← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အခန်း (၂၂) တစ်ခုခု မှားယွင်းနေပြီ

နောက်နေတာလား...

ဒီလို ကန့်သတ်ချက်တွေရှိတဲ့ စွမ်းရည်လောက်နဲ့... မြို့ထဲက ကျွမ်းကျင်ဆရာဝန်ကြီး အမျိုးမျိုးနဲ့ သွားပြီး ဆက်သွယ်ဖို့ ငါက ဘယ်လိုလုပ် ရဲမှာလဲ... ပါးစပ်ဟလိုက်တာနဲ့ တစ်ပြိုင်နက်... ကိုယ့်အဆင့်ကိုယ် သိသွားကြမှာပဲ... သေချာပေါက် ပေါ်လာတော့မှာပဲ... ဒုက္ခပါပဲ...

ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်မှာ အလွန်အမင်း စိုးရိမ်ပူပန်နေပြီး အတွေ့အကြုံဖလှယ်ပွဲကို ဖျက်သိမ်းရန် ဆင်ခြေတစ်ခု ရှာချင်နေခဲ့ပေသည်။

တကယ်လို့သာ စတင်လိုက်ရင် ငါ့ရဲ့ အတုအယောင်တွေ ပေါ်သွားရုံသာမကဘဲ လူတိုင်းရှေ့မှာလည်း အရှက်ကွဲရတော့မှာ... အဲဒီအချိန်ကျရင် လုပ်ငန်းခွင် တစ်ခုလုံးက လူတွေ အကုန်သိသွားပြီး ငါ့အလုပ်ပါ ပြုတ်သွားနိုင်တယ်…

ဖန်ဝမ်ချောင်"ဆေးရုံအုပ်ကြီး... ကျွန်တော်... ဒီနေ့ မွန်းလွဲပိုင်းမှာ လုပ်စရာကိစ္စလေးတစ်ခု ရှိနေလို့... သိပ်အဆင်မပြေဘူး..."

ဆေးရုံအုပ်ကြီးက အချိန်ကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်၏။ “ဘာဖြစ်လို့လဲ…မြို့ထဲက ကျွမ်းကျင်ဆရာဝန်ကြီးတွေ မကြာခင် ရောက်လာတော့မယ်... အတွေ့အကြုံဖလှယ်ပွဲကို ကျော်လိုက်လို့ရပေမဲ့ ခွဲစိတ်မှုကတော့ ဆက်လုပ်ရမှာပဲ... မင်းက ဦးဆောင်ခွဲစိတ်ဆရာဝန် လုပ်ရမယ်... ငါတို့တွေ ဘေးကနေ လေ့လာစောင့်ကြည့်နေတာနဲ့ အတူတူပါပဲ..."

"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်..." ဆရာဝန်ကြီး ဝမ်ယွီက အဆက်မပြတ် ခေါင်းညိတ်လိုက်သည်။

ဒီလောက်ကောင်းတဲ့ အတွေ့အကြုံဖလှယ်ခွင့်မျိုးကို သူက ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မည်နည်း။

ဆရာဝန်ကြီး ဝမ်ယွီက"ငါ့သူငယ်ချင်းတွေ နာရီဝက်နေရင် ရောက်လာလိမ့်မယ်... လူနာလည်း လာနေပြီ... ငါတို့ ခွဲစိတ်ခန်းထဲမှာပဲ တွေ့ကြမလား... အဲဒီ အတွေ့အကြုံဖလှယ်ပွဲတွေ အကုန်လုံးက ဟန်ပြသက်သက်ပါပဲ... တိုက်ရိုက် ခွဲစိတ်မှုပဲ လုပ်လိုက်ကြတာပေါ့... ငါတို့က ဘေးကနေပဲ ကြည့်နေပါ့မယ်... အဲဒီလိုဆိုရင် ညွှန်ကြားရေးမှူးဖန် ရဲ့ စွမ်းရည်တွေကို ပိုပြီး ကောင်းကောင်း ပြသနိုင်မှာပေါ့..."

"ကောင်းပြီလေ..." ဆေးရုံအုပ်ကြီးက အလျင်အမြန် မတ်တတ်ရပ်လိုက်၏။ "ညွှန်ကြားရေးမှူးဖန်... အခုချက်ချင်း သွားပြင်ဆင်လိုက်တော့... လူနာရောက်တာနဲ့ ချက်ချင်း ခွဲစိတ်မှု စတင်မယ်..."

"ကျွန်တော်..." ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်မှာ ယခုအခါ အခက်တွေ့နေလေပြီ။

အခုလို အခြေအနေမျိုး ရောက်နေမှတော့ သူက ဘယ်လိုလုပ် ငြင်းဆန်နိုင်တော့မည်နည်း။

သူ မလှုပ်မရှား ဖြစ်နေသည်ကို မြင်သောအခါ ဆေးရုံအုပ်ကြီးမှာလည်း အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပေသည်။

ဘာဖြစ်နေတာလဲ... ခွဲစိတ်မှုလေး တစ်ခု အောင်မြင်သွားလို့ ချီးကျူးစကားလေး နည်းနည်း ပြောလိုက်ရုံနဲ့တင် မင်းက အခုကတည်းက အောက်​ခြေလွတ်နေပြီလား…

ဖန်ဝမ်ချောင်"ဆေးရုံအုပ်ကြီး…

ကျွန်တော်... ကျွန်တော် မလုပ်နိုင်ဘူး..."

"ဘာလို့ မလုပ်နိုင်ရမှာလဲ..."

ဆေးရုံအုပ်ကြီး၏ မျက်နှာ မှောင်မိုက်သွားပြီး တကယ်ပင် ဒေါသထွက်သွားခဲ့၏။ "ဒါက သေးငယ်တဲ့ ခွဲစိတ်မှုလေးတစ်ခုပါ... မင်းရဲ့ အချိန်တွေ အများကြီး ယူမှာ မဟုတ်ပါဘူး... ရှောင်ဖန်... မင်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ သင်ယူသင့်တယ်... အရမ်းကြီး မလွန်စေနဲ့နော်..."

"ကျွန်တော်..."

ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်မှာ ငိုချင်စိတ်ပင် ပေါက်လာတော့သည်။ ရင်ထဲမှာလည်း ထိတ်လန့်မှုတွေနဲ့အတူ ပြင်းထန်စွာ ခုန်ပေါက်နေခဲ့၏။

သူ ဆက်လက်၍ ဖုံးကွယ်မထားရဲတော့ဘဲ အလျင်အမြန် ပြောဆိုလိုက်သည်။ "ဆေးရုံအုပ်ကြီး... အဲဒီ... အဲဒီခွဲစိတ်မှုကို ကျွန်တော် လုပ်ခဲ့တာ မဟုတ်ပါဘူး... ကျွန်တော် တကယ် မလုပ်တတ်ဘူး... ကျွန်တော့်လည်ပင်းကို ဓားနဲ့ လာထောက်ထားရင်တောင် အဲဒီလို ခွဲစိတ်မှုမျိုးကို မလုပ်နိုင်ပါဘူး..."

ဆေးရုံအုပ်ကြီးက"ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောစမ်း..."

"ဒီလိုပါ... ဆေးရုံအုပ်ကြီးတို့ ပြန်မရောက်လာခင်က ချန်ဖုန်း ဆိုတဲ့ ကောင်လေး တစ်ယောက်..."

ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်က အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြောပြလိုက်သည်။

နားထောင်နေရင်း ဆေးရုံအုပ်ကြီးမှာ ပို၍ပို၍ ဒေါသထွက်လာခဲ့၏။

ဖြန်းခနဲ အသံနှင့်အတူ။ ပါးရိုက်ချက်တစ်ခုက ဖန်ဝမ်ချောင်၏ မျက်နှာပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားပေသည်။

"ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်... မင်း ဒီလိုလုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး... ငါတို့က ဆရာဝန်တွေကွ... အသက်တွေကို ကယ်တင်ပေးနေတဲ့ ဆရာဝန်တွေလေ... မင်း ဘာလုပ်သင့်တယ် ဘာမလုပ်သင့်ဘူးဆိုတာကို မသိဘူးလား..."

ဖန်ဝမ်ချောင်"ဆေးရုံအုပ်ကြီး..."

"ငါ့ကို ဆေးရုံအုပ်ကြီးလို့ မခေါ်နဲ့..." ဆေးရုံအုပ်ကြီးက ဒေါသတကြီး ပြောဆိုလိုက်၏။ "တကယ်လို့ ငါကသာ မမေးခဲ့ဘူးဆိုရင်... ဒီကိစ္စကို ဘယ်လောက်ကြာကြာ လျှို့ဝှက်ထားဦးမလို့လဲ..."

ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်က ခေါင်းငုံ့ကာ သတိထားလျက် ပြောဆိုလိုက်သည်။"ဆေးရုံအုပ်ကြီး... ဒါက ကိစ္စသေးသေးလေးပါ...

အဆိုးဆုံးကတော့ ကျွန်တော် ညွှန်ကြားရေးမှူး ရာထူးကို စွန့်လွှတ်လိုက်ရုံပေါ့... မြို့ထဲက ကျွမ်းကျင်ဆရာဝန်ကြီးတွေကို ပြန်လွှတ်လိုက်ပါ..."

ဆေးရုံအုပ်ကြီးမှာ အလွန်အမင်း ဒေါသထွက်နေခဲ့သည်။ "သောက်... အဲဒီလို အရှက်ကွဲတာမျိုးကို ငါ လက်မခံနိုင်ဘူး...

ဒါက ကိစ္စသေးသေးလေးလို့ မင်း ထင်နေတာလား... တကယ်လို့ သတင်းသာ ပေါက်ကြားသွားရင် ဆေးရုံကြီးတော့ ပျက်စီးသွားတော့မှာပဲ... ပြီးတော့ မစ်ရွှီက ချန်ဖုန်းကို ကျေးဇူးဆပ်ဖို့ ယွမ်ငါးသန်းတောင် ပေးခဲ့သေးတယ်... တကယ်လို့ မင်းကသာ အဲဒါကို လက်ခံလိုက်ရင်... အဲဒါက လိမ်လည်မှုပဲကွ... မင်း ထောင်ကျတော့မယ်ဆိုတာ သိရဲ့လား..."

ဆေးရုံအုပ်ကြီးသည် နောက်ဆုံးစကားကို အော်ဟစ်လုနီးပါး ပြောဆိုလိုက်ပေ၏။

"အာ..." ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်သည် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။ ကိစ္စများ ဤမျှလောက်အထိ ကြီးလေးသွားလိမ့်မည်ဟု သူ တကယ်ပင် မထင်မှတ်ထားခဲ့ချေ။

"ဒီနေ့ ခွဲစိတ်စရာ မလိုတော့ဘူး... မင်းကို အခုချက်ချင်း တာဝန်ကနေ ရပ်ဆိုင်းလိုက်ပြီ... ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ဆွေးနွေးပြီးမှ အကြောင်းပြန်မယ်..."

စကားတစ်ခွန်း ချန်ရစ်ခဲ့ပြီးနောက် ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်ကြီး ဝမ်ယွီတို့သည် ဒေါသတကြီး ထွက်ခွာသွားကြလေ၏။

"မြန်မြန်... ချန်ဖုန်းကို သွားရှာကြစမ်း..."

ယခုအခါ ၎င်းတို့သည် ဆေးရုံ၏ ဂုဏ်သတင်းကို ကယ်တင်လိုကြပေသည်။ ချန်ဖုန်းကို ရှာတွေ့မှသာ ဖြစ်နိုင်မည် ဖြစ်၏။ သူတို့သည် လူနာဆောင်သို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်။ ယခင်က ချန်ဖုန်း၏ ဖခင်ဖြစ်သူ ဒဏ်ရာများ ကုသခဲ့စဉ်က လိပ်စာနှင့် ဖုန်းနံပါတ်ကို ထိုနေရာတွင် ရှာတွေ့နိုင်ပေလိမ့်မည်။

အခြားတစ်ဖက်တွင် ချန်ဖုန်းသည် နှစ်ခေါက်ခန့် သွားရောက်ပြီးနောက် သူ၏ မိဘများကို အိမ်သို့ အောင်မြင်စွာ ခေါ်ဆောင်လာနိုင်ခဲ့၏။

ကျေးရွာထဲသို့ ဖြတ်သန်းသွားချိန်တွင် ၎င်းက သေချာပေါက် အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့ပြီး လူအများအပြား စုရုံးရောက်ရှိလာကြပေသည်။ အထူးသဖြင့် သူ၏ ဖခင်ဖြစ်သူ ထိုအပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရချိန်၌ ၎င်းတို့၏ ပါးစပ်များမှာ ဘဲဥတစ်လုံး ဝင်ဆန့်လောက်အောင်အထိ ဟအက်သွားကြတော့၏။

သူ၏ ဖခင်ဖြစ်သူမှာလည်း ထိုအရာအတွက် အလွန် ဂုဏ်ယူနေခဲ့ပေသည်။

အိမ်သို့ ရောက်ရှိချိန်တွင်

ခွေးဖြူလေးတစ်ကောင်က စိတ်လှုပ်ရှားစွာ ပြေးလာပြီး ချန်ဖုန်းအား အမြီးကို ပြင်းပြင်းထန်ထန် ခါရမ်းပြနေခဲ့၏။

"ရှောင်ပိုင်..."

ချန်ဖုန်းက ရယ်မောကာ ၎င်းကို ပွေ့ချီလိုက်သည်။ ၎င်းမှာ အိမ်တွင် မွေးမြူထားသော မျိုးစပ်ခွေးလေးတစ်ကောင် ဖြစ်ပြီး အတော်လေး သေးငယ်လှပေ၏။

ယခင်က ကျေးလက်ဒေသရှိ လူများသည် အိမ်နှင့် ပိုင်ဆိုင်မှုများကို စောင့်ရှောက်ရန်အတွက် ဒေသခံ ခွေးကြီးများကို မွေးမြူလေ့ရှိကြပေသည်။ ဒါပေမဲ့ မကြာသေးမီ နှစ်များအတွင်း နှစ်စဉ်နှစ်တိုင်း တရုတ်နှစ်သစ်ကူးကာလ ဝန်းကျင်တွင် သူခိုးသူဝှက် အချို့က ခွေးများကို ခိုးယူရန် နည်းလမ်းအမျိုးမျိုး အသုံးပြုလာကြလေ၏။

နောက်ပိုင်းတွင် အခြားရွေးချယ်စရာ မရှိတော့သဖြင့် သေးငယ်သော ခွေးများကိုသာ မွေးမြူနိုင်ကြတော့သည်။ ပစ်မှတ်က သေးငယ်သောကြောင့် အခြားသူများက ခိုးယူရန် စိတ်မဝင်စားကြတော့ချေ။

ချန်ဖုန်း ခွေးလေးနှင့် ကစားနေသည်ကို မြင်သောအခါ မိခင်ဖြစ်သူက ပြုံးလျက် ပြောဆိုလိုက်၏။ "ဖုန်းဇီ... အရင်ဆုံး နားလိုက်ဦး... အမေနဲ့ အဖေက ကြက်တစ်ကောင်သတ်ပြီး သားအတွက် ဟင်းကောင်းကောင်းလေး ချက်ပေးမယ်..."

နာရီဝက် ကြာပြီးနောက် အရသာရှိသော နေ့လယ်စာတစ်နပ် အဆင်သင့် ဖြစ်သွားခဲ့ပေပြီ။

ဟင်းလျာ သုံးခွက်သာ ရှိသော်လည်း ချန်ဖုန်းအတွက်မူ ဤသည်မှာ သူ တစ်သက်လုံး စားဖူးသမျှထဲတွင် အရသာအရှိဆုံး နေ့လယ်စာပင် ဖြစ်လေ၏။

ထို့နောက် သူက ဘဏ်ကတ်တစ်ကတ်ကို ထုတ်ယူလိုက်သည်။ "အမေ... အမေက မြို့ကို မလိုက်ချင်ဘူးဆိုတော့ ဒီကတ်ကို ယူထားလိုက်ပါ... အဲဒီထဲမှာ ယွမ်ဆယ်သန်း ရှိတယ်... နေ့စဉ် အသုံးစရိတ်တွေအတွက် ပိုက်ဆံကို အဲဒီကနေ တိုက်ရိုက် ထုတ်သုံးလို့ ရတယ်... တကယ်လို့ မလောက်ဘူးဆိုရင် သား ထပ်ပြီး လွှဲပေးမယ်..."

မိခင်ဖြစ်သူက ကတ်ကို အလျင်အမြန် သိမ်းဆည်းလိုက်ပြီး ပြောဆိုလိုက်၏။

"လောက်ပါပြီ... လောက်ပါပြီ...သား

အဖေနဲ့ အမေက ပုံမှန်ဆို အများကြီး မသုံးပါဘူး... သားကတ်ထဲက ပိုက်ဆံတွေကို သား အိမ်ထောင်ကျတဲ့အခါ သုံးဖို့ စုထားပေးမယ်..."

"အဲဒီလောက်ကြီး ချွေတာနေစရာ မလိုပါဘူး... သားမှာ အရာအားလုံး လိုအပ်ကောင်း လိုအပ်နေနိုင်ပေမဲ့ ပိုက်ဆံကတော့ မလိုဘူးလေ..."

ချန်ဖုန်းက ရယ်မောလိုက်သည်။

သူ မိဘများကို ပိုက်ဆံ အများကြီး မပေးခဲ့ချေ။ ဘာပဲဖြစ်ဖြစ် သူတို့ အရွယ်လူတွေက အလွယ်တကူ လိမ်လည်ခံရတတ်ပေသည်။ ယာယီသုံးစွဲရန် ယွမ်ဆယ်သန်း ပေးထားခြင်းက အနေတော်ပင် ဖြစ်လေ၏။

မွန်းလွဲပိုင်းတွင် သူသည် ကျေးရွာထဲ၌ တစ်ယောက်တည်း လမ်းလျှောက်ထွက်လာခဲ့သည်။ မူလက မိဘအိမ်ဟောင်းကို ဖြိုချပြီး ဇိမ်ခံဗီလာတစ်လုံး အစားထိုး တည်ဆောက်ရန် ရည်ရွယ်ထားခဲ့၏။

ဒါပေမဲ့ ကျေးရွာထဲရှိ လမ်းများမှာ အလွန် ဆိုးရွားလွန်းလှသဖြင့် ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အလွန် ခက်ခဲနေပေသည်။

‘လမ်းအရင်ဖောက်မှ ဖြစ်မယ်…’

ခဏတာ တွေးတောပြီးနောက် ချန်ဖုန်းသည် ကျေးရွာကော်မတီရုံးသို့ သွားရောက်ခဲ့သည်။

"ဟေး... ဒါ ဖုန်းဇီ မဟုတ်လား..."

ကျေးရွာလူကြီးကျန်းမှာ ချန်ဖုန်းနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်နေခဲ့၏။ ဘာပဲဖြစ်ဖြစ် သူတို့က တစ်ရွာတည်းသားတွေလေ ‘...ဒီကောင်လေးက မြို့ထဲက တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်နေတယ်လို့ ကြားပေမဲ့ ဘာကြောင့် ပြန်ရောက်လာမှန်းတော့ မသိပါလားဟု…ရွာလူ​ကြီးကျန်း တွေးလိုက်တယ်….’

ချန်ဖုန်းသည်လည်း သူနှင့် အခမ်းအနားလုပ်ကာ ယဉ်ကျေးနေခြင်း မရှိခဲ့ပေ။ သူသည် ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်၏။

ချန်ဖုန်း"ကျေးရွာလူကြီးကျန်း... ကျွန်တော်တို့ ရွာကလမ်းတွေက သွားလို့မရဘူး... မိုးရွာတာနဲ့ ရွှံ့ဗွက်တွေပဲ ဖြစ်ကုန်တာ... ကွန်ကရစ်လမ်း ဖောက်ဖို့ရော မစဉ်းစားဖူးဘူးလား..."

"မင်းကတော့ ကိုယ်တိုင် မခံစားရတော့ ပြောရတာ လွယ်တာပေါ့..."

ကျေးရွာလူကြီးကျန်းက မျက်လုံးကို လှန်ကြည့်လိုက်သည်။ "လမ်းဖောက်တာက ပိုက်ဆံမကုန်ဘူးလား... ငါတို့ရွာမှာ ပင်မလမ်းမကြီး လေးခုရှိတယ်... အကုန်လုံးကို ပြုပြင်ဖို့ဆိုရင် အနည်းဆုံး ယွမ်သုံးသန်းလောက် ကုန်ကျလိမ့်မယ်... အခု လက်ရှိ စီးပွားရေးကလည်း ကျပ်တည်းနေတော့ အစိုးရက ရန်ပုံငွေ ချပေးလို့ မရဘူးလေ... ယွမ်သုံးသန်းကို မေ့ထားလိုက်... ယွမ် သုံးသိန်းတောင် အတည်ပြုပေးနိုင်မှာ မဟုတ်ဘူး... မင်းဆီမှာရော ဘယ်က ပိုက်ဆံရှိလို့လဲ... မင်းက ငါ့ကို လာပေးမလို့လား..."

ချန်ဖုန်း"ကျွန်တော် ပေးမယ်လေ..."

"ခွေးချီးကို လာပေးမှာလား..."

ကျေးရွာလူကြီးကျန်း စကားပြောပြီးသည်နှင့် ရုတ်တရက် အေးခဲသွားလေ၏။ "မင်း အခုလေးတင် ရွာလမ်းဖောက်ဖို့ ပိုက်ဆံပေးမယ်လို့ ပြောလိုက်တာလား... ငါ့ကို လာမလိမ်နဲ့နော်... မင်း ကျောင်းတက်နိုင်ဖို့ မင်းရဲ့ မိဘတွေက အများကြီး ဒုက္ခခံခဲ့ရတာလို့ ငါ ကြားထားတယ်... မိသားစု စုဆောင်းငွေတွေ အကုန်လုံးတောင် ကုန်သလောက် ဖြစ်နေပြီလေ... မင်းက ဘယ်လောက် ပေးနိုင်မှာလဲ... သုံးထောင်လား ဒါမှမဟုတ် သုံးရာလား..."

စကားပြောနေရင်း သူက လူကို စတင်နှင်ထုတ်လာခဲ့၏။ "မင်း အခုချက်ချင်း အိမ်ပြန်တာ ပိုကောင်းမယ်... ဒီမှာ လာပြီး ငါ့ကို နောက်မနေနဲ့..."

All Chapters