← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇) စာသင်ခန်းထဲမှ ရုတ်ရုတ်သဲသဲဖြစ်မှု

အိမ်တွင် နှစ်ရက်ခန့် နေလိုက်၏။

တနင်္လာနေ့တွင် ချန်ဖုန်းသည် မနက်စောစော ကျောင်းသို့ အလျင်အမြန် သွားခဲ့ပေသည်။

အိမ်ရှိကိစ္စများကို သူ စီစဉ်ပြီးသွားခဲ့ပြီ ဖြစ်၏။ မိဘများ နေထိုင်ရန် အိမ်နှင့်ပတ်သက်၍မူ ရွာလမ်းဖောက်လုပ်ပြီးစီးသည်အထိ စောင့်ဆိုင်းကာမှ အစီအစဉ်သစ် ဆွဲရပေမည်။

ကျန်တဝေ ထံတွင် ထျန်ပေါင်ဂရု မှ ဆောက်လုပ်ရေးအဖွဲ့ ရှိလောက်ပေသည်။

သူတို့ကို ကုန်ကျစရိတ် တွက်ချက်ခိုင်းပြီးနောက် ပရောဂျက်တစ်ခုလုံးကို ကျန်တဝေ ထံ အပ်နှင်းလိုက်နိုင်သည်။

ကျေးလက်ဒေသတွင် အလွန်ဈေးကြီးသောအိမ်များ တည်ဆောက်ရန် မလိုအပ်ချေ။

ယွမ်နှစ်သန်းခန့်ဆိုလျှင် လုံလောက်ပေပြီ။

မနက် ၈ နာရီခန့်တွင် ချန်ဖုန်း ကျောင်းသို့ ရောက်ရှိသွားလေ၏။

နောက်ဆုံးနှစ် ကျောင်းသားများအနေဖြင့် အလုပ်သင်ဆင်းရန် နေရာရှာတွေ့ပါက အတိုင်ပင်ခံအရာရှိထံ လျှောက်လွှာတင်နိုင်ပြီး အတန်းတက်ရန် မလိုအပ်တော့ချေ။

ဘွဲ့ယူရန်အတွက်မူ စာမေးပွဲ ဖြေဆိုရမည် ဖြစ်သည်။

သို့သော် မည်သူမျှ အလုပ်သင်နေရာ မရှာတွေ့ခဲ့ကြပေ။

ထို့ကြောင့် အတန်းတက်ရန် မဖြစ်မနေ လိုအပ်လေသည်။

သို့မဟုတ်ပါက ခရက်ဒစ်များ ဆုံးရှုံးမည်ဖြစ်ပြီး ကျရှုံးပါက ဘွဲ့လက်မှတ်ပင် ရရှိမည်မဟုတ်ချေ။

ထိုစဉ် သူ၏ အခန်းဖော် ယန်ချီ က အလောတကြီး ဖုန်းခေါ်လာခဲ့၏။ "တတိယအစ်ကို... မင်း ဘာလို့ မရောက်သေးတာလဲ... အတန်းစတော့မယ်..."

ချန်ဖုန်းက"ဘာတွေ လောနေတာလဲ... အရင်က ကောင်မလေးတွေ လိုက်ငမ်းတုန်းကတောင် မင်းတို့တွေ ဒီလောက် လောနေတာ မတွေ့ဖူးပါဘူး..."

ချန်ဖုန်းမှာ ပြောစရာမဲ့ ဖြစ်သွားရတော့သည်။

မနက်ပိုင်း အတန်းမှာ အခြားဌာနများမှ ကျောင်းသားများပါ တက်ရောက်လေ့ရှိသော ပူးပေါင်းအတန်းဖြစ်ကြောင်း သူ မှတ်မိလိုက်၏။

လူအတော်များများ ရှိတတ်ပေသည်။

မည်သို့ပင်ဆိုစေ ဆရာက မည်သူမည်ဝါမှန်း သိမည်မဟုတ်ချေ။

ထို့ကြောင့် ပုံမှန်အခြေအနေများအောက်တွင် မည်သူမျှ အလေးအနက် မထားကြပေ။

ယန်ချီ က အံ့အားသင့်စွာ ပြောဆိုလိုက်၏။ "မင်း မသိဘူးလား... ဒီပူးပေါင်းအတန်းက စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဌာန နဲ့ ပေါင်းလုပ်တာလေ... ပြီးခဲ့တဲ့အပတ်က အတန်းဂရုထဲမှာ ကြေညာထားပြီးသား..."

"စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဌာန မှာ ကောင်မလေးချောချောတွေ အများကြီးပဲ... ရှန်ယန်းယန်း လည်း စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဌာန ကပဲလေ..."

ချီးပဲ...

ချန်ဖုန်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားလေ၏။

ဒါကြောင့် သူတို့ ဒီလောက် လောနေကြတာကိုး... ကောင်မလေးတွေကို လိုက်ငမ်းချင်နေကြတာပဲ ဖြစ်ရမယ်။

"ငါရောက်ပြီ... ငါ့အတွက် နေရာတစ်ခု ဦးထားပေးဦး..."

ကားပါကင်ထိုးပြီးနောက် သူသည် စာသင်ခန်းဆီသို့ လျှောက်သွားလိုက်သည်။

ချန်ဖုန်းကို အံ့အားသင့်စေခဲ့သည်မှာ...

စာသင်ခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် လူတစ်စု၏ အာရုံစိုက်မှုကို သူ ဆွဲဆောင်သွားခဲ့ခြင်းပင်။

ယမန်နေ့က သူနှင့် ရွှီချင်းချန် တို့ အတူရိုက်ထားသော ဓာတ်ပုံသည် အတန်းဂရုထဲတွင် အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့ပြီး လူတိုင်းက ၎င်းတို့၏ ပတ်သက်မှုကို သိချင်နေကြပေ၏။

အခြားတစ်ဖက်တွင်လည်း

ကျောင်းသူအလှလေး လေးဦးအနက် တစ်ဦးဖြစ်သော ရှန်ယန်းယန်း သည် လွန်ခဲ့သော နှစ်ရက်ခန့်က ချန်ဖုန်းနှင့် တွဲနေသည်ဟု ကောလာဟလ ထွက်နေခဲ့သေးသည်။

ဤသည်ကလည်း ၎င်းတို့ကို အလွန်အမင်း အံ့အားသင့်စေခဲ့၏။

ဤအချိန်၌ လူအချို့က စတင်ဆွေးနွေးလာကြလေသည်။

"ငါတို့အတန်းက ချန်ဖုန်း က ဒီလောက် ဆွဲဆောင်မှုရှိမယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး... နာမည်ကြီးတွေနဲ့ သိရုံတင်မကဘူး... ရှန်ယန်းယန်း တောင် သူ့ကို ကြိုက်နေတာ..."

"နေပါဦး... သူနဲ့ ငါတို့အတန်းက ရှန်ချင် နဲ့က ရည်းစားတွေ မဟုတ်ဘူးလား..."

"အဲဒါက အတိတ်က ဇာတ်လမ်းတွေပါ... မင်း မသိဘူးလား... လွန်ခဲ့တဲ့ နှစ်ရက်က ရှန်ချင် က သူ့ကို ဖြတ်သွားတယ်လို့ ကြားတယ်..."

ဘေးမှ ကြည့်ရှုနေသူများမှာ တီးတိုးပြောဆိုနေကြပေသည်။

အထူးသဖြင့် အတန်းထဲရှိ အတင်းအဖျင်းပြောဆိုတတ်သော ကောင်မလေးအချို့မှာ အတွင်းရေးများကိုပင် တူးဖော်သိရှိထားကြပြီ ဖြစ်၏။

"ဟင်..."

ကောင်မလေးတစ်ယောက်က ဝင်လာသော ချန်ဖုန်းအား လှမ်းကြည့်လိုက်သည်။

သူမက သံသယဖြင့် မေးမြန်းလိုက်၏။ "ချန်ဖုန်း ပလပ်စတစ်ဆာဂျရီ လုပ်လာတယ်လို့ မထင်ဘူးလား... သူက လုံးဝ တခြားတစ်ယောက်လိုပဲ... ပိုချောလာသလိုပဲ..."

သူမက သတိပေးလိုက်ပြီးနောက်

ဘေးနားရှိလူများ ချက်ချင်း သဘောပေါက်သွားကြလေ၏။ "တကယ်ပဲ... သူ တကယ်ကြီး ပလပ်စတစ်ဆာဂျရီ သွားလုပ်လာတာတော့ မဟုတ်ပါဘူးနော်..."

ကောင်မလေးများ၏ စူးရှသော အကြည့်များကို သူ သတိပြုမိသွားပေသည်။

ချန်ဖုန်းသည် အခန်းဖော် နေရာဦးထားပေးသော ခုံဆီသို့ အလျင်အမြန် သွားကာ ထိုင်လိုက်၏။

"တတိယညီ... မင်းမျက်နှာကို ဘယ်မှာ သွားပြင်လာတာလဲ... နည်းနည်းပါးပါး ပြင်လာတာလား... အရင်ကထက် အများကြီး ပိုချောလာတယ်..."

အစ်ကိုကြီး တိုင်ဖုန်း က မနေနိုင်ဘဲ သူ၏ ပါးကို ဆွဲညှစ်လိုက်လေသည်။

သူ၏ မျက်လုံးများက စူးရှသော အလင်းရောင်များဖြင့် တောက်ပနေခဲ့၏။

ချန်ဖုန်း၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရပေသည်။

ချီးပဲ...

ဒီကောင်နဲ့ ရေချိုးခန်း အတူတူ လုံးဝ သွားမချိုးတော့ဘူး... တကယ်လို့ ငါ ဆပ်ပြာခဲ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ...

အရမ်း အန္တရာယ်များတယ်…

ချန်ဖုန်း"တော်ပါတော့... တော်ပါတော့... ငါ့ကို လာမဆွဲနဲ့တော့... ငါက အမြဲတမ်း ဒီလိုပဲ ချောနေတာ... ဘာလုပ်ဖို့ ပလပ်စတစ်ဆာဂျရီ လုပ်ရမှာလဲ..."

တိုင်ဖုန်း က မျက်လုံးကို လှန်ကြည့်ကာ ပတ်ပတ်လည်ကို အကဲခတ်ရင်း ပြောဆိုလိုက်၏။ "ကြိုပြောထားမယ်...လေလုံးမထွားနဲ့တော့

မင်းရဲ့ အချစ်ပြိုင်ဘက် ရောက်နေပြီ..."

"ဘာ အချစ်ပြိုင်ဘက်လဲ..."

ချန်ဖုန်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

သူက လက်ရှိ ရည်းစားပင် မရှိသေးရာ မည်သည့်နေရာမှ အချစ်ပြိုင်ဘက် ရောက်လာရမည်နည်း။

ဘေးတွင် ရပ်နေသော ယန်ချီ က မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်၏။ "တတိယအစ်ကို... ရှန်ယန်းယန်း အတန်းမလာတာကို မင်း သတိမထားမိဘူးလား... သူက ဒီလို ပူးပေါင်းအတန်းမျိုးကို ဘယ်တော့မှ မလစ်တတ်ဘူး..."

အခုထိ ပေါ်မလာသေးဘူးဆိုတော့ သူတို့ လာမှာ မဟုတ်တော့ဘူး…

ချန်ဖုန်း "..."

အစပိုင်းက အဆက်အသွယ်ရှိခဲ့သည်မှလွဲ၍ ချန်ဖုန်းသည် ရှန်ယန်းယန်း အပေါ် ဆက်လက်၍ အာရုံစိုက်မှု မရှိခဲ့ချေ။

ရုပ်ရည်ပိုင်းအရပြောရလျှင်

ရှန်ယန်းယန်း သည် တကယ်ကို လှပပြီး ဝတ်တတ်စားတတ်ကာ အလွန် ဆွဲဆောင်မှုရှိစွာ ဝတ်ဆင်တတ်ပေသည်။

အနည်းငယ် ခေါင်းမာတတ်သည်မှလွဲ၍

အခြား အပြစ်ပြောစရာ မရှိချေ။

ယခင်ကသာ ဤကဲ့သို့သော ကျောင်းသူအလှလေးတစ်ဦးနှင့် ရင်းနှီးခွင့်ရမည်ဆိုပါက သူမအား လိုက်ရန်အတွက် နည်းလမ်းပေါင်းစုံ သုံးခဲ့မည်မှာ သေချာပေ၏။

သို့သော် ရှန်ချင် နှင့် လမ်းခွဲပြီးကတည်းက

ချန်ဖုန်း၏ စိတ်နေသဘောထားများ ပြောင်းလဲသွားခဲ့ပြီး အရာအားလုံးကို သဘာဝအတိုင်းသာ လွှတ်ထားလိုက်လေသည်။

ဘာပဲဖြစ်ဖြစ် ငါက အစပြုမလုပ်ရင်တောင် ကောင်မလေးတွေက ငါ့ဆီ ရောက်လာမှာပဲလေ...

ဟုတ်တယ်...

အဲဒါက ယုတ္တိရှိတယ်…

ယန်ချီ က ဆက်ပြောလိုက်၏။ "ရှန်ယန်းယန်း ကို လိုက်နေတဲ့ ကျောက်တုန်းလိုင် ရောက်လာပြီ... အဲဒီ ဒုတိယမျိုးဆက် သူဌေးသားက ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ရှန်ယန်းယန်း ကို အမြဲ နှောင့်ယှက်နေခဲ့တာ..."

ဒီနေ့ ရှန်ယန်းယန်း ကို ချစ်ခွင့်ပန်မယ်လို့ ကြားတယ်...

"ဒါနဲ့... ညီလေး မင်းက ဘာလို့ နည်းနည်းလေးမှ မစိုးရိမ်တာလဲ... ရှန်ယန်းယန်း က မင်းရဲ့ ကောင်မလေး မဟုတ်ဘူးလား..."

ချန်ဖုန်း၏ မျက်နှာ မှောင်မိုက်သွားလေ၏။

"လျှောက်မပြောနဲ့...ငါက ငါပဲ... သူက သူပဲ... သူက ငါ့ကောင်မလေးလို့ ဘာကို ဆိုလိုတာလဲ..."

ယန်ချီ "ပြီးခဲ့တဲ့တစ်ခေါက်က... သူ မင်းကို ယောကျာ်းလေးအဆောင် အောက်မှာ လာရှာတယ် မဟုတ်ဘူးလား..."

ချန်ဖုန်း"ငါ့ကို လာရှာတော့ ဘာဖြစ်လဲ... သူက ငါ့ကို ချစ်ခွင့်မှ မပန်ခဲ့တာ..."

"ချီးပဲ..."

ဤသည်ကို ကြားချိန်တွင် ချန်ဖုန်း၏ အခန်းဖော်များသည် သူ့ကို ထိုးကြိတ်ချင်စိတ်များပင် ပေါက်လာတော့၏။

သူက ငါ့ကို ချစ်ခွင့်မှ မပန်ခဲ့တာတဲ့လား...

ဒီစကားကို နားထောင်ကြည့်ပါဦး...

ဒါက လူတစ်ယောက် ပြောသင့်တဲ့စကားလား...

သူက ကျောင်းရဲ့အလှလေးလေ... သူမကို လိုက်ဖို့ အခွင့်အရေး ရတာကိုက မင်းကံကောင်းနေပြီ...

ကောင်မလေးက မင်းကို ချစ်ခွင့်ပန်ဖို့ မျှော်လင့်နေတုန်းပဲလား...

ဒါက ဟန်ရေးပြနေတာနဲ့ ပိုတူတယ်…

"ကောင်းပြီ... ကောင်းပြီ... မင်းသာ ရှန်ယန်းယန်း ရဲ့ အချစ်ကို ရသွားရင် ငါတို့ အဆောင်အတွက်လည်း ဂုဏ်ယူစရာဖြစ်လာမယ်လို့ ငါ အစက တွေးထားခဲ့တာ...

မင်းကတော့ အခွင့်အရေးကို လက်လွှတ်လိုက်ပြီ ထင်တယ်... ကျောက်တုန်းလိုင် က ဒီတစ်ခါ အစွမ်းကုန် ကြိုးစားတော့မှာ…”

ယန်ချီ ပြောရင်း ခေါင်းခါယမ်းလိုက်၏။

ဤကောင်လေးက အလှလေးကို အလေးအနက် မထားချေ။

အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက်သာဆိုပါက တစ်စုံတစ်ယောက်အား လိုက်ရန် မည်သည့်အခွင့်အရေးကိုမျှ လက်လွှတ်ခံမည် မဟုတ်ပေ။

"တတိယအစ်ကို... ရှန်ယန်းယန်း အကြောင်းကို ဘေးဖယ်ထားလိုက်... မင်းက နာမည်ကြီး မင်းသမီး ရွှီချင်းချန် ကို သိတယ်ဆိုတော့ သူမရဲ့ လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံတစ်ပုံလောက် ရနိုင်မလား..."

"ငါလည်း တစ်ပုံလိုချင်တယ်..."

"ရွှီချင်းချန် က ငါ့ရဲ့ အိုင်ဒေါပဲ... ငါ့အတွက်လည်း တစ်ပုံလောက် သေချာပေါက် ရမှဖြစ်မယ်..."

အခန်းဖော်များ အလွန် စိုးရိမ်တကြီး ဖြစ်နေသည်ကို မြင်သောအခါ

ချန်ဖုန်းက လွှမ်းမိုးနိုင်သော ဟန်ပန်ဖြင့် လက်ကိုဝှေ့ယမ်းလိုက်၏။ "စောင့်နေ... နောက်တစ်ခါ သူ့ကိုတွေ့ရင် မင်းတို့အတွက် တစ်ပုံစီ ယူလာပေးမယ်..."

"တတိယအစ်ကိုက အမိုက်ဆုံးပဲ..."

လူတိုင်းက ရယ်မောလိုက်ကြသည်။

အထွေထွေပညာရေး ဘာသာရပ်များအားလုံးမှာ အလွန် ပျင်းစရာကောင်းလှပေ၏။

ချန်ဖုန်းသည် တိကျသော အကြောင်းအရာကို မသိသော်လည်း စာမေးပွဲကာလအတွင်း အရေးကြီးသော အချက်များကို အသားပေးဖော်ပြလိမ့်မည်ကို သူ သိထားလေသည်။

သူတို့အဖွဲ့သည် ဆက်လက်လေလုံးထွားနေကြ၏။

စင်မြင့်ထက်မှ ဆရာမှာ အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အလွန် သွက်လက်စွာ စာသင်ကြားနေခဲ့သော်လည်း ရုတ်တရက် သူ၏ စကားသံများ ဗလုံးဗထွေး ဖြစ်သွားခဲ့ပေသည်။

သူ၏ ပါးစပ်မှာလည်း အနည်းငယ် ရွဲ့စောင်းသွားလေ၏။

နောက်တစ်စက္ကန့်တွင် သူသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"ဆရာ... ဘာဖြစ်တာလဲ..."

တိတ်ဆိတ်နေသော စာသင်ခန်းသည် ရုတ်တရက် အုတ်အော်သောင်းနင်း ဖြစ်သွားလေ၏။

လူအုပ်ကြီးသည် ပြေးသွားကြပြီး မြေပြင်ပေါ်တွင် လဲကျနေသော ဆရာဖြစ်သူအား စိုးရိမ်တကြီးဖြင့် ကြည့်ရှုလိုက်ကြသည်။

"မြန်မြန်... တက္ကသိုလ်ဆေးခန်း ကို ပို့ကြ..."

ကျောင်းသားအချို့သည် ဘာဖြစ်နေသနည်းဆိုတာကို ချက်ချင်း သဘောပေါက်သွားပြီး ထိုလူအား တက္ကသိုလ်ဆေးခန်း သို့ ပို့ဆောင်ရန် အော်ဟစ်လိုက်ကြ၏။

တက္ကသိုလ်ဆေးခန်း သည် ပင်မဆေးရုံ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုမျိုး မရှိသော်လည်း အရေးပေါ် အခြေအနေအချို့ကိုမူ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိပေသည်။

လူတိုင်းက ဆရာဖြစ်သူအား သယ်ထုတ်ရန် ပြင်ဆင်နေချိန်၌ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"မရွှေ့ကြနဲ့..."

All Chapters