အခန်း ၅၄
Vol. 6 Ch. 54
အခန်း (၅၄) ရွှေအိမ်ဆောက်ပြီး မယားငယ်ထားတာလား
"ဘုရားရေ..."
ချန်ဖုန်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရပေ၏။ ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ၏ ဥက္ကဋ္ဌက သူ့အတွက် အိမ်တော်ထိန်း လာလုပ်ပေးမည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
"ဥက္ကဋ္ဌယွင်... ခင်ဗျားမှာ ယွမ်ဘီလီယံချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိနေတာလေ... ကျွန်တော့်ရဲ့ အိမ်တော်ထိန်း လုပ်ဖို့က သင့်တော်လို့လား..."
"သင့်တော်တာပေါ့..."
ယွင်ထင်သည် ဆိုဖာပေါ်တွင် ထိုင်ချလိုက်၏။
ထို့နောက် သူမသည် အဖြူရောင် ကုတ်အင်္ကျီကို ချွတ်လိုက်ရာ အောက်ခံ ချစ်ဖွန်အင်္ကျီလေး ပေါ်လွင်လာပြီး ပြုံးလျက် ပြောဆိုလိုက်သည်။
"နင့်ရဲ့ အလုပ်ခေါ်စာက တောင်းဆိုချက်တွေ အရမ်းများတယ်... အားလုံးက အနည်းဆုံး ဘွဲ့ရဖြစ်ရမယ်တဲ့...
ဒီဗီလာကို စီမံခန့်ခွဲရုံသက်သက် မဟုတ်ဘူးလို့ ငါ ထင်တယ်..."
ချန်ဖုန်းက ခေါင်းညိတ်လိုက်၏။
"ဒီဗီလာက အရမ်းကြီးတယ်ဆိုပေမဲ့ အများစုက စမတ်အိမ်သုံးနည်းပညာတွေ တပ်ဆင်ထားတာဆိုတော့ သန့်ရှင်းရေးလုပ်ရတာ တော်တော်လေး လွယ်ကူပါတယ်...
ဗီလာကို စီမံခန့်ခွဲရုံထက် ပိုလုပ်နိုင်တဲ့ အိမ်တော်ထိန်း တစ်ယောက် ကျွန်တော် လိုအပ်တာပါ...
အရေးအကြီးဆုံးက ကျွန်တော့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲပေးဖို့ပဲ... အဓိကကတော့ ကိုယ်ရေးအရာရှိအနေနဲ့ လုပ်ဆောင်ပေးဖို့ပါပဲ..."
ယွင်ထင်သည် လက်နှစ်ဖက်ကို ပိုက်ကာ သူမကိုယ်သူမ လက်ညှိုးထိုးပြလိုက်ပြီး ပြောဆိုလိုက်သည်။
"ဒါက ငါ့ရဲ့ အထူးကျွမ်းကျင်မှုပဲလေ... တကယ်တော့ နင့်မှာ စီးပွားရေးလုပ်ငန်း ဘယ်နှခုရှိလဲဆိုတာကို ငါ တော်တော်လေး သိချင်နေတာ...
ငါ့ဘဝမှာ ဘယ်သူ့ကိုမှ သိပ်အားကျလေ့မရှိပေမဲ့ နင်ကတော့ ငါ တကယ် အားကျရတဲ့ တစ်ဦးတည်းသောသူပဲ..."
စကားပြောနေစဥ် သူမသည် ပို၍ သက်တောင့်သက်သာရှိသော အနေအထားတစ်ခုကို ရှာဖွေရန် ကြိုးစားသည့်အလား ခန္ဓာကိုယ်ကို အနည်းငယ် ရွှေ့လိုက်ပေ၏။
ထို့နောက် သူမက ဆက်လက်ပြောဆိုလိုက်သည်။
"ငါ နင့်အကြောင်း စုံစမ်းကြည့်ပြီးပြီ... လွန်ခဲ့တဲ့ သုံးနှစ်က နင်က လုံးဝ နာမည်မရှိတဲ့ သာမန်လူတစ်ယောက်ပါပဲ... နင်ရဲ့ မိဘတွေက ကျေးလက်ကဖြစ်ပြီး ဘာနောက်ခံမှလည်း မရှိခဲ့ဘူး...
ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်ပတ်ကစပြီး နင်က ရုတ်တရက် လုံးဝ တခြားလူတစ်ယောက်လို ပြောင်းလဲသွားခဲ့တယ်..."
သူမက ပိုမို နီးကပ်စွာ တိုးလာပြီး သစ်ခွပန်းကဲ့သို့ မွှေးကြိုင်သော ဝင်သက်ထွက်သက်များဖြင့် ပြောဆိုလိုက်သည်။
"နင့်ဆီမှာ ဘာလျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာ ငါ တကယ် သိချင်တယ်..."
"ကျွန်တော့်ဆီမှာ ဘာလျှို့ဝှက်ချက် ရှိနိုင်မှာလဲ..."
ချန်ဖုန်းက ရယ်မောလျက် ပြောဆိုလိုက်၏။
"ကျွန်တော် ထီပေါက်သွားလို့ ဆုကြေးငွေ ယွမ် သန်း ၉၀ ရခဲ့တယ်... ပြီးတော့ မြေကွက်တစ်ကွက် ရောင်းလိုက်တာ ယွမ် ၁ ဘီလီယံ မြတ်သွားတယ်...
လွန်ခဲ့တဲ့ တစ်နာရီက ကြိုပွိုင့်ဈေးကွက်မှာ ဝင်ကစားလိုက်တာ ယွမ် ၃ ဘီလီယံကျော် မြတ်သွားတာလောက်ပဲ ရှိတာပါ...
အကုန်လုံးက အသေးအဖွဲလေးတွေပါ... ဖုံးကွယ်ထားစရာ ဘာမှမရှိပါဘူး..."
"ငါ..."
ယွင်ထင်သည် ရုတ်တရက် သွေးအန်ချင်စိတ်ပင် ပေါ်လာခဲ့ပေသည်။ သူမက ပေါ့ပေါ့ပါးပါး မေးလိုက်ခြင်းသာ ဖြစ်သော်လည်း တစ်ဖက်လူက ဤမျှ ကြီးမားလှသော သတင်းကြီးကို ဖွင့်ဟလာမည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။ သူမ လုံးလုံးလျားလျား ဆွံ့အသွားခဲ့လေ၏။ သူမသည် ဆိုဖာပေါ်မှနေ၍ ဝုန်းခနဲ ခုန်ထလိုက်သည်။
အလွန်အမင်း ထိတ်လန့်သွားသော မျက်နှာအမူအရာဖြင့် သူမက ပြောဆိုလိုက်၏။
"လွန်ခဲ့တဲ့ တစ်နာရီက နိုင်ငံတကာ ကြိုပွိုင့်ဈေးကွက်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်သွားတယ်... အမေရိကန် A-အဆင့် ကော်ဖီ ကြိုပွိုင့်ဈေးကွက် ရဲ့ ပုံမှန်မဟုတ်တဲ့ ဈေးနှုန်းအပြောင်းအလဲတွေကြောင့်လို့ ကြားတယ်...
လူအများစုက ပိုက်ဆံရှာဖို့ အခွင့်အရေး ရောက်လာပြီလို့ ထင်ပြီး ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့ကြတာလေ...
နောက်ပိုင်းမှ အဲဒါက နိုင်ငံခြား အရင်းရှင်တွေ ထောင်ထားတဲ့ ထောင်ချောက်မှန်း သိလိုက်ရပြီး အများစုက အရာအားလုံး ဆုံးရှုံးသွားခဲ့ရတယ်..."
ယွင်ထင်သည် သူ့အား ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ ဆက်ပြောဆိုလိုက်သည်။
"ဒါပေမဲ့ ပြည်တွင်းက အသုံးပြုသူတစ်ယောက်ကတော့ ရေစီးကြောင်းကို ဆန့်ကျင်ပြီး အရောင်းအဝယ် ငါးကြိမ်စလုံးမှာ ပိုက်ဆံအများကြီး မြတ်သွားခဲ့တယ်...
သူက အဲဒီ အရင်းရှင်တွေဆီကနေ ဒေါ်လာဘီလီယံချီပြီး လုယူသွားခဲ့တာပဲ...
နောက်ပိုင်း တစ်ယောက်ယောက်က အဲဒီလူရဲ့ အချက်အလက်တွေကို စုံစမ်းကြည့်တော့ သူက Future ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ မှာ အကောင့်ဖွင့်ထားတယ်လို့ ကြားတယ်..."
ဒါပေမဲ့ အဲဒီလူရဲ့ တိကျတဲ့ သရုပ်မှန်ကိုတော့ မသိရသေးဘူးလေ...
အဲဒီလူက နင်ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး..."
ယွင်ထင်သည် သူ၏ ပတ်ပတ်လည်တွင် လှည့်ပတ်သွားလာနေခဲ့၏။ သူမသည် သူ့အား အထက်အောက်၊ ဘယ်ညာ၊ ရှေ့နောက် အထပ်ထပ်အခါခါ အကဲခတ်ကြည့်ရှုနေခဲ့သည်။
"ငါတို့အားလုံးမှာ မျက်လုံးနှစ်လုံး၊ ပါးစပ်တစ်ပေါက်၊ နားရွက်နှစ်ဖက် ရှိကြတာပဲလေ... ဘာလို့ နင့်ရဲ့ ရင်းနှီးမြှုပ်နှံမှု အမြင်က တခြားသူတွေထက် ဆယ်ဆ၊ အဆတစ်ရာလောက် ပိုကောင်းနေရတာလဲ..."
ယခုအခါ တစ်ဖက်လူကို အဝတ်အစားများ ချွတ်ကာ အရာအားလုံးကို ရှင်းလင်းစွာ ကြည့်ရှုချင်စိတ်ပင် သူမထံ၌ ပြင်းပြစွာ ဖြစ်ပေါ်လာခဲ့ပေ၏။
"ကံကောင်းလို့ပါ... ကံကောင်းသွားလို့ပါ..."
ချန်ဖုန်းသည် သူမ၏ အကြည့်များအောက်တွင် အနည်းငယ် နေရခက်လာသဖြင့် စကားလွှဲရန် အလျင်အမြန် ပြောဆိုလိုက်သည်။
"ခင်ဗျားက ကျွန်တော့်ရဲ့ ကိုယ်ပိုင် အိမ်တော်ထိန်း လုပ်မှာ မဟုတ်ဘူးလား... ဒီဗီလာက ခင်ဗျားအတွက်ပဲလေ...
ပြီးတော့ ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် မှာ ရှယ်ယာပါဝင်တာအပြင် ကျွန်တော် ပိုင်ဆိုင်တဲ့ နောက်ထပ် ကုမ္ပဏီတစ်ခုက ဟွာရှန်းဆေးရုံ ပဲ ရှိတာ...
ပုံမှန်ကိစ္စလေးတွေကိုတော့ ခင်ဗျား အဆင်ပြေသလို ကိုင်တွယ်ပေးလို့ ရပါတယ်... အချိန်သိပ်ယူရမှာ မဟုတ်ပါဘူး…”
ယွင်ထင် ကပြုံးရင်း…
“ရပါတယ် ဘာပဲဖြစ်ဖြစ် ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် က အခုလောလောဆယ် အဆင်ပြေနေတာပဲ... ငါ့မှာ အချိန်တွေ အများကြီး ရှိပါတယ်..."
ယွင်ထင်က ဖျော့တော့စွာ ပြုံးလိုက်၏။ ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲတာနဲ့ ကုမ္ပဏီနှစ်ခုကို စီမံခန့်ခွဲတာက ဘာများ ကွာခြားလို့လဲဟု သူမတွေးလိုက်သည်။ သူမအတွက်တော့ အရေးအကြီးဆုံးက ချန်ဖုန်းရဲ့ ထူးခြားတဲ့ ရင်းနှီးမြှုပ်နှံမှု အမြင်နဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို လေ့လာဖို့ပင် ဖြစ်၏။
"ဗီလာထဲမှာ ငါ့အတွက် အခန်းတစ်ခန်း ချန်ထားပေးဦး... ငါ ဒီမှာ နေတာကို နင် စိတ်မဆိုးဘူး မဟုတ်လား..."
ချန်ဖုန်းသည် တစ်ဖက်လူ၏ ဖြူဖွေးသွယ်လျသော ခြေတံရှည်များကို တစ်ချက် ကြည့်လိုက်သည်။ သူမ၏ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းများကို ထပ်မံကြည့်ရှုမိချိန်တွင် အစပိုင်းက ငြင်းပယ်ချင်ခဲ့သော်လည်း ထို့နောက် သူက ခေါင်းခါလိုက်၏။
"ခင်ဗျားတောင် စိတ်မဆိုးရင် ကျွန်တော်က ဘာလို့ စိတ်ဆိုးရမှာလဲ..."
"ဟေး ဟေး ဟေး... မောင်ဆိုးလေး..."
ယွင်ထင်က တခစ်ခစ် ရယ်မောလိုက်ရာ အလွန် ဆွဲဆောင်မှုရှိနေပုံရပေသည်။
သူမသည် ဒုတိယထပ်တွင် အခန်းတစ်ခန်း ရွေးချယ်လိုက်ပြီး သူမ၏ ခရီးဆောင်အိတ်များကို တစ်စုံတစ်ယောက်အား ယူလာခိုင်းလိုက်၏။ သူမသည် ဤနေရာတွင် အပြီးအပိုင် နေထိုင်ရန် ရည်ရွယ်ထားပုံရပေသည်။
နာရီဝက်ခန့် အလုပ်လုပ်ပြီးနောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့် ပြည့်နှက်နေပြီး အဝတ်အစားများက ခန္ဓာကိုယ်နှင့် ကပ်နေကာ သူမ၏ အချိုးအစားကို ပြီးပြည့်စုံစွာ ပေါ်လွင်နေစေခဲ့သည်။ ချန်ဖုန်းသည် ကြည့်ရင်းဖြင့် သွားရည်ကျလုနီးပါး ဖြစ်နေခဲ့၏။
ဒီမိန်းမကတော့...
ချန်ဖုန်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ တစ်ဖက်လူ၏ ရုတ်တရက် ရောက်ရှိလာမှုမှာ ဤမျှ ရိုးရှင်းမည်မဟုတ်ဟု သူ အမြဲတစေ ခံစားနေရပေ၏။ ထိုအချိန်၌ ဗီလာတံခါးဘဲလ်သံ ထပ်မံ မြည်လာခဲ့ပြန်သည်။ ချန်ဖုန်း တံခါးဖွင့်ကြည့်လိုက်သောအခါ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ထူးဆန်းသွားတော့သည်။ ဒီနေ့ ဘာတွေ ဖြစ်နေသည်ကို သူ နားမလည်နိုင်အောင် ဖြစ်သွားရပြီး ဘာလို့ လူတိုင်း ဒီကို ရောက်လာကြသနည်းဟု တွေးလိုက်မိ၏။
"ချန်ဖုန်း... နင့်မှာ နေ့စဉ်သုံး ပစ္စည်းတွေ လိုအပ်တာ ရှိမလားလို့ လာကြည့်တာပါ..."
တံခါးအပြင်ဘက်တွင် ရှန်ယန်းယန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခြေဖျားထောက်ရပ်နေပြီး သူမ၏ မျက်နှာလေးမှာ နီမြန်းနေပေသည်။
သူမ၏ ယနေ့ ဝတ်စုံမှာလည်း အလွန် ဆွဲဆောင်မှုရှိလှ၏။ ကြိုးတစ်ချောင်း ဂါဝန်လေးနှင့် အမည်းရောင် ခြေအိတ်ရှည်ကို ဝတ်ဆင်ထားသည်။
"လောလောဆယ်တော့ ဘာမှ မလိုအပ်သေးပါဘူး... မင်း အထဲဝင်ပြီး ခဏ ထိုင်ပါလား..."
"အိုကေလေ..."
ရှန်ယန်းယန်းက ပြုံးလိုက်ပြီး မည်သည့် တုံ့ဆိုင်းမှုမျှမရှိဘဲ အထဲသို့ ဝင်သွားလေသည်။
ချန်ဖုန်းက ဤမေးခွန်းကို မေးလာမည့်အချိန်ကို သူမ စောင့်နေခဲ့ပုံရပေ၏။ ဒါပေမဲ့ သူမ ဗီလာထဲသို့ ဝင်သွားချိန်တွင် အလုပ်ရှုပ်နေသော ယွင်ထင်ကို မြင်လိုက်ရသဖြင့် သူမ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားလေသည်။
"ဘုရားရေ..."
သူမ မြင်လိုက်ရသည်ကို မယုံနိုင်အောင် ဖြစ်သွားရ၏။ ဒါက ရွှေအိမ်ဆောက်ပြီး မယားငယ်ထားတာလားဟု သူမ တွေးလိုက်မိသည်။ ပြီးတော့ အထဲမှာ ပုန်းကွယ်နေတာက ယွမ်ဘီလီယံချီ ပိုင်ဆိုင်တဲ့ အလှလေး စီအီးအို ယွင်ထင် တဲ့လားဟု ထပ်မံ တွေးမိပြန်၏။ အထူးသဖြင့် ချွေးများဖြင့် ရွှဲနှစ်ကာ ခန္ဓာကိုယ်နှင့် ကပ်နေသော တစ်ဖက်လူ၏ အဝတ်အစားများကို မြင်တွေ့ရချိန်တွင် သူမသည် အိမ်၌ ရှိနေသကဲ့သို့ ပြုမူနေပြီး လုံးဝ ဂရုမစိုက်ကြောင်း သိသာနေပေသည်။
"ဥက္ကဋ္ဌယွင်... ရှင်က ဘာဖြစ်လို့..."
"အော်... မိန်းကလေးရှန် ပါလား..."
ယွင်ထင်က ဖျော့တော့စွာ ပြုံးလျက် ပြောဆိုလိုက်သည်။
"ဒါက သူဌေးကို ပိုကောင်းကောင်း ဝန်ဆောင်မှုပေးနိုင်ဖို့ မဟုတ်ဘူးလား... ငါ ဒီကို အခုလေးတင် ပြောင်းလာတာလေ..."
ဤစကားမှာလည်း မမှားပေ။ ချန်ဖုန်းသည် ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ၏ အဓိက ရှယ်ယာရှင်ဖြစ်ရာ သူမ၏ သူဌေးနှင့် တူညီနေပေသည်။
"အော်... နားလည်ပါပြီ..."
ရှန်ယန်းယန်းက ထပ်မမေးတော့ဘဲ ဗီလာကို သေချာစွာ အကဲခတ်ကြည့်ရှုလိုက်၏။
သူမက ဤဗီလာကို ပြုပြင်မွမ်းမံရန် လူငှားပေးခဲ့သူ ဖြစ်သည်။ သူမသည် အတွင်းရှိ ထောင့်တိုင်းကို အလွန် ရင်းနှီးကျွမ်းဝင်နေပေ၏။ တစ်ဖက်လူ အလုပ်ရှုပ်နေချိန်တွင် ရှန်ယန်းယန်းသည် ရေချိုးခန်းထဲသို့ ဝင်သွားကာ သူမ၏ အခန်းဖော်ထံသို့ ဖုန်းဆက်လိုက်လေသည်။
"ယန်းယန်း... နင် တစ်နေ့လုံး ကျောင်းမပြန်လာဘူးနော်... ဘာတွေ လုပ်နေတာလဲ... ချန်ဖုန်းက နင့်ကို ရသွားပြီလား..."
"မဟုတ်ပါဘူး..."
ရှန်ယန်းယန်း၏ အသံမှာ အနည်းငယ် စိတ်ပျက်နေပုံရပေသည်။
"ချန်ဖုန်းက အခု ယွမ်ဘီလီယံချီ ပိုင်ဆိုင်တဲ့ သူဌေးကြီး ဖြစ်နေပြီလေ... သူက ငါနဲ့ ဒိတ်လုပ်ဖို့ ဘယ်မှာ အချိန်ရှိပါ့မလဲ..."
"ဘာ... အရင်တစ်ခေါက်က ယွမ်သန်းဆယ်ဂဏန်းလောက်ပဲ ပိုင်တာ မဟုတ်ဘူးလား... ဘယ်လိုလုပ် ရုတ်တရက်ကြီး ယွမ်ဘီလီယံချီ ပိုင်သွားရတာလဲ... နင် ငါ့ကို နောက်နေတာလား..."
ဖုန်း၏ တစ်ဖက်မှ ကျယ်လောင်သော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး…
သူမ၏ အခန်းဖော် တစ်ခုခုကို တိုက်မိသွားသည့်အလား ဖြစ်နေပေ၏။
"မဖြစ်နိုင်တာ..."
သာမန်လူတွေအတွက်တော့ ဘီလီယံချီတဲ့ ပိုင်ဆိုင်မှုတွေဆိုတာ လက်လှမ်းမမီနိုင်လောက်အောင် ဝေးကွာလွန်းသည်ဖြစ်ရာ ဒီသတင်းကို ကြားတဲ့သူတိုင်း အံ့အားသင့်သွားမည်မှာ အမှန်ပင်။
ရှန်ယန်းယန်းက သက်ပြင်းချလျက် ပြောဆိုလိုက်သည်။
"နင် ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ကို သိတယ် မဟုတ်လား... ချန်ဖုန်းက အဲဒီက အဓိက ရှယ်ယာရှင်လေ... ဥက္ကဋ္ဌ ယွင်ထင် ကိုယ်တိုင် အတည်ပြုထားတာဆိုတော့ အမှားမရှိနိုင်ပါဘူး...
ပြီးတော့ မနေ့ကတင် ချန်ဖုန်းက ငါ့အဖေရဲ့ ကုမ္ပဏီမှာ ယွမ် ၂ ဘီလီယံတောင် ရင်းနှီးမြှုပ်နှံခဲ့သေးတယ်..."
"ဘုရားရေ..."
သူမ၏ အခန်းဖော်သည် ချက်ချင်းပင် ကျောက်ရုပ်လို ဖြစ်သွားတော့၏။
သူမက ဒီလောက် ချမ်းသာတဲ့ လူမျိုးတွေကို တီဗီပေါ်မှာပဲ မြင်ဖူးခဲ့ကြတာဖြစ်သည်။ ကိုယ့်ဘေးနားမှာ မြင်တွေ့ရလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့သလို သူက တစ်ကျောင်းတည်းဆင်း ကျောင်းသားဟောင်းတောင် ဖြစ်နေသေး၏။
"ယွမ်ဘီလီယံချီ ပိုင်ဆိုင်တယ်တဲ့လား…
သူက တစ်ကြိမ်တည်းနဲ့ ယွမ် ၂ ဘီလီယံတောင် သုံးလိုက်တယ်ပေါ့...
ဘုရားရေ...
ဒါက တကယ်ကို လွန်လွန်းတယ်..."