← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အခန်း (၃၃) အန္တရာယ်ကို ကြိုတင်သိရှိခြင်း

တစ်ဖက်က ပါဂါနီကားပေါ်တွင်တော့

ချန်ဖုန်းသည် ဘေးထိုင်ခုံမှ ရှန်ယန်းယန်းကို တစ်ချက်ကြည့်လိုက်၏။

ဒေါက်မြင့်ဖိနပ် စီးထားရသဖြင့် အလွန် ပင်ပန်းနေသောကြောင့် ဖြစ်မည်ထင်သည်။ ရှန်ယန်းယန်းသည် သူမ၏ ဖိနပ်ကိုချွတ်ကာ ခြေထောက်ကို ဖျာပေါ်တွင် ခြေဗလာဖြင့် တင်ထားခဲ့ပေ၏။

ယနေ့ သူမ တကယ်ကို လှပနေပေသည်။

သူမ၏ ဖော်ပြထားသော ပခုံးများမှ နူးညံ့သိမ်မွေ့သော ရနံ့တစ်ခု ထွက်ပေါ်နေ၏။

သူမ၏ လှပသော ခြေတံများမှာလည်း ရှည်လျားပြီး နှင်းပွင့်ကဲ့သို့ ဖြူစင်ကာ အလွန် မျက်စိကျစရာ ကောင်းလှပေသည်။ ကိုယ်ကြပ်စကတ်မှာ အနည်းငယ် တိုနေသောကြောင့် ဖြစ်ကောင်းဖြစ်မည်။ သူမ ထိုင်ချလိုက်ချိန်တွင် ကိုယ်လုံးကိုယ်ပေါက်များ ပေါ်လွင်လုနီးပါး ဖြစ်သွားခဲ့ရာ လူများကို သွားရည်ကျစေနိုင်ပေ၏။

ချန်ဖုန်းက အနေရခက်စွာဖြင့် အကြည့်ကို လွှဲဖယ်လိုက်သည်။

ရုတ်တရက် သူက မေးမြန်းလိုက်၏။

"ရှန်ယန်းယန်း... မင်းက အဖြူရောင်ကို တကယ် သဘောကျတာပဲ မဟုတ်လား..."

"ဟင်..."

ရှန်ယန်းယန်းမှာ တစ်ခဏတာ ဆွံ့အသွားခဲ့သည်။

တစ်ဖက်လူက ဘာကြောင့် ဒီလို ထူးဆန်းတဲ့ မေးခွန်းမျိုးကို ရုတ်တရက် မေးရသလဲဆိုတာကို သူမ လုံးလုံးလျားလျား နားမလည်နိုင်ခဲ့ချေ။

ချန်ဖုန်းက တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီးနောက် လေးနက်သော လေသံဖြင့် ပြောဆိုလိုက်ပေသည်။

"အင်း... ငါလည်း အဖြူရောင်ကို တကယ် သဘောကျတယ်..."

သူ၏ ထူးဆန်းသော မျက်နှာအမူအရာကို သတိပြုမိသွားချိန်တွင် ရှန်ယန်းယန်းသည် ချက်ချင်း တုံ့ပြန်လိုက်ပြီး သူမ၏ အဖြူရောင်ဘောင်းဘီကို ဖုံးကွယ်ရန်အတွက် ခန္ဓာကိုယ်ကို ဘေးဘက်သို့ အလျင်အမြန် လှည့်လိုက်လေ၏။

သူမသည် ချန်ဖုန်းအား ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ဒီကောင်လေး...

လူတစ်ယောက်ရဲ့ အသားအရေတွေ ပေါ်နေတာကို ဒီလိုမျိုး သတိပေးရတာလား...

သူမသည် ချန်ဖုန်းအပေါ် ကနဦးက ကောင်းမွန်သော ခံစားချက်အချို့ ရှိခဲ့သော်လည်း ယခုအခါတွင်မူ ထိုခံစားချက်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့လေပြီ။

"ရှင်..."

သူမသည် တစ်ဖက်လူနှင့် စကားမပြောချင်တော့ဘဲ မျက်နှာကို ဒေါသတကြီး လွှဲဖယ်လိုက်ပေ၏။

"..."

ချန်ဖုန်းမှာ စကားပြောစရာမဲ့ ဖြစ်သွားရလေသည်။

ကောင်းပြီလေ...

ငါ မင်းကို သတိမပေးသင့်ဘူး... ငါ သေချာလေး ပိုကြည့်သင့်တာ…

အချိန်အတော်ကြာပြီးနောက်

ရှန်ယန်းယန်းသည် သူမမှားကြောင်း သိလိုက်ပုံရပြီး နှုတ်ခမ်းကို ညင်သာစွာ ကိုက်ကာ ပြောဆိုလိုက်၏။

"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်... ကျောက်တုန်းလိုင်က ငါ့ကို ဆက်တိုက် အနှောင့်အယှက် ပေးနေလို့ နင်က ငါ့ရည်းစားဆိုပြီး ဟန်ဆောင်လိုက်ရတာပါ..."

"ငါက မင်းဆီက အခွင့်အရေး ယူတယ်လို့ မင်းမပြောသရွေ့တော့ ကိစ္စမရှိပါဘူး..."

မည်သို့ပင်ဆိုစေကာမူ ချန်ဖုန်းသည် ဤကိစ္စကို စိတ်ထဲမထားခဲ့ချေ။

ကျောက်တုန်းလိုင်ကို စော်ကားမိခြင်းနဲ့ ပတ်သက်ပြီးတော့လည်း ဖြစ်ချင်ရာဖြစ်လေ

"ဒါပေမဲ့ အခု မင်း အဲဒီလို ပြောလိုက်ပြီဆိုတော့ တကယ်လို့ အနာဂတ်မှာ ငါ ကောင်မလေး ရှာမတွေ့တော့ရင် မင်းက ငါ့ကို အစားထိုးပေးမှာလား..."

"အိမ်မက်မက်နေလိုက်လေ..."

ရှန်ယန်းယန်းက သူ့ကို မယုံကြည်ခဲ့ပေ။

ချန်ဖုန်း၏ ပိုင်ဆိုင်မှုများအကြောင်းကိုပင် ထည့်မပြောတော့ချေ။

သူ မောင်းနှင်နေသော ဤပါဂါနီ ကားကို မိန်းကလေးတစ်ယောက်ရှေ့တွင် သွားရပ်လိုက်ရုံဖြင့် မရေမတွက်နိုင်သော မိန်းမလှလေးများက သူ့ဆီသို့ အပြေးအလွှား ရောက်လာကြမည်သာ ဖြစ်၏။

သူမ တစ်ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ပြောဆိုလိုက်သည်။

"နင် အခု အားလား... နင့်ကို ညစာကျွေးချင်လို့..."

"လုပ်ပါဦး... စီးပွားရေးတက္ကသိုလ်က ကျောင်းသူအလှလေးကို ပိုက်ဆံ ဘယ်လိုလုပ် အကုန်ခံခိုင်းရက်မှာလဲ..."

ချန်ဖုန်းက ရုတ်တရက် အကွေ့ကြမ်းတစ်ခု ကွေ့လိုက်ပြီး ပါဂါနီ ကားမှာ အစားအသောက်လမ်းဆီသို့ ဦးတည်သွားလေ၏။

"ငါပဲ ကျွေးပါ့မယ်... အနီးနားမှာ တော်တော်လေး ကောင်းတဲ့ အစားအသောက်လမ်း တစ်ခုကို ငါ သိတယ်..."

ငါးမိနစ်အကြာတွင်

သူတို့နှစ်ဦးသည် ခရီးစဉ်သို့ ရောက်ရှိသွားကြပေသည်။

အစားအသောက်လမ်းမှာ အတော်လေး ကျဉ်းမြောင်းလှပြီး ချန်ဖုန်းသည် အချိန်အကြာကြီး ရှာဖွေပြီးနောက် ကားရပ်ရန် နေရာမတွေ့ခဲ့ချေ။

အခြားရွေးချယ်စရာ မရှိတော့သဖြင့်

သူသည် အနီးနားရှိ ဈေးဝယ်စင်တာတစ်ခုသို့ မောင်းသွားကာ မြေအောက်ကားပါကင်တွင် ကားရပ်ရန်သာ ရွေးချယ်လိုက်ရလေ၏။

ထို့နောက် သူသည် ရှန်ယန်းယန်းနှင့်အတူ လမ်းလျှောက်လာခဲ့သည်။

ရှန်ယန်းယန်းသည် ဒေါက်မြင့်ဖိနပ် စီးထားသဖြင့် လမ်းလျှောက်ရန် အနည်းငယ် ခက်ခဲနေခဲ့ပေ၏။

သူမက မျက်မှောင်ကြုတ်လိုက်သည်။ သူမဘေးရှိ ချန်ဖုန်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ရာ ပြောချင်သော်လည်း မပြောဘဲ တုံ့ဆိုင်းနေခဲ့လေ၏။

ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် နောက်ဆုံးတွင် ၎င်းတို့သည် ဆိုင်ခန်းတစ်ခုသို့ ရောက်ရှိသွားကြသည်။

ရှန်ယန်းယန်း၏ မျက်ခုံးများ ပို၍ တွန့်ချိုးသွားခဲ့၏။

"ဒီက အစားအစာတွေက... စားလို့ကောင်းပါ့မလား..."

သူမသည် ချမ်းသာသော မိသားစုတွင် ကြီးပြင်းလာခဲ့သူဖြစ်ရာ ဤကဲ့သို့သော လမ်းဘေးဆိုင်မျိုးသို့ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသလောက်ပင်။

၎င်းတို့ အမြဲတမ်း သွားလေ့ရှိသော နေရာများမှာ အတော်လေး နာမည်ကြီးသည့် စားသောက်ဆိုင်များသာ ဖြစ်ပေသည်။

"သေချာပေါက် စားလို့ရတာပေါ့..."

ချန်ဖုန်းသည် ထိုင်ခုံတစ်ခုကို ရှာ၍ ထိုင်လိုက်ပြီး တခစ်ခစ်ရယ်မောလျက် ပြောဆိုလိုက်၏။

"ဒီက အစားအစာတွေက ဈေးလည်းပေါသလို အရသာလည်းရှိတယ်... အဆင့်မြင့် စားသောက်ဆိုင်တွေနဲ့ အရသာချင်း အတူတူပဲ..."

ထို့နောက် သူက ဆိုင်ရှင်ကို လှမ်းခေါ်လိုက်သည်။

"သူဌေး... နံတို့ဟူး နှစ်ပွဲ... အရသာသုံးမျိုးခေါက်ဆွဲ နှစ်ပွဲ... ကင်းမွန်ကင် အချောင်းနှစ်ဆယ်... ကြက်တောင်ပံ ဆယ်ပွဲ... ပြီးတော့ ပန်ကိတ်တစ်ခု လုပ်ပေးပါ..."

ဒီလောက်အများကြီး စားနိုင်လို့လား...

ရှန်ယန်းယန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။ သူမ မတ်တပ်ရပ်နေဆဲဖြစ်သည်ကို မြင်သောအခါ ချန်ဖုန်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

"ဘာလို့ မတ်တပ်ရပ်နေတာလဲ... ဘာလို့ မထိုင်တာလဲ..."

"ငါ..."

ရှန်ယန်းယန်းသည် ခွေးခြေခုံပေါ်ရှိ ဆီကွက်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပေ၏။

ထို့နောက် သူမသည် တစ်ရှူးတစ်ရွက် ထုတ်ကာ မထိုင်မီ သုတ်လိုက်ပြီး မေးမြန်းလိုက်သည်။

"အဲဒီ အစားအစာတွေ အကုန်လုံးကို နင် အကုန်စားနိုင်လို့လား..."

"အကုန်စားနိုင်မှာပါ..."

ရှန်ယန်းယန်းကဲ့သို့ အလှလေးတစ်ဦးအနေဖြင့် လမ်းဘေး အစားအသောက်တန်းကဲ့သို့သော နေရာမျိုးသို့ လာရန် ငြင်းဆန်လိမ့်မည်ဟု ချန်ဖုန်း မူလက ထင်မှတ်ထားခဲ့သည်။

မထင်မှတ်ဘဲ

တစ်ဖက်လူက ငြင်းဆန်ခြင်း မရှိရုံသာမက ဤပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင်ပင် ကြိုးစားနေခဲ့လေ၏။

မကြာမီမှာပင်

ဆိုင်ရှင်က နံတို့ဟူးနှင့် အရသာသုံးမျိုးခေါက်ဆွဲကို ယူလာပေးခဲ့သည်။

ရှန်ယန်းယန်း စမ်းစားကြည့်လိုက်ရာ အလွန်နံသော နံတို့ဟူးမှာ အရသာရှိလှကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရ၏။ သူမသည် နှစ်ပွဲစလုံးကို တစ်ထိုင်တည်းဖြင့် အကုန်စားပစ်လိုက်လေသည်။

ချန်ဖုန်းမှာလည်း ပြောစရာမဲ့ ဖြစ်သွားရသည်။

ဒီတော့ ဒီကျောင်းသူအလှလေးက အနံ့ဆိုးတဲ့ အစားအစာတွေကို စားရတာ ကြိုက်တာပေါ့လေ…

ထိုအချိန်မှာပင် သူ၏ ဖုန်းထဲ၌ ဗီဒီယိုမက်ဆေ့ခ်ျတစ်ခု ပေါ်လာခဲ့ပေ၏။

[၂၀၂၀ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ ညပိုင်းတွင် အနက်ရောင် ဝတ်ဆင်ထားသော အမျိုးသား အချို့သည် ဗီလာတစ်လုံးအတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အိမ်ရှင်အိပ်ပျော်နေစဉ် ပြစ်မှုကျူးလွန်ခဲ့ကြသည်…]

ရုပ်ပုံထဲတွင်

အနက်ရောင် ဝတ်ဆင်ထားပြီး မျက်နှာဖုံး တပ်ဆင်ထားသူ သုံးဦးသည် ဗီလာတစ်ခု၏ နံရံကို ကျော်တက်သွားကာ ပြတင်းပေါက်တစ်ခုကို ဖောက်၍ အတွင်းသို့ ခုန်ဝင်သွားကြလေ၏။

၎င်းတို့၏ လှုပ်ရှားမှုများမှာ အလွန် ကျွမ်းကျင်နေပြီး မြင်ကွင်းသည် ၎င်းတို့၏ လှုပ်ရှားမှုများနောက်သို့ အိပ်ခန်းဆီအထိ လိုက်ပါသွားခဲ့သည်။

ဤခံစားချက်က

ရုပ်ရှင်ကြည့်နေရသကဲ့သို့ပင်

ကင်မရာတစ်လုံးက မြင်ကွင်းကို အဆက်မပြတ် ရိုက်ကူးနေသည့်အလား ဖြစ်ပေ၏။

အိပ်ခန်းပိုင်ရှင်မှာ နှစ်ခြိုက်စွာ အိပ်မောကျနေစဉ် အနက်ရောင်ဝတ် လူသုံးဦးသည် ကုတင်ဘေးသို့ တိတ်ဆိတ်စွာ ချဉ်းကပ်သွားပြီး ဓားမြှောင်တစ်လက်ကို ထုတ်ကာ သူ့ကို တိုက်ရိုက် ထိုးချလိုက်ကြသည်။

ဗီဒီယိုမှာ ထိုနေရာတွင် ပြီးဆုံးသွားလေ၏။

သို့သော် ထိုတိုတောင်းသော အခိုက်အတန့်တွင် ချန်ဖုန်းသည် အိပ်ခန်းပိုင်ရှင်၏ မျက်နှာကို ဝေဝါးဝါး မြင်လိုက်ရပေသည်။

ချီးပဲ...

သူသည် ထိုင်ခုံမှ ခုန်ထလိုက်၏။

သူ၏ မျက်နှာတွင် နက်ရှိုင်းသော ထိတ်လန့်မှု အသွင်အပြင်တစ်ခု ပေါ်လာခဲ့သည်။

ဗီဒီယိုထဲက လူက တကယ်တော့ သူကိုယ်တိုင်ပဲ ဖြစ်နေခဲ့သည်။

ဖုန်းကို ရရှိပြီးကတည်းက ဗီဒီယို ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး တစ်ခုစီတိုင်းမှာ အခြားသူများနှင့် သက်ဆိုင်နေခဲ့၏။

ဒါပေမဲ့ ဒီနေ့ အရာအားလုံးက သူ့ကိုယ်သူနဲ့ သက်ဆိုင်နေတယ်...

ဒါက နောက်ထပ် နှစ်ပတ်ကြာရင် ဖြစ်လာတော့မှာပဲ...

ချန်ဖုန်း မျက်မှောင်ကြုတ်လိုက်ပေသည်။

ဤဗီဒီယိုက သူ၏ မျှော်လင့်ချက်များကို တကယ်ပင် ကျော်လွန်နေခဲ့၏။

ဘယ်သူကများလဲ...

သူသည် ဤနှစ်များအတွင်း ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေထိုင်ခဲ့ပြီး မည်သူ့ကိုမျှ မစော်ကားခဲ့ဖူးချေ။

ယခုအခါ စနစ်ကို ရရှိထားသော်လည်း သူ၏ အလုပ်လုပ်ပုံ စတိုင်မှာ ယခင်ကထက် များစွာ ပိုမို ထင်ပေါ်လာခဲ့ပြီး အကယ်၍ သူ တစ်စုံတစ်ယောက်ကို စော်ကားမိလျှင်ပင် ထိုသူမှာ သာမန်လူတစ်ယောက်သာ ဖြစ်ပေ၏။

လူသတ်ရလောက်တဲ့အထိတော့ ဆိုးရွားမှာ မဟုတ်ပါဘူးနော်...

ချန်ဖုန်းက သေချာစွာ တွေးတောကြည့်လိုက်သည်။

လက်ရှိအချိန်တွင် သူ့အပေါ် ရန်ငြိုးရှိသူ သုံးဦးသာ ရှိပေ၏။

ပထမတစ်ယောက်က ဝမ်ဟိုင် ဒီကောင်က သူ့ရဲ့ ရည်းစားဟောင်းကို လုယူခဲ့ပြီး သူ့ကို စော်ကားမိတာကြောင့် အလုပ်ပြုတ်သွားခဲ့ရသည်။

ဒုတိယတစ်ယောက်က ဟွာရှန်းဆေးရုံ ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဖန်ဝမ်ချောင်

တတိယတစ်ယောက်ကတော့ ကျောက်တုန်းလိုင် ပဲ ဖြစ်လေ၏။

"ဘယ်သူကများလဲ..."

ချန်ဖုန်းက ခေါင်းခါလိုက်သည်။ သံသယရှိသူမှာ မည်သူဖြစ်ကြောင်း သူ မစဉ်းစားနိုင်သေးချေ။

ထားလိုက်ပါတော့လေ...

ဒီကာလအတွင်းမှာ ပိုပြီး သတိထားနေမှ ဖြစ်မယ်...

ကြိုတင်ပြင်ဆင်ထားရမယ်...

သူသည် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးတက်စေနိုင်သော စွမ်းရည်များ စွမ်းရည်စာမျက်နှာတွင် ရှိ၊ မရှိ မျှော်လင့်လျက် ဖုန်းထဲရှိ ဗီဒီယို အက်ပလီကေးရှင်းကို အလျင်အမြန် ဖွင့်လိုက်ပေ၏။

"ဘာဖြစ်လို့လဲ..."

သူ ရုတ်တရက် မတ်တပ်ရပ်လိုက်သည်ကို မြင်သောအခါ ရှန်ယန်းယန်းက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

"ဘာမှမဖြစ်ပါဘူး... မင်း ဆက်စားလို့ ရပါတယ်..."

ချန်ဖုန်းက အသံမထွက်ဘဲ ပြန်ထိုင်လိုက်၏။

သူသည် စွမ်းရည်စာမျက်နှာကို ဆက်လက်ရှာဖွေကြည့်ရှုနေခဲ့သည်။

တကယ်တော့ စာမျက်နှာတစ်ခုလုံးက ခွဲခြားရ လွယ်ကူလှပေသည်။ သူ ယခင်က ဝယ်ယူခဲ့သော လင်းလက်နေသည့် စွမ်းရည်အိုင်ကွန်များမှလွဲ၍ ကျန်သည့် အိုင်ကွန်များအားလုံးမှာ မီးခိုးရောင် ဖြစ်နေလေ၏။

သော့ဖွင့်ရန် လိုအပ်သည်...

အချိန်အကြာကြီး ရှာဖွေပြီးနောက် နောက်ဆုံးတွင် သူသည် ခန္ဓာကိုယ်အားဖြည့်စွမ်းရည် တစ်ခုကို တွေ့ရှိသွားခဲ့ပေသည်။

"ခန္ဓာကိုယ်အားဖြည့်စွမ်းရည် ကို သော့ဖွင့်လိုက်..."

[ဒင်... ပိုင်ရှင်အနေနဲ့ နေ့စဉ် စွမ်းရည်တစ်ခုကို အခမဲ့ သော့ဖွင့်နိုင်ပါတယ်... ကျန်ရှိတဲ့ စွမ်းရည်တွေအတွက်တော့ စနစ်ပွိုင့် ၅ ပွိုင့် နုတ်ယူမှာ ဖြစ်ပါတယ်... သော့ဖွင့်ပြီး ဝယ်ယူမှာလား…]

ချန်ဖုန်းသည် ဤအရာကို တွေးထားပြီးသား ဖြစ်၏။

စနစ်၏ နာမည်ဆိုးဖြင့် ကျော်ကြားသော ယုံကြည်မရလောက်သည့် သဘာဝအရ ၎င်းက သေချာပေါက် စနစ်ပွိုင့်များကို နုတ်ယူမည်သာ ဖြစ်သည်။

အခမဲ့ သော့ဖွင့်နိုင်ရန်အတွက် မနက်ဖြန်အထိ သူ စောင့်ဆိုင်းနိုင်သော်လည်း ဘေးကင်းလုံခြုံရေးအတွက် သူ၏ စွမ်းရည်များကို ဦးစွာ မြှင့်တင်ရန် သူ ဆုံးဖြတ်လိုက်လေသည်။

"သော့ဖွင့်လိုက်..."

All Chapters