← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း (၃၆) အချိန်စီမံခန့်ခွဲမှု ကျွမ်းကျင်သူ

လူသိများတဲ့အတိုင်းပါပဲ

တရုတ်တိုင်းရင်းဆေးပညာကို သင်ယူဖို့က အချိန်အရမ်းပေးရတယ်။

ပရော်ဖက်ဆာရှားဟွာ ကိုယ်တိုင်ပင်လျှင် အခြားသူများကို ကိုယ်တိုင် အပ်စိုက်ကုသပေးရန် မရဲဝံ့မီ ဆယ်နှစ်ကြာအောင် လေ့လာသင်ယူခဲ့ရပေသည်။ တရုတ်တိုင်းရင်းဆေးအသင်း ဥက္ကဋ္ဌ ဖြစ်လာဖို့အတွက် အနှစ်သုံးဆယ်ကျော် အချိန်ယူခဲ့ရတာလေ

ပြီးတော့ ချန်ဖုန်းက ယင်ယန် အပ်ကိုးချောင်း ကို အသုံးပြုတဲ့အခါမှာ နည်းစနစ်က အရမ်း ကျွမ်းကျင်နေတယ်… ဒါက သေချာပေါက် အစပြုသူတစ်ယောက် မဟုတ်ဘူးလေ။

သူတို့ တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့ကြ၏။ တစ်ဖက်လူက အသက်နှစ်ဆယ်ကျော်လေးပဲ ရှိသေးတာ… ခွဲစိတ်မှုနဲ့ တရုတ်တိုင်းရင်းဆေးပညာကို တစ်ပြိုင်နက်တည်း သင်ယူဖို့ သူတို့ရဲ့ အချိန်တွေကို ဘယ်လိုများ စီစဉ်နိုင်ခဲ့တာလဲ။

ဒီအချိန်စီမံခန့်ခွဲမှုက… တကယ်ကို အံ့သြဖို့ကောင်းတာပဲ။

"လောင်ဟူ… ပေ့ဟူတက္ကသိုလ် ကို သွားကြရအောင်… ရှောင်ချန် ကို ငါတို့ သေချာပေါက် ရှာတွေ့မှဖြစ်မယ်… ယင်ယန် အပ်ကိုးချောင်း ကို ငါ့တစ်သက်မှာ မြင်ရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး"

ပရော်ဖက်ဆာရှားဟွာသည် ဘေးတွင် ရပ်နေသော ဟူရီတောက်ကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့လေ၏။ ဟူရီတောက်သည်လည်း စိတ်လှုပ်ရှားနေပုံရပေသည်။ ဒီမျိုးဆက်သစ်လေးကို သေချာပေါက် တွေ့မှဖြစ်မယ်။

မကြာမီမှာပင် သူတို့နှစ်ဦးသည် ပေ့ဟူတက္ကသိုလ် သို့ ရောက်ရှိသွားကြ၏။ သူတို့သည် ကျောင်းထဲတွင် အချိန်အကြာကြီး ရှာဖွေခဲ့ကြပြီး ကျောင်းသားများစွာကို မေးမြန်းခဲ့သော်လည်း ချန်ဖုန်းကို ရှာမတွေ့ခဲ့ကြချေ။

ပရော်ဖက်ဆာရှားဟွာသည် အချိန်ကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်သည်။

"လောင်ဟူ… ပေ့ဟူ ကို ရောက်တုန်းရောက်ခိုက် သူငယ်ချင်းဟောင်း တစ်ယောက်နဲ့ တွေ့ဖို့ ချိန်းထားတာရှိတယ်… အခု အဲဒီကို သွားမှရမယ်"

"မင်း အရင် ကြည့်ရှာနေလိုက်ဦး… တကယ်လို့ ရှောင်ချန် ကို တွေ့ရင် ငါ့ကို ဖုန်းဆက်ဖို့ မမေ့နဲ့နော်"

"စိတ်မပူပါနဲ့… မင်း အလုပ်သွားလုပ်လို့ ရပါတယ်"

ဟူရီတောက် ခေါင်းညိတ်လိုက်၏။

အခြားတစ်ဖက်တွင်

ချန်ဖုန်းသည် ရှန်ယန်းယန်း၏ အိမ်သို့ ကားမောင်းလာခဲ့ပေသည်။ ရှန်ယန်းယန်း၏ မိသားစုသည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြရာ ၎င်းတို့သည်လည်း ဗီလာတစ်ခုတွင် နေထိုင်ကြလေ၏။ စတုရန်းမီတာ ၈၀၀ ခန့် ကျယ်ဝန်းပေသည်။

ကားပေါ်မှဆင်းလိုက်သည်နှင့်တစ်ပြိုင်နက်

ရှန်ယန်းယန်းသည် သူ့ကို ဧည့်ခန်းဆီသို့ ဆွဲခေါ်သွားရင်း ပြောဆိုလိုက်၏။

"ဗီလာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အကုန်လုံး ငါ့အဖေဆီမှာ ရှိတယ်… အဲဒါကို ရောင်းဖို့ သူ ကန့်ကွက်မှာ မဟုတ်ပါဘူး"

ချန်ဖုန်းသည် သူ၏ နှာခေါင်းကို ပွတ်လိုက်မိပေသည်။ ဘာလို့ မိဘတွေနဲ့ လာတွေ့ရသလို ခံစားနေရတာလဲ။

သူတို့နှစ်ဦး ခြံဝင်းကို ဖြတ်လျှောက်သွားကြရင်း

ဧည့်ခန်းထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် အာဏာစက် အငွေ့အသက်များကို ထုတ်လွှင့်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရလေသည်။

"ဖေဖေ"

ရှန်ယန်းယန်းက ပြုံးလျက် လျှောက်သွားလိုက်သည်။

ရှန်ကျွင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

"ယန်းယန်း… ဒါက ဘယ်သူလဲ"

"သူက သမီးရဲ့ အတန်းဖော် ချန်ဖုန်း ပါ"

"မင်္ဂလာပါ ဦးလေးရှန်"

ချန်ဖုန်းက ယဉ်ကျေးစွာ နှုတ်ဆက်လိုက်ပေသည်။

"အားနာစရာမလိုပါဘူး… ထိုင်ပါ"

အပေါ်ယံတွင် ရှန်ကျွင်းမှာ တည်ငြိမ်အေးချမ်းနေပုံရသော်လည်း အတွင်းစိတ်ထဲတွင်မူ ရှုပ်ထွေးပွက်လောရိုက်နေခဲ့၏။

‘ငါ့သမီးက အိမ်ကို ယောကျာ်းလေး တစ်ယောက်မှ မခေါ်လာဖူးပါဘူး ဒီနေ့ ဘာတွေဖြစ်နေတာလဲ ရည်းစားလား’

သူသည် ချန်ဖုန်းအား ဂရုတစိုက် အကဲခတ်ကြည့်ရှုလိုက်၏။ အနည်းငယ် ရုပ်ဖြောင့်သော်လည်း သူ့လောက်တော့ မချောမောပေ.. အဟမ်း…အဟမ်း… ဒါပေမဲ့ မိသားစုနောက်ခံကိုတော့ မသိရသေးဘူးလေ

"ဖေဖေ… အထင်မလွဲနဲ့ဦး"

ရှန်ယန်းယန်းက နှုတ်ခမ်းဆူလိုက်သည်။ ဖခင်ဖြစ်သူ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် ဘာတွေတွေးနေသလဲဆိုတာကို သူမ သိနိုင်ပေ၏။ သူမက အလျင်အမြန် ပြောဆိုလိုက်သည်။

"သမီးတို့ရဲ့ ဗီလာက လူမနေဘဲ ထားထားတာ အချိန်တော်တော်ကြာပြီလေ… ဒီတိုင်းထားထားရင် အလဟဿ ဖြစ်သွားမယ်လို့ သမီးတွေးမိလို့"

"ချန်ဖုန်းကလည်း ဗီလာတစ်လုံး ဝယ်ဖို့ ရှာနေတာဆိုတော့ အဲဒီတစ်လုံးကို သူ့ဆီ ရောင်းလိုက်ရအောင်လေ"

"ပေါက်ကရတွေ"

ရှန်ကျွင်း၏ မျက်နှာ ညိုမဲသွားခဲ့၏။ သမီးဖြစ်သူ ဘာတွေးနေသည်ကို သူ သိရှိပေသည်။ သူ လောလောဆယ် ငွေကြေးပြဿနာ အချို့ ရှိနေပြီး သူ၏ ကုမ္ပဏီမှာ လုပ်ငန်းလည်ပတ်ရန် ရန်ပုံငွေ အရေးတကြီး လိုအပ်နေသည်။ အဲဒီဗီလာကို ရောင်းလိုက်ခြင်းက သူ့ကို တစ်လလောက် တောင့်ခံထားနိုင်အောင် ကူညီပေးနိုင်တာ အမှန်ပါပဲ။

ဒါပေမဲ့… အဲဒါက သမီးဖြစ်သူကို သူ ပေးထားတဲ့ လက်ဆောင်လေ

ဒါ့အပြင် ဗီလာတစ်လုံးကို ရောင်းမယ်ဆိုရင်တောင် သူဌေးကြီး တစ်ယောက်ယောက်ကို ရှာဖို့ လိုအပ်တယ်။ မင်းရဲ့ အတန်းဖော်ဆီက ဘာတွေ လိုချင်နေတာလဲ။

ဒါကြောင့်သူက ချန်ဖုန်းပြောလိုက်သည်။

"ရှောင်ချန်… ယန်းယန်းက မင်းကို နောက်နေတာပါ… စိတ်ထဲမထားပါနဲ့"

"ဦးလေးရှန်… တကယ်လို့ ဗီလာကို တကယ် ရောင်းချင်တယ်ဆိုရင် ကျွန်တော် ဝယ်နိုင်ပါတယ်… ဈေးနှုန်း သဘောတူပြီးတာနဲ့ ငွေက ဦးလေးအကောင့်ထဲကို ချက်ချင်း ရောက်လာမှာပါ"

ချန်ဖုန်းက သိပ်များများစားစား မတွေးတောခဲ့ချေ။ ဘာပဲဖြစ်ဖြစ် ဝယ်မှာပဲဆိုတော့ ရှန်ယန်းယန်းကို ကူညီပေးလိုက်တာက ပိုကောင်းတာပေါ့။

ဤအချိန်၌ တံခါးအပြင်ဘက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပေ၏။

"ပြောပါဦး… ဦးလေးရှန်ရဲ့ ဗီလာက အနည်းဆုံး ယွမ် သန်းသုံးဆယ် လေးဆယ်လောက် တန်တယ်လေ… မင်း ဝယ်နိုင်လို့လား"

အပြင်ဘက်မှ ဝတ်စုံပြည့်ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ဝင်လာခဲ့သည်။ သူသည် ချန်ဖုန်းအား ပြုံးလျက် တစ်ချက်ကြည့်လိုက်ပြီးနောက် ရှန်ကျွင်းကို နှုတ်ဆက်လိုက်၏။

"လျိုမင်လျန် က ဦးလေးရှန်ကို နှုတ်ဆက်ပါတယ်"

"ရှောင်လျို… ငါတို့ မတွေ့ရတာ နှစ်အတော်ကြာပြီပဲ"

ရှန်ကျွင်းက အားပါးတရ ရယ်မောလိုက်သည်။ တစ်ဖက်လူမှာ ပြည်ပတွင် ပညာသင်ကြားနေခဲ့ပြီး မကြာသေးမီကမှ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော သူငယ်ချင်းတစ်ဦး၏ သားဖြစ်ပေ၏။

"ငါတို့ နောက်ဆုံးတွေ့ခဲ့တာ ငါးနှစ်တောင် ရှိသွားပြီပဲ"

ထို့နောက် လျိုမင်လျန်သည် ဘေးရှိ ရှန်ယန်းယန်းကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားခဲ့သည်။

"ယန်းယန်း က ပိုပိုပြီး လှလာတာပဲ… အခုဆို နင့်ကို လိုက်နေတဲ့သူတွေ အများကြီး ရှိနေမှာ သေချာတယ် မဟုတ်လား"

"ဟွန့်"

ရှန်ယန်းယန်းသည် သူ့ကို အာရုံစိုက်ရန်ပင် ပျင်းရိနေခဲ့၏။ သူတို့နှစ်ဦးသည် ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြသော်လည်း အကြောင်းပြချက် တစ်ခုခုကြောင့် သူ့အပေါ်တွင် ကောင်းမွန်သော ခံစားချက်မျိုး တစ်ခါမှ မရှိခဲ့ချေ။

ရှန်ယန်းယန်း၏ အပြုအမူကို လျိုမင်လျန်က စိတ်ထဲမထားခဲ့ပေ။ ကြည့်ရတာ သူက ဒီလိုမျိုးကို အစောကြီးကတည်းက အသားကျနေခဲ့ပုံရသည်။

သူက ချန်ဖုန်းထံသို့ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပြောဆိုလိုက်၏။

"မင်္ဂလာပါ… ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါရစေ… ငါ့နာမည်က လျိုမင်လျန် ပါ… နိုင်ငံခြားမှာ ပညာသင်ကြားပြီး အခုလေးတင် ပြန်လာတာပါ… မာချန် နည်းပညာအင်စတီကျု ကနေ မဟာဘွဲ့ နှစ်ခုနဲ့ ဘွဲ့ရခဲ့တာပါ"

"အရင်က ပြည်ပက စာရင်းဝင်ကုမ္ပဏီတစ်ခုမှာ အကြီးတန်း အမှုဆောင်အရာရှိ တစ်ယောက်အနေနဲ့ အလုပ်လုပ်ခဲ့ပြီး တစ်နှစ်ဝင်ငွေက ယွမ်သန်းဆယ်ဂဏန်းလောက်ပဲ ရှိတာပါ"

"လက်ရှိမှာတော့ ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်ဖို့ တရုတ်နိုင်ငံကို ပြန်လာဖို့ ပြင်ဆင်နေပါတယ်"

ရိုးရှင်းသော စကားလုံး အနည်းငယ်ကပင် ဟန်ရေးပြမှု အငွေ့အသက်များကို ထုတ်လွှင့်နေပေ၏။

ချန်ဖုန်းက မိမိကိုယ်ကိုယ် မိတ်ဆက်ရန် ပြင်လိုက်ချိန်တွင် တစ်ဖက်လူက ချက်ချင်း လှည့်ထွက်သွားပြီး သူ့ကို မိတ်ဆက်ရန် အခွင့်အရေး မပေးခဲ့ချေ။ သူ ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့၏။

"ချန်ဖုန်း… သူ့ကို ဂရုမစိုက်နဲ့"

ရှန်ယန်းယန်းသည် ချန်ဖုန်းအား သူမ၏ဘေးတွင် ထိုင်ရန် ဒေါသတကြီး ဆွဲခေါ်သွားလေသည်။

လျိုမင်လျန်၏ မျက်နှာအမူအရာ အေးခဲသွားခဲ့၏။ ကြည့်ရတာ သူက ရှန်ယန်းယန်း လက်ဆွဲတာကို တစ်ခါမှ မခံခဲ့ရဖူးပုံပဲ။ ဒီလို လူရှေ့ ကြင်နာပြနေတာကတော့ လွန်လွန်းတယ်…

ဘေးရှိ ဆိုဖာပေါ်တွင် ရှန်ယန်းယန်း၏ မျက်နှာတွင် ဒေါသအချို့ ရှိနေဆဲ ဖြစ်သည်။

"အဲဒီလူက အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်… တကယ်လို့ သူ ဒီနေ့လာမယ်မှန်းသာ သိခဲ့ရင် ငါ ပြန်လာမှာ မဟုတ်ဘူး"

ချန်ဖုန်း ဖျော့တော့စွာ ပြုံးလိုက်၏။ တစ်ဖက်လူသည် တစ်ခါတစ်ရံတွင် မိမိဆန္ဒအတိုင်း ပြုမူတတ်သော်လည်း ကိုယ့်လူကိုတော့ အလွန် ကာကွယ်ပေးတတ်ပေသည်။

"အဲဒီဗီလာက…"

"ရောင်းမှာပါ… ငါ့အဖေက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မျက်နှာပျက်မခံချင်လို့ပါ"

ရှန်ယန်းယန်းက တိုးညင်းစွာ ပြောဆိုလိုက်၏။

"လျိုမင်လျန် ပြန်သွားရင် အဲဒီအကြောင်း ငါ့အဖေနဲ့ ပြောလိုက်မယ်… တကယ်လို့ သူ့မှာ လုံလောက်တဲ့ ငွေသားစီးဆင်းမှု မရှိဘူးဆိုရင် သူ့ရဲ့ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ က ဒေဝါလီခံရလိမ့်မယ်"

"ဟိုင်ထျန် ဉာဏ်ရည်တု လား"

ဤနာမည်ကို တစ်နေရာရာတွင် ကြားဖူးသကဲ့သို့ ချန်ဖုန်း ရုတ်တရက် ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် သူသည် နဖူးကို ရုတ်တရက် ရိုက်လိုက်မိ၏။ ဖုန်းကို အလျင်အမြန် ထုတ်ယူကာ ဗီဒီယို အက်ပလီကေးရှင်းကို ဖွင့်ရှာလိုက်သည်။

ဟိုင်ထျန် ဉာဏ်ရည်တု နှင့် ပတ်သက်သော ဗီဒီယိုတစ်ခုကို သူ သတိရသွားသော်လည်း ဗီဒီယိုမှာ သော့ခတ်ထားပြီး လတ်တလောတွင် ကြည့်ရှု၍ မရနိုင်ချေ။

"သော့ဖွင့်လိုက်"

ချန်ဖုန်းက သိပ်ပြီး ဂရုမစိုက်နေချင်တော့ချေ။ ဗီဒီယိုကို သော့ဖွင့်ရန် စနစ်ပွိုင့် ၅ ပွိုင့်ကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက်

ဗီဒီယိုတစ်ခု ပေါ်လာခဲ့၏။

[၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ သည် ဒေဝါလီခံရကြောင်း ကြေညာခဲ့သည်။ ဥက္ကဋ္ဌ ရှန်ကျွင်း သည် အရပ်ရပ်မှ ဖိအားများကို မခံနိုင်တော့ဘဲ နံနက် ၁၀ နာရီတွင် အဆောက်အအုံပေါ်မှ ခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်…]

ဗီဒီယိုထဲတွင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော ရှန်ကျွင်းသည် ကုမ္ပဏီ အဆောက်အအုံ၏ ခေါင်မိုးပေါ်တွင် ရပ်နေပြီး သူ့ကို လူအုပ်ကြီးက ဝိုင်းရံထားကာ လူနာတင်ယာဉ်များက ကယ်ဆယ်ရေး လုပ်ငန်းများကို ပြင်ဆင်နေကြပေ၏။

ဗီဒီယိုထဲတွင် သတင်းအချက်အလက် အများအပြား ပါဝင်နေသဖြင့် ချန်ဖုန်းသည် ဗီဒီယိုကို အလျင်အမြန် ကြည့်ရှုပြီးစီးသွားခဲ့သည်။ သူ၏ နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု ပေါက်ကွဲသွားခဲ့လေ၏

သုံးနှစ်အကြာက ဗီဒီယိုတစ်ခု

တစ်နည်းအားဖြင့် ရှန်ယန်းယန်း၏ မိသားစုကုမ္ပဏီသည် သုံးနှစ်အကြာတွင် ဒေဝါလီခံရမည်ဖြစ်ပြီး သူမ၏ ဖခင်သည် အဆောက်အအုံပေါ်မှ ခုန်ချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်သွားမည် ဖြစ်သည်။

သူသည် ရှန်ယန်းယန်းအား အရိပ်အယောင်မပြဘဲ တစ်ချက်ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောဆိုလိုက်၏။

"မင်းအဖေက ဉာဏ်ရည်တု အကြောင်းကို လေ့လာနေတာ မဟုတ်လား… အဲဒီလို ကုမ္ပဏီတွေအတွက် အဲဒါက အရေးကြီးတယ်လို့ ငါ ကြားဖူးတယ်

အဓိက အချက်အလက်တွေက အရေးအကြီးဆုံးပဲလေ…

တကယ်လို့ အဓိက အချက်အလက်တွေ ယိုစိမ့်သွားပြီး တခြားသူတွေက အသုံးချသွားမယ်ဆိုရင်…

ကုမ္ပဏီက ဒေဝါလီခံရတဲ့အထိ ဖြစ်သွားနိုင်တယ်"

"အဲဒီလောက်တောင် ပြင်းထန်တာလား"

ရှန်ယန်းယန်း ဆွံ့အသွားခဲ့သည်။ သူမသည် ကုမ္ပဏီကိစ္စများကို တစ်ခါမှ ဂရုမစိုက်ခဲ့ချေ။

ချန်ဖုန်းသည် တစ်ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်၏။

"အဟမ်း… ငါ ခုနက တွက်ချက်ကြည့်လိုက်တာ… နောက်သုံးနှစ်အကြာ ဇူလိုင်လ ၁၀ ရက်နေ့ကျရင် မင်းအဖေ သွေးထွက်သံယို ဖြစ်မယ့် အန္တရာယ်တစ်ခုနဲ့ ကြုံရလိမ့်မယ်ဆိုတာ ငါ သိလိုက်တယ်…

မင်းအဖေ ဘယ်သွားသွား… မင်း သူ့အနားမှာ အနီးကပ် နေရမယ်နော်"

All Chapters