဲ့ ရည်းစားဟောင်းက အရမ်း ဆင်းရဲတာလေ... ရှန်ယန်းယန်း က ကျောင်းရဲ့အလှလေး လေးဦးထဲက တစ်ဦးကို... သူက ဘယ်လိုလုပ် ချန်ဖုန်းကို သဘောကျသွားရတာလဲ..."
အခန်းဖော် ဝမ်ယောင်ယောင် မှာလည်း ဇဝေဇဝါ ဖြစ်နေပုံရလေသည်။
ရှန်ချင် ရည်းစားသစ် ရသွားသည်ကို ဂုဏ်ပြုရန်အတွက် ၎င်းတို့နှစ်ဦး ဈေးဝယ်ထွက်ခဲ့ကြခြင်း ဖြစ်၏။
ဝမ်ဟိုင်သည် ကုမ္ပဏီ၏ အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်ပေသည်။
ရှန်ချင်ကို အလုပ်ရှာပေးနိုင်ရုံသာမက သူ၏ တစ်နှစ်စာ လစာ၊ အပိုဆုကြေးများနှင့် ကော်မရှင်ခများကို ပေါင်းလိုက်ပါက ယွမ်တစ်သန်းနီးပါး ရှိလေသည်။
သူက ချန်ဖုန်းထက် အများကြီး ပိုကောင်းတယ်…
ရှန်ချင်"သူ ဘာတွေးနေလဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ..."
ရှန်ချင်သည် စိတ်ထဲတွင် ရှုပ်ထွေးနေသည်ကို ခံစားလိုက်ရ၏။
ချန်ဖုန်းကို ဖယ်ရှားလိုက်နိုင်သဖြင့် သူမ ဝမ်းသာနေသင့်သော်လည်း လုံးဝ မပျော်ရွှင်နိုင်ဖြစ်နေချေသည်။
ယွမ် ၄၅ သန်းကျော်တန်တဲ့ အဲဒီ ပါဂါနီ ကြောင့်များလား...
ဒါမှမဟုတ် ဖြစ်နိုင်တာက...
တစ်ဖက်လူက ရှန်ယန်းယန်း ကို ယွမ် ၂.၄ သန်းတန် ပေါ်ရှေး တစ်စီး လက်ဆောင်ပေးလိုက်လို့များလား...
ဝမ်ယောင်ယောင် သည် ရှန်ချင်၏ စိတ်အခြေအနေ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွား၏။
သူမသည်လည်း လိမ္မာပါးနပ်စွာဖြင့် စကားလမ်းကြောင်း လွှဲလိုက်ကြသည်။
"ချင်အာ... အခု ငါတို့အဆောင်မှာ နင်က အခြေအနေ အကောင်းဆုံးပဲ... အလုပ်သင်နေရာ ရသွားရုံတင်မကဘဲ နင့်အခြေအနေက အရမ်းကောင်းနေတယ်..."
နင်က တစ်နှစ်ကို လစာ ယွမ်တစ်သန်းရတဲ့ ရည်းစားသစ်ကိုတောင် ရသွားသေးတယ်ဆိုတော့ ဘာမှ ပူပန်စရာ မလိုတော့ဘူးလေ...
"ငါကတော့… ငါလုပ်နိုင်တာဆိုလို့ ထီဝယ်ပြီး တစ်နေ့နေ့များ ပထမဆု ပေါက်မလားဆိုတာ စောင့်ကြည့်ဖို့ပဲ ရှိတယ်..."
ရှန်ချင် "ယောင်ယောင်... နင် အလုပ်သင်နေရာတစ်ခုပဲ ရှာလိုက်ပါတော့... ထီပေါက်ဖို့ဆိုတာ အဲဒီလောက် မလွယ်ပါဘူး..."
ရှန်ချင်က ခေါင်းခါလိုက်၏။
ဒီအခန်းဖော်က အမြဲတမ်း ချမ်းသာဖို့ကိုပဲ တွေးနေတာ...
အဲဒီလောက် မလွယ်ပါဘူး...
ချမ်းသာတဲ့ ယောက်ျားတစ်ယောက်ကို ဖမ်းဆွဲနိုင်တာက ပိုကောင်းပါတယ်…
သို့သော် ဝမ်ယောင်ယောင် မှာမူ အနည်းငယ် မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ "နင် သိလား... မနေ့က လူတစ်ယောက် ပထမဆု ပေါက်သွားတယ်..."
"ဆုကြေးငွေက ယွမ်သန်း ၉၀ တောင်နော်..."
"ယွမ်သန်း ၉၀ ဆိုတာ ဘာအဓိပ္ပာယ်လဲ... တစ်သက်လုံး သုံးရင်တောင် ကုန်မှာမဟုတ်ဘူး..."
စကားပြောနေစဉ်
သူမက ဖုန်းကိုထုတ်ကာ သတင်းဆောင်းပါးတစ်ခုကို ဖွင့်ပြလိုက်၏။ "တွေ့လား... ဒီလူပဲ..."
သူသည် ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားသဖြင့် မျက်နှာကို မမြင်ရပေ၊
သို့သော် သူမအနေဖြင့် ဒီလူက အရမ်း ငယ်ရွယ်တယ်ဆိုတာကို အကြမ်းဖျင်း ခန့်မှန်းလို့ရတယ်…
"ဟင်..."
ဝမ်ယောင်ယောင် က နောက်ထပ် ပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိသွား၏။ "ချင်အာ... ဒီလူရဲ့ ခန္ဓာကိုယ် အချိုးအစားက ချန်ဖုန်းနဲ့ တူတယ်လို့ နင် မထင်ဘူးလား..."
"ဟီးဟီး... တကယ်လို့ ငါသာ နင့်ရဲ့ ချန်ဖုန်းကို မသိခဲ့ဘူးဆိုရင်..."
"မဟုတ်ဘူး... နင့်ရဲ့ ရည်းစားဟောင်း ချန်ဖုန်းပါ... တကယ်လို့ သူက ဘယ်လိုလူစားမျိုးလဲဆိုတာကို ငါသာ မသိခဲ့ရင်..."
"ပထမဆု ပေါက်တဲ့လူက သူလို့တောင် ငါ ထင်လိုက်မိမှာ..."
"သူ ဟုတ်လား..."
ရှန်ချင်က ပြုံးလျက် ခေါင်းခါလိုက်သည်။
သူမ၏ မှတ်ဉာဏ်ထဲတွင် ချန်ဖုန်းသည် ထီဝယ်လေ့ မရှိသလောက်ပင် ဖြစ်၏။
သူ ဝယ်ခဲ့ရင်တောင် ပေါက်မယ့် ကံမျိုးမှ မရှိတာ…
ဝမ်ယောင်ယောင် "ချင်အာ... ကြည့်ပါဦး... ငါက ချန်ဖုန်းလို့ ပြောတာ မဟုတ်ပါဘူး... ဒီလူက ချန်ဖုန်းနဲ့ နည်းနည်း တူနေလို့ပါ..."
"ကောင်းပြီလေ... အဲဒါက ဖြစ်နိုင်လောက်မယ်လို့ ငါမထင်ဘူး..."
ရှန်ချင်သည် ဖုန်းကို မလိုလားစွာ ကောက်ကိုင်လိုက်ပြီး သတင်းထဲမှ ဓာတ်ပုံကို ကြည့်လိုက်၏။
သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တုန်ရီသွားပေသည်။
သူမလက်ထဲကဖုန်း မြေကြီးပေါ် ပြုတ်ကျလုနီးပါးပင် ဖြစ်သွားရ၏။
ချန်ဖုန်း၏ ရည်းစားဟောင်းတစ်ဦးအနေဖြင့် ချန်ဖုန်း၏ ရုပ်ပိုင်းဆိုင်ရာ ဝိသေသလက္ခဏာများကို သူမ ကောင်းစွာ ရှင်းလင်းစွာ သိရှိထားဆဲပင်၊
ရှေ့တွင်ရှိသော ဓာတ်ပုံ ကိုကြည့်လိုက်ရာ
ဒီလူဟာ တကယ်ပဲ ချန်ဖုန်းဖြစ်ကြောင်း အတည်ပြုရန် သူမ တစ်ချက်ကြည့်လိုက်ရုံသာ လိုအပ်ပေသည်။
အို ဘုရားရေ...
သူ တကယ်ကြီး ယွမ်သန်း ၉၀ ပေါက်သွားတာလား...
ဒါကြောင့်ကိုး...
4S အရောင်းပြခန်းမှာ သူရှိနေတုန်းက ယွမ် ၄၅ သန်းတန် ပါဂါနီ ကို တစ်ကြိမ်တည်းနဲ့ ဝယ်လိုက်တာ မဆန်းပါဘူးလေ...
ရှန်ယန်းယန်း ကို လိုက်ဖို့အတွက် ယွမ် ၂.၄ သန်းတန် ပေါ်ရှေး တစ်စီးကို ပေးလိုက်တာလည်း မဆန်းပါဘူး...
ဤအချိန်၌ ရှန်ချင်မှာ...
သူမ၏ နှလုံးသားသည် ဇောက်ထိုးမိုးမျှော် ဖြစ်သွားသကဲ့သို့ ခံစားချက်များ ရောထွေးနေပြီး အလွန်အမင်း နေရခက်နေခဲ့ပေ၏။
ဝမ်ယောင်ယောင် "ချင်အာ... ဘာဖြစ်လို့လဲ... ဘာလို့ မျက်နှာက အရမ်း ဖြူရော်နေတာလဲ..."
ရှန်ချင် "ဘာမှမဖြစ်ပါဘူး... ငါ တစ်ယောက်တည်း လမ်းလျှောက်ချင်လို့ပါ..."
ရှန်ချင်သည် ဖုန်းကို ဝမ်ယောင်ယောင် ထံ ပြန်ပေးလိုက်ပြီး ကျောင်းဝင်းထဲတွင် ရည်ရွယ်ချက်မရှိဘဲ တစ်ယောက်တည်း လျှောက်သွားနေခဲ့လေ၏။
သူမသည် သူမ၏ ဆုံးဖြတ်ချက်ကို ယခုအခါ စတင် မေးခွန်းထုတ်နေပြီ ဖြစ်သည်။
ရှန်ချင် "ငါ တစ်ခုခု မှားလုပ်မိသွားတာလား..."
အတိတ်ကို ပြန်တွေးကြည့်လျှင် ချန်ဖုန်းက အဲဒီလောက် ဆိုးရွားတာတော့ မဟုတ်ပါဘူးလေ...
သူက ရုပ်ဖြောင့်ပြီး ဆက်ဆံရေးအပေါ်မှာလည်း သစ္စာရှိတယ်...
ရင့်ကျက်ပြီး တည်ငြိမ်တယ်...
ချန်ဖုန်းအပေါ် သူမတွင် ခံစားချက်များ ရှိနေသေးကြောင်း ရှန်ချင် ရုတ်တရက် သဘောပေါက်သွားခဲ့၏…
ထိုအချိန်၌ ဖုန်းမြည်လာခဲ့သည်။
ဝမ်ဟိုင် ဖုန်းခေါ်လာခြင်း ဖြစ်ပေ၏။
ရှန်ချင် "အစ်ကိုဟိုင်... ဘာကိစ္စရှိလို့လဲ..."
ဝမ်ဟိုင် "ရှန်ချင်... မင်းက ငါ့ကို သေအောင် သတ်နေတာလား..."
"ချန်ဖုန်းမှာ ဘာအဆက်အသွယ်မှ မရှိဘူးလို့ မင်း ငါ့ကို ပြောခဲ့တယ် မဟုတ်လား... ချန်ဖုန်းက မွဲတေနေတယ်လို့ မင်း ငါ့ကို ပြောခဲ့တာလေ..."
"အခု ရလဒ်က ဘာဖြစ်သွားလဲ..."
"အဲဒီကောင်လေးက ထျန်ပေါင်ဂရုရဲ့ မန်နေဂျာချုပ်ကို သိနေရုံတင် မကဘူး..."
"သူ့ရဲ့ မြေကွက်အမှတ် (၁) က ယွမ်တစ်ဘီလီယံတောင် ရသွားတာကွ..."
"မင်း ငါ့ဘဝကို ဖျက်ဆီးပစ်လိုက်ပြီ..."
ဝမ်ဟိုင်မှာ တကယ်ကို ဒေါသထွက်နေခဲ့၏။
အကယ်၍ ရှန်ချင်က သူ့ကို လမ်းလွဲမပေးခဲ့ပါက အခြေအနေများက ဤသို့ ဖြစ်လာမည် မဟုတ်ချေ။
"အစ်ကိုဟိုင်... ရှင်... ရှင် ကျွန်မကို နောက်နေတာ မဟုတ်ဘူးမလား..."
ရှန်ချင်မှာ ဆွံ့အသွားရပေသည်။
ဝမ်ဟိုင် "သွားသေလိုက်... မင်းကို ဘယ်သူက နောက်နေလို့လဲ..."
"လစာတင် မကဘူး ငါ့အလုပ်ပါ ဆုံးရှုံးသွားပြီ... အကုန်လုံး မင်းကြောင့်ပဲ..."
"ငါ့ကို နောက်တစ်ခါ လာပြီး ဒုက္ခမပေးနဲ့တော့..."
" ပီးတော့... မင်းရဲ့ အလုပ်လည်း ပြုတ်သွားပြီ..."
ထိုသို့ပြောပြီးနောက်
သူသည် ဒေါသတကြီးဖြင့် ဖုန်းကို ချပစ်လိုက်လေ၏။
"ကျွန်မ..."
ရှန်ချင်၏ မျက်နှာသည် သေသူအလား ဖြူရော်သွားတော့သည်။
ဆက်တိုက် ရိုက်ခတ်လာသော ထိုးနှက်ချက်များကြောင့် သူမသည် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရလေ၏။
ချန်ဖုန်းဆီမှာ ယွမ်တစ်ဘီလီယံတောင် ရှိတာလား…