အခန်း ၃၀
Vol. 3 Ch. 30
အခန်း (၃၀) ချစ်ခွင့်ပန်ခြင်းလား
ရှန်ချင် သည် ချန်ဖုန်းဆီသို့ လျှောက်သွားနေစဉ် ကောင်မလေးတစ်စု၏ တွန်းထုတ်ခြင်းကို ခံလိုက်ရလေ၏။
ကောင်မလေးများသည် အော်ဟစ်ကာ ချန်ဖုန်းအား အရူးအမူး ဝိုင်းအုံလာကြသည်။"ချန်ဖုန်း... ငါ့ကို WeChat အက်ဒ်ထားချင်လား... ငါလည်း တရုတ်တိုင်းရင်းဆေးပညာနဲ့ ပတ်သက်ပြီး နင့်ကို မေးချင်တာလေးတွေ ရှိလို့ပါ..."
"ချန်ဖုန်း... ငါ နောက်ပိုင်း အိပ်လို့ သိပ်မပျော်ဘူး... ငါ့ကို သွေးခုန်နှုန်းလေး စမ်းပေးလို့ ရမလား..."
"ဟေး... ငါ့ကိုလည်း အက်ဒ်ပေးပါဦး... ငါက ရင်အုပ် ၉၀ စင်တီမီတာ၊ ခါး ၅၅ စင်တီမီတာ နဲ့ တင်ပါး ၉၂ စင်တီမီတာ ရှိတယ်... ငါ့ခန္ဓာကိုယ်က အရမ်းမိုက်တယ်... ပြီးတော့ ချိုသာပြီး ဆွဲဆောင်မှုလည်း ရှိတယ်နော်..."
"အို... ချန်ဖုန်း... ငါ ရုတ်တရက် ရင်ဘတ်အောင့်ပြီး အသက်ရှူကျပ်လာသလိုပဲ... နေမကောင်းဘူး ထင်တယ်... ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပေးပါဦး..."
ကောင်မလေး တစ်စုသည် ချန်ဖုန်းအား မြေပြင်ပေါ်သို့ လဲကျလုနီးပါးပင် တွန်းတိုက်နေကြလေ၏။
တစ်ဖက်လူသည် ရုပ်ဖြောင့်ရုံသာ မကချေ
သူ၏ ဆေးပညာစွမ်းရည်များမှာလည်း အလွန် ထူးချွန်လှပြီး တက္ကသိုလ်ဆေးခန်း မှ ဒေါက်တာရှား ပင်လျှင် သူ့ကို အလွန်အမင်း ချီးကျူးခဲ့သေးသည်။
အရေးအကြီးဆုံးအချက်မှာ
ရှန်ယန်းယန်း နှင့် ရှောင်မန်ချီ ကဲ့သို့သော ကျောင်းရဲ့အလှလေးများပင် အနောက်မှ လိုက်နေရသူ တစ်ယောက်သည် အထူးတလည် အရည်အချင်းရှိသူ ဖြစ်ရပေမည်။
သူတို့မယူသွားခင် ချန်ဖုန်း ကို ငါတို့ အမြန်လုယူမှ ဖြစ်မယ်...
ဤမြင်ကွင်းကို ကြည့်ရင်း
ချန်ဖုန်း၏ နှုတ်ခမ်းထောင့်များ ပြင်းထန်စွာ တွန့်ကွေးသွားတော့၏။
အမလေး...
သူ ထွက်ပြေးသွားတော့သည်။
ဒီနေ့ ကျောင်းမှာ ဆက်နေလို့ ရတော့မယ်မထင်ဘူး... ဒီကောင်မလေးတွေ ပုံမှန်အခြေအနေ ပြန်ရောက်ဖို့ အချိန်နည်းနည်း ပေးရမယ်...
ချန်ဖုန်း လန့်ပြေးသွားသည်ကို မြင်သောအခါ ကောင်မလေးတစ်စုမှာ အနည်းငယ် စိတ်ပျက်သွားကြလေ၏။
ဘာပဲဖြစ်ဖြစ် သူတို့က စီးပွားရေးနှင့် စီမံခန့်ခွဲမှုဌာန မှ အလှလေးများ ဖြစ်ကြသည်။ သူမတို့၏ ရုပ်ရည်သွင်ပြင်မှာ ရှောင်မန်ချီ နှင့် ရှန်ယန်းယန်း ကဲ့သို့သော ကျောင်းသူလှလေးများနှင့် မယှဉ်နိုင်သော်လည်း တော်တော်လေး လှပကြသေးသည်။
ပုံမှန်အားဖြင့် သူမတို့ကို လိုက်နေသည့် ယောကျာ်းလေး အတော်များများ ရှိတတ်ပေ၏။
ယခု သူမတို့က ကိုယ်တိုင် ကမ်းလှမ်းနေသည်ကိုပင် ချန်ဖုန်းက လက်မခံခဲ့ချေ။
နင်က ဘာလို့ ထွက်ပြေးနေရတာလဲ...
လူတစ်စုသည် စာသင်ခန်းထဲတွင် ဒေါသတကြီး ရပ်နေကြသည်။
ထိုအချိန်၌
ကောင်မလေးတစ်ယောက်က ရုတ်တရက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ "ဟားဟား... ချန်ဖုန်း ရဲ့ ဖုန်းကို ငါ ရထားတယ်ဟေ့..."
ရှုပ်ယှက်ခတ်နေသည့် အခြေအနေကို အခွင့်ကောင်းယူကာ တစ်ဖက်လူ၏ ဖုန်းကို သူမ နှိုက်ယူလာခဲ့ခြင်း ဖြစ်ပေသည်။
"အော်... တကယ်လား... ငါတို့ကို WeChat အက်ဒ်ပေးပါဦး..."
စိတ်ပျက်နေခဲ့ကြသော ပတ်ဝန်းကျင်ရှိ လူများမှာ ရုတ်တရက် ပြန်လည်စိတ်လှုပ်ရှားသွားကြလေ၏။
၎င်းတို့က အလျင်အမြန် စုရုံးရောက်ရှိလာကြသည်။
"ဟင်... ဒါက ဘယ်လို ဖုန်းအမျိုးအစားလဲ... ဒီတံဆိပ်ကို ငါ အရင်က တစ်ခါမှ မမြင်ဖူးဘူး..."
"ဟုတ်တယ်... ငါလည်း မမြင်ဖူးဘူး..."
"WeChat ဖွင့်လိုက်တာ... ဝိုး... အင်တာနက်လိုင်းက အရမ်းမြန်တာပဲ..."
လူတစ်စုသည် ချန်ဖုန်း၏ ဖုန်းကို စိတ်လှုပ်ရှားစွာဖြင့် ကလိနေကြလေ၏။
ရှောင်မန်ချီ က ခေါင်းကိုစောင်းကာ ကြည့်လိုက်ပြီးနောက် ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။
‘ထားလိုက်ပါတော့...
သူများကိစ္စတွေမှာ ငါ ဝင်မပါချင်ပါဘူးလေ…’
ယောကျာ်းလေးအချို့ သတိမဝင်လာမီမှာပင် သူမသည် စာသင်ခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားခဲ့ပေသည်။
"ဒီမိန်းမတွေကတော့..."
ရှန်ချင် သည် ခါးထောက်ကာ ရပ်နေပြီး သူမ၏ မျက်နှာမှာ ဒေါသကြောင့် ဖောင်းကားနေခဲ့၏။
တကယ်လို့ ဒီမိန်းမတွေသာ ချန်ဖုန်း ကို WeChat အက်ဒ်သွားနိုင်ခဲ့မယ်ဆိုရင် သူမအတွက် ပြိုင်ဘက် တစ်ရာနီးပါးလောက် ထပ်တိုးလာတော့မည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်...
ရုပ်ရည်ပိုင်းမှာတော့ ငါက နည်းနည်း လိုအပ်နေသေးတယ်လေ...
အစကတော့ သူမသည် ပြေးသွားပြီး ချန်ဖုန်း၏ ဖုန်းကို လုယူချင်ခဲ့သော်လည်း တစ်ဖက်ရှိ လူအရေအတွက်ကို ကြည့်ပြီးနောက် ထိုအကြံအစည်ကို လက်လျှော့လိုက်ရပေ၏။
သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး…
......
【ဒင်... ခွင့်ပြုချက်မရှိဘဲ ထိတွေ့မှုကို ထောက်လှမ်းတွေ့ရှိရပါတယ်... မျက်နှာပြင်သော့ခတ်မှုနဲ့ သူခိုးကာကွယ်ရေးစနစ်ကို အလိုအလျောက် ဖွင့်လိုက်ပါပြီ...】
【ဒင်... ဖုန်းဟာ ပိုင်ရှင်နဲ့ မီတာ ၁၀၀ ထက် ပိုဝေးတဲ့နေရာကို ရောက်ရှိသွားကြောင်း ထောက်လှမ်းတွေ့ရှိရပါတယ်... ပြန်ယူမလား...】
ထိုသတင်းအချက်အလက်များ စိတ်ထဲရောက်လာချိန်တွင် ချန်ဖုန်း လုံးဝ မှင်တက်သွားခဲ့ပေ၏။
သူ၏ အိတ်ကပ်များကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။
ချီးပဲ...
ငါ့ဖုန်းက ဘယ်တုန်းက အခိုးခံလိုက်ရတာလဲ...
"ပြန်ယူမယ်..."
နောက်တစ်စက္ကန့်တွင်
စနစ်ဖုန်းသည် သူ၏ လက်ထဲ၌ ချက်ချင်း ပေါ်လာခဲ့တော့၏။
ချန်ဖုန်းသည် ဖုန်းကို အကြိမ်ကြိမ် စစ်ဆေးကြည့်လိုက်ရာ မည်သည့် ပျက်စီးမှုမျှ မတွေ့ရချေ။
နောက်ဆုံးတွင် သူ သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။
ငါ ပေါ့ဆသွားတာပဲ...
ဒီဖုန်းက ငါ့အသက်ထက်တောင် ပိုအရေးကြီးတာ... အဲဒီမိန်းမတွေက တကယ်ကို လက်ပေါက်ကတ်တာပဲ...
သို့သော်လည်း သူ့ကို သက်သာရာရစေခဲ့သည်မှာ...
ဖုန်းပျောက်သွားလျှင်တောင်မှ စနစ်က တက်ကြွစွာ သတိပေးမည်ဖြစ်ပြီး အချိန်မရွေး ပြန်ယူနိုင်ခြင်းပင် ဖြစ်၏။
အရမ်းမိုက်တာပဲ...
သူ ရယ်မောလိုက်ပြီး ဖုန်းကို အိတ်ကပ်ထဲထည့်ကာ ကျောင်းမှ ထွက်ခွာရန် ကားစက်နှိုးလိုက်သည်။
မနေ့က ကျန်တဝေ ဆီကနေ ဟွာရှန်းဆေးရုံ ကို ဝယ်ခဲ့တယ်... အခုလောက်ဆို စာချုပ်ပြီးလောက်ပြီ... သွားယူလိုက်ဦးမှပဲ...
ကျောင်းပေါက်ဝသို့ ရောက်ချိန်တွင်
အပြင်ဘက်၌ တစ်ခုခု ဖြစ်နေပုံရပြီး လူအုပ်ကြီး စုရုံးနေကာ လမ်းပိတ်ဆို့နေခဲ့ပေ၏။
"ဘာတွေ ဖြစ်နေတာလဲ..."
ချန်ဖုန်း မျက်မှောင်ကြုတ်သွားပြီး ကားပေါ်မှဆင်းကာ လျှောက်သွားလိုက်သည်။
ကျောင်းပေါက်ဝတွင်
လူတစ်စုသည် စိတ်ဝင်စားစရာ တစ်ခုခုကို ကြည့်ရှုနေကြပုံရ၏။
တစ်စီးလျှင် ယွမ်နှစ်သန်းဝန်းကျင်ခန့် တန်ဖိုးရှိသော ပြိုင်ကား ဆယ်စီးသည် လူအုပ်ထဲတွင် စက်ဝိုင်းခြမ်းပုံစံ နေရာယူထားကြသည်။
၎င်းတို့ထံမှ ဟိန်းဟောက်သံများ ဆက်တိုက် ထွက်ပေါ်နေပြီး အလွန်အမိုက်စား ဖြစ်နေပေ၏။
ဖာရာရီများ၊ ပေါ်ရှေးများ စသည်ဖြင့် အကုန်ပါဝင်သည်။
၎င်းက ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့၏။
ပြိုင်ကားများ၏ အလယ်ဗဟိုတွင် အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦး ရပ်နေပြီး သူ၏ရှေ့၌ နှင်းဆီပန်း ကိုးရာကိုးဆယ့်ကိုးပွင့် ရှိနေပေသည်။
ဤလူမှာ အခြားသူမဟုတ်ဘဲ ကျောက်တုန်းလိုင် ပင် ဖြစ်လေ၏။
တစ်ဖက်လူက ရှန်ယန်းယန်း အား ချစ်ခွင့်ပန်နေခြင်း ဖြစ်ပုံရပေသည်။
ရှန်ယန်းယန်း သည် ယနေ့တွင် အလွန် လှပနေပြီး ပခုံးဖော်အင်္ကျီနှင့် ကိုယ်ကျပ်စကတ်ကို ဝတ်ဆင်ထားကာ ဒေါက်မြင့်ဖိနပ်အနီရောင်ကို စီးထားပေ၏။
ဤဝတ်စုံတွဲဖက်မှုမှာ မည်သည့်နေရာသို့သွားသွား မျက်စိကျစရာ မြင်ကွင်းတစ်ခု ဖြစ်နေပေသည်။
သို့သော် သူမ၏ မျက်နှာအမူအရာမှာ ယခုအချိန်၌ အတော်လေး ကြည့်ရဆိုးနေခဲ့၏။
"ကျောက်တုန်းလိုင်... ငါက နင့်ကောင်မလေး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး... အချိန်မဖြုန်းပါနဲ့... နင့်ကို နည်းနည်းလေးတောင် သဘောမကျဘူး..."
ရှန်ယန်းယန်း မှာလည်း စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။
တစ်ဖက်လူက လွန်ခဲ့သော နှစ်ရက်ကတည်းက သူမကို အမြဲ နှောင့်ယှက်နေခဲ့ပြီး ယနေ့တွင် ကျောင်းပေါက်ဝ၌ပင် သူမအား ပိတ်ဆို့ထားခဲ့လေ၏။
"မင်းက ငါ့ကို သဘောမကျဘူးလား..."
ကျောက်တုန်းလိုင် က သူ၏ရှေ့ရှိ ပုံရိပ်လေးကို ကြည့်လိုက်သည်။
ရှန်ယန်းယန်း ကို သူသဘောကျနေခဲ့သည်မှာ ကြာပြီဖြစ်ပြီး သူမကို ပထမဆုံး မြင်လိုက်ရကတည်းက ဤဆွဲဆောင်မှုရှိသော အလှလေးကို အပိုင်ရယူရန် တိတ်တဆိတ် သစ္စာဆိုထားခဲ့ခြင်း ဖြစ်ပေ၏။
ဒါပေမဲ့ ‘ငါ သူ့ကို ကြိုက်နေခဲ့တာ လေးနှစ်ရှိပြီ... ပြီးတော့ သူ့ကို လိုက်နေခဲ့တာလည်း လေးနှစ်ရှိပြီ...
အခုထိ သူ့ကို အပိုင်မရသေးဘူး…’
လွန်ခဲ့သော လေးနှစ်တာ ကာလအတွင်း သူ၏ သည်းခံနိုင်စွမ်းများ ကုန်ခမ်းလာခဲ့ပြီး လွန်ခဲ့သော နှစ်ရက်က ကောလာဟလအချို့ကို ကြားသိလိုက်ရချိန်တွင် သူ၏ ဒေါသများ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့တော့၏။
ကျောက်တုန်းလိုင် က သွားကြိတ်လျက် ပြောဆိုလိုက်သည်။
"မင်းက ငါ့ကို သဘောမကျဘူးဆိုရင်... အဲဒီ ချန်ဖုန်း ဆိုတဲ့ အသုံးမကျတဲ့ကောင်ကို ပိုသဘောကျနေတာလား...
အဲဒီ ချန်ဖုန်း က ဘာတွေများ ကောင်းနေလို့လဲ... သူ့မှာ ဘာမှမရှိဘူး... ငါ့ကို ကြည့်ပါဦး... ငါ့မှာ ပြိုင်ကားတွေ၊ ပန်းတွေနဲ့ လက်စွပ်တွေ ရှိတယ်...
မင်းလိုချင်တာမှန်သမျှ အကုန်ပေးနိုင်တယ်…”
"ရှန်ယန်းယန်း... ငါက မင်းကို တစ်သက်လုံးအတွက် ရွေးချယ်ထားပြီးပြီ... မင်း ငါ့ဆီကနေ ပြေးလို့မလွတ်ဘူး..."
"နင်... အကျိုးအကြောင်း မသင့်ဘူး..."
ရှန်ယန်းယန်း ၏ လှပသော မျက်နှာလေးသည် ချက်ချင်းပင် အေးစက်သွားတော့၏။
သူမ၏ မျက်နှာမှာ အေးစက်နေသော်ငြားလည်း
သူမ၏ လှပသော မျက်နှာလေးကိုမူ ဖုံးကွယ်ထား၍ မရနိုင်ချေ။ ထို့အစား ခပ်ချေချေဟန်ပန်လေးတစ်ခုပင် တိုးလာခဲ့သေးသည်။
လူအုပ်ထဲတွင် ရှိနေသော ချန်ဖုန်းသည် ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိလိုက်ရ၏။
သူ မနေနိုင်ဘဲ နှာခေါင်းကို ပွတ်သပ်လိုက်မိသည်။
‘ငါတော့...
ဘာအပြစ်လုပ်မိလို့ ဒီလိုဖြစ်ရတာလဲ...
ဒီကိစ္စက ငါနဲ့ ဘာဆိုင်လို့လဲ...
ပင်မဂိတ်ပေါက်က ပိတ်နေတော့ ကားတွေ အထွက်မရဘူး... ဘေးပေါက်ကနေပဲ သွားရတော့မယ် ထင်တယ်…’
ဤအချိန်၌ ကျောက်တုန်းလိုင် သည် အိတ်ကပ်ထဲမှ လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ ပြောဆိုလိုက်၏။ "ရှန်ယန်းယန်း... မင်းက လူလွတ်ဖြစ်နေသရွေ့ ငါက မင်းကို လိုက်လို့ရတယ်... မင်းက တကယ် စွမ်းနိုင်တယ်ဆိုရင် အခုချက်ချင်း ရည်းစားတစ်ယောက် ရှာပြလိုက်လေ..."
ရှန်ယန်းယန်း“အဲ့တာနင် ဂရုစိုက်နေစရာ မလိုပါဘူး…”
ရှန်ယန်းယန်း သည် သူနှင့် ပတ်သက်ချင်စိတ် လုံးဝ မရှိခဲ့ချေ။
လှည့်ထွက်ရန် ပြင်လိုက်ချိန်မှာပင် လူအုပ်ကြီး၏ အနောက်ဘက်ရှိ ချန်ဖုန်းကို သူမ ရုတ်တရက် မြင်တွေ့လိုက်ရသည်။
သူမသည် မျက်လုံးများတောက်ပလျက် လျှောက်သွားကာ ချန်ဖုန်း၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး တောက်ပစွာ ပြုံးလျက် ပြောဆိုလိုက်သည်။
"ငါက လူလွတ်လို့ ဘယ်သူပြောလဲ... အခုကစပြီး သူက ငါ့ရည်းစားပဲ..."
ဘာ...
ထွက်သွားရန် ပြင်နေသော ချန်ဖုန်းမှာ ရုတ်တရက် အေးခဲသွားရတော့၏။
သူမ၏ လက်မောင်းက သူနှင့် ချိတ်ဆက်ထားသဖြင့် သူ အလွန် နေရခက်သွားသည်။ ဖယ်လိုက်ရမလား... မဖယ်ဘဲပဲ နေရမလား...
ဘာတွေ ဖြစ်နေတာလဲ...
ဒါတင်မကသေးချေ။
အခြားတစ်ဖက်ရှိ ကျောက်တုန်းလိုင် မှာလည်း လုံးဝ ဇဝေဇဝါ ဖြစ်သွားရတော့သည်။
ဒီကောင်က ဘယ်သူလဲ...
တစ်ဖက်လူမှာ ချန်ဖုန်းဖြစ်ကြောင်း အခြားသူများပြောမှသာ သူ သိခဲ့ရခြင်း ဖြစ်ပေ၏။
သူသည် ကျောင်းသို့ လာခဲသဖြင့် ချန်ဖုန်းနှင့် ရှန်ယန်းယန်း တို့အကြောင်း ကောလာဟလများကို ကြားဖူးသော်လည်း ဤလူကို တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။
ဒီနေ့တော့ နောက်ဆုံးမှာ သူ့ကို တွေ့လိုက်ရပြီပေါ့…