← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အခန်း (၃၅) ယင်ယန် အပ်ကိုးချောင်း

ပရော်ဖက်ဆာရှားဟွာက စိတ်အိုက်စွာဖြင့် ပြောဆိုလိုက်၏။

"လောင်ဟူ… နှိမ့်ချမနေပါနဲ့…

မင်းက တရုတ်တိုင်းရင်းဆေးပညာမှာ ငါ့လောက် မတော်ပေမဲ့ ခွဲစိတ်မှုနဲ့ ပတ်သက်လာရင်တော့ တစ်နိုင်ငံလုံးမှာ မင်းကို ယှဉ်နိုင်တဲ့သူ မရှိသလောက်ပါပဲ"

ဟူရီတောက်က ခေါင်းခါရင်းပြန်လည်ပြောဆိုလိုက်သည်။

"သေချာကြည့်စမ်း… ဒီရှောင်ချန် ရဲ့ ဓားကိုင်တဲ့ နည်းစနစ်က အရမ်း တိကျလွန်းတယ်… ပေတံနဲ့ တိုင်းပြီး ဓားကို အသုံးပြုနေသလိုပဲ…

မင်းသိတဲ့အတိုင်း ခွဲစိတ်မှုမှာ အမှားအယွင်း အတိုင်းအတာ တစ်ခုရှိတယ်လေ အဆင့်အမြင့်ဆုံး ကိရိယာတွေတောင်မှ အမှားအယွင်း အတိုင်းအတာ တစ်ခုရှိတတ်ကြတယ်… ဒါပေမဲ့ သူက အဲဒီအမှားအယွင်းကို အလွန်သေးငယ်တဲ့ အတိုင်းအတာတစ်ခုအတွင်းမှာ ထိန်းချုပ်ထားနိုင်ခဲ့တယ်

ပြီးတော့ မင်း သတိမထားမိဘူးလား… သူက ခွဲစိတ်မှု လုပ်ငန်းစဉ်ကို ရိုးရှင်းအောင် လုပ်လိုက်တယ်လေ…”

ပရော်ဖက်ဆာရှားဟွာသည် တရုတ်တိုင်းရင်းဆေးပညာတွင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း… ဟူရီတောက်နှင့် နေ့စဉ် ဆက်သွယ်ပြောဆိုနေရသဖြင့် ခွဲစိတ်မှုနှင့် ပတ်သက်၍လည်း အနည်းငယ် သိရှိထားပေသည်။

မြင်လိုက်ရချိန်တွင် သူတို့၏ ပါးစပ်များ အဟောင်းသား ဖြစ်သွားရလေ၏။

ချီးပဲ…

ယခင် အူအတက်ဖြတ်ထုတ်ခြင်း ခွဲစိတ်မှုကဲ့သို့ပင် အများအားဖြင့် ဦးစွာ ခွဲကြောင်းရာတစ်ခု ပြုလုပ်ပြီးနောက် အူမကြီးတစ်လျှောက် အူအတက်ကို ရှာဖွေရလေ့ရှိသည်။ သို့သော် သူကရော ဘယ်လိုလုပ်ခဲ့သနည်း။ သူက အူအတက်ရှိရာနေရာကို တိုက်ရိုက် ခွဲကြောင်းရာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပေ၏။

အိက်စ်ရေးအမြင် ရှိနေသကဲ့သို့ပင် လုပ်ငန်းစဉ်ကို ရိုးရှင်းသွားစေခဲ့သည်။

ဟူရီတောက်က"ပြီးတော့ ဒီကောင်လေးရဲ့ ချုပ်ရိုးချုပ်တဲ့ စွမ်းရည်ကလည်း အရမ်း အားကောင်းတယ်… အရေပြားကြားက ချုပ်ရိုးတွေက ပြီးပြည့်စုံတယ်… နည်းနည်းလေး များသွားတာ ဒါမှမဟုတ် နည်းသွားတာနဲ့ အကျိုးသက်ရောက်မှုက အကောင်းဆုံး ဖြစ်လာမှာ မဟုတ်ဘူး…

ဒါပေမဲ့ သူက အပ်ထိုးလိုက်တဲ့ အကြိမ်တိုင်းမှာ အပ်ရဲ့ တည်နေရာကို အမြဲတမ်း ပြီးပြည့်စုံအောင် ထိန်းချုပ်ထားနိုင်ခဲ့တယ်… ဒါက ခွဲစိတ်မှု တစ်ခုနှစ်ခု လုပ်ရုံနဲ့ ရရှိနိုင်တဲ့ အရာမျိုး မဟုတ်ဘူးလေ…”

ဟူရီတောက်သည် ခွဲစိတ်မှု ထောင်ပေါင်းများစွာကို ပြုလုပ်ခဲ့ပြီး အဆင့်မြင့် ကိရိယာများ၏ အကူအညီဖြင့်ပင် ဤကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိရန် ခက်ခဲစွာ ကြိုးစားခဲ့ရပေသည်။ သို့သော် အဲဒီကောင်လေးကကော

သူက ဒီနှစ်မှ အသက်နှစ်ဆယ်ကျော်လေးပဲ ရှိသေးတယ်… ပြီးတော့ ကောလိပ်ကျောင်းသား တစ်ယောက်ပဲ ရှိသေးတယ်လို့လည်း ကြားတယ်။ သူက အဲဒီခွဲစိတ်မှု အတွေ့အကြုံတွေကို ဘယ်ကနေ ရလာခဲ့တာလဲ

အမေ့ဝမ်းဗိုက်ထဲမှာ ရှိနေကတည်းက ဆေးပညာကို စတင်လေ့လာခဲ့တာလား။

ဒီအချိန်တစ်လျှောက်လုံး သူ၏ ဆေးပညာစွမ်းရည်များမှာ အံ့မခန်းဖြစ်သည်ဟု တွေးတောကာ ဟူရီတောက်သည် အမြဲတမ်း မိမိကိုယ်ကိုယ် အထင်ကြီးနေခဲ့သော်လည်း ယခုအခါတွင် သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာမှ ထိုးနှက်မှုတစ်ခုကို ခံစားလိုက်ရပေပြီ။

အသက်နှစ်ဆယ်သာ ရှိသေးသော်လည်း သူသည် ဤကဲ့သို့သော စွမ်းရည်မျိုး ရှိနေပြီဖြစ်ကာ မည်သည့်ကိရိယာကိုမျှပင် အသုံးမပြုခဲ့ချေ။ ဒီကောင်လေးရဲ့ အနာဂတ် အောင်မြင်မှုတွေကို စိတ်ကူးကြည့်လို့ ရနိုင်တယ်လေ။

တစ်ဖက်လူသည် ထိပ်တန်းအဆင့် ခွဲစိတ်မှုစွမ်းရည်များကို ပိုင်ဆိုင်ထားပြီဖြစ်ရာ ရောဂါရှာဖွေရေး အပိုင်းတွင် မည်သို့ လစ်ဟင်းမှု ရှိနိုင်မည်နည်း။

ထိုအချိန်၌ ကျွမ်းကျင်သူဝမ်ယွီသည် နောက်ထပ် စစ်ဆေးမှု မှတ်တမ်းတစ်ခုကို ထုတ်ယူရင်းပြောလိုက်သည်။

"ပရော်ဖက်ဆာဟူ… ပရော်ဖက်ဆာရှား… ခင်ဗျားတို့က ဆေးရုံမှာ ရောက်နေပြီဆိုတော့ ဒီစစ်ဆေးမှု မှတ်တမ်းကို ကျေးဇူးပြုပြီး တစ်ချက်လောက် ကြည့်ပေးနိုင်မလား"

"ဒါက ပေ့ဟူတက္ကသိုလ် က ဆရာတစ်ယောက်ရဲ့ ဆေးမှတ်တမ်းပါ… လွန်ခဲ့တဲ့ နှစ်နာရီလောက်က ဒီဆရာက လေဖြတ်ပြီး စာသင်ခန်းထဲမှာ လဲကျသွားခဲ့တယ်… ဒါပေမဲ့ နောက်ပိုင်းမှာ ပြန်သတိရလာခဲ့ပါတယ်"

"လေဖြတ်တာလား"

ယခုလေးတင် ဖြစ်ပျက်ခဲ့မှုများမှ ဟူရီတောက် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့၏။ သူက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"လေဖြတ်တာက ပြင်းထန်တဲ့ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး… အခြေအနေကောင်းရင် နှစ်လ သုံးလလောက်ဆို ပြန်ကောင်းလာနိုင်ပါတယ်…"

ဤနေရာသို့ ရောက်ချိန်တွင် သူက ရုတ်တရက် ရပ်တန့်သွားပြီး ပြောလိုက်၏။

"ဆရာဝန်ဝမ်… မင်းက ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား… ဒီစစ်ဆေးမှု မှတ်တမ်းမှာ ပုံမှန်မဟုတ်တဲ့ ညွှန်းကိန်းတချို့ ရှိနေပေမဲ့…”

“သွေးဥမွှား အရေအတွက်နဲ့ သွေးခဲမှု အဆင့်တွေကို ကြည့်ရရင် ဒီလူနာက လေဖြတ်ရောဂါအတွက် ကုသမှုခံယူနေတာ နှစ်လ သုံးလလောက် ရှိနေပြီဖြစ်ပြီး လုံးဝနီးပါး ပြန်ကောင်းနေပါပြီ"

နောက်ပိုင်းမှာ ရိုးရှင်းတဲ့ ပြုစုစောင့်ရှောက်မှုလေးတွေပဲ လိုအပ်တော့တာပါ…”

ထို့နောက် သူသည် အခြားအချက်အလက်များကို ကြည့်ကာ ပြောဆိုလိုက်၏။

"ဒါက သွေးတိုးကြောင့် ဖြစ်နိုင်တယ်… လက်ရှိမှာတော့ သူ့ရဲ့ သွေးပေါင်ချိန်က တော်တော်လေး တည်ငြိမ်နေပါတယ်"

ယေဘုယျအားဖြင့် သူ့မှာ ဘာပြဿနာမှ မရှိပါဘူး… ပုံမှန်အခြေအနေမျိုးမှာဆိုရင် သူ့ရဲ့ သွေးပေါင်ချိန်က လေဖြတ်တာမျိုး ဖြစ်စေမှာ မဟုတ်ပါဘူး… အသက်အရွယ်ကြီးရင့်လာမှုနဲ့ စိတ်ခံစားမှု အရမ်း ပြင်းထန်လွန်းတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်…”

ဟူရီတောက်သည် သူ၏ ရောဂါရှာဖွေမှုအပေါ် အတော်လေး ကျေနပ်နေခဲ့၏။

“အင်း… ငါတို့က ဒီလိုအခြေအနေမျိုးတွေကို နေ့တိုင်း ကြုံတွေ့နေရတာလေ… ဘယ်တော့မှ အမှားအယွင်း မရှိသလောက်ပါပဲ…”

ပရော်ဖက်ဆာရှားဟွာပင်လျှင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"ဟားဟား… ဆရာဝန်ဝမ်… မင်းရဲ့ လှည့်ကွက်လေးတွေက ငါတို့ကို လှည့်စားလို့ မရပါဘူး… မှတ်တမ်းကို အရင်ယူသွားလိုက်ပါ… ဟောပြောပွဲအတွက် အချိန်သတ်မှတ်ကြရအောင်"

သို့သော်လည်း

ကျွမ်းကျင်သူဝမ်ယွီသည် မရွေ့လျားဘဲ ထိုနေရာတွင် မတ်တပ်ရပ်နေခဲ့၏။ သူ၏ မျက်နှာအမူအရာမှာ ပို၍ပင် ထူးဆန်းလာခဲ့သည်။

"ပရော်ဖက်ဆာဟူ… ပရော်ဖက်ဆာရှား… ဒီ ဆရာချန် က ဒီနေ့မှ တကယ် လေဖြတ်သွားခဲ့တာပါ… သူက ပြီးခဲ့တဲ့အပတ်ကလည်း ဆေးရုံမှာ စစ်ဆေးမှု လာလုပ်ခဲ့သေးတယ်"

ပုံမှန် သွေးပေါင်ချိန်က ၉၀-၁၄၀ ပါ… ဒါပေမဲ့ အဲဒီအချိန်တုန်းက သူ့ရဲ့ သွေးပေါင်ချိန်က ၁၉၀ အထိ ရောက်နေခဲ့ပါတယ်… ဒါပေမဲ့ အဲဒီအချိန်တုန်းက သူ့ဆီမှာ လေဖြတ်မယ့် လက္ခဏာ တစ်ခုမှ မရှိခဲ့ပါဘူး…

"ဘာ…"

ဟူရီတောက်နှင့် ပရော်ဖက်ဆာရှားဟွာတို့က ပြိုင်တူ ရေရွတ်လိုက်ကြပေသည်။

ပုံမှန် အခြေအနေများအောက်တွင် သာမန် လေဖြတ်ခြင်းများသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် နှစ်လမှ သုံးလအထိ ကြာမြင့်နိုင်ပြီး ပြင်းထန်သော လေဖြတ်ခြင်းများမှာမူ တစ်နှစ်မှ နှစ်နှစ်အထိ ကြာမြင့်နိုင်ပေသည်။

ဆရာချန် ၏ စစ်ဆေးမှု မှတ်တမ်းအရ တစ်ဖက်လူ၏ အခြေအနေမှာ ကုသမှုခံယူနေသည်မှာ နှစ်လကျော်ကြာပြီဖြစ်ကာ လုံးဝနီးပါး ပြန်လည်ကောင်းမွန်လာသည့်ပုံ ပေါက်နေခဲ့၏။

တကယ်လို့ ဒီနေ့မှ လေဖြတ်တာဆိုရင် အဲဒါက တစ်ဖက်လူက လေဖြတ်တာကို တစ်ကြိမ်တည်းနဲ့ ကုသပေးလိုက်တာလို့ ဆိုလိုတာ မဟုတ်ဘူးလား… အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…

"မြန်မြန်… လူနာကို မြန်မြန် သွားကြည့်ရအောင်"

ကျွမ်းကျင်သူဝမ်ယွီ ဦးဆောင်မှုဖြင့် ၎င်းတို့အဖွဲ့သည် စင်္ကြံလမ်းတွင် စစ်ဆေးမှု ရလဒ်များကို စောင့်ဆိုင်းနေသော ဆရာချန်ကို တွေ့ရှိသွားကြလေသည်။

ချန်ဖုန်းက စာသင်ခန်းထဲတွင် သူ၏ ရောဂါအခြေအနေကို ထိန်းချုပ်ရန် ကူညီပေးခဲ့သော်လည်း ရောဂါပြန်လည်ဖောက်လာမည်ကို ကာကွယ်ရန်အတွက် ဆေးရုံသို့ လာရောက်စစ်ဆေးခြင်း ဖြစ်ပေ၏။ မည်သို့ပင်ဆိုစေ တစ်ဖက်လူသည် ကျောင်းသားတစ်ဦးသာ ဖြစ်လေသည်။

အပ်စိုက်ကုသခြင်း လုပ်ငန်းစဉ်က ခန္ဓာကိုယ်ကို ဒုတိယအကြိမ် ထိခိုက်မှု မဖြစ်စေနိုင်ဘူးလို့ ဘယ်သူကမှ အာမမခံနိုင်ဘူးလေ။

ဆရာဝန် သုံးလေးဦးခန့် ဝိုင်းအုံလာသည်ကို မြင်သောအခါ ဆရာချန်၏ နှလုံးသားမှာ တစ်ချက် ခုန်ပေါက်သွားခဲ့၏။

"ဆရာဝန်ဝမ်… ကျွန်တော့်ရောဂါက ပြင်းထန်နေလို့လား"

"စိတ်မပူပါနဲ့… အခြေအနေက အရမ်း တည်ငြိမ်နေပါပြီ… နောက်ဆက်တွဲ ပြုစုစောင့်ရှောက်မှုလေးတွေ လုပ်ပေးရင် လုံးဝ ပျောက်ကင်းသွားမှာပါ"

ကျွမ်းကျင်သူဝမ်ယွီက တစ်ဖက်လူအား နှစ်သိမ့်ပြောဆိုလိုက်သည်။ သူက အလျင်အမြန် ထပ်မေးလိုက်၏။

ဝမ်ယွီ"ဆရာချန်… ခင်ဗျားရဲ့ လေဖြတ်ရောဂါကို ဘယ်လို ကုသခဲ့လဲဆိုတာ ပြောပြပေးနိုင်မလား"

ဆရာချန် "သူက ကျောင်းသားတစ်ယောက်ပါ…ပြီးတော့ သူက တော်တော်လေး ကျွမ်းကျင်ပုံရတယ်… ဘာပဲဖြစ်ဖြစ် ကျွန်တော် နားမလည်ပါဘူး… ကျွန်တော် သိတာကတော့ သူက ငွေရောင်အပ် တစ်စုံကို အသုံးပြုသွားတယ်ဆိုတာပဲ"

"ငွေရောင်အပ်တွေလား"

ဘေးတွင် ရပ်နေသော ပရော်ဖက်ဆာရှားဟွာ ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့၏။

သူသည် တရုတ်တိုင်းရင်းဆေးအသင်း ဥက္ကဋ္ဌ ဖြစ်သည်။ တရုတ်တိုင်းရင်းဆေးပညာသည် လေဖြတ်ခြင်းကို အမှန်တကယ် ကုသနိုင်ပြီး သင့်လျော်သော ကုသမှုဖြင့် ရောဂါ၏ အရင်းအမြစ်ကို လုံးလုံးလျားလျား ဖယ်ရှားနိုင်ပေသည်။ ဒါပေမဲ့ ဘယ်သူကမှ အဲဒီလို အကျိုးသက်ရောက်မှုမျိုး မရနိုင်ဘူးလေ ချက်ချင်း အလုပ်ဖြစ်သွားတာတဲ့လား။

ဆရာချန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်… ငွေရောင်အပ် တစ်စုံပဲ အသုံးပြုသွားတာ… အဲဒီအချိန်တုန်းက ဓာတ်ပုံရိုက်ထားတဲ့ လူတွေ ရှိတယ်… ကျွန်တော် ရှာလို့ရမလားဆိုတာ ကြည့်လိုက်ဦးမယ်"

မကြာမီမှာပင် ကျောင်းသားတစ်ဦးထံမှ ဗီဒီယိုတစ်ခုကို သူ ရရှိခဲ့ပေသည်။ ၎င်းကို ကျောင်းသားတစ်ဦးက ရိုက်ကူးထားခြင်း ဖြစ်၏။

ပရော်ဖက်ဆာရှားဟွာသည် ဗီဒီယိုကို မြင်လိုက်ချိန်တွင် သူ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူ၏ အကြည့်များသည် ငွေရောင်အပ်များကို အသုံးပြုနေသော ချန်ဖုန်း၏ လက်များပေါ်တွင် စူးစိုက်သွားလေသည်။

သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ထိုနေရာတွင်ပင် အေးခဲသွားတော့၏။

"ဒါက… ဒါက… ယင်ယန် အပ်ကိုးချောင်း လား"

၎င်းသည် ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ရှေးဟောင်း အပ်စိုက်ကုထုံး တစ်ခုဖြစ်ပြီး တရုတ်တိုင်းရင်းဆေးလောကရှိ လူအချို့က ၎င်း၏ အမည်ကို သိရှိထားကြသော်လည်း… ဘယ်သူမှ ဘယ်လို အသုံးပြုရမလဲဆိုတာကို မသိကြချေ။

ပရော်ဖက်ဆာရှားဟွာ ကိုယ်တိုင်ပင်လျှင် စာရွက်စာတမ်း အချို့မှာပဲ မြင်ဖူးခဲ့တာလေ

ဒီအပ်စိုက်ကုထုံးက အရမ်း ထူးခြားတယ်လို့ ဆိုကြတယ်။ အပ်စိုက်တာက ရိုးရှင်းပုံရပေမဲ့ ရှုပ်ထွေးတဲ့ ကျွမ်းကျင်မှုတွေ အများကြီး ပါဝင်နေတယ်လေ သာမန်လူတွေ လေ့လာသင်ယူဖို့ အရမ်း ခက်ခဲပါတယ်။ ဒါပေမဲ့ သင်ယူတတ်မြောက်သွားရင်တော့ လူသေကိုတောင် အသက်ပြန်ရှင်လာအောင် လုပ်နိုင်လုနီးပါးပါပဲ။

သေချာတာပေါ့ လူသေကို အသက်ပြန်ရှင်လာအောင် လုပ်နိုင်တယ်ဆိုတာက နည်းနည်း ချဲ့ကားပြောဆိုရာ ရောက်ပေမဲ့ ဒီလောက်အထိ အံ့သြဖို့ကောင်းတယ်ဆိုတဲ့ သဘောပါ။

"အကျိုးသက်ရောက်မှု အရမ်းကောင်းနေတာ အံ့သြစရာ မရှိပါဘူးလေ… အဲဒါက ယင်ယန် အပ်ကိုးချောင်း ကြောင့်ပဲ"

ပရော်ဖက်ဆာရှားဟွာသည် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့၏။

တိုက်ကြီးအသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ပင် ဒီကောင်လေးက

ယင်ယန် အပ်ကိုးချောင်းကို တစ်နိုင်ငံလုံးမှာ ဘယ်လိုအသုံးပြုရမလဲဆိုတာ သိတဲ့ တစ်ဦးတည်းသောလူ ဖြစ်နိုင်တယ်။

ဘေးတွင် ရပ်နေသော ဟူရီတောက်မှာလည်း အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ပေသည်။

"ဟင်… ဒီ ရှောင်ချန် ပဲလား"

"ရှောင်ချန် လား"

ပရော်ဖက်ဆာရှားဟွာသည် အစောပိုင်းက တစ်ဖက်လူ၏ ရုပ်ရည်ကို သတိမပြုမိခဲ့ချေ။ သေချာ ကြည့်ရှုလိုက်ချိန်တွင်… "ချီးပဲ" ဆိုသည့် စကားတစ်ခွန်းတည်းနှင့်ပင် သူ၏ စိတ်ခံစားမှုများကို မငြိမ်သက်စေနိုင်တော့ချေ။

"အနောက်တိုင်း… ခွဲစိတ်မှုက ထူးချွန်နေပြီဆိုတာထား… အခု တရုတ်တိုင်းရင်းဆေးပညာကပါ ဒီလောက် အံ့သြဖို့ကောင်းနေတာ… ဒီကောင်လေးက ဘယ်လို သတ္တဝါမျိုးလဲကွ…”

All Chapters