အခန်း ၅၁
Vol. 6 Ch. 51
အခန်း (၅၁) အနီရောင်စာအိတ်တွေနဲ့ ပတ်သက်ပြီး မင်း နားလည်မှုလွဲနေတာလား
ဧည့်ခန်းမထဲ၌
ဝန်ထမ်း ဒါဇင်ပေါင်းများစွာသည် အမြတ်ငွေများကို စိတ်လှုပ်ရှားစွာ ခွဲဝေနေကြ၏။ ၎င်းတို့သည် အရောင်းအဝယ်တွင် ပါဝင်ရန်အတွက် ယွမ်သန်း ၃၀ ကျော်ကို စုပေါင်းထည့်ဝင်ခဲ့ကြပြီး ချက်ချင်းပင် ယွမ် ၁၀ သန်းကျော် အမြတ်ရရှိခဲ့ပေသည်။
ခွဲဝေမှု ပြီးစီးသွားပြီးနောက်
အချို့က သန်းနှင့်ချီ၍ ရရှိကြပြီး အချို့မှာ သောင်းနှင့်ချီ၍ ရရှိကြ၏။
အမြတ် ၃၃ ရာခိုင်နှုန်းတောင်...
ဒါက တကယ်ကို အံ့သြဖို့ကောင်းလွန်းပြီး သူတို့ရဲ့ တစ်နှစ်စာ လစာထက်တောင် ပိုများနေသေးသည်။
"တကယ်ကြီး ပိုက်ဆံရလိမ့်မယ်လို့ ငါတို့ မထင်ထားခဲ့ဘူး... မစ္စတာချန်က တကယ်ပဲ ငါတို့ကို မလိမ်ခဲ့ဘူး..."
"ဟုတ်တယ်... နာရီဝက်တောင် မကြာတဲ့အချိန်အတွင်းမှာ ဒီလောက် ပိုက်ဆံအများကြီး ရလိုက်တာ... အလုပ်သွားလုပ်ရတာထက် အများကြီး ပိုလွယ်တာပေါ့..."
"ရှောင်ဝူ... မင်း ဒီတစ်ခေါက် ယွမ်လေးသန်းကျော်တောင် ရတယ်ဆိုတော့... ငါတို့ထဲမှာ မင်းက အမြတ်အများဆုံးပဲ မဟုတ်လား..."
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အစ်မဝမ်က သူ့ကိုယ်ပိုင် အကောင့်ဖွင့်ထားတာလေ... သူကမှ တကယ့်ကို အများကြီး ရလိုက်တာ..."
လူတိုင်းက ဝမ်ဖန်းချောင်ထံသို့ လှည့်ကြည့်လိုက်ကြ၏။ စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။
"အစ်မဝမ်... မြန်မြန် ပြောပြပါဦး... ဒီတစ်ခေါက် ဘယ်လောက်တောင် အမြတ်ရလိုက်လဲ..."
"ငါ..."
ဝမ်ဖန်းချောင်၏ မျက်နှာတွင် ခါးသီးသော အမူအရာများ ပြည့်နှက်နေပေ၏။
သူမသည် ပိုက်ဆံချေးနေရသဖြင့် အချိန်အတော်ကြာ နှောင့်နှေးသွားခဲ့ပြီး နောက်ဆုံးတွင် သူမ ဝယ်ယူလိုက်ချိန်၌ အမေရိကန် A-အဆင့် ကော်ဖီ ဈေးနှုန်းမှာ သိသိသာသာ ကျဆင်းနေခဲ့ပြီ ဖြစ်သည်။ အနိမ့်ဆုံးဈေးမှာ ဝယ်ယူခဲ့ရခြင်း မဟုတ်ချေ။
ချန်ဖုန်းက အနိမ့်ဆုံးဈေးတွင် စတင်ဝယ်ယူချိန်၌ လူတိုင်းက လိုက်ပါဝယ်ယူခဲ့ကြ၏။ သို့သော် ဝမ်ဖန်းချောင်ကမူ ဈေးပိုကျလာမည့်အချိန်ကို စောင့်ဆိုင်းချင်နေခဲ့ပေသည်။
ရလဒ်ကတော့... ချန်ဖုန်း ဝယ်ယူပြီးသည်နှင့် တစ်ပြိုင်နက် ဈေးနှုန်းက ချက်ချင်း ပြန်တက်သွားခဲ့လေသည်။
ဒါက ဝမ်ဖန်းချောင်ကို လုံးလုံးလျားလျား အငိုက်မိသွားစေခဲ့၏။
သူမက ပိုမိုကြီးမားသော အမြတ်အစွန်းများ ရရှိနိုင်မည်ဟု တွေးတောကာ အလွန်အမင်း လောဘကြီးလွန်းခဲ့ပြီး နောက်ဆုံးတွင် အရာအားလုံး ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့ပေသည်။
ဆွေမျိုးတွေကို ပေးမယ်လို့ ကတိပေးထားတဲ့ အတိုးကို သေချာပေါက် ပေးနိုင်တော့မှာ မဟုတ်ဘူး... ဆွေမျိုးတွေနဲ့ ဆက်ဆံရေး ပျက်စီးသွားရင်တောင်မှ အရင်းပြန်ရဖို့ မဖြစ်နိုင်တော့ဘူး... အရင်းလေး ပြန်ရရင်ကိုပဲ ကံကောင်းနေပြီ...
ဒါကြောင့် ဒီတွက်ချက်မှုအရဆိုရင်... ဝန်ဆောင်ခနဲ့ ကော်မရှင်ခတွေ နှုတ်ပြီးတဲ့အခါမှာ သူမက ယွမ် ၂၀,၀၀၀ တောင် ရှုံးသွားခဲ့သေးသည်။
အချိန်တွေ အလဟဿ ဖြစ်သွားတာပဲ...
လူတိုင်း၏ မျှော်လင့်တကြီး မျက်နှာများကို မြင်တွေ့ရချိန်တွင်…
ဝမ်ဖန်းချောင်က သက်ပြင်းချလျက် ပြောဆိုလိုက်၏။
"ငါ့ကို မလှောင်ကြပါနဲ့ဟာ... ဒီတစ်ခေါက် ငါ အခွင့်အရေးကို လက်လွတ်သွားပြီး ယွမ် ၂၀,၀၀၀ တောင် ရှုံးသွားသေးတယ်..."
"အစ်မဝမ်... ဘာလို့ သက်ပြင်းချနေရတာလဲ... မစ္စတာချန်က တစ်ခါတည်းနဲ့ ယွမ် ၃ ဘီလီယံတောင် မြတ်သွားတာလေ..."
"အခုဆိုရင် ခင်ဗျားတို့က မိသားစုဝင်တွေ ဖြစ်နေပြီပဲ... တကယ်လို့ သူက ခင်ဗျားကို ယွမ် သန်း ၁၀၀ လောက် ပေးလိုက်ရင် တစ်သက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်စရာတောင် လိုတော့မှာ မဟုတ်ဘူး..."
"ဒီ ယွမ် ၂၀,၀၀၀ လေးအတွက် ဘာလို့ ပူပန်နေရမှာလဲ..."ဆိုပီး လူတိုင်းက သူမကို ဝိုင်းပီး မြှောက်ပင့်နေကြ၏။
"ဟီးဟီး..."
ဝမ်ဖန်းချောင်က နှစ်ချက်ခန့် ရယ်မောလိုက်၏။ စောစောက မြှောက်ပင့်ခံရမှုများမှ သူမ ကြာမြင့်စွာကတည်းက သတိပြန်ဝင်လာခဲ့လေပြီ။
တကယ်လို့ ချန်ဖုန်းကသာ ငါ့ရဲ့ သမက်အရင်း ဖြစ်ခဲ့မယ်ဆိုရင် အရမ်းကောင်းမှာပဲ... ဒါပေမဲ့ လက်တွေ့မှာတော့ သမီးဖြစ်သူနဲ့ သူ့ရည်းစားက လမ်းခွဲခဲ့တာ ကြာပြီလေ...
သူမ ယခုလေးတင် သမီးဖြစ်သူထံ ဖုန်းဆက်ခဲ့ရာ ထိုကုမ္ပဏီအရာရှိနှင့် စေ့စပ်ညှိနှိုင်းမှုများပင် ပျက်ပြားသွားခဲ့ပြီဟု သိရပေ၏။
ကံဆိုးမှုတွေက တစ်ခုပြီးတစ်ခု လာနေတာပဲ…
...
သီးသန့် ဧည့်တွေ့ခန်းအတွင်း၌
မန်နေဂျာချုပ်ချောင်သည် အချိန်အတော်ကြာသည်အထိ စိတ်မငြိမ်မသက် ဖြစ်နေခဲ့ပေ၏။ ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို သတင်းပို့ရန် သူသည် ဌာနချုပ်သို့ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်သည်။
ဌာနချုပ်က ဤကိစ္စကို အလွန် အလေးအနက်ထားလေ၏။ ဤအရေးပါသော ဖောက်သည်ကြီးနှင့် ဆက်ဆံရေးကောင်းမွန်အောင် ထိန်းသိမ်းထားရန် သူ့ကို ညွှန်ကြားခဲ့ပေသည်။
တစ်ချိန်တည်းမှာပင် တစ်ဖက်လူ အချိန်မရွေး အသုံးပြုနိုင်ရန်အတွက် လီဗာရေ့ချ် ကန့်သတ်ချက် အဆ ၂၀ ကို တိုက်ရိုက် ဖွင့်ပေးလိုက်သည်။
မန်နေဂျာချုပ်ချောင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ချန်ဖုန်းအား အားကျသော အကြည့်များဖြင့် ကြည့်လိုက်ကာ…
"မစ္စတာချန်... နောင်များမှာ ကျွန်တော့်ဆီက အကူအညီလိုတာရှိရင် အချိန်မရွေး ပြောလို့ရပါတယ်...
ကျွန်တော်က ခင်ဗျားလောက် မချမ်းသာပေမဲ့ ပေ့ဟူမြို့မှာတော့ အဆက်အသွယ်တွေ အများကြီး ရှိပါတယ်...
ဒီနေ့ မစ္စတာချန် က ကျွန်တော့်ကို ယွမ် သန်း ၂၀၀ လောက် မြတ်အောင် လုပ်ပေးခဲ့တယ်... ကျွန်တော် မစ္စတာချန်ကို ကျေးဇူးအများကြီး တင်ပါတယ်..."
"မန်နေဂျာချုပ်ချောင်... ခင်ဗျားက အရမ်း သဘောကောင်းလွန်းပါတယ်..."
ချန်ဖုန်းက အလွန် နှိမ့်ချစွာ ပြုမူလိုက်၏။
ဒါက သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးပင် သူသည် သူ့အပေါ် ကောင်းမွန်သူများကို ယဉ်ကျေးစွာ ဆက်ဆံလိမ့်မည်။ သူ့ကို အထင်သေးသူများကိုတော့ တစ်ဖက်လူကို လုံးလုံးလျားလျား ဂရုစိုက်မည် မဟုတ်ချေ။
"ကြိုပွိုင့်ဈေးကွက်အကြောင်း ကျွန်တော် သိပ်နားမလည်ပါဘူး... မန်နေဂျာချုပ်ချောင်သာ လုပ်ငန်းစဉ်တွေမှာ မကူညီခဲ့ဘူးဆိုရင် ဒီ ယွမ် ၃ ဘီလီယံကို ကျွန်တော် ရနိုင်မှာ မဟုတ်ပါဘူး... ဒါကြောင့် ကျွန်တော်တို့ အချင်းချင်း
အပြန်အလှန် ကူညီကြတာပါပဲ..."
ထို့နောက် သူသည် ဘေးရှိ ရှောင်လန်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်သည်။
"မိန်းကလေး... မင်းလည်း ဒီနေ့ အများကြီး ပင်ပန်းသွားပြီ... မင်းရဲ့ ဘဏ်ကတ်နံပါတ်လေး ပို့ပေးလို့ရမလား...
ငါ မင်းကို အနီရောင်စာအိတ်လေး ပို့ပေးချင်လို့ပါ..."
"ရှင်..."
ရှောင်လန်မှာ ခဏတာ အံ့အားသင့်သွားခဲ့၏။
အနီရောင်စာအိတ် ပေးမယ်ဆိုတာ WeChat ကနေ add လိုက်ရုံနဲ့ ရပြီမဟုတ်ဘူးလား... ဘဏ်ကတ်က ဘာလုပ်ဖို့လိုတာလဲ...
မန်နေဂျာချုပ်ချောင်က သူမကို အဓိပ္ပာယ်ပါပါ အဆက်မပြတ် မျက်စောင်းထိုးနေသည်ကို မြင်သောအခါ ရှောင်လန်သည် သူမ၏ ဘဏ်ကတ်ကို အလျင်အမြန် ထုတ်ပေးလိုက်သည်။
ချန်ဖုန်းက ပြုံးလိုက်ပြီး သူ၏ ဖုန်းပေါ်ရှိ ခလုတ်တစ်ခုကို ကျပန်း နှိပ်လိုက်သည်။
ရှောင်လန်ထံသို့ ဘဏ်မှ စာတို အသိပေးချက်တစ်ခု ချက်ချင်း ဝင်လာခဲ့ပေ၏။ သေချာစွာ ကြည့်လိုက်ချိန်တွင် သူမ သွေးအန်လုမတတ် ဖြစ်သွားခဲ့လေသည်။
ယွမ် ၁ သန်း လက်ခံရရှိပါသည်...
ဘုရားရေ...
တစ်ဖက်လူပြောသော အနီရောင်စာအိတ်ဆိုသည်မှာ ယွမ်ရာဂဏန်း သို့မဟုတ် အများဆုံးမှ ယွမ်တစ်ထောင်၊ နှစ်ထောင်ခန့်သာ ဖြစ်မည်ဟု သူမ မူလက ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ မထင်မှတ်ဘဲ ယွမ် တစ်သန်းတောင် ဖြစ်နေသည်။
အနီရောင်စာအိတ်နဲ့ ပတ်သက်ပြီး နားလည်မှုလွဲနေတာများလား...
အနီရောင်စာအိတ်ကို မရရှိခင်က ရှောင်လန်သည် ဧည့်ခန်းမထဲရှိ သူမ၏ လုပ်ဖော်ကိုင်ဖက်များကို အမြဲတမ်း အားကျနေခဲ့၏။ ၎င်းတို့က လိုက်ပါရင်းနှီးမြှုပ်နှံခဲ့ကြသဖြင့် ယွမ်သိန်းဂဏန်းခန့် အမြတ်ရခဲ့သည်ဟု ကြားသိရပေသည်။
ယခုအခါ သူမ လုံးဝ အားမကျတော့ချေ။ ဘာကြောင့်လဲဆိုတော့ ဘာမှမလုပ်ရဘဲ ယွမ် ၁ သန်း ရလိုက်လို့ပဲ…
မန်နေဂျာချုပ်ချောင်က ရယ်မောလျက် ပြောဆိုလိုက်သည်။
"ရှောင်လန်... အခုကစပြီး မင်းရဲ့ တာဝန်က မစ္စတာချန် နဲ့ သီးသန့် ဆက်သွယ်ဖို့ပဲ... တခြားအလုပ်တွေကိုတော့ တခြားလုပ်ဖော်ကိုင်ဖက်တွေကို ခွဲဝေပေးလိုက်မယ်...
အနာဂတ်မှာ မစ္စတာချန် လိုအပ်တာမှန်သမျှ မင်း အကုန် ဖြည့်ဆည်းပေးရမယ်နော်..."
"နားလည်ပါပြီ..."
ရှောင်လန်က အလျင်အမြန် ခေါင်းညိတ်လိုက်၏။
‘ငါ ရာထူးတိုးသွားပြီထင်တယ်... VIP ဖောက်သည်ကြီးအတွက် သီးသန့် ငွေကြေးအကြံပေးပုဂ္ဂိုလ် ဖြစ်သွားသလိုပဲ…’
ဒါပေမဲ့ သူမရဲ့ စိတ်ထဲမှာ နောက်ထပ် မေးခွန်းတစ်ခု ပေါ်လာခဲ့ပြန်သည်။
လိုအပ်တာ မှန်သမျှ ဟုတ်လား... အဲဒါတွေကို သေချာပေါက် ဖြည့်ဆည်းပေးရမှာလား... တကယ်လို့ တစ်ဖက်လူက အဲဒီလိုမျိုး လိုအပ်ချက်တွေ ရှိလာခဲ့ရင်ရော... ငါက သူ့ရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးသင့်လား၊ မပေးသင့်ဘူးလား...
ဒီအကြောင်းကို တွေးမိချိန်မှာ သူမရဲ့ မျက်နှာလေး အနည်းငယ် နီမြန်းသွားပြီး ဒီအနှောင့်အယှက်ဖြစ်စေတဲ့ အတွေးတွေကို အလျင်အမြန် ခါထုတ်ပစ်လိုက်လေ၏။
ဟွန့်... ငါက သေချာပေါက် တွေးလွန်နေတာပဲ…
ချန်ဖုန်းကတော့ သူမရဲ့ လျှို့ဝှက်ရည်ရွယ်ချက်တွေကို လုံးလုံးလျားလျား မသိခဲ့ချေ။
ယခုအချိန်၌ ချန်ဖုန်းသည် သူ၏ အကောင့်ထဲရှိ ငွေများကို ဘဏ်ကတ်ထဲသို့ လွှဲပြောင်းလိုက်ရာ ယခုအခါ သူ၏ ဘဏ်ကတ်ထဲတွင် စုစုပေါင်း ငွေသားလည်ပတ်မှု ယွမ် ၅.၉ ဘီလီယံ ရှိနေပေပြီ။
ဒီစနစ်နဲ့ဆိုရင် ပိုက်ဆံရှာရတာ တကယ်ကို လွယ်ကူလွန်းလှတယ်…
[ဒင်... ဗီဒီယိုတာဝန် ပြီးမြောက်တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... ဆုကြေးအနေနဲ့ စနစ်ပွိုင့် +၃၀]
[ပိုင်ရှင်ရဲ့ လက်ရှိ ကျန်ရှိနေတဲ့ စနစ်ပွိုင့်များ - ၁၆၀]
[ဒင်... ပိုင်ရှင်က ဗီဒီယိုတာဝန်မှာ ပါဝင်လုပ်ဆောင်ခဲ့တဲ့အတွက် စနစ်ရဲ့ ကြိုတင်ခန့်မှန်းနိုင်တဲ့ အချိန်ကာလ ပြောင်းလဲသွားပါပြီ... လက်ရှိ ကြိုတင်ခန့်မှန်းနိုင်တဲ့ အချိန်ကာလက ၁၉၉၅ ကနေ ၂၀၅၄ အထိ ဖြစ်ပါတယ်]
အချိန်ကာလက အရင်ကထက် ၅ နှစ်တောင် ရှေ့တိုးသွားတာပဲ...
ချန်ဖုန်းသည် အချိန်ကာလ ကျယ်ပြန့်လာသည်ကို မြင်တွေ့ရသဖြင့် အလွန် ဝမ်းသာနေဆဲ ဖြစ်လေ၏။ ဆိုလိုသည်မှာ သူသည် ပို၍ များပြားသော အဖြစ်အပျက်များကို ကြိုတင်ခန့်မှန်းနိုင်ပြီ ဖြစ်ပေသည်။
ပိုပိုပြီး ကျယ်ပြန့်လာနေပြီပဲ...
ပြီးတော့ စနစ်ရဲ့ လုပ်ဆောင်ချက်တွေကို အပြည့်အဝ ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ အလားအလာတွေကို ဆက်တိုက် စမ်းသပ်လှုံ့ဆော်ဖို့ လိုအပ်နေသေးတယ်လို့ သူ ယုံကြည်ထားပေ၏။
လက်ရှိတွင် ကြိုတင်ခန့်မှန်းခြင်း လုပ်ဆောင်ချက် တစ်ခုတည်းကပင် သူ့ကို ဘီလီယံနှင့်ချီသော ပိုင်ဆိုင်မှုများကို ပေးစွမ်းထားလေပြီ။
လုပ်ဆောင်ချက်များ အားလုံးကို အပြည့်အဝ ဖော်ထုတ်ပြီးသွားပါက သူ့ရဲ့ ဘဝက နောက်ထပ် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်သွားနိုင်တယ်…
[ဒင်... စနစ်ဟာ ဗားရှင်း ၃.၀ ကို အလိုအလျောက် အဆင့်မြှင့်တင်ပြီးသွားပါပြီ... စနစ်ပွိုင့်တွေ ရရှိနိုင်မယ့် အခြားနည်းလမ်းတွေကို ထပ်တိုးထားပါတယ်...]
[ ရှောင်လန်ထံမှ ကျေးဇူးတင်စကား ၁ ကြိမ် လက်ခံရရှိပါသည်၊ စနစ်ပွိုင့် ၁ ပွိုင့် ရရှိပါသည်…]
"..."
ချန်ဖုန်း၏ စိတ်ထဲတွင် ဆက်တိုက် အသံများ ထွက်ပေါ်လာခဲ့ပေ၏။ သူ လုံးလုံးလျားလျား ဆွံ့အသွားခဲ့သည်။
ဘာတွေ ဖြစ်နေတာလဲ... အရင်က ကားဝယ်တုန်းက စနစ်က တစ်ကြိမ် အဆင့်မြှင့်တင်ထားတယ်ဆိုတာ သူ မှတ်မိနေသေးသည်။
အခု ထပ်ပြီး အဆင့်မြှင့်တင်ပြန်တာလား... ဘုရားရေ...
ချန်ဖုန်း လုံးလုံးလျားလျား မှင်တက်သွားခဲ့၏။ စနစ်သည် ပုံမှန်အားဖြင့် ယုံကြည်ရလောက်ခြင်း မရှိသော်လည်း အရေးကြီးသော အချိန်များတွင် အလွန် အသုံးဝင်နိုင်ပေသည်။
အဲဒါပဲ... စနစ်ပွိုင့်တွေ ရဖို့ အရမ်း ခက်ခဲလွန်းတယ်လို့ အရင်က သူ ညည်းတွားခဲ့ဖူးသည်။ အခု ဒီလုပ်ဆောင်ချက်က တိုးတက်လာတော့မည်။
တာဝန်တစ်ခုမှာ ပါဝင်နေစဉ်အတွင်း တစ်စုံတစ်ယောက်က သူ့ကို ကျေးဇူးတင်စကား ပြောဆိုတိုင်း စနစ်ပွိုင့်တွေ ရရှိနိုင်ပြီ ဖြစ်ပေ၏။
စောစောက စနစ်ပွိုင့်တွေက ရှောင်လန်ဆီကနေ ရခဲ့တဲ့
ကျေးဇူးတင်စကားတွေပဲ…
ချန်ဖုန်းက မန်နေဂျာချုပ်ချောင်အား ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ အဆက်မပြတ် အရိပ်အမြွက်ပြလျက် ပြောဆိုလိုက်သည်။
"မန်နေဂျာချုပ်ချောင်... ခင်ဗျားရဲ့ ပုံမှန် အဆင့်အတန်းအရဆိုရင် ယွမ် သန်း ၂၀၀ ရဖို့ အချိန်ဘယ်လောက် ယူရမလဲ..."